C-197

148 23 0
                                    

သူရဲကောင်းတစ်ယောက်ရဲ့ ဒဏ္ဍာရီ

အခန်း ၁၉၇

“အင်း … ဟုတ်တော့ဟုတ်ပါတယ် … ကျွန်တော့်လို လူသစ်တစ်ယောက်အတွက် အဲဒီဆေးပင်တွေ ခူးဖို့ဆိုတာက တော်တော်လေးကံကောင်းမှပါ … အဲဒါက … ဒီလိုရှိပါတယ်” … ရီယွမ်က စကားကို အရှည်ကြီး ဆွဲဆန့်ထားလိုက်သည် ။ ဝမ်ကို ပြောပြမည့် သူ၏ ပုံပြင်ကို လုံးဝဟာကွက်မရှိစေရန် သူသေချာ ပြင်ဆင်ရမည် မဟုတ်ပါလား ။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ဆေးပင်ခူးသွားတုန်းက ဆေးပင်တောင်ထိပ်နားမှာ အလင်းတန်းတစ်ခု ထွက်နေတာကို မိုင်တစ်ရာကျော်လောက်ကနေ တွေ့ရတယ် ။ ဒါပေမယ့် အဲဒီအလင်းရောင်က မိုးစက်တွေနဲ့ ရောပြီး ခရမ်းပြာရောင်ကနေ သွေးနီရောင်ပြောင်းသွားတယ် ။ အဝေးကနေဆိုတော့ သိပ်မသေချာမမြင်ရပေမယ့် ကျွန်တော် မြင်တာ မမှားဘူးဆိုတာ ကျွန်တော်သိတယ် …”

“အဲဒါနဲ့ အဲဒီလိုဖြစ်နေတာ  မူမမှန်ဘူးဆိုတာနဲ့ ကျွန်တော်ကအဲဒီနေရာကို သွားပြီး စုံစမ်းလိုက်တယ် ။ ကျွန်တော် အဲဒီနေရာကို မြန်မြန်ပြေးသွားကြည့်တော့ အဲဒီနေရာရောက်တာနဲ့ အလင်းတန်းက ပျောက်သွားတယ် …။ ဒါပေမယ့် အလင်းတန်းက အဲဒီနေရာမှာပေါ်ခဲ့တယ်ဆိုတဲ့ အရိပ်အယောင်လေးတွေတော့ ကျွန်တော်တွေ့နေရတယ် “

“အဲဒါနဲ့ ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်ကြည့်လိုက်တော့ ယင်ယန်စွမ်းအင်တွေ အများကြီး ပြန့်ကြဲနေတာကို တွေ့လိုက်ရတဲ့အတွက် ကျွန်တော်ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေထဲက အကြောင်းအရာတွေကို သတိရသွားတယ် ၊ တန်ဖိုးရှိတဲ့ ရတနာတစ်ခုခု ပေါ်ပေါက်လာတာပဲ ဖြစ်ရမယ်လို့ ကျွန်တော်ထင်လိုက်တယ်”

“အဲဒါနဲ့ ကျွန်တော်က ပတ်ဝန်းကျင်ပတ်ပတ်လည်ကို လိုက်တူးကြည့်လိုက်တာ နောက်ဆုံးတော့ ယန်သွေးပန်းပွင့်ကို တွေ့လိုက်တော့တာပဲ ။ မြေကြီးထဲမှာ တော်တော်လေးနက်နက်ရှိုင်းရှိုင်းစိုက်ဝင်နေပြီး ရွံ့တွေနဲ့ကပ်ပြီး အနာအဆာတွေ အများကြီးရှိပေမယ့် အဲဒါက ယန်သွေးပန်းပွင့်ပဲဆိုတာတော့ ကျွန်တော်ကောင်းကောင်းသိတယ် …”

True Martial World Book 13-14Where stories live. Discover now