🌼SEVEN🌼
*ဒယ္ဟြာ ေက်ာင္းသူေက်ာင္းသားမ်ား၏ ႏႈတ္ဆက္ပြဲ*
လက္ထဲက ေငြမွင္ေရာင္စာအိတ္ေလးကိုကိုင္ၿပီး သက္ျပင္းခ်ကာ စိုက္ျကည့္ေနမိသည္။
စာေမးပြဲမေျဖခင္ေလး လုပ္တဲ့ပြဲဆိုေပမယ့္
သူနဲ႔စိမ္းေနတာမို႔လို႔
သြားရမလား မသြားရဘူးလား ဆိုၿပီးေတြေဝမိေနသည္။
"ေတာ္ၿပီ မသြားေတာ့ဘူး "
ေနာက္ဆံုးေတာ့ မသြားဘူးလို႔ဆံုးျဖတ္လိုက္ၿပီး
စာအိတ္ကို အံဆြဲထဲထည့္ကာ စာလုပ္ေနလိုက္သည္။
တီ တီ
စာလုပ္ေနရင္း message ဝင္လာတာမို႔လို႔ ဖတ္ၾကည့္လိုက္ေတာ့ ဘယ္သူမွႏ္ူးမသိတဲ့ နံပါတ္ဆီကေန
"အိမ္ေရွ႕ကိုလွမ္းၾကည့္လိုက္" ဆိုတဲ့ စာကိုရေတာ့ မ်က္ခံုးနွစ္ဖက္ကိုတြန္႔ေကြးရင္းနဲ႔ မသိမသာ ၾကည့္လိုက္သည္။
"Kai"
ဆိုင္ကယ္ေပၚကေန KyungSoo ကို တာ့တာလွမ္းျပတဲ့သူက Kai ျဖစ္ေနတာေၾကာင့္ Kyungsoo မွာ မ်က္လံုးအျပဴးသားေလးနဲ႔
"ေျပာစရာရွိတယ္ လာခဲ့ "
ထပ္ဝင္လာတဲ့ Message ကိုၾကည့္မိျပန္ေတာ့
KyungSoo သြားသင့္မသြားသင့္စဥ္းစားလိုက္သည္။
Kai ဒဏ္ရာရတုန္း KyungSoo က အေဝးကပဲျဖစ္ျဖစ္ အနီးကပဲဖစ္ျဖစ္
သိသာသည္ပဲျဖစ္ျဖစ္ မသိခ်င္ေယာင္ေဆာင္ၿပီးပဲဖစ္ျဖစ္
Kai အနားမွာ တဝဲလည္လည္လုပ္ၿပီး
ဂ႐ုတစိုက္နဲ႔ လုပ္ေပးေနၾကမို႔လို႔ Kai က သူနဲ႔ဆို အရင္ကထက္ပိုၿပီးအဆင္ေျပလာတယ္လို႔ထင္တယ္ ..
"မင္းမလာရင္ ငါလာမယ္"
ဒီ message ကိုျမင္ေတာ့ KyungSoo ကမန္းကတန္းနဲ႔ သူ႔ဆီသြားလိုက္သည္၊
Kai က ေျပာရင္ ျဖစ္ေအာင္လုပ္တဲ့လူစားမ်ိဳး
"ဘာလဲ .. ဘာကိစၥလဲ "
KyungSoo က Kai ကို သေဘာက်တယ္ဆိုေပမယ့္ သူနဲ့ေတြ့တဲ့အခါ စကားကို ခပ္မာမာေျပာမိသည္။
ကုိယ္သေဘာက်တဲ့သူမို႔လို႔ စကားကို ႏူးည့့ံေအာင္ေျပာစရာေတာ့မလိုဘူးမလား ...
"ဖိတ္စာ ရၿပီးၿပီမလား "
"အင္း ရတယ္ "
"အင္း ... အဲ့ပြဲကို လာခဲ့ ..
အဲ့တာလာေျပာတာ သြားၿပီ"
Kyungsoo ရဲ႕ အေျဖကိုမေစာင့္ပဲ သူေျပာခ်င္ရာေျပာၿပီး ထြက္သြားတဲ့ Kai ကို
KyungSoo က မေက်နပ္စြာနဲ႔ လက္သီးရြယ္တဲ့ပံုစံေလးလုပ္လိုကိသည္။
Kai ကေတာ့ အဲ့တာကိုမျမင္ေပမယ့္ KyungSoo ေျပာလိုက္တဲ့
"လာခိုင္းတိုင္းလာရေအာင္ ငါကအ႐ူးလား" ဆိုတာကို ၾကားၿပီး ေအာ္ရယ္ကာ
"တာ့တာ Wallflower ေလး" ဆိုၿပီးေျပာသြားေလရဲ႕ ...
🌼🌼🌼
ဆူညံေနတဲ့ အသံေတြရယ္ ေရာင္စံုလင္းကာ
တလက္လက္ျဖစ္ေနတဲ့ မီးလံုးေတြေအာက္မွာ
KyungSoo ေခါင္းမူးလာ၏။
မလာဘူးလို႔လုပ္ထားခဲ့ေပမယ့္လဲ " Kai က အဲ့ေန့ျကရင္ ကမယ္လို့ ၾကားတယ္" ဆိုတဲ့ စကားနဲ႔တင္ Kyungsoo ေျခလွမ္းေတြက အလိုလိုလွမ္းၿပီးသား ျဖစ္သြားခဲ့တာပင္ ...
ဒယ္ဟြာႏွစ္ေက်ာင္းေပါင္းလုပ္တာျဖစ္တာေၾကာင့္ မိန္းကေလးေတြေရာ ေယာက်ာ္းေလးေတြေရာ အကုန္ေပါင္းျပီး အပီကဲေနၾကသည္။
KyungSooကေတာ့ မလွမ္းမကမ္းက တစ္လံုးထဲေသာမီးလံုးလင္းတဲ့ ေနရာမွာ
တစ္ေယာက္ထဲေနၿပီး ဝိုင္ေလးပဲေသာက္ေနလိုက္သည္။
အဟြတ္ အဟြတ္ အဟြတ္
႐ုတ္တရက္ ေဆးလိပ္ေငြ႔ေတြက ႏွာေခါင္းေပါက္ဝနားကိုေရာက္လာမို႔လို႔ KyungSoo ေဒါသထြက္စြာနဲ႔ ေဘးနားမႇာ ေဆးလိပ္ေသာက္ေနတဲ့သူဆီ သြားလိုက္သည္။
"ဒီမွာ .. အဟြတ္ "
ေျပာမလို႔လုပ္ေနတုန္း ထိုလူက သူ႔မ်က္ႏွာတည့္တည့္ ေဆးလိပ္ေငြ႔ကို မႈတ္ထုတ္လိုက္တာမို႔လို႔
KyungSoo မွာ စကားဆက္မေျပာႏိုင္ေတာ့
"လာတာပဲ .. ငါ့ရဲ႕ Wallflower "
ထိုလူရဲ႕အသံကိုၾကားေတာ့ ေခ်ာင္းဆိုးေနရင္းကေန ၾကည့္မိလိုက္ေတာ့ ေဆးလိပ္ကိုလက္ကကိုင္ၿပီး သူ႔ကိုၿပံဳးျပေနတဲ့ Kai
"မင္းလာေတာ့ လက္ေဆာင္ေပးရမွာပဲ "
ေျပာလဲေျပာျပီးေတာ့ DanceFloor ဆီကို မ်က္စပစ္ျပေနတဲ့ Kai ကို KyungSoo လိုက္မမီ
သူဘာျဖစ္ခ်င္ေနတာလဲ ...
"လာခဲ့ "
႐ုတ္တရက္ႀကီး KyungSoo လက္ကို ဆြဲပီး Dancefloor ဆီကို ေခၚသြားတဲ့ Kai ရဲ႕လက္ေတြၾကားမွာ Kyungsoo က အ႐ုပ္ေလးတစ္႐ုပ္လိုပါသြားသည္။
အလယ္နားကိုေရာက္လာေတာ့ အကုန္လံုးက Kyungsoo တုိ႔ကို ဝုိင္းၾကည့္ေနၾကသည္။
တီးလံုးသံ စလိုက္တာနဲ႔ KyungSoo ခါးကို တင္းကနဲဆြဲဖက္လိုက္တဲ့ Kai ေၾကာင့္ အေယာင္ေယာင္အမွားမွားနဲ႔ ပခံုးေပၚကို လက္ကတင္လ်က္သား
အခု Kyungsoo ရဲ႕ အျဖစ္က ႐ုပ္ရွင္ေတြထဲကလို မင္းသားနဲ႔မင္းသမီးကတဲ့အခါလိုျဖစ္ေနသည္။
"အခု ဘာလုပ္တာလဲ "
KyungSoo က သံစဥ္ထဲမွာ စီးေျမာရင္း ကေနတဲ့ Kai ကို တိုးတုိးေလးေမးလိုက္ေတာ့ သူ႔ကိုဆက္ကနဲ ဆြဲၿပီး ကကြက္ကိုေျပာင္းလိုက္သည္။
ပထမဆံုးကဖူးတာမုိ႔လို႔ KyungSoo မွာ Kai ျပဳမူသလိုသာ လိုက္လုပ္ေနရသည္။
ေျခေထာက္ကိုတက္နင္းမိတာလဲ ခဏခဏဆိုေကမယ့္ အသံေတာင္မထြက္တဲ့အျပင္ မ်က္ႏွာတစ္ခ်က္မွမပ်က္တာမုိ႔လို႔ Kyungsoo မွာ အံၾသျခင္းမ်ားစြာနဲ႔ Kai ကိုသာ ေမာ့ၾကည့္ေနမိသည္။
ဒါေပမယ့္ သံစဥ္ၾကားထဲမွာ စီးေျမာခံစားၿပီး ကေနတဲ့ Kai ရဲ႕ပံုစံက အရမ္းကိုမွင္သက္စရာေကာင္းသည္ ...
ၿပီးေတာ့ ပထမဆံုးအေနနဲ့ KyungSoo သူ႔ကို ခ်စ္မိသြားခဲ့တယ္
🌼🌼🌼
"မအားလို႔ မလာေတာ့ဘူး "
"ဟင့္အင္း ဒီတိုင္းပဲ မသြားခ်င္တာ "
"သြားလဲ က်ြန္ေတာ္က လူပ္ိုပဲေလ"
"ေသခ်ာေပါက္ လာမွျဖစ္မွာလား ဆရာ "
ကံၾကမၼာက အေၾကာင္းဖန္လာစြာနဲ႔ ဒယ္ဟြာေက်ာင္းသားေဟာင္းေတြ႔ဆံုပြဲကို ျပန္လုပ္မည္ျဖစ္သည္။
မသြားဘူးလုပ္ထားေပမယ့္လဲ ဆရာရီရွင္းကုိယ္တိုင္ ဖုနး္ေခၚၿပီး ဆက္ဆက္လာဖို႔ေခၚေတာ့
စိတ္မပါလဲ သြားရေတာ့မယ္ ...
အဲ့ပြဲကိုသြားရင္ ေသခ်ာေပါက္ JongIn နဲ႔ေတြ႔မွာ
KyungSoo သက္ျပင္းအခါခါခ်ၿပီး ပန္းအိုးေသးေသးထဲက Lavender ပန္းေလးေတြကို ေမႊးၾကဴလိုက္သည္။
လြန္ခဲ့တဲ့ ၄ ႏွစ္ကအတိုင္း ခံစားမႈမ်ိဳးကို KyungSoo ျပန္ခံစားရသည္။
ဒီလိုေနရာေတြမ်ိဴးေတြက Kyungsoo အတြက္ ဘယ္ေတာ့မွ ရင္းႏွီးလာမွာမဟုတ္တဲ့ အစိမ္းသက္သက္ေနရာတစ္ခုသာ
ဆရာရီရွင္းနဲ႔ေတြ႔ဖို႔လုပ္ထားေပမယ့္ ဆရာက ဒိီေန႔မွ ေနာက္က်မွာျဖစ္လို႔ ထံုးစံအတိုင္း ဝိုင္တစ္ခြက္မွာၿပီး Bar မွာ ထိုင္ေနလိုက္သည္။
"အဟြတ္ အဟြတ္ "
ေဘးနားက ျဖတ္သြားတဲ့သူရဲ႕ ေဆးလိပ္ေငြ႔ေတြေၾကာင့္ Kyungsoo မွာ ေသာက္လက္စဝိုင္ေတာင္သီးသြားသည္။
မ်က္ရည္ေတြဝဲလာၿပီး ေခ်ာင္းကအဆက္မျပတ္ဆိုးေနတာေၾကာင့္ KyungSoo ခံရအရမ္းခက္သည္။
"ခင္ဗ်ားေဆးလိပ္ေသာက္ခ်င္ရင္ ဟိုဘက္ကိုသြားပါ .. ဒီမွာလူရွိတယ္ဆိုတာ မသိဘူးလား"
ရင္းႏွီးေနတဲ့အသံက ေဆးလိပ္ေသာက္ေနတဲ့သူရဲ့အနားကိုသြားၿပီး ေျပာေနတာမို႔လို႔ KyungSoo မွာ "သူမျဖစ္ပါေစနဲ႔" လို႔သာဆုတာင္းေနမိတယ္ ...
"ေဆးလိပ္နံ့မခံႏိုင္တာက္ုိ ဘာလို႔ဒီမွာ ေနေနတာလဲ"
KyungSoo ဆုေတာင္းမျပည့္။ မျပည့္တဲ့အျပင္ အနားကိုလာၿပီး ေခြၽးစို႔ေနတဲ့ KyungSoo နဖူးကို လက္ကိုင္ပုဝါေလးထုတ္ၿပီး သုတ္ဖို႔ေျပာလာတဲ့ JongIn. ..
"အင္း ေက်းဇူးပဲ "
ပါးစပ္ကေနသာ ခပ္ျပတ္ျပတ္ေျပာလိုက္ေပမယ့္
KyungSoo ရင္ထဲမွာ ရင္ခုန္သံေတြျမန္ေနတယ္
ခုနက ေခ်ာင္းဆိုးထားတာေရာ
JongIn ေၾကာင့္ေရာ ... ႏွစ္ခုလံုးေပါင္းၿပီး
KyungSoo မွာ ေမာဟိုက္ေနသည္။
"အခုထိ မသက္သာေသးဘူးလား "
"အင္း "
"ေနာက္တစ္ခါ ေဆးလိပ္ေသာက္တဲ့သူေတြ႔ရင္ ေရွာင္ေနာ္ "
JongIn က Kyungsoo အနားကိုလာၿပီး ဆံူးမသဖြယ္ေျပာေနတာေၾကာင့္ ခပ္တိုးတိုးရယ္မိတယ္
"ေရွာင္ရမွာဆိုေတာ့ မင္းကိူလား "
KyungSoo ရဲ႕ စကားေၾကာင့္ JongIn က တစ္ေနရာကိုလွမ္းၾကည့္ၿပီး
တစ္ဖန္ရယ္ျပန္တယ္ ...
"ငါေဆးလိပ္မေသာက္ေတာ့တာ မင္းအသိပါ"
JongIn က ၿပံဳးလ်က္ပဲေျပာလိုက္ေပမယ့္
KyungSoo က မ်က္ရည္ေတြဝဲလာသည္။
ျပီးေတာ့ လြန္ခဲ့တဲ့ ၄ ႏွစ္တုန္းက သူ႔ေမြးေန႔မွာ ၾကားခဲ့တဲ့စကားတစ္ခြန္း ...
"Surprise ေတြဘာေတြမသိဘူး KyungSoo!
ဒါေပမယ့္ ေဆးလိပ္နံ ့မခံႏိုင္တဲ့မင္းအတြက္
ုငါေဆးလိပ္ျဖတ္ခဲ့တယ္"
🌼🌼🌼
The Years I Love You the Most
🌼TBC🌼
ေဖေဖာ္ဝါရီ ၂၉ မွာ အမွတ္တရေလးက်န္ေနခ်င္လို႔ ❤️
🌼SEVEN🌼
*ဒယ်ဟွာ ကျောင်းသူကျောင်းသားများ၏ နှုတ်ဆက်ပွဲ*
လက်ထဲက ငွေမှင်ရောင်စာအိတ်လေးကိုကိုင်ပြီး သက်ပြင်းချကာ စိုက်ကြည့်နေမိသည်။
စာမေးပွဲမဖြေခင်လေး လုပ်တဲ့ပွဲဆိုပေမယ့်
သူနဲ့စိမ်းနေတာမို့လို့
သွားရမလား မသွားရဘူးလား ဆိုပြီးတွေဝေမိနေသည်။
"တော်ပြီ မသွားတော့ဘူး "
နောက်ဆုံးတော့ မသွားဘူးလို့ဆုံးဖြတ်လိုက်ပြီး
စာအိတ်ကို အံဆွဲထဲထည့်ကာ စာလုပ်နေလိုက်သည်။
တီ တီ
စာလုပ်နေရင်း message ဝင်လာတာမို့လို့ ဖတ်ကြည့်လိုက်တော့ ဘယ်သူမှန်ူးမသိတဲ့ နံပါတ်ဆီကနေ
"အိမ်ရှေ့ကိုလှမ်းကြည့်လိုက်" ဆိုတဲ့ စာကိုရတော့ မျက်ခုံးနှစ်ဖက်ကိုတွန့်ကွေးရင်းနဲ့ မသိမသာ ကြည့်လိုက်သည်။
"Kai"
ဆိုင်ကယ်ပေါ်ကနေ KyungSoo ကို တာ့တာလှမ်းပြတဲ့သူက Kai ဖြစ်နေတာကြောင့် Kyungsoo မှာ မျက်လုံးအပြူးသားလေးနဲ့
"ပြောစရာရှိတယ် လာခဲ့ "
ထပ်ဝင်လာတဲ့ Message ကိုကြည့်မိပြန်တော့
KyungSoo သွားသင့်မသွားသင့်စဉ်းစားလိုက်သည်။
Kai ဒဏ်ရာရတုန်း KyungSoo က အဝေးကပဲဖြစ်ဖြစ် အနီးကပဲဖစ်ဖြစ်
သိသာသည်ပဲဖြစ်ဖြစ် မသိချင်ယောင်ဆောင်ပြီးပဲဖစ်ဖြစ်
Kai အနားမှာ တဝဲလည်လည်လုပ်ပြီး
ဂရုတစိုက်နဲ့ လုပ်ပေးနေကြမို့လို့ Kai က သူနဲ့ဆို အရင်ကထက်ပိုပြီးအဆင်ပြေလာတယ်လို့ထင်တယ် ..
"မင်းမလာရင် ငါလာမယ်"
ဒီ message ကိုမြင်တော့ KyungSoo ကမန်းကတန်းနဲ့ သူ့ဆီသွားလိုက်သည်၊
Kai က ပြောရင် ဖြစ်အောင်လုပ်တဲ့လူစားမျိုး
"ဘာလဲ .. ဘာကိစ္စလဲ "
KyungSoo က Kai ကို သဘောကျတယ်ဆိုပေမယ့် သူနဲ့တွေ့တဲ့အခါ စကားကို ခပ်မာမာပြောမိသည်။
ကိုယ်သဘောကျတဲ့သူမို့လို့ စကားကို နူးည့ံ့အောင်ပြောစရာတော့မလိုဘူးမလား ...
"ဖိတ်စာ ရပြီးပြီမလား "
"အင်း ရတယ် "
"အင်း ... အဲ့ပွဲကို လာခဲ့ ..
အဲ့တာလာပြောတာ သွားပြီ"
Kyungsoo ရဲ့ အဖြေကိုမစောင့်ပဲ သူပြောချင်ရာပြောပြီး ထွက်သွားတဲ့ Kai ကို
KyungSoo က မကျေနပ်စွာနဲ့ လက်သီးရွယ်တဲ့ပုံစံလေးလုပ်လိုကိသည်။
Kai ကတော့ အဲ့တာကိုမမြင်ပေမယ့် KyungSoo ပြောလိုက်တဲ့
"လာခိုင်းတိုင်းလာရအောင် ငါကအရူးလား" ဆိုတာကို ကြားပြီး အော်ရယ်ကာ
"တာ့တာ Wallflower လေး" ဆိုပြီးပြောသွားလေရဲ့ ...
🌼🌼🌼
ဆူညံနေတဲ့ အသံတွေရယ် ရောင်စုံလင်းကာ
တလက်လက်ဖြစ်နေတဲ့ မီးလုံးတွေအောက်မှာ
KyungSoo ခေါင်းမူးလာ၏။
မလာဘူးလို့လုပ်ထားခဲ့ပေမယ့်လဲ " Kai က အဲ့နေ့ကြရင် ကမယ်လို့ ကြားတယ်" ဆိုတဲ့ စကားနဲ့တင် Kyungsoo ခြေလှမ်းတွေက အလိုလိုလှမ်းပြီးသား ဖြစ်သွားခဲ့တာပင် ...
ဒယ်ဟွာနှစ်ကျောင်းပေါင်းလုပ်တာဖြစ်တာကြောင့် မိန်းကလေးတွေရော ယောကျာ်းလေးတွေရော အကုန်ပေါင်းပြီး အပီကဲနေကြသည်။
KyungSooကတော့ မလှမ်းမကမ်းက တစ်လုံးထဲသောမီးလုံးလင်းတဲ့ နေရာမှာ
တစ်ယောက်ထဲနေပြီး ဝိုင်လေးပဲသောက်နေလိုက်သည်။
အဟွတ် အဟွတ် အဟွတ်
ရုတ်တရက် ဆေးလိပ်ငွေ့တွေက နှာခေါင်းပေါက်ဝနားကိုရောက်လာမို့လို့ KyungSoo ဒေါသထွက်စွာနဲ့ ဘေးနားမှာ ဆေးလိပ်သောက်နေတဲ့သူဆီ သွားလိုက်သည်။
"ဒီမှာ .. အဟွတ် "
ပြောမလို့လုပ်နေတုန်း ထိုလူက သူ့မျက်နှာတည့်တည့် ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်တာမို့လို့
KyungSoo မှာ စကားဆက်မပြောနိုင်တော့
"လာတာပဲ .. ငါ့ရဲ့ Wallflower "
ထိုလူရဲ့အသံကိုကြားတော့ ချောင်းဆိုးနေရင်းကနေ ကြည့်မိလိုက်တော့ ဆေးလိပ်ကိုလက်ကကိုင်ပြီး သူ့ကိုပြုံးပြနေတဲ့ Kai
"မင်းလာတော့ လက်ဆောင်ပေးရမှာပဲ "
ပြောလဲပြောပြီးတော့ DanceFloor ဆီကို မျက်စပစ်ပြနေတဲ့ Kai ကို KyungSoo လိုက်မမီ
သူဘာဖြစ်ချင်နေတာလဲ ...
"လာခဲ့ "
ရုတ်တရက်ကြီး KyungSoo လက်ကို ဆွဲပီး Dancefloor ဆီကို ခေါ်သွားတဲ့ Kai ရဲ့လက်တွေကြားမှာ Kyungsoo က အရုပ်လေးတစ်ရုပ်လိုပါသွားသည်။
အလယ်နားကိုရောက်လာတော့ အကုန်လုံးက Kyungsoo တို့ကို ဝိုင်းကြည့်နေကြသည်။
တီးလုံးသံ စလိုက်တာနဲ့ KyungSoo ခါးကို တင်းကနဲဆွဲဖက်လိုက်တဲ့ Kai ကြောင့် အယောင်ယောင်အမှားမှားနဲ့ ပခုံးပေါ်ကို လက်ကတင်လျက်သား
အခု Kyungsoo ရဲ့ အဖြစ်က ရုပ်ရှင်တွေထဲကလို မင်းသားနဲ့မင်းသမီးကတဲ့အခါလိုဖြစ်နေသည်။
"အခု ဘာလုပ်တာလဲ "
KyungSoo က သံစဉ်ထဲမှာ စီးမြောရင်း ကနေတဲ့ Kai ကို တိုးတိုးလေးမေးလိုက်တော့ သူ့ကိုဆက်ကနဲ ဆွဲပြီး ကကွက်ကိုပြောင်းလိုက်သည်။
ပထမဆုံးကဖူးတာမို့လို့ KyungSoo မှာ Kai ပြုမူသလိုသာ လိုက်လုပ်နေရသည်။
ခြေထောက်ကိုတက်နင်းမိတာလဲ ခဏခဏဆိုကေမယ့် အသံတောင်မထွက်တဲ့အပြင် မျက်နှာတစ်ချက်မှမပျက်တာမို့လို့ Kyungsoo မှာ အံသြခြင်းများစွာနဲ့ Kai ကိုသာ မော့ကြည့်နေမိသည်။
ဒါပေမယ့် သံစဉ်ကြားထဲမှာ စီးမြောခံစားပြီး ကနေတဲ့ Kai ရဲ့ပုံစံက အရမ်းကိုမှင်သက်စရာကောင်းသည် ...
ပြီးတော့ ပထမဆုံးအနေနဲ့ KyungSoo သူ့ကို ချစ်မိသွားခဲ့တယ်
🌼🌼🌼
"မအားလို့ မလာတော့ဘူး "
"ဟင့်အင်း ဒီတိုင်းပဲ မသွားချင်တာ "
"သွားလဲ ကျွန်တော်က လူပိုပဲလေ"
"သေချာပေါက် လာမှဖြစ်မှာလား ဆရာ "
ကံကြမ္မာက အကြောင်းဖန်လာစွာနဲ့ ဒယ်ဟွာကျောင်းသားဟောင်းတွေ့ဆုံပွဲကို ပြန်လုပ်မည်ဖြစ်သည်။
မသွားဘူးလုပ်ထားပေမယ့်လဲ ဆရာရီရှင်းကိုယ်တိုင် ဖုန်းခေါ်ပြီး ဆက်ဆက်လာဖို့ခေါ်တော့
စိတ်မပါလဲ သွားရတော့မယ် ...
အဲ့ပွဲကိုသွားရင် သေချာပေါက် JongIn နဲ့တွေ့မှာ
KyungSoo သက်ပြင်းအခါခါချပြီး ပန်းအိုးသေးသေးထဲက Lavender ပန်းလေးတွေကို မွှေးကြူလိုက်သည်။
လွန်ခဲ့တဲ့ ၄ နှစ်ကအတိုင်း ခံစားမှုမျိုးကို KyungSoo ပြန်ခံစားရသည်။
ဒီလိုနေရာတွေမျိူးတွေက Kyungsoo အတွက် ဘယ်တော့မှ ရင်းနှီးလာမှာမဟုတ်တဲ့ အစိမ်းသက်သက်နေရာတစ်ခုသာ
ဆရာရီရှင်းနဲ့တွေ့ဖို့လုပ်ထားပေမယ့် ဆရာက ဒီနေ့မှ နောက်ကျမှာဖြစ်လို့ ထုံးစံအတိုင်း ဝိုင်တစ်ခွက်မှာပြီး Bar မှာ ထိုင်နေလိုက်သည်။
"အဟွတ် အဟွတ် "
ဘေးနားက ဖြတ်သွားတဲ့သူရဲ့ ဆေးလိပ်ငွေ့တွေကြောင့် Kyungsoo မှာ သောက်လက်စဝိုင်တောင်သီးသွားသည်။
မျက်ရည်တွေဝဲလာပြီး ချောင်းကအဆက်မပြတ်ဆိုးနေတာကြောင့် KyungSoo ခံရအရမ်းခက်သည်။
"ခင်ဗျားဆေးလိပ်သောက်ချင်ရင် ဟိုဘက်ကိုသွားပါ .. ဒီမှာလူရှိတယ်ဆိုတာ မသိဘူးလား"
ရင်းနှီးနေတဲ့အသံက ဆေးလိပ်သောက်နေတဲ့သူရဲ့အနားကိုသွားပြီး ပြောနေတာမို့လို့ KyungSoo မှာ "သူမဖြစ်ပါစေနဲ့" လို့သာဆုတာင်းနေမိတယ် ...
"ဆေးလိပ်နံ့မခံနိုင်တာကို ဘာလို့ဒီမှာ နေနေတာလဲ"
KyungSoo ဆုတောင်းမပြည့်။ မပြည့်တဲ့အပြင် အနားကိုလာပြီး ချွေးစို့နေတဲ့ KyungSoo နဖူးကို လက်ကိုင်ပုဝါလေးထုတ်ပြီး သုတ်ဖို့ပြောလာတဲ့ JongIn. ..
"အင်း ကျေးဇူးပဲ "
ပါးစပ်ကနေသာ ခပ်ပြတ်ပြတ်ပြောလိုက်ပေမယ့်
KyungSoo ရင်ထဲမှာ ရင်ခုန်သံတွေမြန်နေတယ်
ခုနက ချောင်းဆိုးထားတာရော
JongIn ကြောင့်ရော ... နှစ်ခုလုံးပေါင်းပြီး
KyungSoo မှာ မောဟိုက်နေသည်။
"အခုထိ မသက်သာသေးဘူးလား "
"အင်း "
"နောက်တစ်ခါ ဆေးလိပ်သောက်တဲ့သူတွေ့ရင် ရှောင်နော် "
JongIn က Kyungsoo အနားကိုလာပြီး ဆူံးမသဖွယ်ပြောနေတာကြောင့် ခပ်တိုးတိုးရယ်မိတယ်
"ရှောင်ရမှာဆိုတော့ မင်းကိူလား "
KyungSoo ရဲ့ စကားကြောင့် JongIn က တစ်နေရာကိုလှမ်းကြည့်ပြီး
တစ်ဖန်ရယ်ပြန်တယ် ...
"ငါဆေးလိပ်မသောက်တော့တာ မင်းအသိပါ"
JongIn က ပြုံးလျက်ပဲပြောလိုက်ပေမယ့်
KyungSoo က မျက်ရည်တွေဝဲလာသည်။
ပြီးတော့ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက သူ့မွေးနေ့မှာ ကြားခဲ့တဲ့စကားတစ်ခွန်း ...
"Surprise တွေဘာတွေမသိဘူး KyungSoo!
ဒါပေမယ့် ဆေးလိပ်နံ့မခံနိုင်တဲ့မင်းအတွက်
ုငါဆေးလိပ်ဖြတ်ခဲ့တယ်"
🌼🌼🌼
The Years I Love You the Most
🌼TBC🌼
ဖေဖော်ဝါရီ ၂၉ မှာ အမှတ်တရလေးကျန်နေချင်လို့ ❤️