ချစ်ခြင်းရဲ့ယဉ်ကျေးမှု (Zawgy...
By maylapyaepyae
39.9K 3.9K 992
Chansoo bl chanyeol Dokyungsoo More
Intro 1
Intro 2
Ch-1
updated မဟုတ်
Ch-2
ခွင့်တောင်းခြင်း
တောင်းပန်ခြင်း
Ch-4
Ch-5
Ch-6
Ch-7
No update
Ch-8
Ch-9
no update
😭😭😭
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-19(အဆက်)
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch -32
Ch-33
Ch-34
Ch-34(အဆက်)
Ch-35
Ch-36
Ch-37
Ch-38
Ch-39
Ch-40
Ch-17
Ch-41
Ch-41(အဆက်)
Ch-42
Ch 43
Ch 44
Ch-45
Final
Ch-3
936 100 9
By maylapyaepyae
လူတိုင်းရဲ့ ရင်ထဲက ခံစားမှုကို တန်ဖိုးထားပေးပါ
ဘာလို့လဲဆိုတော့ သူတို့မှာတန်ဖိုးရှိတဲ့နှလုံးသားတစ်စုံရှိတယ်
ကိုယ့်မနှစ်သက်တဲ့အရာကိုသူများကိုမပေးမိစေနဲ့
သူလည်းနှစ်သက်မှာမဟုတ်ဘူးလေ
xxxxxxxxxxxxxxxxxxxxxxxxx
ကျောင်းသားထုရဲ့ကိုယ်စားလို့သုံးရမှာ ကြီးကျယ်လွန်းပါတယ်လေ။ ပွဲတစ်ပွဲမလှမပ ဖြစ်နေတာကို ဝင်ထိန်းပေးတယ်ဆိုရုံလောက်ပါပဲ။ ဒီပွဲမှာ Jongin က Chan ဝင်ပါလာတာကိုအရမ်းသဘောကျနေတာ....။သူကဘာရယ်မဟုတ်ပါဘူး ။ ပညာတွေသိပ်ပြနေတဲ့ bad angle လေးနဲ့ ပညာခြင်းယှဉ်ချင်ရုံတင်ပါ။
ပထမဆုံးခြေလှမ်းအနေနဲ့ Chan English စာအတန်းကိုလာခဲ့မိတယ်......။ဘာအခက်အခဲမှမရှိ လာချင်တော့လည်းအနီးလေး။ ဘယ်သူမှတကူးတက လမ်းပြပေးစရာတောင်မလိုပဲ သူ့ကိုမြင်မြင်ချင်းပဲ သတင်းကြီးနေတဲ့ bad angle လေးဆီုတာ အလိုလို သိတာလိုက်ပါပြီ။သူက သူများတွေပြောသလို တော်တော်ချောပါတယ်။ကျောင်းတစ်ကွင်းလုံးမှာ ထွန်းလင်းနေတဲ့ လ တစ်ဆင်းလိုပဲ တောက်ပလွန်းတယ်။ တွေ့သမျှလူတိုင်း သူ့ကို ငေးသွားကြတာ Chan ကိုယ်တိုင် မျက်မြင်ပါ။ ဒါပေမဲ့ Jongin ပြောသလို သူပါ ကြွေသွားမယ်ဆိုတဲ့စကားကိုသိပ်တော့လက်မခံချင်ပါ။ အခုထက်ထိ Chan ရဲ့ လက်ဝဲဘက်ရင်အုံက လှုပ်ရှားမှုမရှိ။
KS , Chen &Beak တို့သုံးယောက် အတန်းထဲကနေ Canteen သွားတာမြင်တော့ Chan သူတို့ကိုကျော်တက်ပြီးလျှောက်လာခဲ့တယ်။ စကားသံတွေအရ အနောက်မှာ KS တို့ပါလာတာကိုသိတယ်လေ။ ( သိမှာပေါ့ Chen နဲ့ Beak နှစ်ယောက်ပေါင်း လို့ကတော့ သိတယ်ဟုတ်😜 main vocal တွေစုနေတာ 😂)
လူတစ်ယောက်ကိုပညာပေးတော့မယ် ဆိုရင် ဉာဏ်နီဉာဏ်နက်‌တောင် မဟုတ်ဘူး ဉာဏ်ပြာဉာဏ်ဝါ အရောင်အသွေးစုံစုံလင်လင်ထုတ်သုံးရတော့တာ။ သူတို့ထက် ခြေတစ်လှမ်းစောနေသင့်တယ်လေ။
Canteen ရောက်တော့ သူတို့အရင်ထိုင်အောင် ခနစောင့်လိုက်တယ်။ သူတို့က Chan ကိုမမြင်ပါဘူး။ သူတို့ထိုင်ပြီ ဆိုတော့ မှ အဲ့စားပွဲက ခုံအလွတ်ကို ယူထိုင်လိုက်ပြီး KS ကို စကားတစ်ခွန်းမှမပြောဘဲ သူ့မျက်နှာကို အကြာကြီး စိုက်ကြည့်နေလိုက်တယ်။ သူက မျက်မှောင်ကျုံသွားပြီး မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ကြည့်လာတယ်။ အသည်းပုံနှုတ်ခမ်းလေးကလည်း တွန့်သွားတယ်။ EXO ထဲက D.O. နဲ့တောင်တူသေးတာ။ (Chan တို့များမနိုင်ဘူး သူ့လူကြီးကိုပဲတွေးနေတာ🤧) Chan ကတော့ KS ရဲ့ မျက်နှာတစ်ခုလေးကိုပဲ ကသိုဏ်းရှုနေသလိုကြည့်နေတာ။ ကြာလာတော့ KS ဒေါသထွက်ပြီး ဆွဲထိုးဖို့လုပ်တော့ ဘေးက Chen နဲ့ Beak ကဝင်ဆွဲရတယ်။ Chen က ဝင်ပြောတယ်။
Chen : "Kyung လေး လွန်မယ်။ စိတ်ထိန်း ။ "
Chan ဘက်ကိုလည်းလှည့်ပြောတယ်။
Chen : " မင်းက ရော ဘာကိစ္စ လာကြည့်နေတာလဲ အေး မင်းကြည့်ချင်ရင် ဝေးဝေးကကြည့် အခုဟာက အနှောင့်ယှက်ပေးတာနဲ့အတူတူပဲ"
Beak : "ဟုတ်တယ် ဟျောင့် ငါတို့ပြသာနာ မဖြစ်ချင်ဘူး မင်းလစ်လိုက်တော့"
Chan ပြုံးလိုက်တယ် သူဒီအခြေနေကို ကြုံရမယ်ဆိုတာသိပြီးသားပါ။ Chan မှာ ဖြေရှုင်းဖို့ အဖြေကအဆင်သင့်ရှိပြီးသား။
Chan : "နိုး..နိုး..နိုး...အနှောင့်ယှက်ပေးရတာမဟုတ်ရပါဘူး။ ကျွန်တော်က တရားလာမှတ်နေတာပါ ။ သူဘယ်လောက်ချောချော တစ်နေ့ အိုရ......နာရ.....သေရ....မှာပဲဆိုပြီး မမြဲခြင်းတရား လာမှတ်နေတာပါ အခုတောင် ကျွန်တော် တော်တော် တရားရသွားလို့ သွားလိုက်ပါအုံးမယ် နောက် ကိုယ်တရားရှုချင်တိုင်းမင်းကိုလာကြည့်မယ် နော်။ "
ဆိုပြီး Chan Ks ကို စကားတစ်ခွန်းမှပြောခွင့်မပြုဘဲ ပြောချင်ရာပြောပြီး ထွက်လာခဲ့တယ် ။ KS မျက်နှာလေး နီမြန်းပြီး ဒေါသထွက်လာတာတွေ့တော့ Chan ခပ်သွပ်သွပ် ထွက်လာခဲ့တယ်။နောက်ကနေ KS က
KS : " နေအုံး ......ဘယ်သူက မင်းကို ပြောချင်ရာပြောပြီးထွက်သွားဖို့ခွင့်ပြုလို့လဲ"
လို့လှမ်းအော်ပြောကာနောက်နေလိုက်လာတော့ Chan မကြားချင်ယောင်ဆောင်ကာခပ်သွပ်သွပ် လျှောက်လိုက်တယ် ။ ခြေလှမ်းကြဲကြီးတွေနဲ့သွားနေတာမို့ KS မမှီတော့ ပိုပြီး ဒေါသထွက်နေဟန်ပါ။ ခုချိန်မှာ Chan ကပြေးသူ ။ KS က လိုက်သူပေါ့။ KS Chan ရဲ့ ခြေလှမ်းတွေကို လိုက်မမှီပါ။ Chan က တမင်လူများတဲ့ နေရာတွေကြီးပဲ ပတ်သွားနေတာပါ။ KS ကတော့ ဒေါသထွက်နေတာဆိုတော့ သတိထားမိပုံမပေါ်ဘူး။နောက်တော့ Chan ဘေးနားကလူတွေကြားနိုင်လောက်တဲ့အထိအံမြှင့်ပြောပါလေရော။
Chan : " လုပ်ပါအုံး....ကျွန်တော့်နောက် သူ အတင်းလိုက်နေလို့ဗျို့၊ဇွတ်ပဲ"
လူတိုင်းသတိမထားဘဲမနေနိုင်အောင် ပွဲကကျောင်းထဲမှာ တော်တော်စည်သွားခဲ့တာ။ KS ကတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ရလောက်အောင် Chan ကို အသေရရ အရှင်ရရ ရအောင်လိုက်မဲ့သဘောရှိတယ်။ Chan ကလည်း တမင် တစ်ကျောင်းလုံးပတ်ပစ်လိုက်တယ်။ KS ကိုကြိုက်တဲ့သူတောတော်များများကတော့ အံ့သြနေကြလေရဲ့။Jongin တောင် အံ့ဩပြီးKs ရဲ့ ခပ်ဝေးဝေးကနေပါလာလေရဲ့။
နောက်တော့ KS က
KS : "မင်း ယောက်ျားဖြစ်ပြီး မရှက်ဘူးလား ငါ့တောင်ရင်မဆိုင်ရဲဘူးလား ။ မင်းသတ္တိမရှိလို့ ငါ့ကိုရှောင်ပြေးနေတာ လူတွေအသိပဲ"
Chan : "ဟာ....မင်း ငါ့နောက်သဲကြီးမဲကြီးလိုက်လာတာကြတော့ရော မရှက်ဘူးလား ။ တစ်ကျောင်းလုံးကြည့်နေကြတာ မင်းကိုဘယ်လိုထင်သွားမလဲ မတွေးမိဘူးလား"
KS ရပ်လိုက်ပြီး
Ks : "ကောင်းပြီလေ........မင်းနဲ့ တစ်ကွေ့ကွေ့တော့တွေ့မှာပါ။ မင်း ငါ့အပေါ်အကြွေးတင်သွားပြီ။ မင်းပြန်ဆက်ဖို့မမေ့နဲ့"
ဆိုပြီးချာခနဲထွက်သွားလေရဲ့။ သူရဲ့ သယ်ချင်းနှစ်ယောက်ကို‌တော့အားနားပါရဲ့ သူတို့နှစ်ယောက်လုံး Ks နောက်ကနေ လိုက်ရလို့ ချွေးတောင်စို့နေကြတာ အခုလည်းနောက်ကနေအ‌ပြေးတစ်ပိုင်း လိုက်သွားလေရဲ့။ Chan ကတော့ Ks အဲ့လို့ လှည့်သွား တာ သူရဲ့ ပထမဆုံးခြေလှမ်းအောင်မြင်သွားပြီဆိုတဲ့ သက်သေတစ်ခုပဲပေါ့။ Jongin ကတော့ သူ့ပခုံး လာဖက်ပြီးချီးကျူးနေလေရဲ့။
Kai : " တော်တယ်ကွာ မင်းပဲသူ့ကိုအဲ့လိုလုပ်တာ ငါ့သယ်ချင်းကတော်ပါတယ်ဆိုတယ်ကွာ "
Chan : "တော်ပါကွာ ....... ပြောချင်ရင်နောက်မှဆက်ပြောတော့ ငါ leacture တွေ ပြန်လုပ်ရအုံးမှာ ပြန်မယ်"
Kai : " Ok လေ ပြန်ကြတာပေါ့"
ဆိုပြီးပြန်လာခဲ့ကြတယ်။ မနက်ဖြန် KS ကို နောက်ထပ် ဘယ်လိုပညာပေးကြမလဲဆိုတာပြောရင်းပေါ့........။
T.B.C.
အမှားပါရင် တောင်းပန်ပါတယ်။ စာဖတ်သူတစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်။ ပြန်စစ်ထားပေမဲ့ကျန်ခဲ့ရင် ဖြည့်ဖက်ပေးပါ အားလုံးကို ဝေါ်အိုက်နီ ပါ
#love you all 😍😘
#ယဉ်ကျေးမှု
#Thwe Thitsar
စာလုံးရေ 1116လုံး
Zawgyi
                       Ch-3
Chen : "Kyung လေး လွန်မယ်။ စိတ်ထိန်း ။ "
နောက်တော့ KS က
KS ရပ်လိုက်ပြီး
Kai : " Ok လေ ပြန်ကြတာပေါ့"
T.B.C.
#love you all 😍😘
#ယဉ်ကျေးမှု
#Thwe Thitsar
စာလုံးရေ 1116လုံး
Continue Reading
You'll Also Like
143K 7.9K 57
Chanyeol, Baekhyun and Jongin are demons that go to a college full of demons. Kyungsoo, Jongdae and Sehun are normal humans that go to a normal colle...
579K 36.2K 72
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
72.6K 3.4K 11
The most desired omega selects an unexpected mate. #1 topbaek 23/07/2019 #1 bottomyeol 15/08/2019 #25 exo 30/08/2019
37.7K 2.7K 72
ဖတ်ကြည့်နော်😉😉