Zawgyi
ေရွာင္က်န္႔ထြက္သြားမွက်န္ေနေသးတဲ့ေခါက္ဆြဲျပဳတ္ကိုယူၿပီး ကုန္ေအာင္စားပစ္လိုက္တယ္
ေျပာမယ့္သာေျပာတာ အဖတ္ကသိပ္ (ေတာ္ေတာ္ကို) စားမေကာင္းေပမယ့္ အရည္ေလးကေတာ့မဆိုးဘူး ေသာက္ေကာင္းတယ္
အခ်စ္ကေကြၽးရင္အဆိပ္ဆိုလည္း ကိုယ္စားရဲပါတယ္ ဟန္နီ အဲ မဟုတ္ပါဘူး ေရွာင္က်န္႔ရယ္..
ေသခ်ာတယ္ ေကာင္ေလးေရ...
ကိုယ္ေတာ့မင္းကိုခ်စ္မိသြားၿပီ
ၿပီးေတာ့ေက်းဇူးပဲ မင္းရဲ့ပထမဦးဆံုးလက္ရာကိုစားခြင့္ေပးလို႔
ဒီအရသာကို ကိုယ္ေတာ့ ဒီတစ္သက္လံုး၀ေမ့ႏိုင္မယ္မထင္ေတာ့ဘူး
(လံုးဝမေကာင္းလြန္းလို႔)
............
ေဆးခန္းသြားေနတဲ့ ေရွာင္က်န္႔ ခဏခဏခလုတ္တိုက္ေနတယ္
ဘယ္လူမသား ငါ့အေၾကာင္းကိုေျပာေနလဲမသိဘူး
ေဆးခန္းေရာက္ေတာ့ရြာအနီးအနားကလူနာေတြကေရာက္ေနၾကၿပီ
အားနာလိုက္တာ လူနာေတြကိုေစာင့္ခိုင္းရတဲ့ ဆရာ၀န္ျဖစ္သြားၿပီ
အဲ့ဒါဟိုလူႀကီးေၾကာင့္ ေသာက္မယ့္အေရးကိုမေသာက္ဘဲ ေပရွည္ေနလို႔ အစတည္းကေဆးမတိုက္ဘဲ ဖင္ကိုအပ္နဲ႔တစ္ခါတည္းထိုးေပးလိုက္ရမွာ
စိတ္ထဲကေတာ့အိမ္ကလူႀကီးကိုမ်ိဳးစံုေျပာေနေပမယ့္ အျပင္မွာေတာ့ အၿပံဳးခ်ိဳခ်ိဳေလးေတြနဲ႔ ေဆးကုေပးေနပါေသာ ဆရာ၀န္ေလးေရွာင္က်န္႔ရယ္ပါ
"ဆရာ၀န္ေလးက စိတ္ထားအရမ္းေကာင္းတာပဲေနာ္"
ေလငန္းတစ္ခါျဖတ္ဖူးထားတဲ့ ရိေပၚတို႔ ေဘးအိမ္ကလူနာအေဒၚႀကီးကေျပာေတာ့ ေရွာင္က်န္႔ၿပံဳးရံုတင္ၿပံဳးျပလိုက္တယ္
"တကယ္ေျပာတာ ဆရာ၀န္ေလးကရုပ္လည္းေခ်ာတယ္ စိတ္ထားလည္းေကာင္းတယ္ ဒါေၾကာင့္၀မ္သူေဌးေလးကသဲသဲလႈပ္ျဖစ္ေနတာကို"
"ဗ်ာ...သူလားသဲသဲလႈပ္ျဖစ္တာ
ကြၽန္ေတာ္နဲ႔ဆိုဘယ္ခါမွအေကာင္းမေျပာဘူး အၿမဲသတ္ေနၾကတာ"
"အဲ့တာပဲေပါ့ ဆရာ၀န္ေလးရဲ့ ခ်စ္ျခင္းအစရန္ျဖစ္ျခင္းကတဲ့"
"ဟင္ အေဒၚကလည္း 'မုန္းျခင္းကေတာ့' လုပ္ပါဗ်ာ ဟင္း ဟင္း"
အေဒၚႀကီးကေရွာင္က်န္႔ကိုၿပံဳးၿပံဳးေလးၾကည့္ကာ
"သားတို႔က တစ္ေယာက္နဲ႔တစ္ေယာက္မုန္းေနၾကလို႔လား ေျပာပါအံုး"
ေရွာင္က်န္႔ေသြးေပါင္ခ်ိန္ေနရင္းလက္တို႔ရပ္တန္႔သြားတယ္
ဟုတ္တယ္ ငါတို႔ကတစ္ေယာက္ကိုတစ္ေယာက္မုန္းေနၾကတာလား
ငါ့ဘက္ကေတာ့ ေသခ်ာတယ္ သူ႔ကိုမမုန္းဘူး
ဒီအတိုင္းသေဘာမက်ရံုေလး
ဒါဆို ခင္ဗ်ားကေရာ...
"ဆရာ၀န္ေလးတို႔က ကိုယ္ရဲ့စိတ္ကိုညာေနၾကတာ ေသခ်ာျပန္စဥ္းစားၾကည့္ပါ အမွန္ကိုျမင္လာပါလိမ့္မယ္.."
ေရွာင္က်န္႔ၿပံဳးျပလိုက္ၿပီး
"ေက်းဇူးပါအေဒၚ "
အေဒၚႀကီးကေတာ့ေခါင္းတစ္ၿငိမ့္ၿငိမ့္ျဖင့္သာ 'ရပါတယ္'လို႔ခပ္တိုးတိုးဆိုလိုက္ေလသည္။
ကိစၥ ဝိစၥ ၿပီးသြားေတာ့ နာရီၾကည့္လိုက္တာ ညေန ၃ နာရီတီးၿပီ
လူနာေတြကတစ္ေယာက္ ၂ေယာက္ေလာက္က်န္ေသးတယ္
ဒါၿပီးရင္ေတာ့ အိမ္ျပန္ရမယ္ ဟူးးး
အိမ္ျပန္မယ္ ဆိုမွသတိရသြားတာက ဟိုလူႀကီး
ေရွာင္က်န္႔ကေန့လည္စာကိုေဆးခန္းမွာပဲ မုန္႔စားလိုက္ေပမယ့္ အိမ္ကလူႀကီးက စားၿပီးလားမၿပီးေသးလားကိုမသိေသးဘူး
"ဒုကၡပဲ သြားၿပီ သြားၿပီ
ဒီေန့ ေမေမတို႔ကဟိုဘက္ရြာကိုသြားတာညေနမျွပန္ေရာက္မယ္လို႔ငါ့ကိုေျပာသြားတာကို ေမ့ေနတာ
ဟိုလူ ဘာေတြနဲ႔စားမလဲ မသိဘူး
စားေတာင္စားၿပီးပါေသးလား သူ႔အနာနဲ႔လမ္းေလ်ွာက္လို႔လည္းရမွာ မဟုတ္ဘူး ဒုကၡပဲ
ငါကလည္းဘာ့လို႔ေမ့ေနမွန္းကိုမသိဘူး
မျဖစ္ဘူး အိမ္ျပန္ရမယ္"
ေရွာင္က်န္႔အျမန္ထကာျပန္ဖို႔လုပ္ေတာ့ nurse မေလးက
"ဆရာ လူနာေတြက်န္ေသး..."
"ဆရာမပဲ ဆက္ၾကည့္ေပးလိုက္ပါေနာ္
ကြၽန္ေတာ္အိမ္ျပန္မွ ျဖစ္မွာေၾကာင့္ ေနာ္ ကြၽန္ေတာ္သြားၿပီေနာ္ ဆရာမ.."
"ဟို... ဆရာကလည္းစကားေတာင္ဆံုးေအာင္နားမေထာင္ဘူး"
ေနာက္မွာဘာျဖစ္က်န္ခဲ့လဲ ေရွာင္က်န္႔စိတ္မ၀င္စားႏိုင္ေတာ့ဘူး က်န္တဲ့လူနာေတြကလည္းအရမ္းႀကီးေရာဂါမႀကီးတဲ့သူေတြမို႔ nurseမေလးကိုစိတ္ခ် လက္ခ် အပ္ထားခဲ့ျခင္းျဖစ္သည္။
အခုခ်ိန္မွာေတာ့ အိမ္ကိုသာျမန္ျမန္ျပန္ေရာက္ခ်င္ေနေတာ့တာပဲသိတယ္
သူတစ္ခုခုေတာ့စားထားမွာပါ စားေရာစားထားပါ့မလား စားၿပီးရင္ေရာေဆးေသာက္ထားပါ့မလား
ေဆးကေၾကာက္ပါဘိနဲ႔ ငါကလည္းအိမ္ကလူနာတစ္ေယာက္လံုးေတာင္ေမ့ေနရတယ္လို႔ ငါေတာ္ေတာ္ဆိုးတာပဲ
ေရွာင္က်န္႔အဖိုးအိမ္ကိုအရင္၀င္ၿပီး စားစရာအခ်ိဳ႕ယူကာ အိမ္ကိုျပန္လာခဲ့တယ္
"ေကာ !! ေကာ !!~~~"
အိမ္ၿခံ၀တည္းကအသံက်ယ္က်ယ္နဲ႔ေအာ္ေခၚၿပီး၀င္လာေပမယ့္ ျပန္ထူးသံမၾကားရတာေၾကာင့္ ေရွာင္က်န္႔စိုးရိမ္လာတယ္
ထို႔ေနာက္ အိမ္ထဲကိုအျမန္၀င္ၿပီး သူတို႔အခန္းထဲကိုသြားၾကည့္လိုက္ေတာ့...
ေရွာင္က်န္႔အေမာဆို႔ၿပီးေသမသြားတာကိုပဲ သူ႔ကိုယ္သူေက်းဇူးတင္လိုက္တယ္
ျမင္လိုက္ရတဲ့ျမင္ကြင္းက ရင္၀ကိုအားနဲ႔ေဆာင့္ကန္လိုက္သလိုပဲ
ကိုယ္ေတာ္ကထိုင္ခံုမွာ ထိုင္ေနၿပီး သူ႔ေျခေထာက္နားမွာေတာ့အနာကိုေဆးထည့္ေပးေနတဲ့ မိန္းကေလးတစ္ေယာက္ ေဘးကစားပြဲေပၚမွာေတာ့ စားၿပီးသားပန္းကန္ေတြနဲ႔မုန္႔အခ်ိဳ႕ကိုတင္ထားေသးတယ္။ ေက်ာခိုင္းထားလို႔မိန္းကေလးရဲ့မ်က္နာ
ကိုမျမင္ရေပမယ့္ ၀မ္ရိေပၚရဲ့ၿပံဳးေနတဲ့ရုပ္ႀကီးကိုေတာ့ ျမင္ေနရတယ္
သူ႔မွာ ဒီလိုေတြရိွေနခဲ့တာလား~~~
ေရွာင္က်န္႔အနည္းငယ္ေတြဝေသြားေပမယ့္ ခ်က္ခ်င္းပဲ
ဘာပဲေျပာေျပာ ငါကသူ႔ရဲ့ယခုလက္ရိွေယာက်္ားပဲ ဒီလိုမ်ိဳးကငါပဲလုပ္ေပးရမွာ ေတြ့မယ္ ေရွာင္က်န္႔အေၾကာင္းေကာင္းေကာင္းႀကီးသိေစရမယ္။
"ကိုကို~~"
ရိေပၚၫူတူတူအသံၾကားလို႔ၾကည့္လိုက္ေတာ့ အခန္းေပါက္၀မွာရပ္ေနေသာ သူ႔ရဲ့ဆရာဝန္ေလး
ေခၚျပန္ၿပီ အဲ့လိုေခၚရင္ဒီကလူက ရင္ခုန္ျမန္ၿပီးအသက္ထြက္ေတာ့မယ္ဆိုတာ မသိဘူးလား
ေရွာင္က်န္႔ခ်စ္စရာအေကာင္းဆံုးၿပံဳးျပကာ (fake smile ႀကီး) ရိေပၚေျခရင္းမွာထိုင္ခ်လိုက္တယ္
ဟိုမိန္းကေလးကိုလည္း မသိမသာေရာသိသိသာသာပါ တြန္းလိုက္ၿပီးေတာ့ေပါ့
ၿပီးေတာ့ စည္းေနဆဲပတ္တီးကိုျပန္ခြါၿပီး အသစ္တစ္ခုနဲ႔ျပန္စည္းေပးေနတယ္
"ေတာင္းပန္ပါတယ္ေနာ္ ကိုကို
ဒီေန့ ေဆးခန္းမွာလူနာေတြမ်ားလို႔ေလ အဲ့ဒါေၾကာင့္
ကိုကို ေန့လည္စာေရာစားၿပီးၿပီလား
ေဆးေရာေသာက္ၿပီးၿပီလား ကြၽန္ေတာ္ေနာက္က်သြားတာ ေတာင္းပန္ပါတယ္"
ေရွာင္က်န္႔ေတာင္းပန္တဲ့စကားကိုေတာ့ တကယ့္စိတ္ရင္းနဲ႔ ေျပာလိုက္တာျဖစ္သည္။
"ရပါတယ္ ကိုယ္စားၿပီးသြားၿပီ
ညီမေလးက လာပို႔တယ္ေလ"
"ဟုတ္တယ္ က်န္႔ေကာရဲ့အေဒၚကမွာခဲ့တယ္ေလ ဒီေန့အိမ္မွာဟင္းခ်က္မယ့္သူမရိွလို႔ထမင္း ဟင္းေတြခ်က္ၿပီး ေကာတို႔ကိုသြားပို႔လိုက္ပါတဲ့
အဲ့ဒါေၾကာင့္ လာပို႔တာ ၿပီးေတာ့ ရိေပၚေကာကေဆးလည္းေသာက္ၿပီးပါၿပီ"
ေရွာင္က်န္႔ခုမွ သူဖယ္လိုက္တဲ့မိန္းကေလးကိုၾကည့္မိတယ္
ဟိုက္ ေသစမ္း ! အဲ့ဒါ၀မ္ရိေပၚရဲ့တစ္၀မ္းကြဲညီမပဲ
အမယ္ေလးအားနာလိုက္တာ အားနာလိုက္တာ
ငါ့မ်က္နာႀကီးဘယ္နားသြားထားရင္ေကာင္းမလဲဟင္
"က်န္႔ေကာကမထင္ရဘူးေနာ္ အဟိ
ရိေပၚေကာကို အရမ္းခ်စ္တာပဲလား"
ငါေသသင့္ေနၿပီ...
............
Unicode
ရှောင်ကျန့်ထွက်သွားမှကျန်နေသေးတဲ့ခေါက်ဆွဲပြုတ်ကိုယူပြီး ကုန်အောင်စားပစ်လိုက်တယ်
ပြောမယ့်သာပြောတာ အဖတ်ကသိပ် (တော်တော်ကို) စားမကောင်းပေမယ့် အရည်လေးကတော့မဆိုးဘူး သောက်ကောင်းတယ်
အချစ်ကကျွေးရင်အဆိပ်ဆိုလည်း ကိုယ်စားရဲပါတယ် ဟန်နီ အဲ မဟုတ်ပါဘူး ရှောင်ကျန့်ရယ်..
သေချာတယ် ကောင်လေးရေ...
ကိုယ်တော့မင်းကိုချစ်မိသွားပြီ
ပြီးတော့ကျေးဇူးပဲ မင်းရဲ့ပထမဦးဆုံးလက်ရာကိုစားခွင့်ပေးလို့
ဒီအရသာကို ကိုယ်တော့ ဒီတစ်သက်လုံး၀မေ့နိုင်မယ်မထင်တော့ဘူး
(လုံးဝမကောင်းလွန်းလို့)
............
ဆေးခန်းသွားနေတဲ့ ရှောင်ကျန့် ခဏခဏခလုတ်တိုက်နေတယ်
ဘယ်လူမသား ငါ့အကြောင်းကိုပြောနေလဲမသိဘူး
ဆေးခန်းရောက်တော့ရွာအနီးအနားကလူနာတွေကရောက်နေကြပြီ
အားနာလိုက်တာ လူနာတွေကိုစောင့်ခိုင်းရတဲ့ ဆရာ၀န်ဖြစ်သွားပြီ
အဲ့ဒါဟိုလူကြီးကြောင့် သောက်မယ့်အရေးကိုမသောက်ဘဲ ပေရှည်နေလို့ အစတည်းကဆေးမတိုက်ဘဲ ဖင်ကိုအပ်နဲ့တစ်ခါတည်းထိုးပေးလိုက်ရမှာ
စိတ်ထဲကတော့အိမ်ကလူကြီးကိုမျိုးစုံပြောနေပေမယ့် အပြင်မှာတော့ အပြုံးချိုချိုလေးတွေနဲ့ ဆေးကုပေးနေပါသော ဆရာ၀န်လေးရှောင်ကျန့်ရယ်ပါ
"ဆရာ၀န်လေးက စိတ်ထားအရမ်းကောင်းတာပဲနော်"
လေငန်းတစ်ခါဖြတ်ဖူးထားတဲ့ ရိပေါ်တို့ ဘေးအိမ်ကလူနာအဒေါ်ကြီးကပြောတော့ ရှောင်ကျန့်ပြုံးရုံတင်ပြုံးပြလိုက်တယ်
"တကယ်ပြောတာ ဆရာ၀န်လေးကရုပ်လည်းချောတယ် စိတ်ထားလည်းကောင်းတယ် ဒါကြောင့်၀မ်သူဌေးလေးကသဲသဲလှုပ်ဖြစ်နေတာကို"
"ဗျာ...သူလားသဲသဲလှုပ်ဖြစ်တာ
ကျွန်တော်နဲ့ဆိုဘယ်ခါမှအကောင်းမပြောဘူး အမြဲသတ်နေကြတာ"
"အဲ့တာပဲပေါ့ ဆရာ၀န်လေးရဲ့ ချစ်ခြင်းအစရန်ဖြစ်ခြင်းကတဲ့"
"ဟင် အဒေါ်ကလည်း 'မုန်းခြင်းကတော့' လုပ်ပါဗျာ ဟင်း ဟင်း"
အဒေါ်ကြီးကရှောင်ကျန့်ကိုပြုံးပြုံးလေးကြည့်ကာ
"သားတို့က တစ်ယောက်နဲ့တစ်ယောက်မုန်းနေကြလို့လား ပြောပါအုံး"
ရှောင်ကျန့်သွေးပေါင်ချိန်နေရင်းလက်တို့ရပ်တန့်သွားတယ်
ဟုတ်တယ် ငါတို့ကတစ်ယောက်ကိုတစ်ယောက်မုန်းနေကြတာလား
ငါ့ဘက်ကတော့ သေချာတယ် သူ့ကိုမမုန်းဘူး
ဒီအတိုင်းသဘောမကျရုံလေး
ဒါဆို ခင်ဗျားကရော...
"ဆရာ၀န်လေးတို့က ကိုယ်ရဲ့စိတ်ကိုညာနေကြတာ သေချာပြန်စဥ်းစားကြည့်ပါ အမှန်ကိုမြင်လာပါလိမ့်မယ်.."
ရှောင်ကျန့်ပြုံးပြလိုက်ပြီး
"ကျေးဇူးပါအဒေါ် "
အဒေါ်ကြီးကတော့ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်သာ 'ရပါတယ်'လို့ခပ်တိုးတိုးဆိုလိုက်လေသည်။
ကိစ္စ ၀ိစ္စ ပြီးသွားတော့ နာရီကြည့်လိုက်တာ ညနေ ၃ နာရီတီးပြီ
လူနာတွေကတစ်ယောက် ၂ယောက်လောက်ကျန်သေးတယ်
ဒါပြီးရင်တော့ အိမ်ပြန်ရမယ် ဟူးးး
အိမ်ပြန်မယ် ဆိုမှသတိရသွားတာက ဟိုလူကြီး
ရှောင်ကျန့်ကနေ့လည်စာကိုဆေးခန်းမှာပဲ မုန့်စားလိုက်ပေမယ့် အိမ်ကလူကြီးက စားပြီးလားမပြီးသေးလားကိုမသိသေးဘူး
"ဒုက္ခပဲ သွားပြီ သွားပြီ
ဒီနေ့ မေမေတို့ကဟိုဘက်ရွာကိုသွားတာညနေမှပြန်ရောက်မယ်လို့ငါ့ကိုပြောသွားတာကို မေ့နေတာ
ဟိုလူ ဘာတွေနဲ့စားမလဲ မသိဘူး
စားတောင်စားပြီးပါသေးလား သူ့အနာနဲ့လမ်းလျှောက်လို့လည်းရမှာ မဟုတ်ဘူး ဒုက္ခပဲ
ငါကလည်းဘာ့လို့မေ့နေမှန်းကိုမသိဘူး
မဖြစ်ဘူး အိမ်ပြန်ရမယ်"
ရှောင်ကျန့်အမြန်ထကာပြန်ဖို့လုပ်တော့ nurse မလေးက
"ဆရာ လူနာတွေကျန်သေး..."
"ဆရာမပဲ ဆက်ကြည့်ပေးလိုက်ပါနော်
ကျွန်တော်အိမ်ပြန်မှ ဖြစ်မှာကြောင့် နော် ကျွန်တော်သွားပြီနော် ဆရာမ.."
"ဟို... ဆရာကလည်းစကားတောင်ဆုံးအောင်နားမထောင်ဘူး"
နောက်မှာဘာဖြစ်ကျန်ခဲ့လဲ ရှောင်ကျန့်စိတ်မ၀င်စားနိုင်တော့ဘူး ကျန်တဲ့လူနာတွေကလည်းအရမ်းကြီးရောဂါမကြီးတဲ့သူတွေမို့ nurseမလေးကိုစိတ်ချ လက်ချ အပ်ထားခဲ့ခြင်းဖြစ်သည်။
အခုချိန်မှာတော့ အိမ်ကိုသာမြန်မြန်ပြန်ရောက်ချင်နေတော့တာပဲသိတယ်
သူတစ်ခုခုတော့စားထားမှာပါ စားရောစားထားပါ့မလား စားပြီးရင်ရောဆေးသောက်ထားပါ့မလား
ဆေးကကြောက်ပါဘိနဲ့ ငါကလည်းအိမ်ကလူနာတစ်ယောက်လုံးတောင်မေ့နေရတယ်လို့ ငါတော်တော်ဆိုးတာပဲ
ရှောင်ကျန့်အဖိုးအိမ်ကိုအရင်၀င်ပြိီး စားစရာအချို့ယူကာ အိမ်ကိုပြန်လာခဲ့တယ်
"ကော !! ကော !!~~~"
အိမ်ခြံ၀တည်းကအသံကျယ်ကျယ်နဲ့အော်ခေါ်ပြီး၀င်လာပေမယ့် ပြန်ထူးသံမကြားရတာကြောင့် ရှောင်ကျန့်စိုးရိမ်လာတယ်
ထို့နောက် အိမ်ထဲကိုအမြန်၀င်ပြီး သူတို့အခန်းထဲကိုသွားကြည့်လိုက်တော့...
ရှောင်ကျန့်အမောဆို့ပြီးသေမသွားတာကိုပဲ သူ့ကိုယ်သူကျေးဇူးတင်လိုက်တယ်
မြင်လိုက်ရတဲ့မြင်ကွင်းက ရင်၀ကိုအားနဲ့ဆောင့်ကန်လိုက်သလိုပဲ
ကိုယ်တော်ကထိုင်ခုံမှာ ထိုင်နေပြီး သူ့ခြေထောက်နားမှာတော့အနာကိုဆေးထည့်ပေးနေတဲ့ မိန်းကလေးတစ်ယောက် ဘေးကစားပွဲပေါ်မှာတော့ စားပြီးသားပန်းကန်တွေနဲ့မုန့်အချို့ကိုတင်ထားသေးတယ်။ ကျောခိုင်းထားလို့မိန်းကလေးရဲ့မျက်နာ
ကိုမမြင်ရပေမယ့် ၀မ်ရိပေါ်ရဲ့ပြုံးနေတဲ့ရုပ်ကြီးကိုတော့ မြင်နေရတယ်
သူ့မှာ ဒီလိုတွေရှိနေခဲ့တာလား~~~
ရှောင်ကျန့်အနည်းငယ်တွေ၀ေသွားပေမယ့် ချက်ချင်းပဲ
ဘာပဲပြောပြော ငါကသူ့ရဲ့ယခုလက်ရှိယောကျ်ားပဲ ဒီလိုမျိုးကငါပဲလုပ်ပေးရမှာ တွေ့မယ် ရှောင်ကျန့်အကြောင်းကောင်းကောင်းကြီးသိစေရမယ်။
"ကိုကို~~"
ရိပေါ်ညူတူတူအသံကြားလို့ကြည့်လိုက်တော့ အခန်းပေါက်၀မှာရပ်နေသော သူ့ရဲ့ဆရာဝန်လေး
ခေါ်ပြန်ပြီ အဲ့လိုခေါ်ရင်ဒီကလူက ရင်ခုန်မြန်ပြီးအသက်ထွက်တော့မယ်ဆိုတာ မသိဘူးလား
ရှောင်ကျန့်ချစ်စရာအကောင်းဆုံးပြုံးပြကာ (fake smile ကြီး) ရိပေါ်ခြေရင်းမှာထိုင်ချလိုက်တယ်
ဟိုမိန်းကလေးကိုလည်း မသိမသာရောသိသိသာသာပါ တွန်းလိုက်ပြီးတော့ပေါ့
ပြီးတော့ စည်းနေဆဲပတ်တီးကိုပြန်ခွါပြီး အသစ်တစ်ခုနဲ့ပြန်စည်းပေးနေတယ်
"တောင်းပန်ပါတယ်နော် ကိုကို
ဒီနေ့ ဆေးခန်းမှာလူနာတွေများလို့လေ အဲ့ဒါကြောင့်
ကိုကို နေ့လည်စာရောစားပြီးပြီလား
ဆေးရောသောက်ပြီးပြီလား ကျွန်တော်နောက်ကျသွားတာ တောင်းပန်ပါတယ်"
ရှောင်ကျန့်တောင်းပန်တဲ့စကားကိုတော့ တကယ့်စိတ်ရင်းနဲ့ ပြောလိုက်တာဖြစ်သည်။
"ရပါတယ် ကိုယ်စားပြီးသွားပြီ
ညီမလေးက လာပို့တယ်လေ"
"ဟုတ်တယ် ကျန့်ကောရဲ့အဒေါ်ကမှာခဲ့တယ်လေ ဒီနေ့အိမ်မှာဟင်းချက်မယ့်သူမရှိလို့ထမင်း ဟင်းတွေချက်ပြီး ကောတို့ကိုသွားပို့လိုက်ပါတဲ့
အဲ့ဒါကြောင့် လာပို့တာ ပြီးတော့ ရိပေါ်ကောကဆေးလည်းသောက်ပြီးပါပြီ"
ရှောင်ကျန့်ခုမှ သူဖယ်လိုက်တဲ့မိန်းကလေးကိုကြည့်မိတယ်
ဟိုက် သေစမ်း ! အဲ့ဒါ၀မ်ရိပေါ်ရဲ့တစ်၀မ်းကွဲညီမပဲ
အမယ်လေးအားနာလိုက်တာ အားနာလိုက်တာ
ငါ့မျက်နာကြီးဘယ်နားသွားထားရင်ကောင်းမလဲဟင်
"ကျန့်ကောကမထင်ရဘူးနော် အဟိ
ရိပေါ်ကောကို အရမ်းချစ်တာပဲလား"
ငါသေသင့်နေပြီ...
............