ဒီေန႔လည္း ကိုႀကီးဆီ သြားရမယ္။
ကိုႀကီးက နည္းနည္းေဝးေတာ့ ဟိုေန႔က Baekhyunee ဝန္ခံတာကို ေၾကာင္ေတာင္ေတာင္ၾကည့္ေနတာ။
ခုေလာက္ဆိုရင္ေတာ့ သူ႔ခမ်ာ အံ့အားသင့္ၿပီး အေပ်ာ္လြန္ေနေလာက္ၿပီ။
Baekhyuneeလို ခ်စ္စရာေကာင္းတဲ့သူက ကိုႀကီးကို ခရက္ရွ္ေနတယ္ဆိုတာ ကိုႀကီး တကယ္ကို ဂုဏ္ဆာလို႔ ရေနၿပီ။
ေက်ာပိုးအိတ္လြယ္ၿပီး ေျမာက္ႂကြ ေျမာက္ႂကြေျခလွမ္းေတြရဲ႕ ဦးတည္ရာက Chemistry ဌာနကိုပဲ။
ကိုႀကီးေမၽွာ္ေနေလာက္ၿပီ။
ေက်ာင္းစာၾကည့္တိုက္ဆီ သြားေနသည့္ ကိုႀကီး ေက်ာျပင္ကို ျမင္လိုက္ရသျဖင့္
"ကိုႀကီး...."
ေအာ္ေခၚလိုက္ေတာ့ လွည့္ၾကည့္လာၿပီး Baekhyunကို ရပ္ေစာင့္ေနေလသည္။
အနားေရာက္ခါနီးမွ Baekhyunကို တစ္ခုခု ေျပာခ်င္ေနေသာ Chanyeolရဲ႕ အမူအရာေၾကာင့္ Baekhynလည္း ကိုႀကီး နားကို ျမန္ျမန္ေရာက္လိုေရာက္ျငား ေျပးကာမွ ဘယ္ခ်ိန္က ေျပေနမွန္း မသိေသာ ဖိနပ္ႀကိဳးကို တက္နင္းမိကာ ေရွ႕ကို ေမွာက္ရက္ လဲေတာ့သည္။
Baekhyuneeရဲ႕ မ်က္ႏွာႏုႏုေလးႏွင့္ ကြန္ကရစ္အခင္း မိတ္ဆက္ေတာ့မည္ ထင္မိကာ မ်က္လံုးစံုမွိတ္ထားမိေပမယ့္ သစၥာရွိသည့္ လက္ေတြက ေရွ႕မွာ ေဘးတေစာင္း ရပ္ေနသည့္ ကိုႀကီးရဲ႕ ခါးေတြကို တင္းတင္းက်ပ္က်ပ္ကို ဖက္ထားမိလိုက္သည္။
ကိုႀကီး ခါးေစာင္းႏွင့္ ရင္ဘတ္က အရွိန္ျဖင့္ ေဆာင့္မိတာေၾကာင့္ အနည္းငယ္ ေအာင့္သက္သြားေပမယ့္ တဒိတ္ဒိတ္ အခုန္ျမန္လာသည့္ ရင္ခုန္သံေတြက ဘာေၾကာင့္မွန္းမသိ။
ရင္ဘတ္ေလး နာသြားလို႔ ထင္တယ္။
"ကိုႀကီးကလည္း နည္းနည္းပါးပါး ဖမ္းထိန္းေပးမယ္ မရွိဘူး..."
ႏႈတ္ခမ္းဆူကာ ေျပာေနပံုက ရိုက္သတ္ခ်င္စရာ ။ ျပာယာခတ္ၿပီး ေျပးလာတာ ဘယ္သူလဲ။
"ဖိနပ္ႀကိဳး ေျပေနတယ္ ေျပာမလို႔ပဲ...ေယာက္်ားေလးျဖစ္ၿပီး နေမာ္ နမဲ့နဲ႔ ရွပ္ျပာႏိုင္ၿပီး ေျပးလာတာ ဘယ္သူလဲ..."
"ကိုႀကီးကလည္း ရုပ္တည္ႀကီးနဲ႔ နည္းနည္းေလၽွာ့ပါ...ကိုႀကီး စာၾကည့္တိုက္ သြားမွာမလား ....Baekhyuneeေရာ လိုက္မယ္..."
ေျခလွမ္း ျပင္ေနသည့္ ေကာင္ေလးကို...
"ေဟ့...မင္းေနာက္တစ္ခါ လဲခ်င္လို႔လား....ဖိနပ္ႀကိဳး မခ်ည္ဘဲ သြားရင္ ဒီတစ္ခါ သြားက်ိဳးလိမ့္မယ္..."
သူ႔ဖိနပ္ သူ ငံု႔ၾကည့္ၿပီးမွ ဖိနပ္ႀကိဳးကို အေသအခ်ာျပန္ခ်ည္ေနသည္။ ႏႈတ္ကလည္း တိုးဖြဖြ ရြတ္ေနသည္က 'ေနာက္တစ္ခါ မေျပနဲ႔ေနာ္' တဲ့။
ဒီေကာင္ေလး ကေလးေပါက္စလား။
အျပဳအမူေတြကအစ ကေလးဆန္လြန္းလွလား။
ဟိုေန႔ကလို Chanyeolကို ခရက္ရွ္ေၾကာင္း ေျပာသြားတာကေတာ့ ႁခြင္းခ်က္ေပါ့။
Baekhyunဖိနပ္ႀကိဳးခ်ည္တာကို ေစာင့္ေနၿပီးမွ ေဘးခ်င္းယွဥ္ၿပီး စာၾကည့္တိုက္ဆီ လာခဲ့ၾကသည္။
ကိုႀကီးက ခ်စ္ဖို႔ေကာင္းလိုက္တာ။
ကိုႀကီး ေျခတံရွည္ရွည္ေတြနဲ႔ ေျခလွမ္းက်ဲက်ဲ သြားမယ္ဆို Baekhyuneeအေျပးအလႊား လိုက္ရမွာ။
ခုေတာ့ Baekhyunee ဖိနပ္ႀကိဳးခ်ည္တာကို ေစာင့္ေနေပးတဲ့အျပင္ ျဖည္းျဖည္းေလး ေဘးခ်င္းကပ္လ်က္ ယွဥ္တြဲ ေလၽွာက္ေနရသည္။
စာၾကည့္တိုက္ထဲ ေရာက္ေတာ့ Chanyeolက လြယ္အိတ္ေတြကို စားပြဲေပၚ တင္ခဲ့ၿပီး စာအုပ္စင္ေတြမွာ စာအုပ္ သြားရွာေလသည္။Baekhyunကေတာ့ ကိုႀကီး လြယ္အိတ္ကို ေစာင့္ေနေပးရင္း ထိုင္ေနခဲ့သည္။
စာၾကည့္တိုက္ဆိုတာ Baekhyunနဲ႔ အစိမ္းသက္သက္။
ျပင္ပ စာေပေတြကို ဖတ္ရႈဖို႔ေနေနသာ Text bookထဲက စာကိုေတာင္ မၾကည့္ခ်င္ေလာက္ေအာင္ စာေတြက Baekhyunကို ေခါင္းကိုက္ေစသည္။
စာေမးပြဲနီးလၽွင္ေတာ့ ေနာက္မွ လူလိုက္ေနသလို ကုန္းရုန္း အေျပးအလႊား စာက်က္ရသည္။ မက်က္လို႔မွ မရ။
အဲ့အခ်ိန္မွ စာမက်က္လၽွင္ ေခြးလံုးလံုး ျဖစ္ေတာ့မည္ကို။
ကိုႀကီး ယူလာသည့္ စာအုပ္ေတြက တစ္ထပ္ႀကီး နည္းနည္းေနာေနာ မဟုတ္။
အီးးယားးးးးစာအုပ္ေတြ ျမင္ရတာ ေခါင္းေတြ ကိုက္လာလိုက္တာ။
နားထင္ကို လက္ျဖင့္ အသာအယာ ဖိကာ မ်က္ႏွာက ဟိုလႊဲ ဒီလႊဲ။
Chanyeolစာအုပ္ေတြ ယူၿပီး စားပြဲနားကို ျပန္လာေတာ့ ယူလာသည့္ စာအုပ္ေတြကို ၾကည့္ၿပီး နားထင္ကို လက္ေခ်ာင္းသြယ္သြယ္ေတြႏွင့္ ဖိႏွိပ္ေနသည့္ ေကာင္ေလး။
စာေတြကို မႀကိဳက္ဘူးဟု ေျပာထားေသာ ေကာင္ေလးက စာအုပ္ေတြ ျမင္လၽွင္ကို ရွံု႔မဲ့ေနတတ္သည္။
ဒီကေလးေပါက္စက စာအုပ္ကို ျမင္လၽွင္ကို တီေကာင္ ဆားႏွင့္ တို႔သလို ထြန္႔ထြန္႔လူးေနတာ။
ေက်ာင္းသားျဖစ္ၿပီးေတာ့ကြာ။
Chanyeol ေခါင္းအသာရမ္းကာ ျပံဳးလိုက္သည္။
ကိုယ္ေရွ႕မွာ ထိုင္ေနသည့္ ေကာင္ေလးက ၿငိမ္ေနသျဖင့္ ယူလာသည့္ စာအုပ္ထဲကိုပဲ အာရံုစိုက္လိုက္သည္။
Chanyeolလို ေအးေအးေဆးေဆး ေနတတ္သည့္ သူအဖို႔ စာၾကည့္တိုက္ဆိုတာ တကယ့္ ဗိမၼာန္။
ေအးခ်မ္း တိတ္ဆိတ္ၿပီး ကိုယ့္အာရံုႏွင့္ ကိုယ္ စာဖတ္ေနသူေတြေၾကာင့္ Chanyeol တကယ္ကို ႏွစ္ၿခိဳက္သည္။
စာအုပ္ထဲကိုပဲ အာရံုစိုက္ထားသည့္ ကိုႀကီးက တည္ၾကည္ၿပီး ေအးခ်မ္းေနသည္။
စာအုပ္ေတြကို ၾကည့္ဖို႔ စိတ္ကူးကို မရွိေသာ Baekhyuneeအဖို႔ ကိုၿကီးမ်က္ႏွာကိုသာ အလြတ္က်က္မွတ္ေနခဲ့သည္။
အခ်ိန္ အနည္းငယ္ ၾကာလာတာႏွင့္အမၽွ ပ်င္းလာတာေၾကာင့္ ဖုန္းထုတ္ကာ ဂိမ္းေဆာ့ဖို႔ ၾကံသည္။
ဂိမ္းေဆာ့တိုင္း ခ်စ္စရာေကာင္းသည့္ ရုပ္ေလးနဲ႔မွ မလိုက္ ဆဲဆိုတတ္သည့္ ကိုယ့္အက်င့္ကို သိတာေၾကာင့္ သတိအေနအထားႏွင့္ အသံတိုးထားေသာ ဂိမ္းကို အာရံုသိပ္မထားဘဲ ေဆာ့ေနသည္။
ေသခ်ာ အာရံုစူးစိုက္မိလၽွင္ ခ်က္ခ်င္း ဆဲသံက ထြက္လာေတာ့မွာ။
ကိုယ့္အေၾကာင္း ကိုယ္သိတာေၾကာင့္။
စာအုပ္ထဲပဲ အာရံုဝင္စားေနသည့္ Chanyeolလည္း ေရွ႕က ေကာင္ေလးကို ေမ့ေမ့ေလ်ာ့ေလ်ာ့။
"အားးးးးးငံုးလိုပဲ....ငံုးလို႔ ငါ့ကိုပဲ ဖိတိုက္ေနတာလား....ငိုးမေတြ....."
တိတ္ဆိတ္ ၿငိမ္သက္ေနသည့္ စာၾကည့္တိုက္အတြင္း Baekhyunရဲ႕ ဆဲသံစူးစူးက က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာသည္။
Baekhyunလည္း စာၾကည့္တိုက္ထဲမွာ ဆိုသည့္ အသိေၾကာင့္ ေဘးပတ္ဝန္းက်င္ကို ေဝ့ဝဲၾကည့္မိေတာ့ အားလံုးရဲ႕ အၾကည့္ေတြက သူ႔ထံ စူးစိုက္ေနသည္။
တစ္ခ်ိဳ႕ေတြဆို စာအုပ္ေတြ လြတ္က်လို႔ လြတ္က်။
အလန္႔တၾကား လွည့္ၾကည့္ေနသူေတြေရာ။
အေႏွာင့္အယွက္ ျဖစ္လြန္းတာေၾကာင့္ ရိုက္သတ္ခ်င္ေနသည့္အၾကည့္ေတြေရာ။
Baekhyun ဇက္ေလးပုကာ ေခါင္းညႊတ္ၿပီး ေတာင္းပန္ေသာ္လည္း မၾကည္သလိုေတြ။
စာၾကည့္တိုက္လို တိတ္ဆိတ္ေနသည့္ ေနရာတြင္ ရုတ္တရတ္ႀကီး ထ,ေအာ္လိုက္တာေၾကာင့္ အားလံုးအတြက္ အေႏွာင့္အယွက္ ျဖစ္ရံုသာမက လန္႔ျဖန္႔ကုန္ေလသည္။
Chanyeolလည္း ယူထားသည့္ စာအုပ္ေတြကို အျမန္ျပန္ထားကာ အရိုင္းတံုးေလးကို လက္ဆြဲၿပီး စာၾကည့္တိုက္ထဲက ထြက္လာရေတာ့သည္။
"မင္း စာၾကည့္တိုက္မွဴးက ေအာ္ထုတ္ခံရေအာင္ လုပ္ေနတာလား...."
စာၾကည့္တိုက္ အျပင္ဘက္ ေရာက္ကာရွိေသး ကိုႀကီးက အျပစ္ေျပာေတာ့သည္။
"Baekhyuneeလည္း ေမ့ၿပီး ေအာ္မိတာကို ..တမင္လုပ္တာမွ မဟုတ္..."
ကိုယ္တိုင္က အမွားလုပ္ထားေသာ္လည္း လက္မခံခ်င္ဘဲ မ်က္ႏွာေလးက စူပုတ္ေနသည္။
"စာၾကည့္တိုက္ေလကြာ...ဂိမ္းေဆာ့ရမယ့္ ေနရာလား...သူမ်ားေတြ အေႏွာင့္အယွက္ျဖစ္ေအာင္...."
ေလသံေအးေအးႏွင့္ နားဝင္ေအာင္ ေျပာေသာ္လည္း ေအာက္သိုးသိုး မ်က္ႏွာထားကို မျပင္ဘဲ ....
"ဒီတစ္ခါေလးကို...."
"တစ္ခါေလးကလည္း တစ္ခါနဲ႔ပဲ မွတ္ေလာက္တယ္...မင္းေအာ္လိုက္တာကို ၾကည့္ဦး...တစ္ျခားဟာ မဟုတ္ဘူး..ဆဲလိုက္တာ....လူေလးၾကည့္ေတာ့ မထင္ရဘူး...အရိုင္းတံုးေလး...."
Baekhyuneeကို ဆူၿပီး ထြက္သြားသည့္ ကိုႀကီးကို ၾကည့္ၿပီး ဖေနာင့္တစ္ခ်က္ေပါက္မိသည္။
"အရင္ကေတာ့ ကေလးလိုလိုနဲ႔ စေနာက္ေနၿပီးေတာ့ အခုမွ လာေငါက္ေနတယ္....ခရက္ရွ္တယ္ ေျပာမိတာနဲ႔ ခရက္ရွ္ ေလာဂ်စ္ကို က်င့္သံုးေတာ့တာပဲ ဟြန္႔..."
Chanyeolေက်ာခိုင္းသြားသည့္ ဘက္ကို ေက်ာေပး လွည့္လိုက္ရာ မ်က္ႏွာခ်င္းဆိုင္ တည့္တည့္တြင္ ျမင္ေနရေသာ စာၾကည့္တိုက္ေပါက္ဝေၾကာင့္ ဟိုဘက္ ျပန္လွည့္လိုက္ရေသးသည္။
စာၾကည့္တိုက္ေရွ႕တြင္ အရပ္ေလးမ်က္ႏွာကို လွည့္ေနၿပီး ဖေနာင့္ေပါက္လိုက္၊ ႏႈတ္ခမ္းဆူဆူႏွင့္ တတြတ္တြတ္ေျပာေနေသာ ခ်စ္စရာ ေကာင္ေလးကို ျဖတ္သြားျဖတ္လာေတြက သိသိသာသာ လွည့္ၾကည့္သြားၾကသည္။
.......
#tbc
ဒီနေ့လည်း ကိုကြီးဆီ သွားရမယ်။
ကိုကြီးက နည်းနည်းဝေးတော့ ဟိုနေ့က Baekhyunee ဝန်ခံတာကို ကြောင်တောင်တောင်ကြည့်နေတာ။
ခုလောက်ဆိုရင်တော့ သူ့ခမျာ အံ့အားသင့်ပြီး အပျော်လွန်နေလောက်ပြီ။
Baekhyuneeလို ချစ်စရာကောင်းတဲ့သူက ကိုကြီးကို ခရက်ရှ်နေတယ်ဆိုတာ ကိုကြီး တကယ်ကို ဂုဏ်ဆာလို့ ရနေပြီ။
ကျောပိုးအိတ်လွယ်ပြီး မြောက်ကြွ မြောက်ကြွခြေလှမ်းတွေရဲ့ ဦးတည်ရာက Chemistry ဌာနကိုပဲ။
ကိုကြီးမျှော်နေလောက်ပြီ။
ကျောင်းစာကြည့်တိုက်ဆီ သွားနေသည့် ကိုကြီး ကျောပြင်ကို မြင်လိုက်ရသဖြင့်
"ကိုကြီး...."
အော်ခေါ်လိုက်တော့ လှည့်ကြည့်လာပြီး Baekhyunကို ရပ်စောင့်နေလေသည်။
အနားရောက်ခါနီးမှ Baekhyunကို တစ်ခုခု ပြောချင်နေသော Chanyeolရဲ့ အမူအရာကြောင့် Baekhynလည်း ကိုကြီး နားကို မြန်မြန်ရောက်လိုရောက်ငြား ပြေးကာမှ ဘယ်ချိန်က ပြေနေမှန်း မသိသော ဖိနပ်ကြိုးကို တက်နင်းမိကာ ရှေ့ကို မှောက်ရက် လဲတော့သည်။
Baekhyuneeရဲ့ မျက်နှာနုနုလေးနှင့် ကွန်ကရစ်အခင်း မိတ်ဆက်တော့မည် ထင်မိကာ မျက်လုံးစုံမှိတ်ထားမိပေမယ့် သစ္စာရှိသည့် လက်တွေက ရှေ့မှာ ဘေးတစောင်း ရပ်နေသည့် ကိုကြီးရဲ့ ခါးတွေကို တင်းတင်းကျပ်ကျပ်ကို ဖက်ထားမိလိုက်သည်။
ကိုကြီး ခါးစောင်းနှင့် ရင်ဘတ်က အရှိန်ဖြင့် ဆောင့်မိတာကြောင့် အနည်းငယ် အောင့်သက်သွားပေမယ့် တဒိတ်ဒိတ် အခုန်မြန်လာသည့် ရင်ခုန်သံတွေက ဘာကြောင့်မှန်းမသိ။
ရင်ဘတ်လေး နာသွားလို့ ထင်တယ်။
"ကိုကြီးကလည်း နည်းနည်းပါးပါး ဖမ်းထိန်းပေးမယ် မရှိဘူး..."
နှုတ်ခမ်းဆူကာ ပြောနေပုံက ရိုက်သတ်ချင်စရာ ။ ပြာယာခတ်ပြီး ပြေးလာတာ ဘယ်သူလဲ။
"ဖိနပ်ကြိုး ပြေနေတယ် ပြောမလို့ပဲ...ယောက်ျားလေးဖြစ်ပြီး နမော် နမဲ့နဲ့ ရှပ်ပြာနိုင်ပြီး ပြေးလာတာ ဘယ်သူလဲ..."
"ကိုကြီးကလည်း ရုပ်တည်ကြီးနဲ့ နည်းနည်းလျှော့ပါ...ကိုကြီး စာကြည့်တိုက် သွားမှာမလား ....Baekhyuneeရော လိုက်မယ်..."
ခြေလှမ်း ပြင်နေသည့် ကောင်လေးကို...
"ဟေ့...မင်းနောက်တစ်ခါ လဲချင်လို့လား....ဖိနပ်ကြိုး မချည်ဘဲ သွားရင် ဒီတစ်ခါ သွားကျိုးလိမ့်မယ်..."
သူ့ဖိနပ် သူ ငုံ့ကြည့်ပြီးမှ ဖိနပ်ကြိုးကို အသေအချာပြန်ချည်နေသည်။ နှုတ်ကလည်း တိုးဖွဖွ ရွတ်နေသည်က 'နောက်တစ်ခါ မပြေနဲ့နော်' တဲ့။
ဒီကောင်လေး ကလေးပေါက်စလား။
အပြုအမူတွေကအစ ကလေးဆန်လွန်းလှလား။
ဟိုနေ့ကလို Chanyeolကို ခရက်ရှ်ကြောင်း ပြောသွားတာကတော့ ခြွင်းချက်ပေါ့။
Baekhyunဖိနပ်ကြိုးချည်တာကို စောင့်နေပြီးမှ ဘေးချင်းယှဉ်ပြီး စာကြည့်တိုက်ဆီ လာခဲ့ကြသည်။
ကိုကြီးက ချစ်ဖို့ကောင်းလိုက်တာ။
ကိုကြီး ခြေတံရှည်ရှည်တွေနဲ့ ခြေလှမ်းကျဲကျဲ သွားမယ်ဆို Baekhyuneeအပြေးအလွှား လိုက်ရမှာ။
ခုတော့ Baekhyunee ဖိနပ်ကြိုးချည်တာကို စောင့်နေပေးတဲ့အပြင် ဖြည်းဖြည်းလေး ဘေးချင်းကပ်လျက် ယှဉ်တွဲ လျှောက်နေရသည်။
စာကြည့်တိုက်ထဲ ရောက်တော့ Chanyeolက လွယ်အိတ်တွေကို စားပွဲပေါ် တင်ခဲ့ပြီး စာအုပ်စင်တွေမှာ စာအုပ် သွားရှာလေသည်။Baekhyunကတော့ ကိုကြီး လွယ်အိတ်ကို စောင့်နေပေးရင်း ထိုင်နေခဲ့သည်။
စာကြည့်တိုက်ဆိုတာ Baekhyunနဲ့ အစိမ်းသက်သက်။
ပြင်ပ စာပေတွေကို ဖတ်ရှုဖို့နေနေသာ Text bookထဲက စာကိုတောင် မကြည့်ချင်လောက်အောင် စာတွေက Baekhyunကို ခေါင်းကိုက်စေသည်။
စာမေးပွဲနီးလျှင်တော့ နောက်မှ လူလိုက်နေသလို ကုန်းရုန်း အပြေးအလွှား စာကျက်ရသည်။ မကျက်လို့မှ မရ။
အဲ့အချိန်မှ စာမကျက်လျှင် ခွေးလုံးလုံး ဖြစ်တော့မည်ကို။
ကိုကြီး ယူလာသည့် စာအုပ်တွေက တစ်ထပ်ကြီး နည်းနည်းနောနော မဟုတ်။
အီးးးယားးးးးစာအုပ်တွေ မြင်ရတာ ခေါင်းတွေ ကိုက်လာလိုက်တာ။
နားထင်ကို လက်ဖြင့် အသာအယာ ဖိကာ မျက်နှာက ဟိုလွှဲ ဒီလွှဲ။
Chanyeolစာအုပ်တွေ ယူပြီး စားပွဲနားကို ပြန်လာတော့ ယူလာသည့် စာအုပ်တွေကို ကြည့်ပြီး နားထင်ကို လက်ချောင်းသွယ်သွယ်တွေနှင့် ဖိနှိပ်နေသည့် ကောင်လေး။
စာတွေကို မကြိုက်ဘူးဟု ပြောထားသော ကောင်လေးက စာအုပ်တွေ မြင်လျှင်ကို ရှုံ့မဲ့နေတတ်သည်။
ဒီကလေးပေါက်စက စာအုပ်ကို မြင်လျှင်ကို တီကောင် ဆားနှင့် တို့သလို ထွန့်ထွန့်လူးနေတာ။
ကျောင်းသားဖြစ်ပြီးတော့ကွာ။
Chanyeol ခေါင်းအသာရမ်းကာ ပြုံးလိုက်သည်။
ကိုယ်ရှေ့မှာ ထိုင်နေသည့် ကောင်လေးက ငြိမ်နေသဖြင့် ယူလာသည့် စာအုပ်ထဲကိုပဲ အာရုံစိုက်လိုက်သည်။
Chanyeolလို အေးအေးဆေးဆေး နေတတ်သည့် သူအဖို့ စာကြည့်တိုက်ဆိုတာ တကယ့် ဗိမ္မာန်။
အေးချမ်း တိတ်ဆိတ်ပြီး ကိုယ့်အာရုံနှင့် ကိုယ် စာဖတ်နေသူတွေကြောင့် Chanyeol တကယ်ကို နှစ်ခြိုက်သည်။
စာအုပ်ထဲကိုပဲ အာရုံစိုက်ထားသည့် ကိုကြီးက တည်ကြည်ပြီး အေးချမ်းနေသည်။
စာအုပ်တွေကို ကြည့်ဖို့ စိတ်ကူးကို မရှိသော Baekhyuneeအဖို့ ကိုကြီးမျက်နှာကိုသာ အလွတ်ကျက်မှတ်နေခဲ့သည်။
အချိန် အနည်းငယ် ကြာလာတာနှင့်အမျှ ပျင်းလာတာကြောင့် ဖုန်းထုတ်ကာ ဂိမ်းဆော့ဖို့ ကြံသည်။
ဂိမ်းဆော့တိုင်း ချစ်စရာကောင်းသည့် ရုပ်လေးနဲ့မှ မလိုက် ဆဲဆိုတတ်သည့် ကိုယ့်အကျင့်ကို သိတာကြောင့် သတိအနေအထားနှင့် အသံတိုးထားသော ဂိမ်းကို အာရုံသိပ်မထားဘဲ ဆော့နေသည်။
သေချာ အာရုံစူးစိုက်မိလျှင် ချက်ချင်း ဆဲသံက ထွက်လာတော့မှာ။
ကိုယ့်အကြောင်း ကိုယ်သိတာကြောင့်။
စာအုပ်ထဲပဲ အာရုံဝင်စားနေသည့် Chanyeolလည်း ရှေ့က ကောင်လေးကို မေ့မေ့လျော့လျော့။
"အားးးးးးငုံးလိုပဲ....ငုံးလို့ ငါ့ကိုပဲ ဖိတိုက်နေတာလား....ငိုးမတွေ....."
တိတ်ဆိတ် ငြိမ်သက်နေသည့် စာကြည့်တိုက်အတွင်း Baekhyunရဲ့ ဆဲသံစူးစူးက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။
Baekhyunလည်း စာကြည့်တိုက်ထဲမှာ ဆိုသည့် အသိကြောင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိတော့ အားလုံးရဲ့ အကြည့်တွေက သူ့ထံ စူးစိုက်နေသည်။
တစ်ချို့တွေဆို စာအုပ်တွေ လွတ်ကျလို့ လွတ်ကျ။
အလန့်တကြား လှည့်ကြည့်နေသူတွေရော။
အနှောင့်အယှက် ဖြစ်လွန်းတာကြောင့် ရိုက်သတ်ချင်နေသည့်အကြည့်တွေရော။
Baekhyun ဇက်လေးပုကာ ခေါင်းညွှတ်ပြီး တောင်းပန်သော်လည်း မကြည်သလိုတွေ။
စာကြည့်တိုက်လို တိတ်ဆိတ်နေသည့် နေရာတွင် ရုတ်တရတ်ကြီး ထ,အော်လိုက်တာကြောင့် အားလုံးအတွက် အနှောင့်အယှက် ဖြစ်ရုံသာမက လန့်ဖြန့်ကုန်လေသည်။
Chanyeolလည်း ယူထားသည့် စာအုပ်တွေကို အမြန်ပြန်ထားကာ အရိုင်းတုံးလေးကို လက်ဆွဲပြီး စာကြည့်တိုက်ထဲက ထွက်လာရတော့သည်။
"မင်း စာကြည့်တိုက်မှူးက အော်ထုတ်ခံရအောင် လုပ်နေတာလား...."
စာကြည့်တိုက် အပြင်ဘက် ရောက်ကာရှိသေး ကိုကြီးက အပြစ်ပြောတော့သည်။
"Baekhyuneeလည်း မေ့ပြီး အော်မိတာကို ..တမင်လုပ်တာမှ မဟုတ်..."
ကိုယ်တိုင်က အမှားလုပ်ထားသော်လည်း လက်မခံချင်ဘဲ မျက်နှာလေးက စူပုတ်နေသည်။
"စာကြည့်တိုက်လေကွာ...ဂိမ်းဆော့ရမယ့် နေရာလား...သူများတွေ အနှောင့်အယှက်ဖြစ်အောင်...."
လေသံအေးအေးနှင့် နားဝင်အောင် ပြောသော်လည်း အောက်သိုးသိုး မျက်နှာထားကို မပြင်ဘဲ ....
"ဒီတစ်ခါလေးကို...."
"တစ်ခါလေးကလည်း တစ်ခါနဲ့ပဲ မှတ်လောက်တယ်...မင်းအော်လိုက်တာကို ကြည့်ဦး...တစ်ခြားဟာ မဟုတ်ဘူး..ဆဲလိုက်တာ....လူလေးကြည့်တော့ မထင်ရဘူး...အရိုင်းတုံးလေး...."
Baekhyuneeကို ဆူပြီး ထွက်သွားသည့် ကိုကြီးကို ကြည့်ပြီး ဖနောင့်တစ်ချက်ပေါက်မိသည်။
"အရင်ကတော့ ကလေးလိုလိုနဲ့ စနောက်နေပြီးတော့ အခုမှ လာငေါက်နေတယ်....ခရက်ရှ်တယ် ပြောမိတာနဲ့ ခရက်ရှ် လောဂျစ်ကို ကျင့်သုံးတော့တာပဲ ဟွန့်..."
Chanyeolကျောခိုင်းသွားသည့် ဘက်ကို ကျောပေး လှည့်လိုက်ရာ မျက်နှာချင်းဆိုင် တည့်တည့်တွင် မြင်နေရသော စာကြည့်တိုက်ပေါက်ဝကြောင့် ဟိုဘက် ပြန်လှည့်လိုက်ရသေးသည်။
စာကြည့်တိုက်ရှေ့တွင် အရပ်လေးမျက်နှာကို လှည့်နေပြီး ဖနောင့်ပေါက်လိုက်၊ နှုတ်ခမ်းဆူဆူနှင့် တတွတ်တွတ်ပြောနေသော ချစ်စရာ ကောင်လေးကို ဖြတ်သွားဖြတ်လာတွေက သိသိသာသာ လှည့်ကြည့်သွားကြသည်။
.......
#tbc