Zawgyi
ေရယူၿပီးျပန္လာေတာ့ ကိုယ္ေတာ္ကအားမရိွလို႔မလႈပ္ႏိုင္ပါဘူးဆိုလို႔ မ်က္ႏွာသစ္ေပးရေသးတယ္
ဒါကိုမ်က္ႏွာႀကီးၿပံဳးၿဖီးၿပီးၿငိမ္ခံေနတဲ့ရုပ္ကိုက ဆြဲကုတ္ခ်င္စရာ အျမင္ကပ္လို႔မဟုတ္ပါဘူး အသဲယားလို႔
မ်က္ႏွာသစ္ၿပီးေတာ့သုတ္ဖို႔ပုဝါတစ္ထည္ေပးကာေအာက္ထပ္ကိုဆင္းဖို႔အလုပ္ ေနာက္ကေနလက္ကိုဆြဲထားျပန္တယ္
"ဘာလဲ ဘာလိုျပန္ၿပီလဲ"
"ဘယ္သြားဖို႔လဲ"
"ေအာက္ကို ခင္ဗ်ားစားဖို႔ဆန္ျပဳတ္သြားလုပ္မလို႔"
ဘယ္လိုျဖစ္ေနမွန္းမသိဘူး ခဏခဏအသားလာမကိုင္နဲ႔ဗ် ရင္တုန္လို႔ေသေတာ့မယ္
"ဆန္ျပဳတ္မစားခ်င္ဘူး"
"ဘာစားခ်င္လဲ"
"ေခါက္ဆြဲျပဳတ္"
"ၿပီးေရာ လက္ကိုလႊတ္ေပးအံုး"
ထိုအခါမွရိေပၚက လက္ကိုလႊတ္ေပးလိုက္တယ္ ၿပီးေတာ့ေျပာေသးတယ္
"ကိုင္ခ်င္လို႔ကိုင္တာမဟုတ္ဘူးေနာ္ ငါကဘာမွမလုပ္ႏိုင္ေတာ့မင္းကိုခိုင္းမလို႔" တဲ့ ဘယ္လိုရိုက္ေပါက္ေတြလဲလို႔ ငါ့ထက္အသက္ႀကီးလို႔သာေပါ့ ဟင္း အငယ္သာဆိုနားရင္းအုပ္ၿပီးေနၿပီ
ဒါေပမယ့္ အခုခ်ိန္မွာသူကလူနာဆိုေတာ့လည္း ဘာမွမေျပာေတာ့ပါဘူး
မီးဖိုခန္းမွာ အလုပ္ရႈပ္ေနေသာ ေရွာင္းက်န္႔ေခါက္ဆြဲျပဳတ္ေပးမယ္သာေျပာတာ သူလည္းမျပဳတ္တတ္ဘူး
၀မ္အေမက ျပဳတ္ေပးမယ္ေျပာေပမယ့္ ရပါတယ္လို႔ ေျပာလိုက္မိတဲ့ပါးစပ္ႀကီးကိုသာ ဆြဲၿဖဲပစ္ခ်င္ေတာ့တယ္
"ဘယ္လိုလုပ္ရမွာလဲ ဘယ္ကစရမွာလဲ
အာ...ဟုတ္ၿပီ"
ထို႔ေနာက္ Google မွာေခါက္ဆြဲျပဳတ္နည္းၾကည့္ၿပီးျပဳတ္လိုက္ေတာ့
ေမႊးႀကိဳင္၍အရသာရိွမည္ထင္ရေသာ ေခါက္ဆြဲျပဳတ္တစ္ပန္းကန္ရရိွသြားေလသည္။
အခန္းထဲကိုေခါက္ဆြဲျပဳတ္တစ္ပန္းကန္နဲ႔ေရာက္လာတဲ့ ေရွာင္က်န္႔က ငါေခါက္ဆြဲျပဳတ္တတ္ၿပီကြလို႔သူ႔ကိုယ္သူဂုဏ္ယူေနတဲ့မ်က္နာႀကီးနဲ႔
"ေခါက္ဆြဲျပဳတ္ရပါၿပီ"
အနံ႔ေလးကေတာ့ေမႊးေနတာပဲ အရသာကလည္းရွယ္ေနမယ္...
ရိေပၚတစ္ဇြန္းယူစားၾကည့္ေတာ့သီးမေယာင္ေတာင္ျဖစ္သြားရတယ္
"မင္းပထမဆံုး မီးဖိုေခ်ာင္၀င္ဖူးတာလား"
"အင္း"
ေရွာင္က်န္႔ကဂုဏ္ယူေနတဲ့မ်က္ႏွာႀကီးနဲ႔ေခါင္းၿငိမ့္ျပတယ္။
"ေရာ့ စားၾကည့္ပါအံုး မင္းအရသာကို"
"မစားပါဘူး ဘာ့လို႔စားရမွာလဲ ကြၽန္ေတာ္ကေနေကာင္းတယ္ ေနမေကာင္းတဲ့ခင္ဗ်ားပဲစား"
တကယ္ေတာ့ ကိုယ့္လက္ရာကိုသိလို႔တစ္ဇြန္းေတာင္ျမည္းမၾကည့္ဘဲ လာေကြၽးတာ ဟဲဟဲ
"မင္း ကိုယ့္ေယာက်္ားကို ဒီေလာက္အရသာဆိုးတဲ့ေခါက္ဆြဲကိုလာေကြၽးတယ္ေပါ့ "
"ေျပာၿပီးသားေလ ကြၽန္ေတာ့္ရဲ့ပထမဆံုးပါဆို ဘယ္သူမွကြၽန္ေတာ့္လက္ရာကိုမစားဖူးၾကေသးဘူး ခင္ဗ်ားကပထမဆံုးပဲ ဂုဏ္ေတာင္ယူရအံုးမွာ
ဟြန္း"
ဪ...ဖ်ားလို႔မေသဘဲ သူေကြၽးတာစားလို႔
အရသာပ်က္ၿပီးေသေတာ့မွာကို ဂုဏ္ေတာင္ယူခိုင္းေနေသးတယ္ ငါေနာ္...
"ေတာ္ၿပီ မစားေတာ့ဘူး"
ပန္းကန္ကိုစားပြဲေပၚတင္လိုက္ၿပီး ရိေပၚကေျပာလိုက္တယ္
"တကယ္ႀကီး ေတာ္ၿပီလား"
"အင္း"
"တကယ္လား"
"အင္း"
ဒီလိုေခါက္ဆြဲျပဳတ္မ်ိဳး ဘ၀မွာ တစ္ခါမွမစားဖူးဘူး အရည္က်ဲက်ဲနဲ႔ ေခါက္ဆြဲကလည္းမာေတာင္ေနတာပဲ ႏူးေတာင္ႏူးပါေလလား
အနံ႔ ေလးကေတာ့ ေမြႍးႀကိဳင္ေနတာပဲ အရသာကေတာ့ ဘယ္သူမွလိုက္တုပလို႔မရေအာင္ကိုဆိုးဝါးလြန္းတယ္
ဒါကိုေခါက္ဆြဲျပဳတ္လို႔ေခၚေနေသးတယ္
မစားႏိုင္ေတာ့ဘူး လံုး၀ပဲ
"ၿပီးေရာ္ေလ အဲ့ဒါဆိုေဆးေသာက္ရမယ္"
ဘာ ဘာ ဘယ္လို ေဆး
"ထားခဲ့လိုက္ ၿပီးမွေသာက္မယ္"
ရိေပၚခပ္တည္တည္ပဲေျပာလိုက္ေပမယ့္ ေဆးဆိုတဲ့အသံၾကားထဲကရင္ဘတ္ထဲမွာ ဗေလာင္ဆူေနၿပီျဖစ္သည္။
ေရွာင္က်န္႔ရယ္ခ်င္စိတ္ကိုမနည္းထိန္းထားရတယ္ ၀မ္အေမေျပာထားလို႔ လူႀကီးကေဆးေၾကာက္တတ္တာကိုသိၿပီးၿပီျဖစ္သည္။
"အခုတစ္ခါတည္း ေသာက္လိုက္ပါလား"
"ၿပီးမွေသာက္မယ္လို႔ ေျပာၿပီးၿပီေလ "
"အခုေသာက္လို႔"
"မေသာက္ႏိုင္ဘူး"
အဲ့ေဆးေတြ ေသာက္ၿပီးရင္ ပါးစပ္ႀကီးကခါးသြားတာ လံုး၀မေသာက္ႏိုင္ဘူး
"ငါးႏွစ္သားေလးေတြေတာင္ေဆးမေၾကာက္ေတာ့ဘူး သိလား"
"ဘယ္သူကေဆးေၾကာက္ေနလို႔လဲ ၿပီးေတာ့ငါကငါးႏွစ္သားမဟုတ္ဘူး"
ေရွာင္က်န္႔ၿပံဳးလိုက္ၿပီး
"ဟုတ္ပါၿပီ ခင္ဗ်ားကငါးႏွစ္သားမဟုတ္ဘူး
ေဆးလည္းမေၾကာက္ဘူး အဲ့ဒါေၾကာင့္ေဆးေသာက္ပါ ေဆးေသာက္မွေနျပန္ေကာင္းမွာေပါ့ အနာထဲပိုး၀င္သြားရင္ ဘယ္လိုျဖစ္မယ္ဆိုတာခင္ဗ်ားလည္းသိမွာပါ..."
"...."
"ေသာက္မယ္မလား"
"ငါ့ကို ကေလးေခ်ာ့သလိုလာမေခ်ာ့ေနနဲ႔ ငါမင္းထက္သံုးႏွစ္ႀကီးတယ္ "
"ဟား ဟား ဟုတ္ပါၿပီ အစ္ကိုႀကီးရယ္ ေရာ့ေသာက္လိုက္ပါအံုး"
ထိုအခါမွလက္ထဲကေဆးလံုးေတြကိုေဆာင့္ေအာင့္ယူၿပီး ဆူပုတ္ပုတ္ရုပ္နဲ႔ မေသာက္ခ်င္ေသာက္ခ်င္ေသာက္ေတာ့တယ္။
Xiao Zhan မွာေတာ့ ေဆးေသာက္ေအာင္ေျပာလိုက္ရတာ လ်ာတက္လစ္ထြက္လို႔
ဒါေတာင္တစ္လံုးနဲ႔တစ္လံုးကိုေသာက္ေနတာ တစ္ကမ႓ာေလာက္ၾကာတယ္
လူႀကီးကဖ်ားေနတဲ့အခ်ိန္ေတာ့ ခ်စ္ဖို႔ေကာင္းသားပဲ
ေဆးတိုက္ျခင္း mission ၿပီးေျမာက္သြားေတာ့ ေရွာင္က်န္႔လည္းျပင္ဆင္ၿပီး ေဆးခန္းသြားရေတာ့တယ္
ဒီေန့ရြာအနီးအနားကလူနာေတြကို စစ္ေဆးေပးရမွာေလ
အခုေတာင္ ေနာက္က်ေနၿပီ
...........
Unicode
ရေယူပြီးပြန်လာတော့ ကိုယ်တော်ကအားမရှိလို့မလှုပ်နိုင်ပါဘူးဆိုလို့ မျက်နှာသစ်ပေးရသေးတယ်
ဒါကိုမျက်နှာကြီးပြုံးဖြီးပြီးငြိမ်ခံနေတဲ့ရုပ်ကိုက ဆွဲကုတ်ချင်စရာ အမြင်ကပ်လို့မဟုတ်ပါဘူး အသဲယားလို့
မျက်နှာသစ်ပြီးတော့သုတ်ဖို့ပု၀ါတစ်ထည်ပေးကာအောက်ထပ်ကိုဆင်းဖို့အလုပ် နောက်ကနေလက်ကိုဆွဲထားပြန်တယ်
"ဘာလဲ ဘာလိုပြန်ပြီလဲ"
"ဘယ်သွားဖို့လဲ"
"အောက်ကို ခင်ဗျားစားဖို့ဆန်ပြုတ်သွားလုပ်မလို့"
ဘယ်လိုဖြစ်နေမှန်းမသိဘူး ခဏခဏအသားလာမကိုင်နဲ့ဗျ ရင်တုန်လို့သေတော့မယ်
"ဆန်ပြုတ်မစားချင်ဘူး"
"ဘာစားချင်လဲ"
"ခေါက်ဆွဲပြုတ်"
"ပြီးရော လက်ကိုလွှတ်ပေးအုံး"
ထိုအခါမှရိပေါ်က လက်ကိုလွှတ်ပေးလိုက်တယ် ပြီးတော့ပြောသေးတယ်
"ကိုင်ချင်လို့ကိုင်တာမဟုတ်ဘူးနော် ငါကဘာမှမလုပ်နိုင်တော့မင်းကိုခိုင်းမလို့" တဲ့ ဘယ်လိုရိုက်ပေါက်တွေလဲလို့ ငါ့ထက်အသက်ကြီးလို့သာပေါ့ ဟင်း အငယ်သာဆိုနားရင်းအုပ်ပြီးနေပြီ
ဒါပေမယ့် အခုချိန်မှာသူကလူနာဆိုတော့လည်း ဘာမှမပြောတော့ပါဘူး
မီးဖိုခန်းမှာ အလုပ်ရှုပ်နေသော ရှောင်းကျန့်ခေါက်ဆွဲပြုတ်ပေးမယ်သာပြောတာ သူလည်းမပြုတ်တတ်ဘူး
၀မ်အမေက ပြုတ်ပေးမယ်ပြောပေမယ့် ရပါတယ်လို့ ေပြာလိုက်မိတဲ့ပါးစပ်ကြီးကိုသာ ဆွဲဖြဲပစ်ချင်တော့တယ်
"ဘယ်လိုလုပ်ရမှာလဲ ဘယ်ကစရမှာလဲ
အာ...ဟုတ်ပြီ"
ထို့နောက် Google မှာခေါက်ဆွဲပြုတ်နည်းကြည့်ပြီးပြုတ်လိုက်တော့
မွှေးကြိုင်၍အရသာရှိမည်ထင်ရသော ခေါက်ဆွဲပြုတ်တစ်ပန်းကန်ရရှိသွားလေသည်။
အခန်းထဲကိုခေါက်ဆွဲပြုတ်တစ်ပန်းကန်နဲ့ရောက်လာတဲ့ ရှောင်ကျန့်က ငါခေါက်ဆွဲပြုတ်တတ်ပြီကွလို့သူ့ကိုယ်သူဂုဏ်ယူနေတဲ့မျက်နာကြီးနဲ့
"ခေါက်ဆွဲပြုတ်ရပါပြီ"
အနံ့လေးကတော့မွှေးနေတာပဲ အရသာကလည်းရှယ်နေမယ်...
ရိပေါ်တစ်ဇွန်းယူစားကြည့်တော့သီးမယောင်တောင်ဖြစ်သွားရတယ်
"မင်းပထမဆုံး မီးဖိုချောင်၀င်ဖူးတာလား"
"အင်း"
ရှောင်ကျန့်ကဂုဏ်ယူနေတဲ့မျက်နှာကြီးနဲ့ခေါင်းငြိမ့်ပြတယ်။
"ရော့ စားကြည့်ပါအုံး မင်းအရသာကို"
"မစားပါဘူး ဘာ့လို့စားရမှာလဲ ကျွန်တော်ကနေကောင်းတယ် နေမကောင်းတဲ့ခင်ဗျားပဲစား"
တကယ်တော့ ကိုယ့်လက်ရာကိုသိလို့တစ်ဇွန်းတောင်မြည်းမကြည့်ဘဲ လာကျွေးတာ ဟဲဟဲ
"မင်း ကိုယ့်ယောကျ်ားကို ဒီလောက်အရသာဆိုးတဲ့ခေါက်ဆွဲကိုလာကျွေးတယ်ပေါ့ "
"ပြောပြီးသားလေ ကျွန်တော့်ရဲ့ပထမဆုံးပါဆို ဘယ်သူမှကျွန်တော့်လက်ရာကိုမစားဖူးကြသေးဘူး ခင်ဗျားကပထမဆုံးပဲ ဂုဏ်တောင်ယူရအုံးမှာ
ဟွန်း"
ဪ...ဖျားလို့မသေဘဲ သူကျွေးတာစားလို့
အရသာပျက်ပြီးသေတော့မှာကို ဂုဏ်တောင်ယူခိုင်းနေသေးတယ် ငါနော်...
"တော်ပြီ မစားတော့ဘူး"
ပန်းကန်ကိုစားပွဲပေါ်တင်လိုက်ပြီး ရိပေါ်ကပြောလိုက်တယ်
"တကယ်ကြီး တော်ပြီလား"
"အင်း"
"တကယ်လား"
"အင်း"
ဒီလိုခေါက်ဆွဲပြုတ်မျိုး ဘ၀မှာ တစ်ခါမှမစားဖူးဘူး အရည်ကျဲကျဲနဲ့ ခေါက်ဆွဲကလည်းမာတောင်နေတာပဲ နူးတောင်နူးပါလေလား
အနံ့ လေးကတော့ မွေႍးကြိုင်နေတာပဲ အရသာကတော့ ဘယ်သူမှလိုက်တုပလို့မရအောင်ကိုဆိုး၀ါးလွန်းတယ်
ဒါကိုခေါက်ဆွဲပြုတ်လို့ခေါ်နေသေးတယ်
မစားနိုင်တော့ဘူး လုံး၀ပဲ
"ပြီးရော်လေ အဲ့ဒါဆိုဆေးသောက်ရမယ်"
ဘာ ဘာ ဘယ်လို ဆေး
"ထားခဲ့လိုက် ပြီးမှသောက်မယ်"
ရိပေါ်ခပ်တည်တည်ပဲပြောလိုက်ပေမယ့် ဆေးဆိုတဲ့အသံကြားထဲကရင်ဘတ်ထဲမှာ ဗလောင်ဆူနေပြီဖြစ်သည်။
ရှောင်ကျန့်ရယ်ချင်စိတ်ကိုမနည်းထိန်းထားရတယ် ၀မ်အမေပြောထားလို့ လူကြီးကဆေးကြောက်တတ်တာကိုသိပြီးပြီဖြစ်သည်။
"အခုတစ်ခါတည်း သောက်လိုက်ပါလား"
"ပြီးမှသောက်မယ်လို့ ေပြာပြီးပြီလေ "
"အခုသောက်လို့"
"မသောက်နိုင်ဘူး"
အဲ့ဆေးတွေ သောက်ပြီးရင် ပါးစပ်ကြီးကခါးသွားတာ လုံး၀မသောက်နိုင်ဘူး
"ငါးနှစ်သားလေးတွေတောင်ဆေးမကြောက်တော့ဘူး သိလား"
"ဘယ်သူကဆေးကြောက်နေလို့လဲ ပြီးတော့ငါကငါးနှစ်သားမဟုတ်ဘူး"
ရှောင်ကျန့်ပြုံးလိုက်ပြီး
"ဟုတ်ပါပြီ ခင်ဗျားကငါးနှစ်သားမဟုတ်ဘူး
ဆေးလည်းမကြောက်ဘူး အဲ့ဒါကြောင့်ဆေးသောက်ပါ ဆေးသောက်မှနေပြန်ကောင်းမှာပေါ့ အနာထဲပိုး၀င်သွားရင် ဘယ်လိုဖြစ်မယ်ဆိုတာခင်ဗျားလည်းသိမှာပါ..."
"...."
"သောက်မယ်မလား"
"ငါ့ကို ကလေးချော့သလိုလာမချော့နေနဲ့ ငါမင်းထက်သုံးနှစ်ကြီးတယ် "
"ဟား ဟား ဟုတ်ပါပြီ အစ်ကိုကြီးရယ် ရော့သောက်လိုက်ပါအုံး"
ထိုအခါမှလက်ထဲကဆေးလုံးတွေကိုဆောင့်အောင့်ယူပြီး ဆူပုတ်ပုတ်ရုပ်နဲ့ မသောက်ချင်သောက်ချင်သောက်တော့တယ်။
Xiao Zhan မှာတော့ ဆေးသောက်အောင်ပြောလိုက်ရတာ လျာတက်လစ်ထွက်လို့
ဒါတောင်တစ်လုံးနဲ့တစ်လုံးကိုသောက်နေတာ တစ်ကမ္ဘာလောက်ကြာတယ်
လူကြီးကဖျားနေတဲ့အချိန်တော့ ချစ်ဖို့ကောင်းသားပဲ
ဆေးတိုက်ခြင်း mission ပြီးမြောက်သွားတော့ ရှောင်ကျန့်လည်းပြင်ဆင်ပြီး ဆေးခန်းသွားရတော့တယ်
ဒီနေ့ရွာအနီးအနားကလူနာတွေကို စစ်ဆေးပေးရမှာလေ
အခုတောင် နောက်ကျနေပြီ
...........