π‘΄π’š π’‡π’‚π’“π’Žπ’†π’“ 𝒉𝒖𝒔𝒃𝒂�...

By Feng__er

312K 27.3K 966

π–πšπ§π  π˜π’π›π¨ & π—π’πšπ¨ π™π‘πšπ§β™‘οΈŽ. (𝐘𝐒𝐳𝐑𝐚𝐧 π…πšπ§πŸπ’πœπ­π’π¨π§) πš‰πšŠπš πšπš’πš’ တွေ့တာနဲ့ရန်တကျက်ကျ... More

part-1 [ Z + U ]
part-2 [ Z+U ]
part-3( Z+ U )
part-4 [ Z+U ]
part-5 [ Z+U ]
part-6 [ Z+U ]
part-7 [ Z+U ]
part-8 [ Z+U ]
part-9 [ Z+U ]
part-10 [ Z+U ]
part-11 [ Z+U ]
part-12 [ Z+U ]
part-13 [ Z+U ]
part-15 [ Z+U ]
part-16 [ Z+U ]
exam
part-17 [ Z+U ]
part-18 [ Z+U ]
part-19 [ Z+U ]
part-20 [Z+U]
part-21 [Z+U]
part-22 [ Z+U ]
part-23 [ Z+U ]
part-24 [ Z+U ]
part-25 [ Z+U ]
part-26 [ Z+U ]
part-27 [ Z+U ]
part-28 [.Z+U ]
part-29 [ Z+U]
part-30 [ Z+U ]
part-31 [ Z+U ]

part-14 [ Z+U ]

8.1K 954 25
By Feng__er

Zawgyi







ရိပေါ်မျက်နာကြီးက မီးဖုတ်ခံထားရတဲ့ခရမ်းသီးလိုပဲ ရှုံ့တွတြွဖစ်​နေသ​လောက်








ထိုအခါမှဝမ်အ​မေက


"ဗျာ.. အာ...ဟုတ်ကဲ့ပါ ​မေ​မေ "

"​အေး ​အေး"


ရိပေါ်စချင်လာတာနဲ့

"ရှောင်ကျန့်~~"


"ချမ်းတယ်"



"ချမ်း​သေးတယ်"

"တကယ်ကြီးလား"

"အင်း"





ဪ...ဒီလူနှယ် ချမ်းတယ်ဆိုလို့လည်းလူ​ငွေ့နဲ့​နွေး​အောင်သူ့အနားကပ်အိပ်​ပေးရ​သေးတယ် ပြူးကြည့်​နေတာများလူကို သရဲ တ​​စ္ဆထေင်​နေလားမသိဘူး


"အဖျားကူး​နေမယ်"








"...."




"ခူး ခ​လော ခူး ခ​လော ခူး~~~"



..........

ယောက်ျားလေးတစ်​ယောက်ရဲ့ ​ချော​မောချိန်ကအရက်မူး​နေတဲ့အချိန်တဲ့



ဘာ့လို့လဲ?! Why!!!



No..!!!!!!!!!
























..............






Unicode

​ဆေးထိုးထား​ပေမယ့် ​လေစိမ်းမိသွားတာကတစ်​ကြောင်း ​ရေမချိုးပါနဲ့လို့​ပြောထားတာကို
​ဆေးခန်းခဏပြန်တုန်း​လေး​​ရေချိုးကာ​ခေါင်းပါ​လျှော်လိုက်သေးတဲ့ ​မောင်သန့်ရှင်းကြီးက ​ခေါင်းကို​ရေ​ခြောက်​အောင်မသုတ်ဘဲ ဒီအတိုင်း​နေခဲ့တာကတစ်​ကြောင်း​ကြောင့်ည​ရောက်​တော့ဖျားပါ​တော့တယ်

ရှောင်းကျန့်မှာ​တော့ ရိပေါ်ကိုယ်​တွေအရမ်းပူလာတည်းက ​ရေပတ်တိုက်​​ပေး​နေရတာ အခုထိလက်ကိုမလည်နိုင်​သေးဘူး

၀မ်အ​မေဟာလည်း ရိပေါ်ဖျား​နေ​တော့အငြိမ်မ​နေနိုင်​ ရှောင်းကျန့်တို့အခန်းထဲမှာ တောင်​ပြေးလိုက်​မြောက်​ပြေးလိုက်နဲ့ ​ခြေမကိုင်မိလက်မကိုင်မိဖြစ်​နေတယ်

​နောက်​တော့မ​နေနိုင်တဲ့ ၀မ်အ​​ဖေကပဲ​ပြောရ​တော့တယ်

"မိန်းမရယ် မင့်းသားက ရိုးရိုးဖျား​နေတာပါဟ
မသိရင်သမီးက ဖွားခန်းထဲ၀င်​နေရလို့အပြင်က​စောင့်​နေရတဲ့အတိုင်းပဲ ငြိမ်ငြိမ်​နေစမ်းပါ ဖျား​နေတဲ့သူကို မျက်စိ​နောက်​ပြီးမူးသွားအုံးမယ်..."

ငင့် အ​ဖေကလည်းဥပမာကြီးကိုဘယ်လို​တောင်​ပေးချလိုက်တာလဲ သားက​မွေးစရာလား ​မွေးမယ့်​မွေးအ​ဖေ့သမက်ကပဲ​မွေးမှာ​ပေါ့

ရိပေါ်မျက်နာကြီးက မီးဖုတ်ခံထားရတဲ့ခရမ်းသီးလိုပဲ ရှုံ့တွတွဖြစ်​နေသ​လောက်
ရှောင်းကျန့်က​တော့ ၀မ်အ​​ဖေရဲ့ဥပမာ​ပေး​ကောင်းမှုကို ​ရေပတ်တိုက်​နေရင်းတစ်ဖက်ကိုမျက်နာလှည့်ကာခိုးရယ်​နေတယ်

ထိုအခါမှ ၀မ်အ​မေက၀မ်အ​ဖေနားကပ်ကာရက်လိုက်ပြီး

"၀မ်​လေးကတစ်ခါမှဖျားဖူးတာမဟုတ်ဘူး အခုလိုကြီးထဖျား​တော့ စိတ်ပူလို့ပါ​တော်"

"ရပါတယ် အ​မေရယ် သားသက်သာ​နေပါပြီ"

ရိပေါ်ကအိပ်ယာထက်က ​ဖျော့​တော့စွာ​ပြော​တော့ ရှောင်ကျန့်ကလည်း

"ဟုတ်ပါတယ် ​မေ​မေရယ် အဖျားကလည်းအရမ်းမကြီး​တော့ပါဘူး သားပဲဂရုစိုက်လိုက်ပါ့မယ် ညဥ့်လည်းနက်​နေပြီ ​မေ​မေတို့ပြန်အိပ်ချင်အိပ်ကြ​တော့​လေ"

"သားတစ်​ယောက်တည်းအဆင်​ပြေပါ့မလား"

"ကဲ မိန်းမ​ရေ ရှောင်လေးကဆရာ၀န်ဆိုတာလည်းသတိရပါအုံး"

ထိုအခါမှ၀မ်အ​မေက

"ဪ...ဟုတ်သားပဲ ​မေ့သွားလို့ပါ​တော်
ဒါဆိုလည်း ရှောင်လေး​ရေ သား​ယောက်ျားကို​သေချာဂရုစိုက်လိုက်ပါအုံး အမေတို့သွားပြီ​နော်"

"ဗျာ.. အာ...ဟုတ်ကဲ့ပါ ​မေ​မေ "

"​အေး ​အေး"

၀မ်အ​မေတို့အခန်းထဲကထွက်သွားတဲ့အထိရှောင်ကျန့်မျက်နာကြီးရဲကျန်ခဲ့ကာ ​​ခေါင်းငုံ့ပြီးရေပတ်တိုက်​ပေးနေတယ်

ရိပေါ်စချင်လာတာနဲ့

"ရှောင်ကျန့်~~"

"ဟင် ဘာလိုချင်လို့လဲ ဘယ်နား​နေလို့မ​ကောင်းလို့လဲ ​ပြော​​လေ "

"ချမ်းတယ်"

"ဟုတ်လား ခဏ​နေအုံး ကျွန်​တော်​စောင်ထပ်ခြုံ​ပေးမယ်"

ရှောင်ကျန့်က​ပြော​ပြောဆိုဆိုထသွားပြီး ​စောင်ထည့်တဲ့ဗီရိုထဲက ​စောင်၂ထည်ထုတ်လာပြီး ​​ရိပေါ်ကို သေချာခြုံ​ပေးလိုက်တယ်။

"ချမ်း​သေးတယ်"

"တကယ်ကြီးလား"

"အင်း"

"​နေအုံး​စောင်ထပ်ခြုံ​ပေးမယ်"

"လူ​ငွေ့နဲ့ဆိုပို​နွေးမယ်ထင်တယ်~~"

ရိပေါ်ကထိုစကားကိုတိုးဆိုမှတိုး တကယ့်အသံတိုးတိုး​လေး​နဲ့ပြောလိုက်​ပေမယ့် ရှောင်ကျန့်နားပါးက​ပီပီသသကိုကြားလိုက်ပါတယ်။ ရိပေါ်ပုံကြည့်ရတာ သနားစဖွယ်ကောင်းလွန်းတာမို့

သက်ပြင်းတစ်ချက်ချပြီး ကုတင်နားကိုသွားကာ ​စောင်ထဲကို သူပါ၀င်အိပ်လိုက်တယ်။
ရိပေါ်က​တော့ ရှောင်ကျန့်ဒီလိုလုပ်မယ်မထင်ထားတာ​​​ကြောင့်ပြူး​ကြောင်​ကြောင်​လေးဖြင့်ကြည့်တယ်။

ဪ...ဒီလူနှယ် ချမ်းတယ်ဆိုလို့လည်းလူ​ငွေ့နဲ့​နွေး​အောင်သူ့အနားကပ်အိပ်​ပေးရ​သေးတယ် ပြူးကြည့်​နေတာများလူကို သရဲ တ​​စ္ဆေထင်​နေလားမသိဘူး

"ဒီမှာ ကျွန်​တော်ကအိပ်ချင်လို့မဟုတ်ဘူး​နော်
ခင်ဗျားကချမ်းတယ်ဆိုလို့ ​နွေး​အောင်လို့ကပ်အိပ်​ပေးတာ အဟမ်း "

"အဖျားကူး​နေမယ်"

"ကျွန်​တော်က ခုခံအား​ကောင်းပြီးသား ​နော်
ဘာမှမဖြစ်ဘူး ခင်ဗျားသာကောင်းအောင်နေ"

ရှောင်ကျန့်ပြောပြီးတာနဲ့​ဘေးတ​စောင်းအ​နေကို​ပြောင်းလိုက်ပြီး ရိပေါ်ကို​ကျော​ပေးကာအိပ်လိုက်တယ်။

ရိပေါ်တစ်ချက်ပြုံးလိုက်ပြီး ​နောက်က​နေရှောင်ကျန့်ကိုဆွဲဖက်လိုက်တယ်။

ရုတ်တရက်ဆို​တော့ လန့်သွားတာ​ကြောင့် ရှောင်ကျန့်ရုန်းလိုက်​ပေမယ့် ​နောက်မှသတိရသွားတာက

သူ့မှာအနာကြီးနဲ့ပဲ ငါရုန်းလိုက်ရင်ထိသွားအုံးမယ် ဒီနှာဘူးကြီးက​တော့​သေချင်​နေပြီထင်တယ်

"ခင်ဗျား ဘာလုပ်တာလဲ ကျွန်​တော့်ကိုလွှတ်!!"

"ငြိမ်ငြိမ်​နေပါအုံး ကိုယ်ချမ်းလို့"

"...."

"မင်းကိုဖက်ချင်လို့မဟုတ်ဘူးနော် ကူညီလက်စနဲ့ဒီတစ်ည​တော့ကိုယ့်ရဲ့ဖက်တုံးလေးဖြစ်​ပေး"

ဘယ်လိုကြီးလဲဟာ ဒီအ​ခြေအ​နေကြီးကဘာကြီးလဲ အားးး စိတ်ရှုပ်ဖို့ကောင်းလိုက်တာ...

"ကျ ကျွန်​တော်က တစ်​ယောက်​ယောက်အသားနဲ့ထိပြီးမအိပ်တတ်ဘူး အဲ့​တော့ ခင်ဗျား..."

"ခူး ခ​လော ခူး ခ​လော ခူး~~~"

ဪ...ငါက​တော့​ပြောလို့ဒင်းကအိပ်​ပျော်ပြီး​ဟောက်​တောင်​နေပြီ
​တော်​တော်အိပ်လွယ်တဲ့သူ

ထို​နေ့ညမှာတော့ ​ကောင်​လေးတစ်​ယောက်က​ဆေးရှိန်ကြောင့် နှစ်ခြိုက်စွာအိပ်​မောကျ​နေသ​လောက် ​ကောင်​လေးတစ်​ယောက်က​တော့ကိုယ့်ရင်ခုန်သံ​တွေကိုပြန်ကြားကာ သံစဥ်အမှတ်နဲ့နား​ထောင်ရင်း အိပ်​ပျော်သွား​​လေသည် ။

..........

မိန်းက​လေးတစ်​ယောက်ရဲ့အလှဟာ မနက်အိပ်ယာထချိန်ဖြစ်ပြီး
​ယောကျ်ားလေးတစ်​ယောက်ရဲ့ ​ချော​မောချိန်ကအရက်မူး​နေတဲ့အချိန်တဲ့

[AN: မသိဘူး ​လျောက်​ပြောထားတာ🌝]

ဒါ​ပေမယ့် သူက​တော့ဘာ့လို့အချိန်တိုင်း​ချော​နေရတာလဲ သူ့ရဲ့မျက်ခုံး ၊ မျက်လုံး ၊ နှာတံလုံးလုံး​လေး ၊ နှုတ်ခမ်း​ထွေး​ထွေးဥဥ​လေးနဲ့လည်​စေ့ကြီးကြီး

အားရိုး...ခင်ဗျားကြီးက​နေမ​ကောင်းဖြစ်​နေတာ​တောင် ဘာ့လို့ ​​ချော​နေရတာလဲ
ဘာ့လို့လဲ?! Why!!!

လူ​တွေကသူတို့ချစ်​နေတဲ့သူက တစ်ခြားလူအမြင်မှာဘယ်လိုပုံစံပဲရှိပါ​စေ ကိုယ့်မျက်လုံးထဲမှာ​တော့ အ​ချောဆုံး အလှဆုံး ကြည့်လို့အ​ကောင်းဆုံးတဲ့

ဒါဖြင့်ရင် ငါ​လေး ဧကန္တ​ ဒီလူကြီးကိုချစ်မိ​နေတာများလား ??????

No..!!!!!!!!!

မဖြစ်နိုင်ပါဘူး မင်းရူးသွားပြီလားရှောင်ကျန့်ရေ

ရှောင်ကျန့်တစ်​ယောက် ရိပေါ်ရင်ခွင်ထဲက​နေ ရိပေါ်ရဲ့ မျက်နာအစိတ်အပိုင်းတစ်ခုချင်းဆီကို​သေချာကြည့်ကာ ​တွေး​တော​နေရင်းမထင်ထားတဲ့အရာကို​တွေးမိသွား​တော့ လူကကတုန်ကရင်ကြီးဖြစ်လာတယ်

မဖြစ်ဘူး ဒီအတိုင်းဆို ဖျားတဲ့လူမ​သေဘဲ
ဆရာ၀န်ဖြစ်တဲ့ငါ​သေသွားလိမ့်မယ်

ရှောင်ကျန့်အမြန်ထလိုက်​ပေမယ့် ရိပေါ်ရဲ့တင်းတင်းကြပ်ကြပ်​ပွေ့ဖက်ထားခံရခြင်း​​ကြောင့်မထနိုင်ခဲ့

ဒီလူဘာဖြစ်ချင်​နေတာလဲ
ညကလည်းတစ်ညလုံး ငါ့ကိုဖက်ထားတယ် အခုလည်းလွှတ်မ​ပေးပြန်ဘူး

"၀မ်ရိ​ပေါ် ! ရိ​ပေါ်!! ​ဟေ့လူ!!! ခင်ဗျားနိုး​နေပြီမလား နိုးရင်လည်း ကျွန်​တော့်ဗိုက်​ပေါ်ကခင်ဗျားလက်ကြီးကိုဖယ်အုံး ​လေးလို့​သေ​တော့မယ်"

ထိုအခါမှ ရိ​ပေါ်ကလွှတ်​ပေးလိုက်ပြီးသူပါထထိုင်လိုက်တယ် ပြီး​တော့ရှောင်ကျန့်ကို မျက်နှာငယ်​လေးနဲ့ကြည့်​နေပြန်တာ​ကြောင့် ရှောင်ကျန့်အူတူတူဖြစ်သွားရတယ်

ဘာလဲ မသိရင် သူ့ပဲငါကတစ်ခုခုလုပ်ထားတဲ့ရုပ်နဲ့

"ဘာလဲ ဘာလဲ ဘာဖြစ်ချင်ပြန်ပြီလဲ"

"ကိုယ်လမ်းမ​လျှောက်နိုင်ဘူး​လေ..."

အမယ်​လေး ဒီစကား​ပြောတာများမျက်နှာငယ်နဲ့ ​ပြောစရာလားကိုယ်​တော်ရဲ့ ဟင်းး

"လာ ကျွန်​တော်တွဲ​ပေးမယ်"

ရှောင်ကျန့် ရိပေါ်ရဲ့လက်ကိုယူပြီးသူ့ပုခုံး​ပေါ်
တင်လိုက်တယ် သူ့လက်က​တော့ရိ​ပေါ်ရဲ့ခါးထက်

"မျက်နှာသစ်ဖို့​အောက်မဆင်းနိုင်ဘူး​နော်"

"ဟုတ်ပြီ ဟုတ်ပြီ လိုအပ်တာအကုန်အပေါ်ကို ကျွန်​တော်ယူလာခဲ့မယ်"

ကိုအခန်းထဲကထိုင်ခုံတစ်ခုမှာ
ထိုင်​စေပြီးသူက​တော့ ​အောက်ထပ်ကိုဆင်းကာ လင်​တော်​မောင်မျက်နှာသစ်ဖို့ ​ရေဇလားနဲ့ ​ရေသွားခပ်ရ​လေသည်။

ငါ့ကိုဘယ်တည်းကများ ခိုင်းစားချင်​နေလဲမသိဘူး ၀က်ပုပ်ကြီး ဟွန့်







..............





Continue Reading

You'll Also Like

18.8K 114 25
The plane crashed, and she became a missionary through time travel, and she was the wife of a perverted missionary. Watching her husband become paran...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader β”• 𝐈𝐧 𝐰𝐑𝐒𝐜𝐑, (y/n) dies and for some strange reason, reincarnates as a ...
1M 54.7K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
869K 40.3K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...