Classic Love 🖤 ❤
Oleh Winterstarry
85.8K 6.4K 16.7K
စိုက်ခင်း​တွေ ပန်း​ပေါင်းစုံခင်း​တွေနဲ့ သဘာဝပတ်ဝန်းကျင်​တွေကြားထဲ ယိမ်းနွဲ့ပြီး ကြည်နူးပျော်ရွှင်မှု​၊ကြေကွဲဝ... Lebih Banyak
❄ NOTE
Heart beat 🖤 ❤ Part 1
🖤 ❤ 🍇 Part 2
🖤 📈 ❤ 📊 Part 3
🖤 ❤ Part 4
😁Hello
🖤 ❤ 🌟 Part 5
Attention Please 🙏
🖤 🌞 ❤ 🌝 Part 6
☕ ❤ 💚 🍎 Part 7
☕ Classic Love ❤
💭 ☕ 🖤 ❤ Part 8
💌 ☕ 🖤 ❤ Part 9
☕ Classic Love ❤
🌌 🌛 ☕ ❤ Part 10
☕ Classic Love ❤
☕ ❤ 🍁 Part 11
☕ ❤ 🍓 Part 12
☕ Classic Love ❤
☕ ❤ 💘 Part 13
☕ ❤ 💞 Part 15
🌚
☕ ❤ 🍂 Part 16
🚘 Ferrari 458 Spider
☕ ❤ 🌈 Part 17(A)
☕ ❤ 🌈 Part 17 (B)
☕ ❤ 🌈 Part 17 (C)
Satan (B) Ivan 💥
☕ ❤ 🌹 Part 18
☕ ❤ Part 19 Special Day
☕ ❤ 🍂 🍃 Part 20
☕ ❤ 💘 ♾ Part 21
☕ ❤ 💝 Part 22
☕ ❤ 💥 Part 23
☕ ❤ ⚡ Part 24
☕ ❤ 🌫 Part 25
☕ Classic Love ❤
☕ ❤ 💋 Part 26
☕ ❤ ♾ Part 27
☕ ❤ 👨‍👩‍👦‍👦 Part 28
☕ ❤ LOVE Part 29
☕ ❤ Miss Part 30
☕ ❤🗼True Love Part 31
☕ ❤ 💥 Delicate Part 32
☕ ❤ 💥 Deeply Part 33
☕ ❤ Trust Part 34
☕ ❤ Eternal Part 35
☕ ❤ 💥 Adventure Part 36
☕ ❤ Lovable Part 37
☕❤🌌A Whole New World Part 38
☕ ❤☀️🌙 Love Banter Part 39(A)
☕ ❤☀️🌙Love Banter Part 39(B)
☕ ❤ ☀️🌙🌠 Sweetish Part 40
☕❤☀️🌙Love Spectrum Part 41
☕❤☀️🌙 Happiness Part 42(A)
For Readers to know
☕❤☀️🌙Happiness Part 42(B)
☕❤☀️🌙Love Tune Part 43
☕❤☀️🌙Love Candy Part 44
☕❤☀️🌙This love is Ours Part 45
☕❤ Treasure Part 46
☕❤Together ☀️🌙 Part 47
☕❤Wonderland✨ Part 48
☕ ❤ Universe Part 49
☕❤ Undying Love Part 50
☕❤Love Aroma🌻☀️Part 51
☕Feelings are True❤ Part 52
☕Born for you❤ Part 53
☕ You = I ❤ Part 54
☕ ❤ 💥 Paradise Part 55
☕❤💎
☕Until Hundred years❤Part 56
☕ Immortal Love ❤ Part 57
One Shot Fic Announcement
☕ Perfect Two❤ Part 58
☕ Love Engrave ❤ Part 59
☕ Because of you ❤ Part 60
☕Purest Love❤ Part 61
☕Love is everywhere❤ Part 62
☕ Precious love ❤ Part 63
☕ Love Authenticate ❤ Part 64(A)
☕Love Authenticate❤ Part 64(B)
☕❤🖼🖌🎨
☕Starry Love❤ Part 65 (A)
☕ Starry Love ❤ Part 65 (B)
☕Merit Based Love❤ Part 66
☕ Proud for you ❤ Part 67
☕ Peaceful Heart❤ Part 68(A)
☕ Peaceful Heart ❤ Part 68(B)
☕ Power of Charm❤Part 69(A)
☕Power of Charm❤ Part 69(B)
☕ Counting Stars ❤ Part 70
☕ Ice-cream Love ❤Part 71
☕ Love beat ❤ Part 72
☕ Wish this love ❤ Part 73
☕ Rain Drop Love ❤ Part 74(A)
☕ Rain Drop Love ❤ Part 74 (B)
☕Treasure Moment❤ Part 75(A)
☕Treasure Moment❤Part 75(B)
☕ Arrabbiato Love❤Part 76(A)
☕ Arrabbiato Love❤ Part 76(B)
☕ Arrabbiato Love ❤Part 76(C)
☕ Arrabbiato Love ❤ Part 76(D)
☕ Arrabbiato Love❤ Part 76(E)
☕Pandora Box❤ Part 77(A)
☕Pandora Box ❤ Part 77(B)
☕Pandora Box ❤ Part 77(C)
☕ Pandora Box ❤Part 77(D)
☕Pandora Box❤ Part 77(E)
☕Future Perfect❤Part 78
☕Heart Area❤ Part 79
☕ Dusk Till Dawn ❤ Part 80
☕ Love You More ❤Part 81
☕ Chemistry between us❤ Part 82
Announcement for ☕Part 83❤
☕Love-with Collaboration❤Part 83(A)
☕Love-with Collaboration❤ Part 83(B)
☕Cosmic Rays❤ Part 84(A)
☕Cosmic Rays❤ Part 84(B)
☕Empirical❤ Part 85(A)
☕Empirical❤ Part 85(B)
☕ Heart Soar ❤Part 86(A)
☕ Heart Soar ❤Part 86(B)
☕❤
☕Hate being Alone❤ Part 87
☕🌅 🌄❤
☕Love Museum❤ Part 88(A)
☕Love Museum❤ Part 88(B)
☕Love Museum❤ Part 88(C)
☕Love Museum❤ Part 89(A)
☕Love Museum❤ Part 89(B)
☕Love Museum❤ Part 90(A)
☕ Love Museum❤ Part 90(B)
☕Love Museum❤ Part 90(C)
Exploding
☕Love Museum❤ Part 91(A)
☕Love Museum❤ Part 91(B)
☕Love Museum❤ Part 91(C)
☕Love Museum❤ Part 91(D)
Thank you
☕Love Museum❤ Part 92(A)
🥰❄☕❤🌌🖌
☕Love Museum❤ Part 92(B)
☕Love Museum❤ Part 92(C)
❄~Hello📣
☕Love Museum❤Part 92(D)
☕Love Museum❤ Part 92(E)
☕Love Museum❤ Part 92(F)
Nothing☁️
☕Love Museum❤ Part 92(G)
☕Love Museum❤ Part 92(H)
☕Love Museum❤Part 92(I)
☕Love Museum❤ Part 92(J)
☕Love Museum❤ Part 93(A)
☕Love Museum❤ Part 93(B)
❄ NOTE 2️⃣
☕Love Museum❤ Part 93(C)
☕Love Museum❤ Part 93(D)
☕Love Museum❤ Part 93(E)
☕Love Museum❤ Part 93(F)
☕Love Museum❤ Part 93(G)
☕Love Museum❤ Part 93(H)
☕❤🖼🖌☁️
☕Love Museum❤ Part 93(I)
☕Love Museum❤Part 93(J)
☕Love Museum❤ Part 93(K)
Happy Brithday🎂 CL☕❤
☕Love Museum❤ Part 93(L)
☕Love Museum❤ Part 93(M)
☕Love Museum❤ Part 93(N)
☕Love Museum❤ Part 93(O)
❄'s BD (or) ☕'Proposal Day❤
☕❤📮
☕Love Museum❤ Part 94(A)
☕Love Museum❤ Part 94(B)
☕Love Museum❤ Part 94(C)
☕Love Museum❤ Part 94(D)
☕Love Museum❤ Part 94(E)
☕Love Museum❤ Part 94(F)
☕Love Museum❤ Part 94(G)
Unicode>> ☕ Love Museum ❤ Part 94(H)
Zawgyi >> ☕ Love Museum ❤ Part 94(H)
☕Love Museum❤ Part 94(I)
☕Love Museum❤ Part 94(J)
Unicode>> ☕ Love Museum ❤ Part 94(K)
Zawgyi>> ☕ Love Museum ❤ Part 94(K)
Unicode >> ☕Love Museum❤ Part 94(L)
Zawgyi >> ☕Love Museum❤ Part 94(L)
☕Love Museum❤ Part 94(M)
Unicode >> ☕Love Museum❤ Part 94(N)
Zawgyi >> ☕Love Museum❤ Part 94(N)
Unicode >> ☕Love Museum❤ Part 94(O)
Zawgyi >> ☕Love Museum❤ Part 94(O)
☕Love Museum❤ Part 94(P)
Unicode >>☕Love Muesum❤ Part 94(Q)
Zawgyi >> ☕Love Museum❤ Part 94(Q)
☕Love Museum❤ Part 94(R)
☕ ❤ 🐈 Part 14
895 85 54
Oleh Winterstarry
စံအိမ်​ဘေးဝဲယာရှိ ပန်းခင်းများစွာမှ ပန်းက​လေးတို့သည် အားအင်အပြည့်ဖြင့် ထွန်း​တောက်​ ဖြန့်ကျက်ပေး​နေသည့် ​နေ​ရောင်ခြည်မှ စွမ်းအားတို့ကို အပြည့်အဝ ခံယူလျက်............
မနက်စာစား​သောက်ပြီး Ellaနဲ့​တွေ့ရမည်ဖြစ်လို့ ယုန်ဖြူ​ပေါက်​လေးအား သင်ပြ​​ပေးထားသည့် စီးပွား​ရေး အ​ကြောင်းအရာများကို ပြန်​လေ့လာထားဖို့မှာပြီး ချိန်းဆိုထားသည့် cafeဆိုင်သို့ ကားကို ဦးတည်လိုက်​တော့သည်.........
ဆိုင်ထဲ​ရောက်​တော့ ​ကော်ဖီတခွက်မှာလိုက်ပြီး ချောင်ကျတဲ့ ထောင့်​တ​နေရာမှာ လှမ်းမြင်လိုက်သည့် Ellaဆီ လှမ်းသွားကာ......
🖤 : Hey Ella!
Ella : ​အင်း... ဒီ​နေ့​တော့ ကြွလှမ်းလာ​သေးတယ်ပေါ့​လေ.... ဒီမှာ ငါ​ကော်ဖီ​တစ်ခွက်တောင် ကုန်​တော့မယ်....
🖤 : အလုပ်ကိစ္စ​တွေကရှိ​သေးတယ်​လေ ဟာ.... နင်ကလည်း ကဲပါ... လာရင်းကိစ္စပဲ ငါ​ပြောပါ​တော့မယ်.....
ကျွန်​တော့်အတွက် ရတနာတစ်ပါးလိုတန်ဖိုးထားရတဲ့ ပတ္တမြားခဲ​လေးနဲ့ပတ်သတ်သမျှ ခံစားချက်တို့ကို ​ပြောပြ​​နေ​တော့ Ella တ​စ်​ယောက်ထ​အော်ပြီ​လေ......
Ella : အား.....နင်သူ့ကိုချစ်မိသွားပြီ​ပေါ့?
🖤 : ​သေ​တော့မယ်! ဘာလို့ ​အာ့​လောက်အော်​နေရတာလဲဟာ...
Ella : ​ပျော်လို့ပါ​အေ... ဟီး~ မပူပါနဲ့! ​ငါချောင်ကျတဲ့​နေရာ​ရွေးထားပါတယ်.... နင်ကလည်း...... အဲ့တော့ နင်ဘာဆက်လုပ်မှာလဲ?
🖤 : ဒီတိုင်းပဲ​ပေါ့... ငါရင်ဖွင့်စရာကလည်း နင်ပဲရှိတာလေ.....
Ella : နင်သူ့ကိုဖွင့်မ​ပြော​တော့ဘူးလား???
🖤 : ဒီတိုင်းပဲအဆင်​ပြေတယ်​လေ..... သူ့အ​ပေါ် အခွင့်အ​ရေးယူတယ် အထင်မခံနိုင်ဘူးဟ~
Ella : နင်ကလည်းဟာ......
🖤 : အဲ့ဒါထက် Daddyကိစ္စက ပို​ခေါင်းရှုတ်​နေရတာ.....
Ella : Unlceကိစ္စ? Uncleက ဘာဖြစ်လို့လဲ?
ကျွန်​တော်လည်း ​ရှေ့က ​ကော်ဖီပူကို တစ်ငုံ​သောက်လိုက်ရင်း အရင်ရက်ကဖြစ်ခဲ့တဲ့ Daddyနဲ့ပတ်သတ်တဲ့ ကိစ္စ​တွေ​ပြော​ပြလိုက်​တော့........
Ella : ဒါဆို Uncle က Saint ကို သ​ဘောမကျတာများလား?
🖤 : အတိအကျမသိပါဘူးဟာ..... ငါလည်း စိတ်ရှုတ်​နေရတာ အဲ့ဒီ​နေ့ကတည်းကပဲ......
ခုလည်းဘာဆက်လုပ်သင့်လဲလို့​လေ....
Ella : နင်သူ့ကိုသိပ်တန်ဖိုးထားတာ ငါခံစားလို့ရပါတယ်ဟာ......နင်သူ့ကိုချစ်​နေတာ​ပဲလေ...Uncleက​တော့ နင်ကလည်းရုတ်တရက် Saint ​ရောက်လာမှ ခုလိုဖြစ်တာဆို​တော့ စိတ်ပူလို့ ဖြစ်ရင်လည်းဖြစ်မှာပါ
🖤 : နင်ကလည်း စိတ်ပူရင် ကာကွယ်ရမှာ​လေ ခုDaddyလုပ်ရပ်က......
Ella : ​အေးပါဟာ တအားမ​တွေးပါနဲ့.... ငါလည်းကူစဥ်းစားကြည့်ပါဦးမယ်.....တစ်ခုပဲ နင်ခုလို သူ့အ​ပေါ် ထားရှိတဲ့ခံစားချက်​တွေက စစ်မှန်​​နေတာဖြစ်လို့ ​ဖြေး​ဖြေးချင်း ​သူသိ​အောင် ဖော်ပြကြည့်​သင့်တယ်ထင်တာပဲ.....
🖤 : အဲ့လိုလုပ်သင့်လား??
Ella : နင်ကလည်း ဘာ​တွေတအားစဥ်းစား​နေတာလဲ..... Uncleကလည်း ခု​စောင့်ကြည့်မယ်လို့ပဲ​ပြောတာ​လေ.... ပြီး​တော့ နင်​ပြောပြတာ​တွေ ငါခုနား​ထောင်ကြည့်​တော့ နင်မှ သူကို အထိခိုက် အဆုံးရှုံးမခံနိုင်တာ......
🖤 : ငါ့နား​နေရတာက သူ့အတွက် လုံခြုံပါ့မလား??Daddy အ​ကြောင်းနင်လည်းသိရက်နဲ့......သူကဆုံးဖြတ်ပြီးရင် တကယ်လုပ်တာ​လေ...
Ella : နင်ကလည်းကွာ ငါသိတဲ့perth ဘယ်များ​ရောက်​နေတာလဲ? နင်တန်ဖိုးထားတဲ့အရာဆို အသက်နဲ့ရင်းကာကွယ်မှာကို ငါသိတယ်....
ခုလည်း အဲ့လို ကာကွယ်ဖို့က နင့်တာဝန်​ပဲကို.....
နင်စဥ်းစားကြည့်​..... နင်အဲ့ဒီညက ငို​​တော့ ဘာကိုမှ မ​မေးဘဲ ​နွေး​ထွေးမှုတစ်ခုတည်းနဲ့ သူ့ပုခုံးကို​ နင်ငို​ကြွေးဖို့ပေးအပ်ခဲ့တာမလား?? သူ့ရင်ထဲလဲ နင်ရှိပါတယ်.....ငါခံစားကြည့်လို့ရတယ်..... နင့်နာကျင်မှု​တွေကို ထပ်တူထပ်မျှခံယူ​ပေးတာမျိုးပဲ......
🖤 : အင်း....နင်​ပြောသလိုဆို ငါဖွင့်​ပြောမိရင်​​တောင် သူစိတ်မဆိုး​သွားလောက်ပါဘူး​နော်.....
Ella : နင်ကလည်း​အေ ဒီ​လောက်​ပြော​နေတာကို သူ့စိတ်ထဲနင်မရှိမှ​တော့ နင့်ကို ဂရုတစိုက်ရှိ​ပေးမလား?? အလုပ်​ကြောင့်​ဆိုတာ ခဏဖယ်ထားပါ... သူ့အ​ဖေကိုက နင့်ကို ဂရုစိုက်ဖို့ မှာထားလို့ဆိုလည်း တစ်မျိုး​လေဟာ..... ခုကသူ့ရင်ထဲကလာတဲ့အတိုင်း နင့်အ​ပေါ်ဆက်ဆံ​ပေးတာကို......
🖤 : အင်း​......
Ella : အင်း အဆင်​ပြေသွားမှာပါ.... ခုလိုနင့်ခံစားချက်​တွေကို သူသိ​အောင် ​ပြောခြင်းမ​ပြောခြင်းမှာ နင့်စိတ်ဆန္ဒက ပိုအ​ရေးကြီးပါတယ်.....Uncle ကလည်း​စောင့်ကြည့်​နေတာဆို​တော့ နင့်စိတ်ကိုနင် ပြင်ဆင်ထား​တာ​ကောင်းမယ်.....
ဆိုလိုချင်တာကကွာ.... တကယ်နင့်ကို သူနဲ့ပတ်သတ်​နေတာ မကြိုက်လို့ Uncleက စံအိမ်နဲ့စိုက်ခင်း​တွေကို ပြန်သိမ်းလိုက်ရင် နင့်ဘဝနင် ရုန်းကန်ဖို့​နဲ့ သူ့အ​ဖေကို ရှင်းပြဖို့​​​​တွေပါကြိုတွေးထားဦး.....
ခုနင်က​လေး​ပေါ်ဖြစ်​နေတဲ့ ခံစားချက်နဲ့ပတ်သတ်ပြီး ငါ​ပြောတာက ချစ်ခြင်းတရားတစ်ခုဖြစ်​နေလို့ပါ.....
ချစ်ခြင်းတရား​တွေက မျှ​ဝေ​ကောင်းတယ်မဟုတ်လား​? အမုန်းတရား​တွေသာ မပြန့်ပွား​​စေချင်တာ​လေ.....တစ်ခုခုဆို အကူအညီလိုလည်း ငါ့ကို လှမ်း​ပြော​ပေါ့... ငါကူ​ပေးနိုင်တာရှိရင် အချိန်မ​ရွေးကူ​ပေးဖို့ အသင့်ပဲ ဟုတ်ပြီလား?...
🖤 : ​အေးပါ နင့်လည်း ​ကျေးဇူးတင်ပါတယ်ကွာ....ခုငါ​ပြောပြတာကလည်း နင်ကငါ့သူငယ်ချင်းအရင်းကြီးမို့လို့....
Ella : ​အေးပါ....
🖤 : ငါ Daddyနဲ့က ရင်ဆိုင်ဖို့လည်း အသင့်ပါဟ! ခုDaddyလုပ်​နေတာ​တွေက ငါ့​​ကြောင့်သူ့ကိုပါ လာထိခိုက်မှာပဲ စိတ်ပူတာ.....
ဒါနဲ့...နင်ခြံကိုလည်း အားတဲ့တစ်ရက်လာရှင်းပြ​ပေးဦး..... ငါ့က​လေးက ငါ့ကိုနင်နဲ့တမျိုးထင်​နေတယ်....
ကျွန်​တော်လည်း Ella တစ်​ယောက်လက်ကျန်​ကော်ဖီကို​မော့​သောက်​နေတုန်း ​ပြောချလိုက်တာမို့ ​သူ့ခမျာသီးကုန်ရ​တော့သည်.......
Ella : အဟွတ်.....သေပြီငါ​တော့ ဘာတဲ့ နင်က​ လေ.... ငါ နင်သုံးတဲ့ နာမ်စားကိုမသီးဘူး အဲ့ဒီကလေး အဲ့လိုထင်​အောင် နင်ကဘယ်လို​တွေများ​ပြောထားလို့တုန်းဟဲ့......
🖤 : ဟဲဟဲ... ငါလည်း သူသဝန်တိုလား စမ်းကြည့်တာပါ.... နင်ကလည်း ကျန်တာနင်လိုက်ရှင်းမှရ​တော့မှာ.... သူ့ကို မခံစား​စေချင်ဘူး​​ဟ....
Ella : အမ​​လေးဟယ် ချစ်​နေလိုက်ပုံများ! ​အေးပါ.... ငါပဲ တစ်ရက်လာပြီး​ပြော​ပြပေးပါ့မယ်​ ဟုတ်ပြီလား???
​ကော်ဖီဆိုင်​​လေးထဲရှိ နွေး​ထွေး​သော ထိုသူငယ်ချင်းဆက်ဆံ​ရေးတို့ကြား၌ ​နားစွင့်​နေ​သော သူတစ်​ယောက်ရှိ​နေသည်ကို​တော့ မည်သူမှ သတိမထားမိလိုက်ကြ​ပေ.....
🏰 ☕ ❤
မနက်က ဟိုလူကြီးအပြင်မသွားခင် လုပ်ငန်းနဲ့ ပတ်သတ်ပြီး သိထားရမယ့် အ​​ခြေခံ အချက်​တွေ ရှင်းပြ​​ပေးထားတဲ့ list​တွေကို ပြန်ဖတ်​ခိုင်းထားလို့ ဖတ်နေရင်းမှ မူးလာသည်မို့ ခြံပြင်ခဏထွက်ကာ resort ဘက်ကို လမ်းဆင်း​လျှောက်​ဖို့ပြင်လိုက်သည်.......
Resort ဘက် ​လျှောက်​​နေရင်း Respection မှာ ဧည့်သည်နဲ့ ဒီကဝန်ထမ်းတစ်ချို့ စကားအ​ချေအတင် ဖြစ်နေပုံမျိုး လှမ်းမြင်ရလို့ အနားသွားလိုက်​ကာ......
❤ : ဟို ဒီက P'တို့က ဘာများအဆင်မ​ပြေလို့လည်းမသိဘူး​နော်.......
" N'က ဒီက တာဝန်ရှိတဲ့သူလား?"
❤ : ဟို ဒီကို ကြီးကြပ်တဲ့ CEOက အပြင်ခဏသွားတယ်ဗျ.... ကျွန်​တော်က သူ့မိတ်​​ဆွေပါ.... အဆင်မ​ပြေတာ ကျွန်​တော့်ကို ​ပြောထားလို့ရပါတယ်.....ကျွန်​တော်ပြန်​ပြော​ပေးပါ့မယ်.....
"ဒါဆိုလည်း သူ့ကိုပဲ ​အကူအညီ​တောင်းကြည့်လိုက်မယ်​လေ​နော် ချစ်..."
​ဘေးနားကအမျိုးသမီးဖြစ်သူကိုတစ်ချက်လှမ်း​ပြောလိုက်ရင်း.....
" ဒီက N'ကို အကူအညီ​တောင်းချင်လို့ပါ.... P'တို့က သာမာန်အ​ခြေခံလူတန်းစား​တွေပါ....
ပိုက်ဆံ​လေးခြစ်ကုတ်စုပြီး ချစ်သူသက်တမ်း ၂နှစ်ပြည့်အ​နေနဲ့ bkkက​နေ ဒီကို အ​ပျော်ခရီးထွက်လာတာ​လေ....."
❤ : ဪ....ဟုတ်ကဲ့.....
"အဲ့ဒါ ​​ဒီက​လေး​လေး🐈က လမ်း​ဘေးမှာ​တွေ့လို့ ခေါ်ပြီး မွေးထားတာ သိပ်​တော့မကြာ​သေးဘူး​....ခု P'အမျိုးသမီးရဲ့ မိခင်ဖြစ်သူက ​ရုတ်တရက် Heart attrack ဖြစ်​တယ်ကြားလို့ အ​ရေးတကြီး bkkကို ပြန်သွားရမှာ...."
❤ : အဲ!
"ဟုတ်တယ် ​N'ရယ် ဒီမှာလည်း P'တို့အသိကမရှိပါဘူး..... အိမ်မှာလည်းလူ​စောင့်မရှိ​တော့ သူ့တစ်​ကောင်တည်းထားခဲ့ဖို့ကလည်း အ​ဆင်မ​ပြေ..... ရက်ရှည်ဆို​တော့ ​စောင့်​ရှောက်​ပေးထားတဲ့ ဆိုင်မှာအပ်ထားဖို့လည်း ​အ​မေ့​ဆေးရုံစရိတ်နဲ့ ငွေ​ရေး​ကြေး​ရေး​က ခက်​နေတာကြောင့် အဆင်မ​ပြေ​​နေရလို့ပါ.......
ဒီတိုင်းလွှတ်ထားလိုက်ရင် လမ်း​ဘေးမှာ ပြန်ပြီး ပိုင်ရှင်မဲ့​လေး မဖြစ်​သွား​စေချင်တာ​ကြောင့်.... N' တိရိစ္ဆာန် ချစ်တတ်ရင်မွေး​ပေးလို့ရမလားဟင်? ​မွေးမယ်ဆိုရင် P'တို့​ပေးထားခဲ့ချင်လို့ပါ...."
❤ : အာ...ဟို....
ထိုစဥ် resortမှ တာဝန်ရှိ ဝန်ထမ်းတစ်ဦးက ကျွန်​တော့်အား......
"N'ရေ အဲ့ဒါ​ကြောင့်​ ကျွန်​တော်တို့က​ပြော​နေတာ ကျွန်​တော်တို့က ချစ်​ပေမယ့် ဆရာက​တော့ မရ​လောက်ဘူးလို့ဆိုပြီး​တော့​လေ....... ကျွန်​တော်တို့ဒီမှာ​ရောက်ပြီးတည်းက ဆရာ အိမ်​မွေးတိရစ္ဆာန်​မွေးတာ မမြင်ဖူးဘူးဗျ...."
❤ : ရပါတယ်.... ကျွန်​တော်CEOကို ကြည့်​ပြောပါ့မယ်... ​ပေးထားခဲ့လိုက်​လေ အမ.... ကျွန်​တော်​မွေးပါ့မယ်... က​လေး​လေး🐈ကလည်း လူယဥ်မယ့်ပုံ​လေးပဲဗျ ချစ်စရာ​လေး........
" ​ကျေးဇူးတင်ပါတယ်​N'ရယ်.... ဒါဆို P'တို့ကို ခွင့်ပြုပါဦး​..... အ​ခြေအ​နေ​ပေးရင်​တော့ ထပ်လာတည်းပါ့မယ်​နော်...."
❤ : ဟုတ်ကဲ့.... ​​ကျေးဇူးတင်ပါတယ်ဗျ ဂရုစိုက်ကြပါ​......အခက်အခဲ​တွေလည်း အမြန်ပြေလည်ပါ​စေ​ဗျ.....
ကျွန်​တော် အရင် တက္ကသိုလ်မှာကတည်းက ​စေတနာ့ဝန်ထမ်းအ​နေနဲ့ ဘုရား​ကျောင်း​တွေ လိုအပ်တဲ့​နေရာ​တွေမှာ ဟို၂​ကောင်နဲ့အတူ အမြဲလုပ်အား​​ပေး​နေကြပါ......
ခုလည်း ကျွန်​​တော် ပျင်း​နေတာနဲ့ အ​တော်ဖြစ်သွားတာပါပဲ တိရစ္ဆာန်​လေး​တွေဆို သိပ်ချစ်တတ်တဲ့ ပိုးပါလာတာကိုက ​ပျော်ရတာဗျ.... အနည်းဆုံး​တော့အထီးမကျန်ရဘူး​လေ....
ဒီတစ်​လော ကျွန်​တော့်က​လေး Robin🐶ကိုလည်း သိပ်လွမ်းနေရတာ​ဆို​တော့ အစားထိုးတဲ့အ​နေနဲ့မဟုတ်​ပေမယ့် တကယ်အကူအညီ လိုအပ်​နေတဲ့ သူ​တွေကို ကူညီ​ပေးလိုက်ရတာ​ကြောင့် ပီတိလည်း ဖြစ်ရပါတယ်.....
တနင့်တပိုး ဒီက​လေး​လေး🐈ကို ​ပွေ့ပိုက်ရင်း စံအိမ်ဆီသို့ပြန်ဦးတည်ကာ သူ့ကို အစာ​ကျွေးရင်း နာမည်​ပေးဖို့ စဥ်းစားရ​ဦးမည်...........
စံအိမ်ထဲ​ရောက်​တော့ သူ​လေးကို အစာ​ကျွေး​မွေးဖို့ပြင်လိုက်ရင်း......
❤ : ​ပျော်သလို​နေ​​နော် က​လေး​လေး..... မင်း ဒီမှာ ​နေရင် နွားနို့​တော့အဝ​သောက်ရမှာဗျ သိလား??? နောက်ရက်မှ မင်းအတွက် အစာနဲ့ လိုအပ်တဲ့ ပစ္စည်း​တွေ ဝယ်​ပေးထားမယ်​နော်......
အွန့် ခု​တော့ နွားနို့​သောက်........ ​
မင်းကို​ခေါ်ဖို့ ငါ ဘာနာမည်​ပေးရပါ့.....
နာမည်​ပေးဖို့ ​တွေး​နေတုန်း စံအိမ်​ရှေ့ ကားရပ်သံကြား​တော့ ဟို​ကော်ဖီခဲကြီး ပြန်လာမှန်းသိလိုက်ပြီ....... အကျိုးအ​ကြောင်း​တော့ ​​ပြောပြရဦးမှာပါ​လေ....
စံအိမ်ထဲဝင်လိုက်​တော့ ​လှေကား​ထောင့်နားက ကြမ်းပြင်မှာ ကျကျနန ပြားပြားဝပ်ပြီးထိုင်​နေတဲ့ ဟိုယုန်ဖြူ​ပေါက်​လေး....
တကယ် ဖားပျံ​ပေါက်က​လေးကျလို့ပါဗျာ.......ဘာလုပ်​နေတာလဲ သိချင်တာနဲ့ ယုန်ဖြူ​ပေါက်ရှိရာကို လှမ်းသွားလိုက်​မိတော့ လူကမျက်လုံးကို ပြူးသွားရသည်......
🖤 : ဟာ Saint!! အဲ့ဒါ ဘာလဲ?
♥️ : ​ခင်ဗျား ကြောင်​လေ... မြင်ရဲ့သားနဲ့ ​မေး​နေပြန်ပြီ.....
🖤 : ​ဟမ်? ဘယ်က​ငါ့​ကြောင်လဲ? ဟာကွာ ဘာလို့ဒီအိမ်​ပေါ်ထိ ​ခေါ်တင်ထားတာလဲကွ!ဟေး! မင်း က​ရော resort ထဲကနေ ဒီကို ဘယ်လို​ရောက်လာတာလဲ? လမ်းမှားပြီးဝင်လာတာလား?
ကျွန်​တော်ကိုလည်း​ပြော ​ဘေးကက​လေး🐈ကိုလည်း​မေး​နေတာ​ကြောင့် မ​မွေးရဖို့​တော့ ဘယ်လိုမှအဖြစ်မခံနိုင်တဲ့အဆုံး........
♥️ : ခင်ဗျား~~~တိရိစ္ဆာန်​လေး​တွေ မချစ်တတ်ဘူးလားဟင်???
ရုတ်တရက် ထွက်ကျလာတဲ့ သူ့အသံတိုးလျလျ​နဲ့အတူ သူ့မျက်ဝန်းမှာ ရစ်တွယ်လာတဲ့ မျက်ရည်ကြည်​လေး​တွေကြောင့် လူကအရူးရင့်ရပြန်ပြီ.....
🖤 : ဟာ မဟုတ်ဘူး​​လေ.... ဘာလို့ငို​မှာလဲ? ငါ မင်းကို ဘာမှမ​ပြောရ​သေးဘူး.....
ကျွန်​တော်လည်း အ​စောက ကျွန်​​တော့်ကိုအပ်သွားတဲ့ P'တို့ အ​ကြောင်းကို အလျင်အမြန် ရှင်းပြလိုက်​တော့မှ......
🖤 : ဟူးးးး.... ​ဒါဆိုလည်း.....မွေး​ပေးရ​တော့မှာ​ပေါ့....... ငါတို့မှမ​မွေးရင် ပြန်ပြီး ပိုင်ရှင်မဲ့ဖြစ်မယ်ဆိုတာကြီး ငါလည်းမခံစားနိုင်ဘူး.....
♥️ : Yay!!! တကယ်​နော်? ကျွန်​​တော်က မရဘူး ​ပြောမှာ စိတ်ပူ​နေတာ..... ခင်ဗျားရဲ့ resortက ဝန်ထမ်း​တစ်ချို့က​ ကျွန်​တော့်ကို ပြော​သေးတယ်​သိလား???
ခင်ဗျားက.... မ​ မွေး ခိုင်း​ လောက် ဘူး တဲ့!!!
🖤 : ဟုတ်လား???
ရင်ခွင်ထဲ ​ကြောင်ကိုပွေ့ပိုက်ထားရင်း သူလုပ်ချင်တာကို ကန့်ကွက်​နေတဲ့သူ​တွေအ​ကြောင်း က​လေး​ပေါက်စ​လေးလို ပြန်တိုင်​နေတဲ့ သူ့ပုံစံက​လေးကို ကြည့်ရင်းအသည်းယားလာသည်......
သူ့အနားတိုးကပ်လိုက်ရင်း စဖို့ကြံ​လိုက်ရုံရှိသေး လက်သည်းမထုတ်ဘဲ ကျွန်​​တော့်ကို တွန်း​နေတဲ့ သူ့ရင်ခွင်ထဲက ဟို ​အ​ကောင်​ပေါက်🐈.....
သူ့ရဲ့ သခင် အသစ်စက်စက်​လေးကို စလို့ မျက်​မှောက်ကြုတ်ထားတဲ့ ဒီဇိုင်းနဲ့ ကြည့်​နေတာ​ဗျာ! မနာ​တောင်လိုရတယ်​........
🖤 : ဒါနဲ့နာမည်က​​ရော ​ပေးပြီးပြီလား??
♥️ : ​ပေးရ​သေးဘူး... ခင်ဗျား​​ကြောင်ပါဆို ခင်ဗျားစဥ်းစား​လေ....
🖤 : တာဝန်ယူ​ပြီး ခေါ်လာတာက မင်းမဟုတ်ဘူးလား??
♥️ : ခင်ဗျားကလည်း.... အင်းပါ.... ကျွန်​တော်​ပေးတာပဲ ​ခေါ်မယ်ဆိုလည်း​ပေး​ပေးမယ်....
သူ့​အ​ရောင်တိုင်း လိုက်​ပြီးပဲ ပေးလိုက်​တော့မလားလို့ ​တွေး​​နေတာဗျ​..... သူ့ကိုကြည့်!
ဒီမှာ အ​မွှေး​လေး​တွေက ညိုညို​လေး​နဲ့ ​ရွှေဝါအကျားအကျား​လေး​.... ပြီး​တော့.... အထီး​လေးလည်း ဖြစ်တယ်​..... အဲ့​တော့ အမ်းးးးး Milo.....
🖤 : ဟမ်?
♥️ : ဟုတ်တယ်​လေ..... ခင်ဗျား​ကြောင်ပါဆို ခင်ဗျားနှစ်သက်တာလည်း ဖြစ်မယ့်နာမည်​တွေးလိုက်တာ​လေလို့..... ခင်ဗျားလည်း Miloကြိုက်တာပဲကို.... Miloကလည်း ညိုတာပဲ...
🖤 : ​ငါ miloကြိုက်တာနဲ့ပဲ မှည့်ထည့်လိုက်တာပဲလား? ကြောင်ပါ ဝါးစားပစ်လိုက်ရ​တော့မလားမသိဘူး.....
♥️ : ခင်ဗျားနော်​!!!
သူ့က​လေး🐈ကို စလို့ မျက်လုံးလေး​ထောင့်ကတ်ပြီး နှုတ်ခမ်းဖူး​လေးကို ​​ရှေ့ဆူထားတာ​များ ကိုက်ဆွဲဖဲ့ချင်စရာ​​ကိုကောင်းလွန်းသည်.....
လိုက်လည်းလိုက်ပါတယ်! သခင်ရော ​​ကြောင်​ရော.....
ကိုယ် စ​​နောက်ဖို့ အ​ဖော်ထပ်တိုးရတယ်ပဲ​ သ​ဘောထားလိုက်ပါ့မယ်လေ.... ​အေးချမ်းတဲ့ ဘဝက ဒီလို​လေးတင်ဆို ဘယ်​လောက်​ကောင်းလိုက်မလဲဗျာ....
တစ်ချက်​တွေး​တောလိုက်ရင်း အ​ပေါ်တက်ကာ အဝတ်အစားလဲပြီး ရုံးခန်း​ပြေးဖို့ပြင်ရ​တော့သည်........
ကျွန်​​တော့်ဖာသာ နာမည်​ပေးပြီး သ​ဘောကျ​နေရတာပါ.... ဟိုလူကြီးလိုက်​လျောမယ်လို့လည်း မထင်ထားဘူးလေ.........​သူ့အတွင်းစိတ်ထား​လေးက ဖြူစင်တယ်ဆိုတာ ကျွန်​တော်ယုံပြီးသားပါ.......
အ​ပေါ်ထပ်က​နေ ဆင်းလာတဲ့သူ့ကို မြင်လိုက်​တော့မှ.....
♥️ : ဟို မနက်က ခင်ဗျား ပြန်ဖတ်ခိုင်းထားတာ​တွေ ဖတ်ထားပြီးပြီ..... Meeting လုပ်တာနဲ့ပတ်သတ်ပြီး​တော့လည်း ​လေ့လာချင်​သေးတယ်​....
🖤 : အင်း.... Meetingက Reoတို့ ပြန်လာပြီးချိန်​လောက်မှ ရှိမှာ.... Meeting အ​သေး​လေး​တွေကတော့ သူတို့ကို ​ပေးအပ်ထားတဲ့ တာဝန်နဲ့ ​ဆောင်ရွက်ချက်​တွေကို ပြန်တင်ပြခိုင်းတာပါပဲ......
♥️ : ​ဪ အင်း....
🖤 : စာရင်းကူစရာ​တော့ သိပ်မရှိပါဘူး.... ဒီ​နေ့ နားချင်နား​လေ... သူနဲ့​​​ဆော့ရင်းဖြစ်ဖြစ်​ပေါ့.....
ကျွန်​တော်တို့ ၂​ယောက်ရဲ့ ​ခြေ​​ထောက်အနား လာတိုး​ဝှေ့ပွတ်သတ်​နေတဲ့ Milo​လေးကို ရုတ်တရက်​ကောက်​​ပွေ့ပြီး.....
ဦး​ခေါင်း​လေးကို ပွတ်သပ်လိုက်ရင်း သူ​ပြောလိုက်တဲ့စကား​ကြောင့် သူ့ရင်ထဲကလာတဲ့ ချစ်မြတ်နိုးခြင်း​တွေကို မြင်လိုက်ရတာ​ကြောင့် သ​ဘောကျမိလိုက်​သည်.........
🖤 : Milo​လေး..... ​ဖေ့သားကြီး Awnn...လာပါဦးnnnn ဒါမင်းအိမ်ဖြစ်သွားပြီ​နော် လိမ်လိမ်မာမာ​နေခဲ့​! ပြန်လာရင်​ဆော့​ပေးမယ်​ဟုတ်ပြီလား?
​ပြော​တော့လည်း နားလည်သလားမသိ! ​ပြောသမျှကို Meow သံ​ယောင်လိုက်ရင်း သူပြန်​အောက်ချ​ပေးသည်ကိုပင် မဆင်းချင်....
တကယ့်သားအဖ​တွေပါ🐈🖤........
အခုလို​ လူငယ်တစ်​ယောက် အသွင်နဲ့ လွတ်လွတ်လပ်လပ်​လေး မြင်​နေရတာကို ကျွန်​တော် တကယ်ကျေနပ်ရပါတယ်.......
​လောကကြီးထဲ ရှင်သန်ရုန်းကန်​နေရတာ ဖြစ်လို့ ပင်ပန်းရမှု​တွေနဲ့ ကင်း​ဝေးလို့ မရတာသိ​ပေမယ့် တဒင်္ဂ​တော့ သူ့စိတ်​လေးကို ခုလိုလွတ်လွတ်လပ်လပ်​လေး ​အေးချမ်းနေ​စေ့ချင်တာပါ........
ရုံးခန်းကို​ရောက်​တော့ Meeting ခဏ​ခေါ်လိုက်ပြီး လက်​အောက်မှ တင်ပြလာတဲ့ အ​ကြောင်းအရာ​တွေကို နား​ထောင်​ရင်း လိုအပ်သည်များကို ဖြည့်​စွက်ပြော​ပေးပြီး အစည်းအ​ဝေးကို သိမ်းကာ ခဏနား​နေ​တော့ စားပွဲ​ပေါ်မှ တုန်ခါလာတဲ့ ဖုန်းcallတစ်ခု..........
Screenကို ကြည့်လိုက်​တော့ ဟိုယုန်​ပေါက်စရဲ့ ဖခင် Uncle Mr.Suppapoung....
Bkk ရဲ့ ထိပ်သီး Company ပိုင်ရှင်​တွေဖြစ်လို့ ph contact ​တွေက လိုရမယ်ရ မှတ်ထားတာပါ.....
ဖုန်းအဝင်callကို အမြန်လက်ခံလိုက်ပြီး....
🖤 : Sawadi kha uncle....
"Wadi သား​ရေ.... သားSaint​လေးကို သင်ပြ​ပေးရတာ အဆင်​ပြေရဲ့လား? ခရီး​​ရောက်ရဲ့လားလို့ လှမ်း​မေးကြည့်တာ သား​ရေ....."
🖤 : ဪ ဟုတ်ကဲ့​ပြေပါတယ် Uncle.....သူ​တော်​တော်​လေး စီစစ်နိုင်​ပါတယ်.... နဂိုကတည်းက ဥာဏ်​လေးလည်း​ကောင်း​တော့ တအား​ပြောပြစရာ​​တောင် မလိုပါဘူး.....ဟုတ်ကဲ့.....
"ဟုတ်လား? ကြားရတာ အားရဝမ်းသာစရာပဲကွာ.... Uncle လည်း ရုံးခွဲကိစ္စ​လေး ပြီးပြတ်ဖို့ ကျန်​နေ​သေးလို့ကွ.....ဒီရက်ထဲ​တော့ သူ့mae​ရော ​ခေါ်ပြီး လာ​တွေ့ပါဦးမယ်....."
🖤 : ဟုတ်ကဲ့ Uncle.....
"​အေး​အေး.... ကျန်းမာ​ရေး ဂရုစိုက်ကြဦး​နော်..... သားကိုလည်း အားလည်းအားနာရသလို ကျေးဇူးလည်း တကယ်တင်ပါတယ်ကွာ..... ဒါဆိုရင် ဒါပဲ​နော် သား...."
🖤 : Uncle ​ရော ဂရုစိုက်ပါခင်ဗျ.... ဟုတ်ကဲ့.... ရပါတယ် Uncle အားမနာပါနဲ့ဗျ....
ဖုန်းဆက်သွယ်မှု လှိုင်း​လေး ပြတ်​တောက်သွားပြီး​နောက် မနက်က Ellaအကြံ​ပေးခဲ့သည်ကို ​တွေးမိ​တော့ ရင်ထဲက အ​ကောင်​ပေါက်က စက္ကန့်နဲ့မခြား လှိုက်ခုန်လို့......
သံ​ယောဇဥ်ကြီးတတ်တာ​ကြောင့် ချစ်ခြင်းတရားနဲ့ပတ်သတ်ပြီး ငယ်ကတည်းက တိရိစ္ဆာန်​လေး​တွေ​နဲ့​တောင် တအား​ရော​နှောမ​နေခဲ့တာပါ.......
အခုလည်း သူ​​ခေါ်မွေး​ပေးထားတဲ့ Miloဆိုတဲ့ က​လေး🐈ကို မနက်က ​တစ်ခါပွေ့လာပြီးကတည်းက သံ​ယောဇဥ်စတွယ်မိသလို........
သူ့​နဲ့ပတ်သတ်သမျှ အ​ကြောင်း​လေး​တွေ ​တွေး​နေရရင်ကို ရှူရှိုက်​​နေရတဲ့ အနားက ​လေကအစ ချိုမြိန်​နေရသလို........
သူ​ကြောင့်ပဲ အ​တွေး​တွေကအစ ကဗျာဆန်လာရတာမျိုးကြီးဗျာ.......
အ​မှောင်ကမ္ဘာထဲက ကျွန်​တော့်ကို အလင်းလာ​ပေးတဲ့ သူအဖြစ် ရှိ​နေ​ပေးတဲ့သူ့ကို တ​စ်နေ့ထက်တ​စ်နေ့ ပိုပို မြတ်နိုးလာရတာ တကယ်ပါ ......
ဆုံဆည်းခွင့်​ပေးခဲ့တဲ့ ကံကြမ္မာကိုကျေးဇူးတင်လိုက်ရင်း စာအုပ်စင်မှ စာအုပ်​တွေကြားက ကျွန်​တော့် ဒိုင်ယာရီစာအုပ်လေးကို ယူကာ ခံစားချက်တို့ကို ချရေးလိုက်မိ​တော့သည်.......
☕🖋📓 ဝါဂွမ်း​လေး​တွေရဲ့ နူးညံ့မှု​​တွေဟာ က​လေးလက်​ချောင်း​လေး​တွေနဲ့ ထိခဲ့တဲ့အချိန်ကို မမှီနိုင်ဘူး.....
အ​အေးမြဆုံး​သော စိမ့်စမ်း​ရေ​တွေလည်း က​လေး အပြုံး​ချိုချို​လေး​တွေလို ကို့ ရင်ကို မ​အေး​မြစေနိုင်ဘူး.......
လှပလွန်းတဲ့ ကြယ်စင်​တွေဟာလည်း က​လေးမျက်ဝန်းလက်လက်​တွေ​ကို မတွန်းလှန်နိုင်ဘူး......
နှင်းဆီဖူးရဲရဲ​လေး​​တွေ​တောင် က​လေးနှုတ်ခမ်းဖူးဖူး​လေး​ကို ​ငေးယူရတယ်......
ကို အမြတ်နိုးရဆုံး​သော သက်ရှိအလှတရား​ ပန်းပွင့်ကလေးဟာ ​ဟော့ဒီ ဘဒ္ဒကမ္ဘာထဲက ကို့ နှလုံးအိမ်မှာ ပွင့်လန်းဖြစ်တည်တယ်......... ☕🖋📓
Resort ရှိ အလုပ်ခန်းထဲမှ ချစ်မြတ်နိုးမှုကို အ​ခြေတည်ပြီး ဖြစ်တည်လာ​သော ဒီကြည်နူးရ​ခြင်း ခံစားချက်သဲ့သဲ့တို့သည် အခန်းပြတင်းမှတိုက်ခတ်လာ​သော ​လေနု​သွေး​လေး​တွေက​နေတဆင့် စံအိမ်ထဲရှိ ​ကောင်က​လေးထံသို့ တန်းတန်းမတ်မတ်​ရောက်ရှိ​လောက်ပါသည်.......☕♥️
#Starry
#Classiclove
(Zawgyi)
🖤 : Hey Ella!
Ella : နင်ကလည်းဟာ......
🖤 : အဲ့လိုလုပ်သင့်လား??
🖤 : အင်း​......
Ella : ​အေးပါ....
🏰 ☕ ❤
❤ : ဪ....ဟုတ်ကဲ့.....
❤ : အဲ!
❤ : အာ...ဟို....
🖤 : ဟာ Saint!! အဲ့ဒါ ဘာလဲ?
🖤 : ဟုတ်လား???
🖤 : ဟမ်?
♥️ : ခင်ဗျားနော်​!!!
♥️ : ​ဪ အင်း....
တကယ့်သားအဖ​တွေပါ🐈🖤........
🖤 : Sawadi kha uncle....
🖤 : ဟုတ်ကဲ့ Uncle.....
#Starry
#Classiclove
Lanjutkan Membaca
Kamu Akan Menyukai Ini
1M 35.6K 62
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
930 122 22
ကျတော်ကသခင့်အပိုင်ပါ...သခင့်အပိုင်ဖြစ်လို့...သခင့်အနားမှာပြုစုချင်မိတယ်။
96.9K 5.1K 24
Exo's XingDae(yaoi) Cover- Aries LinLet Sky
1.7K 154 10
#Unicode အပြင်လောကနဲ့သက်ဆိုင်မှုမရှိသောကြောင့် ficကိုficဟုသာမြင်ပေးရင်ကောင်းပါမယ်။ idol imageထိခိုက်စေလိုခြင်းလုံးဝမရှိသောကြောင့် အမှားပါခဲ့ရင်နားလည်...