ကိုႀကီး/ကိုကြီး(Z/U)

By PokPak-liz27

171K 19.5K 1K

Baekhyuneeက ခ်စ္ေနတုန္းမွာ ျပန္ခ်စ္ေနာ္...မဟုတ္ရင္ သူမ်ားေနာက္ ပါသြားမွ ႏွေျမာ၊တသ၊လြမ္းေဆြး၊ငိုေႂကြးမေနနဲ႔... More

1
2
3
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52(Final)
Meaningless
Extra 1

4

4K 406 5
By PokPak-liz27


တစ္ေန႔ တစ္ေန႔ ေက်ာင္းသြားဖို႔ အာေပါက္မတတ္ ေျပာေနရေသာ သားေတာ္ေမာင္အား စက္ေတာ္ေခၚေနရာမွ ထ,ေတာ္မူရန္ ေရႊနားေတာ္သြင္းရဦးမည္ ျဖစ္တာေၾကာင့္ အေပၚထပ္ တက္လာၿပီး Baekhyunအိပ္ခန္းဆီ ဦးတည္လာခဲ့သည္။

အခန္းတံခါးဖြင့္လၽွင္ဖြင့္ခ်င္း ျမင္ေတြ႕လိုက္ရေသာ အရာေၾကာင့္ အလန္႔တၾကား ျဖစ္သြားရၿပီး လန္႔ျဖန္႔သြားေသာ ကိုယ့္လိပ္ျပာ ကိုယ္ အသာျပန္ေခၚရသည္။

"အဲ့တာ ဘယ္လိုျဖစ္ေနတာလဲ ByunBaek...."

ျပဴးေၾကာင္ေၾကာင္ လာၾကည့္သည့္ မ်က္ဝန္းေတြက အသိမရွိေတာ့သလို ေၾကာင္ေတာင္ေတာင္။
နဖူးေပၚ အုပ္ေနသည့္ ဆံပင္တို႔ကေတာ့ အခုေတာ့ ဖြာလန္က်ဲကာ ငွက္သိုက္ကဲ့သို႔။
မ်က္ခြံေဖာင္းေဖာင္းေလးေတြႏွင့္ မ်က္လံုးေမွးေမွးေလးက ခုေတာ့ မ်က္ကြင္းတို႔ ညိဳမဲလ်က္။
ေၾကာင္စီစီ မ်က္ဝန္းေတြက အိပ္ေရးမဝဟန္။
အိပ္ရာ ေစာင္ပံုထဲဝယ္ ငုတ္တုပ္ထိုင္ၿပီး လက္ထဲတြင္ စာအုပ္တစ္အုပ္ႏွင့္။

"ဂိမ္းကို ညလံုးေပါက္ေတြ ေဆာ့ျပန္ၿပီလား...နင့္ေဖေဖရွိတယ္ေနာ္...ငါတိုင္လိုက္ရမလား...."

မ်က္ကြင္းညိဳညိဳ စုတ္ဖြာဖြာေလးႏွင့္ စာအုပ္ကို စိုက္ၾကည့္ေနရာမွ ေလသံအနည္းမာလာေတာ့ ႏႈတ္ခမ္းပါးေလးေတြက ေကြးညႊတ္ကာ ငိုခ်ေတာ့မည့္ဟန္။
တကယ့္ ေခြးေပါက္ေလး။

"ေမေမ...*sob ....သား ညက ဂိမ္းနည္းနည္းေဆာ့မိတာ...*sob...နာရီၾကည့္လိုက္ေတာ့ ၄နာရီထိုးသြားတာ...*sob...သားက ခဏပဲ ေဆာ့တာကို...*sob...ၿပီးေတာ့ အိပ္မလို႔ဆိုၿပီး...Tutorialေျဖရမွာကို သတိရလို႔ စာၾကည့္ေနရတာ....*sob...သား မအိပ္ရေသးဘူး....."

မ်က္ရည္ေလး ေဝ့သီကာ ရွိုက္သံေတြႏွင့္ ေျပာေနတာေၾကာင့္ ဆူေငါက္မည့္ စကားတို႔က ေပါက္ကြယ္ကုန္သည္။

"ခါတိုင္းလည္း ကူးခ်ေနတာပဲ မဟုတ္ဘူးလား....အခုမွ အထူးအဆန္းလုပ္လို႔..."

ေျပာလိုက္ကာမွ ငိုခ်လိုက္ေသာ သားျဖစ္သူေၾကာင့္ Byun MaMaမွာ ဘာလုပ္လို႔ လုပ္ရမွန္းကို မသိ။
မဆိုသေလာက္ေလး ေလသံမာမိသည္ကို မနက္ေစာေစာ ထငိုေနသည့္ သားျဖစ္သူေၾကာင့္...

"တျခား majorေတြဆို ကူးလို႔ ရတယ္....*sob...အခု trက တစ္ခံုမွာ ၂ေယာက္ပဲ ထိုင္ခိုင္းၿပီး စာအုပ္ေတြကို အျပင္မွာ ထားခဲ့ရေတာ့ ကူးလို႔ မရေတာ့ဘူး....*sob...."

သူ႔ဘာသာ စာမရလို႔ ငိုခ်င္ေနသူကို လက္တို႔မိလ်က္သား။
တစ္ညလံုး ဂိမ္းေဆာ့ေနတာေၾကာင့္ ဆူရမည့္ စကားတို႔ပါ ေပ်ာက္ရွလ်က္။

"ေရမိုးခ်ိဳးၿပီး ဆင္းလာခဲ့ေတာ့ မနက္စာစားရေအာင္....အခုမွ ၾကည့္ေနလို႔ အဲ့စာက ေတာ္ေတာ္ရေနမယ္...."

ပါးျပင္ထက္က မ်က္ရည္တို႔ မေျခာက္ေသးေသာ ငိုမဲ့မဲ့ မ်က္ႏွာေလးႏွင့္....

"ဟုတ္....ေမေမ့...ေဖ့ကို သား ဂိမ္းေဆာ့တာ မေျပာနဲ႔ေနာ္....ၿပီးေတာ့ ေမေမက နင္နဲ႔ ငါ လို႔ ေျပာလို႔ သား စိတ္မေကာင္းျဖစ္သြားၿပီ....ေဖေဖက ထပ္ဆူရင္ သား Tutoေျဖႏိုင္မွာမဟုတ္ေတာ့ဘူး..."

"အမယ္ေလး....ByunBaekhyunရယ္....ေျပာပံုက မသိရင္ေတာ့ အဆူမခံရရင္ စာရမယ္ဆိုတဲ့ သေဘာ...ဟုတ္မွလည္း လုပ္..."

ဆူဆူပူပူႏွင့္ ေျပာၿပီး ေအာက္ထပ္ဆင္းသြားသည္ႏွင့္ Baekhyunေလး ေက်ာင္းသြားဖို႔ ျပင္ရေတာ့သည္။
စာရတာ၊မရတာ အသာထားလို႔ roll callေလး ရတယ္ဆိုရင္ကို မဆိုးေသးပါဘူး ဆိုေသာ အေတြးႏွင့္။
ေရမိုးခ်ိဳးၿပီး ေပါ့ေပါ့ပါးပါး အျဖဴေရာင္ ရွပ္တစ္ထည္ႏွင့္ ဂ်င္းအနက္ေရာင္ကို တြဲဝတ္လိုက္သည္။
မွန္ထဲက ကိုယ့္ရုပ္သြင္ကို ျမင္ရေတာ့ နည္းနည္းစိတ္ညစ္သြားမိသည္။
ညိဳမဲေနေသာ မ်က္ကြင္းေတြ သိသိသာသာ။
မအိပ္ရေသးသည့္ မ်က္ဝန္းေတြက ေၾကာင္စီစီ။
ေရခ်ိဳးရင္း ေခါင္းပါ ေလၽွာ္လာတာမို႔ ေရေျခာက္ေအာင္ သုတ္ထားေသာ ဆံပင္အုပ္အုပ္ေလးကို လက္ျဖင့္ တစ္ခ်က္ ႏွစ္ခ်က္ ဖြၿပီး ေက်ာပိုးအိတ္ဆြဲကာ ေအာက္ဆင္းခဲ့သည္။

ေအာက္ထပ္ ထမင္းစားခန္းထဲတြင္ ေကာ္ဖီေသာက္ေနသည့္ ေဖေဖ ကိုယ့္မ်က္ႏွာကို တတ္ႏိုင္သမၽွ မျမင္ေစရန္ မ်က္ႏွာလႊဲကာ စားပြဲေပၚရွိ ေပါင္မုန္႔ ေထာပတ္သုတ္ကို ထံုးစံမျပတ္ မတ္တပ္ရပ္ႏွင့္ပင္ စားၿပီး ေကာ္ဖီႏွင့္ ေမ်ာခ်ကာ ေမေမတို႔ကို ႏႈတ္ဆက္ၿပီး ေျပးထြက္ခဲ့ရသည္။
.
.
ေက်ာင္းတက္ရတာကို အဆင္ငမ္းရတာေလာက္ စိတ္မဝင္စားသည့္ Baekhyunအတြက္ Tutorialအလြတ္ေျဖရသည့္ ဒီmajorက စိတ္ပ်က္ဖြယ္အတိ။
အခုလည္း roll call ထိုးၿပီး ေျဖရမည့္ ေခါင္းစဥ္ကိုသာ ေရးခ်ခဲ့ႏိုင္သည္။
မနက္က ၾကည့္ထားသည့္ စာကလည္း ဘဲဥ အစေဖာ္မရသလို တစ္လံုးမွပင္ မမွတ္မိ။
တစ္ညလံုး မအိပ္ထားရတာေၾကာင့္ မူးေနာက္ရီေဝေနေသာ ေခါင္းက ဘာမွကို စဥ္းစား၍ ထြက္မလာ။
စာေတြက သစၥာကို မရွိ။
စာၾကည့္ထားရက္ႏွင့္ မေျဖႏိုင္တာ ျဖစ္သင့္ပါရဲ႕လား။
ကိုယ္က ႀကိဳးစားၿပီး စာၾကည့္ပါေသာ္လည္း တကယ္တမ္း ေျဖသည့္အခါ မမွတ္မိေတာ့။
ဒီလို သစၥာမရွိတာေၾကာင့္ အဲ့ဒီစာေတြကို Baekhunေလးက မက်က္ခ်င္တာ။

အတန္း အျပင္ဘက္ သစ္ပင္ေအာက္က ခံုတန္းေလးမွာ ထိုင္ရင္း ရထားသည့္ စာတစ္လံုး ႏွစ္လံုးကို ထပ္ကာ ထပ္ကာ ေရးေနရ၍ Tutoခန္းထဲက မထြက္လာႏိုင္ေသးေသာ JongInကို ေစာင့္ေနရသည္။
အမွတ္မရမည့္အတူတူ လက္ေညာင္းခံၿပီး ေရးမေနခ်င္။
ရမွ မရတာ။ ဆက္စဥ္းစားေနလည္း ေခါင္းကိုက္ရံုထက္ ဘာမွ ထူးလာမည္မဟုတ္။
JongInတို႔ကေတာ့ အခ်ိန္မေစ့မခ်င္း အခန္းထဲက မထြက္ ။
စာရလား ဆိုေတာ့လည္း မဟုတ္။
ဒီတိုင္းကို ထိုင္ေနတာ ျဖစ္သည္။
ဘာမွ မဟုတ္ဘဲ စာသင္ခန္းထဲမွာ ထိုင္ရတာ မေညာင္းဘူးလား မသိ။
Baekhyunဆို စာသင္ခန္းထဲ ဆရာ ဝင္လာသည္ႏွင့္ အသက္ရွဴက်ပ္တတ္သည္အထိ စာကို ခ်စ္ျမတ္ႏိုးသည္။

ခံုတန္းေလးမွာ ပ်င္းရိပ်င္းရြဲ မွီထိုင္ရင္း အၾကည့္ေတြ ဟိုဟိုသည္သည္။
ေခ်ာေခ်ာလွလွ ေကာင္မေလးေတြ ျမင္သည္ႏွင့္ အၾကည့္ေတြက အေရာင္ေတာက္ကာ၊ မ်က္ဝန္းေတြက ဘလင္း ဘလင္းျဖစ္ကုန္သည္။

အတန္းဆင္းခ်ိန္ နီးတာေၾကာင့္ ေက်ာင္းသား၊ ေက်ာင္းသူ အစုလိုက္ အဖြဲ႕လိုက္ ဟိုသည္ သြားလာေနၾကသည္။
Baekhyunမွာ တစ္ေယာက္တည္ ထိုင္ရင္း ဟိုဘက္ ၾကည့္လိုက္၊ ဒီဘက္ ငမ္းလိုက္ႏွင့္ သာယာေနသည္။

"ဝါး.....ဒီႏွစ္ first yearညီမေလးေတြ ေခ်ာလိုက္တာ...."

အေခ်ာ အလွေလးေတြ ျဖတ္သြားတိုင္း ေခါင္းေစာင္းၿပီး လိုက္ၾကည့္ေနေသာ Baekhyunမွာ ဘာပံုေပါက္ေနၿပီလည္း မသိေတာ့။

မိမိလာေနသည္ကို မျမင္ဘဲ ပါးစပ္ေဟာင္းေလာင္းႏွင့္ ေခါင္းေစာင္းၿပီး ငမ္းေၾကာထေနေသာ Baekhyunကို JongIn ခပ္တိုးတိုး က်ိန္ဆဲမိသည္။
ဒင္း ငမ္းေၾကာထတာ ကိစၥမရွိ။ ကိုယ္ကေတာ့ သူကိုယ့္ကို ၾကည့္ေနတယ္ထင္ၿပီး လက္ျပမိတာ။သူကျဖင့္ ကိုယ့္ကို အာရံုေတာင္ မရွိ။
JongInမွာသာ ရွက္အမ္းအမ္းျဖစ္ၿပီး ေဘးဘီဝဲယာကို ၾကည့္ေနရသည္။

"ေဟ့ေကာင္....သြားရည္ေတြ သုတ္ဦး..."

ခပ္ဆတ္ဆတ္ ရိုက္ခံလိုက္ရသည့္ လက္ေမာင္းမွ နာက်င္မႈကို အာရံုမထားႏိုင္။ မ်က္စိေရွ႕က သာယာလွသည့္ ျမင္ကြင္းကိုသာ ရႈစားမပ်က္။

မႏိုင္ဘူးဆိုသည့္ ပံုစံႏွင့္ ေခါင္းအသာ ရမ္းကာ Baekhyunေဘးတြင္ ဝင္ထိုင္လိုက္သည္။

Baekhyunကေတာ့ အတန္းတက္ဖို႔လည္း စိတ္ကူးရွိဟန္ မတူ။ ထိုေနရာမွာပဲ ေက်ာက္ခ်လ်က္။

JongInလည္း ကိုယ့္ကို အဖက္မလုပ္သည့္ သူအား ဥေပကၡာျပဳကာ ဖုန္းထဲ ေခါင္းစိုက္ေနရာ အခ်ိန္အေတာ္ၾကာမွန္းမသိ ၾကာခဲ့သည္။
တိတ္ဆိတ္သြားေသာ ပတ္ဝန္းက်င္ႏွင့္အတူ စာအံသံတိုးတိုး ထြက္ေပၚလာတာေၾကာင့္ ၾကည့္မိေတာ့ Baekhyunကေတာ့ ခံုကို မွီေနလ်က္က ေခါင္းေစာင္းကာ အိပ္ေပ်ာ္ေနသည္။
ေဘးဘီဝဲယာကို အကဲခတ္ၾကည့္ေတာ့မွာ မလွမ္းမကမ္း ခံုတန္းေလးမွာ ထိုင္ေနသည့္ ေယာက်္ားႏွစ္ဦး။
ထိပ္ေျပာင္ေျပာင္နဲ႔ အသက္ႀကီးႀကီးတစ္ေယာက္က Chemistry ဌာန ပါေမာကၡမွန္း JongInသိသည္။
JongInတို႔ ဌာနႏွင့္ Chemistry ဌာန္က ကပ္လ်က္ရွိသည္။
စီးပြားေရး majorက ေက်ာင္းစာၾကည့္တိုက္ႏွင့္ Chemistry ဌာနၾကားတြင္ တည္ရွိသည္။

ေဘးေစာင္းျမင္ေနရသည့္ ေက်ာင္းသားက ပါေမာကၡကို စာတမ္းဖတ္ျပေနသည္လား မသိ။ ထိုေက်ာင္းသားကို ျမင္ဖူးသလိုလိုရွိတာေၾကာင့္ ေသခ်ာစိုက္ၾကည့္ရင္း ေဘးက Baekhyunကို တံေတာင္ႏွင့္ တြတ္ကာ ႏွိုးလိုက္သည္။
အင္း အင္း အဲ အဲ အသံေပးကာ မ်က္လံုးပြင့္လာေသာ Baekhyunက...

"ဘာလဲကြာ....ငါ ညက မအိပ္လိုက္ရဘူး...."

ေစာင္းၿပီး အိပ္ထားတာေၾကာင့္ အနည္းငယ္ နာေနေသာ ဇက္ကို ဖိကိုင္ၿပီး ေျပာလိုက္ေတာ့...

"ဟိုမွာၾကည့္စမ္း....၂ေယာက္ထိုင္ေနတာ ဆံပင္ ေငြမွင္ေရာင္နဲ႔ ဘဲႀကီးကို ျမင္လား...."

JongInက တက္တက္ႂကြႂကြ ေျပာေနေသာ္လည္း Baekhyunကေတာ့ ရွံဳ႕မဲ့လ်က္...

"မင္း...သူမ်ား မေကာင္းေျပာခ်င္တာနဲ႔ ငါ့ကို ႏွိုးရသလား ငမဲေကာင္ရဲ႕...."

JongInက Baekhyunကို မၾကည္ၾကည့္ စိုက္ၾကည့္ၿပီး...

"ေသခ်ာၾကည့္....မင္း ၾကည့္မရဘူး ေျပာတဲ့ စာၾကမ္းပိုး ဘဲႀကီး....အေရာင္းအဆင္းေတြ ေျပာင္းေနတာကြ..."

ကိုယ္နဲ႔ မၾကည္တဲ့ သူဆိုေတာ့ ေသခ်ာၾကည့္ၿပီး ခ်ိဳးခ်ိဳးဖဲ့ဖဲ့ ေျပာရန္ အာရံုစိုက္လိုက္ကာမွ ထိုသူက မတ္တပ္ရပ္လိုက္ၿပီး Baekhyunတို႔ ၾကည့္ေနသည့္ဘက္ကို အနည္းငယ္ မ်က္ႏွာေစာင္းေနတာေၾကာင့္ ရွင္းရွင္းလင္းလင္း ျမင္လိုက္ရေလသည္။ ဆရာကို ႏႈတ္ဆက္ရင္း ပါးခ်ိဳင့္တစ္ဖက္ ခြက္ဝင္ေအာင္ ျပဳံးျပလိုက္သည့္ အျပံဳးေၾကာင့္ ေငးစိုက္ၾကည့္ေနေသာ Baekhyunမွာ အသက္ရႉရပ္သြားေတာ့မလို။

အရာအားလံုး ရပ္တန္႔သြားသလို။

သူ႔ကိုပဲ...သူတစ္ေယာက္တည္းပဲ လႈပ္ရွားေနၿပီး က်န္သည့္ အရာအားလံုး တိတ္ဆိတ္ကုန္ေလသည္။

ရွပ္လက္ရွည္ အျပာႏုကို တံေတာင္ဆစ္ခန္႔ လက္ေခါက္ထားၿပီး ဂ်င္းအျပာေဖ်ာ့ဖ်ာ့ႏွင့္ တြဲဝတ္ထားသည့္ လူႀကီးထံမွ အေရာင္အဝါေတြ ထြက္ေနသလို။
ေငြမွင္ေရာင္ ဆံပင္ကို အနည္းငယ္ ေကာက္ထားၿပီး နဖူးေရွ႕ ဝဲက်ေနသည္။

ေက်ာင္းစာၾကည့္တိုက္နားမွာ ေတြ႕သည့္ ပံု၊ Canteenမွာစာအုပ္ကို လက္က မခ်စတမ္း လမ္းသြားရင္း စာၾကည့္သည့္ စာၾကမ္းပိုး ဘိုးေတာ္ႏွင့္ လားလားမွ မဆိုင္။

ကိုႀကီးက ေခ်ာလိုက္တာ။

အိပ္စုံမႈန္ဝါး Baekhyunမ်က္လံုးထဲတြင္ ေငြမွင္ေရာင္ ဆံပင္ေတြႏွင့္ ကိုႀကီးက နတ္သားတစ္ပါးအလား။

"ByunBaekhyun...အသက္ထြက္သြားၿပီလား....ငါေခၚေနတာ ၾကာလွၿပီ..."

ကိုႀကီးကို ၾကည့္ေန႔သည့္ မ်က္ေစ့ေရွ႕ စာအုပ္ႀကီး တရမ္းရမ္းႏွင့္ လာကြယ္သည့္ JongInကို တစ္ခ်က္ ေကာင္းခ်ီးေပးမိသည္။

"ငိုးမ ငမဲေကာင္....သာသနာဖ်က္....ငါ့ကိုႀကီးကို ၾကည့္ေနတယ္ေလ....ေစာင္အလိုက္ကမ္းဆိုးကို မသိဘူး..."

"ဘာ....ငါ့ကိုႀကီး...."

မ်က္လံုးျပဴးကာ အလန္႔တၾကား ထေအာ္သည့္ JongInကို စိတ္ပ်က္လက္ပ်က္ ၾကည့္ၿပီး သက္ျပင္းခ်ကာ ကိုႀကီးသြားရာေနာက္ကို လိုက္ၾကည့္ေနမိသည္။
ဒီေကာင္ JongIn အသားပဲ မဲတာ မဟုတ္၊ အလန္႔တၾကားျဖစ္လၽွင္ မ်က္လံုးပါ ျပဴးထြက္လာေသးသည္။
ရုပ္ဆိုးလိုက္တာ...။
ဘယ္လိုက ဘယ္လို Baekhyuneeလို ခ်စ္စရာေကာင္းသည့္ ေကာင္ေလးႏွင့္ သူငယ္ခ်င္း ျဖစ္ေနမွန္းမသိ။
ဆံပင္စုတ္ဖြား၊ မ်က္ကြင္းညိဳညိဳႏွင့္ အိုဗာ ကြန္ဖီးဒန္႔ ျဖစ္ေနေသာ အျပံဳးကို ဆင္ျမန္းထားၿပီး ဟိုဘိုးေတာ္ သြားရာေနာက္ မ်က္ေတာင္ မခတ္တမ္း လိုက္ၾကည့္ေနေသာ Baekhyunကို ၾကည့္ကာ JongInတစ္ေယာက္ ဩခ်မိသည္။

"ByunBaekhyunရယ္.....မင္းပဲ အရင္ကေတာ့ သက္ၾကားအိုႀကီးဆို၊ ဘိုးေတာ္ဆို အခုေတာ့ ငါ့ကိုႀကီး တဲ့လား....အေျပာင္းအလဲ ျမန္လိုက္တာ....ငါတကယ္ အံ့ဩတယ္..."

......

#tbc

တစ်နေ့ တစ်နေ့ ကျောင်းသွားဖို့ အာပေါက်မတတ် ပြောနေရသော သားတော်မောင်အား စက်တော်ခေါ်နေရာမှ ထ,တော်မူရန် ရွှေနားတော်သွင်းရဦးမည် ဖြစ်တာကြောင့် အပေါ်ထပ် တက်လာပြီး Baekhyunအိပ်ခန်းဆီ ဦးတည်လာခဲ့သည်။

အခန်းတံခါးဖွင့်လျှင်ဖွင့်ချင်း မြင်တွေ့လိုက်ရသော အရာကြောင့် အလန့်တကြား ဖြစ်သွားရပြီး လန့်ဖြန့်သွားသော ကိုယ့်လိပ်ပြာ ကိုယ် အသာပြန်ခေါ်ရသည်။

"အဲ့တာ ဘယ်လိုဖြစ်နေတာလဲ ByunBaek...."

ပြူးကြောင်ကြောင် လာကြည့်သည့် မျက်ဝန်းတွေက အသိမရှိတော့သလို ကြောင်တောင်တောင်။
နဖူးပေါ် အုပ်နေသည့် ဆံပင်တို့ကတော့ အခုတော့ ဖွာလန်ကျဲကာ ငှက်သိုက်ကဲ့သို့။
မျက်ခွံဖောင်းဖောင်းလေးတွေနှင့် မျက်လုံးမှေးမှေးလေးက ခုတော့ မျက်ကွင်းတို့ ညိုမဲလျက်။
ကြောင်စီစီ မျက်ဝန်းတွေက အိပ်ရေးမဝဟန်။
အိပ်ရာ စောင်ပုံထဲဝယ် ငုတ်တုပ်ထိုင်ပြီး လက်ထဲတွင် စာအုပ်တစ်အုပ်နှင့်။

"ဂိမ်းကို ညလုံးပေါက်တွေ ဆော့ပြန်ပြီလား...နင့်ဖေဖေရှိတယ်နော်...ငါတိုင်လိုက်ရမလား...."

မျက်ကွင်းညိုညို စုတ်ဖွာဖွာလေးနှင့် စာအုပ်ကို စိုက်ကြည့်နေရာမှ လေသံအနည်းမာလာတော့ နှုတ်ခမ်းပါးလေးတွေက ကွေးညွှတ်ကာ ငိုချတော့မည့်ဟန်။
တကယ့် ခွေးပေါက်လေး။

"မေမေ...*sob ....သား ညက ဂိမ်းနည်းနည်းဆော့မိတာ...*sob...နာရီကြည့်လိုက်တော့ ၄နာရီထိုးသွားတာ...*sob...သားက ခဏပဲ ဆော့တာကို...*sob...ပြီးတော့ အိပ်မလို့ဆိုပြီး...Tutorialဖြေရမှာကို သတိရလို့ စာကြည့်နေရတာ....*sob...သား မအိပ်ရသေးဘူး....."

မျက်ရည်လေး ဝေ့သီကာ ရှိုက်သံတွေနှင့် ပြောနေတာကြောင့် ဆူငေါက်မည့် စကားတို့က ပေါက်ကွယ်ကုန်သည်။

"ခါတိုင်းလည်း ကူးချနေတာပဲ မဟုတ်ဘူးလား....အခုမှ အထူးအဆန်းလုပ်လို့..."

ပြောလိုက်ကာမှ ငိုချလိုက်သော သားဖြစ်သူကြောင့် Byun MaMaမှာ ဘာလုပ်လို့ လုပ်ရမှန်းကို မသိ။
မဆိုသလောက်လေး လေသံမာမိသည်ကို မနက်စောစော ထငိုနေသည့် သားဖြစ်သူကြောင့်...

"တခြား majorတွေဆို ကူးလို့ ရတယ်....*sob...အခု trက တစ်ခုံမှာ ၂ယောက်ပဲ ထိုင်ခိုင်းပြီး စာအုပ်တွေကို အပြင်မှာ ထားခဲ့ရတော့ ကူးလို့ မရတော့ဘူး....*sob...."

သူ့ဘာသာ စာမရလို့ ငိုချင်နေသူကို လက်တို့မိလျက်သား။
တစ်ညလုံး ဂိမ်းဆော့နေတာကြောင့် ဆူရမည့် စကားတို့ပါ ပျောက်ရှလျက်။

"ရေမိုးချိုးပြီး ဆင်းလာခဲ့တော့ မနက်စာစားရအောင်....အခုမှ ကြည့်နေလို့ အဲ့စာက တော်တော်ရနေမယ်...."

ပါးပြင်ထက်က မျက်ရည်တို့ မခြောက်သေးသော ငိုမဲ့မဲ့ မျက်နှာလေးနှင့်....

"ဟုတ်....မေမေ့...ဖေ့ကို သား ဂိမ်းဆော့တာ မပြောနဲ့နော်....ပြီးတော့ မေမေက နင်နဲ့ ငါ လို့ ပြောလို့ သား စိတ်မကောင်းဖြစ်သွားပြီ....ဖေဖေက ထပ်ဆူရင် သား Tutoဖြေနိုင်မှာမဟုတ်တော့ဘူး..."

"အမယ်လေး....ByunBaekhyunရယ်....ပြောပုံက မသိရင်တော့ အဆူမခံရရင် စာရမယ်ဆိုတဲ့ သဘော...ဟုတ်မှလည်း လုပ်..."

ဆူဆူပူပူနှင့် ပြောပြီး အောက်ထပ်ဆင်းသွားသည်နှင့် Baekhyunလေး ကျောင်းသွားဖို့ ပြင်ရတော့သည်။
စာရတာ၊မရတာ အသာထားလို့ roll callလေး ရတယ်ဆိုရင်ကို မဆိုးသေးပါဘူး ဆိုသော အတွေးနှင့်။
ရေမိုးချိုးပြီး ပေါ့ပေါ့ပါးပါး အဖြူရောင် ရှပ်တစ်ထည်နှင့် ဂျင်းအနက်ရောင်ကို တွဲဝတ်လိုက်သည်။
မှန်ထဲက ကိုယ့်ရုပ်သွင်ကို မြင်ရတော့ နည်းနည်းစိတ်ညစ်သွားမိသည်။
ညိုမဲနေသော မျက်ကွင်းတွေ သိသိသာသာ။
မအိပ်ရသေးသည့် မျက်ဝန်းတွေက ကြောင်စီစီ။
ရေချိုးရင်း ခေါင်းပါ လျှော်လာတာမို့ ရေခြောက်အောင် သုတ်ထားသော ဆံပင်အုပ်အုပ်လေးကို လက်ဖြင့် တစ်ချက် နှစ်ချက် ဖွပြီး ကျောပိုးအိတ်ဆွဲကာ အောက်ဆင်းခဲ့သည်။

အောက်ထပ် ထမင်းစားခန်းထဲတွင် ကော်ဖီသောက်နေသည့် ဖေဖေ ကိုယ့်မျက်နှာကို တတ်နိုင်သမျှ မမြင်စေရန် မျက်နှာလွှဲကာ စားပွဲပေါ်ရှိ ပေါင်မုန့် ထောပတ်သုတ်ကို ထုံးစံမပြတ် မတ်တပ်ရပ်နှင့်ပင် စားပြီး ကော်ဖီနှင့် မျောချကာ မေမေတို့ကို နှုတ်ဆက်ပြီး ပြေးထွက်ခဲ့ရသည်။
.
.
ကျောင်းတက်ရတာကို အဆင်ငမ်းရတာလောက် စိတ်မဝင်စားသည့် Baekhyunအတွက် Tutorialအလွတ်ဖြေရသည့် ဒီmajorက စိတ်ပျက်ဖွယ်အတိ။
အခုလည်း roll call ထိုးပြီး ဖြေရမည့် ခေါင်းစဉ်ကိုသာ ရေးချခဲ့နိုင်သည်။
မနက်က ကြည့်ထားသည့် စာကလည်း ဘဲဥ အစဖော်မရသလို တစ်လုံးမှပင် မမှတ်မိ။
တစ်ညလုံး မအိပ်ထားရတာကြောင့် မူးနောက်ရီဝေနေသော ခေါင်းက ဘာမှကို စဉ်းစား၍ ထွက်မလာ။
စာတွေက သစ္စာကို မရှိ။
စာကြည့်ထားရက်နှင့် မဖြေနိုင်တာ ဖြစ်သင့်ပါရဲ့လား။
ကိုယ်က ကြိုးစားပြီး စာကြည့်ပါသော်လည်း တကယ်တမ်း ဖြေသည့်အခါ မမှတ်မိတော့။
ဒီလို သစ္စာမရှိတာကြောင့် အဲ့ဒီစာတွေကို Baekhunလေးက မကျက်ချင်တာ။

အတန်း အပြင်ဘက် သစ်ပင်အောက်က ခုံတန်းလေးမှာ ထိုင်ရင်း ရထားသည့် စာတစ်လုံး နှစ်လုံးကို ထပ်ကာ ထပ်ကာ ရေးနေရ၍ Tutoခန်းထဲက မထွက်လာနိုင်သေးသော JongInကို စောင့်နေရသည်။
အမှတ်မရမည့်အတူတူ လက်ညောင်းခံပြီး ရေးမနေချင်။
ရမှ မရတာ။ ဆက်စဉ်းစားနေလည်း ခေါင်းကိုက်ရုံထက် ဘာမှ ထူးလာမည်မဟုတ်။
JongInတို့ကတော့ အချိန်မစေ့မချင်း အခန်းထဲက မထွက် ။
စာရလား ဆိုတော့လည်း မဟုတ်။
ဒီတိုင်းကို ထိုင်နေတာ ဖြစ်သည်။
ဘာမှ မဟုတ်ဘဲ စာသင်ခန်းထဲမှာ ထိုင်ရတာ မညောင်းဘူးလား မသိ။
Baekhyunဆို စာသင်ခန်းထဲ ဆရာ ဝင်လာသည်နှင့် အသက်ရှူကျပ်တတ်သည်အထိ စာကို ချစ်မြတ်နိုးသည်။

ခုံတန်းလေးမှာ ပျင်းရိပျင်းရွဲ မှီထိုင်ရင်း အကြည့်တွေ ဟိုဟိုသည်သည်။
ချောချောလှလှ ကောင်မလေးတွေ မြင်သည်နှင့် အကြည့်တွေက အရောင်တောက်ကာ၊ မျက်ဝန်းတွေက ဘလင်း ဘလင်းဖြစ်ကုန်သည်။

အတန်းဆင်းချိန် နီးတာကြောင့် ကျောင်းသား၊ ကျောင်းသူ အစုလိုက် အဖွဲ့လိုက် ဟိုသည် သွားလာနေကြသည်။
Baekhyunမှာ တစ်ယောက်တည် ထိုင်ရင်း ဟိုဘက် ကြည့်လိုက်၊ ဒီဘက် ငမ်းလိုက်နှင့် သာယာနေသည်။

"ဝါး.....ဒီနှစ် first yearညီမလေးတွေ ချောလိုက်တာ...."

အချော အလှလေးတွေ ဖြတ်သွားတိုင်း ခေါင်းစောင်းပြီး လိုက်ကြည့်နေသော Baekhyunမှာ ဘာပုံပေါက်နေပြီလည်း မသိတော့။

မိမိလာနေသည်ကို မမြင်ဘဲ ပါးစပ်ဟောင်းလောင်းနှင့် ခေါင်းစောင်းပြီး ငမ်းကြောထနေသော Baekhyunကို JongIn ခပ်တိုးတိုး ကျိန်ဆဲမိသည်။
ဒင်း ငမ်းကြောထတာ ကိစ္စမရှိ။ ကိုယ်ကတော့ သူကိုယ့်ကို ကြည့်နေတယ်ထင်ပြီး လက်ပြမိတာ။သူကဖြင့် ကိုယ့်ကို အာရုံတောင် မရှိ။
JongInမှာသာ ရှက်အမ်းအမ်းဖြစ်ပြီး ဘေးဘီဝဲယာကို ကြည့်နေရသည်။

"ဟေ့ကောင်....သွားရည်တွေ သုတ်ဦး..."

ခပ်ဆတ်ဆတ် ရိုက်ခံလိုက်ရသည့် လက်မောင်းမှ နာကျင်မှုကို အာရုံမထားနိုင်။ မျက်စိရှေ့က သာယာလှသည့် မြင်ကွင်းကိုသာ ရှုစားမပျက်။

မနိုင်ဘူးဆိုသည့် ပုံစံနှင့် ခေါင်းအသာ ရမ်းကာ Baekhyunဘေးတွင် ဝင်ထိုင်လိုက်သည်။

Baekhyunကတော့ အတန်းတက်ဖို့လည်း စိတ်ကူးရှိဟန် မတူ။ ထိုနေရာမှာပဲ ကျောက်ချလျက်။

JongInလည်း ကိုယ့်ကို အဖက်မလုပ်သည့် သူအား ဥပေက္ခာပြုကာ ဖုန်းထဲ ခေါင်းစိုက်နေရာ အချိန်အတော်ကြာမှန်းမသိ ကြာခဲ့သည်။
တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်နှင့်အတူ စာအံသံတိုးတိုး ထွက်ပေါ်လာတာကြောင့် ကြည့်မိတော့ Baekhyunကတော့ ခုံကို မှီနေလျက်က ခေါင်းစောင်းကာ အိပ်ပျော်နေသည်။
ဘေးဘီဝဲယာကို အကဲခတ်ကြည့်တော့မှာ မလှမ်းမကမ်း ခုံတန်းလေးမှာ ထိုင်နေသည့် ယောကျ်ားနှစ်ဦး။
ထိပ်ပြောင်ပြောင်နဲ့ အသက်ကြီးကြီးတစ်ယောက်က Chemistry ဌာန ပါမောက္ခမှန်း JongInသိသည်။
JongInတို့ ဌာနနှင့် Chemistry ဌာန်က ကပ်လျက်ရှိသည်။
စီးပွားရေး majorက ကျောင်းစာကြည့်တိုက်နှင့် Chemistry ဌာနကြားတွင် တည်ရှိသည်။

ဘေးစောင်းမြင်နေရသည့် ကျောင်းသားက ပါမောက္ခကို စာတမ်းဖတ်ပြနေသည်လား မသိ။ ထိုကျောင်းသားကို မြင်ဖူးသလိုလိုရှိတာကြောင့် သေချာစိုက်ကြည့်ရင်း ဘေးက Baekhyunကို တံတောင်နှင့် တွတ်ကာ နှိုးလိုက်သည်။
အင်း အင်း အဲ အဲ အသံပေးကာ မျက်လုံးပွင့်လာသော Baekhyunက...

"ဘာလဲကွာ....ငါ ညက မအိပ်လိုက်ရဘူး...."

စောင်းပြီး အိပ်ထားတာကြောင့် အနည်းငယ် နာနေသော ဇက်ကို ဖိကိုင်ပြီး ပြောလိုက်တော့...

"ဟိုမှာကြည့်စမ်း....၂ယောက်ထိုင်နေတာ ဆံပင် ငွေမှင်ရောင်နဲ့ ဘဲကြီးကို မြင်လား...."

JongInက တက်တက်ကြွကြွ ပြောနေသော်လည်း Baekhyunကတော့ ရှုံ့မဲ့လျက်...

"မင်း...သူများ မကောင်းပြောချင်တာနဲ့ ငါ့ကို နှိုးရသလား ငမဲကောင်ရဲ့...."

JongInက Baekhyunကို မကြည်ကြည့် စိုက်ကြည့်ပြီး...

"သေချာကြည့်....မင်း ကြည့်မရဘူး ပြောတဲ့ စာကြမ်းပိုး ဘဲကြီး....အရောင်းအဆင်းတွေ ပြောင်းနေတာကွ..."

ကိုယ်နဲ့ မကြည်တဲ့ သူဆိုတော့ သေချာကြည့်ပြီး ချိုးချိုးဖဲ့ဖဲ့ ပြောရန် အာရုံစိုက်လိုက်ကာမှ ထိုသူက မတ်တပ်ရပ်လိုက်ပြီး Baekhyunတို့ ကြည့်နေသည့်ဘက်ကို အနည်းငယ် မျက်နှာစောင်းနေတာကြောင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ ဆရာကို နှုတ်ဆက်ရင်း ပါးချိုင့်တစ်ဖက် ခွက်ဝင်အောင် ပြုံးပြလိုက်သည့် အပြုံးကြောင့် ငေးစိုက်ကြည့်နေသော Baekhyunမှာ အသက်ရှူရပ်သွားတော့မလို။

အရာအားလုံး ရပ်တန့်သွားသလို။

သူ့ကိုပဲ...သူတစ်ယောက်တည်းပဲ လှုပ်ရှားနေပြီး ကျန်သည့် အရာအားလုံး တိတ်ဆိတ်ကုန်လေသည်။

ရှပ်လက်ရှည် အပြာနုကို တံတောင်ဆစ်ခန့် လက်ခေါက်ထားပြီး ဂျင်းအပြာဖျော့ဖျာ့နှင့် တွဲဝတ်ထားသည့် လူကြီးထံမှ အရောင်အဝါတွေ ထွက်နေသလို။
ငွေမှင်ရောင် ဆံပင်ကို အနည်းငယ် ကောက်ထားပြီး နဖူးရှေ့ ဝဲကျနေသည်။

ကျောင်းစာကြည့်တိုက်နားမှာ တွေ့သည့် ပုံ၊ Canteenမှာစာအုပ်ကို လက်က မချစတမ်း လမ်းသွားရင်း စာကြည့်သည့် စာကြမ်းပိုး ဘိုးတော်နှင့် လားလားမှ မဆိုင်။

ကိုကြီးက ချောလိုက်တာ။

အိပ်စုံမှုန်ဝါး Baekhyunမျက်လုံးထဲတွင် ငွေမှင်ရောင် ဆံပင်တွေနှင့် ကိုကြီးက နတ်သားတစ်ပါးအလား။

"ByunBaekhyun...အသက်ထွက်သွားပြီလား....ငါခေါ်နေတာ ကြာလှပြီ..."

ကိုကြီးကို ကြည့်နေ့သည့် မျက်စေ့ရှေ့ စာအုပ်ကြီး တရမ်းရမ်းနှင့် လာကွယ်သည့် JongInကို တစ်ချက် ကောင်းချီးပေးမိသည်။

"ငိုးမ ငမဲကောင်....သာသနာဖျက်....ငါ့ကိုကြီးကို ကြည့်နေတယ်လေ....စောင်အလိုက်ကမ်းဆိုးကို မသိဘူး..."

"ဘာ....ငါ့ကိုကြီး...."

မျက်လုံးပြူးကာ အလန့်တကြား ထအော်သည့် JongInကို စိတ်ပျက်လက်ပျက် ကြည့်ပြီး သက်ပြင်းချကာ ကိုကြီးသွားရာနောက်ကို လိုက်ကြည့်နေမိသည်။
ဒီကောင် JongIn အသားပဲ မဲတာ မဟုတ်၊ အလန့်တကြားဖြစ်လျှင် မျက်လုံးပါ ပြူးထွက်လာသေးသည်။
ရုပ်ဆိုးလိုက်တာ...။
ဘယ်လိုက ဘယ်လို Baekhyuneeလို ချစ်စရာကောင်းသည့် ကောင်လေးနှင့် သူငယ်ချင်း ဖြစ်နေမှန်းမသိ။
ဆံပင်စုတ်ဖွား၊ မျက်ကွင်းညိုညိုနှင့် အိုဗာ ကွန်ဖီးဒန့် ဖြစ်နေသော အပြုံးကို ဆင်မြန်းထားပြီး ဟိုဘိုးတော် သွားရာနောက် မျက်တောင် မခတ်တမ်း လိုက်ကြည့်နေသော Baekhyunကို ကြည့်ကာ JongInတစ်ယောက် ဩချမိသည်။

"ByunBaekhyunရယ်.....မင်းပဲ အရင်ကတော့ သက်ကြားအိုကြီးဆို၊ ဘိုးတော်ဆို အခုတော့ ငါ့ကိုကြီး တဲ့လား....အပြောင်းအလဲ မြန်လိုက်တာ....ငါတကယ် အံ့ဩတယ်..."

......

#tbc

Continue Reading

You'll Also Like

414K 28.8K 21
[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်...
705K 40.5K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
223K 30.3K 20
My Third Story💜 (Own creation) Title:: T.D.A (နတ်ဆိုးအရှင်၏အဏ္ဏဝါ ) Total chapters:: Ongoing. Genere:: Merman , Gods and Devils Fantasy Romance. ,Co...
180K 1.8K 10
မင်းနဲ့ ပတ်သတ်တဲ့အရာရာတိုင်းကကိုယ့်အပိုင်ပဲဖြစ်ရမယ်ငယ် ရှိန်းစက္ကမင်း ကျွန်တော်ကိုကို ထားမသွား၍ ကိုကိုအနားမှာပဲရှိန...