Mafia Leader Kim ( Uni+Zaw)

By fireflyskylight

181K 24.9K 2.8K

Mafia Leader Kim နဲ့ စုံထောက်လေး Do Kyung Soo Secret Mission တစ်ခု အတွက် Mafia အဖွဲ့ ထဲ ကို ဝင်သွားတဲ့ Kyung... More

အပိုင်း(၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း(၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း(၂၂)
အပိုင်း (၂၄)
အပိုင်း ၂၅ (Z+U)
အပိုင်း (၂၆)
အပိုင်း (၂၇)
Final Part

အပိုင်း(၂၃) Unicode +Zawgyi

4.5K 510 76
By fireflyskylight

Kyung Soo တစ်ယောက် Black Diamond ဆိုတဲ့ Folder ကို ဖွင့်ရင်း အကြာကြီး ငေးနေ မိသည် ထို အဖွဲ့ ထဲ မှာ mission လုပ်နေတုန်း သိခဲ့ တဲ့ အကြောင်း အရာ တွေ နဲ့ အသတ် ခံရတဲ့ သူတွေ နောက်ကြောင်း ကို ပြန်ကြည့်ရင်း Kyung Soo စိတ်တွေ ရှုပ်ထွေး နေမိသည်..

အခု Black Diamond အဖွဲ့ရဲ့ လုပ်ကြံ မှု့တွေ ကို ခံရတဲ့ သူတွေ အကုန် လုံး က နောက်ကြောင်း မကောင်း သူတွေ ချည်း ပင် နောက်ကြောင်း မကောင်း တဲ့ နာမည်ကြီးတွေ ရဲဘက် ကနေ ဘယ်လို မှ မချုပ်ကိုင် နိုင်ခဲ့တဲ့ လူစုတွေ ကိုချည်း ရွေးပြီး ရှင်းခဲ့ တာ မဟုတ်လား

ဒီ နည်းလမ်းက ရုတ်တရက် တွေးရင် ဒီလူတွေ က မရှိသင့်ဘူး ဆိုတာ မှန်ပေမယ့် တရားဥပဒေ အရ ဆိုရင်တော့ အခုလိုလုပ်ရပ် မျိုးက လွဲမှားနေတာ အမှန်ပင်

~ Kyung Soo ahhh

အခန်းထဲကို ဝင်လာတဲ့ Baekhyun ခေါ်သံကြောင့် Kyung Soo အတွေးတွေ ထဲကနေ ရုန်းထွက်ရင်း လှည့်ကြည့် လိုက်သည်

Baekhyun မျက်နှာ ကို ကြည့်ကတည်း က Baekhyun လည်း စိတ်တွေရှုပ်ထွေးနေတာ အသိသာကြီးပင် Kyung Soo လိုဒီနေ့ ရုံးတောင် မလာနိုင် ဘူး မဟုတ်လား

~ အင်း

~ ငါတို့ ဒီ အကြောင်း ကို ဆက်ဖုံးကွယ်ထား လို့အဆင်ပြေပါ့မလား ရုံးချုပ်က သိရင် ငါတို့ ပြသနာ တက်မယ် ထင်တယ် ဒီအကြောင်း ကိုတွေးပြီး ငါ အိပ်ကို မပျော်ဘူး

Baekhyun အပြောကြောင့် Kyung Soo သက်ပြင်း ချလိုက် မိသည် သူတို့ ပုခုံးပေါ် ရောက်နေတဲ့ တာဝန်က လေးလံလွန်းလှ သည်ကိုး

~ ငါ လည်း သူတို့ကို မသင်္ကာ ဘူး ဒီကိုရောက်လာတာ အကြောင်း တစ်ခု ကတော့ သေချာပေါက်ရှိတယ် အရင် တခါ ကြားခဲ့ ရတဲ့ နောက်ဆုံး mission ဆိုတာလေ

~ အင်း ဝန်ကြီး ဆိုတာ

~ ဟုတ်တယ် အဲဒါကို ငါတို့ ရအောင် တားနိုင် မှ ဖြစ်မယ် အခု အခြေ အနေက အကုန်လုံးက ငါတို့ mission အောင်ပြီး black diamond က ကျသွား ပြီ လို့ဘဲ သိထား တာ ဆိုတော့ သူတို့ ID ကိုလည်း ငါတို့ ဖော်နိုင်မှ ဖြစ်မယ် ထင်တယ်

Kyung Soo ပြောရင်း Baekhyun ကိုကြည့်တော့ ၂ ယောက်သား အကြည့် ချင်း ဆုံးကာ ငြိမ်သက် သွားသည်

ရင်ထဲ မှာလေးလံ နေတာ ၂ ယောက် လုံး အသိကိုး

~~~~~~~******~~~~~~~

~ Hol... Princess ရဲ့ နှုတ်ခမ်း လေးက so sweet ဘဲ

လက်ထဲ သေနတ် ကို ဆော့ကစားရင်း ပြောလိုက် တဲ့ Kai စကား ကြောင့် ကျည် တွေ ကို ဘူးထဲ ထည့်နေတဲ့ Sehun မျက်မှောင်ကျုံ့သွား သည်

~ တကယ်ဆို လတ်စ သတ်ရတော့မှာ သူတို့ကို လေ

Sehun အပြောကြောင့် Kai အကြည့်စူးစူး တွေ က ဖျက်ခနဲ့

~ အာ So Sorry ငါတို့ Leader Kim က falling in love ဖြစ်နေ တာ ကို မေ့သွား တာ ဘဲ

Sehun က အလေးပြု သလို လုပ်ကာ ပြောလိုက်တော့ Kai က အသံ တိတ် ဆဲလိုက် လေသည်

~ သတင်း ရပြီ

အခန်းတံခါး ကို ဆွဲဖွင့်ကာ အလောတကြီး ဝင်လာရင်း ပြောလိုက်တဲ့ ChanYeol ကြောင့် ၂ ယောက်လုံး stand by ဖြစ်သွား ကြသည်

~ အခု ကနေ နောက်တစ်ပတ်နေရင် လူထု ဟောပြောပွဲ ရှိတယ် တဲ့

~ ဆိုလိုတာက

~ ငါတို့ သူ့ကို အာ့မှာ ရှင်းပြီး mission ကို အပြီး သတ်ကြတာပေါ့

Kai ပြောလိုက်တော့ Sehun ရော ChanYeol ရော ခေါင်းငြိမ့် မိကြသည်

~ ဒါပေမယ့် တစ်ခု သတိ ထား ရမှာက ဒီဟာက အရမ်း အန္တရာယ် များလောက် တယ် ဆိုတာဘဲ

Sehun က တွေးဆ သလိုပြောတော့ ChanYeol လည်းခေါင်းငြိမ့်မိသည်

~ အားနည်း ချက်က ငါတို့ကို သေချာ သိနေတဲ့ သူတွေ ရှိနေတာ ဘဲ

ChanYeol စကားကြောင့် ၃ ယောက်လုံး ငြိမ်သွားကြသည်

ဒီတစ်ခါ တစ်စက်လေး တောင်မှ မှားလို့ မဖြစ် ဘူး မဟုတ် လား

~~~~~~~~*******~~~~~~~~~

~ ငါ လိုတာတွေ သွားဝယ်ပြီးပြန်တက် လာခဲ့ မယ် တံခါးစေ့ထား လိုက်မယ်

Baekhyun က မီးဖို ခန်းထဲ အလုပ်ရှုပ်နေတဲ့ Kyung Soo ကို တစ်ချက် လှမ်းအော်ရင်း ကတ်ကို ယူကာ ထွက်လာခဲ့သည်

ခေါင်းထဲ မှာ Kyung Soo ဝယ်ဖို့ မှာလိုက်တာ တွေ မမေ့အောင် လည်း ခပ်တိုးတိုးရွတ်နေရသည် တော်ကြာ မေ့သွားရင် တစ်ခေါက် ထပ်သွား ရရင် ခက်ချေတော့ မည် လေ

ဓာတ်လှေကားထဲ ဝင်ပြီး Ground floor ကို နှိပ်လိုက်တော့ လှေကား ပိတ်ခါနီး လှိုဝင်လာတဲ့ လက်တစ်စုံ

ပိတ်ခါနီး ဆဲဆဲ လှေကား က ပြန်ဖွင့် သွားပြီး ဝင်လာတဲ့ တစ်စုံ တစ်ယောက် ဆီက ဖျက်ခနဲ့ ရလိုက်တဲ့ ကိုယ်သင်း နံ့ကြောင့် Baekhyun မော့မကြည့် ဘဲ ဘယ်သူ မှန်း တန်းသိ နေသည်

​ဓာတ်လှေကား ရဲ့ ဒေါင့်မှာ ကပ်ရပ်နေရင်း Baekhyun အသံ ရှုသံတောင် မထွက်လောက်အောင် ထိ ငြိမ်သက် နေမိသည်

တဒုန်းဒုန်း မြည်နေတဲ့ အလိုက် မသိတဲ့ ရင်ခုန် သံက ကျယ်လောင်နေပေမယ့် ပေါ့

~ ကျစ်

ဟိုဘက်က စိတ်မရှည် သလို ထွက်လာတဲ့ အသံကြောင့် Baekhyun လှညိ့ကြည့် မိလိုက် တော့ သူ့စိတ်တွေ အကုန်လုံး blank ဖြစ်သွားသည်

ဦးနှောက်ထက် နှလုံးသား က အစွမ်း ထက်နေသော အခါ

အကုန် လုံး ကို မေ့သွား ပြီး လူက စိတ်ပါ အညှို့ ခံ လိုက် ရသလို ဖြစ်ကာ

သူ့အား စိုက်ကြည့် နေသော လူသား ဆီ အမြန် ဆုံး လှမ်းသွားရင်း ခြေဖျားထောက်ကာ မျက်နှာချောချော ကို ထိန်းကိုငိရင်း အနမ်းတွေ အငမ်း မရ ပေးနေမိသည်

ရုတ်တရက် Channie ကြောင်သွား တယ် ဆိုတာ Baekhyun သိသည် ဒါပေမယ့် စက္ကန့်ပိုင်းလေးတောင် မကြာလိုက် ခင်မှာပင် Baekhyun ရဲ့ ခါးသေးသေး တွေ ကို ကျစ်နေအောင် လာဖက် တဲ့ လက်တစ်စုံကြောင့် Baekhyun အငမ်း မရ နမ်းနေရင်း နဲ့ မှ ပြုံး မိသွား သည် နမ်းနေရင်းခြေဖျား ထောက် ရတာ ညောင်း လာတော့ အသာ ရုန်းမယ် လုပ်တော့ အထာကို ကြိုသိနေတဲ့ Channie က သူ့ ခြေထောက် နှစ်ချောင်း ကို ခါးမှာ ချိတ်တွယ် စေရင်း အနမ်းတွေ ကို ပိုမို နက်နဲ့ စေလိုက်သည်

အင်း ဒီနေ့ မှ ဓာတ်လှေကား က ကြာနေသလိုဘဲ

တကယ်တော့ သူ အနမ်းမှာ မျောနေ လို့ သာလျင် အောက်ထပ် ရောက်နေတာ မသိတာ ဖြစ်မည်

ပြီးတော့ Kyung Soo မှာလိုက်တဲ့ ဟာတွေ ကို အကုန်မေ့သွားပြီ

နေပါစေတော့ Kyung Soo ကိုရော ဟင်းချက်စရာတွေ ကိုရော mission တွေကိုရော အကုန် ခန တော့ မေ့ထားချင်သည်

~~~~~~~~~*******|~~~~~~~

~သွားတာလည်း ကြာလိုက်တာ မင်းကိုစောင့်နေရင်း ငါပါ အသက်ကြီး သလိုဖြစ်သွား သလိုဘဲ

ဟင်းအိုးမွှေနေရင်း ခြေသံ ကြားတော့ Kyung Soo နောက်လှည့် မကြည့်ဘဲ ပြောလိုက် လေသည်

~ တကယ် အဘိုးကြီး ဖြစ်နေတာ ဘဲ !!

အနောက်က ခပ်ဩဩ ထွက်လာတဲ့ အသံကြောင့် Kyung Soo လက်ထဲက ဇွန်းပါ ကျသွား လေသည်

~ Ohh TakeCare Princess !! အပူလောင် မယ်လေ

အနောက်က စိုးရိမ်သလိုပြောလာသည့် အသံကြောင့် Kyung Soo မျက်မှောင်ကုတ်ကာ လှည့်ကြည့် မိတော့ သူတို့ ထမင်း စားပွဲ ပေါ်ကို တက်ထိုင် နေတဲ့ Leader Kim

ကျစ် ထိုင်ခုံရှိတာ ကို မထိုင်ဘဲ စားပွဲ ပေါ် တက် ထိုင် နေတာ က အမြင် ကတ် စရာကောင်းလှ ချည်ရဲ့

~ တကယ် အဘိုးကြီးဖြစ်သွားတာ ဘဲ

~ ဘာပြောတယ် !!

~ ဟုတ်တယ် လေ

ပြောရင်း ဟက် ခနဲ့ တစ်ချက် ရယ်လိုက်တော့ ပါးချိုင့်တုလေး ထင်းခနဲ့ ပေါ်လာတော့ Kyung Soo ငေးခနဲ့ ဖြစ်သွားသည်

ဒီရောက်မှ ခနခန လာရယ်ပြနေတာဘဲ

​~ ကြည့်ရတာ Princess က ကိုယ့်ကို လွမ်းနာ ကျပြီး တအားလွမ်းနေခို့ ထင်ပါရဲ့ ဆယ်နှစ်စာလောက် ပိုအို သွား သလိုဘဲ

Leader Kim အပြော ကြောင့် Kyung Soo မျက်စောင်း ထိုးလိုက် သည်

~မဖြစ်နိုင်တာ ဘဲ ကို

ခပ်တိုးတိုး ပြောရင်း လုပ်လက်စ ဟင်းအိုး ကို ဆက်လုပ်ဖို့ ပြင်လိုက်သည်

Leader Kim ကို စကားပြောနေလည်း အကျိုးရှိတာ မှ မဟုတ်ဘဲ

Baekhyun ပြန်လာကာ မှ တံခါး မပိတ်ဘဲ ထွက်သွားတဲ့ အကြောင်း ကို ရန်တွေ့ ရဦးမယ်

~ ကိုယ် က Princess ရဲ့ ကိုယ်သင်း နံ့လေး ကို လွမ်းနေတာ

အနောက် ကနေ ခပ်တင်းတင်း လာဖက် ရင်း Kyung Soo ရဲ့ လည်ပင်း ကို လာနမ်း တာကြောင့် လူက တွန့်ခနဲ့

~ Aishhi ခင်ဗျား ဘာလုပ် တာလဲ Leader Kim

~ အာ့လို ရန်တွေ့ သံလေးကိုရောဘဲ

ခပ်တိုးတိုး ပြောလာတဲ့ သူ့စကားကြောင့် Kyung Soo ရုန်းနေရာ ကနေ ခန တော့ ငြိမ်သွား မိသည်

သူငြိမ်နေတာ ကို အခွင့် ယူပြီး Leader Kim က မီးဖို ကို လှမ်းပိတ်ကာ Kyung Soo ကို ပွေ့ရင်း ထမင်းစား စားပွဲပေါ် တင်လိုက်သည်

~ အာ ခင်ဗျား ဘာလုပ်

~ ငြိမ် ငြိမ်နေစမ်း ပါ

Kyung Soo အား တစ်ချက် ပြောလိုက်​တော့ ရုတ်တရက် ငြိမ်ကျသွားသည်

Kyung Soo ငြိမ်တယ် ဆိုတာ က ကြောက်လို့ မဟုတ်

အကြည့်ချင်း စုံမိတော့ ပြောစရာတွေ ပျောက်ရှ သွားတာ ပင်

အာ့တော့ Leader Kim က Kyung Soo စားပွဲ ပေါ် ထိုင် နေတဲ့ Kyung Soo က စားပွဲ အမြင့်ကြောင့် Leader Kim ထက် အရပ်လေး ယောင်ယောင် လေး မြင်နေ တာကို သဘော ကျ သလို ကြည့်ကာ အသာ​လေး လှစ်ခနဲ့ ပြုံး လိုက်ရင်း

~ တစ်ခါ တစ်လေ တော့ Princess ကို ကိုယ် မေ့ာကြည့် ချင် လို့

~ ဘာကိုမော့ကြည့်

Kyung Soo စကား မဆုံး ခင် Leader Kim က သူ့ခါး ထဲ က သေနတ် ကို ထုတ်ပြီး Kyung Soo မျက်နှာပေါ် ပွတ်တိုက်ကာ လာကစား တာကြောင့် Kyung Soo မျက်နှာလေး ရှုံ့ နေ မိသည် 

Kyung Soo သု့ မျက်နှာ ပေါ်  မှာ လာထိနေတဲ့ သေနတ် ကို ဖျက်ခနဲ့ လက်တစ်ဖက်က လှမ်းဆွဲ ရင်း နောက် လက်တစ်ဖက်က Leader Kim ရဲ့   အင်္ကျီ စ ကို ခပ်ဖွဖွ ဆွဲကာ ကိုယ်ကို အရှေ့ကိုင်း လိုကိ ရင်း Leader Kim ရဲ့ညာဘက် ပါးကို ခပ်ဖွဖွ အနမ်း ပေးလိုက် သည်

~ Ohhh Princess !!!! You kissed me

Leader Kim က  ခပ်တိုးတိုး ပြောရင်း ဟက် ခနဲ့ ရယ် ကာ လက်ထဲက သေနတ် ကို လွတ်ချ ရင်း  သူ့​ရှေ့ တည့်တည့် က အသည်းပုံ နှုတ်ခမ်း လေးကို ခပ်ကြမ်းကြမ်း အနမ်းတွေ ပေးလိုက်သည်

မင်း သိသင့် တယ် Princess!! Princess ရဲ့ နှုတ်ခမ်းတွေ နဲ့ဆို ကိုယ့်သေနတ်ကို လွတ်ချနိုင် မယ်ထင်တယ်

~ ခင်ဗျား Leader Kim မဟုတ်ဘဲ Kim Jongin ဘဲ ထာဝရဖြစ်နေ ရင် ကောင်း မယ်

ခပ်တိုးတိုး ပြောလိုက် တဲ့ Kyung Soo စကား ကို Leader Kim က ကြား လိုက် သည် ထင်သည်

Kyung Soo ကိုယ်လေး ကို သူ့ အနား ပိုတိုး ပြီး

~ Princess ကို ကိုယ် တစ်ဘ ဝလုံး ပိုင်ဆိုင် ချင်တာ

Leader Kim ရဲ့ စကား ကြောင့် Kyung Soo မျက်လုံး က အရည် လဲ့ လာရသည်

~~~~~~~~****~~~~~

~ အခု ရထားတဲ့ အချက်တွေ အရဆို ပြည့်စုံ ပြီ ထင်တယ်

ChanYeol က file တွေ ပြန်ကြည့်ရင်းပြောလိုက်သည်

~ အင်း လက်နက်လည်း စုံ​ပီနော်

~ နေရာ ကို တစ်ချက် လေ့လာ ဖို့ ဘဲ ကျန်တော့ တယ်

~ ဒါနဲ့ Kim !!! ပါပါးဖုန်းဆက် တယ်ဆို ဘာပြောသေး လဲ

~ လုပ်ကြံမယ့် နေရာရဲ့ မြေပုံ သူပို့ ပေးမယ် တဲ့ ပထမတော့ သူ ပေါက်ကွဲ တယ်ကြားပြီး တကယ် လန့်သွားတယ် ပြောတယ် ပြီးတော့ သူလည်း ဒီတခါ mission ပြီးရင် အနား ယူမယ်တဲ့

ခပ်တိုးတိုးပြောတဲ့ Kim စ ကား ကြောင့် ၂ ယောက်လုံး ခေါင်းငြိမ့် မိသည်

Korea မှာရှိနေပြီး မဆက်သွယ် ဖြစ်ကြတာ ကြာပြီ ဆိုတော့

~~~~~~~*****~~~~~~

~ ၂ ယောက်လုံး နော် မျက်နှာ ကို ပြုံးနေတာ ဘဲ ကြည်နူး နေကြတာ ထင်တယ် ပျော်စရာတွေ များ ရှိလား

Luhan Hyung အမေးကြောင့် Kyung Soo လှစ်ခနဲ့ ပြုံးမိ တာကို ထိန်းချုပ် ထားရင်း

~ arrani Mission အောင်မြင် သွားတာ ကို တွေးမိပြီး ကျေနပ်နေတာ ပါ

မုသား သုံးကာ ပြောလိုကိတော့ Luhan Hyung က ကျေနပ် သွား သလိုပြုံး ပြသည်

~ အော် ဒါနဲ့ မင်းတို့ ၂ ယောက် ကို Suho Hyung ခေါ်နေတယ်

~ အင်း သွားလိုက် မယ်လေ

~~~~~~*****~~~~~~~

~ Hyung !! ကျွန်တော် တို့ကို ခေါ်တယ် ဆို

Kyung Soo တို့ ၂ ယောက် ဖျက်ခနဲ့ ဝင်လိုက်တော့ Hyung က လက်ထဲက ကိုင်ထားတဲ့ အရာတစ်ခုကို ဖျက်ခနဲ့ အံထဲ ထည့်လိုက်သည်

ဘာကို ထည့်လိုက်မှန်း သေချာ မသိပေမယ့် မျက်စိ လျှင်သည့် Kyung Soo ပြောနိုင် တာတော့ တခုခုတာ့ တစ်ခုခု ဆိုတာ ပင်

~ အင်း ထိုင်ကြဦး

Suho Hyung က ထိုင်ခိုင်းတော့ ၂ ယောက်သားတစ်ခုံ စီ ဝင်ထိုင် လိုက်ကြသည်

~ ဒီတခါ mission လည်း အောင်သွား တော့ မင်းတို့ကို ဆုချချင်လို့

Suho Hyung က အံဆွဲ ထဲက အထုပ်တစ်ထုပ်ဆီ ထုတ်ပေးတော့ ၂ ယောက်သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိ ကြသည်

" လက်ခံလို့ အဆင်မပြေ သေးဘူး မဟုတ်လား"

~ ယူလေ ဒါ ရုံးချုပ် က ပေးတာ

Kyung Soo ကကြောင်ကြည့်နေပေမယ့် Baekhyun က ပြုံးကာ ယူလိုက်တော့ Kyung Soo ပါယူလိုက် မိသည်

ရင်ထဲ မှာတင်းကျပ်နေပေမယ့် ပေါ့

~~~~~~~~*******~~~~~~~~~

~ တီ တီ တီ

သူတို့ ၂ ယောက် ငှာန ထဲက ထွက်လာတော့ ကား ဟွန်း ဇွတ်တီး နေတာကြောင့် ၂ ယောက်သား ကြည့်မိသွားသည်

သူတို့ ငှာန ရှေ့မှာ ရပ်ထားတဲ့ ပြိုင်ကား ၂ စီး

ကားပေါ်က သူ ၂ ယောက်က တော့ ပြောစရာတောင် မလိုတဲ့ Leader Kim နဲ့ Park Chan တို့ပင်

~ ကျစ်

၂ ယောက်လုံး ၁ ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ဆိုင်ရာ ကားပေါ် ဆီ တက်လိုက်ကြသည်

~ Aishhi ခင်ဗျား အပြင် ထွက်လာပြီး ဒီလိုလျောက်မသွားသင့်ဘူး မဟုတ်လား တစ်ခုခု မိသွားရင် ပြသနာတက်

Kyung Soo စကား မဆုံး ခင် Leader Kim က Kyung Soo လက်ဖမိုး လေးကို ဆွဲယူ ကာ နမ်းလိုက်တာ ကြောင့် Kyung Soo စကားတွေ လေထဲတင် တန့်သွားလေသည်

~ Hol! Princess က ကိုယ့်ကို စိတ်ပူ နေတာ ဘဲ

~ လဲ သေ လိုက်

Kyung Soo ခပ်ပြုံးပြုံး ပြောရင်း Leader Kim ရင်ဘတ် ကို လက်သီး စုပ်နဲ့ ထုတော့ Leader Kim က Kyung Soo လက်ကို အမိ ပြန်ဖမ်းရင်း

~ ဒါ Princess မို့နော် တခြားသူ ဆိုဒီနေရာတင် ခေါင်းပြတ်ပြီ

Leader Kim စကားကြောင့် Kyung Soo ပြုံးကာ

~ ကျွန်တော့် ကို လာထိရင် ခင်ဗျား လည်း ခေါင်းပြတ်မှာ

Kyung Soo စကား ကြောင့် Leader Kim တစ်ချက် ဖျက်ခနဲ့ ပြုံးသွားတာ ကို Kyung Soo မြင်ဖြစ်အောင် မြင်လိုက်သည်

သူတိူ့ မသိလိုက်တာ က သူတို့ကို တိုက်ပေါ် ကနေ စောင့်ကြည့်နေတဲ့ သူတစ်ယောက် ရှိတယ် ဆိုတာပင်

~~~~~~||********~~~~~~~~~

Zawgyi




~ Kyung Soo ahhh



~ အင်း




~ အင်း ဝန်ကြီး ဆိုတာ




~~~~~~~******~~~~~~~







~ သတင်း ရပြီ



~ ဆိုလိုတာက








~~~~~~~~*******~~~~~~~~~








~ ကျစ်




သူ့အား စိုက်ကြည့် နေသေယ လူသား ဆီ  အမြန် ဆုံး လှမ်းသွားရင်း ခြေဖျားထောက်ကာ မျက်နှာချောချော ကို ထိန်းကိုငိရင်း အနမ်းတွေ အငမ်း မရ ပေးနေမိသည်

ရုတ်တရက် Channie ကြောင်သွား တယ် ဆိုတာ Baekhyun သိသည် ဒါပေမယ့် စက္ကန့်ပိုင်းလေးတောင် မကြာလိုက် ခင်မှာပင် Baekhyun ရဲ့ ခါးသေးသေး တွေ ကို ကျစ်နေအောင် လာဖက် တဲ့  လက်တစ်စုံကြောင့် Baekhyun အငမ်း မရ နမ်းနေရင်း နဲ့ မှ ပြုံး မိသွား သည် နမ်းနေရင်းလခြေဖျား ထောက် ရတာ ညောင်း လာတော့  အသာ ရုန်းမယ် လုပ်တော့ အထာကို ကြိုသိနေတဲ့ Channie က သူ့ ခြေထောက် နှစ်ချောင်း ကို ခါးမှာ ချိတ်တွယ် စေရင်း အနမ်းတွေ ကို ပိုမို နက်နဲ့ စေလိုက်သည်





~~~~~~~~~*******|~~~~~~~






အနောက်က စိုးရိမ်သလိုပြောလာသည့် အသံကြောင့် Kyung Soo မျက်မှောင်ကုတ်ကာ လှည့်ကြည့် မိတော့ သေချာပေါက် Leader Kim ပင်  သူ့ အခန်း ထဲကို ဖိနပ် မချွတ် ဘဲ ပိုင်ဆို ပိုင်နင်း ဝင်လာရုံ သာ မက သူတို့ ထမင်း စားပွဲ ပေါ်ကို တက်ထိုင် နေတဲ့  Leader Kim



~ ဘာပြောတယ် !!

~ ဟုတ်တယ် လေ

ပြောရင်း ဟက် ခနဲ့ တစ်ချက် ရယ်ခိုက်တော့ ပါးချိုင့်တုလေး ထင်းခနဲ့ ပေါ်လာတော့  Kyung Soo ငေးခနဲ့ ဖြစ်သွားသည်

~ ကြည့်ရတာ Princess က ကိုယ့်ကို လွမ်းနာ ကျပြီး တအားလွမ်းနေလို့ ထင်ပါရဲ့ ဆယ်နှစ်စာလောက် ပိုအို သွား သလိုဘဲ


~မဖြစ်နိုင်တာ ဘဲ ကို










~ အာ ခင်ဗျား ဘာလုပ်

~ ငြိမ် ငြိမ်နေစမ်း ပါ





~ တစ်ခါ တစ်လေ တော့ Princess ကို ကိုယ် မော့ ကြည့် ချင် လို့

~ ဘာကိုမော့ကြည့်

Kyung Soo စကား မဆုံး ခင် Leader Kim က သူ့ခါး ထဲ က သေနတ် ကို ထုတ်ပြီး Kyung Sok မျက်နှာပေါ် ပွတ်တိုက်ကာ လာကစား တာကြောင့် Kyung Soo မျက်နှာလေး ရှုံ့ နေ မိသည် 

Kyung Soo သု့ မျက်နှာ ပေါ်  မှာ လာထိနေတဲ့ သေနတ် ကို ဖျက်ခနဲ့ လက်တစ်ဖက်က လှမ်းဆွဲ ရင်း နောက် လက်တစ်ဖက်က Leader Kim ရဲ့ အကျ င်္ီ စ ကို ခပ်ဖွဖွ ဆွဲကာ ကိုယ်ကို အရှေ့ကိုင်း လိုကိ ရင်း Leader Kim ရဲ့ညာဘက် ပါးကို ခပ်ဖွဖွ အနမ်း ပေးလိုက် သည်


Leader Kim က  ခပ်တိုးတိုး ပြောရင်း ဟက် ခနဲ့ ရယ် ကာKyung Soo လက်ထဲက သေနတ် ကို လွတ်ချ ရင်း  သူ့ှေ့ တည့်တည့် က အသည်းပုံ နှုတ်ခမ်း လေးကို ခပ်ကြမ်းကြမ်း အနမ်းတွေ ပေးလိုက်သည်







~~~~~~||********~~~~~~~~~

T B C

Heeee မတွေတာ အရမ်း ကြာပိမို့ ခနလောက် ပေးရို ထားပြီး မျက်နှာ ချို လာသွေးတာရယ်



ChanYeok က file တွေ ပြန်ကြည့်ရင်းပြောလိုက်သည်





ခပ်တိုးတိုးပြောတဲ့ Kim စပားကြောင့် ၂ ယောက်လုံး ခေါင်းငြိမ့် မိသည်


~~~~~~~*****~~~~~~






~ အင်း သွားလိုက် မယ်လေ

~~~~~~*****~~~~~~~




~ အင်း ထိုင်ကြဦး



Suho Hyung က အံဆွဲ ထဲက အထုပ်တစ်ထုပ်ဆီ ထုတ်ပေးတော့ ၂ ယောက်သာူ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိ ကြသည်





~~~~~~~~*******~~~~~~~~~

~ တီ တီ တီ

သူတို့ ၂ ယောက် ငှာန ထဲက ထွက်လာတော့ ကား ဟွန်း ဇွတ်တီးလနေတာကြောင့် ၂ ယောက်သား ကြည့်မိသွားသည်



~ ကျစ်


~ Aishhi ခင်ဗျား  အပြင် ထွက်လာတာ ဒီလိုလျောက်မသွားသင့်ဘူး မဟုတ်လား တစ်ခုခု မိသွားရင် ပြသနာတက်

Kyung Soo စကား မဆုံး ခင် Leader Kim က Kyung Soo လက်ဖမိုး လေးကို ဆွဲယူ ကာ နမ်းလိုပ်တာ ကြောင့် Kyung Soo စကားတွေ လေထဲတင် တန့်သွားလေသည်


~ လဲ သေ လိုက်






သူတို့ မသိလိုက်တာ က သူတို့ကို တိုက်ပေါ် ကနေ စောင့်ကြည့်နေတဲ့ သူရှိတယ် ဆိုတာပင် 

......

ချစ်ကြသေးလားနော် Leader Kim လေးကို ❤️

သတိတရ စောင့်ပေးနေကြသူ အားလုံးကို ကျေးဇူး တင်ပါတယ် ပြီးတော့လေ ( Unicode ဖြစ်နေလို့ ပိးရင် Zawgyi လေးပါ ပြန်ပြောင်း ပြီး တင်ပေးမယ်နော် )

Continue Reading

You'll Also Like

112K 4.9K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
42.4K 1.8K 113
Unicode avaliable at the end. YiZhan Fanfic Bromance ထက်တော့နဲနဲပိုမယ်...သိပ်တော့ မ ro ဘူး... Boys Love ပေမယ့်ခပ်ကြမ်းကြမ်းတွေမထည့်ရေးထားဘူး....(အဲဒီ...
259K 45.8K 57
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
156K 23K 17
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."