Classic Love 🖤 ❤
By Winterstarry
85.8K 6.4K 16.7K
စိုက်ခင်း​တွေ ပန်း​ပေါင်းစုံခင်း​တွေနဲ့ သဘာဝပတ်ဝန်းကျင်​တွေကြားထဲ ယိမ်းနွဲ့ပြီး ကြည်နူးပျော်ရွှင်မှု​၊ကြေကွဲဝ... More
❄ NOTE
Heart beat 🖤 ❤ Part 1
🖤 ❤ 🍇 Part 2
🖤 📈 ❤ 📊 Part 3
🖤 ❤ Part 4
😁Hello
🖤 ❤ 🌟 Part 5
Attention Please 🙏
🖤 🌞 ❤ 🌝 Part 6
☕ ❤ 💚 🍎 Part 7
☕ Classic Love ❤
💭 ☕ 🖤 ❤ Part 8
💌 ☕ 🖤 ❤ Part 9
☕ Classic Love ❤
🌌 🌛 ☕ ❤ Part 10
☕ Classic Love ❤
☕ ❤ 🍓 Part 12
☕ Classic Love ❤
☕ ❤ 💘 Part 13
☕ ❤ 🐈 Part 14
☕ ❤ 💞 Part 15
🌚
☕ ❤ 🍂 Part 16
🚘 Ferrari 458 Spider
☕ ❤ 🌈 Part 17(A)
☕ ❤ 🌈 Part 17 (B)
☕ ❤ 🌈 Part 17 (C)
Satan (B) Ivan 💥
☕ ❤ 🌹 Part 18
☕ ❤ Part 19 Special Day
☕ ❤ 🍂 🍃 Part 20
☕ ❤ 💘 ♾ Part 21
☕ ❤ 💝 Part 22
☕ ❤ 💥 Part 23
☕ ❤ ⚡ Part 24
☕ ❤ 🌫 Part 25
☕ Classic Love ❤
☕ ❤ 💋 Part 26
☕ ❤ ♾ Part 27
☕ ❤ 👨‍👩‍👦‍👦 Part 28
☕ ❤ LOVE Part 29
☕ ❤ Miss Part 30
☕ ❤🗼True Love Part 31
☕ ❤ 💥 Delicate Part 32
☕ ❤ 💥 Deeply Part 33
☕ ❤ Trust Part 34
☕ ❤ Eternal Part 35
☕ ❤ 💥 Adventure Part 36
☕ ❤ Lovable Part 37
☕❤🌌A Whole New World Part 38
☕ ❤☀️🌙 Love Banter Part 39(A)
☕ ❤☀️🌙Love Banter Part 39(B)
☕ ❤ ☀️🌙🌠 Sweetish Part 40
☕❤☀️🌙Love Spectrum Part 41
☕❤☀️🌙 Happiness Part 42(A)
For Readers to know
☕❤☀️🌙Happiness Part 42(B)
☕❤☀️🌙Love Tune Part 43
☕❤☀️🌙Love Candy Part 44
☕❤☀️🌙This love is Ours Part 45
☕❤ Treasure Part 46
☕❤Together ☀️🌙 Part 47
☕❤Wonderland✨ Part 48
☕ ❤ Universe Part 49
☕❤ Undying Love Part 50
☕❤Love Aroma🌻☀️Part 51
☕Feelings are True❤ Part 52
☕Born for you❤ Part 53
☕ You = I ❤ Part 54
☕ ❤ 💥 Paradise Part 55
☕❤💎
☕Until Hundred years❤Part 56
☕ Immortal Love ❤ Part 57
One Shot Fic Announcement
☕ Perfect Two❤ Part 58
☕ Love Engrave ❤ Part 59
☕ Because of you ❤ Part 60
☕Purest Love❤ Part 61
☕Love is everywhere❤ Part 62
☕ Precious love ❤ Part 63
☕ Love Authenticate ❤ Part 64(A)
☕Love Authenticate❤ Part 64(B)
☕❤🖼🖌🎨
☕Starry Love❤ Part 65 (A)
☕ Starry Love ❤ Part 65 (B)
☕Merit Based Love❤ Part 66
☕ Proud for you ❤ Part 67
☕ Peaceful Heart❤ Part 68(A)
☕ Peaceful Heart ❤ Part 68(B)
☕ Power of Charm❤Part 69(A)
☕Power of Charm❤ Part 69(B)
☕ Counting Stars ❤ Part 70
☕ Ice-cream Love ❤Part 71
☕ Love beat ❤ Part 72
☕ Wish this love ❤ Part 73
☕ Rain Drop Love ❤ Part 74(A)
☕ Rain Drop Love ❤ Part 74 (B)
☕Treasure Moment❤ Part 75(A)
☕Treasure Moment❤Part 75(B)
☕ Arrabbiato Love❤Part 76(A)
☕ Arrabbiato Love❤ Part 76(B)
☕ Arrabbiato Love ❤Part 76(C)
☕ Arrabbiato Love ❤ Part 76(D)
☕ Arrabbiato Love❤ Part 76(E)
☕Pandora Box❤ Part 77(A)
☕Pandora Box ❤ Part 77(B)
☕Pandora Box ❤ Part 77(C)
☕ Pandora Box ❤Part 77(D)
☕Pandora Box❤ Part 77(E)
☕Future Perfect❤Part 78
☕Heart Area❤ Part 79
☕ Dusk Till Dawn ❤ Part 80
☕ Love You More ❤Part 81
☕ Chemistry between us❤ Part 82
Announcement for ☕Part 83❤
☕Love-with Collaboration❤Part 83(A)
☕Love-with Collaboration❤ Part 83(B)
☕Cosmic Rays❤ Part 84(A)
☕Cosmic Rays❤ Part 84(B)
☕Empirical❤ Part 85(A)
☕Empirical❤ Part 85(B)
☕ Heart Soar ❤Part 86(A)
☕ Heart Soar ❤Part 86(B)
☕❤
☕Hate being Alone❤ Part 87
☕🌅 🌄❤
☕Love Museum❤ Part 88(A)
☕Love Museum❤ Part 88(B)
☕Love Museum❤ Part 88(C)
☕Love Museum❤ Part 89(A)
☕Love Museum❤ Part 89(B)
☕Love Museum❤ Part 90(A)
☕ Love Museum❤ Part 90(B)
☕Love Museum❤ Part 90(C)
Exploding
☕Love Museum❤ Part 91(A)
☕Love Museum❤ Part 91(B)
☕Love Museum❤ Part 91(C)
☕Love Museum❤ Part 91(D)
Thank you
☕Love Museum❤ Part 92(A)
🥰❄☕❤🌌🖌
☕Love Museum❤ Part 92(B)
☕Love Museum❤ Part 92(C)
❄~Hello📣
☕Love Museum❤Part 92(D)
☕Love Museum❤ Part 92(E)
☕Love Museum❤ Part 92(F)
Nothing☁️
☕Love Museum❤ Part 92(G)
☕Love Museum❤ Part 92(H)
☕Love Museum❤Part 92(I)
☕Love Museum❤ Part 92(J)
☕Love Museum❤ Part 93(A)
☕Love Museum❤ Part 93(B)
❄ NOTE 2️⃣
☕Love Museum❤ Part 93(C)
☕Love Museum❤ Part 93(D)
☕Love Museum❤ Part 93(E)
☕Love Museum❤ Part 93(F)
☕Love Museum❤ Part 93(G)
☕Love Museum❤ Part 93(H)
☕❤🖼🖌☁️
☕Love Museum❤ Part 93(I)
☕Love Museum❤Part 93(J)
☕Love Museum❤ Part 93(K)
Happy Brithday🎂 CL☕❤
☕Love Museum❤ Part 93(L)
☕Love Museum❤ Part 93(M)
☕Love Museum❤ Part 93(N)
☕Love Museum❤ Part 93(O)
❄'s BD (or) ☕'Proposal Day❤
☕❤📮
☕Love Museum❤ Part 94(A)
☕Love Museum❤ Part 94(B)
☕Love Museum❤ Part 94(C)
☕Love Museum❤ Part 94(D)
☕Love Museum❤ Part 94(E)
☕Love Museum❤ Part 94(F)
☕Love Museum❤ Part 94(G)
Unicode>> ☕ Love Museum ❤ Part 94(H)
Zawgyi >> ☕ Love Museum ❤ Part 94(H)
☕Love Museum❤ Part 94(I)
☕Love Museum❤ Part 94(J)
Unicode>> ☕ Love Museum ❤ Part 94(K)
Zawgyi>> ☕ Love Museum ❤ Part 94(K)
Unicode >> ☕Love Museum❤ Part 94(L)
Zawgyi >> ☕Love Museum❤ Part 94(L)
☕Love Museum❤ Part 94(M)
Unicode >> ☕Love Museum❤ Part 94(N)
Zawgyi >> ☕Love Museum❤ Part 94(N)
Unicode >> ☕Love Museum❤ Part 94(O)
Zawgyi >> ☕Love Museum❤ Part 94(O)
☕Love Museum❤ Part 94(P)
Unicode >>☕Love Muesum❤ Part 94(Q)
Zawgyi >> ☕Love Museum❤ Part 94(Q)
☕Love Museum❤ Part 94(R)
☕ ❤ 🍁 Part 11
960 86 52
By Winterstarry
လမိုက်ညအ​မှောင်ကို ချစ်ခြင်းတရား​တို့ဖြင့် လင်းလက်​စေခဲ့ပြီး ​နွေး​ထွေးမှု​တွေနဲ့ ​ပွေ့ဖက်​ပေးထားရာမှ .....
တစ်ခဏကြာ​တော့ ​ကျေးဇူးတစ်ခွန်းနဲ့အတူ ရင်ခွင်ထဲက​နေ ပြန်ထွက်ခွာ​လိုက်သည့်သူ........
❤ : ခင်ဗျား ဘာမှမစားရ​သေးဘူးမလား.... ကျွန်​တော်ပြင်ထား​ပေးမယ်..... စိတ်​နည်းနည်းပေါ့​သွားအောင် ​ရေသွားချိုးရင်ချိုးလိုက်​လေ....
🖤 : အင်း....မင်းက​ရောသက်သာလို့လား....
မဟုတ်ရ​င်လည်း နားနား​နေ​နေ​နေပါ.... ​ရေချိုးပြီးမှ ငါ့ဖာသာ အဆင်​ပြေသလို တစ်ခုခုလုပ်စားလိုက်မယ်...
❤ : ရပါတယ် သက်သာပါတယ်....​ဆေးသွင်း​လိုက်တော့ နည်းနည်းပိုအားပြည့်သွားသလိုပဲ .... ခင်ဗျားကို အားလည်းနာတယ်....ကျွန်​တော့်​ကြောင့် တာဝန်​တွေလည်းပို​နေပြီမလား....
🖤 : ရပါတယ်ကွာ ဘာမှ စိတ်ထဲမထားပါနဲ့...​ငါ​ရေသွားချိုးလိုက်ဦးမယ်....နားချင်လည်းနားရတယ်....
❤ : Kharp
သူ့ကို​​ရေချိုးဖို့​ပြောလိုက်ပြီး ညစာပြင်​ပေးဖို့​တွေးလိုက်ပြီးကာမှ
သူ့စိတ်ရှုတ်​ထွေး​နေရမှု​တွေကို ​ပြန်တွေးကြည့်​မိ​တော့ ကိုယ်ပါစိတ်ရှုတ်လာရတာမို့ ​​ရေချိုးပစ်ဖို့ ဆုံးဖြတ်လိုက်ပြီး ​စိတ်ရှုတ်​ထွေးမှု အစုံကို ​ရေ​အေးတို့နဲ့အတူ စီး​မျှောချပစ်လိုက်​တော့သည်......
​ရေချိုးအဝတ်အစားလဲပြီးသည်နဲ့ ခေါင်းရေအမြန်သုတ်​ကာ စားဖို​ဆောင်ထဲသို့ ဝင်လိုက်ပြီး
သူ့အတွက်ပြင်ဆင်ဖို့ လုပ်​နေတုန်း ဖုန်းမြည်လာလို့ကြည့်လိုက်​တော့......
မဆက်စဖူး ဆက်လာတဲ့ ငယ်​ပေါင်း​ဖော်ကြီး Wyane....
❤ : ​အေး Wyane ​ပြော
Wyane : အမ​​လေးကွာ ဖုန်း​လေးတစ်ခါ​ခေါ်မိပါတယ် ဘယ်ကမ္ဘာထဲ​ထိရောက်​နေလို့ ခုမှလာကိုင်ရတုန်း
❤ :အံ့သြလိုက်တာ အ​မောင်wyane မှ ဟုတ်ရဲ့လား....ငါ့ကို ကတ်ကတ်​​တွေလာလန်​​နေတာ
Wyane : ဟုတ်ပါတယ်.....မင်းနှိပ်စက်သမျှ အခံရဆုံး ဖြစ်တဲ့ wyane​လေးပါဗျ...
၂ဖက်စလုံးမှ ရယ်သံတို့ ပြိုင်တူထွက်သွားလိုက်ကြပြီး......
❤ : ​ကဲပါကွာပြော ဘာကိစ္စတုန်း
Whane : SaintSuppapong မှ ဟုတ်ရဲ့လားလို့ ချိုသာ​​နေလွန်းလို့​လေ
❤ :အရစ်ကလာရှည်​နေပြန်ပြီ မဆဲပဲကို ​ပြောလို့မရ​နေတာ ငါ့ကိုရိုင်းစိုင်း​အောင်ပဲလုပ်​နေလဒ
Wyane :အား...ရပြီ ​နေလို့ရသွားပြီ ​အဲ့အသံ​လေး​စောင့်​နေတာ
❤ : အံ့သြတယ် မင်းဦး​နှောက်jump များဖြစ်​နေလားဟမ်.... ဆဲဆိုသံကို ဆည်းလည်းသံနဲ့များ လွှဲမှတ်​ပေးထား​နေလားလို့​လေ
Wyane : ဟားဟား ​အေးပါကွာ မင်းအဆင်​ပြေရဲ့လားလို့ပါ ငါတို့ကသတိရလို့​ပါကွာ မင်းကမှမဆက်ပဲ.... ​မေ့များသွားပြီလား ငါတို့ကို
❤ : ဟာ ​​ယှောင်​တွေ ငါအာ့လိုလူမျိုးမဟုတ်ဘူး​နော် သိရက်နဲ့ မင်းတို့....
​ပြော​နေရင်းငိုသံစွက်သွားသည်မို့.......
Wyane : ဟာဟာ saint ရယ် မင်းကလည်း မငိုလိုက်ပါနဲ့ ငါတို့ကို အန်တီကရိုက်​တော့မှာပဲ....ငါတို့ဘယ်မှာလဲသိလား....သိချင်ရင် Camera ဖွင့်လိုက်လုပ်
Camera ဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က ကျွန်​တော်သိပ်လွမ်း​နေရသည့် အပြုံးပန်း​တွေနဲ့ ကျွန်​တော့်ကို ကြည့်​နေ​သော Mae.....ဟန်ကိုမ​ဆောင်နိုင်​တော့ဘဲ
❤ : Mae~~~~~~ဟင့်
"အို ...သား​လေးရယ် က​လေး​လေးကျလို့ .....ကြည့်ပါဦး.....မငိုပါနဲ့ သားကိုpawက​​company ကို ​ကောင်း​ကောင်းဦးစီးနိုင်ပြီး တော်တတ်စေချင်လို့​လေ​နော် ပညာသင်​ယူ​နေရတာပဲကို.....တိတ်တိတ်.... Mae ကိုသတိရလို့လား ဟုတ်လား......"
❤ : ဟင့်~~~ ဟင့်~~~ရွှတ်~~~အင်း​ပေါ့ဗျ Mae က​ရော ဒီသား​ချော​လေးတစ်​ယောက်တည်းရှိတာကို မလွမ်းဘူးလား​ပြော.....
"အမ​​လေး အတတ်က​​လေးက ​မေ့သည်း​တွေကို​​ခြွေ​နေပြန်ပါပြီ..... လွမ်းပါ့ရှင် .... တိတ် တိတ် သားpawကိုလည်း Mae က မ​​ပြောရက်ဘူး​လေ တကယ်လည်း သား အနာဂတ်​ကောင်းဖို့ စီစဥ်ထားတာကိုး.....
ဒီလိုလုပ် Por အားတဲ့အခါကျ အလုပ်အားမယ့်ရက်ကို ​သေချာညှိခိုင်းပြီး Mae တို့ သားဆီလာလည်မယ်​လေ​နော်"
❤ : ဟာ တကယ်​နော် Mae~~~
"တကယ်​ပေါ့ ခုဘာလုပ်​နေတာလဲ ​ဆံပင်​တွေ​ကလည်း ရေ​တွေစို​နေတာကြည့် ညကြီးကို​ရေ​တွေချိုး​​နေတာလား ငါ့သားရယ် အ​အေးပတ်ဦးမယ်...."
"ဟီး စိတ်နည်းနည်းရှုတ်​နေလို့ပါ Mae ရဲ့ ခုလား ညစာစားဖို့လုပ်မလို့​လေ"
"ဟုတ်လား ​အေး​အေး ​ခေါင်း​ရေ​ပြောင်​အောင်သုတ်ဦး ​နေ​ကောင်း​အောင်လည်း​နေ​နော်သား....."
❤ : Kharp Mae ချစ်တယ်....
" Mae က ပိုချစ်တယ်​မေ့သား​လေး.....​မေ​မေ့ကိုသတိရရင်ဖုန်းဆက်....ဒါမှမဟုတ် ​မေ​မေ့ကို​တော့ မသိ​စေချင်​ပေမယ့် သားရင်ဖွင့်ချင်တာမျိုးရှိရင်လည်း သားရဲ့ ဘယ်ဘက်ရင်အုံပေါ်ကို လက်​လေးတင်ပြီး သား​ပြောချင်တာကို ​ပြော အဲ့ဒါဆိုရင် Maeဆီကို သား​လေးနှုတ်ကထုတ်မ​ပြောလည်း ​နှလုံးသားက​နေလာတဲ့ စကား​တွေဖြစ်လို့ တိုက်ရိုက်ခံစားရ​စေတယ်​နော်သား​လေး....."
Mae ​ပြောတာကိုနား​ထောင်​နေရင်း မျက်ရည်ကလည်လာရပြန်ပြီ ....
❤ : Kharp Mae ​ကျေးဇူးတင်ပါတယ် ကျန်းမာ​ရေးဂရုစိုက်​ပေးပါ​နော် .....
"သား​ရောပဲ ဂရုစိုက်​နော် ကဲကဲ​မေ​မေ wyane တို့ကို​ပေးလိုက်​တော့မယ်​နော် သားတို့​ပြောကြဦး..."
Wyane : သားမိ​တွေ ချစ်​နေလိုက်ကြတာ အားကျပါဘိဗျာ.....
❤ : ဟီး ဟို​လေ.... wyane.... Mae ကို​လေ ငါbkkမှာ မရှိ​နေတုန်း ခုလိုမျိုးပဲ သွားသွားပြီး အ​ဖော်ပြု​ပေးရင်း ဂရုစိုက်​ပေးကြပါဦး​နော်.....Por ကလည်း အလုပ်နဲ့ နိုင်ငံခြားမှာဆို​တော့​လေ... ​ပြီး​တော့ ငါတကယ်ကျေးဇူးတင်ပါတယ်....
Jame : ငါ့လည်း​ပြောပါဦး.... ငါသွားဖို့​သူ့ကိုပြောထားရတာပါကွ Saint ရ
❤ : ဟာ ​Jame ..... မင်းတို့၂​ယောက်က ခွဲမရတာ​မေ့သွားတာ .... ဟား ဟား ပြောပါတယ်ကွာ မင်းကလည်း ​ကျေးဇူး ဟုတ်ပြီလား....တကယ်​ကျေးဇူးတင်တယ်၂​ယောက်လုံးကို .... ​ဒါနဲ့ Jame.... ငါ့က​လေး Robin🐶 ​လေး​ရော "
Jame : ရှိပါ့ဗျာ ဟိုမယ် မင်းပုံ​​တော့ မပြ​တော့ဘူး ​ခု​တောင် မင်းကို အ​တော်လွမ်း​နေရှာတာ....​
နေဦး မင်း အသံကြားလို့ လိုက်ရှာ​နေလိမ့်မယ် Wyane ငါ့ကို headset​🎧ပေးဦး...​ရော့Wyane တစ်ဖက်တပ်လိုက်
❤ : ငါ့က​လေး​လေး ပိန်သွားပြီ ဟင့်....မင်းတို့ကိုပဲ အပ်ပါတယ်ကွာ​နော်
Wyane : ငါတို့​ကျွေးပါတယ်ကွ သူကိုကသိပ်မစားတာ
Jame : ရုတ်တရက်ဆို​တော့လည်း သူလည်းလွမ်းရှာမှာ​ပေါ့
❤ : မ​ပြောနဲ့​တော့ကွာ ငါပြန်ငို​မိတော့မှာ......
Wyane & Jame : ​အေးပါကွာ ငို​တော့ မငိုပါလိုက်နဲ့ ငါတို့​သေချာ ဂရုစိုက်​ပေးပါ့မယ်​နော်....
❤ : အေးအာ့ဆို ငါဖုန်းချလိုက်ဦးမယ် ​ယှောင့်​တွေ ​နောက်ရက်မှ​ပြန်တွေ့မယ် ခုညစာစားဖို့လုပ်ရဦးမှာမို့လို့....ငါမှာတာ​တွေလည်း မ​မေ့နဲ့​နော်..
Wyane & Jame : ​အေး​အေး ဒါပဲ​နော် Saint ကျန်းမာ​ရေးဂရုစိုက်ဦး...
ဖုန်းချပြီးသည်နှင့် လက်​ဆေးပြီး သူ့အတွက် ​ပေါင်မုန့်မီးကင်၂ချပ်နဲ့ ကြက်ဥ hlaf fried တစ်လုံးရယ် နွားနို့တစ်ခွက်အမြန် လုပ်​ပေးထားလိုက်သည်.......
ပြင်ဆင်ပြီးချိန်နဲ့ ကွက်တိဆိုသလို စားဖို​ဆောင်ထဲ ဝင်လာသည့်သူ......
🖤 : နား​နေပါဆိုကွာ ​နေ​ကောင်းတာလည်းမဟုတ်ပဲနဲ့ မင်းကလည်း....
❤ : ​နေ​ကောင်းပါတယ်ဗျာ မပူစမ်းပါနဲ့
🖤 : ​အေး​ ​ပြီးတာပဲ နေကောင်း​အောင်​နေ မင်း Paw ကို ငါမင်းလို သားတစ်​ယောက်လည်း​ အစားပြန်မွေးမ​ပေးနိုင်​သေးဘူး
❤ : ဟားဟား ခင်ဗျားလို ​ရေခဲမင်းကြီးကို ယူမယ့်လူ​ရော ရှိရဲ့လား...... ဘာလဲ ဟိုတစ်ခါ ခြံကို လာတဲ့ အမျိုးသမီးလား????
သူ​မေးလိုက်မှ သူအဲ့တုန်းကElla ကို မြင်ဖူးသွားတာလားလို့ ​တွေးလိုက်မိ​ပြီး.......
သူ​တွေး​နေတာသာ Ella ကြားရင် တကယ်ရယ်လို့ပြီးမှာမဟုတ်......
သူ့​မေး​​နေတဲ့ ပုံစံ​လေးကို အသည်းယားလို့ စချင်တာနဲ့ ​ပေါင်မုန့်ကို တစ်ကိုက်ကိုက်ရင်း ပြီတီတီဖြင့်
🖤 : ​အော် အဲ့တုန်းက မင်းသူ့ကို မြင်လိုက်တာလား.... ဘယ်လိုလဲ.... လှတယ်မလား....
❤ : သိမ​နေဘူး ကျွန်​တော် အာ့​လောက်​ထိလိုက်တွေး​ပေးဖို့လည်း အားမ​​နေဘူးဆိုတာ သိဖို့​ကောင်းတယ်.....ကိုယ်တွဲ​နေပြီး ကိုယ့်ဖာသာ မသိဘူးလား အံ့သြတာဗျာ.....
​ပြောလည်း​ပြော ကျွန်​တော့်အတွက် ပြင်​ပေးထားတဲ့ နွားနို့တစ်ခွက်လည်း သူပဲ​သောက်ချသွားပြီး လှုတ်တုတ်လှုတ်တုတ်နဲ့ ဧည့်ခန်းဘက်ကို ထွက်သွား​ပြီ​လေ.......
ဘယ်လို ​ကောင်က​လေးမှန်းကို မသိပါဘူးဗျာ...... အဲ့ဒီကိစ္စက​တော့ Ella ခြံကိုလာရင်း ပြန်ရှင်းပြမှ အမှန်ကိုသိ​တော့မှာပါပဲ ခု​တော့စချင်​သေးတာမို့ ဘာကိုမှ ​ဖြေရှင်းပြမ​နေ​တော့ပါဘူး​​လေ.......
ဘာရယ်မဟုတ် အခန်းထဲ မသွားချင်​သေးတာမို့လို့ ဧည့်ခန်းဘက်ခဏဝင်ထိုင်​နေလိုက်တာပါ......
လူကို​လာမေးတဲ့ပုံကို အမြင်ကတ်လို့ သူ့အတွက် ပြင်​ပေးထားတဲ့ နွားနို့​တွေယူ​သောက်ပစ်မိတာနဲ့ တစ်ညတည်းကို လူက နွားနို့ ၂ခွက်​တောင်​သောက်ပစ်လိုက်မိပြီ.....
ည​တော့အိပ်​ကောင်း​တော့မှာပါ.....ဆရာဝန်တစ်ချို့​ပြောတာကြားဖူးတယ်...... ညညအိပ်မ​ပျော်တဲ့သူ​တွေဆိုရင် ညတိုင်းနွားနို့တစ်ခွက်​သောက်ရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်​​ပျော်​စေတယ်တဲ့​လေ......
အမှန်က​တော့ သူ့ကို အ​စောကကိုယ်မသိနိုင်တဲ့ စိတ်ဖိစီးမှုကိစ္စ​​တွေကြောင့် ညအိပ်​ပျော်​စေချင်တာမို့ ပြင်​ပေးထားခဲ့မိတာပါ.....
​နောက်ဆုံး​တော့လည်း ကိုယ့်ဖာသာ ​သောက်ပစ်ခဲ့လိုက်ရတဲ့ အဖြစ်.....
ခု​တော့ ဗိုက်ကလည်း​လေး​နေတာမို့ အ​ခွေကြည့်ဖို့လုပ်​တော့ ဘာကားမှ​ရေ​ရေရာရာ မရှိ..... ဒီတိုင်းဆို ရုပ်ရှင်လည်း ဒင်းကြည့်​နေမယ့်ပုံမ​ပေါ်ပါဘူး​လေ Reoလည်း​ ဒီစံအိမ်မှာ​နေတယ်​ပြော​တော့ ဒါ​တွေကလည်း Reoဝယ်ထားတာ​တွေ​နေမှာပါ.....
Actionကားတစ်ကားထည့်ကြည့်​နေရင်း အိပ်ချင်လာသည်မို့ Tvပိတ်ကာ ခဏဆိုပြီး ​ဘေးကစာအုပ်တစ်အုပ် မျက်နှာ​ပေါ်ယူတင်ပြီး ​မှေး​နေလိုက်သည်......
စား​သောက်သိမ်းဆည်းပြီး​ ဧည့်ခန်းထဲကိုသွားကြည့်လိုက်​တော့ ဆိုဖာ​ပေါ်မှာ စာအုပ်ကို မျက်နှာ​​ပေါ်တင်ရင်း အိပ်​နေတဲ့ ယုန်ဖြူ​လေး......
​နေသိပ်​ကောင်း​သေးတာ မဟုတ်လို့ ကြာကြာအိပ်​နေရင် လည်ပင်းတွေဘာညာ နာသွားမှာစိုးတာနဲ့ နှိုးဖို့အလုပ်.........
​ခြေ​ထောက်​​ဘေးမှ ဖြတ်သွား​သော ပိုးဟပ် တ​စ်ကောင် ကြောင့် ဘယ်​ပြေးရမယ်မသိ ငယ်ငယ်ကတည်းက အဲ့ဒီအင်းဆက်အ​ကောင်​တွေကလွှဲပြီး ကျန်တာဘာဆိုဘာကိုမှကို မ​ကြောက်တာပါ.....
စိုက်ခင်း​တွေများ​တော့ Resort ကို​ သန့်ရှင်း​ရေးနိုင်နိုင်နဲ့ထား​ပေးထား​ပေမယ့် တစ်ခါတစ်​လေ စံအိမ်ဘက်က​တော့ ခုလို အင်းဆက်ပိုးမွှား​တွေ ရောက်​ရောက် လာတတ်တာမျိုး.......
ခုလည်း​ထ​အော်ရင် သူနိုးသွားမှာကိုလည်း စိတ်ပူ.... ဖြတ်သွားရင်း ကိုယ့်အနားရစ်သီရစ်သီလုပ်​နေတဲ့ ဒင်းပုံစံကိုကြည့်ပြီး တကိုယ်လုံး ကြက်သီးတွေပင်ထလာသလို..........
​ဆောက်တည်ရာမရ ဖြစ်​နေရပြီး ​နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်​တော့သည့် အ​ခြေအ​နေမို့ သူအိပ်​နေသည့်ခုံ​ပေါ် သို့ ဒင်းကို​ကျော်ပြီးခုန်တက်ပစ်လိုက်​​မှ......
ခုံအစွန်းနားက သူ့အင်္ကျီစကိုနင်းချမိပြီး ခြေ​ချော်ကာ သူ့​ပေါ်ကန့်လန်ဖြတ် ​မှောက်ရက်ကျပြီး ပိမိသွားတော့သည်.....
တစ်ဆက်တည်း ပြန်အပ်နှင်းလိုက်သည်က လူကို တစ်ဖက်​ရောက်​အောင် ​ဆောင့်ကန်တွန်းပစ်လိုက်တာများ ဘယ်ဘဝကတည်းက စုထားတဲ့ အတွင်းအား​တွေနဲ့လဲမသိ......
❤ : ​​အ....သေပြီ ခင်ဗျားကြီး ဘာလာလုပ်ပြန်တာလဲ......ဗိုက်မှ​လေး​နေပါတယ်ဆို သူ့ပုဂ္ဂိုလ်နဲ့ လာတက်ဖိ​နေတာ.....
🖤 : ဟို ပိုးဟပ် ​ကြောက်လို့
❤ : ဟမ် အဲ့ဒါနဲ့ လူ​ပေါ်လာခုန်တက်ရလား စံအိမ်ထဲ တခြား ​တက်စရာ နေရာမရှိ​တော့ဘူးလား
🖤 : မင်းကလည်း ငါ​​ကြောက်လို့​ပေါ့ ငယ်ငယ်ကတည်းက အဲ့ဒီ အင်းဆက်ပိုးမွှား​​ကောင်တွေပဲ​ကြောက်တာ
❤ : ဟားဟား ကိုက်တတ်တဲ့အ​ကောင် အဆိပ်ပါတဲ့ အ​ကောင်မျိုးက ရှားပါတယ်ဗျာ ခင်ဗျားကလည်း
🖤 : အဲ့ဒါ​တော့သိတာ​ပေါ့ ဒီတိုင်း​​ကြောက်လို့ပါဆို​နေ....​သေ​တော့မယ် ငါ့ကို ရိုက်လွှတ်တွန်းလွှတ်တာများ ​ဆေးသွင်း​ပေးမိတာ​တောင် မှားပြီလားမသိ...... သန်လိုက်တဲ့အတွင်းအား​တွေ.... အ​စောက ဒဏ်ရာ​တောင် ​​ဆေးမထည့်ရ​သေးဘူး ​နောက်တစ်ခုထပ်တိုး​ပြီထင်တယ်.....
သူ​ပြောမှ အ​​စောက နှုတ်ခမ်း​ပေါက်ထားသည်ကို သတိရကာ ကြည့်လိုက်​​တော့ ​သွေးတိတ်​နေ​ပေမယ့် နည်းနည်း​ရောင်​နေသလို.....
❤ : ထိုင်​နေခဏ.....
တစ်ခွန်း​ပြောကာ ထထွက်သွား​သော သူ့အားကြည့်ရင်း ​ည​နေက​ရေးခဲ့​သော ​မေတ္တာစာ​လေး အ​ကြောင်း​တွေးနေမိသည်.......
​တွေး​နေရင်းမှ အနား လူရိပ်လို ဖြစ်လာသည်မို့ ကြည့်လိုက်​တော့ ​ဆေး​သေတ္တာဘူး​​လေး အားဖွင့်ကာ ​ဆေးဗူး​လေးနဲ့ အနားကို လာထိုင်ပြီး ကျွန်​တော့်မျက်နှာ​​ပေါ်က ရလာတဲ့ ဒဏ်ရာကို ​ဆေးထည့်​ပေး​နေတာ​လေ.......
သူ့ရဲ့ နုနုညံ့ညံ့ ​ဖော့​ဖ​ယောင်းသွယ် လက်​လေး​တွေနဲ့ ခပ်ဖွဖွ ​ဆေးလူး​ပေး​နေသည်ကို ခံစားမိ​သော်လည်း သူ့ရဲ့ပန်းနု​သွေး​ရောင်​​လေးပြေး ​နေတဲ့ မျက်နှာနုနုလှလှလေးကို ​ငေး​မောကြည့်​​နေရင်း အ​တွေးတို့ကို ဖြန့်ကျက်​နေမိသည်.......
ကျွန်​တော် အ​စောက သူ့အ​မေနဲ့ ဖုန်း​ပြော​နေတာ​တွေ ကြားပါတယ်........
ကျွန်​တော်​တောင် ခု​လောက် တမြတ်တနိုးနဲ့ ခံစား​နေရရင် အသက်တမျှရင်းပြီး ​မွေးထုတ်​ပေးထားတဲ့ သူ့မေ​မေတို့ဆိုရင် ဘယ်​လောက်​တောင်မှ ချစ်လိမ့်မလဲလို့​ပေါ့........
​ဆေးထည့်​​ပေး​နေရင်း အ​ရှေ့က​နေ ကျွန်​တော့်ကို ခုလို ပြုံးပြုံးကြီး ​ငေးကြည့်​​နေတာကို ​နေမရတာပဲ.... အ​စောက ​ဟိုအမျိုးသမီးနဲ့ပတ်သတ်ပြီး သူ​မေးထားတာကို ပြန်​တွေးမိကာ အမြင်ကတ်တာမို့လို့ ဆေးလိမ်း​ပေး​နေရင်းနဲ့ ​ရောင်​​နေတဲ့ ​နေရာကို ထိုးချပစ်လိုက်​တော့မှပဲ အသံစုံထွက်လာ​တော့သည်.....
🖤 : ​အ...သေပါပြီ Saint ရာ.... မင်းလူသတ်မှာလား....​ဆေးလိမ်း​ပေးမှာလား.....
❤ : မသိဘူး ....ရော့.... ကိုယ့်ဖာသာလိမ်း​တော့
လက်က​မခိုက်မိခဲ့ဘူးမလား.... အ​စောက​ပေါင်မုန့်​တွေ​တောင် ခင်ဗျား စားနိုင်​သေးတယ်​လေ..... အမြင်ကိုကတ်တယ်.... အိပ်​တော့မယ် Good night
တစ်တီတူးလို တွတ်တွတ်တွတ်တွတ်နဲ့ ​ပြောကာ ​ဘောက်ဆတ် ​ဘောက်ဆတ်နဲ့ အ​ပေါ်ကို တက်သွားတဲ့ပုံ​​လေးအား ကြည့်​နေရင်း အူ​တွေ​ရော အသည်း​တွေ​ရော ယားလာရတာပါ......
တစ်ချက် ​သ​ဘောတကျရယ်​မောပစ်လိုက်ရင်း...... သူသဝန်တို​နေတာ ဖြစ်နိုင်​ချေ 1%​​လောက်တော့ ရှိနိုင်သည်လို့ ​တွေးလိုက်ကာ ကျွန်​တော်လည်းနားချင်သည်မို့ အခန်းသို့သွားရန်ပြင်လိုက်​တော့သည်...........
အခန်းထဲ​ရောက်သည်နဲ့ Daddy ဆီ ​ရှေ့​နေလွှတ်​ပေးဖို့ကိစ္စက ​ခေါင်းထဲ​ပေါ်လာတာ​ကြောင့် ကိုယ်​ရေးကိုယ်တာအတွက် ထားရှိထား​သော ကျွမ်းကျင်သည့် ​ရှေ့​နေဆီ မနက်အ​စော စံအိမ်ကို လာခဲ့​ပေးဖို့ စာပို့ထားလိုက်သည်.....
တစ်ဆက်တည်း သူ့ကိုခုလို​လေး မြင်​နေရာက​​နေ ကိုယ့်ဆီက​ ဆွဲထုတ်သွားကြရင်ဆိုပြီး ​တွေးမိ​တော့ ရင်ထဲပြန်တင်းကြပ်လာပြန်ပြီ........
အရာအားလုံးအဆင်​ပြေဖို့ပဲ ​မျှော်လင့်ပြီး အိပ်စက်ခြင်း ရပ်ဝန်းထဲဆီသာ တိုးဝင်ပစ်လိုက်​မိတော့သည်..............
🖤 : မမြင်နိုင်တဲ့ ကံတရားကို
ကြိုတင် သိရှိနိုင်ဖို့ မင်းကို
လက်မလွှတ်လိုက်ရဖို့
ငါဘာ​တွေစ​တေး​ပေးရမလဲ ​​
ကောင်​လေးရာ.........☕
#Starry
#classiclove
(Zawgyi)
❤ : Kharp
❤ : ​အေး Wyane ​ပြော
❤ : Mae~~~~~~ဟင့်
"အမ​​လေး အတတ်က​​လေးက ​မေ့သည်း​တွေကို​​ခြွေ​နေပြန်ပါပြီ..... လွမ်းပါ့ရှင် .... တိတ် တိတ် သားporကိုလည်း Mae က မ​​ပြောရက်ဘူး​လေ တကယ်လည်း သား အနာဂတ်​ကောင်းဖို့ စီစဉ်ထားတာကိုး.....
❤ : ဟာ တကယ်​နော် Mae~~~
❤ : Kharp Mae ချစ်တယ်....