သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှ...

By thinlaelaewin

1.1M 155K 7.4K

ေသြးစုပ္ဖုတ္ေကာင္၏ သႏၶေသားႏွင့္အတူႏိုးထျခင္း Title : I woke up pregnant with a Jiangshi's child Original Auth... More

Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 2.1
Chapter 2.2
Chapter 2.3
Chapter 3.1
Just Announcement
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8(full chapter)
Chapter 9(full chapter)
Chapter 10(full chapter)
Chapter 11.1
Chapter 11.2
Chapter 12(full chapter)
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16(full chapter)
Chapter 17(full chapter)
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22(full chapter)
Chapter 23.1
Chapter 23.2
Chapter 24.1
Poster +spoiler
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26(full chapter )
Chapter 27(full chapter)
Chapter 28.1
Chapter 29.1
Chapter 29.2
Chapter 30(full chapter)
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33(full chapter)
Chapter 34.1(warning)
Chapter 34.2
Chapter 35(full chapter)
Chapter 36(full chapter)
Chapter 37(full chapter)
Chapter 38.1
Chapter 38.2
Chapter 39(full Chapter)
Chapter 40(full chapter)
Chapter 41(full chapter)
Chapter 42(full chapter)
Chapter 43(full chapter)
Chapter 44(full chapter)
Chapter 45(full chapter)
Chapter 46(full chapter)
Chapter 47(full chapter)
Chapter 48(full chapter)
Chapter 49(full chapter)
Chapter 50(full chapter)
Chapter 51.1
Chapter 51.2
Chapter 52(full chaper)
Chapter 53(full chapter)
Chapter 54(full chapter)
Chapter 55(full chapter)
Chapter 56(full chapter)
Chpater 57(full chapter)
Chapter 58(full chapter)
Chapter 59(full chapter)
Chapter 60(full chapter)
Chapter 61(full chapter)
Chapter 62(full chapter)
Chapter 63(full chapter)
Chapter 64(full chapter)
Chapter 65(full chapter)
Chapter 66(full chapter)
Chapter 67(full chapter)
Chapter 68(full chapter)
Chapter 69(full chapter)
Chapter 70(full chapter)
Chapter 71(full chapter)
Chapter 72(full chapter)
Chapter 73(full chapter)
Chapter 74(full chapter)
Chapter 75(full chapter)
Chapter 76(full chapter)
Chapter 77(full chapter)
Chapter 78(full chapter)
Chapter 79(full chapter)
Chapter 80(full chapter)

Chapter 28.2

10.2K 1.5K 118
By thinlaelaewin

ရင်းနှီးနေသည့် ကိုယ်ငွေ့က သူ့ကို တဒင်္ဂလောကကြီးနှင့်အဆက်ပြတ်သွားစေလေသည်။ တစ်ခြားတစ်ဖက်က လျှာဖျားလေးဖြင့်ပင် သူ့နှုတ်ခမ်းတစ်စုံကို စိတ်ကြိုက်လျှက်နေသည်မှာ ဂျယ်လီများစားနေသည်ထင့်။ သူဆိုသည့် ကျန်းချိုးက ရက်ရက်ရောရောပင် နှုတ်ခမ်းတစ်စုံကိုဟပေးလျက် အတွင်းထဲထိအရသာခံစေတော့သည်။ အနမ်းတို့က တစတစပြင်းထန်လာသည်နှင့်အမျှ ကျန်းချိုးခါးပင်မမတ်နိုင်တော့ပဲ ပျော့ခွေသွားရလေသည်။ တော်ပါသေးသည်..ကားထဲတွင်မို့။ ***ဟမ်! ကား..ကားထဲမှာ!!!***

ကျန်းချိုးအခုမှ ဖီးရှန်ရှိသည်ဟူသည့် ဖြစ်တည်မှုကြီးကိုပြန်အမှတ်ရမိသွားပြီး ထိုဖီးရှန်မှာ လီစူးလိုပင် အမှောင်ထဲမြင်နိုင်သူဆိုတာပါ သတိရသွားလေသည်။ အရိပ်က တဖြေးဖြေးခွာသွားသော်လည်း ကျန်းချိုးကိုနောက်တစ်ကြိမ်ပြန်နမ်းလာသေး၏။

"ကိုယ်မင်းကိုနမ်းရင်လည်း အတူတူပဲမို့လား"

တစ်ဖက်သူကပြောရင်း ကျေနပ်စွာဖြင့် သူ့နေရာသူဖင်ပြန်ချသွားလေသည်။ စိတ်တိုရန် အခုမှ သတိရသွားပါသော ကျန်းချိုးပင်။

"လီစူး!!!"

"အင်"

အင်ဆိုသည့် ပြန်ထူးသံပျော့ပျော့လေးက ကျန်းချိုးနှုတ်မှ တစ်ခွန်းလေးတောင်မထွက်ကျနိုင်လောက်အောင် အားပြင်းသွားပေသည်။ သူမျက်နှာပုံစုံကော အသံအနေအထားကော ပြန်ပြင်နိုင်အောင် အငွေ့တစ်ခေါက်လောက်ပြန်လိုက်ချင်ပါရဲ့။

"ကိုယ်မီးပိတ်ထားတယ်လေ"

လီစူးအသံက ပကတိ innocentလေသံလေး။

"မင်းရှက်နေတာ ကိုယ်သိပါတယ်"

***ဟမ်..သိတယ်ဆို ဘာလို့အခုထက်ထိ မျက်နှာကြီးမဖယ်သေးတာလဲ***

"ဖီးရှန်အမှောင်ထဲမှာ မြင်နိုင်တာ ကျတော်မမေ့သေးဘူးလေ"

"ငါမတွေ့ချင်ယောင်ဆောင်ထားတယ်:

ဖီးရှန်မှာ မပါမဖြစ်အနေဖြင့် နောက်ခုံကနေ ပြောရှာ၏။

"ကျတော်..ကျတော်ခများကြီးကို သတ်မိတော့မယ်..လီစူး!!!"

ကျန်းချိုး မျက်စေ့ရှေ့ဆံပင်ကိုမှုတ်ထုတ်လိုက်သည်ကို မြင်လိုက်သောလီစူးက သူ့ရှောင်းစုန့်ပေါင်လေး၏ ဆံပင်ကိုဖွဖွလေးပုတ်လိုက်၏။

"ကိုယ်လမ်းဘယ်လိုသိလဲ မသိချင်တော့ဘူးလား?"

"ဘယ်သူကသိချင်..."

"အဲ့maskနဲ့ဂျပုက လောင်ကျင်းပဲ"

လီစူးမြန်မြန်ုကြားဝင်ဖြေလိုက်သောစကားက ကျန်းချိုးကိုစွံ့အသွားစေခဲ့လေသည်။ ထိုခန အနမ်းတို့ကြားပျော်မွေ့ခဲ့သော ကျန်းချိုးတစ်ယောက် ထိုအနမ်းအကြောင်းအတိတ်မေ့သွားရလေတော့သည်။

"လောင်ကျင်း? အဲ့လူသေလောင်ကျင်း?"

လီစူးမှာ ဟာသတစ်ခုကြားလိုက်ရသလို နှုတ်ခမ်းတို့ကွေးတက်သွားလေသည်။

"မဟုတ်ရင် အဲ့ဖက်က ဂူသွားတဲ့လမ်းကိုဘယ်လိုသိမယ်လို့ထင်လို့လဲ"

လီစူးစကားကြောင့် သူတို့လက်ထဲ မြေပုံရှိနေတာကိုအမှတ်ရမိသွား၏။ သူတို့လက်ထဲတွင် မြေပုံရှိနေသော်လည်း.တစ်ခြားတစ်ဖက်က နေရာကိုတိတိကျကျသိနေခဲ့သည်ပင်။

"ရှန်းရှီးမှာ ငါဖီးနစ်လုံးကိုယူနေတုန်း လောင်ကျင်းက သေတ္တာကိုဖွင့်နေခဲ့တာ..သူအဲ့တာကို သတိထားမိခဲ့ပုံပဲ"

ဖီးရှန်အပြောကြောင့် ကျန်းချိုးလောင်ကျင်းအကြောင်းပြန်တွေးမိပြီး နောက်ဆက်တွဲ ကျုံးကျီးခြောက်ကြီးပါ တွဲမြင်ယောင်မိလာသဖြင့်
ချက်ချင်းလက်ဝေ့တားလိုက်၏။

"ခေါင်းစဉ်ပြောင်းကြရအောင်...ကျတော်ခံစားရမကောင်းတော့ဘူး"

လီစူး ကားစက်နိုးလိုက်ပြီး ဖြေးဖြေးသာမောင်းလိုက်၏။

"မင်း ရှန်းရှီးရေအိုင်ထဲက ပိုးစိမ်းလေးတွေကိုမှတ်မိသေးလား"

***ဘယ်လိုမေ့နိုင်မှာလဲ***

ထိုပိုးကောင်က လူနှစ်ယောက်ကိုတောင်သတ်ပြီး အသားအရေခမ်းခြောက်သေအောင်လုပ်နိုင်ခဲ့သေးတာ။

"အဲ့ပိုးကောင်က လောင်ကျင်းကိုယ်ထဲက..ပြီးတစ်ခြားတစ်ကောင်က ကိုယ့်လက်ထဲမှာ"

လီစူး steeringတိုင်ကိုလက်တစ်ဖက်ဖြင့်ပြောင်းကိုင်ရင်း..တစ်ခြားလက်တစ်ဖက်ကိုဖြန့်ပြလိုက်လေသည်။ ပိုးကောင်ငါ်လေးတစ်ကောင်က လီစူးလက်ချောင်းတွေကြား ပျံဝဲနေလေ၏။ ကျန်းချိုးကြောက်ကြောက်ဖြင့်ကြည့်နေလေသည်။

"အဲ့လက်နဲ့ကျတော့်ကိုမထိနဲ့"

ပြောနေရင်းမှ လီစူးသူ့ခေါင်းပွတ်ခဲ့သည်ကိုအမှတ်ရသွားပြီး ကျောချမ်းသွားလေ၏။ လီစူးမှာ ကျန်းချိုးဘာတွေးနေလဲ သိနေသည့်အလား သူ့လက်ချောင်းကို ဆတ်ခနဲခါချလိုက်လေသည်။ ပိုးစိမ်းလေးမှာ ကားအရှေ့မှန်တွင် လူးလားခေါက်တုံ့ပျံဝဲနေတော့၏။

"ခများအဲ့ပိုးကောင်ကို လူတွေဒုက္ခမရောက်စေပဲ ဒီအထိသယ်ခဲ့တာလား"

"မဟုတ်ဘူး..အဲ့ကောင်က သက်ရှိနဲ့တွဲနေမှ ..သူခွာလိုက်တာနဲ့.."

စကားခနရပ်လိုက်ပြီးမှ လက်ညိုးထိုးပြလိုက်၏။

"ဒီမှာကြည့်"

ပိုးကောင်မှာ အတောင့်လိုက်ရပ်သွားပြီး ထပ်မလှုပ်ရှားတော့။

ကားမှာ ရှေ့သစ်ပင်နားတွင်ရပ်လိုက်ပြီး စက်သတ်လိုက်၏။ ကျန်းချိုး ခပ်ဝေးဝေးက လူလေးယောက်စကားပြောသံကို ဝေေ၀ဝါးဝါးသာကြားရပြီး လီစူးနှင့်ဖီးရှန်တော့ ကောင်းကောင်းကြားနိုင်ကြမည်ပင်။

"ဖီးနစ်လုံးက အလျင်မလိုဘူး...အဲ့တာရှိနေရင်တောင်ငါတို့ဘားမှ ရှာနိုင်မှာမဟုတ်ဘူး"

"စစတုန်းက မြန်မြန်လုပ်ဆိုပြီးအခုကဘယ်လိုဖြစ်ပြန်တာတုန်း..ငါဂူထဲမဆင်းတာ အတော်ကြာပြီ..အစတုန်းက အဲ့တာကိုလုယူဖို့.."

"နတ်ဘုရားသွေးမပါရင် ဖီးနစ်လုံးကအလကားပဲ...အဲ့သွေးကလည်း သူတို့တစ်သက်ရှာမတွေ့နိုင်လောက်ဘူး..သူတို့ရှာတွေ့ခဲ့မယ်ဆိုတောင် အသက်ရှင်မှာတော့မဟုတ်ဘူး"

နတ်ဘုရားသွေး!!!

ဖီးရှန်မျက်နှာထက်အဲ့အားသင့်ခြင်းနှင့်ပြည့်နှက်လျက် ..သူ့လက်ထဲက အလုံးလေးကလည်းချက်ချင်းပူတက်လာပြီး တုံ့ပြန်နေသလိုပင်။

"ငါ့ကိုစောင့်နေပါ"

ဆယ့်တစ်နာရီအထိ ဘာအသံမှမကြားနိုင်လေသော ကျန်းချိုးဗိုက်ထဲတိုက်ပွဲစလာလေသည်။ သူ့လက်ကိုဗိုက်ပေါ်တင်လိုက်ချိန်တွင် ကျောက်ရုပ်ကြီးဖြစ်သွားရလေသည်။ ဗိုက်ထဲမှာ တစ်ခုခုလှုပ်နေတယ်...

"ဘာဖြစ်လို့လဲ"

ကျန်းချိုးမျက်နှာ ဖျော့သွားပြီး တံတွေးသာအနိုင်နိုင်မြိုချလိုက်၏။

"ဗိုက်ဆာလို့ပါ"

ချင်းလင်တောင်ကတည်းက ပျို့တာအန်တာကလွဲလျင် ဘာထူးခြားမှုမှမရှိခဲ့..အခုလည်းဗိုက်ကသိပ်မထွက်သော်ငြား.ဗိုက်ထဲတစ်ခုခုကရွှေ့နေလေပြီ...ကလေးလေးရဲ့လက်ဖဝါးလေးတစ်ခုဖြစ်မည်ထင်သည်။

ဒီတစ်ခန ကျန်းချိုး သူ့ဗိုက်လေးထဲ ကျန်းရှီလေးတစ်ကောင် ကြီးထွားနေပြီမှန်းခံစားလိုက်ရ၏။ သူမလွတ်မြောက်နိုင်တော့တာက အရေးမကြီး..ထိုကျန်းရှီလေးက ဘယ်လိုအပြင်ထွက်ရမည်လဲက ပိုအရေးကြီး၏။ သူ့အာဟာရဓာတ်ကိုစုပ်ယူရင်းသူ့ဗိုက်ဖွင့်ပြီးထွက်လာတာဖြစ်နိုင်လား?

ကျန်းချိုး သူ့အတွေးနှင့်သူကြောက်လန့်သွားရလေသည်။ လီစူး သူ့လက်လေးကို ဆုပ်ကိုင်လိုက်၏။

"ဘားမှမတွေးနဲ .ကိုယ်ဒီမှာရှိတယ်"

ထို့နောက်တွင် လီစူးသူ့ကျောကိုသပ်ပေးလာပြီး သူအလွန်အိပ်ချင်လာကာ များမကြာမီတွင်ပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်။

"သူသာအမှန်တရားကိုသိခဲ့ရင် မင်းလက်မောင်းပေါ်မှာ ဒီလိုမျိုးနှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်သေးမှာတဲ့လား"

လီစူးမဖုံးကွယ်ထားပဲ အနီရောင်မျက်ဝန်းများနှင့် အနောက်ဖက်လှည့်ကြည့်ကာ အေးစက်စွာပြောလာ၏။

"မင်းစကားများလွန်းတယ်"

ဖီးရှန် သူ့စိတ်ထဲအကြောက်တရားတစ်ချို့လွမ်းလာသဖြင့် ပြောချင်နေသည့်စကားတို့ကိုမြိုသိပ်လိုက်ရလေသည်။ ***ဒီလူတွေအကြောင်းမေ့လိုက်..ငါဂရုစိုက်ရမှာ ဒါးအာပဲ..နတ်ဘုရားသွေးရရင် ငါ့ဒါးအာလေးအသက်ပြန်ရှင်ပြီ***

လီစူးမှာ ထိုင်ခုံအောက်က စောင်ကိုညင်ညင်သာသာထုတ်ရင်း ကျန်းချိုးကိုခြုံပေးကာ ကားပြင်ထွက်လိုက်၏။ မီးဖိုသေးသေးလေးဖိုကာ အမဲသားခေါက်ဆွဲကိုပြုတ်လိုက်၏။

ကျန်းချိုးနှာတရှုံ့ရှုံ့လုပ်ရင်းနိုးလာကာ မျက်လုံးတို့ကိုပွတ်လိုက်၏။

"ငါဘယ်လိုလုပ်အိပ်ပျော်သွားတာပါလိမ့်"

သူတစ်ခုခုကိုအသဲအသန်စဉ်းစားနေခဲ့ပုံပေါ်သော်လည်းအခုဘားမှ မမှတ်မိတော့..သူလေထဲပျံ့လွင့်လာသည့် ရနံ့လေးထဲတွင်သာမျောသွားရလေသည်။

"ခများဘာလုပ်နေတာလဲ လီစူး..အနံ့လေးက မွှေးနေတာပဲ"

လီစူး ကျန်းချိုးဆီ ပန်းကန်လုံးလေး လှမ်းပေးလိုက်၏။

"သတိထားဦး..ပူမယ်"

နွေရာသီဖြစ်သော်ငြားညဖက်တွင်အေးသောကြောင့် ဒီခေါက်ဆွဲပူလောက်တော့ ကျန်းချိုးအတွက်အေးဆေးပင်။ သူ့ဗိုက်လေးအခုမှ နေသာထိုင်သာရှိသွားလေတော့သည်။

"လီစူး..ခများက အိမ်ရှင်မကောင်းတစ်ယောက်ပဲ!!!"

လီစူး သူ့ကိုစိုက်ကြည့်လာသော်လည်း ဘာမှ အငြင်းအခုံမလုပ်။

"မလောက်ရင် ရှိသေးတယ်"

"ရပြီ..ခများနဲ့ ဖီးရှန်မြန်မြန်စားလိုက် မဟုတ်ရင်ခေါက်ဆွဲတွေပွသွားမယ်"

ကျန်းချိုး အရည်တစ်ချက်စုပ်သောက်လိုက်၏။ များများစားလေ ပိုပျော်လေဖြစ်နေသော ကျန်းချိုး အရှက်မဲ့စွာပြောလိုက်၏။

"ငါလေးက မျက်စိကောင်းသားပဲ..လီစူး..မွ"

"မွ"

***ဟမ်..လီစူးက ဘယ်လိုဖြစ်သွားတာလဲ***

(T/N ဟုတ်ပါတယ်..၃၁ဘုံမှာ နင်တို့အရိုဆုံးပါ😑😑)

Total:2830words
Sorry for spelling mistakes

Zawgyi
ရင္းႏွီးေနသၫ့္ ကိုယ္ေငြ့က သူ႔ကို တဒဂၤေလာကႀကီးႏွင့္အဆက္ျပတ္သြားေစေလသည္။ တစ္ျခားတစ္ဖက္က လ်ွာဖ်ားေလးျဖင့္ပင္ သူ႔ႏႈတ္ခမ္းတစ္စံုကို စိတ္ႀကိဳက္လ်ွက္ေနသည္မွာ ဂ်ယ္လီမ်ားစားေနသည္ထင့္။ သူဆိုသၫ့္ က်န္းခ်ိဳးက ရက္ရက္ေရာေရာပင္ ႏႈတ္ခမ္းတစ္စံုကိုဟေပးလ်က္ အတြင္းထဲထိအရသာခံေစေတာ့သည္။ အနမ္းတို႔က တစတစျပင္းထန္လာသည္ႏွင့္အမ်ွ က်န္းခ်ိဳးခါးပင္မမတ္ႏိုင္ေတာ့ပဲ ေပ်ာ့ေခြသြားရေလသည္။ ေတာ္ပါေသးသည္..ကားထဲတြင္မို႔။ ***ဟမ္! ကား..ကားထဲမွာ!!!***

က်န္းခ်ိဳးအခုမွ ဖီးရွန္ရိွသည္ဟူသၫ့္ ျဖစ္တည္မႈႀကီးကိုျပန္အမွတ္ရမိသြားၿပီး ထိုဖီးရွန္မွာ လီစူးလိုပင္ အေမွာင္ထဲျမင္ႏိုင္သူဆိုတာပါ သတိရသြားေလသည္။ အရိပ္က တေျဖးေျဖးခြာသြားေသာ္လည္း က်န္းခ်ိဳးကိုေနာက္တစ္ႀကိမ္ျပန္နမ္းလာေသး၏။

"ကိုယ္မင္းကိုနမ္းရင္လည္း အတူတူပဲမို႔လား"

တစ္ဖက္သူကေျပာရင္း ေက်နပ္စြာျဖင့္ သူ႔ေနရာသူဖင္ျပန္ခ်သြားေလသည္။ စိတ္တိုရန္ အခုမွ သတိရသြားပါေသာ က်န္းခ်ိဳးပင္။

"လီစူး!!!"

"အင္"

အင္ဆိုသၫ့္ ျပန္ထူးသံေပ်ာ့ေပ်ာ့ေလးက က်န္းခ်ိဳးႏႈတ္မွ တစ္ခြန္းေလးေတာင္မထြက္က်ႏိုင္ေလာက္ေအာင္ အားျပင္းသြားေပသည္။ သူမ်က္ႏွာပံုစံုေကာ အသံအေနအထားေကာ ျပန္ျပင္ႏိုင္ေအာင္ အေငြ့တစ္ေခါက္ေလာက္ျပန္လိုက္ခ်င္ပါရဲ့။

"ကိုယ္မီးပိတ္ထားတယ္ေလ"

လီစူးအသံက ပကတိ innocentေလသံေလး။

"မင္းရွက္ေနတာ ကိုယ္သိပါတယ္"

***ဟမ္..သိတယ္ဆို ဘာလို႔အခုထက္ထိ မ်က္ႏွာႀကီးမဖယ္ေသးတာလဲ***

"ဖီးရွန္အေမွာင္ထဲမွာ ျမင္ႏိုင္တာ က်ေတာ္မေမ့ေသးဘူးေလ"

"ငါမေတြ့ခ်င္ေယာင္ေဆာင္ထားတယ္:

ဖီးရွန္မွာ မပါမျဖစ္အေနျဖင့္ ေနာက္ခံုကေန ေျပာရွာ၏။

"က်ေတာ္..က်ေတာ္ခမ်ားႀကီးကို သတ္မိေတာ့မယ္..လီစူး!!!"

က်န္းခ်ိဳး မ်က္ေစ့ေရ႔ွဆံပင္ကိုမႈတ္ထုတ္လိုက္သည္ကို ျမင္လိုက္ေသာလီစူးက သူ႔ေရွာင္းစုန႔္ေပါင္ေလး၏ ဆံပင္ကိုဖြဖြေလးပုတ်လိုက်၏။

"ကိုယ္လမ္းဘယ္လိုသိလဲ မသိခ်င္ေတာ့ဘူးလား?"

"ဘယ္သူကသိခ်င္..."

"အဲ့maskနဲ႔ဂ်ပုက ေလာင္က်င္းပဲ"

လီစူးျမန္ျမႏ္ုၾကားဝင္ေျဖလိုက္ေသာစကားက က်န္းခ်ိဳးကိုစြံ႔အသြားေစခဲ့ေလသည္။ ထိုခန အနမ္းတို႔ၾကားေပ်ာ္ေမြ့ခဲ့ေသာ က်န္းခ်ိဳးတစ္ေယာက္ ထိုအနမ္းအေၾကာင္းအတိတ္ေမ့သြားရေလေတာ့သည္။

"ေလာင္က်င္း? အဲ့လူေသေလာင္က်င္း?"

လီစူးမွာ ဟာသတစ္ခုၾကားလိုက္ရသလို ႏႈတ္ခမ္းတို႔ေကြးတက္သြားေလသည္။

"မဟုတ္ရင္ အဲ့ဖက္က ဂူသြားတဲ့လမ္းကိုဘယ္လိုသိမယ္လို႔ထင္လို႔လဲ"

လီစူးစကားေၾကာင့္ သူတို႔လက္ထဲ ေျမပံုရိွေနတာကိုအမွတ္ရမိသြား၏။ သူတို႔လက္ထဲတြင္ ေျမပံုရိွေနေသာ္လည္း.တစ္ျခားတစ္ဖက္က ေနရာကိုတိတိက်က်သိေနခဲ့သည္ပင္။

"ရွန္းရွီးမွာ ငါဖီးနစ္လံုးကိုယူေနတုန္း ေလာင္က်င္းက ေသတၲာကိုဖြင့္ေနခဲ့တာ..သူအဲ့တာကို သတိထားမိခဲ့ပံုပဲ"

ဖီးရွန္အေျပာေၾကာင့္ က်န္းခ်ိဳးေလာင္က်င္းအေၾကာင္းျပန္ေတြးမိၿပီး ေနာက္ဆက္တြဲ က်ံဳးက်ီးေျခာက္ႀကီးပါ တြဲျမင္ေယာင္မိလာသျဖင့္
ခ်က္ခ်င္းလက္ေဝ့တားလိုက္၏။

"ေခါင္းစဉ္ေျပာင္းၾကရေအာင္...က်ေတာ္ခံစားရမေကာင္းေတာ့ဘူး"

လီစူး ကားစက္ႏိုးလိုက္ၿပီး ေျဖးေျဖးသာေမာင္းလိုက္၏။

"မင္း ရွန္းရွီးေရအိုင္ထဲက ပိုးစိမ္းေလးေတြကိုမွတ္မိေသးလား"

***ဘယ္လိုေမ့ႏိုင္မွာလဲ***

ထိုပိုးေကာင္က လူႏွစ္ေယာက္ကိုေတာင္သတ္ၿပီး အသားအေရခမ္းေျခာက္ေသေအာင္လုပ္ႏိုင္ခဲ့ေသးတာ။

"အဲ့ပိုးေကာင္က ေလာင္က်င္းကိုယ္ထဲက..ၿပီးတစ္ျခားတစ္ေကာင္က ကိုယ့္လက္ထဲမွာ"

လီစူး steeringတိုင္ကိုလက္တစ္ဖက္ျဖင့္ေျပာင္းကိုင္ရင္း..တစ္ျခားလက္တစ္ဖက္ကိုျဖန႔္ျပလိုက္ေလသည္။ ပိုးေကာင္ငၚေလးတစ္ေကာင္က လီစူးလက္ေခ်ာင္းေတြၾကား ပ်ံဝဲေနေလ၏။ က်န္းခ်ိဳးေၾကာက္ေၾကာက္ျဖင့္ၾကၫ့္ေနေလသည္။

"အဲ့လက္နဲ႔က်ေတာ့္ကိုမထိနဲ႔"

ေျပာေနရင္းမွ လီစူးသူ႔ေခါင္းပြတ္ခဲ့သည္ကိုအမွတ္ရသြားၿပီး ေက်ာခ်မ္းသြားေလ၏။ လီစူးမွာ က်န္းခ်ိဳးဘာေတြးေနလဲ သိေနသၫ့္အလား သူ႔လက္ေခ်ာင္းကို ဆတ္ခနဲခါခ်လိုက္ေလသည္။ ပိုးစိမ္းေလးမွာ ကားအေရ႔ွမွန္တြင္ လူးလားေခါက္တံု႔ပ်ံဝဲေနေတာ့၏။

"ခမ်ားအဲ့ပိုးေကာင္ကို လူေတြဒုကၡမေရာက္ေစပဲ ဒီအထိသယ္ခဲ့တာလား"

"မဟုတ္ဘူး..အဲ့ေကာင္က သက္ရိွနဲ႔တြဲေနမွ ..သူခြာလိုက္တာနဲ႔.."

စကားခနရပ္လိုက္ၿပီးမွ လက္ညိုးထိုးျပလိုက္၏။

"ဒီမွာၾကၫ့္"

ပိုးေကာင္မွာ အေတာင့္လိုက္ရပ္သြားၿပီး ထပ္မလႈပ္ရွားေတာ့။

ကားမွာ ေရ႔ွသစ္ပင္နားတြင္ရပ္လိုက္ၿပီး စက္သတ္လိုက္၏။ က်န္းခ်ိဳး ခပ္ေဝးေဝးက လူေလးေယာက္စကားေျပာသံကို ေဝေဝဝါးဝါးသာၾကားရၿပီး လီစူးႏွင့္ဖီးရွန္ေတာ့ ေကာင္းေကာင္းၾကားႏိုင္ၾကမည္ပင္။

"ဖီးနစ္လံုးက အလ်င္မလိုဘူး...အဲ့တာရိွေနရင္ေတာင္ငါတို႔ဘားမွ ရွာႏိုင္မွာမဟုတ္ဘူး"

"စစတုန္းက ျမန္ျမန္လုပ္ဆိုၿပီးအခုကဘယ္လိုျဖစ္ျပန္တာတုန္း..ငါဂူထဲမဆင္းတာ အေတာ္ၾကာၿပီ..အစတုန္းက အဲ့တာကိုလုယူဖို႔.."

"နတ္ဘုရားေသြးမပါရင္ ဖီးနစ္လံုးကအလကားပဲ...အဲ့ေသြးကလည္း သူတို႔တစ္သက္ရွာမေတြ့ႏိုင္ေလာက္ဘူး..သူတို႔ရွာေတြ့ခဲ့မယ္ဆိုေတာင္ အသက္ရွင္မွာေတာ့မဟုတ္ဘူး"

နတ္ဘုရားေသြး!!!

ဖီးရွန္မ်က္ႏွာထက္အဲ့အားသင့္ျခင္းႏွင့္ျပၫ့္ႏွက္လ်က္ ..သူ႔လက္ထဲက အလံုးေလးကလည္းခ်က္ခ်င္းပူတက္လာၿပီး တံု႔ျပန္ေနသလိုပင္။

"ငါ့ကိုေစာင့္ေနပါ"

ဆယ့္တစ္နာရီအထိ ဘာအသံမွမၾကားႏိုင္ေလေသာ က်န္းခ်ိဳးဗိုက္ထဲတိုက္ပြဲစလာေလသည္။ သူ႔လက္ကိုဗိုက္ေပၚတင္လိုက္ခ်ိန္တြင္ ေက်ာက္ရုပ္ႀကီးျဖစ္သြားရေလသည္။ ဗိုက္ထဲမွာ တစ္ခုခုလႈပ္ေနတယ္...

"ဘာျဖစ္လို႔လဲ"

က်န္းခ်ိဳးမ်က္ႏွာ ေဖ်ာ့သြားၿပီး တံေတြးသာအႏိုင္ႏိုင္ၿမိဳခ်လိုက္၏။

"ဗိုက္ဆာလို႔ပါ"

ခ်င္းလင္ေတာင္ကတည္းက ပ်ိဳ႕တာအန္တာကလြဲလ်င္ ဘာထူးျခားမႈမွမရိွခဲ့..အခုလည္းဗိုက္ကသိပ္မထြက္ေသာ္ျငား.ဗိုက္ထဲတစ္ခုခုကေရႊ့ေနေလၿပီ...ကေလးေလးရဲ့လက္ဖဝါးေလးတစ္ခုျဖစ္မည္ထင္သည္။

ဒီတစ္ခန က်န္းခ်ိဳး သူ႔ဗိုက္ေလးထဲ က်န္းရွီေလးတစ္ေကာင္ ႀကီးထြားေနၿပီမွန္းခံစားလိုက္ရ၏။ သူမလြတ္ေျမာက္ႏိုင္ေတာ့တာက အေရးမႀကီး..ထိုက်န္းရွီေလးက ဘယ္လိုအျပင္ထြက္ရမည္လဲက ပိုအေရးႀကီး၏။ သူ႔အာဟာရဓာတ္ကိုစုပ္ယူရင္းသူ႔ဗိုက္ဖြင့္ၿပီးထြက္လာတာျဖစ္ႏိုင္လား?

က်န္းခ်ိဳး သူ႔အေတြးႏွင့္သူေၾကာက္လန႔္သြားရေလသည္။ လီစူး သူ႔လက္ေလးကို ဆုပ္ကိုင္လိုက္၏။

"ဘားမွမေတြးနဲ .ကိုယ္ဒီမွာရိွတယ္"

ထို႔ေနာက္တြင္ လီစူးသူ႔ေက်ာကိုသပ္ေပးလာၿပီး သူအလြန္အိပ္ခ်င္လာကာ မ်ားမၾကာမီတြင္ပင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားေလသည္။

"သူသာအမွန္တရားကိုသိခဲ့ရင္ မင္းလက္ေမာင္းေပၚမွာ ဒီလိုမ်ိဳးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ႏိုင္ေသးမွာတဲ့လား"

လီစူးမဖံုးကြယ္ထားပဲ အနီေရာင္မ်က္ဝန္းမ်ားႏွင့္ အေနာက္ဖက္လွၫ့္ၾကၫ့္ကာ ေအးစက္စြာေျပာလာ၏။

"မင္းစကားမ်ားလြန္းတယ္"

ဖီးရွန္ သူ႔စိတ္ထဲအေၾကာက္တရားတစ္ခ်ိဳ႕လြမ္းလာသျဖင့္ ေျပာခ်င္ေနသၫ့္စကားတို႔ကိုၿမိဳသိပ္လိုက္ရေလသည္။ ***ဒီလူေတြအေၾကာင္းေမ့လိုက္..ငါဂရုစိုက္ရမွာ ဒါးအာပဲ..နတ္ဘုရားေသြးရရင္ ငါ့ဒါးအာေလးအသက္ျပန္ရွင္ၿပီ***

လီစူးမွာ ထိုင္ခံုေအာက္က ေစာင္ကိုညင္ညင္သာသာထုတ္ရင္း က်န္းခ်ိဳးကိုၿခံဳေပးကာ ကားျပင္ထြက္လိုက္၏။ မီးဖိုေသးေသးေလးဖိုကာ အမဲသားေခါက္ဆြဲကိုျပဳတ္လိုက္၏။

က်န္းခ်ိဳးႏွာတရႈံ႔ရႈံ႔လုပ္ရင္းႏိုးလာကာ မ်က္လံုးတို႔ကိုပြတ္လိုက္၏။

"ငါဘယ္လိုလုပ္အိပ္ေပ်ာ္သြားတာပါလိမ့္"

သူတစ္ခုခုကိုအသဲအသန္စဉ္းစားေနခဲ့ပံုေပၚေသာ္လည္းအခုဘားမွ မမွတ္မိေတာ့..သူေလထဲပ်ံ့လြင့္လာသၫ့္ ရနံ႔ေလးထဲတြင္သာေမ်ာသြားရေလသည္။

"ခမ်ားဘာလုပ္ေနတာလဲ လီစူး..အနံ႔ေလးက ေမႊးေနတာပဲ"

လီစူး က်န္းခ်ိဳးဆီ ပန္းကန္လံုးေလး လွမ္းေပးလိုက္၏။

"သတိထားဦး..ပူမယ္"

ေနြရာသီျဖစ္ေသာ္ျငားညဖက္တြင္ေအးေသာေၾကာင့္ ဒီေခါက္ဆြဲပူေလာက္ေတာ့ က်န္းခ်ိဳးအတြက္ေအးေဆးပင္။ သူ႔ဗိုက္ေလးအခုမွ ေနသာထိုင္သာရိွသြားေလေတာ့သည္။

"လီစူး..ခမ်ားက အိမ္ရွင္မေကာင္းတစ္ေယာက္ပဲ!!!"

လီစူး သူ႔ကိုစိုက္ၾကၫ့္လာေသာ္လည္း ဘာမွ အျငင္းအခံုမလုပ္။

"မေလာက္ရင္ ရိွေသးတယ္"

"ရၿပီ..ခမ်ားနဲ႔ ဖီးရွန္ျမန္ျမန္စားလိုက္ မဟုတ္ရင္ေခါက္ဆြဲေတြပြသြားမယ္"

က်န္းခ်ိဳး အရည္တစ္ခ်က္စုပ္ေသာက္လိုက္၏။ မ်ားမ်ားစားေလ ပိုေပ်ာ္ေလျဖစ္ေနေသာ က်န္းခ်ိဳး အရွက္မဲ့စြာေျပာလိုက္၏။

"ငါေလးက မ်က္စိေကာင္းသားပဲ..လီစူး..မြ"

"မြ"

***ဟမ္..လီစူးက ဘယ္လိုျဖစ္သြားတာလဲ***

(T/N ဟုတ္ပါတယ္..၃၁ဘံုမွာ နင္တို႔အရိုဆံုးပါ😑😑)

Total:2830words
Sorry for spelling mistakes

Continue Reading

You'll Also Like

584K 77K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
439K 62.1K 200
ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့အခါ ... သူတော်စင်ရာထူးကိုလဲ အလွယ်လေး ရသ...
603K 94.1K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
36.7K 3.2K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...