နှလုံးသားနှင့် ပျိုးထောင်ခဲ့သ...

By Shang_Sui

2M 256K 12.5K

လုရွန္းဟာ ကလပ္တစ္ခုမွာ အလုပ္ကိစၥေဆြးေႏြးရာမွ အျပန္ ေကာင္ေလးတစ္ေယာက္ကို လူတစ္စုက ႏွိပ္စက္ေနတာကို ျမင္ခဲ့ၿပီး က... More

အပိုင္း (၁-၁) စတင္ေတြ႔ဆံုျခင္း
အပိုင္း (၁-၂) စတင္ေတြ႔ဆံုျခင္း
အပိုင္း (၁-၃) စတင္ေတြ႔ဆံုျခင္း
အပိုင္း(၂-၁) နာမည္အသစ္ေပးျခင္း
အပိုင္း (၂-၂) နာမည္အသစ္ေပးျခင္း
အပိုင္း (၃-၁) အတူေနထိုင္ျခင္း
အပိုင္း (၃-၂) အတူေနထိုင္ျခင္း
အပိုင္း (၃-၃) အတူေနထိုင္ျခင္း
အပိုင္း (၄-၁) အရက္မူးျခင္း
အပိုင္း (၄-၂) အရက္မူးျခင္း
အပိုင္း (၄-၃) အရက္မူးျခင္း
အခန္း (၅) ဆဲလ္ဖုန္း
အခန္း (၆-၁) ဧည့္သည္မ်ားအား ႏႈတ္ဆက္ျခင္း
အခန္း (၆-၂) ဧည့္သည္မ်ားအား ႏႈတ္ဆက္ျခင္း
အခန္း (၇-၁) က်ားတစ္ေကာင္အား ပ်ိဳးေထာင္ျခင္း
အခန္း (၇-၂) က်ားတစ္ေကာင္အား ပ်ိဳးေထာင္ျခင္း
အခန္း (၈-၁) လုပ္ၾကံရန္ႀကိဳးစားမႈ
အခန္း (၈-၂) လုပ္ၾကံရန္ႀကိဳးစားမႈ
အခန္း (၉) မတူညီေသာ ရပ္တည္ခ်က္မ်ား
အခန္း(၁၀-၁) ျပႆနာမ်ား
အခန္း (၁၀-၂) ျပႆနာမ်ား
အခန္း (၁၁) ခြဲစိတ္ခန္းဝင္ရျခင္း
အခန္း (၁၂) ႏိုးထျခင္း
အခန္း (၁၃) ဟိုက္နန္ကြ်န္း
အခန္း (၁၄-၁) ကမ္းေျခ
အခန္း (၁၄-၂) ကမ္းေျခ
အခန္း (၁၅-၁) အနမ္းေျခြျခင္း
အခန္း(၁၅-၂) အနမ္းေျခြျခင္း
အခန္း(၁၆) ရင္းႏီွးစြာေခၚဆိုျခင္း
အခန္း (၁၇-၁) သူငယ္ခ်င္းဖြဲ႔ျခင္း
အခန္း (၁၇-၂) သူငယ္ခ်င္းဖြဲ႔ျခင္း
အခန္း (၁၈-၁) ရုတ္တရက္ေပၚလာသည့္အၾကံဉာဏ္
အခန္း (၁၈-၂) ရုတ္တရက္ေပၚလာသည့္အၾကံဉာဏ္
အခန္း (၁၉-၁) ေရွ႕ျဖစ္ေဟာကိန္း
အခန္း (၁၉-၂) ေရွ႕ျဖစ္ေဟာကိန္း
အခန္း (၂၀-၁) သင္ယူရန္
အခန္း (၂၀-၂) သင္ယူရန္
အခန္း (၂၁-၁) ခရီးတိုထြက္ျခင္း
အခန္း (၂၁-၂) ခရီးတိုထြက္ျခင္း
အခန္း (၂၂-၁) ေလ့က်င့္ေရးစခန္း ၁
အခန္း (၂၂-၂) ေလ့က်င့္ေရးစခန္း ၁
အခန္း (၂၃-၁) ေလ့က်င့္ေရးစခန္း ၂
အခန္း (၂၃-၂) ေလ့က်င့္ေရးစခန္း ၂
အခန္း (၂၄) ေလ့က်င့္ေရးစခန္း ၃
အခန္း (၂၅) ေလ့က်င့္ေရးစခန္း ၄
အခန္း (၂၆- ၁) ျပန္လည္ဆံုစည္းျခင္း
အခန္း (၂၆-၂) ျပန္လည္ဆံုစည္းျခင္း
အခန္း (၂၇-၁) လူပ်ိဳလွည့္ဟန္
အခန္း (၂၇-၂) လူပ်ိဳလွည့္ဟန္
အခန္း (၂၈-၁) အလုပ္စတင္လုပ္ျခင္း
အခန္း (၂၈-၂) အလုပ္စတင္လုပ္ျခင္း
အခန္း (၂၉-၁) အထိန္းအကြပ္မဲ့ျခင္း
[M] အခန္း (၂၉-၂) အထိန္းအကြပ္မဲ့ျခင္း
အခန္း (၃၀) အမွန္တရား
အခန္း (၃၁-၁) ေမးခြန္းမ်ား
အခန္း (၃၁-၂) ေမးခြန္းမ်ား
[M] အခန္း (၃၂-၁) စည္းခ်ိဳးဖ်က္ျခင္း
အခန္း(၃၂-၂) စည္းခ်ိဳးဖ်က္ျခင္း
အခန္း(၃၃-၁) ဆံုးျဖတ္ခ်က္
အခန္း (၃၃-၂) ဆံုးျဖတ္ခ်က္
အခန္း(၃၄-၁) ေဆးရံုဆင္းခ်ိန္
[R18] အခန္း(၃၄-၂) ေဆးရံုဆင္းခ်ိန္
အခန္း(၃၅) ႏွစ္ႏွစ္ၾကာၿပီးေနာက္
[M] အခန္း(၃၆-၁) ကြ်န္းဝယ္ယူျခင္း
အခန္း (၃၆-၂) ကြ်န္းဝယ္ယူျခင္း
အခန္း(၃၇-၁) က်ိဳးေခ်ာင္
အခန္း (၃၇-၂) က်ိဳးေခ်ာင္
အခန္း(၃၉-၁) ေရာဂါျပန္ေပၚျခင္း
အခန္း (၃၉-၂) ေရာဂါျပန္ေပၚျခင္း
အခန္း (၄၀-၁) ကယ္တင္ရန္
အခန္း(၄၀-၂) ကယ္တင္ရန္
အခန္း (၄၁-၁) ေစာင့္ေရွာက္ဖို႔ရန္
[M] အခန္း (၄၁-၂) ေစာင့္ေရွာက္ဖို႔ရန္
[R18] အခန္း (၄၂) သုံးႏွစ္ၾကာၿပီးေနာက္
အခန္း (၄၃) စိတ္မခ်ျခင္းမ်ားစြာ
အခန္း (၄၄-၁) အိပ္ပ်က္ညမ်ား
အခန္း (၄၄-၂) အိပ္ပ်က္ညမ်ား
အခန္း (၄၅-၁) အေျခအေန
အခန္း (၄၅-၂) အေျခအေန
အခန္း (၄၆) ေသနတ္ဒဏ္ရာ
အခန္း (၄၇) အခြင့္အေရး
အခန္း (၄၈-၁) ကြဲကြာလာျခင္း
အခန္း(၄၈-၂) ကြဲကြာလာျခင္း
အခန္း (၄၉-၁) စြန္႔လႊတ္တတ္ဖို႔
အခန္း (၄၉-၂) စြန္႔လႊတ္တတ္ဖို႔
အခန္း (၅၀-၁) ႏွစ္သစ္ကူးအႀကိဳ
အခန္း (၅၀- ၂) ႏွစ္သစ္ကူးအႀကိဳ
အခန္း (၅၁) သတိေပးခ်က္မ်ား
အခန္း (၅၂) ႏွလုံးသားထဲမွ မေကာင္းဆိုးဝါး
အခန္း (၅၃) ဆံုးျဖတ္ခ်က္
အခန္း (၅၄-၁) မုန္တိုင္းအႀကိဳ
အခန္း (၅၄-၂) မုန္တိုင္းအႀကိဳ
အခန္း (၅၅) အခက္အခဲ
အခန္း (၅၆) အဆံုးသတ္
[M] အခန္း (၅၇/ဇာတ္သိမ္း) လက္ထပ္ခြင့္
Information
Some Cute Facts about JiangXin
BONUS CHAPTERS
Extra (1-1)
Extra (1-2)
[R18+] Extra (1-3)
Extra (2)
Extra (3-1)
Extra (3-2)
Extra (4)
Extra (5)
Thank You to all Readers
References by Author "Mao Huo"
Let's talk about Jiang Xin
လရောင်ခိုးသူ

အခန္း(၃၈) သူ၏မ်က္လံုးမ်ား

14.3K 2K 126
By Shang_Sui

[Unicode]လကုန်ကာနီး အားလပ်ရက်တစ်ရက်မှာတော့ လီဆွေ့သည် လုရှန်းနှင့်အတူ ငါးမြှားသွားရန် ပြင်ဆင်ထား၏။ သို့သော် သွားကာနီးမှ "အနာဂတ်စီးပွားရေးတိုးတက်မှုညီလာခံ"ကို မြို့ထဲ၌ကျင်းပဖြစ်မည်ဖြစ်၍ တုံ့ယမ်းကိုလည်း တက်ရောက်ဖို့ သေသေချာချာဖိတ်ခေါ်သည်။ ထို့ကြောင့်လီဆွေ့မှာ အဝတ်အစားပြန်လဲပြီး ညီလာခံသို့ သူ့ဘာသူကားမောင်းသွားရပြန်၏။

လုရှန်းကရှောင်းကျောင်းကို လီဆွေ့၏အနီးကပ်ယာဉ်မောင်းအဖြစ် ထားပေးဖို့နှစ်ခေါက်တိတိပြောသော်လည်း လီဆွေ့ကနှစ်ခါလုံးငြင်းသည်။ ပြီးတော့ သူသည် ယာဉ်မောင်းတစ်ဦးခေါ်ထားရလောက်အောင် အရေးကြီးသောသူလည်းမဟုတ်။ ရိုးရိုးကုပ်ကုပ်နေထိုင်ခြင်းသည်သာကောင်းသည်။ လီဆွေ့သည် မလိုအပ်သောအပို အာရုံစူးစိုက်ခံရခင်းများကို မလိုချင်ပေ။

ထိုနောက်ပိုင်းတော့ လုရှန်းလည်း ယင်းကိစ္စနှင့်ပတ်သတ်၍ ထပ်မပြောတော့ပေ။

ဒီနေ့တော့ လုရှန်းတစ်ယောက် ပုံမှန်ထက်စောစောနိုးလာသည်။ အိပ်ယာပေါ်မှာပဲ လှဲနေရင်း လီဆွေ့မှန်ရှေ့မှာ နက်ကတိုင်စည်းနေသည်ကို ကြည့်နေရင်းပြုံးမိသည်။ သူ့မျက်လုံးများပင် အပြုံးရိပ်သမ်းနေတော့၏။

"ဘာရယ်နေတာလဲ"

လီဆွေ့က မှန်ထဲကနေ လုရှန်းကိုလှမ်းကြည့်ရင်း မေးလိုက်သည်။

မနေ့ညက "လေ့ကျင့်ခန်း"လုပ်ခဲ့တာ အနည်းငယ်လွန်သွား၍ နောက်တစ်နေ့မနက် လုရှန်းအိပ်ရာထဲမှာရှိနေသေးသည်မှာ သိပ်တော့မထူးဆန်းလှပေ။ လုရှန်းသည် လက်တစ်ဖက်ကို ခေါင်းအုံး၍ လီဆွေ့ကို လက်ယက်ကာခေါ်လိုက်သည်။

"ဒီနားလာပါဦး ... နမ်းသွားဦးလေ"

လီဆွေ့လည်းပြုံးလိုက်သည်။ သူ၏မျက်လုံးများသည်လည်း အပြုံးနှင့်အတူကော့ညွတ်တက်သွား၏။ တစ်နှစ်ပြီးတစ်နှစ် လီဆွေ့သည် နေ့စဉ်ရက်ဆက်ပြောင်းလဲကြီးပြင်းလာသော်လည်း သူ၏မျက်လုံးများကတော့ အရင်အတိုင်းပေဝ ထိုမျက်လုံးများကတော့ သူတို့စတင်ဆုံစည်းစဉ်တုန်းကအတိုင်း နက်မှောင်၍ကြည်လင်နေဆဲ ...

လီဆွေ့သည်ကိုင်းညွတ်လိုက်ရင်း လုရှန်း၏နှုတ်ခမ်းများကို တတိတိနှင့် ညင်သာစွာကိုက်လိုက်သည်။ အနမ်းကြားထဲ ဈာန်ဝင်မသွားခင် ပြန်လွှတ်ပေးလိုက်၏။ နှာထိပ်ချင်းထိကပ်ရင်း လီဆွေ့ကပြောလိုက်သည်။

"ဟုတ်ပြီ ... အခုသွားတော့မယ် ... အိမ်မှာပဲ နားလိုက်ဦး"

"အင်း"

လုရှန်းခေါင်းငြိမ့်လိုက်သည်။ လီဆွေ့ခြေလှမ်းကြဲများနှင့် အိမ်ထဲမှထွက်ကာ ကားထဲဝင်၍ မောင်းထွက်သွားသည်ကို ပြတင်းပေါက်မှတစ်ဆင့် ငေးကြည့်နေသည်။ လီဆွေ့၏လှုပ်ရှားမှုတိုင်းဟာ လုရှန်းအမြင်မှာ ည်ှု့ယူဖမ်းစားမှုအားကောင်းလှသည်။

ငယ်ရွယ်ခြင်းက ကောင်းလှသည်ဟု သူတွေးမိသည်။ လုရှန်း အိပ်ယာမှထထိုင်လိုက်ပြီး ခါးကိုအနည်းငယ်ပွတ်လိုက်သည်။ ပြီးတော့ တစ်ခုခုတွေးမိသွာပြီး ရယ်လိုက်၏။

လုရှန်းသည် သူ့ကလေး၏ ရိုးသားသန့်စင်မှုကို သဘောကျသည်။ သို့သော် သူတကယ်ချစ်မြတ်နိုးစေသည်က လူကြီးတစ်ယောက်အနေနှင့် အရှိန်အဝါပြည့်စုံလာခြင်းပင်ဖြစ်သည်။

မနက်စာစားပြီးသည့်အခါ အဝတ်ဗီရိုကိုဖွင့်၍ အချိန်ကြာကြာရှာဖွေနေမိသည်။ လီဆွေ့က တုံ့ယမ်းမှအလုပ်ကိစ္စများကို လွှဲပြောင်းယူသွားကတည်းက လုရှန်းမှာ အားလပ်ချိန်တွေ ပို၍ပို၍တိုးလာသည်။ သူ ညလုံးပေါက်အလုပ်လုပ်ခဲ့ရသည့်ရက်များမှာလည်း တော်တော်ကြာကျန်ခဲ့လေပြီ။ တကယ်တမ်းဆို လုရှန်းကုမ္ပဏီသို့ တစ်ပတ်တစ်ခေါက်ပင်မရောက်ဖြစ်တော့ ... အရင်ကတော့ ဒေါ်လေးလုက သူ၏အဝတ်များကို မီးပူတိုက်ကာချထားပေးနေကျဖြစ်သော်လည်း လုရှန်းသတိမထားမိလိုက်စဉ်မှာပဲ ထိုနေရာတွင် လီဆွေ့၏အဝတ်များက နေရာယူလာခဲ့သည်မှာ ကြာပြီဖြစ်သည်။

လုရှန်းတော်တော်ကြာ ရှာဖွေပြီးသည့်နောက်မှာတော့ အကုန်နီးပါးဆင်တူဖြစ်နေသည့်
ရှပ်အင်္ကျီတောထဲမှ သူဝတ်ဖို့တစ်ထည်ရှာတွေ့လေသည်။ သူ အဝတ်လဲပြီးသည့်အခါ ဦးလေးယွမ့်က အိမ်ရှေ့မှာ ကားနှင့်ရောက်နှင့်နေပြီဖြစ်သည်။

လုရှန်းက ကားတံခါးပိတ်လိုက်ရင်းပြောလိုက်သည်။

"ဝါးရုံသင်တန်းကျောင်းကို သွားမယ်"

မနေ့ညက မိုးအနည်းငယ်ရွာထား၍ တောင်အနှံ့မှာ မျှစ်စို့လတ်လတ်ဆတ်ဆတ်များ အများအပြားတွေ့ရသည်။ လေကအတော်အေးနေပြီး အသက်ရှူထုတ်လိုက်လျှင်တောင် အခိုးအငွေ့များထွက်လာသည်။ သင်တန်းကျောင်းရှေ့ရောက်သည့်အခါ ကားပေါ်မှဆင်း၍ အနောက်ဘက်က လက်ဖက်ရည်ခန်းထဲသို့ လမ်းလျှောက်ဝင်သွားသည်။ လမ်းတစ်လျှောက်မှာ မြေပေါ်ကြွေကျနေသည် ဝါးရွက်ခြောက်များကို နင်း၍ လှမ်းသွားသည်။

လက်ဖက်ရည်ခန်း၏အရှေ့မှာတော့ ပိန်ပိန်ပါးပါးအမျိုးသမီးတစ်ဦးက မီးမွှေးနေသည်။ လုရှန်းဝင်လာသည်ကိုမြင်သည့်အခါ လက်ဆေးလိုက်ပြီး ပြုံးပြသည်။

"သူဋ္ဌေးလုပါလား ... ဘယ်ကနေဘယ်လိုရောက်လာတာလဲ"

လုရှန်းက ပြန်ပြုံးပြလိုက်ပြီးနောက် မေးလိုက်သည်။

"ကျိုးချောင်ရှိလား"

"ရှိတယ် ရှိတယ် ... သွားခေါ်ပေးမယ်"

"ရတယ် နေပါစေ ... ကျွန်တော်ပဲဝင်သွားလိုက်မယ် ... စကားပြောစရာရှိလို့"

"ဒါဆို နှစ်ယောက်လုံးအတွက် လက်ဖက်ရည်ကြမ်း ပြင်ပေးမယ်နော်"

လုရှန်းကခေါင်းအတန်ငယ်ငြိမ့်လိုက်သည်။

"ကျေးဇူးပါပဲ"

လုရှန်းက တံခါးဝမှာ ဖိနပ်ချွတ်လိုက်ရင်း ဝါးလိုက်ကာကို ဖယ်ကာအထဲသို့ဝင်လိုက်သည်။ ကျိုးချောင်က သူရောက်လာသည်ကို ကြားလိုက်မိပုံရသည်။ စားပွဲခုံအနောက်မှာ တင်ပလ္လင်ချိတ်ထိုင်ရင်း သပ်သပ်ရပ်ရပ်နှင့်စောင့်နေသည်။

လုရှန်းအထဲသို့ပင် မရောက်သေးခင်မှာ ကျိုးချောင်ကလက်ကာပြလိုက်၏။

"ကျုပ်ကို နားချဖို့ မကြိုးစားနဲ့"

"ဘယ်သူက ကြိုးစားမယ်ပြောမိလို့လဲ"

လုရှန်က စားပွဲဘေးမှာဝင်ထိုင်လိုက်ပြီး ဆက်ပြောသည်။

"ခင်ဗျားအဖေဖြစ်ပြီဆိုလို့ ဂုဏ်ပြုပေးဖို့လာတာ"

ကျိုးချောင် မင်သက်သွားသည်။

"ဘာပြောတယ်"

"ခင်ဗျားရဲ့အမျိုးသမီး အရင်ရက်တွေက နေမကောင်းဘူးမဟုတ်လား"

လုရှန်းခဏစကားစရပ်လိုက်၏။ ပြီးမှဆက်ပြောသည်။

"ကျီရွေ့မနေ့က သူ့ကိုဆေးစစ်ပေးတော့လကိုယ်ဝန်တစ်လလောက်ရှိနေပြီလို့ပြောတ
ယ်"

ကျိုးချောင်၏မျက်နှာနီရဲနေရာမှ ဖြူဆုတ်သွားသည်။ တဖန်ပြန်နီရဲလာပြန်သည်။ တော်တော်ကြာမှ လုရှန်းခုနကပြောလိုက်သည့်စကားကို အခုမှကြားလိုက်သလို စားပွဲကိုလက်နှစ်ဖက်နှင့်ရိုက်ချလိုက်ရင်း မေး၏။

"တကယ်ပြောနေတာလား"

ထို့နောက် လူတစ်ယောက်အခန်းထဲဝင်လာသည်။ ကျိုးချောင်ကမော့ကြည့်၍ အနားသို့ပြေးသွား၏။ ဇနီးသည်၏လက်ကိုကိုင်ကာ စိတ်လှုပ်ရှားလွန်း၍ စကားပင်စာကြောင်းပြည့်အောင် မပြောနိုင်။

"မိန်းမ ... ကိုယ်က  ... အဖေ"

အမျိုးသမီး၏မျက်နှာက ချက်ချင်းနီရဲသွားသည်။ သူမ၏ပုံစံကဆယ်ကျော်သက်မိန်းမငယ်လေးတစ်ဦး ပထမဆုံးချိန်းတွေ့သည့်အသွင် .. ကျိုးချောင်ကိုရှောင်လိုက်ပြီး လက်ဖက်ရည်ဗန်းကို စားပွဲပေါ်ချပေးကာ ခပ်သုတ်သုတ်ပြန်ထွက်သွားသည်။

ကျိုးချောင်တစ်ယောက် အပျော်လွန်ပြီး ဘာလုပ်၍ဘာကိုင်ရမည်ပင်မသိတော့။ အခန်းထဲမှာပဲ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။ အပြင်ပြေးထွက်၍ ဇနီးသည်ကို အပြေးရှာချင်သော်လည်း မရင့်ကျက်ရာရောက်မှာ တွေးပူရသေးသည်။

"အရင်ထိုင်ပါဦး"

လုရှန်းက ကျိုးချောင်၏ပုံကို ကြည့်ရင်းရယ်လိုက်သည်။

"သူ အားနည်းနေဦးမှာပဲ | မနက်ဖြန်ကျီရွေ့ဆီခေါ်သွားပြီး သေချာဆေးစစ်ခိုင်းလိုက်ဦးပေါ့ ... ခင်ဗျားလည်း လွှတ်ချသင့်တဲ့ကိစ္စတွေ လွှတ်ချဖို့ ကြိုးစားသင့်ပြီ"

"ဟုတ်တယ် ဟုတ်တယ်..."

ကျိုးချောင်က ခေါင်းတဆတ်ဆတ်ငြိမ့်နေသည်။ လက်နှစ်ဖက်ကို ဘယ်နားပို့ထားရမည်မသ်တော့ ... နားကြားမှာညှပ်ထားသည့် ဆေးလိပ်ကို အကျင့်အတိုင်းဆွဲယူလိုက်သည်။ သို့သော် လုရှန်းပြောလိုက်သည်ကို အမှတ်ရပြီး ထိုဆေးလိပ်ကို အမှိုက်ပုံးထဲပစ်လွှတ်လိုက်သည်။

"ကျူပ်မလုပ်တော့ဘူး... ဆေးလိပ်ဖြတ်တော့မယ်... ဟုတ်တယ် ဒီနေ့ကစပြီး ဘာဆေးလိပ်မှ မသောက်တော့ဘူး"

လုရှန်းက လင်ဗန်းပေါ်မှရေနွေးကရားကိုယူကာ ခွက်ထဲသို့ လက်ဖက်ရည်ငှဲ့လိုက်သည်။

"မကြာခင်အဖေဖြစ်တော့မှာဆိုတော့ ဘာလုပ်လုပ်အရင်စဉ်းစားပြီးမှလုပ် ... ကလေးအတွက် စံပြကောင်းတစ်ယောက်ဖြစ်ဖို့လိုတယ်လေ"

ကျိုးချောင်က လက်နှစ်ဖက်ကို ခြေထောက်ပေါ်မှာပွတ်သပ်နေရင်း ပြော၏။

"အင်း ... ခင်ဗျားမှန်ပါတယ် ... ကျုပ်အမြဲမဆင်မခြင်လုပ်နေကျ ... ကျုပ်ကတိပေးတယ် ဒါနောက်ဆုံးပဲ"

"ပြီးတော့ တရားဝင်လုပ်ငန်းကိုင်ငန်းတစ်ခုလောက်တော့ ရှိထားသင့်ပြီ ... ကလေးအရွယ်ရောက်လာလို့ အဖေဘာအလုပ်လုပ်လဲ မေးရင် ဖြေနိုင်မှဖြစ်မယ်လေ"

လုရှန်းက ပြောပြသည်။

ကျိုးချောင်ကဉာဏ်တအားကောင်းသူ မဟုတ်သော်ငြား လုရှန်းဘာကိုဆိုလိုချင်သည်ကို နားလည်သည်။ သူ သက်ပြင်းချလိုက်ရင်းခေါင်းနောက်ကို ကုတ်လိုက်၏။ ပြီးတော့ရိုးရိုးသားသားဝန်ခံသည်။

"ကျုပ်က ရှောင်လီကျီကို မုန်းတာမဟုတ်ပါဘူး ... ဒီတိုင်း ... ဒီတိုင်းဗျာ တအား နာလို့ ... ကျုပ်ပြောချင်တာက စက်ရုံက မကြီးလှပေမယ့် ကျုပ်တည်ထောင်ခဲ့တာလေဗျာ ... သူက ဒီအတိုင်းပိတ်ချပစ်လိုက်တယ် ... ကျုပ်ပြန်ထွက်လာတော့ ညီအစ်ကိုတွေရော အလုပ်သမားတွေရော တစ်ယောက်မှ မရှိတော့ဘူး ... အဲ့ဒါ ... ကတော့ သိပ်လွန်တယ်ဗျာ"

"လီဆွေ့က ကလေးပဲရှိသေးတာ ... သူ့ကို သိပ်ပြီးလည်း ဒေါသမကြီးပါနဲ့"

လုရှန်းက လက်ဖက်ရည်ငှဲ့လိုက်ရင်း ဆက်ပြော၏။

"ပြီးတော့ သူလုပ်ခဲ့တာ ခင်ဗျားအတွက်ပဲလေ"

လုရှန်းကထုတ်မပြောသော်လည်း လီဆွေ့၏လုပ်ရပ်ကို တကယ်တမ်းကျသဘောတူသည်။ တရားမဝင်လုပ်ငန်းများသည် တချို့အတွက်လုပ်ကိုင်ရလွယ်ကူလှပေမယ့် အခြေအနေမဟန်သည့်အခါ နောက်ဆက်တွဲကိစ္စများက ကြီးမားလှသည်။ ယခုဖြစ်သွားသည်က သက်သေပင်။ လူမှုလောကက ပိုမိုတိုးတက်လာသည်နှင့်အမျှ အားလုံးနီးပါးက ကပျိုကရိုဖြစ်နေရာမှ အစီအစဉ်တကျဖြစ်လာသည်။  ဒါဟာလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။ တရားမဝင်ပေါက်မှ ငွေရသူများသည် တဖြည်းဖြည်းဒုက္ခရောက်တတ်သည်ချည်း။

ဥပဒေနှင့်အမိန့်ကိုသာ အလေးအနက်ထားသည့်ကာလဖြစ်ပြီး မလိုက်နာနိုင်သူများသည် တဖြည်းဖြည်းပယ်ထုတ်ခံ အစားထိုးခံရမည်သာ။ တစ်စုံတစ်ဦးဖြစ်စေ အဖွဲ့အစည်းတစ်ခုခုဖြစ်စေ ငွေကြေးချမ်းသာရယူလိုပါလျှင် တရားဝင်နည်းလမ်းအတိုင်းလိုက်နာခြင်းသည်သာ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

လီဆွေ့၏လုပ်ကိုင်ပုံက ရက်စက်သည်ဟုထင်ရသော်လည်း မှားနေခြင်းတော့မဟုတ်။ အရမ်းတိုက်ရိုက်လုပ်မိသွားခြင်းသာဖြစ်သည်။ ကျိုးချောင်၏စရိုက်နှင့်ဆို စော်ကားသလို ခံစားလိုက်ရသည်က ပုံမှန်ပင်။

"အသက်က ၂၀ ကျော်နေပြီ အခုထိ ကလေးလို့ခေါ်နေတုန်းပဲလား"

ကျိုးချောင်ကရယ်လိုက်၏။ လုရှန်းကတော့သူပြောလိုက်တာက ထူးဆန်းသည်ဟုမမြင်။

"ကျွန်တော့်အတွက်ကတော့ သူကအမြဲတမ်းကလေးပဲလေ"

ကျိုးချောင်က သူ့ကိုစိုက်ကြည့်နေရင်း ဂရုတစိုက်မေးခွန်းထုတ်သည်။

"ဒါဆို ဒါပြီးပြီပေါ့ ... သူတစ်ယောက်ပဲ ဆုံးဖြတ်လိုက်ပြီလား ...ခင်ဗျားကလေးယူဖို့ တစ်ယောက်ယောက်ရှာဖို့ရော မတွေးတော့ဘူးလား"

"ကျွန်တော်လား"

လုရှန်းကအနည်းငယ်ရယ်လိုက်ပြီး ခေါင်းခါလိုက်သည်။ သူရယ်လိုက်ပုံက သူ့ကိုယ်သူလှောင်ရယ်သလိုမျိုးဖြစ်သည်။

"မွေးလာမယ့်ကလေးက ကျွန်တော့်လိုဖြစ်နေမယ်ဆို တစ်သက်လုံး ဒုက္ခခံစားနေရမှာပေါ့"

ကျိုးချောင်တန့်သွားပြီး လုရှန်းကိုဖြောင်းဖျဖို့ကြိုးစားသည်။

"ဒီလိုလဲဘယ်ဟုတ်ပါ့မလဲ ... ကျုပ်ပြောချင်တာက အရင်သူဋ္ဌေးလုတုန်းကလည်း ခင်ဗျားကိုမွေးခဲ့တာပဲလေ ... ကျုပ်အထင်တော့ အဖေတစ်ယောက်ဖြစ်လာရင် တာဝန်ယူစိတ်ကို နားလည်လာမှာပဲ ... ကျုပ်ကိုပဲကြည့် ... ဒီတမနက်လုံး ကျုပ်စက်ရုံကို ပိတ်ပစ်လို့ ရှောင်လီကျီကို စိတ်ဆိုးနေတုန်းပဲ ... ဒါပေမယ့် အခုကျတော့ စိတ်ပြေသွားပြီ ... အခုသေချာတွေးကြည့်တော့ သူလုပ်ခဲ့တာ တကယ်မမှားဘူး... မိုးနတ်မင်းက ကျုပ်ကို ခပ်ကြီးကြီးလုပ်စေချင်ပုံပါပဲ"

လုရှန်းသဘောကျနေသည်။

"အဖေဖြစ်တာ ဘယ်နှစ်မိနစ်ရှိသေးလို့ ကျွန်တော့်ကိုလက်ချာရိုက်နေတာလဲ"

ခဏရပ်လိုက်ပြီး သူထပ်ဖြည့်ပြော၏။

"ကျွန်တော့်မှာ သူတစ်ယောက်ရှိနေရုံနဲ့ လုံလောက်ပြီ"

လုရှန်း၏ပြတ်သားမှုကို မြင်လိုက်ရသည့်နောက် ကျိုးချောင်သက်ပြင်းချရုံသာချလိုက်သည်။

"ခင်ဗျားသူ့ကို ကျုပ်ဆီ ပထမဆုံးခေါ်လာတုန်းက ဒီလိုတွေဖြစ်သွားမယ်မှန်း လုံးဝမတွေးမိဘူး ... "

"စိတ်မဆိုးတော့ဘူးဆိုရင်လည်း နောက်တစ်ခါ သူဖုန်းခေါ်ရင် ကိုင်လိုက်ဦး"

လုရှန်းကလက်ဖက်ရည်ခွက်ကို ချလိုက်သည်။

"သူ့ကို ဒီလိုမျိုးမြင်နေရတာ ကျွန်တော်လည်းရင်ကျိုးတယ်"

ကျိုးချောင်မှာအပြစ်မကင်းသလိုခံစားလာရပြီး လက်ခါယမ်းရင်းပြောလိုက်ရသည်။

"အင်းပါ ... တောင်းပန်ပါတယ် ... ကျုပ်မှားသွားတာပါ ဟုတ်ပြီလား ... ဒီည တစ်ခွက်လောက်သောက်ဖို့ခေါ်လိုက်မယ်"

(T/N: လုရှန်းရဲ့စကေးကတော့ :3)

နှစ်ဦးသား ခဏလောက်ဆက်၍ စကားလက်ဆုံကျနေ၏။ ကျိုးချောင်၏စိတ်က သူ့ဇနီးဆီပဲ ပျံသန်းနေသည်ကို လုရှန်းသိသည့်အခါ စကားစရှည်မနေတော့ဘဲ မတ်တပ်ရပ်လိုက်ပြီး ပြန်ဖို့လုပ်သည်။

"ကျုပ် စောစောက မျှစ်စို့နည်းနည်းတူးထားသေးတယ် ... ယူသွားမလား"

ကျိုးချောင်က လုရှန်းကိုလိုက်ပို့ရင်းမေးလိုက်သည်။

"နောက်တစ်ခေါက်ပေါ့"

အပြာရောင်ဒေါင်းငှက်များကို မြင်သည့်အခါ လုရှန်းကလက်ညှိုးထိုးပြလိုက်သည်။

"အရသာရှိလား"

ကျိုးချောင်က ချက်ချင်းခေါင်းငြိမ့်လိုက်၏။

"မုန်လာဥနဲ့ ခပ်စပ်စပ်လေးရောချက်ရင်တော့ အကောင်းဆုံးစွပ်ပြုတ်ပဲ ... သူတို့အသားက တော်တော်အရသာကောင်းတာ"

လုရှန်းကအသက်ရှိုက်ကာရှူလိုက်၏။

"ကျွန်တော့်အတွက် တစ်ကောင်ချန်ထားပေး ... နောက်တစ်ခေါက် လီဆွေ့နဲ့လာတဲ့အခါ စားကြည့်ရအောင်"

"ခဏကြာတော့ လုရှန်းက ပြန်လှည့်ကြည့်ပြီး အလေးအနက်ထားကာထပ်ပြောသည်။

"ခင်ဗျားသတ်တာ လီဆွေ့ကိုတော့ မမြင်စေနဲ့ပေါ့"

"ဟုတ်ပါပြီ"

ကျိုးချောင်က လုရှန်းကို အရှေ့ဘက်ခြံပေါက်အထိ လိုက်ပို့သည်။

"ကားစက်ရုံမရှိတော့ ကျုပ်ဆီမှာ လူလည်းသိပ်မကျန်တော့ဘူး ... အရေးကြီးတဲ့နေရာတွေမှာတော့ အစောင့်အကြပ်ထားထားတာ မလျော့ထားဘူးဆိုပေမယ့် ခင်ဗျားတို့လည်း သတိရှိရှိတော့ နေစေချင်တယ်"

"အင်း ... နှစ်လလောက်ကြာလို့ ခင်ဗျားအမျိုးသမီးရဲ့ကျန်းမာရေးအခြေအနေပုံမှန်ပြန်ဖြစ်ရင် ကားပြင်စက်ရုံအသစ်တစ်ခုလောက်တော့ ထပ်ဖွင့်သင့်တယ် ... ကျွန်တော် ဦးလေးယွမ့်ကို အကူအညီတောင်းပြီး ခင်ဗျားအတွက် လိုအပ်တာစီစဉ်ခိုင်းလိုက်မယ်"

ခဏလောက်နားပြီး လုရှန်းဆက်ပြောသည်။

"အဲ့ဒီအတွက် ..."

သူရုတ်တရက်စကားစရပ်သွားသည်။ ခန္ဓာကိုယ်က တုန်ယင်လာပြီး နှစ်ခေါက်လောက် အသက်ကိုရှိုက်ကာ ရှူရင်း မြေပြင်ပေါ်ထိုင်ချလိုက်ရသည်။ လက်တစ်ဖက်က မြေပေါ်အမှီသဖွယ်ထောက်ထားပြီး တစ်ဖက်က မျက်ရိုးကို ဖိထားသည်။ မျက်ခုံးများကလည်း တွန့်ရှုံ့လာသည်။

လုရှန်းကိုကြည့်ပြီး ကျိုးချောင်အလန့်တကြားဖြစ်သွား၏။

"ဘယ်လိုဖြစ်တာလဲ  ... နေမကောင်းဘူးလား"

လုရှန်းက လက်ကာပြရင်း ကျိုးချောင်ကိုတားလိုက်သည်။ မျက်လုံးများကိုမှိတ်ထားပြီး ခေါင်းခါလိုက်၏။ မျက်နှာထက်မှ ဖြူလျော်ခြင်းများ လျော့ကျသွားကာမှ ဘေးဘက်မှဝါးပင်ကို အမှီပြုကာ မတ်တပ်ပြန်ရပ်လိုက်သည်။

ကျိုးချောင်မှာ လုရှန်းသတိလစ်လဲကျသွားမှာ စိတ်ပူပြီး ထပ်ပြောလိုက်သည်။

"ဘာမှမဖြစ်တာသေချာလား ... ခံနိုင်ရည်ရှိတဲ့ပုံစံ ဟန်ဆောင်မနေနဲ့"

အသက်ရှူသံကို ပုံမှန်ဖြစ်အောင်ထိန်းပြီးနောက် တိုးညင်းစွာပြောလိုက်၏။

"... ဦးလေးယွမ့်ကို ... ဒီအထိ ကားမောင်းလာခိုင်းပေးပါ ...ကျွန်တော်လမ်းမလျှောက်နိုင်တော့ဘူး"

ဦးလေးယွမ့် ကားပေါ်မှဆင်းလာသည့်အခါ လုရှန်း၏ဖြူရော်နေသော မျက်နှာကိုမြင်ပြီး ကျိုးချောင်လိုပဲ ထိတ်လန့်သွားသည်။ သူတို့နှစ်ဦး လုရှန်းကိုကားထဲရောက်အောင် တွဲပို့ပေးရသည်။

"သတိထားဦး"

လုရှန်းမပြန်ခင် ကျိုးချောင်ကစိတ်ပူစွာမေးလိုက်၏။

"ရှောင်လီကျီ ဒီကိစ္စကို သိလား"

လုရှန်းသည်ခုံကိုမှီထားလိုက်၏။ သူ့နှုတ်ခမ်းများက ပြာနှမ်းလာပြီး မျက်လုံးများကလည်း ဆုံချက်မရှိပေ။ သူက အသံခပ်တိုးတိုးနှင့် ပြတ်သားစွာပြောလိုက်သည်။

"သူ့ကိုမပြောနဲ့ ... တစ်ယောက်ယောက်ပြောပြမယ်ဆိုရင်တောင် အဲ့ဒီလူက ကျွန်တော်ပဲဖြစ်ရမယ်"

ကျိုးချောင်ကတစ်ခုခုထပ်ပြောဖို့ ဟန်ပြင်သော်လည်း လုရှန်း၏ကိုယ်ရေးကိုယ်တာမို့ မပြောဘဲနေလိုက်သည်။ ပြီးနောက် လုရှန်းက ကားမှန်တင်လိုက်ပြီး ဦးလေးယွမ့်ကို မောင်းဖို့ပြောလိုက်သည်။

"ဒေါက်တာလျန်ကို ခေါ်လိုက်ရမလား"

ဦးလေးယွမ့်က ရှေ့ခုံမှလှမ်းမေးလိုက်သည်။

လုရှန်းသည် ကားအပြင်မှ မြင်ကွင်းများကို ငေးကြည့်နေသည်။ သူ အလွန်အမင်းစိတ်ဓာတ်ကျသွားသည့်ပုံပေါ်၏။ တခြားသူများရှေ့မှ အခုလိုကူကယ်ရာမဲ့ သူ၏ပုံစံမျိုးက ပြခဲလှသည်။ အတော်ကြာမှ အရှုံးပေးလိုက်သလို အင်း ဟု ခပ်တိုးတိုးပြန်ဖြေသည်။

ညဘက်ရောက်တော့ ကျိုးချောင်က လီဆွေ့ကို ညစာစားဖို့ခေါ်သည်။ လီဆွေ့က လုရှန်းကိုဖုန်းဆက်ကာ တက်တက်ကြွကြွပဲ ဒီည ညစာ အိမ်မှာမစားတော့ဘူးဟုပြောသည်။ သူ့စိတ်ကိုဖုံးလွှမ်းနေသော တိမ်မည်းများကင်းစင်သွားလေပြီ။ လီဆွေ့တစ်ယောက် အင်မတန်ပျော်ရွှင်နေ၏။

"အရမ်းမသောက်ခဲ့နဲ့ဦး"

လီဆွေ့၏တက်ကြွမှုက လုရှန်းကိုပါသက်ရောက်မှုရှိလာသည်။ သူပါလိုက်၍ အနည်းငယ်ပြုံးမိသည်။

ဖုန်းချပြီးသည့်အခါ အိမ်ကအရင်လိုပြန်လည်တိတ်ဆိတ်သွားသည်။ လုရှန်းသည်ဆိုဖာပေါ်မှာပဲထိုင်နေရင်းက တစ်ကိုယ်လုံးချမ်းစိမ့်လာသည်။ လှုပ်ရှားဖို့မဝံ့ရဲသဖြင့် စောင်ကိုသာ ပိုတင်းကြပ်အောင်ရစ်ပတ်ထားမိသည်။

အချိန်ဘယ်လောက်တောင်ကြာသွားလေသည်မသိ။ လုရှန်းအိပ်ပျော်လုဆဲဆဲမှာ ခြံထဲမှကားစက်သံကို ကြားလိုက်ရသည်။ သိပ်မကြာ ... အိမ်တံခါးပွင့်သွားပြီး ကျီရွေ့တစ်ယောက် အလျင်စလိုနဲ့ အထဲဝင်လာသည်။

"ဘယ်လိုဖြစ်တာလဲ"

လုရှန်းကပုခုံးအနည်းငယ်တွန့်ပြလိုက်၏။

"ဘာမှမဖြစ်ဘူး ... ဒီတိုင်း ညစာစားဖို့ ခေါ်လိုက်တာ"

"ပေါက်ကရတွေတော်စမ်း ... ငါ မင်းကိုသိလာတာ နှစ်ဆွေးနေပြီ ... အမြဲ ငါ့ကိုဆို ရှောင်လို့ရသလောက်ရှောင်နေတာများ ... ဘယ်တုန်းကများ ညစာခေါ်ကျွေးဖူးလဲ"

ကျီရွေ့ဗိုက်ဆာကောင်းဆာနေပုံရသည်။ ထမင်းစားစားပွဲပေါ်မှခြင်းထဲက ပန်းသီးတစ်လုံးကောက်ယူ၍ ကိုက်စားလိုက်၏။

"ပြောပါဦး... ဘယ်နေရာက နေမကောင်းဖြစ်နေတာလဲ"

လုရှန်းကတွန့်ဆုတ်နေသည်။ ပြီးတော့ ဘာပြောရမှန်း မသိသသည့်ပုံပေါ်နေ၏။

"ငါ့မျက်လုံး"

လုရှန်းစကားလုံးများကို ဝါးမြိုရင်း ဆက်ပြောသည်။

"ပြဿနာနည်းနည်းရှိနေတဲ့ပုံပဲ"

ကျီရွေ့ငြိမ်ကျသွားပြီး မျက်နှာထားပြောင်းသွားသည်။

"ဘာအဓိပ္ပာယ်လဲ"

"ငါအခု မင်းရှိနေတဲ့နေရာကို မမြင်ရဘူး ... ငါ့ပတ်လည်က အကုန်လုံးက ဝါးနေတယ်"

လုရှန်းလက်ကို လေထဲကိုမြှောက်လိုက်ရင်း ညွှန်ပြလိုက်သည်။

"မင်းအသံကို ကြားလို့သာ မင်းဘယ်နေရာမှာ ရှိလဲ ခန့်မှန်းလို့ရတာ"

ကျီရွေ့မျက်နှာတည်သွားပြီး အိပ်ကပ်ထဲမှ ဓာတ်မီးကိုထုတ်ကာ လုရှန်း၏မျက်လုံးရှေ့၌ ဝေ့ယမ်းပြသည်။

"မြင်ရလား"

လုရှန်းခေါင်းငြိမ့်လိုက်သည်။

"လင်းနေတာမြင်ရတယ်"

ကျီရွေ့က လုရှန်း၏မျက်ခွံများကို သေချာစစ်ဆေးကြည့်ပြီးသည့်နောက် ဓာတ်မီးကိုပိတ်လိုက်သည်။ အသက်ပြင်းပြင်းရှူသွင်းပြီးနောက် သူမေးလိုက်၏။

"ဘယ်အချိန်က စဖြစ်တာလဲ"

"လီဆွေ့နိုင်ငံခြားသွားသွားချင်း နှစ်နှစ်လောက်ကတည်းကပဲ ... အမြင်အာရုံက သိပ်မကောင်းတော့သလို ခံစားလာရတယ် ... ဒါပေမယ့် မျက်မှန်တပ်လိုက်တော့ အဆင်ပြေတာနဲ့ ငါလည်းသိပ်စိတ်ထဲမထားမိဘူး ...ပြီးခဲ့တဲ့ ခြောက်လလောက်က ကားမောင်းနေရင်း ပုံရိပ်နှစ်ထပ်တွေမြင်လာရတယ်"

လုရှန်းက အားလုံးကို မှတ်မိအောင်ကြိုးစားရင်း အတတ်နိုင်ဆုံးပြန်ပြောပြသည်။

"အဲ့ဒီနောက်ပိုင်း ခဏခဏထပ်ဖြစ်တယ် ...ညဘက်ဆိုရင် အဖြစ်အများဆုံးပဲ ... ပုံမှန်ဆို ၅စက္ကန့်ကနေ စက္ကန့် ၂၀ လောက်ပဲ ... နေ့ခင်းပိုင်းဖြစ်တာ ဒါပထမဆုံးပဲ ... ပြီးတော့ အချိန်လည်းကြာတယ်"

ပြောလို့အပြီးမှာ လုရှန်းတော်တော်ကြာစောင့်နေသော်လည်း ကျီရွေ့ထံမှ စကားပြန်မရခဲ့ပေ။ မျက်စိမမြင်ရသည်ကို နေသားမကျသေးသည့်အခါ သူအဆင်မပြေဘဲ မေးလိုက်မိ၏။

"မင်း နားထောင်နေရဲ့လား"

"ငါရှိတယ်"

ကျီရွေ့ကလုရှန်း၏ပုခုံးပေါ်လက်တစ်ဖက်တင်လိုက်ရင်း သူ့ကိုတည်ငြိမ်အောင်ပြောပေးသည်။

"မင်းရဲ့အရင်အခြေအနေတွေအကြောင်း စဉ်းစားနေတာ ... ဒါက ဖြစ်မလာသင့်ဘူး"

"ဒါလည်း ငါ့နှလုံးကြောင့်ပဲလား"

လုရှန်းကမေးတော့ ကျီရွေ့သက်ပြင်းချလိုက်၏။

"အင်း ဖြစ်ဖို့များတယ် ... မင်းမျက်လုံးတွေက ဘာမှမဖြစ်ဘူး ... ဖြစ်နိုင်တာဆိုလို့ နှလုံးက လိုအပ်တဲ့သွေးပမာဏ လုံလုံလောက်လောက် ညှစ်မထုတ်ပေးနိုင်တာ တစ်ခုပဲ"

"ကုလို့ရမလား"

ကျီရွေ့မျက်နှာထက်မှာ စိတ်မကောင်းသည့်အသွင်ပေါ်လာသည်။ သူ လုရှန်း၏မေးခွန်းကို မဖြေပေ။

"လုရှန်း ... လွန်ခဲ့တဲ့နှစ်နှစ် ... မင်း နှလုံးအစားထိုးဖို့လက်လျှော့လိုက်ကတည်းက ငါပြောခဲ့ပြီးပြီလေ... ရောဂါနောက်ဆုံးအဆင့်ကိုရောက်ပြီဆိုရင် နောက်ဆက်တွဲရောဂါတွေပါ ထပ်ဖြစ်လာနိုင်တယ်... ငါက မင်းမျက်လုံးကို ကုပေးနိုင်တယ်ဆိုရင်တောင် နောက်တစ်ရက်မှာ မင်း အကြားအာရုံချို့ယွင်းလာလိမ့်မယ် ... အဲ့ဒါတွေက နှလုံးအသားထိုးဖို့ လက်လျှော့လိုက်တဲ့ နောက်ဆက်တွဲတွေပဲ ... မင်းလည်းသိထားပြီးသားပဲမဟုတ်လား"

"အဲ့လိုလား"

လုရှန်း မျက်လုံးများမှိတ်ထားလျက် ရယ်လိုက်သည်။

"ကြောက်စရာကောင်းလိုက်တာကွာ"

ကျီရွေ့က နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှိုက်ရှူလိုက်သည်။ သူ့ပုံစံက စိတ်ဓာတ်ကျသွားပုံပဲ။

"နှလုံးရောဂါကတော့ ဒီလိုပဲ ... တော်တော်ခံစားရမှာပဲ"

နှစ်ဦးသားတိတ်ဆိတ်ငြိမ်သက်သွား၏။ အခန်းထဲမှာတော့ မီးလင်းဖိုမှ ထင်းများလောင်ကျွမ်းသံသာ ရှိသည်။ လုရှန်းက သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။

"ငါကိုယ်တိုင်ရွေးချယ်ခဲ့တာပဲလေ ... နောက်ဆက်တွဲကိစ္စတွေကို ငါရင်ဆိုင်နိုင်ပါတယ် ... လောလောဆယ်တော့ ငါ့မျက်လုံးပြန်မြင်ရအောင် တစ်ခုခုလုပ်ပေးခဲ့ ... လီဆွေ့ပြန်လာခါနီးပြီ"

"ဆေးညွှန်းပေးလို့တော့ရတယ် ဒါပေမယ့် အဲ့ဆေးတွေက မင်းပြဿနာရဲ့အရင်းအမြစ်ကို ကုပေးနိုင်မှာမဟုတ်ဘူး ... ရောဂါလက္ခဏာပြတာကိုပဲ ခဏထိန်းပေးနိုင်မှာ ... ပြဿနာက မင်းရဲ့ နှလုံးပဲ"

ကျီရွေ့ကထပ်ပြောသည်။

"ပြီးတော့ မင်းပြဿနာတိုင်းကို ဖုံးထားဖို့ပဲ တွေးမနေနဲ့ ... သူ့ကို ဖုံးကွယ်ထားလို့ရမှာ မဟုတ်ဘူး"

လုရှန်း၏အကြည့်များပျောက်ကွယ်သွားသည်။ ခေါင်းမော့လိုက်ကာ မျက်စိမှိတ်ထားရင်း သူပြော၏။

"ရွေ့ ... အမှန်အတိုင်းပြောရရင် ငါ့ကိုယ်ငါ တကယ်စိတ်ပျက်မိတယ် ... ငါ ... ဒီထက်မက ကျန်းကျန်းမာမာနဲ့ သူ့ဘေးမှာ အချိန်ကြာကြာနေနိုင်ဦးမယ်လို့ တွေးထားတာ"

"ဆက်မပြောနဲ့တော့"

ကျီရွေ့စကားဖြတ်ပြောလိုက်သည်။ သူအကြောက်ဆုံးတစ်ခုတည်းသောအရာက လုရှန်း၏အားငယ်သည့်ပုံစံပင်ဖြစ်သည်။ လုရှန်း၏မိသားစုဆရာဝန်အနေနှင့်အနီးကပ်နေလာခဲ့ရာ သူ့ဘဝမှာ လက်ရှိအခြေအနေထိရောက်ဖို့ ဘယ်လောက်အထိ ယိုင်တိယိုင်တိုင်နှင့်ကြိုးစားခဲ့ရသနည်းဆိုသည်မှာ သူ့မျက်မြင်ကိုယ်တွေပင်။ ဒီကမ္ဘာမှာ လုရှန်းကိုယ်တိုင်အပြင် လုရှန်းဒီနေမှာ ဒီလိုထိုင်နေနိုင်ဖို့ အသက်ရှင်ဖို့ ဘယ်လောက်ခက်ခဲပင်ပန်းခဲ့ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းအသိနားအလည်ဆုံးကတော့ ကျီရွေ့တစ်ယောက်သာရှိသည်။

လုရှန်းကစိတ်ဓာတ်တော်တော်ကြံ့ခိုင်သည်။ ဘယ်လိုအခြေအနေမျိုးအထိဖြစ်ခဲ့လို့ ကျီရွေ့ဆီကအကူအညီတောင်းရလောက်သည်အထိ ဖြစ်လာခဲ့ရတာလဲ ...။

"ငါလည်း လက်မလျှော့သေးဘူး ... အဲ့ဒါကြောင့် မင်းလည်း လက်မလျှော့ရဘူး"

ကျီရွေ့က လုရှန်း၏ပုခုံးကိုဆုပ်ကိုင်လိုက်သည်။

"နည်းလမ်းရှိလာမှာပါကွာ ... သေချာတယ် ... အရင်က နှလုံးအစားမထိုးဘူးဆိုရင် တစ်နှစ်အတွင်းသေလိမ့်မယ်လို့ ငါပြောဖူးတယ်လေ ... ဒါပေမယ့် အခုဒီမှာကြည့် ... မင်းဒီမှာ အသက်ရှင်နေတုန်း အကောင်းအတိုင်းရှိနေတုန်းပဲလေ"

"အင်း ... မင်း ငါ့ကို အသက်နှစ်ဆယ်မွေးနေ့မြင်ရတဲ့အထိ အသက်ရှည်မှာမဟုတ်ဘူးလို့လဲ ပြောခဲ့သေးတယ်"

"အေးလေကွာ ... အမြင်အာရုံဝေဝါးတာလောက်ကတော့ ဘာဖြစ်လဲ"

ကျီရွေ့က လုရှန်းကိုနှစ်သိမ့်ပေးဖို့ ကြိုးစားသည်။

"မင်းသတိရထားသင့်တာတစ်ခုရှိသေးတယ် ... လီဆွေ့ကို ဖုံးမထားနဲ့ ... မင်းရဲ့မိသားစုဝင်အနေနဲ့ သူ့မှာလည်းသိခွင့်ရှိတယ် ... ပြီးတော့ သူ နောက်ဆုံးမှာလည်း သိသွားမှာပဲလေ"

"ငါကြောက်တာတစ်ခုက ... သူ ..."

ကျီရွေ့ကစကားဖြတ်ပြောလိုက်သည်။

"နားထောင် ... ဒါက ပြဿနာသေးသေးမွှားမွှားမဟုတ်ဘူး... တစ်ခုခုဖြစ်လာခဲ့ရင် မင်းကို စောင့်ရှောက်ပေးမယ့်လူလိုတယ်"

"... သူ့ကို မပြောပြနဲ့ဦး"

လုရှန်းသည် သက်ပြင်းချလိုက်ရင်း ခက်ခက်ခဲခဲနှင့် ထပ်ပြောသည်။

"ငါ ... သူ့ကို ပြောပြဖို့ အချိန်တစ်ချိန်လောက် ရှာလိုက်ဦးမယ်"

TBC

Next chapter (39) ရောဂါပြန်ပေါ်လာခြင်း

T/N : Tissues!!!! Tissues!!!!!

ကျေးဇူးပါ!!!!! ညကျ ထပ်မလာတော့ဘူး မစောင့်နဲ့တော့
.
.
.
.
.
.
.
.
.
.
.

[Zawgyi]လကုန္ကာနီး အားလပ္ရက္တစ္ရက္မွာေတာ့ လီေဆြ႔သည္ လုရွန္းႏွင့္အတူ ငါးျမွားသြားရန္ ျပင္ဆင္ထား၏။ သုိ႔ေသာ္ သြားကာနီးမွ "အနာဂတ္စီးပြားေရးတိုးတက္မႈညီလာခံ"ကို ၿမိဳ႕ထဲ၌က်င္းပျဖစ္္မည္ျဖစ္၍ တံု႔ယမ္းကိုလည္း တက္ေရာက္ဖို႔ ေသေသခ်ာခ်ာဖိတ္ေခၚသည္။ ထို႔ေၾကာင့္လီေဆြ႔မွာ အဝတ္အစားျပန္လဲၿပီး ညီလာခံသုိ႔ သူ႔ဘာသူကားေမာင္းသြားရျပန္၏။

လုရွန္းကေရွာင္းေက်ာင္းကို လီေဆြ႔၏အနီးကပ္ယာဥ္ေမာင္းအျဖစ္ ထားေပးဖုိ႔ႏွစ္ေခါက္တိတိေျပာေသာ္လည္း လီေဆြ႔ကႏွစ္ခါလံုးျငင္းသည္။ ၿပီးေတာ့ သူသည္ ယာဥ္ေမာင္းတစ္ဦးေခၚထားရေလာက္ေအာင္ အေရးႀကီးေသာသူလည္းမဟုတ္။ ရိုးရိုးကုပ္ကုပ္ေနထိုင္ျခင္းသည္သာေကာင္းသည္။ လီေဆြ႔သည္ မလိုအပ္ေသာအပို အာရံုစူးစိုက္ခံရခင္းမ်ားကို မလိုခ်င္ေပ။

ထိုေနာက္ပိုင္းေတာ့ လုရွန္းလည္း ယင္းကိစၥႏွင့္ပတ္သတ္၍ ထပ္မေျပာေတာ့ေပ။

ဒီေန႔ေတာ့ လုရွန္းတစ္ေယာက္ ပံုမွန္ထက္ေစာေစာႏိုးလာသည္။ အိပ္ယာေပၚမွာပဲ လွဲေနရင္း လီေဆြ႔မွန္ေရွ႕မွာ နက္ကတိုင္စည္းေနသည္ကို ၾကည့္ေနရင္းျပံဳးမိသည္။ သူ႔မ်က္လံုးမ်ားပင္ အျပံဳးရိပ္သမ္းေနေတာ့၏။

"ဘာရယ္ေနတာလဲ"

လီေဆြ႔က မွန္ထဲကေန လုရွန္းကုိလွမ္းၾကည့္ရင္း ေမးလိုက္သည္။

မေန႔ညက "ေလ့က်င့္ခန္း"လုပ္ခဲ့တာ အနည္းင္လြန္သြား၍ ေနာက္တစ္ေန႔မနက္ လုရွန္းအိပ္ရာထဲမွာရွိေနေသးသည္မွာ သိပ္ေတာ့မထူးဆန္းလွေပ။ လုရွန္းသည္ လက္တစ္ဖက္ကို ေခါင္းအံုး၍ လီေဆြ႔ကို လက္ယက္ကာေခၚလိုက္သည္။

"ဒီနားလာပါဦး ... နမ္းသြားဦးေလ"

လီေဆြ႔လည္းျပံဳးလိုက္သည္။ သူ၏မ်က္လံုးမ်ားသည္လည္း အျပံဳးႏွင့္အတူေကာ့ညြတ္တက္သြား၏။ တစ္ႏွစ္ၿပီးတစ္ႏွစ္ လီေဆြ႔သည္ ေန႔စဥ္ရက္ဆက္ေျပာင္းလဲႀကီးျပင္းလာေသာ္လည္း သူ၏မ်က္လံုးမ်ားကေတာ့ အရင္အတိုင္းေပဝ ထိုမ်က္လံုးမ်ားကေတာ့ သူတိုႊစတင္ဆံုစည္းစဥ္တုန္းကအတိုင္း နက္ေမွာင္၍ၾကည္လင္ေနဆဲ ...

လီေဆြ႔သည္ကိုင္းညြတ္လိုက္ရင္း လုရွန္း၏ႏႈတ္ခမ္းမ်ားကို တတိတိႏွင့္ ညင္သာစြာကိုက္လိုက္သည္။ အနမ္းၾကားထဲ စ်ာန္ဝင္မသြားခင္ ျပန္လႊတ္ေပးလိုက္၏။ ႏွာထိပ္ခ်င္းထိကပ္ရင္း လီေဆြ႔ကေျပာလိုက္သည္။

"ဟုတ္ၿပီ ... အခုသြားေတာ့မယ္ ... အိမ္မွာပဲ နားလိုက္ဦး"

"အင္း"

လုရွန္းေခါင္းၿငိမ့္လိုက္သည္။ လီေဆြ႔ေျခလွမ္းၾကဲမ်ားႏွင့္ အိမ္ထဲမွထြက္ကာ ကားထဲဝင္၍ ေမာင္းထြက္သြားသည္ကို ျပတင္းေပါက္မွတစ္ဆင့္ ေငးၾကည့္ေနသည္။ လီေဆြ႔၏လႈပ္ရွားမႈတိုင္းဟာ လုရွန္းအျမင္မွာ ည္ွဳ႕ယူဖမ္းစားမႈအားေကာင္းလွသည္။

ငယ္ရြယ္ျခင္းက ေကာင္းလွသည္ဟု သူေတြးမိသည္။ လုရွန္း အိပ္ယာမွထထိုင္လိုက္ၿပီး ခါးကိုအနည္းငယ္ပြတ္လိုက္သည္။ ၿပီးေတာ့ တစ္ခုခုေတြးမိသြာၿပီး ရယ္လိုက္၏။

လုရွန္းသည္ သူ႔ကေလး၏ ရိုးသားသန္႔စင္မႈကို သေဘာက်သည္။ သို႔ေသာ္ သူတကယ္ခ်စ္ျမတ္ႏိုးေစသည္က လူႀကီးတစ္ေယာက္အေနနွင့္ အရွိန္အဝါျပည့္စုံလာျခင္းပင္ျဖစ္သည္။

မနက္စာစားၿပီးသည့္အခါ အဝတ္ဗီရိုကိုဖြင့္၍ အခ်ိန္ၾကာၾကာရွာေဖြေနမိသည္။ လီေဆြ႔က တံု႔ယမ္းမွအလုပ္ကိစၥမ်ားကို လႊဲေျပာင္းယူသြားကတည္းက လုရွန္းမွာ အားလပ္ခ်ိန္ေတြ ပို၍ပို၍တိုးလာသည္။ သူ ညလံုးေပါက္အလုပ္လုပ္ခဲ့ရသည့္ရက္မ်ားမွာလည္း ေတာ္ေတာ္ၾကာက်န္ခဲ့ေလၿပီ။ တကယ္တမ္းဆို လုရွန္းကုမၸဏီသို႔ တစ္ပတ္တစ္ေခါက္ပင္မေရာက္ျဖစ္ေတာ့ ... အရင္ကေတာ့ ေဒၚေလးလုက သူ၏အဝတ္မ်ားကို မီးပူတိုက္ကာခ်ထားေပးေနက်ျဖစ္ေသာ္လည္း လုရွန္းသတိမထားမိလိုက္စဥ္မွာပဲ ထိုေနရာတြင္ လီေဆြ႔၏အဝတ္မ်ားက ေနရာယူလာခဲ့သည္မွာ ၾကာၿပီျဖစ္သည္။

လုရွန္းေတာ္ေတာ္ၾကာ ရွာေဖြၿပီးသည့္ေနာက္မွာေတာ့ အကုန္နီးပါးဆင္တူျဖစ္ေနသည့္
ရွပ္အက်ၤီေတာထဲမွ သူဝတ္ဖို႔တစ္ထည္ရွာေတြ႔ေလသည္။ သူ အဝတ္လဲၿပီးသည့္အခါ ဦးေလးယြမ့္က အိမ္ေရွ႕မွာ ကားႏွင့္ေရာက္ႏွင့္ေနၿပီျဖစ္သည္။

လုရွန္းက ကားတံခါးပိတ္လိုက္ရင္းေျပာလိုက္သည္။

"ဝါးရံုသင္တန္းေက်ာင္းကို သြားမယ္"

မေန႔ညက မိုးအနည္းငယ္ရြာထား၍ ေတာင္အႏွံ႔မွာ မ်ွစ္စို႔လတ္လတ္ဆတ္ဆတ္မ်ား အမ်ားအျပားေတြ႔ရသည္။ ေလကအေတာ္ေအးေနၿပီး အသက္ရွဴထုတ္လိုက္လွ်င္ေတာင္ အခိုးအေငြ႔မ်ားထြက္လာသည္။ သင္တန္းေက်ာင္းေရွ႕ေရာက္သည့္အခါ ကားေပၚမွဆင္း၍ အေနာက္ဘက္က လက္ဖက္ရည္ခန္းထဲသို႔ လမ္းေလွ်ာက္ဝင္သြားသည္။ လမ္းတစ္ေလွ်ာက္မွာ ေျမေပၚေၾကြက်ေနသည္ ဝါးရြက္ေျခာက္မ်ားကို နင္း၍ လွမ္းသြားသည္။

လက္ဖက္ရည္ခန္း၏အေရွ႕မွာေတာ့ ပိန္ပိန္ပါးပါးအမ်ိဳးသမီးတစ္ဦးက မီးေမႊးေနသည္။ လုရွန္းဝင္လာသည္ကိုျမင္သည့္အခါ လက္ေဆးလိုက္ၿပီး ျပံဳးျပသည္။

"သူေ႒းလုပါလား ... ဘယ္ကေနဘယ္လိုေရာက္လာတာလဲ"

လုရွန္းက ျပန္ျပံဳးျပလိုက္ၿပီးေနာက္ ေမးလိုက္သည္။

"က်ိဳးေခ်ာင္ရွိလား"

"ရွိတယ္ ရွိတယ္ ... သြားေခၚေပးမယ္"

"ရတယ္ ေနပါေစ ... ကြ်န္ေတာ္ပဲဝင္သြားလိုက္မယ္ ... စကားေျပာစရာရွိလို႔"

"ဒါဆို ႏွစ္ေယာက္လံုးအတြက္ လက္ဖက္ရည္ၾကမ္း ျပင္ေပးမယ္ေနာ္"

လုရွန္းကေခါင္းအတန္ငယ္ၿငိမ့္လိုက္သည္။

"ေက်းဇူးပါပဲ"

လုရွန္းက တံခါးဝမွာ ဖိနပ္ခြ်တ္လိုက္ရင္း ဝါးလိုက္ကာကို ဖယ္ကာအထဲသို႔ဝင္လိုက္သည္။ က်ိဳးေခ်ာင္က သူေရာက္လာသည္ကို ၾကားလိုက္မိပံုရသည္။ စားပြဲခံုအေနာက္မွာ တင္ပလႅင္ခ်ိတ္ထိုင္ရင္း သပ္သပ္ရပ္ရပ္ႏွင့္ေစာင့္ေနသည္။

လုရွန္းအထဲသို႔ပင္ မေရာက္ေသးခင္မွာ က်ိဳးေခ်ာင္ကလက္ကာျပလိုက္၏။

"က်ဳပ္ကို နားခ်ဖို႔ မႀကိဳးစားနဲ႔"

"ဘယ္သူက ႀကိဳးစားမယ္ေျပာမိလို႔လဲ"

လုရွန္က စားပြဲေဘးမွာဝင္ထိုင္လိုက္ၿပီး ဆက္ေျပာသည္။

"ခင္ဗ်ားအေဖျဖစ္ၿပီဆိုလို႔ ဂုဏ္ျပဳေပးဖို႔လာတာ"

က်ိဳးေခ်ာင္ မင္သက္သြားသည္။

"ဘာေျပာတယ္"

"ခင္ဗ်ားရဲ႕အမ်ိဳးသမီး အရင္ရက္ေတြက ေနမေကာင္းဘူးမဟုတ္လား"

လုရွန္းခဏစကားစရပ္လိုက္၏။ ၿပီးမွဆက္ေျပာသည္။

"က်ီေရြ႕မေန႔က သူ႔ကိုေဆးစစ္ေပးေတာ့လကိုယ္ဝန္တစ္လေလာက္ရွိေနၿပီလို႔ေျပာတ
ယ္"

က်ိဳးေခ်ာင္၏မ်က္ႏွာနီရဲေနရာမွ ျဖဴဆုတ္သြားသည္။ တဖန္ျပန္နီရဲလာျပန္သည္။ ေတာ္ေတာ္ၾကာမွ လုရွန္းခုနကေျပာလိုက္သည့္စကားကုိ အခုမွၾကားလိုက္သလို စားပြဲကိုလက္ႏွစ္ဖက္ႏွင့္ရိုက္ခ်လိုက္ရင္း ေမး၏။

"တကယ္ေျပာေနတာလား"

ထို႕ေနာက္ လူတစ္ေယာက္အခန္းထဲဝင္လာသည္။ က်ိဳးေခ်ာင္ကေမာ့ၾကည့္၍ အနားသို႔ေျပးသြား၏။ ဇနီးသည္၏လက္ကိုကိုင္ကာ စိတ္လႈပ္ရွားလြန္း၍ စကားပင္စာေၾကာင္းျပည့္ေအာင္ မေျပာႏိုင္။

"မိန္းမ ... ကိုယ္က  ... အေဖ"

အမ်ိဳးသမီး၏မ်က္ႏွာက ခ်က္ခ်င္းနီရဲသြားသည္။ သူမ၏ပံုစံကဆယ္ေက်ာ္သက္မိန္းမငယ္ေလးတစ္ဦး ပထမဆံုးခ်ိန္းေတြ႔သည့္အသြင္ .. က်ိဳးေခ်ာင္ကိုေရွာင္လိုက္ၿပီး လက္ဖက္ရည္ဗန္းကို စားပြဲေပၚခ်ေပးကာ ခပ္သုတ္သုတ္ျပန္ထြက္သြားသည္။

က်ိဳးေခ်ာင္တစ္ေယာက္ အေပ်ာ္လြန္ၿပီး ဘာလုပ္၍ဘာကိုင္ရမည္ပင္မသိေတာ့။ အခန္းထဲမွာပဲ ေခါက္တံု႔ေခါက္ျပန္လမ္းေလွ်ာက္ေနသည္။ အျပင္ေျပးထြက္၍ ဇနီးသည္ကို အေျပးရွာခ်င္ေသာ္လည္း မရင့္က်က္ရာေရာက္မွာ ေတြးပူရေသးသည္။

"အရင္ထိုင္ပါဦး"

လုရွန္းက က်ိဳးေခ်ာင္၏ပံုကို ၾကည့္ရင္းရယ္လိုက္သည္။

"သူ အားနည္းေနဦးမွာပဲ | မနက္ျဖန္က်ီေရြ႕ဆီေခၚသြားၿပီး ေသခ်ာေဆးစစ္ခိုင္းလိုက္ဦးေပါ့ ... ခင္ဗ်ားလည္း လႊတ္ခ်သင့္တဲ့ကိစၥေတြ လႊတ္ခ်ဖို႔ ႀကိဳးစားသင့္ၿပီ"

"ဟုတ္တယ္ ဟုတ္တယ္..."

က်ိဳးေခ်ာင္က ေခါင္းတဆတ္ဆတ္ၿငိမ့္ေနသည္။ လက္ႏွစ္ဖက္ကို ဘယ္နားပို႔ထားရမည္မသ္ေတာ့ ... နားၾကားမွာညွပ္ထားသည့္ ေဆးလိပ္ကို အက်င့္အတိုင္းဆြဲယူလိုက္သည္။ သို႔ေသာ္ လုရွန္းေျပာလိုက္သည္ကို အမွတ္ရၿပီး ထိုေဆးလိပ္ကို အမိႈက္ပံုးထဲပစ္လႊတ္လိုက္သည္။

"က်ဴပ္မလုပ္ေတာ့ဘူး... ေဆးလိပ္ျဖတ္ေတာ့မယ္... ဟုတ္တယ္ ဒီေန႔ကစၿပီး ဘာေဆးလိပ္မွ မေသာက္ေတာ့ဘူး"

လုရွန္းက လင္ဗန္းေပၚမွေရေႏြးကရားကိုယူကာ ခြက္ထဲသို႔ လက္ဖက္ရည္ငွဲ႕လိုက္သည္။

"မၾကာခင္အေဖျဖစ္ေတာ့မွာဆိုေတာ့ ဘာလုပ္လုပ္အရင္စဥ္းစားၿပီးမွလုပ္ ... ကေလးအတြက္ စံျပေကာင္းတစ္ေယာက္ျဖစ္ဖို႔လိုတယ္ေလ"

က်ိဳးေခ်ာင္က လက္ႏွစ္ဖက္ကို ေျခေထာက္ေပၚမွာပြတ္သပ္ေနရင္း ေျပာ၏။

"အင္း ... ခင္ဗ်ားမွန္ပါတယ္ ... က်ဳပ္အျမဲမဆင္မျခင္လုပ္ေနက် ... က်ဳပ္ကတိေပးတယ္ ဒါေနာက္ဆံုးပဲ"

"ၿပီးေတာ့ တရားဝင္လုပ္ငန္းကိုင္ငန္းတစ္ခုေလာက္ေတာ့ ရွိထားသင့္ၿပီ ... ကေလးအရြယ္ေရာက္လာလို႔ အေဖဘာအလုပ္လုပ္လဲ ေမးရင္ ေျဖႏိုင္မွျဖစ္မယ္ေလ"

လုရွန္းက ေျပာျပသည္။

က်ိဳးေခ်ာင္ကဉာဏ္တအားေကာင္းသူ မဟုတ္ေသာ္ျငား လုရွန္းဘာကိုဆိုလိုခ်င္သည္ကို နားလည္သည္။ သူ သက္ျပင္းခ်လိုက္ရင္းေခါင္းေနာက္ကို ကုတ္လိုက္၏။ ၿပီးေတာ့ရိုးရိုးသားသားဝန္ခံသည္။

"က်ဳပ္က ေရွာင္လီက်ီကို မုန္းတာမဟုတ္ပါဘူး ... ဒီတိုင္း ... ဒီတိုင္းဗ်ာ တအား နာလို႔ ... က်ဳပ္ေျပာခ်င္တာက စက္ရံုက မႀကီးလွေပမယ့္ က်ဳပ္တည္ေထာင္ခဲ့တာေလဗ်ာ ... သူက ဒီအတိုင္းပိတ္ခ်ပစ္လိုက္တယ္ ... က်ဳပ္ျပန္ထြက္လာေတာ့ ညီအစ္ကိုေတြေရာ အလုပ္သမားေတြေရာ တစ္ေယာက္မွ မရွိေတာ့ဘူး ... အဲ့ဒါ ... ကေတာ့ သိပ္လြန္တယ္ဗ်ာ"

"လီေဆြ႔က ကေလးပဲရွိေသးတာ ... သူ႔ကို သိပ္ၿပီးလည္း ေဒါသမႀကီးပါနဲ႔"

လုရွန္းက လက္ဖက္ရည္ငွဲ႕လိုက္ရင္း ဆက္ေျပာ၏။

"ၿပီးေတာ့ သူလုပ္ခဲ့တာ ခင္ဗ်ားအတြက္ပဲေလ"

လုရွန္းကထုတ္မေျပာေသာ္လည္း လီေဆြ႔၏လုပ္ရပ္ကို တကယ္တမ္းက်သေဘာတူသည္။ တရားမဝင္လုပ္ငန္းမ်ားသည္ တခ်ိဳ႕အတြက္လုပ္ကိုင္ရလြယ္ကူလွေပမယ့္ အေျခအေနမဟန္သည့္အခါ ေနာက္ဆက္တြဲကိစၥမ်ားက ႀကီးမားလွသည္။ ယခုျဖစ္သြားသည္က သက္ေသပင္။ လူမႈေလာကက ပိုမိုတိုးတက္လာသည္ႏွင့္အမွ် အားလံုးနီးပါးက ကပ်ိဳကရိုျဖစ္ေနရာမွ အစီအစဥ္တက်ျဖစ္လာသည္။  ဒါဟာလည္း ျဖစ္ရိုးျဖစ္စဥ္တစ္ခုပင္။ တရားမဝင္ေပါက္မွ ေငြရသူမ်ားသည္ တျဖည္းျဖည္းဒုကၡေရာက္တတ္သည္ခ်ည္း။

ဥပေဒႏွင့္အမိန္႔ကိုသာ အေလးအနက္ထားသည့္ကာလျဖစ္ၿပီး မလိုက္နာႏိုင္သူမ်ားသည္ တျဖည္းျဖည္းပယ္ထုတ္ခံ အစားထိုးခံရမည္သာ။ တစ္စုံတစ္ဦးျဖစ္ေစ အဖြဲ႕အစည္းတစ္ခုခုျဖစ္ေစ ေငြေၾကးခ်မ္းသာရယူလိုပါလ်ွင္ တရားဝင္နည္းလမ္းအတိုင္းလိုက္နာျခင္းသည္သာ တစ္ခုတည္းေသာနည္းလမ္းျဖစ္သည္။

လီေဆြ႔၏လုပ္ကိိုင္ပံုက ရက္စက္သည္ဟုထင္ရေသာ္လည္း မွားေနျခင္းေတာ့မဟုတ္။ အရမ္းတိုက္ရိုက္လုပ္မိသြားျခင္းသာျဖစ္သည္။ က်ိဳးေခ်ာင္၏စရိုက္ႏွင့္ဆို ေစာ္ကားသလို ခံစားလိုက္ရသည္က ပံုမွန္ပင္။

"အသက္က ၂၀ ေက်ာ္ေနၿပီ အခုထိ ကေလးလို႔ေခၚေနတုန္းပဲလား"

က်ိဳးေခ်ာင္ကရယ္လိုက္၏။ လုရွန္းကေတာ့သူေျပာလိုက္တာက ထူးဆန္းသည္ဟုမျမင္။

"ကြ်န္ေတာ့္အတြက္ကေတာ့ သူကအျမဲတမ္းကေလးပဲေလ"

က်ိဳးေခ်ာင္က သူ႔ကိုစိုက္ၾကည့္ေနရင္း ဂရုတစိုက္ေမးခြန္းထုတ္သည္။

"ဒါဆို ဒါၿပီးၿပီေပါ့ ... သူတစ္ေယာက္ပဲ ဆံုးျဖတ္လိုက္ၿပီလား ...ခင္ဗ်ားကေလးယူဖို႔ တစ္ေယာက္ေယာက္ရွာဖို႔ေရာ မေတြးေတာ့ဘူးလား"

"ကြ်န္ေတာ္လား"

လုရွန္းကအနည္းငယ္ရယ္လိုက္ၿပီး ေခါင္းခါလိုက္သည္။ သူရယ္လိုက္ပံုက သူ႔ကုိယ္သူေလွာင္ရယ္သလိုမ်ိဳးျဖစ္သည္။

"ေမြးလာမယ့္ကေလးက ကြ်န္ေတာ့္လိုျဖစ္ေနမယ္ဆို တစ္သက္လံုး ဒုကၡခံစားေနရမွာေပါ့"

က်ိဳးေခ်ာင္တန္႔သြားၿပီး လုရွန္းကိုေျဖာင္းဖ်ဖို႔ႀကိဳးစားသည္။

"ဒီလိုလဲဘယ္ဟုတ္ပါ့မလဲ ... က်ဳပ္ေျပာခ်င္တာက အရင္သူေ႒းလုတုန္းကလည္း ခင္ဗ်ားကိုေမြးခဲ့တာပဲေလ ... က်ဳပ္အထင္ေတာ့ အေဖတစ္ေယာက္ျဖစ္လာရင္ တာဝန္ယူစိတ္ကို နားလည္လာမွာပဲ ... က်ဳပ္ကိုပဲၾကည့္ ... ဒီတမနက္လံုး က်ဳပ္စက္ရံုကို ပိတ္ပစ္လို႔ ေရွာင္လီက်ီကို စိတ္ဆိုးေနတုန္းပဲ ... ဒါေပမယ့္ အခုက်ေတာ့ စိတ္ေျပသြားၿပီ ... အခုေသခ်ာေတြးၾကည့္ေတာ့ သူလုပ္ခဲ့တာ တကယ္မမွားဘူး... မိုးနတ္မင္းက က်ဳပ္ကို ခပ္ႀကီးႀကီးလုပ္ေစခ်င္ပံုပါပဲ"

လုရွန္းသေဘာက်ေနသည္။

"အေဖျဖစ္တာ ဘယ္ႏွစ္မိနစ္ရွိေသးလို႕ ကြ်န္ေတာ့္ကိုလက္ခ်ာရိုက္ေနတာလဲ"

ခဏရပ္လိုက္ၿပီး သူထပ္ျဖည့္ေျပာ၏။

"ကြ်န္ေတာ့္မွာ သူတစ္ေယာက္ရွိေနရံုနဲ႔ လံုေလာက္ၿပီ"

လုရွန္း၏ျပတ္သားမႈကို ျမင္လိုက္ရသည့္ေနာက္ က်ိဳးေခ်ာင္သက္ျပင္းခ်ရံုသာခ်လိုက္သည္။

"ခင္ဗ်ားသူ႔ကို က်ဳပ္ဆီ ပထမဆံုးေခၚလာတုန္းက ဒီလိုေတြျဖစ္သြားမယ္မွန္း လုံးဝမေတြးမိဘူး ... "

"စိတ္မဆိုးေတာ့ဘူးဆိုရင္လည္း ေနာက္တစ္ခါ သူဖုန္းေခၚရင္ ကိုင္လိုက္ဦး"

လုရွန္းကလက္ဖက္ရည္ခြက္ကို ခ်လိုက္သည္။

"သူ႔ကို ဒီလိုမ်ိဳးျမင္ေနရတာ ကြ်န္ေတာ္လည္းရင္က်ိဳးတယ္"

က်ိဳးေခ်ာင္မွာအျပစ္မကင္းသလိုခံစားလာရၿပီး လက္ခါယမ္းရင္းေျပာလိုက္ရသည္။

"အင္းပါ ... ေတာင္းပန္ပါတယ္ ... က်ဳပ္မွားသြားတာပါ ဟုတ္ၿပီလား ... ဒီည တစ္ခြက္ေလာက္ေသာက္ဖို႔ေခၚလိုက္မယ္"

(T/N: လုရွန္းရဲ႕စေကးကေတာ့ :3)

ႏွစ္ဦးသား ခဏေလာက္ဆက္၍ စကားလက္ဆံုက်ေန၏။ က်ိဳးေခ်ာင္၏စိတ္က သူ႔ဇနီးဆီပဲ ပ်ံသန္းေနသည္ကို လုရွန္းသိသည့္အခါ စကားစရွည္မေနေတာ့ဘဲ မတ္တပ္ရပ္လိုက္ၿပီး ျပန္ဖို႔လုပ္သည္။

"က်ဳပ္ ေစာေစာက မွ်စ္စို႔နည္းနည္းတူးထားေသးတယ္ ... ယူသြားမလား"

က်ိဳးေခ်ာင္က လုရွန္းကိုလိုက္ပို႔ရင္းေမးလိုက္သည္။

"ေနာက္တစ္ေခါက္ေပါ့"

အျပာေရာင္ေဒါင္းငွက္မ်ားကို ျမင္သည့္အခါ လုရွန္းကလက္ညိွဳးထိုးျပလိုက္သည္။

"အရသာရွိလား"

က်ိဳးေခ်ာင္က ခ်က္ခ်င္းေခါင္းၿငိမ့္လိုက္၏။

"မုန္လာဥနဲ႔ ခပ္စပ္စပ္ေလးေရာခ်က္ရင္ေတာ့ အေကာင္းဆံုးစြပ္ျပဳတ္ပဲ ... သူတို႔အသားက ေတာ္ေတာ္အရသာေကာင္းတာ"

လုရွန္းကအသက္ရိႈက္ကာရွဴလိုက္၏။

"ကြ်န္ေတာ့္အတြက္ တစ္ေကာင္ခ်န္ထားေပး ... ေနာက္တစ္ေခါက္ လီေဆြ႔နဲ႔လာတဲ့အခါ စားၾကည့္ရေအာင္"

"ခဏၾကာေတာ့ လုရွန္းက ျပန္လွည့္ၾကည့္ၿပီး အေလးအနက္ထားကာထပ္ေျပာသည္။

"ခင္ဗ်ားသတ္တာ လီေဆြ႔ကိုေတာ့ မျမင္ေစနဲ႔ေပါ့"

"ဟုတ္ပါၿပီ"

က်ိဳးေခ်ာင္က လုရွန္းကို အေရွ႕ဘက္ျခံေပါက္အထိ လိုက္ပို႔သည္။

"ကားစက္ရံုမရွိေတာ့ က်ဳပ္ဆီမွာ လူလည္းသိပ္မက်န္ေတာ့ဘူး ... အေရးႀကီးတဲ့ေနရာေတြမွာေတာ့ အေစာင့္အၾကပ္ထားထားတာ မေလ်ာ့ထားဘူးဆိုေပမယ့္ ခင္ဗ်ားတို႔လည္း သတိရွိရွိေတာ့ ေနေစခ်င္တယ္"

"အင္း ... ႏွစ္လေလာက္ၾကာလို႔ ခင္ဗ်ားအမ်ိဳးသမီးရဲ႕က်န္းမာေရးအေျခအေနပံုမွန္ျပန္ျဖစ္ရင္ ကားျပင္စက္ရံုအသစ္တစ္ခုေလာက္ေတာ့ ထပ္ဖြင့္သင့္တယ္ ... ကြ်န္ေတာ္ ဦးေလးယြမ့္ကို အကူအညီေတာင္းၿပီး ခင္ဗ်ားအတြက္ လိုအပ္တာစီစဥ္ခိုင္းလိုက္မယ္"

ခဏေလာက္နားၿပီး လုရွန္းဆက္ေျပာသည္။

"အဲ့ဒီအတြက္ ..."

သူရုတ္တရက္စကားစရပ္သြားသည္။ ခႏၶာကိုယ္က တုန္ယင္လာၿပီး ႏွစ္ေခါက္ေလာက္ အသက္ကိုရႈိက္ကာ ရွဴရင္း ေျမျပင္ေပၚထိုင္ခ်လိုက္ရသည္။ လက္တစ္ဖက္က ေျမေပၚအမီွသဖြယ္ေထာက္ထားၿပီး တစ္ဖက္က မ်က္ရိုးကို ဖိထားသည္။ မ်က္ခံုးမ်ားကလည္း တြန္႔ရံႈ႕လာသည္။

လုရွန္းကိုၾကည့္ၿပီး က်ိဳးေခ်ာင္အလန္႔တၾကားျဖစ္သြား၏။

"ဘယ္လိုျဖစ္တာလဲ  ... ေနမေကာင္းဘူးလား"

လုရွန္းက လက္ကာျပရင္း က်ိဳးေခ်ာင္ကိုတားလိုက္သည္။ မ်က္လံုးမ်ားကိုမိွတ္ထားၿပီး ေခါင္းခါလိုက္၏။ မ်က္ႏွာထက္မွ ျဖဴေလ်ာ္ျခင္းမ်ား ေလ်ာ့က်သြားကာမွ ေဘးဘက္မွဝါးပင္ကို အမွီျပဳကာ မတ္တပ္ျပန္ရပ္လိုက္သည္။

က်ိဳးေခ်ာင္မွာ လုရွန္းသတိလစ္လဲက်သြားမွာ စိတ္ပူၿပီး ထပ္ေျပာလိုက္သည္။

"ဘာမွမျဖစ္တာေသခ်ာလား ... ခံႏိုင္ရည္ရွိတဲ့ပံုစံ ဟန္ေဆာင္မေနနဲ႔"

အသက္ရွဴသံကို ပံုမွန္ျဖစ္ေအာင္ထိန္းၿပီးေနာက္ တိုးညင္းစြာေျပာလိုက္၏။

"... ဦးေလးယြမ့္ကို ... ဒီအထိ ကားေမာင္းလာခိုင္းေပးပါ ...ကြ်န္ေတာ္လမ္းမေလွ်ာက္ႏိုင္ေတာ့ဘူး"

ဦးေလးယြမ့္ ကားေပၚမွဆင္းလာသည့္အခါ လုရွန္း၏ျဖဴေရာ္ေနေသာ မ်က္ႏွာကိုျမင္ၿပီး က်ိဳးေခ်ာင္လိုပဲ ထိတ္လန္႔သြားသည္။ သူတို႔ႏွစ္ဦး လုရွန္းကိုကားထဲေရာက္ေအာင္ တြဲပို႔ေပးရသည္။

"သတိထားဦး"

လုရွန္းမျပန္ခင္ က်ိဳးေခ်ာင္ကစိတ္ပူစြာေမးလိုက္၏။

"ေရွာင္လီက်ီ ဒီကိစၥကို သိလား"

လုရွန္းသည္ခံုကိုမွီထားလိုက္၏။ သူ႔ႏႈတ္ခမ္းမ်ားက ျပာႏွမ္းလာၿပီး မ်က္လံုးမ်ားကလည္း ဆံုခ်က္မရွိေပ။ သူက အသံခပ္တိုးတိုးႏွင့္ ျပတ္သားစြာေျပာလိုက္သည္။

"သူ႔ကိုုမေျပာနဲ႔ ... တစ္ေယာက္ေယာက္ေျပာျပမယ္ဆိုရင္ေတာင္ အဲ့ဒီလူက ကြ်န္ေတာ္ပဲျဖစ္ရမယ္"

က်ိဳးေခ်ာင္ကတစ္ခုခုထပ္ေျပာဖို႔ ဟန္ျပင္ေသာ္လည္း လုရွန္း၏ကိုယ္ေရးကိုယ္တာမို႔ မေျပာဘဲေနလိုက္သည္။ ၿပီးေနာက္ လုရွန္းက ကားမွန္တင္လိုက္ၿပီး ဦးေလးယြမ့္ကို ေမာင္းဖို႔ေျပာလိုက္သည္။

"ေဒါက္တာလ်န္ကို ေခၚလိုက္ရမလား"

ဦးေလးယြမ့္က ေရွ႕ခံုမွလွမ္းေမးလိုက္သည္။

လုရွန္းသည္ ကားအျပင္မွ ျမင္ကြင္းမ်ားကို ေငးၾကည့္ေနသည္။ သူ အလြန္အမင္းစိတ္ဓာတ္က်သြားသည့္ပံုေပၚ၏။ တျခားသူမ်ားေရွ႕မွ အခုလိုကူကယ္ရာမဲ့ သူ၏ပံုစံမ်ိဳးက ျပခဲလွသည္။ အေတာ္ၾကာမွ အရံႈးေပးလိုက္သလို အင္း ဟု ခပ္တိုးတိုးျပန္ေျဖသည္။

ညဘက္ေရာက္ေတာ့ က်ိဳးေခ်ာင္က လီေဆြ႔ကို ညစာစားဖို႔ေခၚသည္။ လီေဆြ႔က လုရွန္းကိုဖုန္းဆက္ကာ တက္တက္ၾကြၾကြပဲ ဒီည ညစာ အိမ္မွာမစားေတာ့ဘူးဟုေျပာသည္။ သူ႔စိတ္ကိုဖံုးလႊမ္းေနေသာ တိမ္မည္းမ်ားကင္းစင္သြားေလၿပီ။ လီေဆြ႔တစ္ေယာက္ အင္မတန္ေပ်ာ္ရႊင္ေန၏။

"အရမ္းမေသာက္ခဲ့နဲ႔ဦး"

လီေဆြ႔၏တက္ၾကြမႈက လုရွန္းကိုပါသက္ေရာက္မႈရွိလာသည္။ သူပါလိုက္၍ အနည္းငယ္ျပံဳးမိသည္။

ဖုန္းခ်ၿပီးသည့္အခါ အိမ္ကအရင္လိုျပန္လည္တိတ္ဆိတ္သြားသည္။ လုရွန္းသည္ဆိုဖာေပၚမွာပဲထိုင္ေနရင္းက တစ္ကိုယ္လံုးခ်မ္းစိမ့္လာသည္။ လႈပ္ရွားဖို႔မဝ့ံရဲသျဖင့္ ေစာင္ကိုသာ ပိုတင္းၾကပ္ေအာင္ရစ္ပတ္ထားမိသည္။

အခ်ိန္ဘယ္ေလာက္ေတာင္ၾကာသြားေလသည္မသိ။ လုရွန္းအိပ္ေပ်ာ္လုဆဲဆဲမွာ ျခံထဲမွကားစက္သံကို ၾကားလိုက္ရသည္။ သိပ္မၾကာ ... အိမ္တံခါးပြင့္သြားၿပီး က်ီေရြ႕တစ္ေယာက္ အလ်င္စလိုနဲ႔ အထဲဝင္လာသည္။

"ဘယ္လိုျဖစ္တာလဲ"

လုရွန္းကပုခံုးအနည္းငယ္တြန္႔ျပလိုက္၏။

"ဘာမွမျဖစ္ဘူး ... ဒီတိုင္း ညစာစားဖို႔ ေခၚလိုက္တာ"

"ေပါက္ကရေတြေတာ္စမ္း ... ငါ မင္းကိုသိလာတာ ႏွစ္ေဆြးေနၿပီ ... အျမဲ ငါ့ကိုဆို ေရွာင္လို႔ရသေလာက္ေရွာင္ေနတာမ်ား ... ဘယ္တုန္းကမ်ား ညစာေခၚေကြ်းဖူးလဲ"

က်ီေရြ႕ဗိုက္ဆာေကာင္းဆာေနပံုရသည္။ ထမင္းစားစားပြဲေပၚမွျခင္းထဲက ပန္းသီးတစ္လံုးေကာက္ယူ၍ ကိုက္စားလိုက္၏။

"ေျပာပါဦး... ဘယ္ေနရာက ေနမေကာင္းျဖစ္ေနတာလဲ"

လုရွန္းကတြန္႔ဆုတ္ေနသည္။ ၿပီးေတာ့ ဘာေျပာရမွန္း မသိသသည့္ပံုေပၚေန၏။

"ငါ့မ်က္လံုး"

လုရွန္းစကားလံုးမ်ားကို ဝါးၿမိဳရင္း ဆက္ေျပာသည္။

"ျပႆနာနည္းနည္းရွိေနတဲ့ပံုပဲ"

က်ီေရြ႔ၿငိမ္က်သြားၿပီး မ်က္ႏွာထားေျပာင္းသြားသည္။

"ဘာအဓိပၸာယ္လဲ"

"ငါအခု မင္းရွိေနတဲ့ေနရာကို မျမင္ရဘူး ... ငါ့ပတ္လည္က အကုန္လံုးက ဝါးေနတယ္"

လုရွန္းလက္ကို ေလထဲကိုေျမွာက္လိုက္ရင္း ညႊန္ျပလိုက္သည္။

"မင္းအသံကို ၾကားလို႔သာ မင္းဘယ္ေနရာမွာ ရွိလဲ ခန္႔မွန္းလို႔ရတာ"

က်ီေရြ႕မ်က္ႏွာတည္သြားၿပီး အိပ္ကပ္ထဲမွ ဓာတ္မီးကိုထုတ္ကာ လုရွန္း၏မ်က္လံုးေရွ႕၌ ေဝ့ယမ္းျပသည္။

"ျမင္ရလား"

လုရွန္းေခါင္းၿငိမ့္လိုက္သည္။

"လင္းေနတာျမင္ရတယ္"

က်ီေရြ႕က လုရွန္း၏မ်က္ခြံမ်ားကို ေသခ်ာစစ္ေဆးၾကည့္ၿပီးသည့္ေနာက္ ဓာတ္မီးကိုပိတ္လိုက္သည္။ အသက္ျပင္းျပင္းရွဴသြင္းၿပီးေနာက္ သူေမးလိုက္၏။

"ဘယ္အခ်ိန္က စျဖစ္တာလဲ"

"လီေဆြ႔ႏိုင္ငံျခားသြားသြားခ်င္း ႏွစ္ႏွစ္ေလာက္ကတည္းကပဲ ... အျမင္အာရံုက သိပ္မေကာင္းေတာ့သလို ခံစားလာရတယ္ ... ဒါေပမယ့္ မ်က္မွန္တပ္လိုက္ေတာ့ အဆင္ေျပတာနဲ႔ ငါလည္းသိပ္စိတ္ထဲမထားမိဘူး ...ၿပီးခဲ့တဲ့ ေျခာက္လေလာက္က ကားေမာင္းေနရင္း ပံုရိပ္ႏွစ္ထပ္ေတြျမင္လာရတယ္"

လုရွန္းက အားလုံးကို မွတ္မိေအာင္ႀကိဳးစားရင္း အတတ္ႏိုင္ဆံုးျပန္ေျပာျပသည္။

"အဲ့ဒီေနာက္ပိုင္း ခဏခဏထပ္ျဖစ္တယ္ ...ညဘက္ဆိုရင္ အျဖစ္အမ်ားဆံုးပဲ ... ပံုမွန္ဆို ၅စကၠန္႔ကေန စကၠန္႔ ၂၀ ေလာက္ပဲ ... ေန႔ခင္းပိုင္းျဖစ္တာ ဒါပထမဆံုးပဲ ... ၿပီးေတာ့ အခ်ိန္လည္းၾကာတယ္"

ေျပာလို႔အၿပီးမွာ လုရွန္းေတာ္ေတာ္ၾကာေစာင့္ေနေသာ္လည္း က်ီေရြ႕ထံမွ စကားျပန္မရခဲ့ေပ။ မ်က္စိမျမင္ရသည္ကို ေနသားမက်ေသးသည့္အခါ သူအဆင္မေျပဘဲ ေမးလိုက္မိ၏။

"မင္း နားေထာင္ေနရဲ႕လား"

"ငါရွိတယ္"

က်ီေရြ႕ကလုရွန္း၏ပုခံုးေပၚလက္တစ္ဖက္တင္လိုက္ရင္း သူ႔ကိုတည္ၿငိမ္ေအာင္ေျပာေပးသည္။

"မင္းရဲ႕အရင္အေျခအေနေတြအေၾကာင္း စဥ္းစားေနတာ ... ဒါက ျဖစ္မလာသင့္ဘူး"

"ဒါလည္း ငါ့ႏွလံုးေၾကာင့္ပဲလား"

လုရွန္းကေမးေတာ့ က်ီေရြ႕သက္ျပင္းခ်လိုက္၏။

"အင္း ျဖစ္ဖို႔မ်ားတယ္ ... မင္းမ်က္လံုးေတြက ဘာမွမျဖစ္ဘူး ... ျဖစ္ႏိုင္တာဆိုလို႔ ႏွလုံးက လိုအပ္တဲ့ေသြးပမာဏ လုံလုံေလာက္ေလာက္ ညွစ္မထုတ္ေပးႏိုင္တာ တစ္ခုပဲ"

"ကုလို႔ရမလား"

က်ီေရြ႔မ်က္ႏွာထက္မွာ စိတ္မေကာင္းသည့္အသြင္ေပၚလာသည္။ သူ လုရွန္း၏ေမးခြန္းကို မေျဖေပ။

"လုရွန္း ... လြန္ခဲ့တဲ့ႏွစ္ႏွစ္ ... မင္း ႏွလုံးအစားထိုးဖို႔လက္ေလွ်ာ့လိုက္ကတည္းက ငါေျပာခဲ့ၿပီးၿပီေလ... ေရာဂါေနာက္ဆံုးအဆင့္ကိုေရာက္ၿပီဆုိရင္ ေနာက္ဆက္တြဲေရာဂါေတြပါ ထပ္ျဖစ္လာႏိုင္တယ္... ငါက မင္းမ်က္လံုးကို ကုေပးႏိုင္တယ္ဆိုရင္ေတာင္ ေနာက္တစ္ရက္မွာ မင္း အၾကားအာရံုခ်ိဳ႕ယြင္းလာလိမ့္မယ္ ... အဲ့ဒါေတြက ႏွလံုးအသားထိုးဖို႔ လက္ေလွ်ာ့လိုက္တဲ့ ေနာက္ဆက္တြဲေတြပဲ ... မင္းလည္းသိထားၿပီးသားပဲမဟုတ္လား"

"အဲ့လိုလား"

လုရွန္း မ်က္လုံးမ်ားမိွတ္ထားလ်က္ ရယ္လိုက္သည္။

"ေၾကာက္စရာေကာင္းလိုက္တာကြာ"

က်ီေရြ႕က ေနာက္တစ္ႀကိမ္ အသက္ျပင္းျပင္းရိႈက္ရွဴလိုက္သည္။ သူ႔ပံုစံက စိတ္ဓာတ္က်သြားပံုပဲ။

"ႏွလံုးေရာဂါကေတာ့ ဒီလိုပဲ ... ေတာ္ေတာ္ခံစားရမွာပဲ"

ႏွစ္ဦးသားတိတ္ဆိတ္ၿငိမ္သက္သြား၏။ အခန္းထဲမွာေတာ့ မီးလင္းဖိုမွ ထင္းမ်ားေလာင္ကြ်မ္းသံသာ ရွိသည္။ လုရွန္းက သူ႔မ်က္လံုးမ်ားကို ပြတ္သပ္လိုက္သည္။

"ငါကိုယ္တိုင္ေရြးခ်ယ္ခဲ့တာပဲေလ ... ေနာက္ဆက္တြဲကိစၥေတြကို ငါရင္ဆိုင္ႏိုင္ပါတယ္ ... ေလာေလာဆယ္ေတာ့ ငါ့မ်က္လံုးျပန္ျမင္ရေအာင္ တစ္ခုခုလုပ္ေပးခဲ့ ... လီေဆြ႔ျပန္လာခါနီးၿပီ"

"ေဆးညႊန္းေပးလို႔ေတာ့ရတယ္ ဒါေပမယ့္ အဲ့ေဆးေတြက မင္းျပႆနာရဲ႕အရင္းအျမစ္ကို ကုေပးႏိုင္မွာမဟုတ္ဘူး ... ေရာဂါလကၡဏာျပတာကိုပဲ ခဏထိန္းေပးႏိုင္မွာ ... ျပႆနာက မင္းရဲ႕ ႏွလံုးပဲ"

က်ီေရြ႕ကထပ္ေျပာသည္။

"ၿပီးေတာ့ မင္းျပႆနာတိုင္းကို ဖံုးထားဖို႔ပဲ ေတြးမေနနဲ႔ ... သူ႔ကို ဖံုးကြယ္ထားလို႔ရမွာ မဟုတ္ဘူး"

လုရွန္း၏အၾကည့္မ်ားေပ်ာက္ကြယ္သြားသည္။ ေခါင္းေမာ့လိုက္ကာ မ်က္စိမိွတ္ထားရင္း သူေျပာ၏။

"ေရြ႕ ... အမွန္အတိုင္းေျပာရရင္ ငါ့ကိုယ္ငါ တကယ္စိတ္ပ်က္မိတယ္ ... ငါ ... ဒီထက္မက က်န္းက်န္းမာမာနဲ႔ သူ႔ေဘးမွာ အခ်ိန္ၾကာၾကာေနႏိုင္ဦးမယ္လို႔ ေတြးထားတာ"

"ဆက္မေျပာနဲ႔ေတာ့"

က်ီေရြ႕စကားျဖတ္ေျပာလိုက္သည္။ သူအေၾကာက္ဆံုးတစ္ခုတည္းေသာအရာက လုရွန္း၏အားငယ္သည့္ပံုစံပင္ျဖစ္သည္။ လုရွန္း၏မိသားစုဆရာဝန္အေနႏွင့္အနီးကပ္ေနလာခဲ့ရာ သူ႕ဘဝမွာ လက္ရွိအေျခအေနထိေရာက္ဖို႔ ဘယ္ေလာက္အထိ ယိုင္တိယိုင္တိုင္ႏွင့္ႀကိဳးစားခဲ့ရသနည္းဆိုသည္မွာ သူ႔မ်က္ျမင္ကိုယ္ေတြပင္။ ဒီကမာၻမွာ လုရွန္းကိုယ္တိုင္အျပင္ လုရွန္းဒီေနမွာ ဒီလိုထိုင္ေနႏိုင္ဖို႔ အသက္ရွင္ဖို႔ ဘယ္ေလာက္ခက္ခဲပင္ပန္းခဲ့ရသလဲဆိုတာ ရွင္းရွင္းလင္းလင္းအသိနားအလည္ဆံုးကေတာ့ က်ီေရြ႕တစ္ေယာက္သာရွိသည္။

လုရွန္းကစိတ္ဓာတ္ေတာ္ေတာ္ၾကံ႔ခိုင္သည္။ ဘယ္လိုအေျခအေနမ်ိဳးအထိျဖစ္ခဲ့လို႔ က်ီေရြ႕ဆီကအကူအညီေတာင္းရေလာက္သည္အထိ ျဖစ္လာခဲ့ရတာလဲ ...။

"ငါလည္း လက္မေလွ်ာ့ေသးဘူး ... အဲ့ဒါေၾကာင့္ မင္းလည္း လက္မေလွ်ာ့ရဘူး"

က်ီေရြ႕က လုရွန္း၏ပုခံုးကိုဆုပ္ကိုင္လိုက္သည္။

"နည္းလမ္းရွိလာမွာပါကြာ ... ေသခ်ာတယ္ ... အရင္က ႏွလံုးအစားမထိုးဘူးဆိုရင္ တစ္ႏွစ္အတြင္းေသလိမ့္မယ္လို႔ ငါေျပာဖူးတယ္ေလ ... ဒါေပမယ့္ အခုဒီမွာၾကည့္ ... မင္းဒီမွာ အသက္ရွင္ေနတုန္း အေကာင္းအတိုင္းရွိေနတုန္းပဲေလ"

"အင္း ... မင္း ငါ့ကို အသက္ႏွစ္ဆယ္ေမြးေန႔ျမင္ရတဲ့အထိ အသက္ရွည္မွာမဟုတ္ဘူးလို႔လဲ ေျပာခဲ့ေသးတယ္"

"ေအးေလကြာ ... အျမင္အာရံုေဝဝါးတာေလာက္ကေတာ့ ဘာျဖစ္လဲ"

က်ီေရြ႕က လုရွန္းကိုႏွစ္သိမ့္ေပးဖို႔ ႀကိဳးစားသည္။

"မင္းသတိရထားသင့္တာတစ္ခုရွိေသးတယ္ ... လီေဆြ႔ကို ဖံုးမထားနဲ႔ ... မင္းရဲ႕မိသားစုဝင္အေနနဲ႔ သူ႔မွာလည္းသိခြင့္ရွိတယ္ ... ၿပီးေတာ့ သူ ေနာက္ဆံုးမွာလည္း သိသြားမွာပဲေလ"

"ငါေၾကာက္တာတစ္ခုက ... သူ ..."

က်ီေရြ႕ကစကားျဖတ္ေျပာလိုက္သည္။

"နားေထာင္ ... ဒါက ျပႆနာေသးေသးမႊားမႊားမဟုတ္ဘူး... တစ္ခုခုျဖစ္လာခဲ့ရင္ မင္းကို ေစာင့္ေရွာက္ေပးမယ့္လူလိုတယ္"

"... သူ႔ကို မေျပာျပနဲ႔ဦး"

လုရွန္းသည္ သက္ျပင္းခ်လိုက္ရင္း ခက္ခက္ခဲခဲႏွင့္ ထပ္ေျပာသည္။

"ငါ ... သူ႔ကို ေျပာျပဖို႔ အခ်ိန္တစ္ခ်ိန္ေလာက္ ရွာလိုက္ဦးမယ္"

TBC

Next chapter (39) ေရာဂါျပန္ေပၚလာျခင္း

T/N : Tissues!!!! Tissues!!!!!

ေက်းဇူးပါ!!!!! ညက် ထပ္မလာေတာ့ဘူး မေစာင့္နဲ႔ေတာ့

Continue Reading

You'll Also Like

4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
196K 25.9K 42
Original Author - Fangua Steamed Bun English Translator - FL AI Robot (38 Chapters) This is my first work. Fully credit to original author and englis...
409K 15.5K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
17.7K 2.2K 9
Kaihun (Sekai) Mini fic