မင္းေဖေဖငါက...Gayမဟုတ္ဘူး!! [...

By Dancing_Breeze

1M 165K 3.8K

'ေသာက္က်ိဳးေတြ ခ်ီးလိုနည္း!! ကိုယ္ဖန္တီးထားတဲ့ ကိုယ့္ဇာတ္ေကာင္...တစ္နည္းအားျဖင့္ ငါ့သားက ငါ့ကိုႀကိဳက္တယ္ဆိုတာ... More

ဇာတ္လမ္းအက်ဥ္း/ဇာတ်လမ်းအကျဉ်း
အခန္း(၁)
အခန္း(၃)
အခန္း(၄)
အခန္း(၅)
အခန္း(၆)
အခန္း(၇)
အခန္း(၈)
အခန္း(၉)
အခန္း(၁၀)
အခန္း(၁၁)
အခန္း(၁၂)
အခန္း(၁၃)
အခန္း(၁၄)
အခန္း(၁၅)
အခန္း(၁၆)
အခန္း(၁၇)
အခန္း(၁၈)
အခန္း(၁၉)
အခန္း(၂၀)
အခန္း(၂၁)
အခန္း(၂၂)
အခန္း(၂၃)
အခန္း(၂၄)
အခန္း(၂၅)
အခန္း(၂၆)
အခန္း(၂၇)
အခန္း(၂၈)
အခန္း(၂၉)
အခန္း(၃၀)
အခန္း(၃၁)
အခန္း(၃၂)
အခန္း(၃၃)
အခန္း(၃၄)
အခန္း(၃၅)
အခန္း(၃၆)
အခန္း(၃၇)
အခန္း(၃၈)
အခန္း(၃၉)
အခန္း(၄၀)
အခန္း(၄၁) [End of Vol-1]
အခန္း(၄၂) [Vol-2]
အခန္း(၄၃)
အခန္း(၄၄)
အခန္း(၄၅)
အခန္း(၄၆)
အခန္း(၄၇)
အခန္း(၄၈)
အခန္း(၄၉)
အခန္း(၅၀)
အခန္း(၅၁)
အခန္း(၅၂)
အခန္း(၅၃)
အခန္း(၅၄)
အခန္း(၅၅)
အခန္း(၅၆) [Final]
Facts
Goodbye!
Hello~

အခန္း(၂)

33.6K 4.2K 202
By Dancing_Breeze

[Zawgyi]

{ဝတၳဳထဲသို႔ေရာက္ရွိလာျခင္း}

ေမာ့ယီြရွင္း ကိုယ့္ကိုကိုယ္'ေသၿပီ'ဟုေတြးလိုက္မိၿပီးေနာက္ အသိစိတ္လြတ္ကာနီးဆဲဆဲတြင္ သူ႔အက်ႌေကာ္လာအား တစ္စံုတစ္ေယာက္ဆဲြလိုက္သည္ကို ခံစားလိုက္ရသည္။ ေရနစ္ေနျခင္းသည္ အိပ္မက္လား၊ တကယ္လား ေဝခဲြမရစြာျဖင့္ မ်က္လံုးတို႔ကိုဖြင့္ရန္ႀကိဳးစားေသာ္လည္း မရပါဘဲ တျဖည္းျဖည္းနွင့္ပင္ သူ႔စိတ္သည္အေမွာင္ထုအတြင္းသို႔ တိုးဝင္သြားေတာ့၏။

"ဆရာတူညီေလး။ ဆရာတူညီေလး။"

အဆက္မျပတ္ေအာ္ေနေသာ ဆူညံမႈမ်ားေၾကာင့္ ေမာ့ယီြရွင္းနိုးလာသည္။ သို႔ေသာ္လည္း ထပ္အိပ္ခ်င္ေနေသးသျဖင့္ ေခါင္းအံုးကို နားတြင္အုပ္ကာ တစ္ဖက္ကိုေစာင္း၍ျပန္အိပ္ရန္ျပင္သည္။ သို႔ေသာ္ ေစာေစာကၾကားလိုက္ရသည့္ "ဆရာတူညီေလး"ဟူသည့္စကားေၾကာင့္ မ်က္ေမွာင္ကုတ္မိရသည္။

အေရးမစိုက္မေနဘဲ ဆက္အိပ္ရန္ျပင္ေသာ္လည္း သူ႔နဖူးကိုလာစမ္းေသာ လက္တစ္စံုေၾကာင့္ ထထိုင္လိုက္မိသည္။ ထိုအခ်ိန္ထိ ေမာ့ယီြရွင္းမွာ အိပ္မက္,မက္ေနသည္ဟုထင္ေနဆဲ။ အိပ္ခ်င္မူးတူးျဖင့္ ေဝဝါးေနေသာ မ်က္လံုးမ်ားကိုပြတ္ကာ ေဘးဘီကိုေဝ့ၾကည့္မိေတာ့ သူ႔ကို စိုးရိမ္ေနသည့္မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနသူတစ္ဦးအား ေတြ႕လိုက္ရသည္။

'ဘာလဲဟ? အိပ္မက္ကလည္း ပီပီျပင္ျပင္ရွိလိုက္တာ။'

"သတိရၿပီလား? မွန္းစမ္း၊ ၾကည့္ရေအာင္။"

ေစာေစာကလိုပင္ လက္တစ္ဖက္က သူ႔နဖူးကိုလာစမ္းတာေၾကာင့္ ေမာ့ယီြရွင္းထိုလက္ကို ပုတ္ထုတ္လိုက္သည္။

'ငါခြင့္မျပဳဘဲ ငါ့အသားကိုလာထိေနတယ္။ ရာရာစစ!'

"ခင္ဗ်ားက ဘယ္သူလဲ? ဘာလို႔ က်ဳပ္အခန္းထဲေရာက္ေနတာလဲ?"

ေမာ့ယီြရွင္း ေလသံမာမာျဖင့္ ေမးလိုက္သည္။

"ဆရာတူညီေလး၊ အတိတ္ေမ့သြားတာလား? မျဖစ္နိုင္ပါဘူး။ ေရနစ္တာက ေခါင္းထိတာမွမဟုတ္တာ။"

ေမာ့ယီြရွင္း မ်က္ေတာင္မ်ားကို ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္သည္။

ေရနစ္တာ၊ ဆရာတူညီေလး၊ မဖိတ္ေခၚဘဲေရာက္ေနပါေသာ လူစိမ္းတစ္ေယာက္။ ၿပီးေတာ့ ခဏေလး။ ဒီလူဝတ္ထားတဲ့ ဝတ္စံုက ဘာလို႔ေရွးေခတ္ကဝတ္စံုႀကီးလဲ။

ထိုသူဝတ္ထားေသာ ဝတ္စံုမွာ အျဖဴ ေရာင္ပိတ္သားစေပၚတြင္ ဝါးရံုပင္ရိပ္တို႔ရွိေနေသာ ဝတ္စံု။ ဒါမွမဟုတ္ သူ အိပ္္မက္မက္ေနတာမဟုတ္ဘဲ ေရနစ္ေသၿပီး စာအုပ္ေတြထဲကလို အခ်ိန္ကူးေျပာင္းေရာက္ရွိသြားတာလား။ ေမာ့ယီြရွင္း လန္႔သြားေသာ္လည္း ဟန္ကိုယ့္ဖို႔လုပ္ကာ ခပ္တည္တည္ပင္ေနလိုက္ရသည္။ မည္သို႔ပင္ဆိုေစ သူသည္လည္း စာေရးသူတစ္ေယာက္မို႔ အနွီအခ်ိန္ကူးေျပာင္း၊ လူဝင္စား...ဘာညာဘာညာစေသာ ကိစၥရပ္မ်ားနွင့္ ရင္းနွီးသည္ပဲ။

"ခင္ဗ်ားက...?"

သူ႔ကို ေတြေဝစြာၾကည့္ကာေမးလာေသာ ဆရာတူညီငယ္ေၾကာင့္ ဟန္ယီြေမာ့ သူ႔ေပါင္သူပုတ္လိုက္သည္။

"ထင္သားပဲ။ ေခါင္းထဲေရဝင္ၿပီး အတိတ္ေမ့သြားတာျဖစ္ရမယ္။"

ေမာ့ယီြရွင္း : ...

ခင္ဗ်ားအဘပဲ ေခါင္းထဲေရဝင္ၿပီးအတိတ္ေမ့! ဘယ္လိုေတာင္ ေသာက္က်ိဳးနည္းတဲ့အေတြးအေခၚႀကီးလဲ?

ေမာ့ယီြရွင္းတြင္ အားနည္းခ်က္ဟူ၍ ႀကီးႀကီးမားမားမရွိေသာ္လည္း ဆဲဆိုတတ္ျခင္းသည္ အႀကီးမားဆံုးအားနည္းခ်က္။ ထိုအက်င့္ မည္ကဲ့သို႔ရလာသည္မွန္းမသိေသာ္လည္း ေသခ်ာသည္ကေတာ့ အျပင္တြင္အေပါင္းအသင္းမရွိသျဖင့္ 5 Vs 5 mobile gameမ်ားခ်ည္းကစားရင္း ဆဲတတ္လာျခင္းျဖစ္ေပလိမ့္မည္။

"မင္းနာမည္က သြမ့္ရံုရွင္း။ အစ္ကို႔နာမည္က ဟန္ယီြေမာ့လို႔ေခၚတယ္။ မင္းက စစ္ထ်န္းေတာင္သခင္ယဲြ႕ယြမ္ရွီးရဲ႕ တပည့္ငါးေယာက္ထဲမွာ အငယ္ဆံုးငါးေယာက္ေျမာက္တပည့္...."

ေမာ့ယီြရွင္းမွာ သူ႔ေရွ႕မွလူရွင္းျပေနသည္မ်ားကိုနားေထာင္ရင္း ဒီနာမည္မ်ားကို ရင္းနွီးေနသည္ဟုထင္လာသည္။ စစ္ထ်န္းေတာင္၊ သြမ့္ရံုရွင္း၊ ဟန္ယီြေမာ့၊ လင္းမို စသည့္အမည္နာမမ်ား။

ေသာက္ဂြပဲေဟး! ဒီနာမည္ေတြက ငါေရးခဲ့တဲ့ဝတၳဳထဲက နာမည္ေတြပဲ။

"အာ...အစ္ကိုႀကီး။ ကြၽန္ေတာ္ ေခါင္းနည္းနည္းမူးလာလို႔ ခဏေလာက္ တစ္ေယာက္တည္းေပးေနလို႔ရမလား?"

ေမာ့ယီြရွင္း နားထင္ကိုဖိကာေျပာလိုက္သည္။

"ဟုတ္ၿပီေလ။ ဒါဆိုလည္း ဆရာတူညီေလးကို မေနွာင့္ယွက္ေတာ့ဘူး။ ေကာင္းေကာင္းအနားယူ။"

ဟန္ယီြေမာ့ မတ္တပ္ထရပ္လိုက္သည္။ ၿပီးေနာက္ အခန္းထဲမွထြက္လာကာ တံခါးကိုေသခ်ာျပန္ပိတ္ေပးလိုက္ၿပီး ေနာက္ျပန္အလွည့္ အခန္းဆီေလ်ွာက္လာေနေသာ က်င္းခန္ကိုေတြ႕လိုက္ရသျဖင့္ ခပ္ျမန္ျမန္ပင္ ျပန္ဆဲြေခၚလာလိုက္သည္။

"အငယ္ဆံုးေလးကို သြားၾကည့္ရမယ္ေလ။ ဘာလို႔ ငါ့ကိုဆဲြေခၚလာတာလဲ ယီြေမာ့ရ။"

က်င္းခန္မွာ ဟန္ယီြေမာ့ဆဲြေခၚရာေနာက္ ယက္ကန္ယက္ကန္ျဖင့္ပါသြားရာမွ ေမးမိသည္။

"သူ ပင္ပန္းေနလို႔ ခဏေလာက္နားခ်င္တယ္တဲ့။ ငါထင္တာ ေခါင္းထဲေရဝင္ၿပီး အတိတ္ေမ့သြားတာလားမသိဘူး။"

ဟန္ယီြေမာ့၏ အေျဖစကားေၾကာင့္ က်င္းခန္ သူ႔ကိုမ်က္ေမွာင္ကုတ္ကာၾကည့္လိုက္သည္။

"ေခါင္းထိလို႔အတိတ္ေမ့တာပဲ ၾကားဖူးတယ္။ ေခါင္းထဲေရဝင္ၿပီး အတိတ္ေမ့တယ္လို႔ေတာ့ မၾကားဖူးဘူး။ တစ္ခုခုျဖစ္သြားတာက အငယ္ဆံုးေလးမဟုတ္ဘဲ မင္းလို႔ ငါထင္တယ္။ ဘာျဖစ္ျဖစ္၊ သူခဏနားခ်င္တယ္ဆိုေတာ့လည္း နားပါေစ။"

"ငါ အေကာင္းႀကီးကြ။"

ျငင္းခုန္သံမ်ား တျဖည္းျဖည္းေဝးသြားေတာ့မွ ေမာ့ယီြရွင္း ကုတင္ေပၚမွခုန္ထလိုက္ရင္း အခန္းထဲဟိုဟိုသည္သည္ေလ်ွာက္ေနေတာ့သည္။

ငါ တကယ္ႀကီး ငါေရးထားတဲ့ဝတၳဳထဲကို ေရာက္လာတာပဲ။ ေရာက္လာတာက ထားပါ။ ဘာလို႔ ဇာတ္လိုက္ေနရာမေရာက္ဘဲ ကိုယ့္ေသတြင္းကိုယ္တူး၊ ကိုယ့္လည္ပင္းကိုကိုယ္ ဆယ့္နွစ္ရာသီႀကိဳးကြင္းစြပ္ေနတဲ့ သြမ့္ရံုရွင္းဆိုတဲ့ေကာင္ေနရာကို ေရာက္လာရတာလဲ! တစ္ခါတည္းေသခိုင္းရတာအားမရလို႔ နွစ္ခါျပန္ေသခိုင္းမလို႔လား။ ယဥ္ယဥ္ေက်းေက်း အလိမၼာတံုးေလးမို႔ လက္ခလယ္ပဲေထာင္ျပလိုက္မယ္ မိုးနတ္မင္းႀကီးေရ။

မွန္ပါသည္။ သြမ့္ရံုရွင္းသည္ကား ဇာတ္လိုက္ေကာင္ လင္းမိုကို မၾကာခနရန္စေစာ္ကားကာ ေသတြင္းအမ်ိဳးမ်ိဳးကို မရိုးေအာင္တူးတတ္သူေပ။ အေၾကာင္းမွာကား လင္းမိုအားသေဘာက်ေနသူမ်ားထဲတြင္ သူႀကိဳက္ေနေသာ မိန္းကေလးတစ္ဦးပါေနသည္မို႔။ မယားတရူးလိုလို ၊ အခ်စ္ရူးလိုလို အနွီအရူးေကာင္သည္ လင္းမိုအားမနာလိုျဖစ္ေနျခင္းသာ။

ထို႔အျပင္ ၿပိဳင္စိတ္လိုစိတ္ႀကီးမားေသာသူ႔စိတ္အရ လင္းမိုအား မည္သို႔မွမယွဥ္နိုင္သျဖင့္ အၿငိဳးပိုႀကီးကာမုန္းတီးေနျခင္း။ သြမ့္ရံုရွင္းအား စစ္ထ်န္းေတာင္သခင္က တပည့္အျဖစ္လက္ခံၿပီးမၾကာမီ အေတြ႕အႀကံဳရေအာင္ဟုဆိုကာ ရႊယ္လင္ၿမိဳ႕တြင္ေသာင္းက်န္းေနေသာ ေရမိစၦာမ်ားကိုနွိမ္နွင္းရာ၌ ပထမဆံုးအႀကိမ္အျဖစ္ ထည့္လႊတ္လိုက္ၿပီးေနာက္ ေရမိစၦာမ်ားက သြမ့္ရံုရွင္းကို ေရနွစ္သတ္ရန္ႀကံစည္ျခင္းေၾကာင့္ လင္းမိုကယ္ထားၿပီးသည့္အခ်ိန္တြင္ သူေရာက္လာျခင္းပင္။

မည္သို႔ပင္ဆိုေစ သူေရာက္လာခ်ိန္တြင္ သြမ့္ရံုရွင္း လင္းမိုကိုရန္မစရေသးသလို ကိုယ့္ေသတြင္းကိုယ္လည္းမတူးရေသး။ သူႀကိဳက္သြားမည့္ မိန္းကေလးနွင့္လည္းမေတြ႕ရေသး။ သို႔ျဖစ္ရကား အခ်ိန္မေနွာင္းေသးဟုဆိုရမည္။

အား...သားသားေလးလင္းေရ! မင္းပိုင္တဲ့အလွေလးေတြကို ဒီေဖေဖႀကီးမပစ္မွားရဲပါဘူး။ စိတ္လည္းမဝင္စားပါဘူး။ ဒီေတာ့ အသက္ကိုခ်မ္းသာေပးပါ။

ထို႔ေနာက္တြင္မူ ကြၽန္ုပ္တို႔၏ဇာတ္လိုက္ေက်ာ္ႀကီးေမာ့ယီြရွင္းသည္ သူ၏အသက္ကေလးၿမဲေစရန္အလို႔ငွာ ခ်စ္လွစြာေသာသားကေလး၏အလွေလးမ်ားကို မထိရန္လည္းေကာင္း၊ အမ်ိဳးမ်ိဳးရန္စၿပီး ေသတြင္းတူးျခင္းကိုလည္းေကာင္း ေရွာင္ရွားကာ တတ္နိုင္သမ်ွ ခ်စ္သားကေလးကိုဖားရမည္ဟု ဆံုးျဖတ္ခ်က္ခ်လိုက္ေလေတာ့သတည္း။ မည္သည့္အတြက္ေၾကာင့္ ေရာက္လာရသည္ျဖစ္ေစ ဒုတိယအႀကိမ္ရရွိလာသည့္အသက္ကေလးကို ဖက္နွင့္ လံုနိုင္သမ်ွလံုေအာင္ ထုပ္ထားရေပမည္။
.......

[Unicode]

{ဝတ္ထုထဲသို့ရောက်ရှိလာခြင်း}

မော့ယွီရှင်း ကိုယ့်ကိုကိုယ်'သေပြီ'ဟုတွေးလိုက်မိပြီးနောက် အသိစိတ်လွတ်ကာနီးဆဲဆဲတွင် သူ့အင်္ကျီကော်လာအား တစ်စုံတစ်ယောက်ဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။ ရေနစ်နေခြင်းသည် အိပ်မက်လား၊ တကယ်လား ဝေခွဲမရစွာဖြင့် မျက်လုံးတို့ကိုဖွင့်ရန်ကြိုးစားသော်လည်း မရပါဘဲ တဖြည်းဖြည်းနှင့်ပင် သူ့စိတ်သည်အမှောင်ထုအတွင်းသို့ တိုးဝင်သွားတော့၏။

"ဆရာတူညီလေး။ ဆရာတူညီလေး။"

အဆက်မပြတ်အော်နေသော ဆူညံမှုများကြောင့် မော့ယွီရှင်းနိုးလာသည်။ သို့သော်လည်း ထပ်အိပ်ချင်နေသေးသဖြင့် ခေါင်းအုံးကို နားတွင်အုပ်ကာ တစ်ဖက်ကိုစောင်း၍ပြန်အိပ်ရန်ပြင်သည်။ သို့သော် စောစောကကြားလိုက်ရသည့် "ဆရာတူညီလေး"ဟူသည့်စကားကြောင့် မျက်မှောင်ကုတ်မိရသည်။

အရေးမစိုက်မနေဘဲ ဆက်အိပ်ရန်ပြင်သော်လည်း သူ့နဖူးကိုလာစမ်းသော လက်တစ်စုံကြောင့် ထထိုင်လိုက်မိသည်။ ထိုအချိန်ထိ မော့ယွီရှင်းမှာ အိပ်မက်,မက်နေသည်ဟုထင်နေဆဲ။ အိပ်ချင်မူးတူးဖြင့် ဝေဝါးနေသော မျက်လုံးများကိုပွတ်ကာ ဘေးဘီကိုဝေ့ကြည့်မိတော့ သူ့ကို စိုးရိမ်နေသည့်မျက်ဝန်းများဖြင့် ကြည့်နေသူတစ်ဦးအား တွေ့လိုက်ရသည်။

'ဘာလဲဟ? အိပ်မက်ကလည်း ပီပီပြင်ပြင်ရှိလိုက်တာ။'

"သတိရပြီလား? မှန်းစမ်း၊ ကြည့်ရအောင်။"

စောစောကလိုပင် လက်တစ်ဖက်က သူ့နဖူးကိုလာစမ်းတာကြောင့် မော့ယွီရှင်းထိုလက်ကို ပုတ်ထုတ်လိုက်သည်။

'ငါခွင့်မပြုဘဲ ငါ့အသားကိုလာထိနေတယ်။ ရာရာစစ!'

"ခင်ဗျားက ဘယ်သူလဲ? ဘာလို့ ကျုပ်အခန်းထဲရောက်နေတာလဲ?"

မော့ယွီရှင်း လေသံမာမာဖြင့် မေးလိုက်သည်။

"ဆရာတူညီလေး၊ အတိတ်မေ့သွားတာလား? မဖြစ်နိုင်ပါဘူး။ ရေနစ်တာက ခေါင်းထိတာမှမဟုတ်တာ။"

မော့ယွီရှင်း မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

ရေနစ်တာ၊ ဆရာတူညီလေး၊ မဖိတ်ခေါ်ဘဲရောက်နေပါသော လူစိမ်းတစ်ယောက်။ ပြီးတော့ ခဏလေး။ ဒီလူဝတ်ထားတဲ့ ဝတ်စုံက ဘာလို့ရှေးခေတ်ကဝတ်စုံကြီးလဲ။

ထိုသူဝတ်ထားသော ဝတ်စုံမှာ အဖြူ ရောင်ပိတ်သားစပေါ်တွင် ဝါးရုံပင်ရိပ်တို့ရှိနေသော ဝတ်စုံ။ ဒါမှမဟုတ် သူ အိပ်မက်မက်နေတာမဟုတ်ဘဲ ရေနစ်သေပြီး စာအုပ်တွေထဲကလို အချိန်ကူးပြောင်းရောက်ရှိသွားတာလား။ မော့ယွီရှင်း လန့်သွားသော်လည်း ဟန်ကိုယ့်ဖို့လုပ်ကာ ခပ်တည်တည်ပင်နေလိုက်ရသည်။ မည်သို့ပင်ဆိုစေ သူသည်လည်း စာရေးသူတစ်ယောက်မို့ အနှီအချိန်ကူးပြောင်း၊ လူဝင်စား...ဘာညာဘာညာစသော ကိစ္စရပ်များနှင့် ရင်းနှီးသည်ပဲ။

"ခင်ဗျားက...?"

သူ့ကို တွေဝေစွာကြည့်ကာမေးလာသော ဆရာတူညီငယ်ကြောင့် ဟန်ယွီမော့ သူ့ပေါင်သူပုတ်လိုက်သည်။

"ထင်သားပဲ။ ခေါင်းထဲရေဝင်ပြီး အတိတ်မေ့သွားတာဖြစ်ရမယ်။"

မော့ယွီရှင်း : ...

ခင်ဗျားအဘပဲ ခေါင်းထဲရေဝင်ပြီးအတိတ်မေ့! ဘယ်လိုတောင် သောက်ကျိုးနည်းတဲ့အတွေးအခေါ်ကြီးလဲ?

မော့ယွီရှင်းတွင် အားနည်းချက်ဟူ၍ ကြီးကြီးမားမားမရှိသော်လည်း ဆဲဆိုတတ်ခြင်းသည် အကြီးမားဆုံးအားနည်းချက်။ ထိုအကျင့် မည်ကဲ့သို့ရလာသည်မှန်းမသိသော်လည်း သေချာသည်ကတော့ အပြင်တွင်အပေါင်းအသင်းမရှိသဖြင့် 5 Vs 5 mobile gameများချည်းကစားရင်း ဆဲတတ်လာခြင်းဖြစ်ပေလိမ့်မည်။

"မင်းနာမည်က သွမ့်ရုံရှင်း။ အစ်ကို့နာမည်က ဟန်ယွီမော့လို့ခေါ်တယ်။ မင်းက စစ်ထျန်းတောင်သခင်ယွဲ့ယွမ်ရှီးရဲ့ တပည့်ငါးယောက်ထဲမှာ အငယ်ဆုံးငါးယောက်မြောက်တပည့်...."

မော့ယွီရှင်းမှာ သူ့ရှေ့မှလူရှင်းပြနေသည်များကိုနားထောင်ရင်း ဒီနာမည်များကို ရင်းနှီးနေသည်ဟုထင်လာသည်။ စစ်ထျန်းတောင်၊ သွမ့်ရုံရှင်း၊ ဟန်ယွီမော့၊ လင်းမို စသည့်အမည်နာမများ။

သောက်ဂွပဲဟေး! ဒီနာမည်တွေက ငါရေးခဲ့တဲ့ဝတ္ထုထဲက နာမည်တွေပဲ။

"အာ...အစ်ကိုကြီး။ ကျွန်တော် ခေါင်းနည်းနည်းမူးလာလို့ ခဏလောက် တစ်ယောက်တည်းပေးနေလို့ရမလား?"

မော့ယွီရှင်း နားထင်ကိုဖိကာပြောလိုက်သည်။

"ဟုတ်ပြီလေ။ ဒါဆိုလည်း ဆရာတူညီလေးကို မနှောင့်ယှက်တော့ဘူး။ ကောင်းကောင်းအနားယူ။"

ဟန်ယွီမော့ မတ်တပ်ထရပ်လိုက်သည်။ ပြီးနောက် အခန်းထဲမှထွက်လာကာ တံခါးကိုသေချာပြန်ပိတ်ပေးလိုက်ပြီး နောက်ပြန်အလှည့် အခန်းဆီလျှောက်လာနေသော ကျင်းခန်ကိုတွေ့လိုက်ရသဖြင့် ခပ်မြန်မြန်ပင် ပြန်ဆွဲခေါ်လာလိုက်သည်။

"အငယ်ဆုံးလေးကို သွားကြည့်ရမယ်လေ။ ဘာလို့ ငါ့ကိုဆွဲခေါ်လာတာလဲ ယွီမော့ရ။"

ကျင်းခန်မှာ ဟန်ယွီမော့ဆွဲခေါ်ရာနောက် ယက်ကန်ယက်ကန်ဖြင့်ပါသွားရာမှ မေးမိသည်။

"သူ ပင်ပန်းနေလို့ ခဏလောက်နားချင်တယ်တဲ့။ ငါထင်တာ ခေါင်းထဲရေဝင်ပြီး အတိတ်မေ့သွားတာလားမသိဘူး။"

ဟန်ယွီမော့၏ အဖြေစကားကြောင့် ကျင်းခန် သူ့ကိုမျက်မှောင်ကုတ်ကာကြည့်လိုက်သည်။

"ခေါင်းထိလို့အတိတ်မေ့တာပဲ ကြားဖူးတယ်။ ခေါင်းထဲရေဝင်ပြီး အတိတ်မေ့တယ်လို့တော့ မကြားဖူးဘူး။ တစ်ခုခုဖြစ်သွားတာက အငယ်ဆုံးလေးမဟုတ်ဘဲ မင်းလို့ ငါထင်တယ်။ ဘာဖြစ်ဖြစ်၊ သူခဏနားချင်တယ်ဆိုတော့လည်း နားပါစေ။"

"ငါ အကောင်းကြီးကွ။"

ငြင်းခုန်သံများ တဖြည်းဖြည်းဝေးသွားတော့မှ မော့ယွီရှင်း ကုတင်ပေါ်မှခုန်ထလိုက်ရင်း အခန်းထဲဟိုဟိုသည်သည်လျှောက်နေတော့သည်။

ငါ တကယ်ကြီး ငါရေးထားတဲ့ဝတ္ထုထဲကို ရောက်လာတာပဲ။ ရောက်လာတာက ထားပါ။ ဘာလို့ ဇာတ်လိုက်နေရာမရောက်ဘဲ ကိုယ့်သေတွင်းကိုယ်တူး၊ ကိုယ့်လည်ပင်းကိုကိုယ် ဆယ့်နှစ်ရာသီကြိုးကွင်းစွပ်နေတဲ့ သွမ့်ရုံရှင်းဆိုတဲ့ကောင်နေရာကို ရောက်လာရတာလဲ! တစ်ခါတည်းသေခိုင်းရတာအားမရလို့ နှစ်ခါပြန်သေခိုင်းမလို့လား။ ယဉ်ယဉ်ကျေးကျေး အလိမ္မာတုံးလေးမို့ လက်ခလယ်ပဲထောင်ပြလိုက်မယ် မိုးနတ်မင်းကြီးရေ။

မှန်ပါသည်။ သွမ့်ရုံရှင်းသည်ကား ဇာတ်လိုက်ကောင် လင်းမိုကို မကြာခနရန်စစော်ကားကာ သေတွင်းအမျိုးမျိုးကို မရိုးအောင်တူးတတ်သူပေ။ အကြောင်းမှာကား လင်းမိုအားသဘောကျနေသူများထဲတွင် သူကြိုက်နေသော မိန်းကလေးတစ်ဦးပါနေသည်မို့။ မယားတရူးလိုလို ၊ အချစ်ရူးလိုလို အနှီအရူးကောင်သည် လင်းမိုအားမနာလိုဖြစ်နေခြင်းသာ။

ထို့အပြင် ပြိုင်စိတ်လိုစိတ်ကြီးမားသောသူ့စိတ်အရ လင်းမိုအား မည်သို့မှမယှဉ်နိုင်သဖြင့် အငြိုးပိုကြီးကာမုန်းတီးနေခြင်း။ သွမ့်ရုံရှင်းအား စစ်ထျန်းတောင်သခင်က တပည့်အဖြစ်လက်ခံပြီးမကြာမီ အတွေ့အကြုံရအောင်ဟုဆိုကာ ရွှယ်လင်မြို့တွင်သောင်းကျန်းနေသော ရေမိစ္ဆာများကိုနှိမ်နှင်းရာ၌ ပထမဆုံးအကြိမ်အဖြစ် ထည့်လွှတ်လိုက်ပြီးနောက် ရေမိစ္ဆာများက သွမ့်ရုံရှင်းကို ရေနှစ်သတ်ရန်ကြံစည်ခြင်းကြောင့် လင်းမိုကယ်ထားပြီးသည့်အချိန်တွင် သူရောက်လာခြင်းပင်။

မည်သို့ပင်ဆိုစေ သူရောက်လာချိန်တွင် သွမ့်ရုံရှင်း လင်းမိုကိုရန်မစရသေးသလို ကိုယ့်သေတွင်းကိုယ်လည်းမတူးရသေး။ သူကြိုက်သွားမည့် မိန်းကလေးနှင့်လည်းမတွေ့ရသေး။ သို့ဖြစ်ရကား အချိန်မနှောင်းသေးဟုဆိုရမည်။

အား...သားသားလေးလင်းရေ! မင်းပိုင်တဲ့အလှလေးတွေကို ဒီဖေဖေကြီးမပစ်မှားရဲပါဘူး။ စိတ်လည်းမဝင်စားပါဘူး။ ဒီတော့ အသက်ကိုချမ်းသာပေးပါ။

ထို့နောက်တွင်မူ ကျွန်ုပ်တို့၏ဇာတ်လိုက်ကျော်ကြီးမော့ယွီရှင်းသည် သူ၏အသက်ကလေးမြဲစေရန်အလို့ငှာ ချစ်လှစွာသောသားကလေး၏အလှလေးများကို မထိရန်လည်းကောင်း၊ အမျိုးမျိုးရန်စပြီး သေတွင်းတူးခြင်းကိုလည်းကောင်း ရှောင်ရှားကာ တတ်နိုင်သမျှ ချစ်သားကလေးကိုဖားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေတော့သတည်း။ မည်သည့်အတွက်ကြောင့် ရောက်လာရသည်ဖြစ်စေ ဒုတိယအကြိမ်ရရှိလာသည့်အသက်ကလေးကို ဖက်နှင့် လုံနိုင်သမျှလုံအောင် ထုပ်ထားရပေမည်။
.......

Continue Reading

You'll Also Like

656K 88.4K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
2.5M 301K 191
Both Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရ...
1.2K 141 7
𝑭𝒆𝒊 𝒀𝒖𝒏𝒙𝒊🐟☁ ♬One shot Collection♪ Sep3 . 2021....
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...