Zawgyi
ည...
ဒီည ဒီညကဘာညလဲဆိုေတာ့ အင္းး
ဟိုလူႀကီးနဲ႔ငါ့ရဲ့မဂၤလာဦးည
ဒီညမွာျဖစ္ေတာ့မယ့္ ဒီလိုကိစၥ ေတြကို ဆရာ၀န္ျဖစ္တဲ့ငါအသိဆံုးပဲ
ဟိုလူက ငါ့ထက္အရပ္လည္းရွည္တယ္
[AN: ရွည္တယ္ထားလိုက္ရေအာင္ အဟမ္း]
ၿပီးေတာ့ ဗလ လည္းေတာင့္တယ္ ဒီပံုအတိုင္းဆိုငါေလးက Bottom ထိုင္ရမွာေတာ့မဟုတ္ပါဘူးေနာ္
No................!!!!
ေဒါက္ ေဒါက္
ပလုတ္တုတ္ငုတ္တုတ္
ေရွာင္က်န္႔အိပ္ခန္းထဲကစာၾကည့္စားပြဲမွာထိုင္ေနရင္း ဟိုေတြး ဒီေတြး ေတြးေနတုန္းတံခါးေခါက္သံေၾကာင့္လန္႔သြားရတယ္။
ေသခ်ာတယ္ ဟိုလူႀကီးပဲေနရမယ္
ဘယ္လိုလုပ္ရမလဲ ဒီလူကိုအထဲကိုမ၀င္ခိုင္းခ်င္ဘူး
ဒုန္း ဒုန္း
"ေရွာင္က်န္႔! တံခါးကိုဘာ့လို႔ေလာ့ခ်ထားတာလဲ ဖြင့္ေပးအံုး"
ဒုန္း ဒုန္း ဒုန္း
"လာၿပီ လာၿပီ အာၿပဲႀကီးနဲေအာ္မေနနဲ႔"
မဖြင့္မခ်င္း ေအာ္ေခၚကာ တံခါးကိုတဒုန္းဒုန္းထုေနေတာ့ ထၿပီးဖြင့္ေပးလိုက္ရတယ္
အခုက ၀မ္ရိေပၚ အိမ္မွာလိုက္ေနရတာေလ အသံေတြကို အေမနဲ႔အေဖ ၾကားရင္မေကာင္းဘူးမလား
တံခါးဖြင့္လိုက္ေတာ့ ရိေပၚကမ်က္ခံုးႀကီးတြန္႔ခ်ိဳးကာ အလိုမက်သလိုၾကည့္ေနတယ္
ၿပီးေတာ့ ေရွာင္က်န္႔ရဲ့ပုခံုးကိုတိုက္ၿပီးအထဲကို၀င္သြားတယ္
ဘာလား ဒီလူ
အလကားေန ရန္လာစျပန္ၿပီ
အခန္းထဲမွာ တိတ္ဆိတ္ေနတယ္ ေရွာင္က်န္႔ကစာၾကည့္စားပြဲမွာထိုင္ေနတယ္ ရိေပၚကေတာ့ကုတင္ကိုမွီကာစာအုပ္ခပ္ထူထူတစ္အုပ္ကိုဖတ္ေနတယ္
"ဒီမွာ ခင္ဗ်ားကိုေျပာစရာရိွတယ္"
"ေျပာ"
ရိေပၚက ေရွာင္က်န္႔ကိုတစ္ခ်က္မၾကည့္ဘဲျပန္ေျပာလိုက္တယ္။
"ဟို ဝမ္ရိေပၚ ခင္ဗ်ားကအေပၚမွာအိပ္လိုက္ ကြၽန္ေတာ္ေအာက္မွာ အိပ္မယ္"
ဖတ္ေနတဲ့စာအုပ္ကိုခ်ကာ ရိေပၚကေမာ့ၾကည့္လာတယ္။ထို႔ေနာက္ပိုမိုေသခ်ာေစရန္ေမးလိုက္ေလသည္။
"မင္းက ေအာက္မွာေနမယ္ဆိုတဲ့သေဘာလား"
"အင္း"
"ေကာင္းၿပီေလ သေဘာပါပဲ"
ရိေပၚကစာအုပ္ကိုခ်ကာ ေရွာင္က်န္႔ဆီကိုေလ်ွာက္လာတယ္
လာတာကရိုးရိုးလာတာမဟုတ္ဘူးေနာ္ ေရွာင္က်န္႔ကိုေသေသခ်ာခ်ာ စိုက္ၾကည့္ၿပီးေတာ့လာေနတာ။
ဒီလူႀကီး မဟုတ္မလြဲ ငါ့စကားကိုတစ္မ်ိဳးထင္သြားတာေတာ့မဟုတ္ပါဘူးေနာ္...
ရိေပၚက ေရွာင္က်န္႔ေရ႔ွကိုေရာက္လာၿပီး စားပြဲကိုလက္နဲ႔ေထာက္လိုက္ေတာ့ ေရွာင္က်န္႔ခမ်ာစားပြဲနဲ႔ရိေပၚၾကားမွာငုတ္တုတ္ေလးၫွပ္ေနေတာ့တယ္။ ခပ္က်ယ္က်ယ္ရင္အုပ္ႀကီးကမိမိမ်က္ႏွာေရ႔ွတင္။
ေရွာင္က်န္႔ရင္ေတြခုန္လာတယ္။
"ခင္ ခင္ဗ်ား ဘာလုပ္တာလဲ"
ရိေပၚကဘာမျွပန္မေျပာဘူး ေရွာင္က်န္႔ကိုသာၾကည့္ၿပီး ေခါင္းကိုေျဖးေျဖးခ်င္းငံု႔ခ်လာတယ္။ ရိေပၚရဲ့မ်က္ႏွာကပိုနီးလာေလ ေရွာင္က်န္႔ကမ်က္လံုးျပဴးလာေလပဲ
ဒီလူ ငါ့ကို မဟုတ္မွလြဲ....
No!!!!!!!!!!
ရိေပၚရဲ့မ်က္ႏွာကို ေရွာင္က်န္႔သူ႔ေခါင္းနဲ႔တိုက္ခ်လိုက္ေလသည္။ ဒါမ်ိဳးအျဖစ္ခံမယ္ထင္ေနလား ဟမ့္
ခြပ္ အား!!
"မင္း မင္း ဘာလုပ္တာလဲ" ရိေပၚကႏွာေခါင္းကိုလက္နဲ႔ဖိလို႔အလန္႔တၾကားေျပာလာတယ္။
"ခင္ဗ်ားကေရာ ဘာလုပ္ဖို႔လုပ္ေနတာလဲ
ေရွာင္က်န္႔ကို ဒါမ်ိဳးလာမလုပ္နဲ႔ေသသြားမယ္ ဘာမွတ္ေနလဲ
ဒီမွာ ဆရာဝန္ဆိုၿပီးေရာဂါပဲကုတတ္တယ္ထင္မေနနဲ႔ လူလည္းရိုက္တတ္တယ္"
အက်ီလက္ကိုဆြဲတင္လိုက္ၿပီး လက္သီးလက္ေမာင္းတန္းကာ ရန္ေတြ့လိုက္
တယ္
ငါ့ကိုဘာေကာင္ထင္ေနလဲမသိဘူး ဟမ့္
ရိေပၚမွာေတာ့ပါးစပ္အေဟာင္းသား
နာေခါင္းကလည္းေသြးေတြထြက္လို႔
"ေနပါအံုး ငါကမင္းကိုဘာလုပ္မယ္ထင္ေနတာလဲ"
"မသိခ်င္ေယာင္ေဆာင္မေနနဲ႔
ခင္ဗ်ားကိုလူေကာင္းလို႔ထင္ထားတာ လတ္စသတ္ေတာ့ ႏွာဘူးႀကီးပဲ"
"ဘာ ႏွာဘူး?"
"ခင္ဗ်ားကြၽန္ေတာ့္ကိုနမ္းဖို႔လုပ္တာမလား ဟမ့္
မိဘေတြကအတင္းေပးစားလို႔ယူထားတာေနာ္ ဒါမ်ိဳးေတြလာမလုပ္နဲ႔ မႀကိဳက္ဘူး
ၿပီးေတာ့ ဒါမ်ိဳးေနာက္တစ္ခါထပ္မလုပ္ပါနဲ႔ထပ္လုပ္လို႔ကေတာ့ ဒီထက္ပိုနာမယ္"
"ဘာ ငါက မင္းကို နမ္းဖို႔လုပ္တယ္ဟုတ္လား"
"မဟုတ္လို႔လား ႏွာဘူးႀကီးရဲ့"
ရိေပၚရပ္ဖို႔လုပ္ေနတဲ့ႏွာေခါင္းေသြးေတြေတာင္ျပန္ထြက္လာတယ္။
ဒီေကာင္ေလးဘယ္လိုေတာင္ေတြးလိုက္တာလဲ ငယ္ငယ္ရြယ္ရြယ္နဲ႔မထင္ရဘူး အေတြးေတြက ေမွာင္မိုက္ေနတာပဲ
"မင္းေနာက္ကိုၾကည့္လိုက္"
"ဘာ့လို႔ၾကည့္ရမွာလဲ"
"ၾကည့္လိုက္စမ္းပါ"
"ဘာရိွလို႔... အား!!!"
ေနာက္လွည့္ၾကည့္ေတာ့စားပြဲေပၚမွာ ႂကြက္ေပါက္စေလး ေပါက္စဆိုမ ခုမွဗိုက္ထဲကႁပြတ္ဆိုထြက္လာပံုရတဲ့ ႂကြက္ေပါက္စ
အသားကပါးပါးေလးဆိုေတာ့ အထဲကကလီစာေတြအကုန္ျမင္ေနရတယ္
ေရွာင္က်န္႔ ရိေပၚကိုယ္ေပၚကိုလႊားခနဲတက္ခြၿပီးေအာ္ေတာ့တယ္။
"အဲ့ဒါႀကီးကိုဖယ္ေပး ဖယ္ေပး ဟီး ဟီး ဟီး
ဖယ္ေပးလို႔ !..."
ငါကဆရာ၀န္ဆိုေပမယ့္ ႂကြက္ေတာ့ေၾကာက္တယ္ဟဲ့ ကလီစာေတျြမင္ေနလို႔မဟုတ္ဘူး
ႂကြက္ျဖစ္ေနလို႔ကို ေၾကာက္တာ
ရိေပၚမွာ ေရွာင္က်န္႔ကမေျပာမဆိုနဲ႔တက္ခြေတာ့ မထိန္းႏိုင္ဘဲဟန္ခ်က္ပ်က္ကာကုတင္ေပၚကိုက်သြားေတာ့တယ္။
ဒါေတာင္ငနာေလးက အေပၚကေနတက္ခြထားတုန္း ကိုယ္လံုးေလးကတုန္ေနတာပဲ
တကယ္ေၾကာက္သြားတာထင္တယ္
အေပၚထပ္ကအသံေတြၾကားလို႔ ၀မ္အေမနဲ႔အေဖ အေျပးအလြားတက္ၾကည့္ေတာ့
ကုတင္ေပၚမွာထပ္လ်က္ႀကီးျဖစ္ေနတဲ့ သားလွလူေခ်ာ ၂ ေယာက္
၀မ္အေမနဲ႔အေဖ ၿပံဳးစိစိနဲ႔တံခါးအသာျပန္ပိတ္ေပးခဲ့ကာ တိတ္တိတ္ေလးျပန္ဆင္းလာခဲ့လိုက္တယ္။သူတို႔ထင္တာ ရန္မ်ားျဖစ္ေနျပန္ၿပီလားလို႔ေလ အခုေတာ့...
ေဖေဖဝမ္ကဝမ္းသာေနတဲ့ေလသံႀကီးနဲ႔ေျပာလာတယ္။
"မိန္းမေရ သားတို႔အဆင္ေျပသြားၾကၿပီထင္တယ္"
"ဟုတ္ပါ့ေတာ္ ေရွာင္ေလးကျငင္းေနေတာ့အဆင္မေျပေလာက္ဘူး ထင္ေနတာ
အခုေတာ့ စိတ္ေအးရၿပီ"
"ေအးကြ.. ဒါေပမယ့္ မင္းသားကဘယ့္ႏွယ္လုပ္ေအာက္ေရာက္သြားရတာလဲ"
"အိုေတာ္... ဘာေတြေျပာေနတာလဲ
ေအာက္ပဲေရာက္ေရာက္အေပၚပဲေရာက္ေရာက္ အဓိကသူတို႔အဆင္ေျပ ၿပီးတာပဲမဟုတ္လား"
"အဲ့ဒါေတာ့အဲ့ဒါေပါ့ေလ ဒါေပမယ့္ ငါ့သားကိုေအာက္မွာျမင္လိုက္ရေတာ့..."
"ေအာ္ ေတာ္ပါေတာ့ေတာ္... သားကေတာင္ဘာမွမျဖစ္တာ ရွင္ကဘာျဖစ္ေနတာလဲ"
ေဖေဖဝမ္ကမအီမလည္မ်က္ႏွာေပးနဲ႔ၿငိမ္က်သြားတယ္။
"ဒါဆို ကိုယ္တို႔လည္းအိပ္ၾကရေအာင္
ေနာက္ခါ သားတို႔အခန္းကဘာသံထြက္ထြက္သြားမၾကည့္ၾကရေအာင္"
"အင္းပါ ေတာ္ကလည္း"
၀မ္အေမနဲ႔အေဖ ေျပာဆိုၿပီးတာနဲ႔သူတို႔အခန္းထဲ၀င္ကာ အိပ္ယာ၀င္လိုက္ၾကတယ္။
"၀မ္ရိေပၚ ဟိုဟာႀကီးကိုဖယ္ၿပီးၿပီလား"
"မင္းကငါ့ကိုတက္ဖိထားၿပီး ငါကဘယ္လိုဖယ္ရမွာလဲ ငါ့ေပၚကဆင္းအံုး"
"ဟင့္အင္း ဆင္းခ်င္ဘူး ခင္ဗ်ားကယုတ္မာၿပီး မဖယ္ေပးရင္ဘယ္လိုလုပ္မလဲ"
"ခက္ၿပီကြာ... မင္းဆင္းမွ အဲ့ဟာကိုဖယ္လို႔ရမွာေပါ့"
"မသိဘူး မသိဘူး ဆင္းမေပးႏိုင္ဘူး"
ရိေပၚေလပူတစ္ခ်က္မႈတ္ထုတ္လိုက္တယ္။ ေတာ္ေတာ္လက္ေပါက္ကပ္တဲ့ငနဲသားပဲ
ခြခံရလ်က္အေနအထားနဲ႔အိပ္ယာကေနခက္ခက္ခဲခဲထကာေအာက္ထပ္ကိုဆင္းလာခဲ့ရတယ္။
"ခင္ဗ်ား ဘာ့လို႔ေအာက္ထပ္ကိုဆင္းလာတာလဲ"
"ၫွပ္ယူမလို႔ေဟ့ ၫွပ္ ၫွပ္ သိၿပီလား"
"လက္နဲ႔ကိုင္ၿပီးလႊတ္ပစ္လည္းရတာပဲဟာကို" အသံတိုးတိုးေလးနဲ႔မေက်မနပ္ေျပာလိုက္ေသးတယ္။ ရိေပၚ မိမိကိုခြကာမိမိအားအျပစ္ေျပာခ်င္ေနတဲ့ ဆရာဝန္ေလးတင္ပါးအားႏွစ္ခ်က္ေလာက္ခပ္ဆဆရိုက္ပစ္လိုက္တယ္။
"အ့ ဘာလုပ္တာလဲ ခင္ဗ်ား"
"ၿငိမ္ၿငိမ္ေန ပါးစပ္ကိုလည္းပိတ္ထား မဟုတ္ရင္ဒီထက္ပိုနာမယ္ ႂကြက္ကိုလည္းလႊင့္ပစ္ေပးမွာမဟုတ္ဘူးေနာ္ "
ေရွာင္က်န္႔မေက်နပ္စြာႏွာမႈတ္လိုက္လို႔ ရိေပၚရဲ့ပုခံုးကိုကိုက္ခ်လိုက္တယ္။ ဟိုကနာနာနဲ႔ပစ္ခ်ဖို႔လုပ္ေတာ့အတင္းဖက္တြယ္ထားတာမ်ားေရဘဝဲက်လို႔
ခက္ခက္ခဲခဲနဲ႔ေအာက္ဆင္းၿပီး အေပၚျပန္တက္ကာအခန္းထဲကႂကြက္ေပါက္စကို ၫွပ္နဲ႔ ၫွပ္ၿပီးျပတင္းေပါက္ကေနေအာက္ကိုလြင့္ပစ္လိုက္တယ္။ ကိစၥၿပီးသြားေတာ့
"ဖယ္ၿပီးၿပီ ဆင္းေတာ့"
"ေသခ်ာလား"
ဘာမွ မေျပာဘဲသက္ျပင္းကိုက်ယ္က်ယ္ခ်လိုက္တယ္
သူ႔ကိုခ်ီၿပီး ေလွကားအတက္အဆင္းလုပ္ထားရလို႔ေမာေနပါတယ္ဆိုမွ အခုထိအေပၚကမဆင္းေသးဘဲ အရစ္ရွည္ေနေသးတယ္
ရိေပၚစိတ္မရွည္တာနဲ႔ ေရွာင္က်န္႔ကိုကုတင္ေပၚပစ္ခ်လိုက္တယ္။ ေမြ့ယာရိွေပမယ့္ အနည္းငယ္ေအာင့္သြားတဲ့မွီးေၫွာင္းရိုးေၾကာင့္ ေရွာင္က်န္႔နည္းနည္းဘူသြားတယ္။
"အ့ ေသမလို႔ပစ္ခ်ရလား"
"မခ်ီႏိုင္ေတာ့လို႔ပစ္ခ်တာဘာျဖစ္လဲ
ၿပီးေတာ့ မင္းေအာက္မွာအိပ္စရာမလိုဘူး
ငါနဲ႔ပဲတူတူအိပ္ မင္းကိုဘာမွမလုပ္ဘူး စိတ္ခ်"
"ခင္ဗ်ား ကတိတည္ပါေစ"
"စိတ္ခ် ငါမင္းကိုလံုး၀စိတ္မ၀င္စားဘူး"
ဘာ့လို႔မွန္းမသိ ထိုစကားၾကားေတာ့ေရွာင္က်န္႔ရင္ထဲမွာတစ္မ်ိဳးျဖစ္သြားရတယ္။
ဒီခံစားခ်က္ႀကီးကဘယ္လိုလဲ ငါဘာ့လို႔အျငင္းခံရသလိုခံစားသြားရတာလဲ
"ကြၽန္ေတာ္ကလည္း ခင္ဗ်ားကိုလံုး၀လံုး၀စိတ္မ၀င္စားပါဘူးေနာ္"
ဒီလိုနဲ႔
မဂ္လာဦးညေလးကေတာ့ ႂကြက္တစ္ေကာင္ေၾကာင့္ ဘယ္လိုေတျြဖစ္သြားမွန္းေတာင္မသိလိုက္ဘူး
ေသခ်ာတာကေတာ့ ညားကာစအသစ္စက္စက္လင္လင္ႏွစ္ေယာက္ရဲ့မဂၤလာဦးညဟာ ရန္ျဖစ္ျခင္းမ်ားနဲ႔ကုန္ဆံုးသြားရတာပါပဲ
...................
Unicode
ည...
ဒီည ဒီညကဘာညလဲဆိုတော့ အင်းး
ဟိုလူကြီးနဲ့ငါ့ရဲ့မင်္ဂလာဦးည
ဒီညမှာဖြစ်တော့မယ့် ဒီလိုကိစ္စ တွေကို ဆရာ၀န်ဖြစ်တဲ့ငါအသိဆုံးပဲ
ဟိုလူက ငါ့ထက်အရပ်လည်းရှည်တယ်
[AN: ရှည်တယ်ထားလိုက်ရအောင် အဟမ်း]
ပြီးတော့ ဗလ လည်းတောင့်တယ် ဒီပုံအတိုင်းဆိုငါလေးက Bottom ထိုင်ရမှာတော့မဟုတ်ပါဘူးနော်
No................!!!!
ဒေါက် ဒေါက်
ပလုတ်တုတ်ငုတ်တုတ်
ရှောင်ကျန့်အိပ်ခန်းထဲကစာကြည့်စားပွဲမှာထိုင်နေရင်း ဟိုတွေး ဒီတွေး တွေးနေတုန်းတံခါးခေါက်သံကြောင့်လန့်သွားရတယ်။
သေချာတယ် ဟိုလူကြီးပဲနေရမယ်
ဘယ်လိုလုပ်ရမလဲ ဒီလူကိုအထဲကိုမ၀င်ခိုင်းချင်ဘူး
ဒုန်း ဒုန်း
"ရှောင်ကျန့်! တံခါးကိုဘာ့လို့လော့ချထားတာလဲ ဖွင့်ပေးအုံး"
ဒုန်း ဒုန်း ဒုန်း
"လာပြီ လာပြီ အာပြဲကြီးနဲအော်မနေနဲ့"
မဖွင့်မချင်း အော်ခေါ်ကာ တံခါးကိုတဒုန်းဒုန်းထုနေတော့ ထပြီးဖွင့်ပေးလိုက်ရတယ်
အခုက ၀မ်ရိပေါ် အိမ်မှာလိုက်နေရတာလေ အသံတွေကို အမေနဲ့အဖေ ကြားရင်မကောင်းဘူးမလား
တံခါးဖွင့်လိုက်တော့ ရိပေါ်ကမျက်ခုံးကြီးတွန့်ချိုးကာ အလိုမကျသလိုကြည့်နေတယ်
ပြီးတော့ ရှောင်ကျန့်ရဲ့ပုခုံးကိုတိုက်ပြီးအထဲကို၀င်သွားတယ်
ဘာလား ဒီလူ
အလကားနေ ရန်လာစပြန်ပြီ
အခန်းထဲမှာ တိတ်ဆိတ်နေတယ် ရှောင်ကျန့်ကစာကြည့်စားပွဲမှာထိုင်နေတယ် ရိပေါ်ကတော့ကုတင်ကိုမှီကာစာအုပ်ခပ်ထူထူတစ်အုပ်ကိုဖတ်နေတယ်
"ဒီမှာ ခင်ဗျားကိုပြောစရာရှိတယ်"
"ပြော"
ရိပေါ်က ရှောင်ကျန့်ကိုတစ်ချက်မကြည့်ဘဲပြန်ပြောလိုက်တယ်။
"ဟို ဝမ်ရိပေါ် ခင်ဗျားကအပေါ်မှာအိပ်လိုက် ကျွန်တော်အောက်မှာ အိပ်မယ်"
ဖတ်နေတဲ့စာအုပ်ကိုချကာ ရိပေါ်ကမော့ကြည့်လာတယ်။ထို့နောက်ပိုမိုသေချာစေရန်မေးလိုက်လေသည်။
"မင်းက အောက်မှာနေမယ်ဆိုတဲ့သဘောလား"
"အင်း"
"ကောင်းပြီလေ သဘောပါပဲ"
ရိပေါ်ကစာအုပ်ကိုချကာ ရှောင်ကျန့်ဆီကိုလျှောက်လာတယ်
လာတာကရိုးရိုးလာတာမဟုတ်ဘူးနော် ရှောင်ကျန့်ကိုသေသေချာချာ စိုက်ကြည့်ပြီးတော့လာနေတာ။
ဒီလူကြီး မဟုတ်မလွဲ ငါ့စကားကိုတစ်မျိုးထင်သွားတာတော့မဟုတ်ပါဘူးနော်...
ရိပေါ်က ရှောင်ကျန့်ရှေ့ကိုရောက်လာပြီး စားပွဲကိုလက်နဲ့ထောက်လိုက်တော့ ရှောင်ကျန့်ခမျာစားပွဲနဲ့ရိပေါ်ကြားမှာငုတ်တုတ်လေးညှပ်နေတော့တယ်။ ခပ်ကျယ်ကျယ်ရင်အုပ်ကြီးကမိမိမျက်နှာရှေ့တင်။
ရှောင်ကျန့်ရင်တွေခုန်လာတယ်။
"ခင် ခင်ဗျား ဘာလုပ်တာလဲ"
ရိပေါ်ကဘာမှပြန်မပြောဘူး ရှောင်ကျန့်ကိုသာကြည့်ပြီး ခေါင်းကိုဖြေးဖြေးချင်းငုံ့ချလာတယ်။ ရိပေါ်ရဲ့မျက်နှာကပိုနီးလာလေ ရှောင်ကျန့်ကမျက်လုံးပြူးလာလေပဲ
ဒီလူ ငါ့ကို မဟုတ်မှလွဲ....
No!!!!!!!!!!
ရိပေါ်ရဲ့မျက်နှာကို ရှောင်ကျန့်သူ့ခေါင်းနဲ့တိုက်ချလိုက်လေသည်။ ဒါမျိုးအဖြစ်ခံမယ်ထင်နေလား ဟမ့်
ခွပ် အား!!
"မင်း မင်း ဘာလုပ်တာလဲ" ရိပေါ်ကနှာခေါင်းကိုလက်နဲ့ဖိလို့အလန့်တကြားပြောလာတယ်။
"ခင်ဗျားကရော ဘာလုပ်ဖို့လုပ်နေတာလဲ
ရှောင်ကျန့်ကို ဒါမျိုးလာမလုပ်နဲ့သေသွားမယ် ဘာမှတ်နေလဲ
ဒီမှာ ဆရာဝန်ဆိုပြီးရောဂါပဲကုတတ်တယ်ထင်မနေနဲ့ လူလည်းရိုက်တတ်တယ်"
အကျီလက်ကိုဆွဲတင်လိုက်ပြီး လက်သီးလက်မောင်းတန်းကာ ရန်တွေ့လိုက်
တယ်
ငါ့ကိုဘာကောင်ထင်နေလဲမသိဘူး ဟမ့်
ရိပေါ်မှာတော့ပါးစပ်အဟောင်းသား
နာခေါင်းကလည်းသွေးတွေထွက်လို့
"နေပါအုံး ငါကမင်းကိုဘာလုပ်မယ်ထင်နေတာလဲ"
"မသိချင်ယောင်ဆောင်မနေနဲ့
ခင်ဗျားကိုလူကောင်းလို့ထင်ထားတာ လတ်စသတ်တော့ နှာဘူးကြီးပဲ"
"ဘာ နှာဘူး?"
"ခင်ဗျားကျွန်တော့်ကိုနမ်းဖို့လုပ်တာမလား ဟမ့်
မိဘတွေကအတင်းပေးစားလို့ယူထားတာနော် ဒါမျိုးတွေလာမလုပ်နဲ့ မကြိုက်ဘူး
ပြီးတော့ ဒါမျိုးနောက်တစ်ခါထပ်မလုပ်ပါနဲ့ထပ်လုပ်လို့ကတော့ ဒီထက်ပိုနာမယ်"
"ဘာ ငါက မင်းကို နမ်းဖို့လုပ်တယ်ဟုတ်လား"
"မဟုတ်လို့လား နှာဘူးကြီးရဲ့"
ရိပေါ်ရပ်ဖို့လုပ်နေတဲ့နှာခေါင်းသွေးတွေတောင်ပြန်ထွက်လာတယ်။
ဒီကောင်လေးဘယ်လိုတောင်တွေးလိုက်တာလဲ ငယ်ငယ်ရွယ်ရွယ်နဲ့မထင်ရဘူး အတွေးတွေက မှောင်မိုက်နေတာပဲ
"မင်းနောက်ကိုကြည့်လိုက်"
"ဘာ့လို့ကြည့်ရမှာလဲ"
"ကြည့်လိုက်စမ်းပါ"
"ဘာရှိလို့... အား!!!"
နောက်လှည့်ကြည့်တော့စားပွဲပေါ်မှာ ကြွက်ပေါက်စလေး ပေါက်စဆိုမ ခုမှဗိုက်ထဲကပြွတ်ဆိုထွက်လာပုံရတဲ့ ကြွက်ပေါက်စ
အသားကပါးပါးလေးဆိုတော့ အထဲကကလီစာတွေအကုန်မြင်နေရတယ်
ရှောင်ကျန့် ရိပေါ်ကိုယ်ပေါ်ကိုလွှားခနဲတက်ခွပြီးအော်တော့တယ်။
"အဲ့ဒါကြီးကိုဖယ်ပေး ဖယ်ပေး ဟီး ဟီး ဟီး
ဖယ်ပေးလို့ !..."
ငါကဆရာ၀န်ဆိုပေမယ့် ကြွက်တော့ကြောက်တယ်ဟဲ့ ကလီစာတွေမြင်နေလို့မဟုတ်ဘူး
ကြွက်ဖြစ်နေလို့ကို ကြောက်တာ
ရိပေါ်မှာ ရှောင်ကျန့်ကမပြောမဆိုနဲ့တက်ခွတော့ မထိန်းနိုင်ဘဲဟန်ချက်ပျက်ကာကုတင်ပေါ်ကိုကျသွားတော့တယ်။
ဒါတောင်ငနာလေးက အပေါ်ကနေတက်ခွထားတုန်း ကိုယ်လုံးလေးကတုန်နေတာပဲ
တကယ်ကြောက်သွားတာထင်တယ်
အပေါ်ထပ်ကအသံတွေကြားလို့ ၀မ်အမေနဲ့အဖေ အပြေးအလွားတက်ကြည့်တော့
ကုတင်ပေါ်မှာထပ်လျက်ကြီးဖြစ်နေတဲ့ သားလှလူချော ၂ ယောက်
၀မ်အမေနဲ့အဖေ ပြုံးစိစိနဲ့တံခါးအသာပြန်ပိတ်ပေးခဲ့ကာ တိတ်တိတ်လေးပြန်ဆင်းလာခဲ့လိုက်တယ်။သူတို့ထင်တာ ရန်များဖြစ်နေပြန်ပြီလားလို့လေ အခုတော့...
ဖေဖေဝမ်ကဝမ်းသာနေတဲ့လေသံကြီးနဲ့ပြောလာတယ်။
"မိန်းမရေ သားတို့အဆင်ပြေသွားကြပြီထင်တယ်"
"ဟုတ်ပါ့တော် ရှောင်လေးကငြင်းနေတော့အဆင်မပြေလောက်ဘူး ထင်နေတာ
အခုတော့ စိတ်အေးရပြီ"
"အေးကွ.. ဒါပေမယ့် မင်းသားကဘယ့်နှယ်လုပ်အောက်ရောက်သွားရတာလဲ"
"အိုတော်... ဘာတွေပြောနေတာလဲ
အောက်ပဲရောက်ရောက်အပေါ်ပဲရောက်ရောက် အဓိကသူတို့အဆင်ပြေ ပြီးတာပဲမဟုတ်လား"
"အဲ့ဒါတော့အဲ့ဒါပေါ့လေ ဒါပေမယ့် ငါ့သားကိုအောက်မှာမြင်လိုက်ရတော့..."
"အော် တော်ပါတော့တော်... သားကတောင်ဘာမှမဖြစ်တာ ရှင်ကဘာဖြစ်နေတာလဲ"
ဖေဖေဝမ်ကမအီမလည်မျက်နှာပေးနဲ့ငြိမ်ကျသွားတယ်။
"ဒါဆို ကိုယ်တို့လည်းအိပ်ကြရအောင်
နောက်ခါ သားတို့အခန်းကဘာသံထွက်ထွက်သွားမကြည့်ကြရအောင်"
"အင်းပါ တော်ကလည်း"
၀မ်အမေနဲ့အဖေ ပြောဆိုပြီးတာနဲ့သူတို့အခန်းထဲ၀င်ကာ အိပ်ယာ၀င်လိုက်ကြတယ်။
"၀မ်ရိပေါ် ဟိုဟာကြီးကိုဖယ်ပြီးပြီလား"
"မင်းကငါ့ကိုတက်ဖိထားပြီး ငါကဘယ်လိုဖယ်ရမှာလဲ ငါ့ပေါ်ကဆင်းအုံး"
"ဟင့်အင်း ဆင်းချင်ဘူး ခင်ဗျားကယုတ်မာပြီး မဖယ်ပေးရင်ဘယ်လိုလုပ်မလဲ"
"ခက်ပြီကွာ... မင်းဆင်းမှ အဲ့ဟာကိုဖယ်လို့ရမှာပေါ့"
"မသိဘူး မသိဘူး ဆင်းမပေးနိုင်ဘူး"
ရိပေါ်လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။ တော်တော်လက်ပေါက်ကပ်တဲ့ငနဲသားပဲ
ခွခံရလျက်အနေအထားနဲ့အိပ်ယာကနေခက်ခက်ခဲခဲထကာအောက်ထပ်ကိုဆင်းလာခဲ့ရတယ်။
"ခင်ဗျား ဘာ့လို့အောက်ထပ်ကိုဆင်းလာတာလဲ"
"ညှပ်ယူမလို့ဟေ့ ညှပ် ညှပ် သိပြီလား"
"လက်နဲ့ကိုင်ပြီးလွှတ်ပစ်လည်းရတာပဲဟာကို" အသံတိုးတိုးလေးနဲ့မကျေမနပ်ပြောလိုက်သေးတယ်။ ရိပေါ် မိမိကိုခွကာမိမိအားအပြစ်ပြောချင်နေတဲ့ ဆရာဝန်လေးတင်ပါးအားနှစ်ချက်လောက်ခပ်ဆဆရိုက်ပစ်လိုက်တယ်။
"အ့ ဘာလုပ်တာလဲ ခင်ဗျား"
"ငြိမ်ငြိမ်နေ ပါးစပ်ကိုလည်းပိတ်ထား မဟုတ်ရင်ဒီထက်ပိုနာမယ် ကြွက်ကိုလည်းလွှင့်ပစ်ပေးမှာမဟုတ်ဘူးနော် "
ရှောင်ကျန့်မကျေနပ်စွာနှာမှုတ်လိုက်လို့ ရိပေါ်ရဲ့ပုခုံးကိုကိုက်ချလိုက်တယ်။ ဟိုကနာနာနဲ့ပစ်ချဖို့လုပ်တော့အတင်းဖက်တွယ်ထားတာများရေဘဝဲကျလို့
ခက်ခက်ခဲခဲနဲ့အောက်ဆင်းပြီး အပေါ်ပြန်တက်ကာအခန်းထဲကကြွက်ပေါက်စကို ညှပ်နဲ့ ညှပ်ပြီးပြတင်းပေါက်ကနေအောက်ကိုလွင့်ပစ်လိုက်တယ်။ ကိစ္စပြီးသွားတော့
"ဖယ်ပြီးပြီ ဆင်းတော့"
"သေချာလား"
ဘာမှ မပြောဘဲသက်ပြင်းကိုကျယ်ကျယ်ချလိုက်တယ်
သူ့ကိုချီပြီး လှေကားအတက်အဆင်းလုပ်ထားရလို့မောနေပါတယ်ဆိုမှ အခုထိအပေါ်ကမဆင်းသေးဘဲ အရစ်ရှည်နေသေးတယ်
ရိပေါ်စိတ်မရှည်တာနဲ့ ရှောင်ကျန့်ကိုကုတင်ပေါ်ပစ်ချလိုက်တယ်။ မွေ့ယာရှိပေမယ့် အနည်းငယ်အောင့်သွားတဲ့မှီးညှောင်းရိုးကြောင့် ရှောင်ကျန့်နည်းနည်းဘူသွားတယ်။
"အ့ သေမလို့ပစ်ချရလား"
"မချီနိုင်တော့လို့ပစ်ချတာဘာဖြစ်လဲ
ပြီးတော့ မင်းအောက်မှာအိပ်စရာမလိုဘူး
ငါနဲ့ပဲတူတူအိပ် မင်းကိုဘာမှမလုပ်ဘူး စိတ်ချ"
"ခင်ဗျား ကတိတည်ပါစေ"
"စိတ်ချ ငါမင်းကိုလုံး၀စိတ်မ၀င်စားဘူး"
ဘာ့လို့မှန်းမသိ ထိုစကားကြားတော့ရှောင်ကျန့်ရင်ထဲမှာတစ်မျိုးဖြစ်သွားရတယ်။
ဒီခံစားချက်ကြီးကဘယ်လိုလဲ ငါဘာ့လို့အငြင်းခံရသလိုခံစားသွားရတာလဲ
"ကျွန်တော်ကလည်း ခင်ဗျားကိုလုံး၀လုံး၀စိတ်မ၀င်စားပါဘူးနော်"
ဒီလိုနဲ့
မဂ်လာဦးညလေးကတော့ ကြွက်တစ်ကောင်ကြောင့် ဘယ်လိုတွေဖြစ်သွားမှန်းတောင်မသိလိုက်ဘူး
သေချာတာကတော့ ညားကာစအသစ်စက်စက်လင်လင်နှစ်ယောက်ရဲ့မင်္ဂလာဦးညဟာ ရန်ဖြစ်ခြင်းများနဲ့ကုန်ဆုံးသွားရတာပါပဲ
...................