Zawgyi
ၿခံထဲမွာကားသံၾကားတာနဲ႔ ေရွာင္က်န္႔တစ္ေယာက္အိမ္ေပၚကေနအေျပးဆင္းလာတယ္
"ပါး!! မား!!"
ပါးနဲ႔မား ၂ေယာက္လံုးကိုေျပးဖက္လိုက္တယ္
"အမယ္ေလး ခုမွ
ေရာက္ကတည္းက ဖုန္းေတာင္တစ္ခ်က္ဆက္ေဖာ္မရဘဲနဲ႔"
"မားကလည္း"
ေရွာင္က်န္႔ႏႈတ္ခမ္းေလးဆူရင္း မားကိုကပ္ခြၽဲေနတယ္
"မား သားေျပာထားတာမေမ့နဲ႔ေနာ္"
"အင္းပါ မေမ့ပါဘူး"
"အိမ္ထဲ၀င္ၾကေလ အျပင္ႀကီးမွာ လာ လာၾက"
အဖိုးကေျပာၿပီးအိမ္ထဲကို၀င္သြားတယ္
ေရွာင္က်န္႔လည္းပါးနဲ႔မားရဲ့အထုပ္ေတြကို ကူသယ္ရင္းေနာက္ကလိုက္လာခဲ့တယ္
ဒါနဲ႔အထုပ္ေတြကမ်ားလွခ်ည္လား
Xiaoမားတို႔ေရာက္ၿပီးသိပ္မၾကာ ၀မ္အေမနဲ႔အေဖေရာက္လာတယ္
ေသခ်ာေပါက္ဝမ္ရိေပၚေရာေပါ့
ေရွာင္က်န္႔ကေတာ့ ရိေပၚကိုျမင္တည္းကအိမ္ေပၚထပ္ကသူ႔အခန္းထဲကို၀င္သြားတာမ်ား လွစ္ခနဲပဲ
အခန္းထဲ၀င္ေျပးရတာက တစ္ျခားမဟုတ္ပါဘူး မားဆီကိုဖုန္းဆက္တုန္းက ဝမ္ရိေပၚကရြာမွာဘယ္ေလာက္ဆိုးတယ္ အရက္သမား အလုပ္မရိွအကိုင္မရိွမိဘလုပ္စာထိုင္စားေနတဲ့သူ
စသည္စသည္ျဖင့္ဟိုလူႀကီးမေကာင္းေၾကာင္းေတြကိုငါေလးေပါက္ေပါက္ေဖာက္သလိုေျပာထားတာေလ
အဲ့ဒါေၾကာင့္ ဝမ္ရိေပၚႀကီးကိုျမင္ရင္စိတ္မလံုလို႔၀င္ပုန္းေနတာ
သူ႔ကိုလည္းမေကာင္းမေျပာခ်င္ပါဘူး
ဒါေပမယ့္ အဲ့လိုေျပာထားမွ မားတို႔ကခါးခါးသီးသီးျငင္းမွာေလ ဟုတ္တယ္မလား
ေရွာင္က်န္႔အႀကံေကာင္းခ်က္ကေတာ့ ဗဲရီးဗဲရီးစိုးစိုးဂြတ္ပဲ
1 နာရီေလာက္ၾကာေတာ့၀မ္မိသားစု ျပန္သြားတာကိုအေပၚထပ္ျပတင္းေပါက္ကေနျမင္လိုက္ရတယ္။
ထိုအခ်ိန္အခန္းတံခါးလာေခါက္လို႔ဖြင့္ၾကည့္လိုက္ေတာ့ မားကၿပံဳးၿပံဳးႀကီးၾကည့္ေနတယ္။
"ဘယ္လိုလဲ မား အဆင္ေျပလား"
"သားဘာမွ စိတ္မပူနဲ႔ေတာ့အားလံုးအဆင္ေျပတယ္"
"အဲ့ဒါေၾကာင့္ မားကိုခ်စ္ေနရတာ"
ေရွာင္က်န္႔မားကိုဖက္လိုက္တယ္
"သားရဲ့မားပါ မပိုင္ရင္ျခင္ေတာင္မရိုက္ဘူး ဟင္း ဟင္း"
ေရွာင္က်န္႔ဝမ္းသာစြာမားကိုေနာက္တစ္ႀကိမ္ဖက္လိုက္တယ္။ လက္သီးေလးကိုဆုပ္ၿပီးေတာ့လည္း ရက္စ္လို႔ေျပာလိုက္ေသး
ေနာက္ဆံုးေတာ့ငါေလး ေယာက်္ားမယူရေတာ့ဘူးကြ ဟ ဟား
..........
စားပြဲခံုတစ္လံုးရဲ့ေရ႔ွမွာ ေခါင္းငိုက္စိုက္ထိုင္ေနေသာ သတို႔သားေလးေရွာင္က်န္႔
သူ႔ေရ႔ွကအသစ္စက္စက္လက္ထပ္စာခ်ဳပ္၂ေစာင္ကၿပံဳးျပေနတယ္
ငါဆုတ္ၿဖဲမိေတာ့မယ္ မင္းတို႔ေတာ့
လက္ထပ္ပြဲကိုေတာ့အဖိုးအိမ္မွာပဲလက္မွတ္ထိုးၿပီးအက်ဥ္းရံုးလုပ္လိုက္ၾကတယ္
ျမန္ေအာင္လို႔တဲ့ေလ
ေဘးကိုၾကည့္လိုက္ေတာ့ သတို႔သားႀကီးဝမ္ရိေပၚကလက္မွတ္ေတာင္ထိုးၿပီးေနၿပီ
၂ဖက္မိဘေတြကလည္းၿပံဳးရႊင္လို႔ မေပ်ာ္ႏိုင္တာကေရွာင္က်န္႔တစ္ေယာက္တည္းသာ...
ဘာ့လို႔လဲ ဘာ့လို႔လဲ ဟင့္
မားလိမ္တယ္ မားညာတယ္ အဆင္ေျပသြားၿပီဆိုၿပီးေတာ့ ဟင့္
အခုခ်ိန္မွာ ငါေလးကိုေကာင္မေလးတစ္ေယာက္ေလာက္ လာဆြဲရင္သိပ္ေကာင္းမွာပဲ
ဘယ္သူဆြဲဆြဲလိုက္မယ္
တစ္ေယာက္ေလာက္ငါေလးကို လာမဆြဲခ်င္ၾကဘူးလားဟာ...ဟင့္
ဒီလူ႔ဂြစာႀကီးကိုမယူခ်င္ဘူးလို႔ ၿဗဲ....
စိတ္ထဲကသာမ်ိဳးစံုေအာ္ဟစ္ေနေပမယ့္
အျပင္မွာက လက္မွတ္ေတာင္ ထိုးၿပီးေနၿပီ
ငါ့လက္ေတြေတာင္ငါ့စကားနားမေထာင္ေတာ့ပါလားဟာ
"ကဲ အခုခ်ိန္ကစၿပီး သတို႔သား၂ေယာက္ဟာ အၾကင္လင္လင္အရာေျမာက္သြားပါၿပီ
ဘ၀ခရီးလမ္းကိုသာယာေျဖာင့္ျဖဴးစြာနဲ႔ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းႏိုင္ပါေစ..."
ဘိသိတ္ဆရာရဲ့စကားသံအဆံုးမာ ငိုသံႀကီးဟာၿပဲခနဲ
အားလံုးဘယ္ကလာသလဲလို႔ျပဴးျပဴးၿပဲျပဲလိုက္ၾကည့္ေတာ့ေတြ့ပါၿပီ
ဆရာဆရာနဲ႔ျဖစ္ေနၾကတဲ့ ရြာထဲကေရွာင္က်န္႔ကိုႀကိဳက္ေနၾကတဲ့ အပ်ိဳႀကီး၂ေယာက္
ငါးရိုးနဲ႔ဆူးမ
"အမယ္ေလး ပါသြားျပန္ပါေပါ့လား
ငါကခ်ိန္လိုက္ပါသြားလိုက္နဲ႔ ဆိုးလိုက္တဲ့ငါ့ဘ၀ ဟင့္ ရႊတ္ ၿဗဲ..."
"ငါေရာဘာထူးလဲ ဒီတစ္ေယာက္နဲ႔ဆိုရင္ ၁၀ေယာက္ေက်ာ္သြားၿပီဟဲ့ ၿဗဲ..."
"အရင္တုန္းကခ်ိန္ပဲပါတာ အခုကရွပါရွသြားတာ ခ်ိန္ပါရွႀကီးျဖစ္သြားၿပီ အီးးးး..."
ရယ္ရခက္ ငိုရခက္ အားလံုးကလည္းၿပံဳးတံု႔တံု႔ေတျြဖစ္ကုန္တယ္
"ဟဲ့ ဟို၂ေယာက္ငိုခ်င္ရင္တစ္ျခားေနရာသြားငိုၾက ဒီမွာမဂၤလာယူေနတာကို အလိုက္ကန္းဆိုးကိုမသိဘူး"
"ဟင့္ အရီးကလည္း ကြၽန္မတို႔ကကိုယ့္ခံစားခ်က္ေတြကိုမ်ွဝေေနတာပါေနာ္"
"အသည္းကြဲတာေတာင္အေကာင္းမကြဲရဘူး"
"ကြဲခ်င္လည္းတစ္ျခားေနရာသြားကြဲၾကေအ ဒီမွာမဂၤလာယူေနတယ္"
၀မ္အေမကေျပာေတာ့ ၂ေယာက္သားဆူပုတ္ပုတ္နဲ႔ထြက္သြားၾကတယ္
ဘယ္လိုဟာေတြမွန္းမသိဘူး အဲ့ေလာက္ျဖစ္ေနလို႔လည္း အပ်ိဳႀကီးေတျြဖစ္ေနတာ
၂ဖက္မိဘေတြကိုကန္ေတာ့ၾကတယ္
မိဘေတြကလည္းဆုေပးၿပီး ဆံုးမစရာရိွတာဆံုးမတယ္
ေျပာလို႔ဆိုလို႔ၿပီးသြားေတာ့
"ကဲ သားတို႔လည္းပင္ပန္းေနၿပီမလား နားၾကေတာ့ မားတို႔လည္းသြားေတာ့မယ္
၀မ္ေလးအေမ ကြၽန္မတို႔ကိုစိုက္ခင္းလိုက္ျပဖို႔ဆို"
"ဪ...ဟုတ္သားပဲ သြားၾကတာေပါ့"
"သားလည္းလိုက္မယ္"
"သားကဘာလိုက္လုပ္မွာလဲ ရိေပၚေလးအနားမွာေနေလ"
"မေနခ်င္ပါဘူး မားတို႔နဲ႔လိုက္ေနမွာ "
"ေအာ္ ဒီသားနဲ႔လည္း"
"ဘာလဲ မားေနာ္သားကိုဂ်င္းထည့္သြားတာမေက်နပ္ေသးဘူး"
Xiaoမားၿပံဳးလိုက္တယ္
"သားေကာင္းဖို႔အတြက္ပဲေလ"
"...ဘာကိုေကာင္းရမွာလဲ မားရဲ့သားေရတိမ္နက္ေတာ့မွာ.."
"ကဲပါ မနက္ျဖန္မွ မားတို႔ဆီလာခဲ့ မားတို႔လည္းျပန္ေသးတာမွ မဟုတ္ဘဲ တစ္ေယာက္ထဲမလာခ်င္ရင္ ရိေပၚေလးကိုပါေခၚလာခဲ့ေလ"
"မေခၚခ်င္ပါဘူး"
"ဟဲ့ သား အို.."
Xiao မားက ရိေပၚကိုအားနာသလိုၾကည့္လိုက္တယ္
"ရပါတယ္ အေဒၚ သူေျပာခ်င္တာေျပာပါေစ အေဒၚတို႔သြားစရာရိွတာသြားၾကပါ"
"ေအး ေအး"
"ခင္ဗ်ား"
"ဒါဆိုအေမတို႔သြားၿပီေနာ္"
"ဟုတ္ကဲ့"
"ဟာ မား မား"
ေရွာင္က်န္႔တို႔ကိုတစ္ခ်က္မွ လွည့္မၾကည့္ဘဲ
အေမ၂ေယာက္ဟာထြက္သြားၾကၿပီ
"မင္းဘာျဖစ္ေနတာလဲ လူႀကီးေတြသြားစရာရိွတာသြားပါေစ"
"ခင္ဗ်ားကေရာ ဘာျဖစ္ေနတာလဲ "
"ငါကဘာျဖစ္ေနလို႔လဲ"
မထံုတတ္ေတးနဲ႔သူ႔ကိုယ္သူလက္ညိုးျပန္ထိုးကာေမးေနတဲ့ရိေပၚကိုၾကည့္ၿပီး
ေရွာင္က်န္႔အသက္ရူသံေတျြမန္လာတယ္
ဂါးး စိတ္တိုလိုက္တာ ဘာ့လို႔သူ႔ကိုေမးတိုင္းငါပဲျပန္ေမးခံေနရတာလဲ
............
Unicode
ခြံထဲမှာကားသံကြားတာနဲ့ ရှောင်ကျန့်တစ်ယောက်အိမ်ပေါ်ကနေအပြေးဆင်းလာတယ်
"ပါး!! မား!!"
ပါးနဲ့မား ၂ယောက်လုံးကိုပြေးဖက်လိုက်တယ်
"အမယ်လေး ခုမှ
ရောက်ကတည်းက ဖုန်းတောင်တစ်ချက်ဆက်ဖော်မရဘဲနဲ့"
"မားကလည်း"
ရှောင်ကျန့်နှုတ်ခမ်းလေးဆူရင်း မားကိုကပ်ချွဲနေတယ်
"မား သားပြောထားတာမမေ့နဲ့နော်"
"အင်းပါ မမေ့ပါဘူး"
"အိမ်ထဲ၀င်ကြလေ အပြင်ကြီးမှာ လာ လာကြ"
အဖိုးကပြောပြီးအိမ်ထဲကို၀င်သွားတယ်
ရှောင်ကျန့်လည်းပါးနဲ့မားရဲ့အထုပ်တွေကို ကူသယ်ရင်းနောက်ကလိုက်လာခဲ့တယ်
ဒါနဲ့အထုပ်တွေကများလှချည်လား
Xiaoမားတို့ရောက်ပြီးသိပ်မကြာ ၀မ်အမေနဲ့အဖေရောက်လာတယ်
သေချာပေါက်ဝမ်ရိပေါ်ရောပေါ့
ရှောင်ကျန့်ကတော့ ရိပေါ်ကိုမြင်တည်းကအိမ်ပေါ်ထပ်ကသူ့အခန်းထဲကို၀င်သွားတာများ လှစ်ခနဲပဲ
အခန်းထဲ၀င်ပြေးရတာက တစ်ခြားမဟုတ်ပါဘူး မားဆီကိုဖုန်းဆက်တုန်းက ဝမ်ရိပေါ်ကရွာမှာဘယ်လောက်ဆိုးတယ် အရက်သမား အလုပ်မရှိအကိုင်မရှိမိဘလုပ်စာထိုင်စားနေတဲ့သူ
စသည်စသည်ဖြင့်ဟိုလူကြီးမကောင်းကြောင်းတွေကိုငါလေးပေါက်ပေါက်ဖောက်သလိုပြောထားတာလေ
အဲ့ဒါကြောင့် ဝမ်ရိပေါ်ကြီးကိုမြင်ရင်စိတ်မလုံလို့၀င်ပုန်းနေတာ
သူ့ကိုလည်းမကောင်းမပြောချင်ပါဘူး
ဒါပေမယ့် အဲ့လိုပြောထားမှ မားတို့ကခါးခါးသီးသီးငြင်းမှာလေ ဟုတ်တယ်မလား
ရှောင်ကျန့်အကြံကောင်းချက်ကတော့ ဗဲရီးဗဲရီးစိုးစိုးဂွတ်ပဲ
1 နာရီလောက်ကြာတော့၀မ်မိသားစု ပြန်သွားတာကိုအပေါ်ထပ်ပြတင်းပေါက်ကနေမြင်လိုက်ရတယ်။
ထိုအချိန်အခန်းတံခါးလာခေါက်လို့ဖွင့်ကြည့်လိုက်တော့ မားကပြုံးပြုံးကြီးကြည့်နေတယ်။
"ဘယ်လိုလဲ မား အဆင်ပြေလား"
"သားဘာမှ စိတ်မပူနဲ့တော့အားလုံးအဆင်ပြေတယ်"
"အဲ့ဒါကြောင့် မားကိုချစ်နေရတာ"
ရှောင်ကျန့်မားကိုဖက်လိုက်တယ်
"သားရဲ့မားပါ မပိုင်ရင်ခြင်တောင်မရိုက်ဘူး ဟင်း ဟင်း"
ရှောင်ကျန့်ဝမ်းသာစွာမားကိုနောက်တစ်ကြိမ်ဖက်လိုက်တယ်။ လက်သီးလေးကိုဆုပ်ပြီးတော့လည်း ရက်စ်လို့ပြောလိုက်သေး
နောက်ဆုံးတော့ငါလေး ယောကျ်ားမယူရတော့ဘူးကွ ဟ ဟား
..........
စားပွဲခုံတစ်လုံးရဲ့ရှေ့မှာ ခေါင်းငိုက်စိုက်ထိုင်နေသော သတို့သားလေးရှောင်ကျန့်
သူ့ရှေ့ကအသစ်စက်စက်လက်ထပ်စာချုပ်၂စောင်ကပြုံးပြနေတယ်
ငါဆုတ်ဖြဲမိတော့မယ် မင်းတို့တော့
လက်ထပ်ပွဲကိုတော့အဖိုးအိမ်မှာပဲလက်မှတ်ထိုးပြီးအကျဥ်းရုံးလုပ်လိုက်ကြတယ်
မြန်အောင်လို့တဲ့လေ
ဘေးကိုကြည့်လိုက်တော့ သတို့သားကြီးဝမ်ရိပေါ်ကလက်မှတ်တောင်ထိုးပြီးနေပြီ
၂ဖက်မိဘတွေကလည်းပြုံးရွှင်လို့ မပျော်နိုင်တာကရှောင်ကျန့်တစ်ယောက်တည်းသာ...
ဘာ့လို့လဲ ဘာ့လို့လဲ ဟင့်
မားလိမ်တယ် မားညာတယ် အဆင်ပြေသွားပြီဆိုပြီးတော့ ဟင့်
အခုချိန်မှာ ငါလေးကိုကောင်မလေးတစ်ယောက်လောက် လာဆွဲရင်သိပ်ကောင်းမှာပဲ
ဘယ်သူဆွဲဆွဲလိုက်မယ်
တစ်ယောက်လောက်ငါလေးကို လာမဆွဲချင်ကြဘူးလားဟာ...ဟင့်
ဒီလူ့ဂွစာကြီးကိုမယူချင်ဘူးလို့ ဗြဲ....
စိတ်ထဲကသာမျိုးစုံအော်ဟစ်နေပေမယ့်
အပြင်မှာက လက်မှတ်တောင် ထိုးပြီးနေပြီ
ငါ့လက်တွေတောင်ငါ့စကားနားမထောင်တော့ပါလားဟာ
"ကဲ အခုချိန်ကစပြိီး သတို့သား၂ယောက်ဟာ အကြင်လင်လင်အရာမြောက်သွားပါပြီ
ဘ၀ခရီးလမ်းကိုသာယာဖြောင့်ဖြူးစွာနဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ..."
ဘိသိတ်ဆရာရဲ့စကားသံအဆုံးမာ ငိုသံကြီးဟာပြဲခနဲ
အားလုံးဘယ်ကလာသလဲလို့ပြူးပြူးပြဲပြဲလိုက်ကြည့်တော့တွေ့ပါပြီ
ဆရာဆရာနဲ့ဖြစ်နေကြတဲ့ ရွာထဲကရှောင်ကျန့်ကိုကြိုက်နေကြတဲ့ အပျိုကြီး၂ယောက်
ငါးရိုးနဲ့ဆူးမ
"အမယ်လေး ပါသွားပြန်ပါပေါ့လား
ငါကချိန်လိုက်ပါသွားလိုက်နဲ့ ဆိုးလိုက်တဲ့ငါ့ဘ၀ ဟင့် ရွှတ် ဗြဲ..."
"ငါရောဘာထူးလဲ ဒီတစ်ယောက်နဲ့ဆိုရင် ၁၀ယောက်ကျော်သွားပြီဟဲ့ ဗြဲ..."
"အရင်တုန်းကချိန်ပဲပါတာ အခုကရှပါရှသွားတာ ချိန်ပါရှကြီးဖြစ်သွားပြီ အီးးးး..."
ရယ်ရခက် ငိုရခက် အားလုံးကလည်းပြုံးတုံ့တုံ့တွေဖြစ်ကုန်တယ်
"ဟဲ့ ဟို၂ယောက်ငိုချင်ရင်တစ်ခြားနေရာသွားငိုကြ ဒီမှာမင်္ဂလာယူနေတာကို အလိုက်ကန်းဆိုးကိုမသိဘူး"
"ဟင့် အရီးကလည်း ကျွန်မတို့ကကိုယ့်ခံစားချက်တွေကိုမျှ၀ေနေတာပါနော်"
"အသည်းကွဲတာတောင်အကောင်းမကွဲရဘူး"
"ကွဲချင်လည်းတစ်ခြားနေရာသွားကွဲကြအေ ဒီမှာမင်္ဂလာယူနေတယ်"
၀မ်အမေကပြောတော့ ၂ယောက်သားဆူပုတ်ပုတ်နဲ့ထွက်သွားကြတယ်
ဘယ်လိုဟာတွေမှန်းမသိဘူး အဲ့လောက်ဖြစ်နေလို့လည်း အပျိုကြီးတွေဖြစ်နေတာ
၂ဖက်မိဘတွေကိုကန်တော့ကြတယ်
မိဘတွေကလည်းဆုပေးပြီး ဆုံးမစရာရှိတာဆုံးမတယ်
ပြောလို့ဆိုလို့ပြီးသွားတော့
"ကဲ သားတို့လည်းပင်ပန်းနေပြီမလား နားကြတော့ မားတို့လည်းသွားတော့မယ်
၀မ်လေးအမေ ကျွန်မတို့ကိုစိုက်ခင်းလိုက်ပြဖို့ဆို"
"ဪ...ဟုတ်သားပဲ သွားကြတာပေါ့"
"သားလည်းလိုက်မယ်"
"သားကဘာလိုက်လုပ်မှာလဲ ရိပေါ်လေးအနားမှာနေလေ"
"မနေချင်ပါဘူး မားတို့နဲ့လိုက်နေမှာ "
"အော် ဒီသားနဲ့လည်း"
"ဘာလဲ မားနော်သားကိုဂျင်းထည့်သွားတာမကျေနပ်သေးဘူး"
Xiaoမားပြုံးလိုက်တယ်
"သားကောင်းဖို့အတွက်ပဲလေ"
"...ဘာကိုကောင်းရမှာလဲ မားရဲ့သားရေတိမ်နက်တော့မှာ.."
"ကဲပါ မနက်ဖြန်မှ မားတို့ဆီလာခဲ့ မားတို့လည်းပြန်သေးတာမှ မဟုတ်ဘဲ တစ်ယောက်ထဲမလာချင်ရင် ရိပေါ်လေးကိုပါခေါ်လာခဲ့လေ"
"မခေါ်ချင်ပါဘူး"
"ဟဲ့ သား အို.."
Xiao မားက ရိပေါ်ကိုအားနာသလိုကြည့်လိုက်တယ်
"ရပါတယ် အဒေါ် သူပြောချင်တာပြောပါစေ အဒေါ်တို့သွားစရာရှိတာသွားကြပါ"
"အေး အေး"
"ခင်ဗျား"
"ဒါဆိုအမေတို့သွားပြီနော်"
"ဟုတ်ကဲ့"
"ဟာ မား မား"
ရှောင်ကျန့်တို့ကိုတစ်ချက်မှ လှည့်မကြည့်ဘဲ
အမေ၂ယောက်ဟာထွက်သွားကြပြီ
"မင်းဘာဖြစ်နေတာလဲ လူကြီးတွေသွားစရာရှိတာသွားပါစေ"
"ခင်ဗျားကရော ဘာဖြစ်နေတာလဲ "
"ငါကဘာဖြစ်နေလို့လဲ"
မထုံတတ်တေးနဲ့သူ့ကိုယ်သူလက်ညိုးပြန်ထိုးကာမေးနေတဲ့ရိပေါ်ကိုကြည့်ပြီး
ရှောင်ကျန့်အသက်ရူသံတွေမြန်လာတယ်
ဂါးး စိတ်တိုလိုက်တာ ဘာ့လို့သူ့ကိုမေးတိုင်းငါပဲပြန်မေးခံနေရတာလဲ
............