သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှ...

By thinlaelaewin

1.1M 154K 7.4K

ေသြးစုပ္ဖုတ္ေကာင္၏ သႏၶေသားႏွင့္အတူႏိုးထျခင္း Title : I woke up pregnant with a Jiangshi's child Original Auth... More

Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 2.1
Chapter 2.2
Chapter 2.3
Chapter 3.1
Just Announcement
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8(full chapter)
Chapter 9(full chapter)
Chapter 10(full chapter)
Chapter 11.1
Chapter 11.2
Chapter 12(full chapter)
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16(full chapter)
Chapter 17(full chapter)
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22(full chapter)
Chapter 23.1
Chapter 23.2
Poster +spoiler
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26(full chapter )
Chapter 27(full chapter)
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 30(full chapter)
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33(full chapter)
Chapter 34.1(warning)
Chapter 34.2
Chapter 35(full chapter)
Chapter 36(full chapter)
Chapter 37(full chapter)
Chapter 38.1
Chapter 38.2
Chapter 39(full Chapter)
Chapter 40(full chapter)
Chapter 41(full chapter)
Chapter 42(full chapter)
Chapter 43(full chapter)
Chapter 44(full chapter)
Chapter 45(full chapter)
Chapter 46(full chapter)
Chapter 47(full chapter)
Chapter 48(full chapter)
Chapter 49(full chapter)
Chapter 50(full chapter)
Chapter 51.1
Chapter 51.2
Chapter 52(full chaper)
Chapter 53(full chapter)
Chapter 54(full chapter)
Chapter 55(full chapter)
Chapter 56(full chapter)
Chpater 57(full chapter)
Chapter 58(full chapter)
Chapter 59(full chapter)
Chapter 60(full chapter)
Chapter 61(full chapter)
Chapter 62(full chapter)
Chapter 63(full chapter)
Chapter 64(full chapter)
Chapter 65(full chapter)
Chapter 66(full chapter)
Chapter 67(full chapter)
Chapter 68(full chapter)
Chapter 69(full chapter)
Chapter 70(full chapter)
Chapter 71(full chapter)
Chapter 72(full chapter)
Chapter 73(full chapter)
Chapter 74(full chapter)
Chapter 75(full chapter)
Chapter 76(full chapter)
Chapter 77(full chapter)
Chapter 78(full chapter)
Chapter 79(full chapter)
Chapter 80(full chapter)

Chapter 24.1

10.3K 1.4K 26
By thinlaelaewin

အတိတ်ဘဝ(2)

ခနစောင့်ရမည်ဟူသောစာသားက ဖီးရှန်မျက်နှာထက် စိတ်မရှည်ဟန်တို့ပေါ်ပေါက်သွားစေလေသည်။ ကျန်းချိုး ဖီးရှန်ကိုနှစ်သိမ့်လိုက်ရ၏။

"စိတ်အရမ်းမပူပါနဲ့..အကိုအသက်ရှင်လာမယ်လို့ ကျတော်သေချာပေါက်ယုံကြည်တယ် ..သူက ဇာမနီမျိုးသေချာရင် ကျတော်တို့လိုသာမာန်နဲ့တော့ ခြားနားမှာပါ"

"ငါသူ့ကိုအရင်တုန်းက အရမ်းမုန်းခဲ့လို့ ပြသနာအမျိုးမျိုးဖန်တီးခဲ့တယ်...တကယ့်တကယ်သူငါရှေ့ကလည်း ပျောက်သွားရော..ငါသူ့ကိုဘယ်တုန်းကမှမမုန်းခဲ့ဖူးဆိုတဲ့အမှန်တရားက ပေါ်လာရော"

ဖီးရှန်သူ့အိပ်ကပ်ထဲက ပုတီးစေ့လေးကိုပွတ်သတ်ရင်း တည်ငြိမ်အောင်ကြိုးစားနေရလျက် ဟိုးဝေးဝေးက အတိတ်ဇာတ်ကြောင်းလေးတစ်ခုကို အစပြန်ဖော်နေလေသည်။

"သူထင်ခဲ့တာ သူကိုယ်တိုင်ကြောင့်ပဲ ငါသေခဲ့တာလို့လေ...တကယ်တော့ ငါသူ့ကို လုံးဝမပျော်ရွှင်စေချင်ခဲ့တာ ..သူကအရာအားလုံးကို ထိုးထွင်းသိနိုင်ခဲ့ပေမယ့် ငါ့သေခြင်းတရားကြီးတော့မပါခဲ့ဖူး.. "

မြိုသိပ်ထားသည့်အချိန်တို့ကအရမ်းကြာရှည်ခဲ့သောကြောင့်လားမသိ..ဖီးရှန်၏ စကားလုံးတို့ အဆင်ချောချောဖြင့် တရစပ်.. .

"ငါ လျို့ဒါးရှေ့မှာ သိမ်မွေ့ဟန်ဆောင်ခဲ့တာက ယောကျာၤးတစ်ယောက်အောက်ရောက်ရဖို့ ဖိအားပေးခံလိုက်ရတာပဲ..အာဏာတွေကြား ငါထွေပြားရင်း သူ့ကိုအဆိပ်ခတ်ပြီး ထီးနန်းသိမ်းဖို့ကြံရွယ်ခဲ့ပေမယ့် ငယ်ရွယ်နူးညံ့ပြီး ဘယ်တုန်းကမှ သတိမလျော့ဖူးတဲ့သူက ငါ့လှည့်ကွက်တွေထဲ မကျရောက်ခဲ့ဖူး..ဟက်"

"အဲ့နောက်တော့ အကျဉ်းချခံလိုက်ရပြီး ညှင်းပန်းနှိပ်စက်မှုပေါင်းစုံကိုပဲရလိုက်တဲ့အပြင် တုန်လှုပ်စရာကောင်းတဲ့အဖြေတစ်ခုက ငါဆိုတဲ့ဦးရီးတော်က နန်းသွေးတစ်စက်တောင်မပါတဲ့ သူတစ်ယောက်ဆိုတာကိုပဲ"

ကျန်းချိုးလည်း ဖီးရှန်နှင် ယုရွှေတို့က တူအရီးတွေလို့ထင်ခဲ့ဖူးပေသည်။ အခုတော့ ဟန်ဘုရင်နှင့်ဖီးရှန်တို့ဘားမှတော်စပ်မှုမရှိဟူသည့်အမှန်တရားတစ်ရပ်ပေါ်လာခဲ့ပေပြီ။

ဖီးရှန်ပုံမှာ အတွေးတို့က ဟိုးအတိတ်ဆီပြန်ရောက်သွားရုံမက လူကိုယ်တိုင်ကိုပါ ပြန်ဆွဲခေါ်နေသလိုမျိုးနှင့်..မျက်နှာထက်တွင်တော့ ကြေကွဲရိပ်တို့က တစ်စွန်းတစ်စ။

"အဲ့ကလေးက ဒါကိုအစောကြီးကတည်းက သိခဲ့ပြီးသား..သူကငါ့အကြောင်းမှန်သမျှအားလုံးသိနေခဲ့တာ.အဲ့အချိန်တုန်းက ငါလိုချင်တာက.ငါ့အမုန်းတရားအတွက် သူ့ရဲ့ရှုံးနိမ့်ဖို့ကိုပဲ ..ငါသူ့ကိုအယုံသွင်းပြီး ဝိုင်ကိုဆက်သခဲ့တယ်...အဲ့တာက အဆိပ်ကြီးပါလို့လည်း ညာလိုက်ရော သူဘယ်လောက်ဒေါသထွက်သွားလည်း မင်းတို့မမှန်းဆနိုင်လောက်ဘူး..အဲ့အချိန်က ငါ့အတွက်အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုကြီးပဲ..သူကဘယ်လောက်ထိဒေါသထွက်ခဲ့လဲဆို ငါ့ကိုတောင်သူ့လက်နဲ့ကိုယ်တိုင်သတ်ပစ်လိုက်တဲ့အဆင့်ထိတဲ့လေ"

ကျန်းချိုး ဘယ်လိုနှစ်သိမ့်စကားပြောပေးရမလဲတောင်အစဖော်မရတော့။ ဖီးရှန်ဆိုသည့်ထိုသူက သူ့ကိုသူ အတိတ်နွံ့ထဲဖိသိပ်ပြီး နှိပ်စက်နေသူပင်မဟုတ်ပါလား။နောက်ဆုံးသူကပဲ သတင်းရလျင်အကြောင်းကြားပေးမည်အိပ်တော့ဟု စကားစဖြတ်သွားလေသည်။

ကျန်းချိုးအိပ်ခန်းထဲပြန်ရောက်ချိန်ထိ ဇဝေဇဝါရှိနေဆဲကိစ္စကြီးကြောင့် လီစူးအားမေးလိုက်မိ၏။

"ဖီးရှန်ပြောပုံအရဆို ဒါကြီးက နှစ်ထောင်ချီအောင် မဖြေရှင်းရသေးတဲ့ဇာတ်ရှုပ်ကြီးတစ်ခု.."

"မင်းကသူမဟုတ်တော့ နားလည်နိုင်မှာမဟုတ်ဘူး"

လီစူးပြောရင်း ထပ်မေးလိုက်၏။

"လျို့ရန်ပါးစပ်ထဲ နှိပ်စက်မှုကို မင်းဘယ်လိုထင်လဲ"

"အဲ့တာညှင်းပန်းတာပဲမဟုတ်လား?"

(T/N ညှင်းပန်းနည်းက sexual abuseဖြစ်လိမ့်မယ်)

ကျန်းချိုးပြန်ဖြေပြီး လီစူး၏အကြည့်ကို သဘောပေါက်သွားသဖြင့် စကားထစ်သွားရလေသည်။

"အဲ့..တာဘာလဲ..ဘာဆက်ဖြစ်မှာလဲ?"

လီစူး ကျန်းချိုး ဤခေါင်းစဉ်အောက်သို့ဆွဲခေါ်နိုင်ခဲ့ပြီးတခန တမင်တကာပင်ရှုပ်ထွေးနေဟန်ဖြင့် ကျန်းချိုးစကားထစ်နေသည့်လေသံတုလျက်ပြောလိုက်လေသည်။

"အဲ့..တာဘာလဲ?"

"ဟေ့!!"

ကျန်းချိုးအသံဆောင့်တက်သွားချိန် လီစူးပြုံးလျက် ဆက်ပြောလေသည်။

"ရည်ရွယ်ချက်ကြီးတဲ့လူတစ်ယောက်က အမြင့်ကနေ တူတစ်ယောက်ရဲ့အောက်ရောက်နေရပြီး သူ့တကယ့်သွေးကလည်း နန်းသွေးမဟုတ်ခဲ့ဘူးဆိုရင် မင်းအဲ့အခြေနေကြီးကိုမုန်းလား?"

"မုန်းတာပေါ့"

ကျန်းချိုး ဖီးရှန်နေရာက ဝင်ခံစားပေးနိုင်စွမ်းမရှိသော်ငြား တစ်ဖြေးဖြေးနားလည်လာသလိုပင်။ ဒါက လူတစ်ယောက်ရဲ့အရှက်သိက္ခာနှင့်ရင်းပြီးအပြစ်ပေးခံရခြင်းပင်မဟုတ်လား။

"နားမလည်နိုင်စရာမရှိဘူး..ဒါကအရမ်းကိုဆိုးဝါးလွန်းတယ်"

လီစူးတွေးမိသည်က ဟန်ဘုရင်မှာ သူ့လုပ်ခဲ့တာတွေကဘယ်လောက်ထိဆိုးဝါးခဲ့လည်းမတွေးမိခဲ့တာဖြစ်နိုင်သလို သူဖီးရှန်ကို ညှန်းပန်းခဲ့သည်ကလည်း အရှက်သိက္ခာကိုစော်ကားလိုသော ရည်ရွယ်ချက်ကြီးကြောင့်လည်း ဟုတ်ခဲ့ဟန်မတူ။ ပိဇန်အသက်နှင့်ရင်းပြီး လက်စားချေခဲ့ပြီးမှ သူ သူ့အတွေးတစ်ခုထဲကနေ နိုးထလာခဲ့ဟန်ပင်။ သို့သော် လီစူး သူ့အတွေးတို့ကိုကျန်းချိုးအားထုတ်မပြောဖြစ်..ပြောမိလျင် ကျန်းချိုးဒီတစ်ညအိပ်ပျော်မှာမဟုတ်မှန်းကျိန်းသေ၏။

"ကြည့်ရတာ ရှောင်းချိုးက ချစ်ရေးချစ်ရာအမြင်တွေရှိပုံပဲ ..ဒါမှမဟုတ် လက်တွဲဖော်ရှိနေပြီလား?"

လီစူး၏ အဓိပ္ပါယ်တစ်မျိုးပါဝင်နေသောစကားနှင့်အကြည့်အောက် ကျန်းချိုး စိတ်ကျဉ်းကျပ်သွားရ၏။ အခုပဲ သေချာပေါက် ဟန်ဘုရင်နဲ့ဖီးရှန်တို့အကြောင်းအသေအချာကိုဆွေးနွေးနေခဲ့ရာကနေပြီး တစ်မုဟုတ်ခြင်းအဘယ်ကြောင့်များ သူ့ဆီမြားဦးလှည့်လာရသည်လဲ။ လီစူးကိုလည်း ယောင်္ကျားတွေကိုကြိုက်လားလို့ ပြန်မေးနေချင်သော စကားတို့က လည်ချောင်းတစ်ဝိုက်တွင်သာ ဆို့တက်သွားရပြီးအပြင်ထွက်ဖို့တွန်းအားမရကြရှာ။

"ကျတော်ရေအရင်သွားချိုးလိုက်မယ်"

ကျန်းချိုး၏ နောက်ကျောကိုငေးကြည့်နေသော လီစူးညင်ညင်သာသာလေးရယ်လိုက်၏။

"စုန့်ပေါင်လေး"

(T/N it means နူးနူးညံ့ညံ့ ရှိုးတိုးရှက်တန့်)

ရှက်သွေးဖြာဖြာကျန်းချိုးတစ်ယောက် ရေချိုးပြီး လီစူးအားသေရေးရှင်ရေးသဖွယ်ရေချိုးခန်းထဲဇွတ်အတင်းပို့လိုက်၏။ လီစူးရေချိုးခန်းထဲဝင်သည်နှင့် ကုတင်ပေါ်တက်ပြီး သူ့ipadဖြင့် သူ့အသည်းဆွဲcyberထဲဝင်လိုက်၏။

[အမြဲတမ်းအဲ့လူက ငါ့ကိုဆွဲဆောင်နေတယ်လို့ခံစားနေရတယ်..ထင်ယောင်ထင်မှားလားမသိဘူး..သူက ငါ့အပေါ်တိမ်းညွှတ်နေလားဆိုတာတစ်ယောက်ယောက်ဖြေပေးကြပါဦး..အဲ့လူရေချိုးခန်းထဲဝင်နေတုန်းလေး  မြန်မြန်လေးဖြေပေးကြပါ..စောင့်နေမယ်]

Total:2195words
Sorry for spelling mistakes
အဲ့cyberအကြောင်းအဟောင်းက prologueအနေနဲ့eng transမှာပါပေမယ့် ကိုယ်က တကယ်ကြီးသောက်သလွဲကျော်ခဲ့ပါတယ်တဲ့..ကိုယ့်transမှာ နိဒါန်းကြီးမပါတဲ့ကိစ္စကိုeng transဖတ်ဖူးတဲ့သူတွေကလည်းမပြောကြဘူးနော်😢နောက်တစ်ပိုင်းကျ prologueကိုအပိုင်းတစ်ပိုင်းအနေနဲ့ပြန်တင်ပေးမယ်လေနော်..အဲ့တာပြီးမှ ကျန်နေတဲ့24.2ကိုပြန်လို့ရမှာ😁😁😁ကိုယ်က ရိုက်ပေါက်တွေသိပ်လုပ်တာ

Zawgyi
အတိတ္ဘဝ(2)

ခနေစာင့္ရမည္ဟူေသာစာသားက ဖီးရွန္မ်က္ႏွာထက္ စိတ္မရွည္ဟန္တို႔ေပၚေပါက္သြားေစေလသည္။ က်န္းခ်ိဳး ဖီးရွန္ကိုႏွစ္သိမ့္လိုက္ရ၏။

"စိတ္အရမ္းမပူပါနဲ႔..အကိုအသက္ရွင္လာမယ္လို႔ က်ေတာ္ေသခ်ာေပါက္ယံုၾကည္တယ္ ..သူက ဇာမနီမ်ိဳးေသခ်ာရင္ က်ေတာ္တို႔လိုသာမာန္နဲ႔ေတာ့ ျခားနားမွာပါ"

"ငါသူ႔ကိုအရင္တုန္းက အရမ္းမုန္းခဲ့လို႔ ျပသနာအမ်ိဳးမ်ိဳးဖန္တီးခဲ့တယ္...တကယ့္တကယ္သူငါေရ႔ွကလည္း ေပ်ာက္သြားေရာ..ငါသူ႔ကိုဘယ္တုန္းကမွမမုန္းခဲ့ဖူးဆိုတဲ့အမွန္တရားက ေပၚလာေရာ"

ဖီးရွန္သူ႔အိပ္ကပ္ထဲက ပုတီးေစ့ေလးကိုပြတ္သတ္ရင္း တည္ၿငိမ္ေအာင္ႀကိဳးစားေနရလ်က္ ဟိုးေဝးေဝးက အတိတ္ဇာတ္ေၾကာင္းေလးတစ္ခုကို အစျပန္ေဖာ္ေနေလသည္။

"သူထင္ခဲ့တာ သူကိုယ္တိုင္ေၾကာင့္ပဲ ငါေသခဲ့တာလို႔ေလ...တကယ္ေတာ့ ငါသူ႔ကို လံုးဝမေပ်ာ္ရႊင္ေစခ်င္ခဲ့တာ ..သူကအရာအားလံုးကို ထိုးထြင္းသိႏိုင္ခဲ့ေပမယ့္ ငါ့ေသျခင္းတရားႀကီးေတာ့မပါခဲ့ဖူး.. "

ၿမိဳသိပ္ထားသၫ့္အခ်ိန္တို႔ကအရမ္းၾကာရွည္ခဲ့ေသာေၾကာင့္လားမသိ..ဖီးရွန္၏ စကားလံုးတို႔ အဆင္ေခ်ာေခ်ာျဖင့္ တရစပ္.. .

"ငါ လ်ိဳ႕ဒါးေရ႔ွမွာ သိမ္ေမြ့ဟန္ေဆာင္ခဲ့တာက ေယာက်ာၤးတစ္ေယာက္ေအာက္ေရာက္ရဖို႔ ဖိအားေပးခံလိုက္ရတာပဲ..အာဏာေတြၾကား ငါေထျြပားရင္း သူ႔ကိုအဆိပ္ခတ္ၿပီး ထီးနန္းသိမ္းဖို႔ႀကံရြယ္ခဲ့ေပမယ့္ ငယ္ရြယ္ႏူးညံ့ၿပီး ဘယ္တုန္းကမွ သတိမေလ်ာ့ဖူးတဲ့သူက ငါ့လွၫ့္ကြက္ေတြထဲ မက်ေရာက္ခဲ့ဖူး..ဟက္"

"အဲ့ေနာက္ေတာ့ အက်ဉ္းခ်ခံလိုက္ရၿပီး ၫွင္းပန္းႏိွပ္စက္မႈေပါင္းစံုကိုပဲရလိုက္တဲ့အျပင္ တုန္လႈပ္စရာေကာင္းတဲ့အေျဖတစ္ခုက ငါဆိုတဲ့ဦးရီးေတာ္က နန္းေသြးတစ္စက္ေတာင္မပါတဲ့ သူတစ္ေယာက္ဆိုတာကိုပဲ"

က်န္းခ်ိဳးလည္း ဖီးရွန္ႏွင္ ယုေရႊတို႔က တူအရီးေတြလို႔ထင္ခဲ့ဖူးေပသည္။ အခုေတာ့ ဟန္ဘုရင္ႏွင့္ဖီးရွန္တို႔ဘားမွေတာ္စပ္မႈမရိွဟူသၫ့္အမွန္တရားတစ္ရပ္ေပၚလာခဲ့ေပၿပီ။

ဖီးရွန္ပံုမွာ အေတြးတို႔က ဟိုးအတိတ္ဆီျပန္ေရာက္သြားရံုမက လူကိုယ္တိုင္ကိုပါ ျပန္ဆြဲေခၚေနသလိုမ်ိဳးႏွင့္..မ်က္ႏွာထက္တြင္ေတာ့ ေၾကကြဲရိပ္တို႔က တစ္စြန္းတစ္စ။

"အဲ့ကေလးက ဒါကိုအေစာႀကီးကတည္းက သိခဲ့ၿပီးသား..သူကငါ့အေၾကာင္းမွန္သမ်ွအားလံုးသိေနခဲ့တာ.အဲ့အခ်ိန္တုန္းက ငါလိုခ်င္တာက.ငါ့အမုန္းတရားအတြက္ သူ႔ရဲ့ရႈံးနိမ့္ဖို႔ကိုပဲ ..ငါသူ႔ကိုအယံုသြင္းၿပီး ဝိုင္ကိုဆက္သခဲ့တယ္...အဲ့တာက အဆိပ္ႀကီးပါလို႔လည္း ညာလိုက္ေရာ သူဘယ္ေလာက္ေဒါသထြက္သြားလည္း မင္းတို႔မမွန္းဆႏိုင္ေလာက္ဘူး..အဲ့အခ်ိန္က ငါ့အတြက္အဖိုးမျဖတ္ႏိုင္တဲ့ ေပ်ာ္ရႊင္မႈႀကီးပဲ..သူကဘယ္ေလာက္ထိေဒါသထြက္ခဲ့လဲဆို ငါ့ကိုေတာင္သူ႔လက္နဲ႔ကိုယ္တိုင္သတ္ပစ္လိုက္တဲ့အဆင့္ထိတဲ့ေလ"

က်န္းခ်ိဳး ဘယ္လိုႏွစ္သိမ့္စကားေျပာေပးရမလဲေတာင္အစေဖာ္မရေတာ့။ ဖီးရွန္ဆိုသၫ့္ထိုသူက သူ႔ကိုသူ အတိတ္ႏြံ႔ထဲဖိသိပ္ၿပီး ႏိွပ္စက္ေနသူပင္မဟုတ္ပါလား။ေနာက္ဆံုးသူကပဲ သတင္းရလ်င္အေၾကာင္းၾကားေပးမည္အိပ္ေတာ့ဟု စကားစျဖတ္သြားေလသည္။

က်န္းခ်ိဳးအိပ္ခန္းထဲျပန္ေရာက္ခ်ိန္ထိ ဇေဝဇဝါရိွေနဆဲကိစၥႀကီးေၾကာင့္ လီစူးအားေမးလိုက္မိ၏။

"ဖီးရွန္ေျပာပံုအရဆို ဒါႀကီးက ႏွစ္ေထာင္ခ်ီေအာင္ မေျဖရွင္းရေသးတဲ့ဇာတ္ရႈပ္ႀကီးတစ္ခု.."

"မင္းကသူမဟုတ္ေတာ့ နားလည္ႏိုင္မွာမဟုတ္ဘူး"

လီစူးေျပာရင္း ထပ္ေမးလိုက္၏။

"လ်ိဳ႕ရန္ပါးစပ္ထဲ ႏိွပ္စက္မႈကို မင္းဘယ္လိုထင္လဲ"

"အဲ့တာၫွင္းပန္းတာပဲမဟုတ္လား?"

(T/N ၫွင္းပန္းနည္းက sexual abuseျဖစ္လိမ့္မယ္)

က်န္းခ်ိဳးျပန္ေျဖၿပီး လီစူး၏အၾကၫ့္ကို သေဘာေပါက္သြားသျဖင့္ စကားထစ္သြားရေလသည္။

"အဲ့..တာဘာလဲ..ဘာဆက္ျဖစ္မွာလဲ?"

လီစူး က်န္းခ်ိဳး ဤေခါင္းစဉ္ေအာက္သို႔ဆြဲေခၚႏိုင္ခဲ့ၿပီးတခန တမင္တကာပင္ရႈပ္ေထြးေနဟန္ျဖင့္ က်န္းခ်ိဳးစကားထစ္ေနသၫ့္ေလသံတုလ်က္ေျပာလိုက္ေလသည္။

"အဲ့..တာဘာလဲ?"

"ေဟ့!!"

က်န္းခ်ိဳးအသံေဆာင့္တက္သြားခ်ိန္ လီစူးၿပံဳးလ်က္ ဆက္ေျပာေလသည္။

"ရည္ရြယ္ခ်က္ႀကီးတဲ့လူတစ္ေယာက္က အျမင့္ကေန တူတစ္ေယာက္ရဲ့ေအာက္ေရာက္ေနရၿပီး သူ႔တကယ့္ေသြးကလည္း နန္းေသြးမဟုတ္ခဲ့ဘူးဆိုရင္ မင္းအဲ့အေျခေနႀကီးကိုမုန္းလား?"

"မုန္းတာေပါ့"

က်န္းခ်ိဳး ဖီးရွန္ေနရာက ဝင္ခံစားေပးႏိုင္စြမ္းမရိွေသာ္ျငား တစ္ေျဖးေျဖးနားလည္လာသလိုပင္။ ဒါက လူတစ္ေယာက္ရဲ့အရွက္သိကၡာႏွင့္ရင္းၿပီးအျပစ္ေပးခံရျခင္းပင္မဟုတ္လား။

"နားမလည္ႏိုင္စရာမရိွဘူး..ဒါကအရမ္းကိုဆိုးဝါးလြန္းတယ္"

လီစူးေတြးမိသည္က ဟန္ဘုရင္မွာ သူ႔လုပ္ခဲ့တာေတြကဘယ္ေလာက္ထိဆိုးဝါးခဲ့လည္းမေတြးမိခဲ့တာျဖစ္ႏိုင္သလို သူဖီးရွန္ကို ၫွန္းပန္းခဲ့သည္ကလည္း အရွက္သိကၡာကိုေစာ္ကားလိုေသာ ရည္ရြယ္ခ်က္ႀကီးေၾကာင့္လည္း ဟုတ္ခဲ့ဟန္မတူ။ ပိဇန္အသက္ႏွင့္ရင္းၿပီး လက္စားေခ်ခဲ့ၿပီးမွ သူ သူ႔အေတြးတစ္ခုထဲကေန ႏိုးထလာခဲ့ဟန္ပင္။ သို႔ေသာ္ လီစူး သူ႔အေတြးတို႔ကိုက်န္းခ်ိဳးအားထုတ္မေျပာျဖစ္..ေျပာမိလ်င္ က်န္းခ်ိဳးဒီတစ္ညအိပ္ေပ်ာ္မွာမဟုတ္မွန္းက်ိန္းေသ၏။

"ၾကၫ့္ရတာ ေရွာင္းခ်ိဳးက ခ်စ္ေရးခ်စ္ရာအျမင္ေတြရိွပံုပဲ ..ဒါမွမဟုတ္ လက္တြဲေဖာ္ရိွေနၿပီလား?"

လီစူး၏ အဓိပၸါယ္တစ္မ်ိဳးပါဝင္ေနေသာစကားႏွင့္အၾကၫ့္ေအာက္ က်န္းခ်ိဳး စိတ္က်ဉ္းက်ပ္သြားရ၏။ အခုပဲ ေသခ်ာေပါက္ ဟန္ဘုရင္နဲ႔ဖီးရွန္တို႔အေၾကာင္းအေသအခ်ာကိုေဆြးေနြးေနခဲ့ရာကေနၿပီး တစ္မုဟုတ္ျခင္းအဘယ္ေၾကာင့္မ်ား သူ႔ဆီျမားဦးလွၫ့္လာရသည္လဲ။ လီစူးကိုလည္း ေယာက်ၤားေတြကိုႀကိဳက္လားလို႔ ျပန္ေမးေနခ်င္ေသာ စကားတို႔က လည္ေခ်ာင္းတစ္ဝိုက္တြင္သာ ဆို႔တက္သြားရၿပီးအျပင္ထြက္ဖို႔တြန္းအားမရၾကရွာ။

"က်ေတာ္ေရအရင္သြားခ်ိဳးလိုက္မယ္"

က်န္းခ်ိဳး၏ ေနာက္ေက်ာကိုေငးၾကၫ့္ေနေသာ လီစူးညင္ညင္သာသာေလးရယ္လိုက္၏။

"စုန႔္ေပါင္ေလး"

(T/N it means ႏူးႏူးညံ့ညံ့ ရိႈးတိုးရွက္တန႔္)

ရွက္ေသြးျဖာျဖာက်န္းခ်ိဳးတစ္ေယာက္ ေရခ်ိဳးၿပီး လီစူးအားေသေရးရွင္ေရးသဖြယ္ေရခ်ိဳးခန္းထဲဇြတ္အတင္းပို႔လိုက္၏။ လီစူးေရခ်ိဳးခန္းထဲဝင္သည္ႏွင့္ ကုတင္ေပၚတက္ၿပီး သူ႔ipadျဖင့္ သူ႔အသည္းဆြဲcyberထဲဝင္လိုက္၏။

[အၿမဲတမ္းအဲ့လူက ငါ့ကိုဆြဲေဆာင္ေနတယ္လို႔ခံစားေနရတယ္..ထင္ေယာင္ထင္မွားလားမသိဘူး..သူက ငါ့အေပၚတိမ္းၫႊတ္ေနလားဆိုတာတစ္ေယာက္ေယာက္ေျဖေပးၾကပါဦး..အဲ့လူေရခ်ိဳးခန္းထဲဝင္ေနတုန္းေလး  ျမန္ျမန္ေလးေျဖေပးၾကပါ..ေစာင့္ေနမယ္]

Total:2195words
Sorry for spelling mistakes
အဲ့cyberအေၾကာင္းအေဟာင္းက prologueအေနနဲ႔eng transမွာပါေပမယ့္ ကိုယ္က တကယ္ႀကီးေသာက္သလြဲေက်ာ္ခဲ့ပါတယ္တဲ့..ကိုယ့္transမွာ နိဒါန္းႀကီးမပါတဲ့ကိစၥကိုeng transဖတ္ဖူးတဲ့သူေတြကလည္းမေျပာၾကဘူးေနာ္😢ေနာက္တစ္ပိုင္းက် prologueကိုအပိုင္းတစ္ပိုင္းအေနနဲ႔ျပန္တင္ေပးမယ္ေလေနာ္..အဲ့တာၿပီးမွ က်န္ေနတဲ့24.2ကိုျပန္လို႔ရမွာ😁😁😁ကိုယ္က ရိုက္ေပါက္ေတြသိပ္လုပ္တာ

Continue Reading

You'll Also Like

112K 10.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
2.3M 319K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
209K 14K 55
Jeon Jungkook x Kim Taehyung
104K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...