Phoenix in the Flame(မီးလွ်ံႀ...

By ReliChal_618

133K 13.2K 601

#Zawgyi #Unicode [Own Creation ]ရှင်းချန်း ဧကရီရဲ့ လူသိမခံဝံ့တဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်~ မင်္ဂလာဦးညမှာတင်... More

"ဒဏ္ဍာရီရဲ့အစ"
အပိုင်း-၁
အပိုင်း-၂
အပိုင်း-၃
အပိုင်း-၎
အပိုင်း-၅
အပိုင်း-၆
All About MC LinYu
အပိုင်း-၇
အပိုင်း-၈
အပိုင်း-၉
အပိုင်း-၁၀
အပိုင်း-၁၁
အပိုင်း-၁၂
အပိုင်း-၁၃
အပိုင်း-၁၄
Announcement !!
ဒဏ္ဍာရီရဲ့အစ[UniCode]
အပိုင်း-၁
အပိုင်း-၂
အပိုင်း -၁၄
အပိုင်း -၃
အပိုင်း -၄
အပိုင်း -၅
အပိုင်း -၆
အပိုင်း -၇
အပိုင်း -၈
အပိုင်း -၁၀
အပိုင်း -၉
အပိုင်း -၁၁
အပိုင်း -၁၂
အပိုင္း-၁၅
အပိုင်း -၁၅
အပိုင္း-၁၆
အပိုင်း -၁၆
အပိုင်း-၁၇ [Z+U]
Notification from Author :Please Read!!
အပိုင်း -၁၈ [Z+U]
အပိုင်း-၁၉ [Z+U]
အပိုင်း-၂၀ [Z+U]
All About Han JinXian
အပိုင်း-၂၁ [Z+U]
အပိုင်း -၂၂ [Z+U]
အပိုင်း-၂၃ [Z+U]

အပိုင်း -၁၃

1.2K 136 3
By ReliChal_618

ထူးဆန်းသောလူတစ်ဦး




"အရှင်မင်းကြီး!!!"

စစ်သူကြီးတွေက မီးရှူးတိုင်ဖြင့် အချက်ပေးလာသည့် ရှန်းဖေးမယ်မယ်ညွှန်ပြရာအတိုင်း ပျောက်ဆုံးနေသည့် ရေမြေ့အရှင်အား ပိုက်စိပ်တိုက်လိုက်လံရှာဖွေနေသည်က နာရီအတော်ကြာခန့်...
အချိန်ကြာလေ စိုးရိမ်စိတ်ပိုလာကြလေ ဖြစ်ရသော်ငြား နောက်ဆုံးတွင်မူ သစ်ရိပ်တောတစ်ခု၌ လဲပြိုကျနေသော အရှင်သခင်အား တွေ့လိုက်ရပေတော့၏။ ဒဏ်ရာရသွားပေသည်လားဟု အပြေးအလွှား စိုးရိမ်တကြီး ကြည့်ရှုစစ်ဆေးကြသော်ငြား ဝိညာဉ်မဲ့လူပမာ အရှင်သခင်က တုံ့ပြန်မှုရှိမလာ...။ စစ်သူကြီးရွှီဖုန်းက ညီမငယ်အတွက် စိုးရိမ်စိတ်ပိုနေမိသော်ငြား အရှင်သခင်ကိုအလျင် အမေးစကားပြုမိ၏။

"အရှင်မင်းကြီး အဆင်ပြေပါရဲ့လား?"

"ချန်းလင်းယွီကိုရှာ~ "

"!!!!"

"ပြောတာမကြားဘူးလား ချန်းလင်းယွီကိုရှာလို့!!"

ဟန်ကျင်းရှန်း၏လေသံက နဂိုမူထပ်မာကြောလျက်ရှိနေသည့်အခါ စစ်သူကြီးအချို့က မျက်နှာပျက်ကုန်ကြရသည်။ သူတို့က တိုင်းပြည်မိခင်နှင့်ဖခင်အား စောင့်ရှောက်ကြရမည်ဖြစ်သော်ငြား ပျက်ကွက်ခဲ့ကြသည်လေ။ မည်သူကမှ မလှုပ်ရှားခင်၌ ချန်းရွှီဖုန်းက အမိန့်နာခံဟန်ဖြင့် အရိုအသေပြုကာ ထွက်ခွာသွားတော့သည်။

မြေမှုန့်အထွေထွေလူးသည့် ဓါးကိုကောက်ကိုင်ရင်း မတ်မတ်ရပ်ဟန်ပြုသည့် ရေမြေ့သခင်ကြောင့် တပ်သားရဲမက်များက အပြစ်ရှိဟန်ခေါင်းငုံ့ကြလျက်...။
ပျောက်ဆုံးနေသည့် ဧကရီအား လိုက်ရှာခြင်း၌ မိမိကိုယ်ကိုပင်မမှုနိုင်သည့် ဧကရာဇ်ကြောင့် တပ်မဟာသည်လည်း ရှာဖွေနေသည်က နာရီအတော်ကြာမျှ...။ တောတောင်တခွင်စစ်ကြောပြီးသည့်နောက် တပ်မှူးတစ်ဦးက အလျင်စလိုသတင်းပို့လာပါ၏။

"သတင်းပို့ပါတယ်။ မယ်မယ်အသုံးပြုတဲ့လေးတံကို ချောက်ကမ်းပါးမှာ ရှာတွေ့ခဲ့ပါတယ် အရှင်မင်းကြီး"

ထိုတပ်မှူး၏လက်တွင်းမှ လေးတံကိုကြည့်ကာ ဟန်ကျင်းရှန်းမဟုတ်ပါစေနှင့်ဟု ဆုတောင်းမိသော်ငြား သူဆောင်ယူမိသော လေးညှို့တံက ဆုတောင်းကိုဆန့်ကျင်၏။ ဆိတ်ကတိုးသားရေလေးညှို့က သူမ၏မူပိုင်ဆိုသည်အား သတိထားမိသကဲ့သို့ ထိုလေးတံ၌ ပေရေနေသော သွေးစသွေးနတို့က တစ်စုံတစ်ရာသောဖြစ်ပျက်မှုကို ရည်ညွှန်းနေ၏။

ဟန်ကျင်းရှန်းသည်ကား သူရူးတစ်ယောက်ပမာ ရှာဖွေရန်ပြုသော်ငြား လက်အောက်ငယ်သား စစ်သူကြီးတွေက ခွင့်မပြုကြ...။ တဲစခန်းသို့သာ ပြန်လည်ပို့ဆောင်ပေးရင်း ဧကရီအား ရအောင်ရှာဖွေပါမည်ဟု ကတိကဝတ်ခံကြ၏။ ရေမြေ့သခင်စံရာ တဲအတွင်း ပုလ္လင်တော်ထက်၌ ငူငိုင်ငိုင်ထိုင်မိသည့်ခဏ စိတ်မကောင်းဖြစ်ဟန်မျက်နှထားဖြင့် ရောက်ရှိကာ အားပေးနှစ်သိမ့်လေသည့် စုယွင့်ကိုပင် ဂရုမမူမိချေ။ ထိုအခိုက် စစ်သူကြီးရွှီဖုန်းက ဟန်ကျင်းရှန်းေ့ရှမှောက် ဒူးထောက်အရိုသေအပြုကာ သတင်းပို့လာ၏။

"အရှင်မင်းကြီး~ "

"အခြေအနေဘယ်လိုရှိလဲ?"

"မယ်မယ့်ရဲ့လေးတံတွေ့ရှိရာ နေရာက ချောက်ကမ်းပါးဖြစ်တဲ့အပြင် ခြေရာတွေလည်း အများကြီးတွေ့ပါတယ်။ ဒါ့အပြင် အလောင်းတွေမရှိပေမယ့် သွေးတွေအများကြီးတွေ့ထားပါတယ်... အရှင်မင်းကြီး ဒီငယ်သားရဲ့အမြင်မှာတော့ မယ်မယ်က......"

"လုပ်ကြံခံရတာမလား? "

ဟန်ကျင်းရှန်း၏အေးစက်စက်လေသံအဆုံး အနီးအနားမှ နှိပ်နယ်ပြုစုပေးနေသည့် ချီရှန်းဖေးက ခဏတာတုံ့ဆိုင်းသွားရသည်။ သို့သော် သူမ၏ ဧကရီအပေါ်စိုးရိမ်ဟန် ရတတ်မအေးသည့်မျက်နှာမူသွင်ကိုမူ ထိန်းသိမ်းထားနိုင်ဆဲ...။ ထို့နောက် ချန်းရွှီဖုန်းမည်သို့မျှ စကားမဆိုနိုင်သေးခင်၌ ဟန်ကျင်းရှန်းက အလျင်စကားဆိုလာ၏။

"မတွေ့တွေ့အောင်ရှာ ရှင်ရင်လူကိုတွေ့ရမယ်။ သေရင်...... အလောင်းကိုတွေ့ရမယ်။ "

"အမိန့်တော်အတိုင်းပါ။ "

"ခဏ! ဧကရီဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့အဲ့ကိစ္စကို သေချာဖော်ထုတ်နိုင်ရမယ်။ အဲ့ဒီလုပ်ကြံသူတွေရဲ့ ခြေရာလက်ရာတော့ ကျန်ခဲ့မှာပဲ။ ရာရာစစ ကိုယ်တော့်ရဲ့ဧကရီကို ထိပါးရဲတဲ့ သူကို ရှာတွေ့ခဲ့ရင်...... ချက်ချင်းအပြစ်ဒဏ်ပေးမယ်။ "

"မှန်လှပါ အရှင်မင်းကြီး"

ဟန်ကျင်းရှန်း၏ဒေါသတို့ ထိန်းချုပ်ထားရဟန်ကို မြင်သည့်အခါ အံ့အားသင့်သွားရသည်က ချီစုယွင့်~
သူမငယ်စဉ်တောင်ကျေးကတည်းက အရှင်မင်းမြတ်ဟူသည့် ထိုလူသား၏ဣတ္ထိယတို့နှင့် ပတ်သတ်သောဒေါသကို တစ်ခေါက်တစ်ခါမှ မြင်တွေ့ဖူးခြင်းမရှိခဲ့။
စိတ်ခံစားချက်အရာရာကို ထိန်းချုပ်နိုင်စွမ်းသည့် ဧကရာဇ်က ယခုအခါ သူအလွန်မုန်းသည့်ဧကရီ၏ သေဆုံးခြင်းကိုမှ ဒေါသပွေနေသည်တဲ့လား
ချီစုယွင့်၏အတွေးနက်နက်တို့ ဖြန့်ကြက်ရင်း ဘေးတစောင်းမြင်ရသော ရေမြေ့သခင်၏မျက်နှာကို စူးစိုက်ကြည့်ကာ မကျေမချမ်းဖြစ်မိလေတော့၏။




"......"

လင်းယွီအသိစိတ်အာရုံမဝင်နိုင်သေးသည့်အချိန် ခြေလှုပ်လက်လှုပ်ပြုမိသော်ငြား ခန္ဓာကစိတ်အလိုအတိုင်းမရွေ့လာ...။ ခြောက်သွေ့သောအာခေါင်က ရေကိုအလိုရှိလာသည်မို့ အသိရေးရေးဝင်လာချိန်၌ ရေဟူသည့်စကားလုံးအား တောင်းဆိုမိသည့်အခိုက် လင်းယွီနှုတ်ဖျားသို့ အေးမြသည့်ရေအစဉ်ကဝင်တိုးသည်။ အငမ်းမရသောက်သုံးမိပြီးသည့်နောက် မျက်လုံးအရှင်အား သေချာချာတိပပပွင့်နိုင်သည့်နောက် ဝိုးတဝါးမြင်ရသော အဖြူရောင်ပုံရိပ်...။ ကျောက်စက်ရေကျသံ ခပ်မြှင်းမြှင်း...။ ကျောက်သားထုတို့ကိုသာ အလျင်မြင်လိုက်ရလေ၏။

နှလုံးတည့်တည့်ထိမှန်သည်ကိုပင် မသေဆုံးခဲ့သည်လား လင်းယွီအတွေးဝေကာ ကျောက်နံရံသားတို့ထံ၌သာ အကြည့်မြဲမိသည့်နောက် နားဝင်ပီယံရှိလှသည့် ယောကျာ်းတစ်ဦး၏ လေယူလေသိမ်းက လင်းယွီသောတအာရုံသို့ ရိုက်ခတ်လာလေ၏။

"မင်းနိုးလာပြီပဲ~ "

လင်းယွီ ထိုအသံကြောင့် လန့်ဖြန့်စွာ ခပ်သွက်သွက် ကိုယ်ဟန်ကိုမတ်ထိုင်မိလိုက်သည့်အခါ ထူးဆန်းစွာပင် မည်သည့်နာကျင်မှုကိုမှ
မခံစားရ...။ မြှားဦးနှင့်ဓါးချွန်တို့ ခိုနားခဲ့ရာနေရာသို့ ကြည့်ရှုမိသည့်အခါ လင်းယွီမှာ အံ့အားသင့်စွာ နှုတ်ဖျားတို့ ပွင့်ဟလာမိသည်အထိ...။
သွေးကွက်သွေးစက်တို့ ပေရေနေသည့် လင်းယွီ၏ဝတ်ရုံမှအပ...ကိုယ်ပိုင်ခန္ဓာ၏ မည်သည့်နေရာတွင်မှ ဒဏ်ချက်တို့ရှိမနေပါချေ။

"ဒါက......!"

"နတ်ဘုရားရဲ့ကောင်းချီးပေးမှုလို့ပဲ တွေးလိုက်ပါ။ အခုမင်းကောင်းကောင်း အဆင်ပြေပြီထင်ပါတယ်"

ထိုအခါမှသာ လင်းယွီ၏အကြည့်တို့က ထိုအဖြူရောင်ဝတ်ရုံရှင်ထံ ရွေ့လျားသွားရ၏။ ထိုသူက အေးစက်ခြင်း ခက်ထန်ခြင်းဟူသည့် မူကိုဆောင်ယူထားပါသော်ငြား မျက်နှာအကျကအတော်ခန့်ညားလှ၏။ထိုသူ၏ချောမောမှုအပေါင်းက ဧကရာဇ် မင်းသားလျန်ဖုန်းတို့၏ ချောမောခြင်း၏ ဆယ်ဆအသာမျှ...... လင်းယွီ၏ မူပိုင်အေးစက်စက်မျက်နှာထားက သူ၏အေးစက်မှုအား ကျော်လွှား၍ပင်မရနိုင်။ မျက်ခုံးထူထူတစ်စုံအောက်မှ မျက်ဝန်းတို့က ဝမ်းနည်းမှုတစ်စုံတစ်ရာအား သိုသိပ်ဟန်မှိုင်းညို့လျက်...။သူ၏ထူးဆန်းသော အရှိန်အဝါသည်လည်း လင်းယွီအား တစ်မျိုးတမည်သော ခံစားချက်ကို ဖြစ်ပေါ်လာစေသည်အထိ...။ လင်းယွီထိုလူသားအား ငေးစိုက်ကြည့်မိနေချိန်၌ ထိုသူ၏အကြည့်တို့သည်လည်း လင်းယွီထံသို့ ဦးတည်နေခဲ့ပါ၏။

"မင်းရဲ့မျက်လုံးတွေက... တစ်ကယ်ကို ... တူလိုက်တာ"

"......"

"...... ထားပါတော့။ မင်းဒဏ်ရာတွေ ပျောက်ပြီမို့ သွားလိုရာသွားနိုင်ပြီ။ ငါလည်းသွားစရာရှိသေးတယ်။ "

ကနဦးစကားကြောင့် လန့်ဖြန့်နေမိရာမှ
လင်းယွီထိုစကားကြားမှသာ ထိုလူအား ဂါရဝပြုရန် သတိရကာ ဦးညွှတ်လိုက်မိ၏။ ထိုလူသားသည်ကား လင်းယွီ၏ အရိုအသေအား ဂရုမမူဟန်ဖြင့်သာရှိဆဲပင်...။ ဂူထဲမှလှမ်းမျှော်ကြည့်နိုင်သည့်
ကောင်းကင်တခွင်ကိုသာ ငေးရင်း ဆွေးလျလျဟန် သက်ပြင်းတစ်ချက်ပြုသည်။ လင်းယွီသည်ကား ထိုသူ၏အပြုအမူတို့အား နားမလည်နိုင်သော်ငြား ယဉ်ကျေးမှုဖြင့် ကျေးဇူးတင်ဟန်နှုတ်ဆက်လိုက်မိ၏။

"ဒီက အသက်သခင်ကို ကျေးဇူးတင်ပါတယ်။ အသက်သခင်ရဲ့ အမည်နာမကို သိရှိခွင့်ရှိမလား?"

"......"

"ချန်းမျိုးနွယ် လင်းယွီပါ အသက်သခင်ရဲ့အမည်နာမကို လင်းယွီသိရှိခွင့်ရမယ်ဆိုရင်တော့ နောင်တစ်ချိန်ကျေးဇူးဆပ်ဖို့ အခွင့်သာလာရင်... ကျေးဇူးဆပ်မှာပါ။ "

အထင်ပေလားမသိ လင်းယွီ၏အမည်နာမကို ကြားလိုက်သည့်အခါ ထိုသူ၏မျက်မှောင်တို့ စုကြုံ့သွားသည့်ဟန်...
လင်းယွီဆိုမိသော ရိုကျိုးကျိုးစကား၌ မလိုဘူးဟူ၍သာ လက်ယမ်းပြလာသည့် ထိုအမျိုးသားသည် ဂူတွင်းမှထွက်ခွာသွားဟန်ပြုပြီးမှ စကားဆိုလာသည်မို့ လင်းယွီအားစိုက်နားထောင်မိလိုက်၏။

"လင်းမျိုးနွယ် ... ယန်~ "

"......"

"မင်းတို့ရဲ့နေရာကိုပြန်ချင်တယ်ဆိုရင် ညာဘက်ကလမ်းအတိုင်းတည့်တည့်သွား ဘယ်နေရာမှလျှောက်မချိုးနဲ့ တည့်တည့်သွားရင် မင်းနေရာကို ဘေးမသီရန်မခပဲ ပြန်ရောက်လိမ့်မယ်။ "

"ကျေးဇူးတင်ပါတယ်။ သူရဲကောင်း လင်းယန်"

လင်းယွီအရိုအသေပြု ခေါင်းငုံ့နှုတ်ဆက်ပြီးနောက် ထိုသူရှိရာနေရာသို့ ကြည့်ရှုမိသည့်အခါ မည်သူမှရှိမနေတော့။ ဂူတွင်းမှထွက်သွားပေသည်လား လင်းယွီ အပြေးအလွှားထွက်ကြည့်မိသည့်အခါ အရိပ်လေးတစ်ခုပင် မြင်တွေ့မှုမရှိ။ ကိုယ်ဖော့သိုင်း အလွန်ကောင်းသည်လားဟု တွေးမိလျင် ဤအရာက ယုတ္တိမရှိမှန်း လင်းယွီနားလည်ပေ၏။ သိုင်းပညာရှင်တစ်ယောက်က သေလုမြောပါးလူတစ်ယောက်အား ဒဏ်ရာအရှင်းပျောက်အောင် ကုသနိုင်စွမ်းမရှိလောက်။ ထိုအခါ စကားတစ်ခုအား ပြန်ကြားယောင်လာမိလေ၏။

"နတ်ဘုရားရဲ့ကောင်းချီးပေးမှုလို့ပဲ တွေးလိုက်ပါ"

လင်းယွီထိုသို့တွေးမိလျင် ထိုသူ၏ထူးဆန်းမှုအား မတွေးပဲမနေနိုင်။ အမှန်တစ်ကယ် နတ်ဘုရားတို့ စောင့်ရှောက်မှုပေလား ထိုဝတ်ရုံဖြူရှင်က နတ်ဘုရားပေလားဟု တွေးရင်း ထိုသူညွှန်ပြရာ ညာဘက်လမ်းသွယ်သို့သာ တည့်တည့်လျှောက်လှမ်းလာလိုက်၏။
လမ်းပြန့်ပြူးပြူးမှသည် လျှိုမြောင်တို့အကြားသို့ လျှိုမြောင်တို့မှသည် တဖန် လမ်းသွယ်သွယ်သို့
အတော်ကြာ လျှောက်လှမ်းလာသည့်နောက် ရင်းနှီးနေသည့်တောအုပ်အသွင်က လင်းယွီမြင်ကွင်းထဲနေရာယူလာသည်။ ဤနေရာသည်ကား အမဲလိုက်တပ်စခန်းချရာနှင့် အနီးဆုံးနေရာပင်ဖြစ်၍နေ၏။

လင်းယွီ အံ့သြခြင်းများစွာနှင့် ဤအတိုင်းသာ ရပ်မြဲရပ်နေမိသည့်ခဏ မြင်းဟီသံ ခွာသံတလိပ်လိပ်အား ကြားလိုက်ရပေ၏။ စိတ်ရှုပ်ထွေးစွာ နေရာ၌ အတန်ကြာရပ်နေမိသည့်အခိုက် စစ်သူရဲတစ်စုနှင့် ရင်းနှီးသောလူတစ်ယောက်၏ အသွင်အပြင်က မြင်ကွင်းထဲနေရာယူ၏။ လင်းယွီ ထိုသူအားငေးမောနေမိသည့်အချိန်၌ ထိုသူက မြင်းပေါ်မှဆင်းလာကာ လင်းယွီအနားသို့ အပြေးတပိုင်းခြေလှမ်းတို့ဖြင့် ချည်းကပ်လာ၏။

"မယ်မယ်~ "

"........."

"ပျောက်နေတဲ့ အတောအတွင်း အဆင်ပြေရဲ့လား မယ်မယ် ဒဏ်ရာတွေ... "

"တို့အဆင်ပြေပါတယ်။ မင်းသားလျန်ဖုန်း ~~စခန်းကိုပဲ အမြန်ပြန်ကြရအောင် အဲ့ရောက်တော့မှပဲ အကျိုးအကြောင်း စကားဆက်ကြတာပေါ့။ "

မင်းသားလျန်ဖုန်း၏ လင်းယွီစကားအား အသိအမှတ်ပြုဟန် ခေါင်းငြိမ့်မှုအဆုံး
စစ်သူကြီးတစ်ဦးက ရိုရိုသေသေ မြင်းဇက်ကြိုးအား ကမ်းပေးလာသည့်နောက် လင်းယွီထိုမြင်းပေါ်သို့ အလျင်စလိုတက်လိုက်မိသည်။ အဝတ်အစားတို့ပေါ်၌ သွေးတို့ပေရေနေသော်ငြား လင်းယွီ၏ခန္ဓာက လူကောင်းတစ်ယောက်နှင့်မခြားသည်မို့ ကောင်းကောင်းမွန်မွန် သွားလာနိုင်သည်။ သို့ပေသိ လက်အောက်ငယ်သားတို့သာမက မင်းသားလျန်ဖုန်းပင် သူမအား အရိပ်တကြည့်ကြည့်...။ တပ်စခန်းဆီသို့ အလျင်စလို ခရီးနှင်ခြင်း၌ နာရီဝက်ပင်မဆိုင်း ရောက်ရှိလာသည့် စခန်းချရာနေရာ...။ ညအမှောင်စိုးလာသည့် စတည်းချရာ၌ မီးရှုးတိုင်တို့က အလျှံတညီးညီး...။ လူစုသည်လည်း ဟိုတစ်စုသည်တစ်စု အလုပ်များနေဟန်နှင့်......။
တပ်မှူး၏ မိဖုရားမယ်မယ်ရောက်ရှိလာပြီဟူသော သတိပေးသံ၌ လူအုပ်က ဆူပူကာ အုံကြွကြွ......။ ဤပျောက်ဆုံးနေသည့် သုံးရက်အတွင်း လင်းယွီအဘယ်သို့များ ရှိနေခဲ့သနည်း သိချင်နေကြဟန်ဖြင့်......။ စူးစမ်းနေကြသော မျက်လုံးတို့အား လျစ်လျူရှုလျက် လင်းယွီ မြင်းပေါ်မှသည် ဆင်းလိုက်မိသည့်အခိုက်
လူစုသည်ကား ပို၍အုံတကြွကြွ...။ သို့သော်ငြား မင်းသားလျန်ဖုန်း၏ချောင်းဟန့်သံ တစ်ချက်အဆုံး မီးကိုရေနှင့်ငြိမ်းသကဲ့သို့ ငြိမ်ကျသွားကြလေ၏။
အားလန်ကမူ လင်းယွီထံသို့ ရုတ်တရက်အပြေးတစ်ပိုင်းပေါ်လာကာ လင်းယွီအနားသို့ ကပ်၍ ငိုချင်းချလာ၏။

"မယ်မယ်!! ဒီသုံးရက်အတွင်း ဘယ်တွေများရောက်နေတာပါလဲ? မယ်မယ်တစ်ခုခုဖြစ်မှာကို အားလန်ဘယ်လောက်တောင် ကြောက်နေလိုက်ရသလဲ?"

"ငါဘာမှမဖြစ်ပါဘူး အခုအကောင်းအတိုင်းပဲ တွေ့တယ်မလား?"

လင်းယွီ၏တည်ကြည်ကြည် စကားသံအဆုံး အားလန်ကပိုတိုး၍ပင် ရှိုက်ငိုလာသည်မို့ ခေါင်းကို ခပ်ဖွဖွပုတ်ပေးရင်း နှစ်သိမ့်နေသည့်အခိုက် လင်းယွီနံဘေးမှ လူစုက အလိုအလျောက် ဘေးသို့ ရှဲသွားလေ၏။ အဘယ်ကြောင့်နည်း မှန်းဆနိုင်ချိန်၌မူ ခြေလှမ်းအကျယ်နှင့် ဧကရာဇ်၊ သူ၏နောက်တော်ပါးမှ လှုပ်လီလှုပ်လဲ့လိုက်ပါလာသည့် ချီရှန်းဖေးတို့အား လင်းယွီတွေ့လိုက်ရကာ နှုတ်မှ နှုတ်ဆက်လျက် ဂါရဝပြုဟန် ပြင်မိလိုက်ချိန်၌ လင်းယွီ အံ့အားသင့်စွာ ရပ်တန့်သွားရသည်။ ရေမြေ့သခင် ထိုဘုရင်က လင်းယွီ၏လက်အစုံအား တင်းကြပ်ကြပ်ဆုပ်ကိုင်၍ လာသည်တည့်။

"မင်း...... အဆင်ပြေရဲ့လား ဘယ်နေရာတွေ ထိခိုက်မိသေးလဲ သမားတော်! သမားတော်ကိုခေါ်စမ်း!"

"ကျွန်မအဆင်ပြေပါတယ် အရှင်မင်းကြီး ဘယ်နေရာမှ ထိခိုက်ဒဏ်ရာမရပါဘူး။ "

လင်းယွီအမြဲတစေပြုနေကျအတိုင်း မှင်သေသေဖြင့်သာ စကားဆိုသော်လည်း လင်းယွီ၏အဆိုကို ဂရုမပြု... လက်ကိုဆွဲ၍သာ ခေါ်ဆောင်သွားသည်ကြောင့် စိတ်ပင်ပန်းနေရသော လင်းယွီမှာ နောက်ပါးမှ အမှီမလိုက်နိုင်။ ထိုခဏ မည်သူမှမထင်မှတ်ထားသည်ကို ပြုလိုက်လေသည့် ရှင်ဘုရင်ကြောင့် နန်းတော်သားအပေါင်း လန့်ဖြန့်သွားရလေ၏။

"အဲ့လောက်ထိ မလိုအပ်ပါဘူး ပြန်ချပေးပါ အရှင်မင်းကြီး!"

"ပါးစပ်ကိုပိတ်ထားလိုက်တော့ ဒါအမိန့်တော်ပဲ။ "

ခက်ထန်ထန်စကားတို့ကြောင့် စကားနိုင်လုရေးအတွက် လင်းယွီမှာ အခွင့်မသာ...။ သို့သော်ငြား ပွေ့ချီခံရခြင်းက လင်းယွီအတွက် အတော်နေထိုင်ရခက်စေ၏။ ထို့အပြင် လူအများ၏မျက်လုံးထဲ၌လည်း မသင့်တော်ဟု မြင်စေသည်ဟု လင်းယွီထင်မှတ်မိ၏။ ချီရှန်းဖေး ယန်ကွေ့ဖေးစသော ဘုရင့်အမျိုးသမီးတို့အား ဤသို့ပွေ့ချီလျင်တောင် မည်သူကမှ အဆန်းတကြယ်ပြုမည်မဟုတ်။ ယခုလျင်ကား ဆက်ဆံရေးအင်မတန်မကောင်းလှသော ဧကရာဇ်နှင့် ဧကရီက ဤသို့ပြုနေခြင်းသည်ကား အနည်းငယ်အရုပ်ဆိုးစေသည်ဟု ထင်မှတ်၏။ သို့သော် လင်းယွီမှာ ငြင်းပယ်နိုင်စွမ်းမရှိ။ ရှင်ဘုရင့်တဲအထိ ဤအတိုင်းသာ အပွေ့ခံလာရသည့်နောက် လင်းယွီ၏ကြည်လင်လင်မျက်နှာထားက မိုးသားတိမ်လိပ်တို့ အုံ့မှိုင်းလာပါ၏။

ထိုမြင်ကွင်းအား မြင်လိုက်ရသူအပေါင်းမှာလည်း အသက်ပင်မရှူနိုင်။ ဧကရာဇ်ကအတော်ထူးဆန်းနေသည်ဟု မှတ်ချက်ချကြရုံမှအပ...။ မင်းသားလျန်ဖုန်းသည်ကား အဓိပ္ပာယ်မသိနိုင်သည့် အပြုံးတစ်ခုအား မျက်စိတဖျတ်မျှပြုလျက်...။ အနီးနားရှိ ဦးရီးတော်သည်ကား ပခုံးကိုဆုပ်ကိုင်လျက် အားပေးနှစ်သိမ့်ဟန်ပြုနေပါ၏။

"သမားတော် ဘယ်နေရာ ထိခိုက်မိလဲ စစ်ဆေးပေးပါ။ "

"ဟုတ်ကဲ့~ "
တဲရှိရာရောက်သည်အထိ အပွေ့ချီခံလာရသည့် လင်းယွီအား
နန်းတွင်းသမားတော်က အပေါ်ယံစစ်ဆေးမှုအား ပြုပြီးသည့်အခိုက်ထိ ဟန်ကျင်းရှန်း၏ ကြောက်မက်ဖွယ် မျက်ဝန်းအကြည့်တွေက လင်းယွီထံမှ ဖယ်ခွာမသွားသေး။ ကျန်းမာရေးအခြေအနေ စစ်ဆေးပြီးသည့်နောက် ကိုယ်တွင်းအင်္ဂါထိခိုက်မှု ရှိမရှိ စစ်ဆေးရန်
အမျိုးသမီးဆေးသမက ပြင်ဆင်လိုက်သော်ငြား နေရာ၌မြဲမြံဆဲ ဧကရာဇ်ကြောင့် အနေရခက်ဟန် မျက်နှာကမသာမယာ......။
သမားတော်ကပါ ထိုမျက်နှာမျိုးဖြစ်လာသည့်အခိုက် ဟန်ကျင်းရှန်းက အေးစက်စက်လေသံဖြင့်ဆိုလာပါ၏။

"ဘာဖြစ်နေတာလဲ ဆက်စစ်ဆေးလေ!"

"ဟို အရှင်မင်းကြီး...... "

"ဘာလဲ?"

"မယ်မယ်ရဲ့အဝတ်အစားတွေကို ချွတ်ပစ်ရမှာ...... "

လင်းယွီက ဆေးသမလေး၏စကားကြောင့် ထွက်မသွားသေးသော ရှင်ဘုရင်အား သတိပေးဟန် ကြည့်ရှုနေမိလိုက်၏။ ဟန်ကျင်းရှန်းသည်ကား ခါးစည်းကြိုးဖြည်နေဆဲအခြေအနေကို ကြည့်ကာ ခဏတာကြောင်အနေပြီးမှ ရုတ်တရက်အသိဝင်သွားရကာ ရှက်ချောင်းတစ်ချက်ဟန့်လေ၏။ ထို့နောက် ရဲရဲနီနေသည့် မျက်နှာထားဖြင့် ချောင်းတဟွတ်ဟွတ်ဆိုးကာ သမားတော်နှင့်အတူ ခေတ္တထွက်ခွာသွားတော့သည်။ လင်းယွီကမူ ထူးဆန်းလွန်းသည့် ဘုရင့်အပြုအမူတို့အား ဂရုမပြုအား ဆေးသမလေးအကြံပြုသည့်အတိုင်း ကိုယ်ပေါ်မှ အဝတ်ဟူသမျှ ဖယ်ချနေရလေ၏။
















Updateကြာရခြင်းအား အနူးအညွတ်တောင်းပန်ပါ၏။ လင်းယွီလေးကို မျှော်ပေးမယ့်သူသိပ်မရှိလောက်ဘူး ထင်လို့ပေါ့ဆမိပါတယ်။ တစ်ကယ်ကို ဆောရီးပါ။

အော MLကို မသဲကွဲသူများအတွက် ဟန်ကျင်းရှန်းက MLပါနော်။ Second MLက လျန်ဖုန်းပါ။ ဒါပေမယ့် ဒီဇာတ်လမ်းက Romanceနည်းမှာလို့ ကြိုပြောမိသလားလို့

Anyway နောက်ထပ်ပေါ်လာတဲ့ လင်းယန်ကို ယွီလေးနဲ့မshipကြပါနဲ့

လုံးဝမshipမိပါစေနဲ့နော်။

နောက်တစ်ပိုင်းမှာ ကလေးတို့မျှော်နေတဲ့ BL အတွဲလေးပါလာနိုင်ပါပြီ။

အဓိကက Normalပေမယ့် Warningပေးချင်တာက ဒီဇာတ်လမ်းက GLရော BLရောပါပါတယ်နော်။ မနှစ်မြို့သူများ ရှောင်ရှားနိုင်အောင် ကြိုပြောတာပါ။ နဂိုရေးထားကတည်းက Genreခွဲခြင်းသိပ်မရှိခဲ့တာမို့ Normal BL GLအကုန်ပါပါတယ်။ MCလေးရဲ့ ကိုယ်ရေးရာဇဝင်လေးကိုလည်း တင်ပေးထားပါတယ်နော် ဖတ်ပေးပြီး ယွီလေးကိုချစ်ပေးကြပါဦးလို့

Continue Reading

You'll Also Like

1.9M 338K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
132K 11.2K 68
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
83.1K 8.2K 105
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထ...