Zawgyi
ရိေပၚတို႔အိမ္ကိုေရာက္ေတာ့ ၀မ္အေမကစီးႀကိဳၿပီးထမင္းစားခန္းထဲကိုစကားတေျပာေျပာနဲ႔ေခၚသြားတယ္။
ရိေပၚတို႔အိမ္ကအႀကီးႀကီးကိုမွ ႏွစ္ထပ္တိုက္ရိုးရိုးေလးေဆာက္ထားတယ္။
ၿခံထဲမွာဆိုလည္း အဖိုးအိမ္လိုမ်ိဳးပဲသစ္ပင္ေတြအမ်ားႀကီးပဲ ဒါေပမယ့္ၿခံကေတာ့အဖိုးၿခံေလာက္မက်ယ္ဘူး
မက်ယ္ဆိုအဖိုးကၿခံထဲမွာပဲ သီးနံေတြလည္းစိုက္တယ္ ၾကက္လည္းေမြးတယ္ ၀က္လည္းေမြးထားေသးတယ္ေလ
ဒီ၀မ္အိမ္ကသီးပင္စားပင္မွမစိုက္ဘဲ
ၿပီးေတာ့ဘာအေကာင္မလည္းမျမင္ဘူး
အဲ့ေတာ့အဖိုးၿခံေလာက္ဘယ္က်ယ္ပါ့မလဲ
အိမ္ထဲေရာက္ေတာ့ၿမိဳ႔သားေလးေရွာင္က်န္႔ မ်က္လံုးျပဴးသြားရတယ္။
၀င္ေပါက္ရဲ့ဘယ္ဘက္မွာဧည့္ခန္းရိွၿပီး
ထိုင္ခံုနဲ႔စားပြဲတို႔ဟာကြၽန္းသားစစ္စစ္ေတြခ်ည္းပဲ
အိမ္တြင္းအျပင္အဆင္က ႀကီးက်ယ္ေနေရာပဲ
အေပၚထပ္ကိုတက္တဲ့ေလွကားရဲ့ညာဘက္အခန္းကိုေခၚလာေတာ့ထမင္းစားခန္းထင္ပါ့
ထမင္းစားခန္းႀကီးဟာေအာက္ေျခကိုေႂကျြပားေတြခင္းထားတာေၾကာင့္ေျပာင္လက္ေနတာပဲ မွန္ေတာင္ၾကည့္လို႔ရတယ္။
"ေရွာင္ေလးလာမွာေၾကာင့္ အေဒၚကဟင္းေကာင္းေတြခ်ည္းခ်က္ထားတာ
စားေနာ္ ေရွာင္ေလးအားမနာနဲ႔ကိုယ့္အိမ္လိုပဲသေဘာထား"
"အစားနဲ႔ပတ္သက္ရင္ေတာ့ကြၽန္ေတာ္ကအားမနာဘူးသိလား အဟီး"
သြားျဖဴတန္းေလးေတြေပၚေအာင္ၿပံဳးရယ္ျပေနတဲ့ေရွာင္က်န္႔ကခ်စ္စရာေလးမို႔ မားမားဝမ္ဟာမေနႏိုင္စြာပါးေလးကိုဖ်စ္လိုက္မိတယ္။
"ဒီလူနဲ႔ဒီလူအားနာစရာမွမဟုတ္ဘဲ
ဘိုးရဲ့ေျမးဆိုေတာ့ အေဒၚတို႔သားလိုပဲေပါ့"
ရိေပၚကေဘးကေနၿငိမ္ၿငိမ္ေလးနားေထာင္ေနတယ္
အခ်ိန္တိုေလးအတြင္းမွာ ဘယ္လိုေတြေတာင္ရင္းႏွီးသြားပါလိမ့္
ဒီေကာင္ေလးအေပါင္းအသင္းေတာ့ေတာ္သားပဲ ငါကလြဲလို႔
"ဪ...အေမေမ့ေနတာ ၀မ္ေလးေရ
သားအေဖကိုထမင္းသြားပို႔လိုက္အံုးမယ္ေနာ္ သားေလးရယ္အားနာလိုက္တာ"
"ရပါတယ္"
"ေအးေအး ၀မ္ေလးလည္းတစ္ခါတည္း၀င္စားလိုက္ေလ ေရွာင္ေလးတစ္ေယာက္တည္းထမင္းစားေနရအံုးမယ္"
"ကြၽန္ေတာ္သိပ္မဆာ..."
"ဒါဆိုအေမသြားၿပီေနာ္
သားစားေနာ္အားမနာနဲ႔သိလား စားၾကစားၾက"
၀မ္ေမေမကေျပာၿပီးတာနဲ႔ငါးဆင့္ခ်ိဳင့္
ႀကီးကိုယူကာထြက္သြားေလသည္။
မသြားခင္ ရိေပၚနားကပ္ၿပီးတိုးတိုးေျပာ
သြားေသးတယ္
သားေရအေမဖန္တီးေပးခဲ့တယ္ေနာ္တဲ့
အေမကေတာ့ေလ...
ေရွာင္က်န္႔ကေတာ့သူ႔အေတြးနဲ႔သူမို႔ဘာမွမသိလိုက္ဘူး
ဟုတ္သားပဲ ဒီအခ်ိန္ဆိုရင္ ဦးေလးတို႔လည္းစိုက္ခင္းမွာ ထမင္းစားၾကေရာေပါ့...
ေနပါအံုးငါအခုဒီလူနဲ႔ထမင္းအတူတူစားရေတာ့မွာလား
ထမင္းေတာ့စားေကာင္းအံုးမယ္..... စားဝင္ေနအံုးမယ္.......
"ထိုင္ေလ"
ခံုကိုဆြဲယူၿပီးေျပာေတာ့ ေရွာင္က်န္႔လည္း ရိေပၚဆြဲတဲ့ခံုေပၚမွာထိုင္ဖို႔အလုပ္
"ဘာလုပ္တာလဲ"
"ခင္ဗ်ားပဲထိုင္ဆို"
"မင္းကိုဒီခံုမွာထိုင္ခိုင္းတာမွ မဟုတ္ဘဲ
တစ္ျခားခံုမွာ ထိုင္ခိုင္းတာ ဒါငါ့ခံု"
"ဘာ...
အစတည္းကေျပာပါလား"
"ငါေျပာခ်ိန္ေတာင္ရိွလို႔လား မင္းပဲအတင္းဝင္ထိုင္ၿပီးေတာ့"
"ဘာေျပာတယ္ ခင္ဗ်ား ခင္ဗ်ား"
"ငါမင္းထက္သံုးႏွစ္ႀကီးတယ္ေနာ္ဆရာ၀န္ေလး ေလးေလးစားစားေျပာပါ"
"ဒါဆိုလည္းေလးစားစရာေကာင္းေအာင္ေနေလ ဦးေလးႀကီးရဲ့ ဟြန္႔"
ေဘးကထိုင္ခံုတစ္လံုးကိုေဆာင့္ဆြဲရင္း
ထိုင္ခံုမွာဝုန္းခနဲထိုင္ခ်လိုက္တယ္
အဲ့ေလာက္အသက္ႀကီးခ်င္ေနတဲ့လူ ၪီးေလးႀကီးလို႔ကိုေခၚပစ္အံုးမယ္
ဒီလိုအျပဳအမူမ်ိဳးကရိုင္းရာက်တယ္ဆိုတာ ေရွာင္က်န္႔သိတယ္။
ဘယ္သူ႔ကိုမွလည္းဒီလိုမဆက္ဆံဖူးဘူး
ေရွာင္က်န္႔ကလူလိမ္မာေလးပါေနာ္
ဒါေပမယ့္ဒီလူေရ႔ွမွာဆို အဲ့လိုလိမ္မာတာေတြဘယ္ေရာက္လို႔ေရာက္သြားမွန္းမသိဘူး
ေရွာင္က်န္႔ ရိေပၚမ်က္နာကိုၾကည့္ၿပီးပန္းကန္ထဲကၾကက္သားတံုးကိုဇြန္းနဲ႔ထိုးေနတယ္။
ၾကက္သားကခ်က္ထားတာေၾကာင့္ႏူးညံ့ေနၿပီးအသားေတြဟာ အစိပ္စိပ္အမႊာမႊာကိုျဖစ္လို႔
ဒီၾကက္သားလိုမ်ိဳးဒီလူႀကီးအသားေတြေၾကမြသြားရင္ေကာင္းမယ္
ရိေပၚသူေရ႔ွမွာထိုင္ၿပီးသူ႔ကိုၾကည့္ကာအံႀကိတ္ၿပီးၾကက္သားေတြအားဖဲ့ေနတဲ့ ေရွာင္က်န္႔ေၾကာင့္စားတဲ့ထမင္းေတာင္နင္ဖို႔လုပ္တယ္
ကိုယ့္အိမ္မွာ ထမင္းလာစားေနတာသူေလ မသိရင္ မသိရင္ကိုယ္ကပဲသူ႔အိမ္ကထမင္းေတြကိုအလိုမပါဘဲစားေသာက္ေနသလို
ပန္းကန္ထဲကၾကက္သားတံုးေတြကေတာ့ေၾကမြေနၿပီ
ရိေပၚၾကက္သီးေတာင္ထသြားရတယ္
ငါ့အမွတ္နဲ႔မ်ားလုပ္ေနလား မသိဘူး
ဒါေပမယ့္ ဝမ္ရိေပၚတို႔ကေတာ့စလိုက္ရမွေက်နပ္တာမို႔
"ငါ့ပဲၾကည့္မေနနဲ႔ ထမင္းလည္းစားအံုး"
"Ya!!"
ဘယ္ဘ၀ကေရစက္ေၾကာင့္မ်ားဒီလူနဲ႔လာေတြ့ေနရတာလဲကြားးး.......
........
၀မ္အေမနဲ႔ ၀မ္အေဖယူလာတဲ့ထမင္းခ်ိဳင့္ဖြင့္ၿပီးစိုက္ခင္းကတဲေလးမွာပဲ
စားေသာက္ၿပီးေတာ့ စကားစျမည္ေျပာေနၾကတယ္
"ေဖႀကီး၀မ္ေလးနဲ႔ ေရွာင္ေလးကိုအျမန္ဆံုးစီစဥ္ေပးခ်င္ေနၿပီ
ေရွာင္ေလးကိုသားေတာ္ခ်င္ေနၿပီလို႔"
"ေဟာ မိန္းမရယ္သူတို႔ႏွစ္ေယာက္ကေတြ့တာျဖင့္တစ္ပတ္ေတာင္မျပည့္ေသးပဲနဲ႔ကြာ"
"ေနာက္လည္းယူရမယ့္ဟာကို အခုတည္းကေပးစားလိုက္ေတာ့ၿပီးေရာေပါ့
ၿပီးေတာ့ Xiao သူေဌးကလည္းလက္ထပ္ဖို႔ပဲဒီကိုလႊတ္လိုက္တာေလ
အားလံုးကအဆင္ေျပေခ်ာေမြ့လို႔
ေတာ္ကဘာျဖစ္ေနတာလဲ
ဘာလဲ ေယာက္က်ားေလးခ်င္းေၾကာင့္လား"
"ဟာ.... အဲ့လိုမဟုတ္ပါဘူးကြာ ကိုယ္ကအဲ့ဒါေတြထည့္မတြက္လို႔ပဲလက္ထပ္မယ့္ကိစၥကိုမင္းသေဘာက်သေဘာတူခဲ့တာပဲေလ ကိုယ္က သူတို႔အတြက္အခ်ိန္ေပးသင့္တယ္ထင္လို႔ပါ
ေပးစားလို႔ယူတာထက္ ခ်စ္လို႔ယူတာပိုမေကာင္းဘူးလား"
"ဒါေတာ့ ဟုတ္တယ္"
"ဟင္!! ဘိုး"
ဘယ္အခ်ိန္တည္းကေရာက္ေနမွန္းမသိတဲ့ဘိုးကတဲထဲကို၀င္လာတယ္
"၀မ္ေလးအေဖေျပာတာသဘာ၀က်တယ္
သူတို႔၂ေယာက္တစ္ေယာက္နဲ႔တစ္ေယာက္တကယ္ခ်စ္သြားမွလက္ထပ္ေပးၾကတာေပါ့"
"၀မ္ေလးဘက္ကေတာ့ခ်ာသေလာက္ပဲဘိုးေရ...
ဒီေန့ေရွာင္ေလးကိုထမင္းစားဖို႔သြားေခၚခိုင္းတာေလ အဲ့မွာXiao ေလးကမလိုက္လို႔ေခ်ာ့ၿပီးေခၚေနတာတဲ့ ေခ်ာင္းၾကည့္ခိုင္းထားတဲ့ကေလးမေလးကျပန္ေျပာတယ္
ဘိုးရဲ့"
"ဟုတ္လား ဒါေကာင္းတာေပါ့"
"ဘိုးလည္းသိတဲ့အတိုင္း ကြၽန္မတို႔ကလြဲလို႔၀မ္ေလးကဘယ္သူ႔ကိုအဖက္လုပ္ဖူးလို႔လဲ ဒါေပမယ့္ ေရွာင္ေလးကိုေတာ့အဲ့လိုမဟုတ္ဘူးေနာ္
တစ္ျခားလူဆို စကား၂လံုးကြဲေအာင္ေတာင္မေျပာတဲ့လူက ေရွာင္ေလးကိုဆိုစရတာနဲ႔ေနာက္ရတာနဲ႔ အခုလည္းအိမ္မွာရန္ျဖစ္က်န္ခဲ့ေလရဲ့ "
"ဒါဆိုေျမးေလး ေရွာင္က်န္႔ဘက္ကပဲလိုေတာ့တာေပါ့"
"ဒါေပါ့ဘိုးရဲ့"
အင္းး ဒီလိုဆိုအေျခအေနကအေကာင္းဘက္ကိုဦးတည္သြားၿပီ
..................
Unicode
ရိပေါ်တို့အိမ်ကိုရောက်တော့ ၀မ်အမေကစီးကြိုပြီးထမင်းစားခန်းထဲကိုစကားတပြောပြောနဲ့ခေါ်သွားတယ်။
ရိပေါ်တို့အိမ်ကအကြီးကြီးကိုမှ နှစ်ထပ်တိုက်ရိုးရိုးလေးဆောက်ထားတယ်။
ခြံထဲမှာဆိုလည်း အဖိုးအိမ်လိုမျိုးပဲသစ်ပင်တွေအများကြီးပဲ ဒါပေမယ့်ခြံကတော့အဖိုးခြံလောက်မကျယ်ဘူး
မကျယ်ဆိုအဖိုးကခြံထဲမှာပဲ သီးနံတွေလည်းစိုက်တယ် ကြက်လည်းမွေးတယ် ၀က်လည်းမွေးထားသေးတယ်လေ
ဒီ၀မ်အိမ်ကသီးပင်စားပင်မှမစိုက်ဘဲ
ပြီးတော့ဘာအကောင်မလည်းမမြင်ဘူး
အဲ့တော့အဖိုးခြံလောက်ဘယ်ကျယ်ပါ့မလဲ
အိမ်ထဲရောက်တော့မြို့သားလေးရှောင်ကျန့် မျက်လုံးပြူးသွားရတယ်။
၀င်ပေါက်ရဲ့ဘယ်ဘက်မှာဧည့်ခန်းရှိပြီး
ထိုင်ခုံနဲ့စားပွဲတို့ဟာကျွန်းသားစစ်စစ်တွေချည်းပဲ
အိမ်တွင်းအပြင်အဆင်က ကြီးကျယ်နေရောပဲ
အပေါ်ထပ်ကိုတက်တဲ့လှေကားရဲ့ညာဘက်အခန်းကိုခေါ်လာတော့ထမင်းစားခန်းထင်ပါ့
ထမင်းစားခန်းကြီးဟာအောက်ခြေကိုကြွေပြားတွေခင်းထားတာေကြာင့်ပြောင်လက်နေတာပဲ မှန်တောင်ကြည့်လို့ရတယ်။
"ရှောင်လေးလာမှာကြောင့် အဒေါ်ကဟင်းကောင်းတွေချည်းချက်ထားတာ
စားနော် ရှောင်လေးအားမနာနဲ့ကိုယ့်အိမ်လိုပဲသဘောထား"
"အစားနဲ့ပတ်သက်ရင်တော့ကျွန်တော်ကအားမနာဘူးသိလား အဟီး"
သွားဖြူတန်းလေးတွေပေါ်အောင်ပြုံးရယ်ပြနေတဲ့ရှောင်ကျန့်ကချစ်စရာလေးမို့ မားမားဝမ်ဟာမနေနိုင်စွာပါးလေးကိုဖျစ်လိုက်မိတယ်။
"ဒီလူနဲ့ဒီလူအားနာစရာမှမဟုတ်ဘဲ
ဘိုးရဲ့မြေးဆိုတော့ အဒေါ်တို့သားလိုပဲပေါ့"
ရိပေါ်ကဘေးကနေငြိမ်ငြိမ်လေးနားထောင်နေတယ်
အချိန်တိုလေးအတွင်းမှာ ဘယ်လိုတွေတောင်ရင်းနှီးသွားပါလိမ့်
ဒီကောင်လေးအပေါင်းအသင်းတော့တော်သားပဲ ငါကလွဲလို့
"ဪ...အမေမေ့နေတာ ၀မ်လေးရေ
သားအဖေကိုထမင်းသွားပို့လိုက်အုံးမယ်နော် သားလေးရယ်အားနာလိုက်တာ"
"ရပါတယ်"
"အေးအေး ၀မ်လေးလည်းတစ်ခါတည်း၀င်စားလိုက်လေ ရှောင်လေးတစ်ယောက်တည်းထမင်းစားနေရအုံးမယ်"
"ကျွန်တော်သိပ်မဆာ..."
"ဒါဆိုအမေသွားပြီနော်
သားစားနော်အားမနာနဲ့သိလား စားကြစားကြ"
၀မ်မေမေကပြောပြီးတာနဲ့ငါးဆင့်ချိုင့်
ကြီးကိုယူကာထွက်သွားလေသည်။
မသွားခင် ရိပေါ်နားကပ်ပြီးတိုးတိုးပြော
သွားသေးတယ်
သားရေအမေဖန်တီးပေးခဲ့တယ်နော်တဲ့
အမေကတော့လေ...
ရှောင်ကျန့်ကတော့သူ့အတွေးနဲ့သူမို့ဘာမှမသိလိုက်ဘူး
ဟုတ်သားပဲ ဒီအချိန်ဆိုရင် ဦးလေးတို့လည်းစိုက်ခင်းမှာ ထမင်းစားကြရောပေါ့...
နေပါအုံးငါအခုဒီလူနဲ့ထမင်းအတူတူစားရတော့မှာလား
ထမင်းတော့စားကောင်းအုံးမယ်..... စားဝင်နေအုံးမယ်.......
"ထိုင်လေ"
ခုံကိုဆွဲယူပြီးပြောတော့ ရှောင်ကျန့်လည်း ရိပေါ်ဆွဲတဲ့ခုံပေါ်မှာထိုင်ဖို့အလုပ်
"ဘာလုပ်တာလဲ"
"ခင်ဗျားပဲထိုင်ဆို"
"မင်းကိုဒီခုံမှာထိုင်ခိုင်းတာမှ မဟုတ်ဘဲ
တစ်ခြားခုံမှာ ထိုင်ခိုင်းတာ ဒါငါ့ခုံ"
"ဘာ...
အစတည်းကပြောပါလား"
"ငါပြောချိန်တောင်ရှိလို့လား မင်းပဲအတင်းဝင်ထိုင်ပြီးတော့"
"ဘာပြောတယ် ခင်ဗျား ခင်ဗျား"
"ငါမင်းထက်သုံးနှစ်ကြီးတယ်နော်ဆရာ၀န်လေး လေးလေးစားစားပြောပါ"
"ဒါဆိုလည်းလေးစားစရာကောင်းအောင်နေလေ ဦးလေးကြီးရဲ့ ဟွန့်"
ဘေးကထိုင်ခုံတစ်လုံးကိုဆောင့်ဆွဲရင်း
ထိုင်ခုံမှာ၀ုန်းခနဲထိုင်ချလိုက်တယ်
အဲ့လောက်အသက်ကြီးချင်နေတဲ့လူ ဦးလေးကြီးလို့ကိုခေါ်ပစ်အုံးမယ်
ဒီလိုအပြုအမူမျိုးကရိုင်းရာကျတယ်ဆိုတာ ရှောင်ကျန့်သိတယ်။
ဘယ်သူ့ကိုမှလည်းဒီလိုမဆက်ဆံဖူးဘူး
ရှောင်ကျန့်ကလူလိမ်မာလေးပါနော်
ဒါပေမယ့်ဒီလူရှေ့မှာဆို အဲ့လိုလိမ်မာတာတွေဘယ်ရောက်လို့ရောက်သွားမှန်းမသိဘူး
ရှောင်ကျန့် ရိပေါ်မျက်နာကိုကြည့်ပြီးပန်းကန်ထဲကကြက်သားတုံးကိုဇွန်းနဲ့ထိုးနေတယ်။
ကြက်သားကချက်ထားတာကြောင့်နူးညံ့နေပြီးအသားတွေဟာ အစိပ်စိပ်အမွှာမွှာကိုဖြစ်လို့
ဒီကြက်သားလိုမျိုးဒီလူကြီးအသားတွေကြေမွသွားရင်ကောင်းမယ်
ရိပေါ်သူရှေ့မှာထိုင်ပြီးသူ့ကိုကြည့်ကာအံကြိတ်ပြီးကြက်သားတွေအားဖဲ့နေတဲ့ ရှောင်ကျန့်ကြောင့်စားတဲ့ထမင်းတောင်နင်ဖို့လုပ်တယ်
ကိုယ့်အိမ်မှာ ထမင်းလာစားနေတာသူလေ မသိရင် မသိရင်ကိုယ်ကပဲသူ့အိမ်ကထမင်းတွေကိုအလိုမပါဘဲစားသောက်နေသလို
ပန်းကန်ထဲကကြက်သားတုံးတွေကတော့ကြေမွနေပြီ
ရိပေါ်ကြက်သီးတောင်ထသွားရတယ်
ငါ့အမှတ်နဲ့များလုပ်နေလား မသိဘူး
ဒါပေမယ့် ဝမ်ရိပေါ်တို့ကတော့စလိုက်ရမှကျေနပ်တာမို့
"ငါ့ပဲကြည့်မနေနဲ့ ထမင်းလည်းစားအုံး"
"Ya!!"
ဘယ်ဘ၀ကရေစက်ကြောင့်များဒီလူနဲ့လာတွေ့နေရတာလဲကွားးး.......
........
၀မ်အမေနဲ့ ၀မ်အဖေယူလာတဲ့ထမင်းချိုင့်ဖွင့်ပြီးစိုက်ခင်းကတဲလေးမှာပဲ
စားသောက်ပြီးတော့ စကားစမြည်ပြောနေကြတယ်
"ဖေကြီး၀မ်လေးနဲ့ ရှောင်လေးကိုအမြန်ဆုံးစီစဥ်ပေးချင်နေပြီ
ရှောင်လေးကိုသားတော်ချင်နေပြီလို့"
"ဟော မိန်းမရယ်သူတို့နှစ်ယောက်ကတွေ့တာဖြင့်တစ်ပတ်တောင်မပြည့်သေးပဲနဲ့ကွာ"
"နောက်လည်းယူရမယ့်ဟာကို အခုတည်းကပေးစားလိုက်တော့ပြီးရောပေါ့
ပြီးတော့ Xiao သူဌေးကလည်းလက်ထပ်ဖို့ပဲဒီကိုလွှတ်လိုက်တာလေ
အားလုံးကအဆင်ပြေချောမွေ့လို့
တော်ကဘာဖြစ်နေတာလဲ
ဘာလဲ ယောက်ကျားလေးချင်းကြောင့်လား"
"ဟာ.... အဲ့လိုမဟုတ်ပါဘူးကွာ ကိုယ်ကအဲ့ဒါတွေထည့်မတွက်လို့ပဲလက်ထပ်မယ့်ကိစ္စကိုမင်းသဘောကျသဘောတူခဲ့တာပဲလေ ကိုယ်က သူတို့အတွက်အချိန်ပေးသင့်တယ်ထင်လို့ပါ
ပေးစားလို့ယူတာထက် ချစ်လို့ယူတာပိုမကောင်းဘူးလား"
"ဒါတော့ ဟုတ်တယ်"
"ဟင်!! ဘိုး"
ဘယ်အချိန်တည်းကရောက်နေမှန်းမသိတဲ့ဘိုးကတဲထဲကို၀င်လာတယ်
"၀မ်လေးအဖေပြောတာသဘာ၀ကျတယ်
သူတို့၂ယောက်တစ်ယောက်နဲ့တစ်ယောက်တကယ်ချစ်သွားမှလက်ထပ်ပေးကြတာပေါ့"
"၀မ်လေးဘက်ကတော့ချာသလောက်ပဲဘိုးရေ...
ဒီနေ့ရှောင်လေးကိုထမင်းစားဖို့သွားခေါ်ခိုင်းတာလေ အဲ့မှာXiao လေးကမလိုက်လို့ချော့ပြီးခေါ်နေတာတဲ့ ချောင်းကြည့်ခိုင်းထားတဲ့ကလေးမလေးကပြန်ပြောတယ်
ဘိုးရဲ့"
"ဟုတ်လား ဒါကောင်းတာပေါ့"
"ဘိုးလည်းသိတဲ့အတိုင်း ကျွန်မတို့ကလွဲလို့၀မ်လေးကဘယ်သူ့ကိုအဖက်လုပ်ဖူးလို့လဲ ဒါပေမယ့် ရှောင်လေးကိုတော့အဲ့လိုမဟုတ်ဘူးနော်
တစ်ခြားလူဆို စကား၂လုံးကွဲအောင်တောင်မပြောတဲ့လူက ရှောင်လေးကိုဆိုစရတာနဲ့နောက်ရတာနဲ့ အခုလည်းအိမ်မှာရန်ဖြစ်ကျန်ခဲ့လေရဲ့ "
"ဒါဆိုမြေးလေး ရှောင်ကျန့်ဘက်ကပဲလိုတော့တာပေါ့"
"ဒါပေါ့ဘိုးရဲ့"
အင်းး ဒီလိုဆိုအခြေအနေကအကောင်းဘက်ကိုဦးတည်သွားပြီ
..................