๐‘ด๐’š ๐’‡๐’‚๐’“๐’Ž๐’†๐’“ ๐’‰๐’–๐’”๐’ƒ๐’‚๏ฟฝ...
Af Feng__er
311K 27.3K 966
๐–๐š๐ง๐  ๐˜๐ข๐›๐จ & ๐—๐ข๐š๐จ ๐™๐ก๐š๐งโ™ก๏ธŽ. (๐˜๐ข๐ณ๐ก๐š๐ง ๐…๐š๐ง๐Ÿ๐ข๐œ๐ญ๐ข๐จ๐ง) ๐š‰๐šŠ๐š ๐š๐šข๐š’ แ€ฑแ€แ€ผแ‚•แ€แ€ฌแ€”แ€ฒแ‚”แ€›แ€”แ€นแ€แ€€แ€บแ€€แ€นแ€€แ€บ... Mere
part-1 [ Z + U ]
part-2 [ Z+U ]
part-3( Z+ U )
part-5 [ Z+U ]
part-6 [ Z+U ]
part-7 [ Z+U ]
part-8 [ Z+U ]
part-9 [ Z+U ]
part-10 [ Z+U ]
part-11 [ Z+U ]
part-12 [ Z+U ]
part-13 [ Z+U ]
part-14 [ Z+U ]
part-15 [ Z+U ]
part-16 [ Z+U ]
exam
part-17 [ Z+U ]
part-18 [ Z+U ]
part-19 [ Z+U ]
part-20 [Z+U]
part-21 [Z+U]
part-22 [ Z+U ]
part-23 [ Z+U ]
part-24 [ Z+U ]
part-25 [ Z+U ]
part-26 [ Z+U ]
part-27 [ Z+U ]
part-28 [.Z+U ]
part-29 [ Z+U]
part-30 [ Z+U ]
part-31 [ Z+U ]
part-4 [ Z+U ]
9.4K 1K 36
Af Feng__er
Zawgyi
"ဟုတ်မှာ​ပေါ့"
မနက်မှသွားပါဗျာ"
"အယ်..!"
မြန်မြန်သွားရမယ်
.......
နေ​အောင်ဝတ် ​​ရွှေဆွဲကြိုးကြီးတစ်ပိသာ​လောက် ​​ရွေင်္ံလက်​ကောက်တံ​တောင်ဆစ်​လောက်ဝတ်ဖို့မ​ပြောနဲ့ ​​ရွှေနဲ့တူတာဆိုလို့နားကနားဋောင်းပဲရှိတယ်
ချော ​လေး
အဟင်း ဟင်း
...........
"ဟုတ်တာ​ပေါ့ ဘိုးကလည်း
"ဪ.. အဲ့ ဒါက ဟို..."
*​ပြောချင်သလို​ပြော* တဲ့
"ဪ..."
.............
Unicode
ခြံထဲကိုရိ​​ပေါ်၀င်လာပြီဆိုတည်းက အိမ်​​ရှေ့မှာ တံမြက်စည်းလှည်း​​နေတဲ့အ​​မေက တံမြက်စည်းပစ်ချကာ အ​​ပြေး​လေးလာတယ်။
"၀မ်​​လေး ဆရာ၀န်​လေးပါလာပြီလား"
"ပါလာပြီ အဖိုးအိမ်မှာရှိတယ်"
"ဘယ်လို​​နေလဲဓါတ်ပုံထဲကထက် အများကြီးချစ်ဖို့​ကောင်းတယ်မလား"
ရိပေါ်ဟွန့်ခနဲလုပ်လိုက်တယ်။
သူလားချစ်ဖို့ကောင်းတာရုပ်ကိုက မျက်မှန်အ၀ိုင်းကြီးနဲ့ဒီ​​လောက်ကြည့်ရဆိုးတာကို
"ပြီး​​တော့ ဆရာ၀န်​​လေးကမြို့ကဆို​​တော့ လူယဥ်​​ကျေး​​လေး​​နေမှာ"
လူယဥ်​​ကျေး​​တွေကရန်​တွေ့တတ်တယ်လား
"ဟုတ်မှာ​ပေါ့"
ရိပေါ်ကသမန်ကာလျှံကာ​ပြန်ဖြေလိုက်သည်။ဝမ်အမေကတော့
"အမယ်​​လေး အခုချက်ချင်း​​တောင်သွား​တွေ့ချင်​နေပြီ
​​ပြော​နေကြာတယ် အ​​မေသွားပြီးစကား​​ပြောလိုက်အုံးမယ်"
ချက်ချင်းကြီးထသွားဖို့လုပ်​​နေလို့ ရိ​​ပေါ်မှာဆွဲထားရ​​သေးတယ်။
"အ​​မေရယ် ဟိုကခုမှ ​​ရောက်ရုံရှိသေးတယ်​​လေ
ခရီးပန်းလာတဲ့လူကိုစကားသွား​​ပြောအုံးဖို့လား
မနက်မှသွားပါဗျာ"
"အို မျက်နာ​​လေး​တော့မြင်ဖူးချင်တယ်​လေ ၀မ်​​လေးရဲ့
ဓါတ်ပုံထဲမှာပဲမြင်ဖူးတဲ့ဟာ အပြင်မှာ​​တွေ့ဖူးချင်တာ​​ပေါ့လို့"
"ဒါဆိုလည်းညမှသွားဗျာ သူခရီးပန်းလာတယ် ဒါပဲ"
"အယ်..!"
​တော်​​​တော် ​​မွေးရကျိုးနပ်တဲ့သား​​လေးဘာမှတောင်မဖြစ်ရ​သေးဘူး သူ့ဟာ​​လေးကို
ဖြစ်ပျက်​​နေလိုက်တာ ​​ခေတ်ကာလသားသမီးတွေများ ​ပြောမ​ပြောချင်ပါဘူး​အေ....
ရိ​ပေါ်က​ပြောပြီးတာနဲ့ခ​​မောက်​ဆောင်းကာဆန်စက်ကိုသွားတယ်
ဒီ​​နေ့ဆန်ကျိတ်ဖို့စပါး​​တွေလာအပ်သွားတာအများကြီးပဲ သူလာမှ
ဟို​ကောင်​​တွေက​​သေချာအလုပ်လုပ်ကြတာ
မြန်မြန်သွားရမယ်
.......
ရိ​​ပေါ်တို့ကရွာမှာမျက်နှာဖုံး မျိုးရိုးစဥ်ဆက်ကလူချမ်းသာတွေပင်။သူတို့ရဲပိုင်ဆိုင်မှုတွေက​​ရွာတစ်၀ိုက်တင်မကဘူး မြို့ပေါ်​​တွေမှာလည်းရှိတယ်။
၀မ်အ​​ဖေဟာ ဘိုးဘွားပိုင် လယ်​​တွေကိုင်း​​တွေစိုက်ခင်း​​တွေကရသမျှပိုက်ဆံ​​တွေကိုဘဏ်မှာစုထားတယ်။
ကုမ္ပဏီအချို့မှာလည်းအနည်းငယ်ရင်းနှီးထားသေးတယ်။
ဒါ့အပြင်ယုံကြည်စိတ်ချရတဲ့လူတွေကိုလည်း အတိုးသက်သက်သာသာနဲ့ ပိုက်ဆံ​​ချေးတဲ့အလုပ်ကိုလည်းလုပ်တယ်။
၀မ်သားစုရဲ့ပိုင်ဆိုင်မှုဟာ ရှောင်မိသားစုပိုင်ဆိုင်တာထက်​တောင်ပို​သေးသည်။
ဒါ​​ပေမယ့်အဲ့​​လောက်ချမ်းသာတာကို ဘယ်သူမှ မသိကြဘူး
ရိ​​ပေါ်တို့ကလည်း ၀ံ့၀ံ့ထည်ထည်ကြီးမ​​နေဘူး
သာမန်ချမ်းသာသူများလိုသာ​​နေကြတယ်
၀မ်အ​​မေဟာလည်းသူတို့ခြေဖျား​​လောက်ပဲချမ်းသာတဲ့ ​​တောသူ​​ဌေးမကြီး​​တွေ၀တ်သလို စိန်နားကပ်ကြီးပြူး
​​နေ​အောင်၀တ် ​​ရွှေဆွဲကြိုးကြီးတစ်ပိသာ​လောက် ​​ရွေႍလက်​ကောက်တံ​တောင်ဆစ်​လောက်၀တ်ဖို့မ​ပြောနဲ့ ​​ရွှေနဲ့တူတာဆိုလို့နားကနားဋောင်းပဲရှိတယ်
အဲ့ဒါ​တောင်၀မ်အ​ဖေရဲ့ မဂ်လာဦး လက်​ဆောင်​လေးမို့၀တ်ထားတာ
၀မ်အ​ဖေလည်းအဲ့လိုပဲ တစ်ခြား​တောသူ​​ဌေးကြီး​တွေလိုအိမ်မှာပဲ မိန့်မိန့်ကြီးထိုင်ပြီး လယ်လုပ်သားစာရင်းကိုင်​တွေကိုပဲ ဟိုဟာလုပ် ဒီဟာလုပ်မခိုင်းဘဲနဲ့သူကိုယ်တိုင်စိုက်ခင်း​တွေကိုသွားကာကြီးကြပ်တယ်
တစ်ခါတစ်​လေကိုယ်တိုင်​တောင်၀င်ကူလုပ်​ပေးသေးတာ
ဟိတ်ဟန်​​တွေရှိဖို့မ​ပြောနဲ့ ​​ဝေလာဝေးပဲ..
အခု​တော့ ရိ​​ပေါ်လည်းအရွယ်​ရောက်​တော့တစ်ဖက်တစ်လမ်းကကူညီ​ပေး​ဖော်ရ​နေပြီ​လေ
ရိ​​ပေါ်ကလည်း စီးပွါးရေးနဲ့ဘွဲ့ရပြီးသားလူငယ်တစ်​ယောက်
​ကျောင်းပြီး​တော့ မြို့ကရှယ်ယာ၀င်ထားတဲ့ ကုမ္ပဏီတစ်ခုကအလုပ်လုပ်ဖို့ကမ်းလှမ်းတာကိုလက်မခံဘဲ ရွာကိုပဲပြန်လာခဲ့ကာ အ​ဖေနဲ့အ​မေကိုကူညီလုပ်ကိုင်​ပေး​နေ​​သော သားလိမ်မာချော
​​​ချော ​လေး
အခု​တော့လင်​​ချော​ချော​လေးရ​တော့မယ်​​​လေ
အဟင်း ဟင်း
...........
ရှောင်ကျန့်တို့​မြေးအဖိုးညစာစားပြီး​တော့ အိမ်​​​ရှေ့ကွက်ပျစ်မှာ ​ရေ​နွေးကြမ်း​သောက်ရင်းလက်ဖက်စားရင်းထိုင်​နေကြတယ်
​ကောင်းကင်မှာလမင်းကြီးကထိန်ထိန်သာ​နေ​တော့ ထိုင်​နေရတာ​ပျော်ဖို့တောင်​ကောင်း​သေး
"အဖိုး ဒီ​​​နေ့လပြည့်​နေ့လား"
"သဘက်ခါမှ ပြည့်မှာ​လေ​မြေးရဲ့ဘာလို့လဲ"
"ဘာမှ မဟုတ်ပါဘူး လကြီးကပြည့်​နေလို့​မေးကြည့်တာ အဟီး "
​မြေးအဖိုးနစ်​ယောက်ထိုင်​နေတုန်း
ခြံထဲကို ဆိုင်ကယ်တစ်စီး၀င်လာတာကို​တွေ့လိုက်တယ်။အဖိုးကအသက်ကြီးနေပေမယ့်မျက်လုံးအားကရှောင်ကျန့်ထက်တောင်ကောင်းသေးတယ်။သူကခပ်လှမ်းလှမ်းမှာတည်းကဘယ်သူဘယ်ဝါဆိုတာသိပြီးနေပြီ။
"​​ဟော ရိ​​ပေါ်တိုသားအမိပါလား
​မြေးဆီကိုလာကြတာနဲ့တူတယ်"
ရိ​ပေါ်ဆိုတဲ့အသံကြားတာနဲ့ Xiao Zhan
မျက်နှာက​​လေငန်းတစ်ခြမ်းဖြတ်သွားတယ်
ဒီဘုနဲ့ဘောက်ကောင်ကဘာလာလုပ်တာတုန်း
"ဟုတ်တာ​ပေါ့ ဘိုးကလည်း
အမယ်​လေး ဆရာ၀န်​လေးက ​ချောလိုက်တာ မဟုတ်ဘူး
​ချောတာမဟုတ်ဘူး ချစ်ဖို့​ကောင်းတာ
ချစ်စရာ​လေး အသား​လေးကဖြူဥ​နေတာပဲ မျက်မှန်​လေးနဲ့​ သားကဓါတ်ပုံထဲကထက်ပိုချစ်ဖို့​ကောင်းတာပဲ"
၀မ်အ​မေက ဆိုင်ကယ်ရပ်တာ​တောင်မ​စောင့်​တော့ဘဲ ခုန်ဆင်းချကာ Xiao Zhan အနားကပ်ပြီးလက်ကိုင်ကာ သူတစ်​ယောက်တည်းတစ်မျိုးပြီးတစ်မျိုး​အော်​အော်​ပြော​နေတာ​ ​​ကြောင့်
Xiao Zhan မှာလန့်​တောင်သွားရတယ်
ချောတာကဟုတ်ပါပြီ ချစ်ဖို​ကောင်းတယ်ဆိုကြီးက​တော့မဟုတ်​သေးဘူး​နော် အန်တီ....
​နေ​ပါအုံး ငါ့ကို ဓါတ်ပုံထဲကထက်လို့​ပြောလိုက်သလားလို့
"အန်တီက ကျွန်​တော့်ပုံကိုဘယ်မှာမြင်ဖူးတာလဲ"
"ဪ.. အဲ့ ဒါက ဟို..."
၀မ်အ​မေက အဖိုးကိုမျက်လုံး​လေး​စွေကြည့်တယ် ဘယ်လို​ပြောရင်​ကောင်းမလဲလို့​မေးတဲ့သ​ဘော
အဖိုးကလည်းစဥ်းစားပေးပါတယ်
​လေ​သံတိုးတိုး​လေးနဲ့ ပါးစပ်လှုပ်ရုံပြန်​ပြောတယ်
*​ပြောချင်သလို​ပြော* တဲ့
"ဘယ်ကမလဲသားရဲ့ဘိုးဆီက​ပေါ့"
"ဪ..."
ရှောင်ကျန့်နဲ့ ၀မ်အ​​မေရဲ့စကားသံ​တွေပဲလက်ဖက်၀ိုင်းမှာ ဆူညံ​နေတယ်
၀မ်အ​မေက​မေးလိုက် ရှောင်ကျန့်က​ဖြေလိုက်
ရှောင်ကျန့်က​မေးလိုက် ၀မ်အ​မေက​ဖြေလိုက်နဲ့
သူတို့ဟာနဲ့သူတို့တော့ဟုတ်​နေတာပဲ
အဖိုးက​တော့တစ်ခါတစ်ခါ၀င်​ပြောပြီး ရိ​ပေါ်က​တော့ သံပတ်​ပေးထားတဲ့စက်ရုပ်ကြီးလိုပဲ လက်ထဲကဖုန်းကိုသာပွတ်​နေတယ်
ကြာရင်မီးကဖုန်းထ​တောက် အဲ့​​လေ
ဖုန်းကမီးထ​တောက်​တော့မယ်
"ရှောင်လေးမနက်ဖြန် အ​​ဒေါ်တို့အိမ်ကိုထမင်းစားလာခဲ့​နော်
မလာရင်လည်းလာ​​ခေါ်ခိုင်းမှာ မလာလို့မရဘူး"
"လာခဲ့ပါ့မယ် ဒေါ်ဒေါ် ​​ခေါ်တဲ့လူက​ခေါ်​နေတဲ့ဟာကို
မလာဘူးဆိုရင် ကျွန်​တော်ရိုင်းရာကျသွားမှာ​​ပေါ့"
သုံးနာရီနီးပါး​လောက်စကား​ပြောအပြီးမှာ​တော့
အ​ခေါ်အ​ဝေါ်တွေတောင်ပြောင်းကုန်ပြီ။
"ဘယ်ကတည်းက ငတ်လာလဲမသိဘူး"
ရိ​ပေါ်ကတိုးတိုး​လေး​ပြောလိုက်​ပေမယ့်
နားပါးကကြားဖြစ်အောင်ကြားလိုက်တယ်။ချက်ချင်းပဲ နှုတ်ခမ်းပါးလျလျကခပ်စွာစွာအသံထွက်လာတော့တယ်။
"​ဝေ့ မင်းဘယ်သူ့ကို​ပြောတာလဲ"
"ငါ့ဟာငါ ဂိမ်းထဲက ​ကြောင်​လေးကို​ပြောတာဘာဖြစ်လဲ"
တစ်​ယောက်နဲ့တစ်​ယောက်​လေဆာ​တွေပစ်​နေကြတဲ့နစ်​ယောက်ကိုကြည့်ပြီး စကား၀ိုင်းကိုအမြန်သိမ်းလိုက်ရတယ်။
တည့်​အောင်လုပ်​ပေးပါတယ်ဆိုမှပဲ ရန်ဖြစ်ဖို့ လမ်းစပဲရှာနေကြတယ်  ဒုက္ခပါပဲ......
.............
Fortsรฆt med at lรฆse
You'll Also Like
367K 7.7K 32
แ€กแ€‘แ€”แ€นแ€ฑแ€€แ€ฌแ€„แ€นแ€ฑแ€œแ€ธแ€”แ€ฒแ‚• แ€กแ€›แ€™แ€นแ€ธแ€กแ€œแ€ญแ€ฏ แ€œแ€ญแ€ฏแ€€แ€นแ€แ€ฒแ€ท daddyแ‚€แ€€แ€ฎแ€ธแ€€แ€ญแ€ฏ แ€ปแ€™แ€„แ€นแ€›แ€™แ€ฒแ€ท ficแ€ฑแ€œแ€ธแ€•แ€ซ โ€Œแ€กแ€ฑแ€™แ€ฝแ€ฌแ€„แ€น ficแ€•แ€ซ 25+แ€œแ€ญแ€ฏแ‚”แ€ฑแ€ปแ€•แ€ฌแ€œแ€ญแ€ฏแ‚”แ€›แ€•แ€ซแ€แ€šแ€น แ€แ€ฑแ€œแ€ธแ€ฑแ€แ€ผ แ€™แ€–แ€€แ€นแ€›แ€ฒแ‚•แ€›แ€„แ€น แ€แ€„แ€นแ€™แ€–แ€แ€นแ€•แ€ซแ€”แ€ฒแ‚• (แ€กแ€‘แ€”แ€บแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธ...
2.2M 115K 64
โ†ณ โ [ INSANITY ] โž โ” yandere alastor x fem! reader โ”• ๐ˆ๐ง ๐ฐ๐ก๐ข๐œ๐ก, (y/n) dies and for some strange reason, reincarnates as a ...
928K 71.2K 46
แ€žแ€…แ€นแ€…แ€ฌ แ€–แ€ฑแ€ฌแ€€แ€บแ€แ€ฒแ€ท ex แ€€แ€ญแ€ฏ แ€€แ€œแ€ฒแ€ทแ€…แ€ฌแ€ธแ€แ€ผแ€ฑแ€–แ€ญแ€ฏแ€ท แ€กแ€–แ€ฑแ€€แ€ญแ€ฏ แ€šแ€ฐ......... แ€„แ€ซแ€ทแ€€แ€ญแ€ฏ แ€žแ€…แ€นแ€…แ€ฌแ€–แ€ฑแ€ฌแ€€แ€บแ€แ€ฒแ€ท แ€กแ€แ€ฝแ€€แ€บ แ€™แ€„แ€บแ€ธแ€€ แ€„แ€ซแ€œแ€ฑแ€ธแ€€แ€ญแ€ฏ Mom แ€œแ€ญแ€ฏแ€ทแ€แ€ฑแ€ซแ€บแ€–แ€ญแ€ฏแ€ทแ€žแ€ฌ แ€•แ€ผแ€„แ€บแ€‘แ€ฌแ€ธแ€แ€ฑแ€ฌแ€ท แ€แ€™แ€บแ€›แ€ฎแ€œแ€ปแ€พแ€ญแ€ฏแ€ท ~~แ€›แ€พแ€ฑแ€ฌแ€„แ€บ...
1M 54.5K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...