Winter Story (Completed)

By Cherry_1706

66.1K 6.8K 313

'နာက်င္ရမွာစိုးတာနဲ႔ အနားေရာက္လာတဲ့လူတိုင္းကို တြန္းထုတ္ေနတာကို မင္းဘယ္ေတာ့မွရပ္မွာလဲ' 'ဘဝထဲကို ဘယ္သူ႔ကိုမွအ... More

COLD
Warm Enough?
Freezing
That Is Mine
Just You Is Enough
Break
Yes or Yes?
One Wish

Best Friend

8.5K 620 34
By Cherry_1706

Zawgyi

ခံစားခ်က္ေတြက ဘယ္အခ်ိန္ကတည္းကစခဲ့တာလဲေမးရင္
မသိဘူးလို႔ေျပာရမွာပဲ

ဘယ္အခ်ိန္မွာစသိတာလဲဆိုရင္ေတာ့
အင္း အေျဖရွိတယ္

............
'Li Jun ge က ငါ့ကို တြဲၾကမလားလို႔လာေမးတယ္'

ထမင္းေတြ ပလုတ္ပေလာင္းစားရင္း မင္းကေျပာလာခဲ့တယ္

'အဲ့ေတာ့ မင္းက ဘာျပန္ေျပာလိုက္လဲ'

'တြဲမယ္လို႔ျပန္ေျပာလိုက္တယ္ သူကေခ်ာတယ္ေလ ငါေယာက္်ားေလးေတြကိုႀကိဳက္တာ ဟုတ္မဟုတ္လဲ အတည္ျပဳခ်င္တယ္'

ေအးေအးေဆးေဆးပါပဲ
မင္းပံုစံက
ငါ့ရင္ထဲမွာ လွိုင္းတစ္ခုခတ္သြားတာ မင္းမွမသိပဲကိုး

စမ္းတြဲၾကည့္မယ္ဆိုတဲ့ မင္းတို႔အတြဲက တကယ္တမ္း ၈လ ေတာင္ၾကာေအာင္တြဲခဲ့တယ္
ဒါလည္း မင္းဘက္က အားစိုက္မႈေတြေၾကာင့္ပါ

အျပင္ပန္းမွာ ဘာကိုမွ ဂ႐ုမစိုက္တတ္သလိုေနတတ္တဲ့မင္းက
တကယ္တမ္းမွာ စိတ္ခံစားခ်က္ သိပ္ႏုနယ္တာကိုး

Li Jun က သိပ္ဆိုးတယ္
တြဲၿပီး၄လေလာက္ရွိလာခ်ိန္မွာ မင္းကို ေကာင္းေကာင္းမဆက္ဆံေတာ့သလို
မင္းဆက္တဲ့ဖုန္းေတြကိုလည္း ကိုင္ခ်င္မွ ကိုင္တယ္
မင္းကေတာ့ သည္းခံခဲ့ပါတယ္
သူမင္းကိုထားသြားခဲ့တဲ့ အခ်ိန္အထိပဲ

'ငါကပ်င္းဖို႔ေကာင္းတယ္ ငါကအရမ္းရစ္တယ္တဲ့ Youn ရယ္ အဲ့ဒါအမွန္ေတြပဲလားဟင္'

ေဆြးေဆြးျမည့္ျမည့္နဲ႔ ငါ့ကိုမင္းတိုင္တည္လာတဲ့စကား
မေသာက္တတ္ပဲနဲ႔ ဘီယာေတြေသာက္ၿပီး မင္းအရမ္းမူးေနခဲ့တာေလ

'ငါကသူငါ့ကိုၿငိဳျငင္သြားမွာစိုးလို႔ စိတ္အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ သည္းခံခဲ့တာေလ အဲ့တာပ်င္းဖို႔ေကာင္းတယ္တဲ့လား'

အဲ့ဒီအခ်ိန္မွာ ငါသိလိုက္ရတာပဲ
ခ်စ္ေနမိၿပီဆိုတာေပါ့
မင္းမ်က္ရည္ေတြကို မျမင္ခ်င္သလို
တျခားေကာင္ေၾကာင့္ ငိုေနတာကို ငါမခံစားႏိုင္ဘူး

..............

သိပ္ခ်စ္ဖို႔ေကာင္းတဲ့မင္းက
တကၠသိုလ္ေရာက္ေတာ့လည္း အတန္အသင့္ popular ျဖစ္တာ မဆန္းလွဘူး
ခ်ဥ္းကပ္လာတဲ့လူတိုင္းကို မယံုသကၤာမ်က္ဝန္းေတြနဲ႔ ၾကည့္တတ္တဲ့မင္းေၾကာင့္
ငါ့ခံစားခ်က္ေတြကို ဖြင့္ေျပာဖို႔မရဲခဲ့ဘူးေလ
သိပ္စိတ္ဆတ္တဲ့မင္းက
ငါ့ကို စိတ္ဆိုးၿပီး မုန္းသြားမွာကို ေသမေလာက္ေၾကာက္တယ္

'ေခ်ာတယ္ေနာ္'

မင္းစကားသံေၾကာင့္ လိုက္ၾကည့္မိေတာ့
အင္း ဟုတ္ပရယ္
ေတာ္ေတာ္ကိုေခ်ာတယ္
ငါတို႔ေတြထက္ေတာင္ အရပ္ကရွည္ေသး
႐ုပ္ရွင္ဖန္သားျပင္ထဲက ခုန္ထြက္လာသလိုကို ေခ်ာတဲ့လူတစ္ေယာက္

႐ုတ္တရတ္ဒီဘက္ကိုလွည့္ၾကည့္လာတာမလို႔ ငါေတာင္လန္႔သြားတယ္
အၾကည့္က ခပ္စူးစူးရယ္
ဒါေပမယ့္ ငါ့ကိုၾကည့္တာမဟုတ္ဖူး
သူ႔မ်က္လံုးေတြက မင္းဆီမွာ
လူသတ္တဲ့အျပံဳး ဆိုတာ ဒါမ်ိဳးထင္ရဲ႕
မင္းကိုၾကည့္ေတာ့ ပါးအို႔ေလးေတြရဲလို႔

...............

'အဲ့ဒီ Xiao Zhan က ဘာလုပ္မွန္းမသိဘူး မနက္တိုင္းေကာ္ဖီလာလာေပးတယ္'

စူပုတ္ပုတ္ေလးေျပာေနေပမယ့္ သေဘာက်တဲ့ အရိပ္အေယာင္ေတြပါေနတာကို
မင္းမ်က္ႏွာကို စာအုပ္တစ္အုပ္လိုဖတ္လာတဲ့ ငါကေတာ့ ရိပ္မိခဲ့တာေပါ့

လက္ေလွ်ာ့သြားဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ အဲ့ဒီေကာင္ Xiao Zhan က ဇြဲေကာင္းလြန္းအားႀကီးတယ္

'ငါ့ကိုလာၿပီး ဂ႐ုစိုက္ျပေနတယ္ သူကျဖင့္အခု Mei Qi နဲ႔ တြဲေနၿပီးေတာ့မ်ား'

မႀကိဳက္ဖူးသာဆိုတယ္
Xiao Zhan အခုဘယ္သူ ဘယ္ဝါနဲ႔တြဲေနတယ္ဆိုတာ မင္းကအကုန္သိေနခဲ့တာမလား

ငါေတာ့ၾကာၾကာေတာင့္မခံႏိုင္ေတာ့ဘူးထင္တယ္ Yibo ရယ္

.................

ေဖေဖေနမေကာင္းလို႔ အိမ္ျပန္ရေတာ့
ငါေလ မင္းကိုသိပ္လြမ္းတာပဲ
ခြဲခြာရတဲ့အခ်ိန္မွာ ခံစားခ်က္ေတြက ပိုသိသာတယ္ဆိုတာ အမွန္ပဲ

အခုအခ်ိန္မွာ မင္းလည္းလူလြတ္ ငါလည္းလူလြတ္ပဲ
ငါအခြင့္အေရးရွိတယ္မလား
ဖြင့္ေျပာလိုက္ေတာ့မယ္

ရဲေဆးတင္လာခဲ့ေပမယ့္ မင္းကိုေတြ႕ခ်ိန္မွာ ေၾကာက္တာပါပဲ

'အန္ကယ္တစ္ခုခုျဖစ္လို႔လား'

မုန္႔ေတြေပေနတဲ့ မင္းရဲ႕ႏႈတ္ခမ္းေလးက ဂ်ယ္လီတံုးေလးလို
ဒါေနာက္ဆံုးအႀကိမ္လည္းျဖစ္သြားႏိုင္တာမလို႔ မက္မက္ေမာေမာနဲ႔ကို နမ္း႐ွိဳက္မိတယ္
မင္းတြန္းမထုတ္ခင္အထိေပါ့

မီးဝင္းဝင္းေတာက္ေနတဲ့ မင္းရဲ႕မ်က္ဝန္းေတြကို ငါသိပ္ေၾကာက္တယ္ဆိုတာ မင္းယံုပါ့မလား

'မထိနဲ႔ မထိနဲ႔ ငါ့ကို'

သိလိုက္ရပါၿပီ
ေျပးထြက္သြားတဲ့ မင္းေနာက္ကိုေျပးလိုက္ခဲ့ေပမယ့္

'လိုက္မလာနဲ႔ေနာ္ လိုက္လာရင္ ငါ့အဆိုးမဆိုနဲ႔'

မင္းကငါ့ကိုမုန္းသြားေတာ့မွာလား

SungJoo တို႔အဖြဲ႕ဆီက တစ္ခြက္ၿပီးတစ္ခြက္ယူေသာက္ေနတဲ့မင္းကို ေဒါင့္အကြယ္ကေနပဲ ေစာင့္ၾကည့္ေနခဲ့တယ္
အခုေနအနားကပ္သြားရင္ ရင္ဆိုင္ရမယ့္ မင္းအမုန္းေတြကို ငါမလိုလားပါဘူး

ခဏေလးပါပဲ ခဏေလးပဲ ေကာင္မေလးတစ္ေယာက္ကိုစကားေျပာေနရင္း ျပန္လွည့္ၾကည့္လိုက္ေတာ့
မင္းကမရွိေတာ့ဘူး
ဘယ္ေရာက္သြားတာလဲ ဘယ္ေရာက္သြားတာလဲ

ဟိုအေရွ႕ကအခန္းထဲမွာ တ႐ုန္း႐ုန္းနဲ႔ မင္းမ်ားလား

'ႀကိဳက္တယ္ ႀကိဳက္တယ္ မင္းကုတ္အကၤ်ီကိုလည္းႀကိဳက္တယ္ မင္းကိုလည္းႀကိဳက္တယ္'

ထပ္ခါထပ္ခါေအာ္ေျပာေနတဲ့အသံ
ဟုတ္ပါတယ္
မင္းပါပဲ
ငါဟာအၿမဲေဘးခ်င္းကပ္ရက္ရွိေနရဲ႕နဲ႔ကို ေျခတစ္လွမ္းေနာက္က်ေနခဲ့တာလား
မင္းကိုကုန္းပိုးလို႔ထြက္သြားတဲ့ Xiao Zhan ကို အိမ္ေသာ့ေလးထိုးေပးလိုက္တယ္
မင္းအဆင္ေျပပါေစ

.................

မင္းရဲ႕အမုန္းေတြကို ရင္မဆိုင္ရဲလို႔ေရွာင္ေနခဲ့မိတာ
တျခားသူအတြက္ ေနရာဖယ္ေပးသလိုျဖစ္သြားတယ္ဆိုတာ သိလိုက္ရေတာ့ သိပ္ေနာက္က်သြားခဲ့ၿပီ

အခုဆိုရင္ မင္းတို႔ႏွစ္ေယာက္က အားလံုးရဲ႕အျမင္မွာ သိပ္လိုက္ဖက္တဲ့အတြဲေလး

'မင္းတကယ္ေျပာေနတာလား'

ဟင့္အင္း ငါညာေနတာ

'တကယ္ပါဆိုေန ငါအဲ့ဒီေန႔က ေသာက္တာနည္းနည္းမ်ားသြားလို႔ မူးေနတာ မင္းကလည္း ေကာင္မေလးနဲ႔တူတာကိုး'

ယံုသြားတဲ့ မင္းမ်က္ႏွာေလးကိုၾကည့္ရင္း ျပံဳးလိုက္မိတယ္
ငါကဘယ္ေလာက္ေသာက္ေသာက္မမူးတဲ့ ႂကြက္တြင္းဆိုတာ မင္းေမ့ေနၿပီထင္တယ္

အမွန္အတိုင္းေျပာတာကို မင္းကလက္မခံႏိုင္မွေတာ့
ညာၿပီးပဲေနရေတာ့မွာေပါ့ Yibo ရယ္
ငါကမင္းအနားမွာေနခ်င္ေသးတာကိုး

'Youn မင္း မစ္ရွိတ္မဝယ္ေတာ့ဘူးလား'

'အင္း သိပ္မေသာက္ခ်င္ေတာ့လို႔ ရာသီဥတုလဲေအးလာၿပီေလ'

မင္းေၾကာင့္လည္း ငါသိပ္လိမ္တတ္လာၿပီ
အမွန္ေတာ့ အစကတည္းကမွ ငါမႀကိဳက္ခဲ့တာပဲ
ငါ့ဆီက လုလုေသာက္တဲ့ ေကာင္ေလးတစ္ေယာက္အတြက္ဝယ္ခဲ့တာကိုး
အခုေတာ့ လိုမွမလိုေတာ့ပဲေလ

..................

'Seung Youn ေကာ ျပန္မွာလား'

စားပြဲတစ္ဖက္ျခမ္းကေန လွမ္းေမးလာတဲ့ Xiao Zhan
မင္းအေပၚ ငါ့ရဲ႕ခံစားခ်က္ေတြကို သူကေတာ့ သိေနခဲ့တယ္ထင္ရဲ႕
ေႁမြေႁမြခ်င္းေျချမင္တယ္ဆိုတာ ဒါမ်ိဳးမ်ားလား

'အစကေတာ့ မျပန္ပဲေနမလို႔ပဲ အခုေတာ့ စိတ္ေျပာင္းသြားၿပီ'

'ဟင္ ဘယ္လိုႀကီးလဲ မင္းကလည္း'

ႏႈတ္ခမ္းမစူပါနဲ႔ Yibo ရယ္ မင္းမွငါ့ကိုမလိုေတာ့ပဲ

...............

Christmas မတိုင္ခင္ ညေပါ့
ဖုန္းျမည္လာလို႔ အိပ္ခ်င္မူးတူးၾကည့္လိုက္ေတာ့ မင္းဆီကပဲ
ဪ ဒီေန႔မင္းစာေမးပြဲၿပီးတာပဲ

Christmas ကို အေစာႀကီး Wish လုပ္ခ်င္လို႔ ဖုန္းဆက္တာမ်ားလား
ဘာပဲျဖစ္ျဖစ္ မင္းနဲ႔ပတ္သတ္လာရင္ ေပ်ာ္ေနမိတာ ထူးဆန္းတယ္ေနာ္

'Yibo ေျပာ'

ေတာ္႐ုံနဲ႔ အသံမထြက္လာတာမလို႔ ငါစိတ္ပူမိၿပီ

'Yibo?'

'Youn ေရ ငါေလ ငါ-'

ဘာလို႔ငိုေနျပန္တာလဲကြာ

'စာေမးပြဲမေျဖႏိုင္လို႔လား Yibo'

'ငါ့ကို ငါ့ကို Xiao Zhan ထားသြားေတာ့မယ္ထင္တယ္ ငါအသံုးမက်လို႔ေလ'

မင္းရဲ႕ငိုသံနဲ႔အတူ စီးက်လာတဲ့ ငါ့မ်က္ရည္ေတြကို မင္းကေတာ့ ဘယ္သိမလဲ
ဒါဆိုငါ့ဆီလာခဲ့ေလလို႔ ေအာ္ေျပာပလိုက္ခ်င္ေပမယ့္ မင္းစိတ္ကြက္သြားမွာကို နည္းနည္းေလးေတာင္မလိုလားဘူး

ခ်စ္ရတဲ့သူဆီက တျခားတစ္ေယာက္အေၾကာင္း ခံစားခ်က္ေတြနားေထာင္ရတာထက္ ဆိုးဝါးတဲ့နာက်င္မႈ ဒီကမ႓ာေပၚမွာမရွိေတာ့ဘူးထင္ရဲ႕

'ဒါဆိုငါမနက္ျဖန္ သူ႔ကိုသြားေတာင္းပန္လိုက္ေတာ့မယ္ သူနားလည္မွာပါေနာ္'

'အင္း'

'ငါ့ကိုနားေထာင္ေပးလို႔ ေက်းဇူးပဲ Youn ရယ္ မင္းလည္းအိပ္ေရးပ်က္ရၿပီ'

ဒီတစ္ညလံုးလည္း ငါေတာ့ အိပ္ေပ်ာ္မွာမဟုတ္ေတာ့ဘူး အ႐ူးေလးရဲ႕

'ရပါတယ္ကြာ'

'တကယ္ကိုမင္းက ငါ့အတြက္အေကာင္းဆံုးသူငယ္ခ်င္းပဲ အရမ္းခ်စ္တယ္ေနာ္'

'ငါလည္းမင္းကိုအရမ္းခ်စ္ပါတယ္ကြာ'

ခ်စ္တဲ့ပံုခ်င္း မတူညီေပမယ့္လို႔ေပါ့

'အင္း အိပ္ေတာ့မယ္ Youn ဪ Merry Christmas ငါအေစာဆံုးပဲမလား wish လုပ္တာ'

မ်က္ရည္ေတြၾကားက ရယ္လိုက္မိတယ္

'Merry Christmas'

ဆုေတာင္းတိုင္းသာ ျပည့္ရမယ္ဆိုရင္ တဖက္သက္အခ်စ္ကေန လြတ္ေျမာက္ရပါလို၏

Song recommendation - Best Friend by iKON

Note - ဒါ extra ေလးေပါ့ေနာ္ တေလွ်ာက္လံုး ကို Seung Youn ရဲ႕ POV က ေရးထားတာပါ။ သိပ္ႏွိပ္စက္မိပါတယ္ X1 သတင္းေလးတက္လာေတာ့ ပိုစိတ္မေကာင္းျဖစ္မိတယ္ 😢

Unicode

ခံစားချက်တွေက ဘယ်အချိန်ကတည်းကစခဲ့တာလဲမေးရင်
မသိဘူးလို့ပြောရမှာပဲ

ဘယ်အချိန်မှာစသိတာလဲဆိုရင်တော့
အင်း အဖြေရှိတယ်

............
'Li Jun ge က ငါ့ကို တွဲကြမလားလို့လာမေးတယ်'

ထမင်းတွေ ပလုတ်ပလောင်းစားရင်း မင်းကပြောလာခဲ့တယ်

'အဲ့တော့ မင်းက ဘာပြန်ပြောလိုက်လဲ'

'တွဲမယ်လို့ပြန်ပြောလိုက်တယ် သူကချောတယ်လေ ငါယောက်ျားလေးတွေကိုကြိုက်တာ ဟုတ်မဟုတ်လဲ အတည်ပြုချင်တယ်'

အေးအေးဆေးဆေးပါပဲ
မင်းပုံစံက
ငါ့ရင်ထဲမှာ လှိုင်းတစ်ခုခတ်သွားတာ မင်းမှမသိပဲကိုး

စမ်းတွဲကြည့်မယ်ဆိုတဲ့ မင်းတို့အတွဲက တကယ်တမ်း ၈လ တောင်ကြာအောင်တွဲခဲ့တယ်
ဒါလည်း မင်းဘက်က အားစိုက်မှုတွေကြောင့်ပါ

အပြင်ပန်းမှာ ဘာကိုမှ ဂရုမစိုက်တတ်သလိုနေတတ်တဲ့မင်းက
တကယ်တမ်းမှာ စိတ်ခံစားချက် သိပ်နုနယ်တာကိုး

Li Jun က သိပ်ဆိုးတယ်
တွဲပြီး၄လလောက်ရှိလာချိန်မှာ မင်းကို ကောင်းကောင်းမဆက်ဆံတော့သလို
မင်းဆက်တဲ့ဖုန်းတွေကိုလည်း ကိုင်ချင်မှ ကိုင်တယ်
မင်းကတော့ သည်းခံခဲ့ပါတယ်
သူမင်းကိုထားသွားခဲ့တဲ့ အချိန်အထိပဲ

'ငါကပျင်းဖို့ကောင်းတယ် ငါကအရမ်းရစ်တယ်တဲ့ Youn ရယ် အဲ့ဒါအမှန်တွေပဲလားဟင်'

ဆွေးဆွေးမြည့်မြည့်နဲ့ ငါ့ကိုမင်းတိုင်တည်လာတဲ့စကား
မသောက်တတ်ပဲနဲ့ ဘီယာတွေသောက်ပြီး မင်းအရမ်းမူးနေခဲ့တာလေ

'ငါကသူငါ့ကိုငြိုငြင်သွားမှာစိုးလို့ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ သည်းခံခဲ့တာလေ အဲ့တာပျင်းဖို့ကောင်းတယ်တဲ့လား'

အဲ့ဒီအချိန်မှာ ငါသိလိုက်ရတာပဲ
ချစ်နေမိပြီဆိုတာပေါ့
မင်းမျက်ရည်တွေကို မမြင်ချင်သလို
တခြားကောင်ကြောင့် ငိုနေတာကို ငါမခံစားနိုင်ဘူး

..............

သိပ်ချစ်ဖို့ကောင်းတဲ့မင်းက
တက္ကသိုလ်ရောက်တော့လည်း အတန်အသင့် popular ဖြစ်တာ မဆန်းလှဘူး
ချဉ်းကပ်လာတဲ့လူတိုင်းကို မယုံသင်္ကာမျက်ဝန်းတွေနဲ့ ကြည့်တတ်တဲ့မင်းကြောင့်
ငါ့ခံစားချက်တွေကို ဖွင့်ပြောဖို့မရဲခဲ့ဘူးလေ
သိပ်စိတ်ဆတ်တဲ့မင်းက
ငါ့ကို စိတ်ဆိုးပြီး မုန်းသွားမှာကို သေမလောက်ကြောက်တယ်

'ချောတယ်နော်'

မင်းစကားသံကြောင့် လိုက်ကြည့်မိတော့
အင်း ဟုတ်ပရယ်
တော်တော်ကိုချောတယ်
ငါတို့တွေထက်တောင် အရပ်ကရှည်သေး
ရုပ်ရှင်ဖန်သားပြင်ထဲက ခုန်ထွက်လာသလိုကို ချောတဲ့လူတစ်ယောက်

ရုတ်တရတ်ဒီဘက်ကိုလှည့်ကြည့်လာတာမလို့ ငါတောင်လန့်သွားတယ်
အကြည့်က ခပ်စူးစူးရယ်
ဒါပေမယ့် ငါ့ကိုကြည့်တာမဟုတ်ဖူး
သူ့မျက်လုံးတွေက မင်းဆီမှာ
လူသတ်တဲ့အပြုံး ဆိုတာ ဒါမျိုးထင်ရဲ့
မင်းကိုကြည့်တော့ ပါးအို့လေးတွေရဲလို့

...............

'အဲ့ဒီ Xiao Zhan က ဘာလုပ်မှန်းမသိဘူး မနက်တိုင်းကော်ဖီလာလာပေးတယ်'

စူပုတ်ပုတ်လေးပြောနေပေမယ့် သဘောကျတဲ့ အရိပ်အယောင်တွေပါနေတာကို
မင်းမျက်နှာကို စာအုပ်တစ်အုပ်လိုဖတ်လာတဲ့ ငါကတော့ ရိပ်မိခဲ့တာပေါ့

လက်လျှော့သွားဖို့ မျှော်လင့်ခဲ့ပေမယ့် အဲ့ဒီကောင် Xiao Zhan က ဇွဲကောင်းလွန်းအားကြီးတယ်

'ငါ့ကိုလာပြီး ဂရုစိုက်ပြနေတယ် သူကဖြင့်အခု Mei Qi နဲ့ တွဲနေပြီးတော့များ'

မကြိုက်ဖူးသာဆိုတယ်
Xiao Zhan အခုဘယ်သူ ဘယ်ဝါနဲ့တွဲနေတယ်ဆိုတာ မင်းကအကုန်သိနေခဲ့တာမလား

ငါတော့ကြာကြာတောင့်မခံနိုင်တော့ဘူးထင်တယ် Yibo ရယ်

.................

ဖေဖေနေမကောင်းလို့ အိမ်ပြန်ရတော့
ငါလေ မင်းကိုသိပ်လွမ်းတာပဲ
ခွဲခွာရတဲ့အချိန်မှာ ခံစားချက်တွေက ပိုသိသာတယ်ဆိုတာ အမှန်ပဲ

အခုအချိန်မှာ မင်းလည်းလူလွတ် ငါလည်းလူလွတ်ပဲ
ငါအခွင့်အရေးရှိတယ်မလား
ဖွင့်ပြောလိုက်တော့မယ်

ရဲဆေးတင်လာခဲ့ပေမယ့် မင်းကိုတွေ့ချိန်မှာ ကြောက်တာပါပဲ

'အန်ကယ်တစ်ခုခုဖြစ်လို့လား'

မုန့်တွေပေနေတဲ့ မင်းရဲ့နှုတ်ခမ်းလေးက ဂျယ်လီတုံးလေးလို
ဒါနောက်ဆုံးအကြိမ်လည်းဖြစ်သွားနိုင်တာမလို့ မက်မက်မောမောနဲ့ကို နမ်းရှိုက်မိတယ်
မင်းတွန်းမထုတ်ခင်အထိပေါ့

မီးဝင်းဝင်းတောက်နေတဲ့ မင်းရဲ့မျက်ဝန်းတွေကို ငါသိပ်ကြောက်တယ်ဆိုတာ မင်းယုံပါ့မလား

'မထိနဲ့ မထိနဲ့ ငါ့ကို'

သိလိုက်ရပါပြီ
ပြေးထွက်သွားတဲ့ မင်းနောက်ကိုပြေးလိုက်ခဲ့ပေမယ့်

'လိုက်မလာနဲ့နော် လိုက်လာရင် ငါ့အဆိုးမဆိုနဲ့'

မင်းကငါ့ကိုမုန်းသွားတော့မှာလား

SungJoo တို့အဖွဲ့ဆီက တစ်ခွက်ပြီးတစ်ခွက်ယူသောက်နေတဲ့မင်းကို ဒေါင့်အကွယ်ကနေပဲ စောင့်ကြည့်နေခဲ့တယ်
အခုနေအနားကပ်သွားရင် ရင်ဆိုင်ရမယ့် မင်းအမုန်းတွေကို ငါမလိုလားပါဘူး

ခဏလေးပါပဲ ခဏလေးပဲ ကောင်မလေးတစ်ယောက်ကိုစကားပြောနေရင်း ပြန်လှည့်ကြည့်လိုက်တော့
မင်းကမရှိတော့ဘူး
ဘယ်ရောက်သွားတာလဲ ဘယ်ရောက်သွားတာလဲ

ဟိုအရှေ့ကအခန်းထဲမှာ တရုန်းရုန်းနဲ့ မင်းများလား

'ကြိုက်တယ် ကြိုက်တယ် မင်းကုတ်အင်္ကျီကိုလည်းကြိုက်တယ် မင်းကိုလည်းကြိုက်တယ်'

ဟုတ်ပါတယ်
မင်းပါပဲ
ငါဟာအမြဲဘေးချင်းကပ်ရက်ရှိနေရဲ့နဲ့ကို ခြေတစ်လှမ်းနောက်ကျနေခဲ့တာလား
မင်းကိုကုန်းပိုးလို့ထွက်သွားတဲ့ Xiao Zhan ကို အိမ်သော့လေးထိုးပေးလိုက်တယ်
မင်းအဆင်ပြေပါစေ

.................

မင်းရဲ့အမုန်းတွေကို ရင်မဆိုင်ရဲလို့ရှောင်နေခဲ့မိတာ
တခြားသူအတွက် နေရာဖယ်ပေးသလိုဖြစ်သွားတယ်ဆိုတာ သိလိုက်ရတော့ သိပ်နောက်ကျသွားခဲ့ပြီ

အခုဆိုရင် မင်းတို့နှစ်ယောက်က အားလုံးရဲ့အမြင်မှာ သိပ်လိုက်ဖက်တဲ့အတွဲလေး

'မင်းတကယ်ပြောနေတာလား'

ဟင့်အင်း ငါညာနေတာ

'တကယ်ပါဆိုနေ ငါအဲ့ဒီနေ့က သောက်တာနည်းနည်းများသွားလို့ မူးနေတာ မင်းကလည်း ကောင်မလေးနဲ့တူတာကိုး'

ယုံသွားတဲ့ မင်းမျက်နှာလေးကိုကြည့်ရင်း ပြုံးလိုက်မိတယ်
ငါကဘယ်လောက်သောက်သောက်မမူးတဲ့ ကြွက်တွင်းဆိုတာ မင်းမေ့နေပြီထင်တယ်

အမှန်အတိုင်းပြောတာကို မင်းကလက်မခံနိုင်မှတော့
ညာပြီးပဲနေရတော့မှာပေါ့ Yibo ရယ်
ငါကမင်းအနားမှာနေချင်သေးတာကိုး

'Youn မင်း မစ်ရှိတ်မဝယ်တော့ဘူးလား'

'အင်း သိပ်မသောက်ချင်တော့လို့ ရာသီဥတုလဲအေးလာပြီလေ'

မင်းကြောင့်လည်း ငါသိပ်လိမ်တတ်လာပြီ
အမှန်တော့ အစကတည်းကမှ ငါမကြိုက်ခဲ့တာပဲ
ငါ့ဆီက လုလုသောက်တဲ့ ကောင်လေးတစ်ယောက်အတွက်ဝယ်ခဲ့တာကိုး
အခုတော့ လိုမှမလိုတော့ပဲလေ

..................

'Seung Youn ကော ပြန်မှာလား'

စားပွဲတစ်ဖက်ခြမ်းကနေ လှမ်းမေးလာတဲ့ Xiao Zhan
မင်းအပေါ် ငါ့ရဲ့ခံစားချက်တွေကို သူကတော့ သိနေခဲ့တယ်ထင်ရဲ့
မြွေမြွေချင်းခြေမြင်တယ်ဆိုတာ ဒါမျိုးများလား

'အစကတော့ မပြန်ပဲနေမလို့ပဲ အခုတော့ စိတ်ပြောင်းသွားပြီ'

'ဟင် ဘယ်လိုကြီးလဲ မင်းကလည်း'

နှုတ်ခမ်းမစူပါနဲ့ Yibo ရယ် မင်းမှငါ့ကိုမလိုတော့ပဲ

...............

Christmas မတိုင်ခင် ညပေါ့
ဖုန်းမြည်လာလို့ အိပ်ချင်မူးတူးကြည့်လိုက်တော့ မင်းဆီကပဲ
ဪ ဒီနေ့မင်းစာမေးပွဲပြီးတာပဲ

Christmas ကို အစောကြီး Wish လုပ်ချင်လို့ ဖုန်းဆက်တာများလား
ဘာပဲဖြစ်ဖြစ် မင်းနဲ့ပတ်သတ်လာရင် ပျော်နေမိတာ ထူးဆန်းတယ်နော်

'Yibo ပြော'

တော်ရုံနဲ့ အသံမထွက်လာတာမလို့ ငါစိတ်ပူမိပြီ

'Yibo?'

'Youn ရေ ငါလေ ငါ-'

ဘာလို့ငိုနေပြန်တာလဲကွာ

'စာမေးပွဲမဖြေနိုင်လို့လား Yibo'

'ငါ့ကို ငါ့ကို Xiao Zhan ထားသွားတော့မယ်ထင်တယ် ငါအသုံးမကျလို့လေ'

မင်းရဲ့ငိုသံနဲ့အတူ စီးကျလာတဲ့ ငါ့မျက်ရည်တွေကို မင်းကတော့ ဘယ်သိမလဲ
ဒါဆိုငါ့ဆီလာခဲ့လေလို့ အော်ပြောပလိုက်ချင်ပေမယ့် မင်းစိတ်ကွက်သွားမှာကို နည်းနည်းလေးတောင်မလိုလားဘူး

ချစ်ရတဲ့သူဆီက တခြားတစ်ယောက်အကြောင်း ခံစားချက်တွေနားထောင်ရတာထက် ဆိုးဝါးတဲ့နာကျင်မှု ဒီကမ႓ာပေါ်မှာမရှိတော့ဘူးထင်ရဲ့

'ဒါဆိုငါမနက်ဖြန် သူ့ကိုသွားတောင်းပန်လိုက်တော့မယ် သူနားလည်မှာပါနော်'

'အင်း'

'ငါ့ကိုနားထောင်ပေးလို့ ကျေးဇူးပဲ Youn ရယ် မင်းလည်းအိပ်ရေးပျက်ရပြီ'

ဒီတစ်ညလုံးလည်း ငါတော့ အိပ်ပျော်မှာမဟုတ်တော့ဘူး အရူးလေးရဲ့

'ရပါတယ်ကွာ'

'တကယ်ကိုမင်းက ငါ့အတွက်အကောင်းဆုံးသူငယ်ချင်းပဲ အရမ်းချစ်တယ်နော်'

'ငါလည်းမင်းကိုအရမ်းချစ်ပါတယ်ကွာ'

ချစ်တဲ့ပုံချင်း မတူညီပေမယ့်လို့ပေါ့

'အင်း အိပ်တော့မယ် Youn ဪ Merry Christmas ငါအစောဆုံးပဲမလား wish လုပ်တာ'

မျက်ရည်တွေကြားက ရယ်လိုက်မိတယ်

'Merry Christmas'

ဆုတောင်းတိုင်းသာ ပြည့်ရမယ်ဆိုရင် တဖက်သက်အချစ်ကနေ လွတ်မြောက်ရပါလို၏

Song recommendation - Best Friend by iKON

Note - ဒါ extra လေးပေါ့နော် တလျှောက်လုံး ကို Seung Youn ရဲ့ POV က ရေးထားတာပါ။ သိပ်နှိပ်စက်မိပါတယ် X1 သတင်းလေးတက်လာတော့ ပိုစိတ်မကောင်းဖြစ်မိတယ် 😢

Continue Reading

You'll Also Like

896K 2.1K 8
ကလေးတေမဖတ်နဲ့ ဖတ်ရင်လည်း တိုးတိုးတိတ်တိတ်ဖတ် wattpadစာကိုwattpadမှာဘဲထားခဲ့ပါ ယူသွားမယ်ဆိုလည်းကိုတို့လိုလူတေရှိတဲ့နေရာဘဲယူသွားပါ
42.2K 761 8
It's gonna be short stories. Most of the stories will be around 10 to 15 chapters. If you are new to my profile, do check out the short stories I.
12.2K 1.7K 25
" තමුන් මේක කරන්නම ඕනෙ.. " " ඒත් තාත්තා.. මං කොහොමද- " " මං දන්නවා තමුන් ගෙදරින් පිටදි ඉන්න විදිහ මොන වගේද කියන්න.. ඒ නිසා මේක තමුන්ට අමාරු වෙන්න විද...
92.4K 7.2K 21
BETWEEN US! UNICODE ONLY.