Hua Hua You Long Short Story...

Od MonThawDar5

1.3K 44 1

"Hua Hua You Long " fan တ​ယောက်အ​နေနဲ့ ဘာသာပြန်ခြင်းဖြသ်ပါသည်။ မာနကြီးလှတဲ့ Jing နဲ့ နုံအလှတဲ့ ​တောင်​ပေါ်ဓါး... Více

Intro
You and Me
Rain 🌧️ ( Part -1)
Rain (Part 2)
Rain 🌧️ Part - 3
Sweet
Advertisement

Jing and Lu Chang : The Beginning

334 11 1
Od MonThawDar5

Unicode

"Jing , အဝေးကြီးမသွားနဲ့ "
မင်းသား Yong Yi တာ၀န်ကျနေတဲ့ Hangzhou ကို မရမကအတင်းလိုက်လာပြပြီး ခေါင်းမာလှတဲ့ Jing ကို စိုးရိမ်စွာအော်ပြောလိုက်သည် ။

‌တိုင်းပြည်‌ရေးရာများ ဆွေးနွေး နေသည်ကို နားထောင် နေရတာ သိပ်မကြာသေးပေမဲ့ အဲအချိန်ခဏလေးကပဲ Jing ကိုပျင်းရိစေတယ် ။အဲဒါကြောင့်Jing ဟာ တချက်သမ်းဝေလိုက်ပီ့း အပြင်ထွက်လည်ဖို့ ဆုံးဖြတ်လိုက်တယ် ။

အမှန်တကယ်ဆို ဦးရီးတော်ဘေးမှာနေရတာကို Jing ကြိုက်ပေမဲ့ ပျင်းရိစရာကောင်းတဲ့ ဆွေးနွေးမှုတွေ့‌ကြောင့် အခြားတစ်ခုကို ရွေးချယ်လိုက်တယ် ။ သူ့အသက်ရွယ် အရ ထိုကိစ္စတွေကို နားလည်ပြီးသားဖြစ်ပေမဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်အချိန် မရောက်ခင်အထိ ဒီကိစ္စတွေန့ဲမပတ်သက်ချင်‌သေးဘူး

Jing စံအိမ်ထဲက ထွက်လာပြီးတဲ့နောက် လူစည်းကားတဲ့ လမ်းသွယ်ထဲကို လျှောက်လာခဲ့ တယ် ။ ထိုလမ်းသွယ်ထဲက ပျံကျဈေးသည်တွေရဲ့ သူတို့ကုန်ပစ္စည်းတွေကို ကျယ်‌လောင်စွာအော်ဟစ် ရောင်းချနေတာက Jing ကို‌စိတ်ပျက်စေတာကြောင့် လူသိပ်မစည်ကားတဲ့ လမ်းကြောင်း ကနေ အနောက်ဘက်ရေကန်ဆီ သွားဖို့ ရွေးချယ်လိုက်တယ် ။ Jiangnan မှာတော့ အနောက်ဘက်ရေကန်က အလှဆုံးပဲ ။

ညင်သာစွာယိမ်းနွဲ့နေတံ့ မိုးမခပင်တန်းကိုမြင်တဲ့ အခါ Jing ကစိတ်မရှည်စွာ နဲ့ အမြန်ကျော်လိုက်တယ်။ အဲ့အချိန်မှာပဲ ကောင်လေးတ‌စ်ယောက် သူ့ဆီတည့်တည့် ‌ပြေးလာတာကို မမြင်လိုက်မိဘဲ တိုက်မိပြီး ကောင်လေးက မြေပေါ်လဲကျ သွားတယ်။

ကောင်လေး စိတ်ဆိုးပြီးငိုမယ်လို့ Jing ထင်လိုက်မိပေမယ့် အဲ့အစား ကောင်လေးက လျင်မြန်စွာထလိုက်ပြီး Jing ကိုမာန်ပါပါ တစ်ချက် ကြည့်လိုက်တယ် ။

"မင်းလမ်းသွားရင်ကြည့်သွားသင့်တယ် "

ကောင်လေးကြည့်ရတာ ငါးနှစ်ခြောက်နှစ်၀န်းကျင် သူ့လေသံ သူကပဲJingထက်ကြီးသလို ပြောဆိုဆက်ဆံနေတယ်

"သေလိုက်ပါလား။ မင်းသာ ပြေးလာပြီးမမြင်ဘဲငါ့ကို၀င်တိုက်မိတာလေ "

"ဒါပေမဲ့ ဒီနေရာ က ငါတို့ပိုင်တာလေ။ အဲတာကြောင့်ငါလုပ်ချင်သလိုလုပ်လို့ရတယ် "

"ဒီနေရာတင်မကဘူး တစ်ကမ္ဘာလုံး က ငါ့အဖေပိုင်တာ မင်းကြိုက်သလို လုပ်လို့မရဘူး "

"မဖြစ်နိုင်ဘူး မင်းက ဧကရာဇ်ဖြစ်နေရင်တောင် ငါလုပ်ချင်တာလုပ်လို့ရနေတုန်းပဲ လွတ်လပ်မှုဆိုတာလိုက်ကန့်သတ်လို့မရဘူး "

လွတ်လပ်မှု Jing စိတ်ထဲမှာတစ်ခါမှ မတွေးဖူးဘူး ။

သူဟာတော်၀င်မင်းသားတစ်ပါး ဖစ်တဲ့့အတွက် သူ့လုပ်ချင်တာ လုပ်လို့ရတယ် ။ အဲ့တော့ လွတ်လပ်မှုဆိုတာ ဘာလဲ ။

"လွတ်လပ်မှုဆိုတာ ဘာလဲ" လို့ Jing က ကောင်လေးကိုမေးလိုက်တယ်

ကောင်လေးက Jing မေးခွန်းကို နည်းနည်း အံ့အားသင့်သွားပြီး

"ပြောရရင် ငါ့အကိုတွေပြောတာက လွတ်လပ်မှုဆိုတာ မင်းစိတ်ထဲမှာရှိတဲ့အတိုင်း မင်းစားချင်တာစားနိုင်တယ် သောက်ချင်တာသောက်နိုင်တယ် လွတ်လပ်ခြင်းဆိုတာ မင်းစိတ်ထဲမှာ နှလုံးသားထဲမှာ ဘာအတွက်မှ ပူပင်စရာတွေမရှိတော့ဘဲ စိတ်ထဲမှာရှိတဲ့အတိုင်း လုပ်နိုင်တာပဲ လွတ်လပ်မှုကို ဥပဒေ ဘောင်တွေနဲ့ ကန့်သတ်ထားလို့မရဘူး ပြီးတော့ မင်းဘယ်နေရာရာရောက်ရောက် ငြိမ်းချမ်းစွာ အိပ်နိုင်တာပဲ "

ရှင်းပြနေတဲ့ အတောတွင်း ကောင်လေးရဲ့ မျက်လုံးဝိုင်းကြီးတွေ က စိတ်လှုပ်ရှားစွာဖြင့် တလက်လက်တောက်ပနေတယ် ။

ဘယ်လိုတောင် ဆိုးလိုက်တဲ့ ဘ၀ကြီးလဲ။ ဒါက လွတ်လပ်ခြင်းရဲ့ အဓိပ္ပာယ်လား ။ အသက်ရှင်ဖို့သနားစရာကောင်းလိုက်တဲ့ ဘ၀လေးပဲ ။ နောက်ဆုံးတော့ လွတ်လပ်မှုဆိုတာ အဓိပ္ပာယ် မရှိတဲ့ အရာတခုပဲ။

Jing အတွက်တော့ လွတ်လပ်မှုဆိုတာ ကောင်း‌ကင်ဘုံ ပြီးရင် အာဏာအရှိဆုံး သူဖြစ်ရတာပဲ။ ဘ၀ကိုသက်တောင့်သက်သာနေချင်တယ် ဆိုရင် စည်းကမ်းတွေ ဥပဒေတွေကို ကိုယ် လိုသလို ထုတ်ပြန်နိုင်ရမယ်

ကောင်လေး က Jing ကိုသေချာကြည့်ပြီး " ညီလေး မင်းကိုကြည့်ရတာ အရမ်းဖျော့တော့တာပဲ မင်းအပြင်ကိုမကြာခဏထွက်ပေးဖို့လိုမယ် ။ လာခဲ့ ငါမင်းကို ဒီနားတဝိုက်လိုက်ပြမယ် ။ ပြီးတော့ Jing ရဲ့ အဖြေကိုမစောင့်ဘဲ ရုတိယ်တရက်လက်ကိုဆွဲပြီး သူရဲ့ အကြိုက်ဆုံးနေရာတွေ လိုက်ပြတယ်။ အများစုက သစ်ပင်ကြီးတွေ တဲအိုတွေဖြစ်ပေမဲ့ ကောင်လေးက ဒီနေရာတွေ က သူအမြဲပုန်းနေကြနေရာတွေဖြစ်ပြီး ပုန်းတိုင်းလည်း သူ့ကိုဘယ်သူမှမရှာနိုင်ဘူးလို့ ဂုဏ်ယူစွာပြောလိုက်သေးတယ်။

ကောင်လေးကသူပုန်းဖို့နေရာလို‌တယ်ပြောလို့ Jing ,အံဩသွားပေမဲ့လည်း ဘာမှထပ်မပြောဖို့ ရွေးချယ်လိုက်တယ် ။ အားလုံးကိုခြုံကြည့်လိုက်ရင် ဒီကောင်လေးက သူ့ကိုအပျင်းပြေစေတယ် ။

"ဗိုက်ဆာလိုက်တာ ငါစားဖို့တစ်ခုခုသွားယူလိုက်အုံးမယ်နော် ညီအစ်ကို မင်းငါ့ကို ဒီမှာပဲစောင့်နေနော် "

ကောင်လေးက အလင်းအရှိန်နှုန်းနဲ့ လျင်မြန်စွာပြေးသွားတယ် ။ ကောင်‌ေလးကိုကြည့်
ရတာ ကိုယ်ခံပညာ‌သင်ယူထား‌တာသေချာတယ် ။

သိပ်မကြာတဲ့အချိန်မှာပဲ ကောင်‌ေလးကပြန်လာပြီး သကြားလုံးတွေ ပေါက်စီတွေ ယူလာတယ်။ သူ့ခေါင်းမှာ ဒဏ်ရာရပြီး သွေးနည်းနည်းထွက်နေတယ် ။

Jing ကောင်လေးနဖူးပေါ်ကသွေးထွက်နေတဲ့ ဒဏ်ရာကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်ပေမဲ့ သူကတော့ ဘာမှမဖြစ်သလို သွေးတွေကိုသုတ်လိုက်တယ် ။

" ဒါက ငါဂရုမစိုက်လို့ ဖြစ်သွားရတာပါ။ ရှောင်တာသိပ်မမြန်လိုက်လို့လေ သကြာလုံးရောင်းတဲ့သူက ပစ်လိုက်တဲ့ခဲလုံးထိသွားပါ ငါ လေ့ကျင်ဖို့လိုသေးတယ်ထင်တယ် " ကောင်လေး ကမုန့်ကိုပေးရင်း သူ့ရဲ့ဒဏ်ရာအကြောင်းကို ရှင်းပြတယ်။

" မင်းကဘာလုပ်တာလဲ ဘာဖြစ်လို့ ဈေးသည် က မင်းကိုခဲလုံးနဲ့ပေါက်လိုက်တာလဲ "
ကောင်လေးကသူ့ကိုအံ့သြသွား ပီးတချက်ကြည့်လိုက်တယ်ပြီးတော့ " အဲ့တာကသိပ်ပီး မထူးဆန်းပါဘူး ဘာဖြစ်လို့လဲ ဆိုတော့ ငါက ဒီကြားလုံးတွေကိုခိုးလာခဲ့လို့လေ "

Jing ရဲ့မျက်ခုံးတွေ မြင့်တက်သွားပီး "မင်းက ဘာာာ"

ကောင်လေးက အပြစ်ကင်းစွာ ရယ်လိုက်ပီး "ငါ ဒီသကြားလုံးတွေကို ခိုးခဲ့တယ်လေ။ ပေါက်စီတွေရောပဲ ။ငါ့အဖေက ငါ့တို့လိုချင်တာကို ဒီတိုင်းယူလိုက်ရုံပဲ လို့ပြောတယ် "

"မင်း က ဘာလဲ ။မဟုတ်မှ မင်းက သူခိုးလား။ "

ကောင်လေးက မျက်လုံးပြူးသွားပြီး "ငါတို့ကိုသူခိုးလို့ခေါ်လို့မရဘူး ငါတို့ က ........."

"သူခိုးလေးက ဒီမှာပဲ ငါ့သကြားလုံးတွေပြန်ပေးစမ်း "

ကောင်လေးကစကားဆုံးအောင်မပြောလိုက်ရဘဲ ဒေါသထွက်နေတဲ့ ဈေးသည်က ရုတ်ချည်းပေါ်လာတယ် ။

ပြီးတော့ အချိန်မဖြုန်းတော့ဘဲ နောက်မှာ ကျန်ခဲ့တဲ့ Jing ကို နှုတ်တောင်မဆက်နိုင်တော့ပဲ လျင်မြန်စွာပြေးထွက်သွားပြန်တယ် ။

"မင်းက သူ့ရဲ့ ကြံရာပါလား။ " လို့ပြောလိုက်ပီး Jing ကိုသံသယမျက်လုံးတွေနဲ့ကြည့်လိုက်တယ် ။

Jing ကဘာမှမပြောသေးဘဲ အေးစက်စက်တချက်ကြည့်လိုက်တာနဲ့ ဈေးသည်က ကြောက်ရွံ့သွားတယ် ။

"ထွက်ခဲ့ " သူ့ကို ဦးရီးတော် Yongyiက တယောက်တည်းလွှတ်ထားဘူး သူ့နောက်ကို‌လိုက်ဖို့ အစောင်တွေ ကို လွှတ်ထားတယ် ဆိုတာသိတယ် ။

"မင်းသားလေး ဘာများ အမိန့်ရှိပါသလဲ "အစောင့်နှစ်ယောက်က ချက်ချင်းထွက်လာပီး Jing ကိုအရိုသေ ပေးလိုက်တယ် ။

"ဒီမောက်မာတဲ့ သူနဲ့ ညှိ့နှိုင်းလိုက် "

Jing ကကောင်လေး ထွက်သွားတဲ့ နေရာကို တစ်ချက်ကြည့်လိုက်ပြီး ကောင်လေးက သူ့‌ရှေ့ကို ဘာလှည့်ကွက်မှမရှိဘဲ ရုတ်တရက်ထွက်ပေါ်လာသလို ရုတ်တရက်ပျောက်ကွယ်သွားပြန်တယ် ။Jing ရဲ့ လက်ထဲမှာရှိတဲ့ သကြားလုံး နဲ့ ပေါက်စီတွေကပဲ ကောင်‌ေလးကိုထင်ယောင်ထင်မှား တွေ့ခဲ့တာမဟုတ်ကြောင်း သက်သေပြနေတယ်။

"ငါတို့လိုချင်တာမှန်သမျှ ကို ယူလိုက်ရုံပဲ ကောင်းလိုက်တဲ့ စကား "

အေးစက်စက် အပြုံးလေးက Jingရဲ့ နှုတ်ခမ်းထောင့်လေးမှာ ပေါ်လာခဲ့တယ် ။

"Lu Cang !!မင်းဘယ်တွေ‌ေလျှာက်သွားနေတာလဲ ။ခေါင်းဆောင်က ခေါ်နေပြီ တောင်ပေါ်ကို ပြန်ရမယ့်အချိန် ရောက်နေပြီ "

ပြောနေတုန်းမှာပဲ ခက်ထန်တဲ့ လူကြီးတစ်ယောက်ပေါ်လာပြီး ကောင်လေးကိုဆူလိုက်တယ် ။

"အဖေ ......ကျနော် က ပုံမှန်ပုန်းနေကျနေရာမှာပဲကို "

တောပုန်းဓားပြတွေ တောင်အောက်ဆင်းလာပီး ပြည်သူတွေ ဆီက ဓားပြတိုက်တဲ့အခါ တစ်ခုခုဖစ်သွားရင် ပြသနာတွေ ကိုရှောင်နိုင်ဖို့သူပုန်းခိုရာ ပုန်းခိုနေကြဖြစ်တယ် ။

"မင်းကလူကောင်းလား "
"လုံး၀မဟုတ်ပါဘူး "
"ဒါမှငါ့ကောင်လေး "

ဓားပြခေါင်းဆောင်က Lu Cang ခေါင်းကို ကြင်နာစွာပုတ်လိုက်တယ် ။ ဒီကလေးက သူ့သားအရင်းမဟုတ်ပေမဲ့ သူ့Lu Cang တောင်ပေါ်မှာ အမဲလိုက်နေစဉ်အတွင်း တွေ့ခဲ့ပီး သူ့ကို တွေ့ခဲ့တဲ့နေရာ အမည်ကို ယူပြီး Lu Cangလို့အမည်ပေးခဲ့တယ် ။ ပြီးတော့ ဒီကလေး ကိုသူ့သားအရင်းလို ချစ်ခင်တာကြောင့် သူဟာ ဒီကလေးရဲ့ ဖခင်လို့ ဓားပြတစ်ဖွဲ့လုံးကိုကြေညာခဲ့တယ် ။

"အဖေ ....ကျနော်အရမ်းလှတဲ့ ကောင်လေးတယောက်နဲ့တွေ့ခဲ့တယ်။ "

"Lu Cang ယောကျာ်းတွေကို လှတယ်လို့မပြောရဘူး ခန့်ညားတယ် ကြည့်ကောင်းတယ်လို့ပြောရတယ် "

"ဒါပေမဲ့ သူက အရမ်းလှတယ် ကျနော့်ဇနီးဖြစ်လာမဲ့ သူတွေကိုလည်း သူ့လိုပဲ လှစေချင်လိုက်တာ ဒါမှမဟုတ် ကျနော် သူ့ကိုပဲ ဇနီးအဖြစ်လိုချင်လိုက်တာ " (သူ့ ရဲ့ ဇနီးမဟုတ်ဘဲ ယောကျာ်း ဖြစ်လာမှာကိုမသိသော အမောင်Lu Cang 😜😜😜)

Lu Cang အဖေက အလွန်အံ့အားသင့်သွားပီး ယောကျာ်းလေးကို ဇနီး ပဖြစ်ယူလို့မရကြောင်း ပြောသ့်မပြောသင့် စဉ်းစားရင်း ကြီးလာရင် သူ့အလိုလို နားလည်သွားမှာပဲ ဆိုပီး မပြောဘဲနေရန်ဆုံးဖြတ်လိုက်တယ် ။

"အာားးးးးးး "Lu Cang ရဲ့ ရုတ်တရက် ငိုသံ က ပေါ်ထွက်လာပြီး

"သူ့နာမည်‌လေးတောင်မမေးလိုက်ရဘူး ဆိုးဝါးလိုက်တာ ငါ့သူ့ကိုနောက်တခါတွေ့ခွင့်ရချင်လိုက်တာ "

End .

26.4.2020

Zawgyi

"Jing , အဝေးကွီးမသှားနဲ့ "
























































End .

26.4.2020

Pokračovat ve čtení

Mohlo by se ti líbit

13.7K 210 28
Some Chenford stories.
171K 286 25
Compilation of the Best Stories on Literotica
12.6K 780 14
Rude. Dirty. S3x , bad words only in wattpad not public on social media, ⚠️ not for young ⚠️ Writer by : SIE