Unicode &Zawgyi
(Zawgyi )
"Xiao Zhan မင္း သက္သာ သြားၿပီလား...."
ယြီဝမ္ယြဲ႔ ေရာက္လာကာေျပာလိုက္သည္....
ယြီဝမ္ယြဲ႔ စကားေၾကာင့္ Xiao Zhanအေတြးဆတို႔ ျပတ္ေတာက္သြားသည္....
"သက္သာပါတယ္.... ဧကရာဇ္ "
Xiao Zhan ဒူးေထာက္ကာ အ႐ုိအေသေပးရင္း ေျပာလိုက္သည္....
"ကိုယ့္ကို အရင္အတိုင္းပဲ သခင္ေလး ယြီ လို႔ပဲ ေခၚပါ....."
"မသင့္ေတာ္ပါဘူး....ကြၽန္ေတာ္ အရင္က ဧကရာဇ္ မွန္းမသိဘဲ ႐ုိင္း႐ုိင္းစိုင္းစိုင္း ေျပာမိတာေတြ ကို ေတာင္းပန္ပါတယ္..... "
"မလိုပါဘူး.... ထပါ....မထမွ ကိုယ္ ခြင့္မလႊတ္မွာေနာ္......"
ယြီဝမ္ယြဲ႔ Xiao Zhan ကို ထူေပးရင္း ေျပာလိုက္သည္ ...
"........"
Xiao Zhan ဘာမွ မဆိုမိ...
"မင္းမ်က္ႏွာေလးက ေခ်ာင္က် သြားသလိုပဲ....."
ယြီဝမ္ယြဲ႔ ...Xiao Zhan ပါးျပင္ ကို ကိုင္တြယ္ရန္
လက္လွမ္းလိုက္ေသာ္ျငား....Xiao Zhan ၏ ေ႐ွာင္ဖယ္ျခင္းကိုသာ ခံလိုက္ရသည္...
"အျပဳအမူ ဆင္ျခင္ေပးပါ ဧကရာဇ္.... "
Xiao Zhan အလိုမက်စြာ ျဖင့္ ေျပာလိုက္သည္
Xiao Zhan အေနျဖင့္ ယခု သူ႔ေ႐ွ႕မွာ ရပ္ေနသူကို ၾကည့္မရေပ....ထိုသူသည္ကား သူ၏ တစ္ေယာက္တည္းေသာ တြယ္တာမိသူကို သတ္ရန္ ပစ္မွတ္ထားေသာေၾကာင့္ေပ....သို႔ေသာ္ျငား....
Xiao Zhan တစ္စုံတစ္ရာ ကို ေတြးမိသြားသည္ ထင္သည္....
"ငါ့ေ႐ွ႕က လူကို ငါမုန္းတယ္.... ဘာလို႔ဆို သူ႔ကို ထိခိုက္ေစလို႔....ဒါေပမယ္ ့ ငါေရာ ဘာထူးလဲ....သူ႔ကို ငါ့လက္နဲ႔ သတ္ဖို႔ ႀကိဳးစားရမွာပဲ......ငါတကယ္ ငါ့ကိုယ္ငါလည္း မုန္းမိတယ္...ဘာလို႔ ငါ ဒီလို ႐ွင္သန္လာမိတာလဲ... ဒါ ပထမဆံုးအႀကိမ္ ငါ့႐ွင္သန္လာမႈ ကို ေနာင္တရမိတာ....ငါ....ငါ့လက္က
ေသြးညႇီ နံ႔ေတြကို တကယ္မုန္းတီးေနမိၿပီ..တကယ့္ကို ေလာကႀကီး က ငါ့ကို ဥေပကၡာ ျပဳထားတာပဲ...."
Xiao Zhan အေတြး အခ်ိဳ႕ ေၾကာင့္ သူ႔ကိုယ္သူ ေလွာင္ေျပာင္မိသည္....
"Hk....."
Xiao Zhan ၏ ေလွာင္ျပံဳး ကို သတိထားမိသြားသည္ထင္သည္...ယြီဝမ္ယြဲ႔ ကသူ႔ကို စိုက္ၾကည့္လာသည္....
"ကိုယ္က မင္းအတြက္ ရယ္စရာ ေကာင္းေနလို႔လား...."
"မဟုတ္ပါဘူး.... ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္ ေလွာင္မိတာပါ...."
"ထားလိုက္ပါေတာ့...မင္းက.. ကိုယ့္ကို ဒီမွာ ဆက္႐ွိမေနေစခ်င္ေတာ့ဘူးပဲ......"
ယြီဝမ္ယြဲ႔ ထိုသို႔ ေျပာၿပီးေနာက္ ထြက္သြား သည္...
ေဒါင့္တစ္ေနရာက ပုန္းခိုကာၾကည့္ေနေသာ ဟူေ႐ွာင္မန္ ကေတာ့ သူ႔သခင္၏ စကားကို ျပန္ၾကားေယာင္ေနမိသည္....ထို႔ေနာက္ သူေကာက္ခ်က္ခ်လိုက္သည္က....
"ဧကရာဇ္ ကို သခင္ေလး Xiao Zhan သိသိသာသာ ေ႐ွာင္ဖယ္မွန္း သခင္ သိထားတာပဲ...
သခင္ေလး Xiao Zhan အေၾကာင္း သခင္ကိုယ္တိုင္ အေသးစိတ္သိေနတာပဲဟာ ေစာင့္ၾကည့္ဖို႔လိုေသးလို႔လား....ျဖစ္ႏိုင္တာက သခင္
အခ်စ္မွာ က်႐ႈံး သြားၿပီလား....အာ ငါ ဘာေတြ ေလ်ွာက္ေတြးေနတာလဲ... သခင့္လို ျမင့္ျမတ္တဲ့ သူတစ္ေယာက္က ဝတ္႐ုံ လက္ျပတ္....လံုးဝ...လံုးဝကို မျဖစ္ႏိုင္ဘူး.....ဟုတ္တယ္...ဟုတ္တယ္ ငါ့အေတြးမွားေတြကို ထုတ္ပစ္ရမယ္...."
ဟူေ႐ွာင္မန္ သည္လည္း ထိုအခ်ိန္မွစ၍ Xiao Zhan ကိုယ္တိုင္ပင္မသိေသာ Xiao Zhan ၏ အရိပ္ သက္ေတာ္ေစာင့္ ျဖစ္သြားခဲ့သည္ ေလ......
Xiao Zhan မွာ ထိုေန႔တစ္ေန႔လံုး စိတ္ေပ်ာ္ရႊင္ျခင္း သိပ္မ႐ွိေတာ့ေပ....ညေနေစာင္းသည့္တိုင္ Wang Yi Bo သူ႔ထံသို႔ စကားေျပာရန္ ေရာက္မလာေပ...
Xiao Zhan... သူတစ္ေယာက္တည္း ပ်င္းလြန္း၍ Wang Yi Bo ႐ွိသည့္ စာဖတ္ခန္းသို႔ လာခဲ့ေသာ္လည္း အခန္းပိုင္႐ွင္ မွာ မ႐ွိေပ.....
သူ ေခတၱမ်ွ ေစာင့္ေနေသးသည္....ထို႔ေနာက္ သူ စိတ္ေလ်ွာ့ကာ သူ႔အခန္းသူ ျပန္လာလိုက္သည္....
ဟုန္ရင္ ညစာ လာပို႔မွ Xiao Zhan အပ်င္းေျပေတာ့သည္.....
ညစာ စားၿပီးသည္ႏွင့္ Xiao Zhan အိပ္ရန္ ျပင္ဆင္လိုက္သည္....
ဟူေ႐ွာင္မန္ သည္လည္း Xiao Zhan အိပ္ေပ်ာ္သြားမွ သူ႔သခင္ထံသို႔ အစီအရင္ခံရန္ ထြက္လာခဲ့သည္.....
"သခင္...."
"အင္း....."
"သခင္ေလး Xiao Zhan အားလံုး အဆင္ေျပေျပ ႐ွိပါတယ္....."
"အင္း....."
Wang Yi Bo ပံုစံက ဂ႐ုမစိုက္သည့္အလား...
ေအးေအးလူလူပင္ ေရေႏြးၾကမ္း ကို ေသာက္ေနသည္....
"ေန႔လည္တုန္းက ဧကရာဇ္ နဲ႔ ေတြ႔ပါတယ္.... ဧကရာဇ္ က သခင္ေလးXiao Zhan ကို ထိေတြ႔ဖို႔ ႀကိဳးစားေပမယ့္... သခင္ေလး Xiao Zhan ရဲ႕ ေ႐ွာင္ဖယ္ျခင္းကို ခံလိုက္ရပါတယ္...."
"အင္း....."
Wang Yi Bo ၏အသြင္အျပင္က အနည္းငယ္ ေက်နပ္သြားသည့္အလား...
"ၿပီးေတာ့.... ဟုန္ရင္ ဆိုတဲ့ မိန္းကေလး အေစခံ တစ္ေယာက္ နဲ႔ ရယ္ေမာ ေပ်ာ္ရႊင္ေနပါတယ္... သူတို႔ ေျပာတဲ့ စကားကို မၾကားရေပမယ့္ သခင္ေလး Xiao Zhan ေတာ္ေတာ္ေလးကို ေပ်ာ္ေနပံုပါ....ၿပီးေတာ့ သခင္ေလး Xiao Zhan အဲ့ဒီမိန္းကေလးကို အတူထိုင္ခိုင္းၿပီးေတာ့ ထမင္း အတူ စားခဲ့ပါတယ္.....ၿပီးေတာ့..."
"ခြပ္....."
ေရေႏြးၾကမ္းပန္းကန္လံုး ကြဲသံေပ....
Wang Yi Bo ၏ အမ်က္ေၾကာင့္ အျပစ္မဲ့ တဲ့ ေရေႏြးၾကမ္း ပန္းကန္လံုးေလး ခဗ်ာ Wang Yi Bo ၏ လက္ထဲမွာ အမႈန္႔ အျဖစ္ ေျပာင္းလဲ
သြားခဲ့ေလသည္....
.............................................................
(Unicode)
"Xiao Zhan မင်း သက်သာ သွားပြီလား...."
ယွီဝမ်ယွဲ့ ရောက်လာကာပြောလိုက်သည်....
ယွီဝမ်ယွဲ့ စကားကြောင့် Xiao Zhanအတွေးဆတို့ ပြတ်တောက်သွားသည်....
"သက်သာပါတယ်.... ဧကရာဇ် "
Xiao Zhan ဒူးထောက်ကာ အရိုအသေပေးရင်း ပြောလိုက်သည်....
"ကိုယ့်ကို အရင်အတိုင်းပဲ သခင်လေး ယွီ လို့ပဲ ခေါ်ပါ....."
"မသင့်တော်ပါဘူး....ကျွန်တော် အရင်က ဧကရာဇ် မှန်းမသိဘဲ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိတာတွေ ကို တောင်းပန်ပါတယ်..... "
"မလိုပါဘူး.... ထပါ....မထမှ ကိုယ် ခွင့်မလွှတ်မှာနော်......"
ယွီဝမ်ယွဲ့ Xiao Zhan ကို ထူပေးရင်း ပြောလိုက်သည် ...
"........"
Xiao Zhan ဘာမှ မဆိုမိ...
"မင်းမျက်နှာလေးက ချောင်ကျ သွားသလိုပဲ....."
ယွီဝမ်ယွဲ့ ...Xiao Zhan ပါးပြင် ကို ကိုင်တွယ်ရန်
လက်လှမ်းလိုက်သော်ငြား....Xiao Zhan ၏ ရှောင်ဖယ်ခြင်းကိုသာ ခံလိုက်ရသည်...
"အပြုအမူ ဆင်ခြင်ပေးပါ ဧကရာဇ်.... "
Xiao Zhan အလိုမကျစွာ ဖြင့် ပြောလိုက်သည်
Xiao Zhan အနေဖြင့် ယခု သူ့ရှေ့မှာ ရပ်နေသူကို ကြည့်မရပေ....ထိုသူသည်ကား သူ၏ တစ်ယောက်တည်းသော တွယ်တာမိသူကို သတ်ရန် ပစ်မှတ်ထားသောကြောင့်ပေ....သို့သော်ငြား....
Xiao Zhan တစ်စုံတစ်ရာ ကို တွေးမိသွားသည် ထင်သည်....
"ငါ့ရှေ့က လူကို ငါမုန်းတယ်.... ဘာလို့ဆို သူ့ကို ထိခိုက်စေလို့....ဒါပေမယ် ့ ငါရော ဘာထူးလဲ....သူ့ကို ငါ့လက်နဲ့ သတ်ဖို့ ကြိုးစားရမှာပဲ......ငါတကယ် ငါ့ကိုယ်ငါလည်း မုန်းမိတယ်...ဘာလို့ ငါ ဒီလို ရှင်သန်လာမိတာလဲ... ဒါ ပထမဆုံးအကြိမ် ငါ့ရှင်သန်လာမှု ကို နောင်တရမိတာ....ငါ....ငါ့လက်က
သွေးညှီ နံ့တွေကို တကယ်မုန်းတီးနေမိပြီ..တကယ့်ကို လောကကြီး က ငါ့ကို ဥပေက္ခာ ပြုထားတာပဲ...."
Xiao Zhan အတွေး အချို့ ကြောင့် သူ့ကိုယ်သူ လှောင်ပြောင်မိသည်....
"Hk....."
Xiao Zhan ၏ လှောင်ပြုံး ကို သတိထားမိသွားသည်ထင်သည်...ယွီဝမ်ယွဲ့ ကသူ့ကို စိုက်ကြည့်လာသည်....
"ကိုယ်က မင်းအတွက် ရယ်စရာ ကောင်းနေလို့လား...."
"မဟုတ်ပါဘူး.... ကျွန်တော် ကိုယ့်ကိုကိုယ် လှောင်မိတာပါ...."
"ထားလိုက်ပါတော့...မင်းက.. ကိုယ့်ကို ဒီမှာ ဆက်ရှိမနေစေချင်တော့ဘူးပဲ......"
ယွီဝမ်ယွဲ့ ထိုသို့ ပြောပြီးနောက် ထွက်သွား သည်...
ဒေါင့်တစ်နေရာက ပုန်းခိုကာကြည့်နေသော ဟူရှောင်မန် ကတော့ သူ့သခင်၏ စကားကို ပြန်ကြားယောင်နေမိသည်....ထို့နောက် သူကောက်ချက်ချလိုက်သည်က....
"ဧကရာဇ် ကို သခင်လေး Xiao Zhan သိသိသာသာ ရှောင်ဖယ်မှန်း သခင် သိထားတာပဲ...
သခင်လေး Xiao Zhan အကြောင်း သခင်ကိုယ်တိုင် အသေးစိတ်သိနေတာပဲဟာ စောင့်ကြည့်ဖို့လိုသေးလို့လား....ဖြစ်နိုင်တာက သခင်
အချစ်မှာ ကျရှုံး သွားပြီလား....အာ ငါ ဘာတွေ လျှောက်တွေးနေတာလဲ... သခင့်လို မြင့်မြတ်တဲ့ သူတစ်ယောက်က ဝတ်ရုံ လက်ပြတ်....လုံးဝ...လုံးဝကို မဖြစ်နိုင်ဘူး.....ဟုတ်တယ်...ဟုတ်တယ် ငါ့အတွေးမှားတွေကို ထုတ်ပစ်ရမယ်...."
ဟူရှောင်မန် သည်လည်း ထိုအချိန်မှစ၍ Xiao Zhan ကိုယ်တိုင်ပင်မသိသော Xiao Zhan ၏ အရိပ် သက်တော်စောင့် ဖြစ်သွားခဲ့သည် လေ......
Xiao Zhan မှာ ထိုနေ့တစ်နေ့လုံး စိတ်ပျော်ရွှင်ခြင်း သိပ်မရှိတော့ပေ....ညနေစောင်းသည့်တိုင် Wang Yi Bo သူ့ထံသို့ စကားပြောရန် ရောက်မလာပေ...
Xiao Zhan... သူတစ်ယောက်တည်း ပျင်းလွန်း၍ Wang Yi Bo ရှိသည့် စာဖတ်ခန်းသို့ လာခဲ့သော်လည်း အခန်းပိုင်ရှင် မှာ မရှိပေ.....
သူ ခေတ္တမျှ စောင့်နေသေးသည်....ထို့နောက် သူ စိတ်လျှော့ကာ သူ့အခန်းသူ ပြန်လာလိုက်သည်....
ဟုန်ရင် ညစာ လာပို့မှ Xiao Zhan အပျင်းပြေတော့သည်.....
ညစာ စားပြီးသည်နှင့် Xiao Zhan အိပ်ရန် ပြင်ဆင်လိုက်သည်....
ဟူရှောင်မန် သည်လည်း Xiao Zhan အိပ်ပျော်သွားမှ သူ့သခင်ထံသို့ အစီအရင်ခံရန် ထွက်လာခဲ့သည်.....
"သခင်...."
"အင်း....."
"သခင်လေး Xiao Zhan အားလုံး အဆင်ပြေပြေ ရှိပါတယ်....."
"အင်း....."
Wang Yi Bo ပုံစံက ဂရုမစိုက်သည့်အလား...
အေးအေးလူလူပင် ရေနွေးကြမ်း ကို သောက်နေသည်....
"နေ့လည်တုန်းက ဧကရာဇ် နဲ့ တွေ့ပါတယ်.... ဧကရာဇ် က သခင်လေးXiao Zhan ကို ထိတွေ့ဖို့ ကြိုးစားပေမယ့်... သခင်လေး Xiao Zhan ရဲ့ ရှောင်ဖယ်ခြင်းကို ခံလိုက်ရပါတယ်...."
"အင်း....."
Wang Yi Bo ၏အသွင်အပြင်က အနည်းငယ် ကျေနပ်သွားသည့်အလား...
"ပြီးတော့.... ဟုန်ရင် ဆိုတဲ့ မိန်းကလေး အစေခံ တစ်ယောက် နဲ့ ရယ်မော ပျော်ရွှင်နေပါတယ်... သူတို့ ပြောတဲ့ စကားကို မကြားရပေမယ့် သခင်လေး Xiao Zhan တော်တော်လေးကို ပျော်နေပုံပါ....ပြီးတော့ သခင်လေး Xiao Zhan အဲ့ဒီမိန်းကလေးကို အတူထိုင်ခိုင်းပြီးတော့ ထမင်း အတူ စားခဲ့ပါတယ်.....ပြီးတော့..."
"ခွပ်....."
ရေနွေးကြမ်းပန်းကန်လုံး ကွဲသံပေ....
Wang Yi Bo ၏ အမျက်ကြောင့် အပြစ်မဲ့ တဲ့ ရေနွေးကြမ်း ပန်းကန်လုံးလေး ခဗျာ Wang Yi Bo ၏ လက်ထဲမှာ အမှုန့် အဖြစ် ပြောင်းလဲ သွားခဲ့လေသည်....
.............................................................