part22

3.6K 299 11
                                    

Unicode&Zawgyi

(Zawgyi )

"သခင်....."

ဟူရှောင်မန် အမှုန့်ဖြစ်သွားသော ရေနွေး ကြမ်း ပန်းကန်လုံး ကို ကြည့်ပြီး သူ့နှလုံး တွေ တင်းကြပ်လာသလို ခံစားလိုက်ရသည်....သူ အမှုန့် မဖြစ်ချင်သေးပေ....

"ပြီးတော့... ဘာဖြစ်သေးလဲ..... "

Wang Yi Bo ၏ အေးစက်စက် အသံက ထွက်ပေါ်လာသည်.....

"ပြီး....ပြီးတော့ ဟို မိန်းကလေး က ပြန်သွားပါတယ် သခင်လေး Xiao Zhan က အိပ်ရာ ဝင်သွားပါပြီ..."

"သွားတော့....."

"ဟုတ်ကဲ့....."

ဟူရှောင်မန် ထွက်သွားရန် ပြင်ပြီးမှ သူ ပြောဖို့ ကျန်ခဲ့သည်ကို သတိရသွားကာ ပြန်လှည့်လာသည်...

"သခင်...."

"......."

"ကျွန်တော် ပြောဖို့ ကျန်ခဲ့တာ ရှိလို့..... "

"........"

"နေ့လည်က သခင်လေး Xiao Zhan ...စာဖတ်ခန်းမှာ သခင့်ကို လာရှာပါသေးတယ်.... သခင်မရှိဘူး ဆိုတာ သိတာတောင် အချိန်အတော်ကြာ စောင့်နေပါသေးတယ်....."

"အင်း......ငါသိပြီ......"

Wang Yi Bo ၏နှုတ်ခမ်းပါးထက်မှာ အပြုံးမမည်သော အပြုံး တစ်ခု.....ဖြစ်တည်သွားသည်....

"Xiao Zhan က ငါ့ကို သတိရနေတာပဲ..."

Wang Yi Bo သူ့အတွေးနဲ့သူ ပြုံးပျော်နေသည်...အပြင်ပိုင်းမှာတော့ အေးစက်မှု သရဖူ ဆောင်းလျှက်...

"ဟုတ်ကဲ့....."

ဟူရှောင်မန် ပြန်ဖြေပြီး ထွက်လာခဲ့သည်....

"ဟူး.....အခုမှပဲ ငါ့အပေါ်ဖိအားတွေ ပျောက်သွားတော့တယ်...."

ဟူရှောင်မန် အပြင်ရောက်မှ သက်ပြင်း ချရင်း တီးတိုး ရေရွတ်လိုက်သည်......

Xiao Zhanကမူ ယခု အချိန်တွင် အမှောင်ရိပ်ကို ခိုရင်း Wang Yi Bo ထံသို့ ရောက်ရှိနေသည်...
Wang Yi Bo နဲ့ ဟူရှောင်မန် တို့ ပြောစကားကို ကြားပြီး Xiao Zhan သူ့သံသယတို့် ပိုသေချာသွားသည်....

Xiao Zhan နေ့လည်ကတည်းက သူ့နောက်ကို တစ်စုံတစ်ယောက်လိုက်နေသည်ကို ခံစားမိသည်...ထို့ကြောင့် သူ့အပြုအမူ အားလုံးကို သိုသိပ်စွာ နေခဲ့သည်....

Unexpected (completed) Where stories live. Discover now