part46

3.1K 227 8
                                    

Unicode &Zawgyi

(Zawgyi )

"ထွက်လာခဲ့...."

Wang Yi Bo ပြောလိုက်သည်...သို့သော် သူ၏ လေသံက အလွန်တိုးလျသည်....

အချိန်ခဏအတွင်းမှာပင် Wang Yi Bo ၏ ရှေ့၌ အနက်ရောင် ဝတ်စုံပြည့်နှင့် လူ ရှစ်ယောက် ရောက်လာသည်...

"သခင်...."

လူရှစ်ယောက်လုံး တစ်ညီတစ်ညွတ်တည်း ဂါဝရ ပြုလိုက်သည်....

ထို ရှစ်ယောက်သည်ကား Wang Yi Bo ၏ လက်အောက်မှ အရိပ် အဖွဲ့ ပင် ဖြစ်သည်...ထို အရိပ်အဖွဲ့တွင် ဆယ်ယောက် ပါဝင်ပြီး အဖွဲ့၏ ခေါင်းဆောင် လည်း ဖြစ်သလို သခင်လည်း ဖြစ်သည်မှာ Wang Yi Bo ပင်....ဟူရှောင်မန် သည်လည်း ထိုအဖွဲ့ ဝင် တစ်ယောက်ပင်...

"မင်းတို့ အားလုံး သတိထားပြီး စောင့်ကြည့်နေ....
မြူ နှင်းစံအိမ် ကို သူက ချုပ်ကိုင်ချင်တယ် ဆိုမှတော့ ခွင့်ပြုထားလိုက်....အရင်ဆုံး စံအိမ်ထဲ က မြက်ရိုင်းတွေ ကြွက်တွေ ကို သေသေချာချာ ရှင်းလင်းဖို့ သူ့ကို လိုတယ်....ပြီးတော့ ရှောင်မန် ကို ဂရုစိုက်ပေးလိုက်ဦး..."

Wang Yi Bo ပြောလိုက်သည်....

"သခင် အလိုရှိတာကို နားလည်ပါပြီ..."

သူတို့အားလုံး တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေလိုက်ပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်..

ဝမ်ရှု သူ့ရှေ့က အကြောင်းအရာတို့ကို ကြည့်ပြီး နားမလည် ဖြစ်နေသည်....

"အကိုနှစ် ဒါက.... "

ဝမ်ရှု ပြောလိုက်သည်...

"ရှု အာ...အဖိုး...နှစ်ယောက်လုံး ဒီဖြေဆေးကို သောက်လိုက်ပါ....."

Wang Yi Bo အဆိပ်ဖြေဆေး ကမ်းပေးရင်း ပြောလိုက်သည်...

"အစ်ကို နှစ်က အဆိပ်မမိခဲ့ဘူးလား..."

ဝမ်ရှု ဆေးကို လက်လှမ်းယူရင်း ကြောင်အမ်းအမ်းဖြစ်နေသည်...

"အိမ်တော်ထဲက ကြွက်တွေ ရှင်းဖို့အတွက် အဆိပ်မိဟန်ဆောင်ပေးဖို့ လိုတယ်...."

"ရှု အာ နားလည်ပြီ..."

မျိုးနွယ်စု အကြီးအကဲ ဖြစ်သူ Wang Yi Bo အဖိုးက ဘာမှ မပြော....ဆေးကိုသာ ယူသောက်လိုက်သည်....

Unexpected (completed) Kde žijí příběhy. Začni objevovat