part58

3K 214 4
                                    

Unicode&Zawgyi

(Zawgyi )

မြို့ဝန် အိမ်တော်၏ ရှေ့၌ ရဲမက်များက ဝင်ခွင့်မပေးသည်ကို ဝင်ခွင့်ပေးရန် မိန်းကလေးတစ်ယောက် အတင်းတောင်းပန်နေသည်ကို တွေ့နိုင်သည်....

"တောင်းပန်ပါတယ် ကျွန်မကို ဝင်ခွင့်ပေးပါ....ကျွန်မ မင်လန် နဲ့ တွေ့ချင်လို့ပါ....မင်လန်....ကျွန်မပြောတာကို ကြားတယ်မလားဟင် ခဏလောက် တွေ့ကြရအောင်နော်...."

"သခင်မလေး...က မိန်းကလေး ဝမ်ရှုလား ....."

သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဆိုလာခြင်းပင်...

"ဟုတ်ပါတယ်... ရှင်က..."

"မင်လန်ရဲ့ဦးလေးပါ...."

"ဦးလေးလား ဒါဆို ကျွန်မကို ကူညီပါနော်...မင်လန်...မင်လန် ရှိတယ်မလား...ကျွန်မကို သူနဲ့ တွေ့ခွင့်ပေးပါနော်...."

"မင်လန်လေးက  တကယ် ဒီမှာ မရှိဘူး..."

"ကျွန်မ သူနဲ့ တွေ့ချင်လို့ပါ....သူ့ကို ကျွန်မ မစွန့်လွှတ်ဘူး လိုချင်တယ်လို့...ကျေးဇူး ပြု ပြီး တွေ့ခွင့်ပေးပါ နော်..."

"တကယ်ပဲ လူငယ်တွေရဲ့ မေတ္တာ ရေးက ရှုပ်ထွေးတာပဲ....လိုက်လာခဲ့ပါ....မင်လန်လေးက အနောက်ဘက် ကြာကန်မှာ နေတယ် သူ့ဆီကို ခေါ်သွားပေးမယ်... "

အနောက်ဘက်ကြာကန်ဆီသို့ ဝမ်ရှု ...
ယွဲ့မင်လန်၏ ဦးလေးနှင့်အတူ လိုက်လာခဲ့သည်...

"အထဲကို ဝင်သွားလိုက်ပါ...."

ဝမ်ရှု ရှည်ရှည်ဝေးဝေးမပြောတော့... ယွဲ့မင်လန် ဦးလေးပြောတဲ့အတိုင်း ကြာကန်ဘေးရှိ အဆောင်ထဲသို့ ဝင်သွားလိုက်သည်...

ဝမ်ရှု ၏ ရှေ့တွင် ဖြူ ဖျော့ဖျော့ ဝတ်စုံကို ဆင်မြန်းလျှက် ကြာကန်ဘက်သို့ မျက်နှာမူလျှက် ခုံပေါ်မှာထိုင်နေသော ယွဲ့မင်လန်ကို တွေ့လိုက်ရသည်...

ဝမ်ရှု ယွဲ့မင်လန်ဆီ သွားနေရင်း အခန်းထဲမှာ အလှထားထားသည့် ကြွေပန်းအိုးကို ခလုတ်တိုက်မိသွားသည်....

"အားမူ....နင် အမြဲတမ်း အလုပ်လုပ်ရင် လျှပ်တီးလျှပ်ပြာနဲ့...လာ ငါ့ကို ကူပေး ငါ့အထဲကို ဝင်ချင်တယ် "

Unexpected (completed) Where stories live. Discover now