Zawgyi
'ဒါနဲ႔ဘာလို႔ ေကာ္ဖီဘူးနဲ႔ေပါက္ရတာလဲ'
အိုး ဟုတ္သားပဲ
ေကာ္ဖီကအပူေတြနဲ႔ ေလာင္ကုန္ၿပီလားမသိဘူး
အခုမွသတိရတာမလို႔ ကျပာကယာနဲ႔ ကုတ္အကၤ်ီကိုလွန္ကာ အထဲကအကၤ်ီကိုစမ္းၾကည့္လိုက္တယ္
ေတာ္ေသးတာေပါ့
ေအာက္အထိမေပါက္ဖူးရယ္
'မင္းကမွဒီတိုင္းေခၚေနတာကို လွည့္မၾကည့္တာ'
'အား ဘာလုပ္တာလဲ'
ပါးႏွစ္ဖက္ကို လက္တို႔နဲ႔အုပ္ကိုင္လို႔ ဖ်စ္ၫွစ္ေနတာမလို႔ ဖယ္ဖို႔လုပ္ေပမယ့္ လက္တို႔ကလႊတ္မေပး
'အေနာက္ကေန ေခၚၿပီးလိုက္ေနခဲ့တာေပါ့'
'အြန္း'
'မင္းကမွ လွည့္မၾကည့္တာ အခုအခ်ိန္မွမေျပာျပလိုက္ရရင္ အခ်ိန္မမွီေတာ့ပဲ မင္းထြက္သြားမွာ စိုး- အြတ္'
ခံစားခ်က္တို႔ အရွိန္တက္၍ ပတြတ္ပတြတ္နဲ႔ေျပာေနမိတာ အေရွ႕က အသည္းတယားယားနဲ႔ၾကည့္ေနတာကို သတိမထားမိလိုက္
ဖ်စ္ၫွစ္ထားလို႔ ခြ်န္ထြက္ေနတဲ့ ႏႈတ္ခမ္းေလးကေန တလႈပ္လႈပ္ေျပာေနတာ ဘယ္သူက အသည္းမယားပဲ ေနႏိုင္မွာတဲ့လဲ
ပါးႏွစ္ဖက္ကေန ဆြဲေမာ့လို႔ အနမ္းခံလိုက္ရတာေၾကာင့္ မ်က္လံုးျပဴး မ်က္ဆံျပဴး
ဟေနၿပီးသား ႏႈတ္ခမ္းလႊာတို႔က ဝင္ခြင့္ပင္ေတာင္းစရာမလို
သို႔ေပမယ့္ လွ်ာဖ်ားခ်င္းကို ခြင့္ျပဳခ်က္ေတာင္းဟန္ျဖင့္ အသာေလးထိလာေတာ့မွ တံု႔ျပန္ဖို႔သတိဝင္လာေတာ့သည္
မ်က္စိစံုမွိတ္လို႔ လည္တိုင္ကိုသိုင္းဖက္႐င္း ဆတူတံု႔ျပန္မိသည္
ခ်ိဳၿမိန္တဲ့ အနမ္းေလး
'Merry Christmas!'
အသက္ကိုဝဝရႉလို႔ အေမာတေကာေျပာလိုက္ဟန္ေလးက သိပ္စြဲမက္ဖြယ္ေကာင္းတာပဲ
ရဲရဲစိုစိုေလးျဖစ္ေနတဲ့ ႏႈတ္ခမ္းပါးေအာက္က မွဲ႕နက္ေလးကို ေျခဖ်ားေလးေထာက္လို႔ ေနာက္တစ္ေခါက္ထပ္နမ္းလိုက္တယ္
သေဘာက်လို႔
'Merry Christmas!'
လက္ခ်င္းတြဲလို႔ ေလွ်ာက္လွမ္းရေတာ့ ႏွင္းေတြခင္းတဲ့လမ္းဟာလည္း Yibo အတြက္ေတာ့ လွပေနခဲ့တယ္
...............
'ကိုယ့္ကိုမေမးေတာ့ဘူးလား'
'ေမးေတာ့ေမးခ်င္တယ္ ဒါေပမယ့္-'
ရလာမယ့္ အေျဖကို ေၾကာက္တယ္
'ဒါေပမယ့္ ဘာျဖစ္လဲ'
ဘာမွျပန္မေျပာပဲ ေခါင္းသာယမ္းျပမိသည္
အရာရာကို မလံုမလဲျဖစ္လို႔ ယံုၾကည္ခ်က္ကင္းမဲ့တဲ့သူလို႔ ထင္သြားမွာကိုစိုးတယ္
'Yibo ဒီမွာၾကည့္'
အိတ္ကပ္ထဲက ႏႈိက္ထုတ္လာတဲ့ ကတၱီပါဘူးအစိမ္းေလး
'ဖြင့္ၾကည့္ Christmas လက္ေဆာင္'
(Leo) သိဟ္ရာသီဖြားလကၡဏာကို စိန္ေသးေသးေလးေတြနဲ ႔အဝိုင္းနားေလးကြပ္ထားတဲ့ ဆြဲျပားေလးနဲ႔ ေငြေရာင္ဆြဲႀကိဳးေလး
အစစအရာရာ အေသးစိတ္ ဂ႐ုစိုက္ေပးတတ္တဲ့ Xiao Zhan ဟာ
သူ႔ရဲ႕ ေမြးေန႔သာမက ရာသီခြင္ကိုပါသိေနတာ
သူ မအံ့ၾသသင့္ေတာ့ဘူးမလား
ၾကယ္ေတြ နကၡတ္ေတြကို အေထြအထူးအယံုအၾကည္ရွိလွတယ္မဟုတ္ေပမယ့္
တစံုတေယာက္က အခုလို တခုတ္တရ ေတြးေပးတာကို သိရေတာ့ မ်က္ရည္ဝဲရျပန္တယ္
ဒီတစ္ရက္ေတာ့ ဘယ္လိုျဖစ္ေနပါလိမ့္
ပံုမွန္ ဒီေလာက္မ်က္ရည္မလြယ္ပါဘူးရယ္
'မေန႔ကကိုယ္ပန္းခ်ီခန္းထဲမွာ ဒီဟာေလးကို ထုတ္ၾကည့္ေနတုန္း Mei Li ဝင္လာတာ'
ရွက္သလို တစ္ခ်က္ျပံဳးရင္း ေခါင္းငံု႔သြားတဲ့ပံုက ျမတ္ႏိုးခ်င္စရာေလး
'ထူးေတာ့ထူးဆန္းပါရဲ႕ ဘာရယ္မဟုတ္ဖူး မင္းကိုေပးမယ့္လက္ေဆာင္ကို မင္းကိုပဲအရင္ျမင္ေစခ်င္တယ္'
'အဲ့တာကို Mei Li က ၾကည့္ခ်င္တယ္ဆိုၿပီး အတင္းလိုက္လုေတာ့ ကိုယ္ကသူ႔ကိုေရွာင္ သူကအတင္းလိုက္ဖမ္း အဲ့လိုလုပ္ရင္း အဲ့လိုျဖစ္သြားတဲ့ အခ်ိန္ မင္းကတည့္တည့္ေရာက္လာတာပဲ'
ဟင္း ႐ုပ္ရွင္ေတြထဲကအတိုင္းပဲေပါ့
စိတ္အလိုမက်စြာ ႏွာေခါင္းရႈံ့မိေတာ့ ႏွာသီးလံုးေလးမွာ အာဘြားေပးခံလိုက္ရသည္
'အဲ့လိုလုပ္ခ်င္ေနတာၾကာၿပီ'
...............
'ၿပီးၿပီ'
မာဖလာကိုပတ္ ဦးထုပ္ကိုေဆာင္းလို႔ သိပ္ႀကိဳက္တဲ့ နီညိဳေရာင္ ကုတ္အကၤ်ီႀကီးကိုလက္ကကိုင္ကာ ဧည့္ခန္းထဲသို႔ အေျပးထြက္လာခဲ့သည္
ဒီည New Year မတိုင္ခင္ Wen Han တို႔အတြဲနဲ႔အတူ ေရခဲျပင္စကိတ္သြားစီးမယ္ မုန႔္သြားစားမယ္ ၿပီးရင္ မီးပန္းေဖာက္တာသြားၾကည့္မယ္ အကုန္စီစဥ္ထားတာကို သူအိပ္ေပ်ာ္သြားတာေၾကာင့္ အခုမွ ကမန္းကတမ္း ျပင္ဆင္ၿပီး ေျပးထြက္ေနရျခင္းပင္
Wen Han ေကာ Xiao Zhan ေကာက သူဘယ္လိုပင္ ႏိုင္စား ႏိုင္စားရေပမယ့္ ဟိုကေလး Xu Jia ကေတာ့ မ်က္ႏွာႀကီးစူပုတ္ေနေလၿပီ
'မွီပါတယ္ မင္းကလည္း'
ေခါင္းေနာက္ကို တစ္ခ်က္ပုတ္လို႔ေျပာေတာ့ ဒိုင္းခနဲေရာက္လာတဲ့ မ်က္ေစာင္း
ဒီေလာက္ကေတာ့ Wang Yibo တို႔က မျဖံဳ
'ကဲ ကဲ သြားၾကမယ္လာ'
Wen Han ရဲ႕ ေဆာ္ၾသသံေၾကာင့္ အားလံုးအစီအရီ အိမ္အျပင္သို႔
'အား ေနဦး လက္အိတ္က်န္ခဲ့ၿပီ'
အိမ္ထဲ အျမန္ျပန္ေျပးဝင္ဖို႔ျပင္ေနတဲ့ သူ႔ကို လက္ကေနဖမ္းဆြဲထားတာေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ Xiao Zhan
သူ Christmas လက္ေဆာင္အျဖစ္ေပးထားတဲ့ Gryffindor မာဖလာ အနီေလးကိုပတ္ထားၿပီး ဦးထုပ္မီးခိုးေရာင္ေလးေဆာင္းထားတဲ့ Xiao Zhan ဟာ ဒီေန႔ တမူထူးလို႔ ေခ်ာေနသလိုပါပဲေလ
ကိုယ့္ဘဲကိုယ္ၾကည့္လို႔ကို မဝပါဘူး
'မဝင္နဲ႔ေတာ့ ကိုယ့္မွာအပိုပါတယ္'
အိတ္ကပ္ထဲက နီညိဳေရာင္လက္အိတ္ေလးတစ္စံုထုတ္လို႔ သူကိုယ္တိုင္စြပ္ေပးေနေလရဲ႕
သေဘာက်လြန္းလို႔ ပါးေလးကို ရႊတ္ ခနဲတစ္ခ်က္ အနမ္းေပးလိုက္တယ္
အေနာက္ကႏွစ္ေယာက္ကေတာ့ မဲ့ရြဲ႕ေနေလရဲ႕
မွတ္ပလား
ဝဋ္လည္တယ္လို႔ေခၚတယ္
..................
စကိတ္စီးတတ္တဲ့ အခံရွိလို႔ ေရခဲျပင္စကိတ္စီးတာ လြယ္မယ္ထင္တာ
တကယ္ေတာ့ သေဘာတရားမွမတူပဲရယ္
အရင္တစ္ေခါက္စီးဖူးတဲ့ Xu Jia ဆရာလုပ္တာကို အကုန္နားေထာင္ေနရတာပါပဲေလ
'ေျခေထာက္ႀကီးအရမ္းကုတ္မထားနဲ႔ အင္း ဒီတိုင္းအသာေလးသြား'
သူနဲ႔ Xiao Zhan ကေတာ့ မစီးတတ္တဲ့သူအခ်င္းခ်င္းမလို႔ တဗိုင္းဗိုင္းပါပဲ
ေဘာင္ကိုကိုင္ၿပီး စီးေနရတာ ေပ်ာ္ဖို႔မွ မေကာင္းပဲရယ္
'Yibo ကိုယ္က်ေတာ့မယ္ က်ေတာ့မယ္'
က်ေတာ့မယ္ဆိုကာ သူ႔ကိုအတင္းဆြဲေနေလေတာ့သည္
'အာ အရမ္းမဆြဲနဲ႔ေလ အာ အေမ့'
ေနာက္ျပန္လန္က်တာကို ဆြဲထိန္းပါေသာ္လည္း ေျခေထာက္ကေခ်ာ္ေနတာမလို႔ ႏွစ္ေယာက္လံုး ပံုရက္သားျပဳတ္က်ေလသည္
အခုလို ေရခဲျပင္ေပၚမွာ လွဲလို႔ တခိုးခိုး တခစ္ခစ္ရယ္ေနတဲ့ Wang Yibo ကို အရင္သံုးလေလာက္က Wang Yibo က ျမင္လို႔ကေတာ့ ႏွာေခါင္းရႈ့ံလို႔ အဆူခံရမွာပင္
အခုေတာ့ ဒီေဘးက လူသားေၾကာင့္ အေအးဓာတ္ကိုပင္ မဆိုစေလာက္ေလး သေဘာက်ေနခဲ့ၿပီမဟုတ္လား
'ဘာလုပ္တာလဲ အဲ့တာ'
အေပၚမွာ အုပ္မိုးလာတဲ့ မ်က္ႏွာကို တြန္းဖယ္လို႔ ထမယ္လုပ္ေတာ့ ျပန္တြန္းခ်ေလသည္
'မင္းကိုယ့္ကို အေခၚအေဝၚေလး မေျပာင္းခ်င္ဘူးလား'
'ဘာျဖစ္တာလဲ ႐ုတ္တရတ္ႀကီး'
'ဒီလိုပဲ အေတြးေပါက္လို႔'
'ဘယ္လိုေခၚေစခ်င္လို႔လဲ'
'ကိုကိုလို႔ေခၚ'
အမေလး ျဖစ္ရေလ
'ရြယ္တူေတြကို မင္းကလည္း'
'ငါက လပိုင္းႀကီးတယ္ေလ'
'ဆုေတာင္းေလ'
'ဆုေတာင္းရင္ ေခၚမွာလား'
'မသိဘူး'
.................
'ေရာ့'
လက္ထဲက ဝက္အူေခ်ာင္းကို တစ္ခ်က္ကိုက္လိုက္ရင္း ကမ္းေပးတဲ့ Hot chocolate ကို လွမ္းယူလိုက္သည္
'စားမလား'
ေဘးမွာဝင္ထိုင္တဲ့ Xiao Zhan ကို သူ႔ဝက္အူေခ်ာင္းေလးထိုးေပးေတာ့ ေဘးက Wen Han က တခိခိနဲ႔ ရယ္ေနေလသည္
'Xiao Zhan ေရ သူမင္းကိုတကယ္ႀကိဳက္တာေသခ်ာေနၿပီ'
'ဘာျဖစ္လို႔လဲ'
'Yibo က ဘယ္တုန္းကမွ သူ႔မုန္႔ကို သူမ်ားကိုေကြ်းတာမဟုတ္ဖူး ငါတို႔ကိုေတာင္ ခင္ၿပီးသံုးႏွစ္ေလာက္ၾကာေတာ့မွ ထမင္းလိပ္ေလးတစ္လိပ္ေကြ်းတာ'
သူေျပာတာအမွန္ေတြပဲမလို႔ မ်က္ႏွာႀကီးပူလာပါၿပီ
'Wen Han မင္း ပါးစပ္ပိတ္ေတာ့'
'ရွက္ေနၿပီ ရွက္ေနၿပီ'
'မစပါနဲ႔ကြာ မင္းကလည္း ငါ့ေဘဘီေလးကို'
ကူေျပာေပးသလိုနဲ႔ သူပါေရာစေနတာေၾကာင့္ အျမင္ကတ္ကတ္နဲ႔ လက္တစ္ဖက္ကိုဆြဲကာ ကိုက္ခ်ပလိုက္သည္
'အား အား နာတယ္ ေခြးေပါက္ေလး'
'မင္းကေျမေခြးႀကီး'
'ဟင္ ဘာျဖစ္လို႔လဲ'
'အက်င့္မွမေကာင္းတာ'
စူပုတ္ပုတ္နဲ႔ ဝက္အူေခ်ာင္းကို ေနာက္တစ္ကိုက္ကိုက္မယ္အၾကံ ပါးကိုဖ်စ္ၫွစ္ခံလိုက္ရျပန္တာမလို႔ မေအာင္ျမင္လိုက္
'အြန္း မ ၫွစ္နဲ႔'
'ေဘဘီက စားသမွ်အစား ပါးကိုေရာက္တယ္ထင္တယ္'
ေျပာလိုက္ ၫွစ္လိုက္လုပ္ေနတာမလို႔ နာလွၿပီရယ္
မုန္႔လည္းစားလို႔မရဘူး
'လႊတ္ေတာ့ နာၿပီ'
'ကိုကိုလို႔ေခၚမွလႊတ္မယ္'
အက်င့္ယုတ္လိုက္တာ
အမွတ္မရွိ ႏႈတ္ခမ္းစူမိေတာ့ ထပ္အနမ္းခံရျပန္ၿပီ
'ဘာလို႔ဒီေလာက္ခ်စ္ဖို႔ေကာင္းရတာလဲ'
'လႊတ္ဆို'
'ကိုကိုလို႔ေခၚ'
'.........'
'မေခၚရင္ မလႊတ္ဖူး'
'ကိုကို ကိုကို ကိုကို ရၿပီလား'
ဒီေတာ့မွ တဟားဟား ေအာ္ရယ္ကာ လႊတ္ေပးလိုက္ေတာ့သည္
အမေလး
လက္ရာေတြထင္ေတာ့မွာပဲ
စုစု႐ုံး႐ုံးအသံၾကားတာေၾကာင့္ ေဘးဘီၾကည့္လိုက္ေတာ့
'Countdown စေနၿပီ Countdown စေနၿပီ'
'8'
'7'
'6'
'5'
'4'
'3'
'2'
'1'
'HAPPY NEW YEAR!'
ေဘးကလူႀကီးရဲ႕လည္တိုင္ကို လွမ္းဖက္လို႔ ႏႈတ္ခမ္းခ်င္း အပ္စပ္လိုက္တယ္
'Happy New Year ေျမေခြးႀကီး'
'Happy New Year ေခြးေပါက္ေလး'
ေတာင္းတဲ့ဆုသာျပည့္ရရင္ ဒီလူသားနဲ႔အတူ ႏွစ္သစ္ကူးတိုင္းကို ေက်ာ္ျဖတ္ရပါလို၏
Note - ကဲ ကိုယ့္ရဲ႕ မ႐ိုတတ္႐ိုတတ္နဲ႔ ႐ိုထားတဲ့ fic ေလးေတာ့ ဒီမွာတင္ၿပီးပါၿပီ
ဒီေအးတိေအးစက္ fic ေလးကို ေတာက္ေလွ်ာက္ဖတ္ေပးက်တဲ့ reader ေလးေတြကို အရမ္းခ်စ္ပါတယ္ေနာ္
Love you all 😘
Unicode
'ဒါနဲ့ဘာလို့ ကော်ဖီဘူးနဲ့ပေါက်ရတာလဲ'
အိုး ဟုတ်သားပဲ
ကော်ဖီကအပူတွေနဲ့ လောင်ကုန်ပြီလားမသိဘူး
အခုမှသတိရတာမလို့ ကပြာကယာနဲ့ ကုတ်အင်္ကျီကိုလှန်ကာ အထဲကအင်္ကျီကိုစမ်းကြည့်လိုက်တယ်
တော်သေးတာပေါ့
အောက်အထိမပေါက်ဖူးရယ်
'မင်းကမှဒီတိုင်းခေါ်နေတာကို လှည့်မကြည့်တာ'
'အား ဘာလုပ်တာလဲ'
ပါးနှစ်ဖက်ကို လက်တို့နဲ့အုပ်ကိုင်လို့ ဖျစ်ညှစ်နေတာမလို့ ဖယ်ဖို့လုပ်ပေမယ့် လက်တို့ကလွှတ်မပေး
'အနောက်ကနေ ခေါ်ပြီးလိုက်နေခဲ့တာပေါ့'
'အွန်း'
'မင်းကမှ လှည့်မကြည့်တာ အခုအချိန်မှမပြောပြလိုက်ရရင် အချိန်မမှီတော့ပဲ မင်းထွက်သွားမှာ စိုး- အွတ်'
ခံစားချက်တို့ အရှိန်တက်၍ ပတွတ်ပတွတ်နဲ့ပြောနေမိတာ အရှေ့က အသည်းတယားယားနဲ့ကြည့်နေတာကို သတိမထားမိလိုက်
ဖျစ်ညှစ်ထားလို့ ချွန်ထွက်နေတဲ့ နှုတ်ခမ်းလေးကနေ တလှုပ်လှုပ်ပြောနေတာ ဘယ်သူက အသည်းမယားပဲ နေနိုင်မှာတဲ့လဲ
ပါးနှစ်ဖက်ကနေ ဆွဲမော့လို့ အနမ်းခံလိုက်ရတာကြောင့် မျက်လုံးပြူး မျက်ဆံပြူး
ဟနေပြီးသား နှုတ်ခမ်းလွှာတို့က ဝင်ခွင့်ပင်တောင်းစရာမလို
သို့ပေမယ့် လျှာဖျားချင်းကို ခွင့်ပြုချက်တောင်းဟန်ဖြင့် အသာလေးထိလာတော့မှ တုံ့ပြန်ဖို့သတိဝင်လာတော့သည်
မျက်စိစုံမှိတ်လို့ လည်တိုင်ကိုသိုင်းဖက်ရင်း ဆတူတုံ့ပြန်မိသည်
ချိုမြိန်တဲ့ အနမ်းလေး
'Merry Christmas!'
အသက်ကိုဝဝရှူလို့ အမောတကောပြောလိုက်ဟန်လေးက သိပ်စွဲမက်ဖွယ်ကောင်းတာပဲ
ရဲရဲစိုစိုလေးဖြစ်နေတဲ့ နှုတ်ခမ်းပါးအောက်က မှဲ့နက်လေးကို ခြေဖျားလေးထောက်လို့ နောက်တစ်ခေါက်ထပ်နမ်းလိုက်တယ်
သဘောကျလို့
'Merry Christmas!'
လက်ချင်းတွဲလို့ လျှောက်လှမ်းရတော့ နှင်းတွေခင်းတဲ့လမ်းဟာလည်း Yibo အတွက်တော့ လှပနေခဲ့တယ်
...............
'ကိုယ့်ကိုမမေးတော့ဘူးလား'
'မေးတော့မေးချင်တယ် ဒါပေမယ့်-'
ရလာမယ့် အဖြေကို ကြောက်တယ်
'ဒါပေမယ့် ဘာဖြစ်လဲ'
ဘာမှပြန်မပြောပဲ ခေါင်းသာယမ်းပြမိသည်
အရာရာကို မလုံမလဲဖြစ်လို့ ယုံကြည်ချက်ကင်းမဲ့တဲ့သူလို့ ထင်သွားမှာကိုစိုးတယ်
'Yibo ဒီမှာကြည့်'
အိတ်ကပ်ထဲက နှိုက်ထုတ်လာတဲ့ ကတ္တီပါဘူးအစိမ်းလေး
'ဖွင့်ကြည့် Christmas လက်ဆောင်'
(Leo) သိဟ်ရာသီဖွားလက္ခဏာကို စိန်သေးသေးလေးတွေနဲ ့အဝိုင်းနားလေးကွပ်ထားတဲ့ ဆွဲပြားလေးနဲ့ ငွေရောင်ဆွဲကြိုးလေး
အစစအရာရာ အသေးစိတ် ဂရုစိုက်ပေးတတ်တဲ့ Xiao Zhan ဟာ
သူ့ရဲ့ မွေးနေ့သာမက ရာသီခွင်ကိုပါသိနေတာ
သူ မအံ့သြသင့်တော့ဘူးမလား
ကြယ်တွေ နက္ခတ်တွေကို အထွေအထူးအယုံအကြည်ရှိလှတယ်မဟုတ်ပေမယ့်
တစုံတယောက်က အခုလို တခုတ်တရ တွေးပေးတာကို သိရတော့ မျက်ရည်ဝဲရပြန်တယ်
ဒီတစ်ညတော့ ဘယ်လိုဖြစ်နေပါလိမ့်
ပုံမှန် ဒီလောက်မျက်ရည်မလွယ်ပါဘူးရယ်
'မနေ့ကကိုယ်ပန်းချီခန်းထဲမှာ ဒီဟာလေးကို ထုတ်ကြည့်နေတုန်း Mei Li ဝင်လာတာ'
ရှက်သလို တစ်ချက်ပြုံးရင်း ခေါင်းငုံ့သွားတဲ့ပုံက မြတ်နိုးချင်စရာလေး
'ထူးတော့ထူးဆန်းပါရဲ့ ဘာရယ်မဟုတ်ဖူး မင်းကိုပေးမယ့်လက်ဆောင်ကို မင်းကိုပဲအရင်မြင်စေချင်တယ်'
'အဲ့တာကို Mei Li က ကြည့်ချင်တယ်ဆိုပြီး အတင်းလိုက်လုတော့ ကိုယ်ကသူ့ကိုရှောင် သူကအတင်းလိုက်ဖမ်း အဲ့လိုလုပ်ရင်း အဲ့လိုဖြစ်သွားတဲ့ အချိန် မင်းကတည့်တည့်ရောက်လာတာပဲ'
ဟင်း ရုပ်ရှင်တွေထဲကအတိုင်းပဲပေါ့
စိတ်အလိုမကျစွာ နှာခေါင်းရှုံ့မိတော့ နှာသီးလုံးလေးမှာ အာဘွားပေးခံလိုက်ရသည်
'အဲ့လိုလုပ်ချင်နေတာကြာပြီ'
...............
'ပြီးပြီ'
မာဖလာကိုပတ် ဦးထုပ်ကိုဆောင်းလို့ သိပ်ကြိုက်တဲ့ နီညိုရောင် ကုတ်အင်္ကျီကြီးကိုလက်ကကိုင်ကာ ဧည့်ခန်းထဲသို့ အပြေးထွက်လာခဲ့သည်
ဒီည New Year မတိုင်ခင် Wen Han တို့အတွဲနဲ့အတူ ရေခဲပြင်စကိတ်သွားစီးမယ် မုန့်သွားစားမယ် ပြီးရင် မီးပန်းဖောက်တာသွားကြည့်မယ် အကုန်စီစဉ်ထားတာကို သူအိပ်ပျော်သွားတာကြောင့် အခုမှ ကမန်းကတမ်း ပြင်ဆင်ပြီး ပြေးထွက်နေရခြင်းပင်
Wen Han ကော Xiao Zhan ကောက သူဘယ်လိုပင် နိုင်စား နိုင်စားရပေမယ့် ဟိုကလေး Xu Jia ကတော့ မျက်နှာကြီးစူပုတ်နေလေပြီ
'မှီပါတယ် မင်းကလည်း'
ခေါင်းနောက်ကို တစ်ချက်ပုတ်လို့ပြောတော့ ဒိုင်းခနဲရောက်လာတဲ့ မျက်စောင်း
ဒီလောက်ကတော့ Wang Yibo တို့က မဖြုံ
'ကဲ ကဲ သွားကြမယ်လာ'
Wen Han ရဲ့ ဆော်သြသံကြောင့် အားလုံးအစီအရီ အိမ်အပြင်သို့
'အား နေဦး လက်အိတ်ကျန်ခဲ့ပြီ'
အိမ်ထဲ အမြန်ပြန်ပြေးဝင်ဖို့ပြင်နေတဲ့ သူ့ကို လက်ကနေဖမ်းဆွဲထားတာကြောင့် လှည့်ကြည့်လိုက်တော့ Xiao Zhan
သူ Christmas လက်ဆောင်အဖြစ်ပေးထားတဲ့ Gryffindor မာဖလာ အနီလေးကိုပတ်ထားပြီး ဦးထုပ်မီးခိုးရောင်လေးဆောင်းထားတဲ့ Xiao Zhan ဟာ ဒီနေ့ တမူထူးလို့ ချောနေသလိုပါပဲလေ
ကိုယ့်ဘဲကိုယ်ကြည့်လို့ကို မဝပါဘူး
'မဝင်နဲ့တော့ ကိုယ့်မှာအပိုပါတယ်'
အိတ်ကပ်ထဲက နီညိုရောင်လက်အိတ်လေးတစ်စုံထုတ်လို့ သူကိုယ်တိုင်စွပ်ပေးနေလေရဲ့
သဘောကျလွန်းလို့ ပါးလေးကို ရွှတ် ခနဲတစ်ချက် အနမ်းပေးလိုက်တယ်
အနောက်ကနှစ်ယောက်ကတော့ မဲ့ရွဲ့နေလေရဲ့
မှတ်ပလား
ဝဋ်လည်တယ်လို့ခေါ်တယ်
..................
စကိတ်စီးတတ်တဲ့ အခံရှိလို့ ရေခဲပြင်စကိတ်စီးတာ လွယ်မယ်ထင်တာ
တကယ်တော့ သဘောတရားမှမတူပဲရယ်
အရင်တစ်ခေါက်စီးဖူးတဲ့ Xu Jia ဆရာလုပ်တာကို အကုန်နားထောင်နေရတာပါပဲလေ
'ခြေထောက်ကြီးအရမ်းကုတ်မထားနဲ့ အင်း ဒီတိုင်းအသာလေးသွား'
သူနဲ့ Xiao Zhan ကတော့ မစီးတတ်တဲ့သူအချင်းချင်းမလို့ တဗိုင်းဗိုင်းပါပဲ
ဘောင်ကိုကိုင်ပြီး စီးနေရတာ ပျော်ဖို့မှ မကောင်းပဲရယ်
'Yibo ကိုယ်ကျတော့မယ် ကျတော့မယ်'
ကျတော့မယ်ဆိုကာ သူ့ကိုအတင်းဆွဲနေလေတော့သည်
'အာ အရမ်းမဆွဲနဲ့လေ အာ အမေ့'
နောက်ပြန်လန်ကျတာကို ဆွဲထိန်းပါသော်လည်း ခြေထောက်ကချော်နေတာမလို့ နှစ်ယောက်လုံး ပုံရက်သားပြုတ်ကျလေသည်
အခုလို ရေခဲပြင်ပေါ်မှာ လှဲလို့ တခိုးခိုး တခစ်ခစ်ရယ်နေတဲ့ Wang Yibo ကို အရင်သုံးလလောက်က Wang Yibo က မြင်လို့ကတော့ နှာခေါင်းရှု့ံလို့ အဆူခံရမှာပင်
အခုတော့ ဒီဘေးက လူသားကြောင့် အအေးဓာတ်ကိုပင် မဆိုစလောက်လေး သဘောကျနေခဲ့ပြီမဟုတ်လား
'ဘာလုပ်တာလဲ အဲ့တာ'
အပေါ်မှာ အုပ်မိုးလာတဲ့ မျက်နှာကို တွန်းဖယ်လို့ ထမယ်လုပ်တော့ ပြန်တွန်းချလေသည်
'မင်းကိုယ့်ကို အခေါ်အဝေါ်လေး မပြောင်းချင်ဘူးလား'
'ဘာဖြစ်တာလဲ ရုတ်တရတ်ကြီး'
'ဒီလိုပဲ အတွေးပေါက်လို့'
'ဘယ်လိုခေါ်စေချင်လို့လဲ'
'ကိုကိုလို့ခေါ်'
အမလေး ဖြစ်ရလေ
'ရွယ်တူတွေကို မင်းကလည်း'
'ငါက လပိုင်းကြီးတယ်လေ'
'ဆုတောင်းလေ'
'ဆုတောင်းရင် ခေါ်မှာလား'
'မသိဘူး'
.................
'ရော့'
လက်ထဲက ဝက်အူချောင်းကို တစ်ချက်ကိုက်လိုက်ရင်း ကမ်းပေးတဲ့ Hot chocolate ကို လှမ်းယူလိုက်သည်
'စားမလား'
ဘေးမှာဝင်ထိုင်တဲ့ Xiao Zhan ကို သူ့ဝက်အူချောင်းလေးထိုးပေးတော့ ဘေးက Wen Han က တခိခိနဲ့ ရယ်နေလေသည်
'Xiao Zhan ရေ သူမင်းကိုတကယ်ကြိုက်တာသေချာနေပြီ'
'ဘာဖြစ်လို့လဲ'
'Yibo က ဘယ်တုန်းကမှ သူ့မုန့်ကို သူများကိုကျွေးတာမဟုတ်ဖူး ငါတို့ကိုတောင် ခင်ပြီးသုံးနှစ်လောက်ကြာတော့မှ ထမင်းလိပ်လေးတစ်လိပ်ကျွေးတာ'
သူပြောတာအမှန်တွေပဲမလို့ မျက်နှာကြီးပူလာပါပြီ
'Wen Han မင်း ပါးစပ်ပိတ်တော့'
'ရှက်နေပြီ ရှက်နေပြီ'
'မစပါနဲ့ကွာ မင်းကလည်း ငါ့ဘေဘီလေးကို'
ကူပြောပေးသလိုနဲ့ သူပါရောစနေတာကြောင့် အမြင်ကတ်ကတ်နဲ့ လက်တစ်ဖက်ကိုဆွဲကာ ကိုက်ချပလိုက်သည်
'အား အား နာတယ် ခွေးပေါက်လေး'
'မင်းကမြေခွေးကြီး'
'ဟင် ဘာဖြစ်လို့လဲ'
'အကျင့်မှမကောင်းတာ'
စူပုတ်ပုတ်နဲ့ ဝက်အူချောင်းကို နောက်တစ်ကိုက်ကိုက်မယ်အကြံ ပါးကိုဖျစ်ညှစ်ခံလိုက်ရပြန်တာမလို့ မအောင်မြင်လိုက်
'အွန်း မ ညှစ်နဲ့'
'ဘေဘီက စားသမျှအစား ပါးကိုရောက်တယ်ထင်တယ်'
ပြောလိုက် ညှစ်လိုက်လုပ်နေတာမလို့ နာလှပြီရယ်
မုန့်လည်းစားလို့မရဘူး
'လွှတ်တော့ နာပြီ'
'ကိုကိုလို့ခေါ်မှလွှတ်မယ်'
အကျင့်ယုတ်လိုက်တာ
အမှတ်မရှိ နှုတ်ခမ်းစူမိတော့ ထပ်အနမ်းခံရပြန်ပြီ
'ဘာလို့ဒီလောက်ချစ်ဖို့ကောင်းရတာလဲ'
'လွှတ်ဆို'
'ကိုကိုလို့ခေါ်'
'.........'
'မခေါ်ရင် မလွှတ်ဖူး'
'ကိုကို ကိုကို ကိုကို ရပြီလား'
ဒီတော့မှ တဟားဟား အော်ရယ်ကာ လွှတ်ပေးလိုက်တော့သည်
အမလေး
လက်ရာတွေထင်တော့မှာပဲ
စုစုရုံးရုံးအသံကြားတာကြောင့် ဘေးဘီကြည့်လိုက်တော့
'Countdown စနေပြီ Countdown စနေပြီ'
'8'
'7'
'6'
'5'
'4'
'3'
'2'
'1'
'HAPPY NEW YEAR!'
ဘေးကလူကြီးရဲ့လည်တိုင်ကို လှမ်းဖက်လို့ နှုတ်ခမ်းချင်း အပ်စပ်လိုက်တယ်
'Happy New Year မြေခွေးကြီး'
'Happy New Year ခွေးပေါက်လေး'
တောင်းတဲ့ဆုသာပြည့်ရရင် ဒီလူသားနဲ့အတူ နှစ်သစ်ကူးတိုင်းကို ကျော်ဖြတ်ရပါလို၏
Note - ကဲ ကိုယ့်ရဲ့ မရိုတတ်ရိုတတ်နဲ့ ရိုထားတဲ့ fic လေးတော့ ဒီမှာတင်ပြီးပါပြီ
ဒီအေးတိအေးစက် fic လေးကို တောက်လျှောက်ဖတ်ပေးကျတဲ့ reader လေးတွေကို အရမ်းချစ်ပါတယ်နော်
Love you all 😘