The Years I Love You The Most...

By AuTuMn_EuNN

26.4K 3.5K 240

ကြၽန္ေတာ္ သူ႔ကိုခ်စ္ေသာ ရက္၊လ၊ႏွစ္ ေတြ ~~~ We have nothing ~ But we have beautiful love ❣💕 #Kaisoo #Kadi More

The Years I love You the Most
Now[Z×U]
He[Z×U]
Slowly[Z×U]
You[Z×U]
Back to [Z×U]
For You [Z×U]
I am [Z×U]
Secret[Z×U]
PAST(1) [Z×U]
PAST(2)[Z×U]
PAST(3)[Z×U]
PAST End [Z×U]
No More[Z×U]
First[Z×U]
The Truth[Z×U]
The First One [Z×U]
Recalling [Z×U]
Start Again[Z×U]
Wait [Z×U]
Promise [Z×U]
Love is [Z×U]
A place [Z×U]
Everyday [Z×U]
I'll be there [Z×U]
Meant to be [Z×U]
Now&Ever[Z×U]

Started [Z×U]

2.4K 168 6
By AuTuMn_EuNN

🌼ONE 🌼

"ဟိုမွာ ငါတို႔အတန္းရဲ႕ Wallflower ေလးလာၿပီ "

အတန္းရဲ႕အဝမွာ အုပ္စုလိုက္ရပ္ေနၾကတဲ့ ေက်ာင္းသားတစ္စုက အရပ္ပုပု ျဖဴျဖဴလံုးလံုး မ်က္မွန္ဝိုင္းဝိုင္းနဲ႔ ေက်ာပိုးအိတ္ကို လက္ႏွစ္ဖက္နဲ႔ကိုင္ရင္းလာေနတဲ့ ေက်ာင္းသားကို အခ်င္းခ်င္းေမးေငါ့ျပၿပီး ျပလိုက္တယ္ ...

"ခ်စ္စရာေလးေနာ္ ... "

တစ္ေယာက္တစ္ေပါက္ေျပာၿပီးေတာ့ အတန္းထဲဝင္ဖို႔လုပ္ေနတဲ့ ထိုေကာင္ေလးရဲ႕ ေက်ာပိုးအိတ္ကို အေနာက္ကေနဆြဲထားလိုက္ၿပီး သူတို့ထဲက တစ္ေယာက္စ နွစ္ေယာက္စကေတာ့ အေရွ႕ကေနပိတ္ရပ္လိုက္တယ္ ...

"Wallflower ေလး ... ေက်ာင္းပိတ္ရက္ေတြမွာ ေပ်ာ္ခဲ့ရဲ႕လား "

သူတို့ေျပာတာကို ဘာတံု႔ျပန္မႈမရွိပဲ လက္ထဲကေန အတင္း႐ုန္းေနတဲ့သူကို စိတ္မရွည္စြာနဲ႔ ေဆာင့္ဆြဲလိုက္ေတာ့ အရွိန္နဲ႔အတူ ေနာက္ျပန္လဲသြားခဲ့တယ္ ...

စာအုပ္အခ်ိဳ႕ကေတာ့ ေက်ာပိုးအိတ္ထဲကေန အစီအစဥ္မက်စြာ ထြက္ၾကကုန္တယ္ ...

"ဟာ ေဟ့ေကာင္ ျဖည္းျဖည္းလုပ္ေလကြာ
ဒီမွာ ဒီ Wallflower ေလး ရွက္သြားလိမ့္မယ္ေလ ... မဟုတ္ဘူးလား "

"ဟား ဟား "

က်ယ္ေလာင္တဲ့ရယ္သံေတြက
စာအုပ္ေတြေကာက္ေနတဲ့ ေကာင္ေလးကို မရပ္တန္႔သြားေစတဲ့အျပင္ ပို၍ျမန္ေအာင္ႏိုးေဆာ္ေလ၏။

အတန္းထဲေရာက္တာနဲ႔ ထိုင္ေနၾကျဖစ္တဲ့ ျပတင္းေပါက္နားကခံုမွာေမွာက္အိပ္ၿပီး နားၾကပ္တပ္လိုက္သည္။

ဆရာဝင္မယ့္အခ်ိန္က ေနာက္ နာရီဝက္ေနမွမို႔လို႔ ခဏေလာက္ေတာ့အိပ္လိုက္ပံုရ၏။

*လြန္ခဲ့တဲ့ ၂ ႏွစ္ထဲက Wallflower ဆ္ိုၿပီး နာမည္ႀကီးလာတာေလ* ဆိုတဲ့ စကားေတြနဲ႔အတူ သူ႔အေၾကာင္းေျပာေနၾကတဲ့ လူအခ်ိဳ႕ ...


ေကာင္းကင္ႀကီးကတိမ္ဖံုးေနတယ္ ...
ဒါေပမယ့္ အတန္းထဲက အျဖဴေရာင္မီးေတြကေတာ့ ထိုေကာင္ေလးေပၚကိုဆင္းသက္ေနတယ္

တစ္ခ်ိဳ႕လူေတြ ေျပာဖူးသလိုေပါ့ ~
သာမန္အခ်ိန္ေတြမွာေတာင္
ဇာတ္ေဆာင္ေတြဟာ အၿမဲလင္းလက္ေနခဲ့တယ္ဆိုတာမ်ိဳဳး ...

🌼🌼🌼

"ဒါနဲ႔ သတင္းၾကားၿပီးၿပီလား ... အတန္းထဲကို
ဆိုက္ကိုတစ္ေယာက္ေရာက္လာမယ္ဆိုတာ"

"ဘာ ... ဆိုက္ကို ... အဲ့တာဘာလဲ ရယ္ခ်င္စရာႀကီး "

"မသိဘူးေလ ငါလဲ ၾကားတဲ့အတိုင္းေျပာတာပဲ .. မယံုရင္ ေတြ႔တဲ့သူေမးၾကည့္လို္က္
အခု သူတို႔ၾကားမွာ ဆိုက္ကိုဆိုတာပဲၾကားေနရတာ"

"႐ူးေၾကာင္ေၾကာင္ေတြပါကြာ ... ဘာတဲ့ ..
ဆုိ္က္ကို ! မင္းတို႔လဲ႐ူးသြားၿပီပဲ "

ေမွာက္အိပ္ေနတဲ့ သူကိုၾကည့္ၿပီး ေက်ာင္းသားအသစ္အေၾကာင္းကိုေျပာကာ ႐ိုက္ပုတ္စေနာက္ၿပီး ေျပးလႊားေနတဲ့ ေက်ာင္းသားအုပ္စုကေတာ့ ပထမဆံုးေက်ာင္းတက္တဲ့ရက္ရဲ႕ ပထမဆံုးအခ်ိန္ကို မတက္ခဲ့ ...

နာရီလက္တံေတြက ႀကီးရာကေန ငယ္ရာဆီ
ငယ္ရာကေန ႀကီးရာဆီကိုသြားရင္း ေက်ာင္းတက္ရတာ၂၅ ရက္ေျမာက္ျပည့္တဲ့ေန႔ကို ေရာက္လာခဲ့၏။

ေကာင္ေလးတစ္ေယာက္ကေတာ့ ထံုးစံအတိုင္းေမွာက္အိပ္ေနသလို အုပ္စုျဖစ္ေနတဲ့ ေက်ာင္းသားေတြကလဲ ေဟးလားဝါးလားလုပ္ရင္း ဆရာဝင္မယ့္အခ်ိန္ကိုေစာင့္ေနၾကတယ္ ...

အတန္းခ်ိန္စတာနဲ႔ စာအုပ္အထူႀကီးကိုပိုက္ၿပီး တည္ၿငိမ္ရင့္က်က္စြာဝင္လာတဲ့ ဆရာ႕ကိုျမင္ေတာ့ အကုန္လံုးက ႏႈတ္ဆက္လိုက္သည္။
စာအုပ္ကိုဖြင့္ မ်က္မွန္ကိုင္းကို ပင့္တင္ရင္း Attendance ေခၚေနတဲ့ဆရာ႕အသံက တစ္ခန္းလံုးကို ဖံုးလႊမ္းေနလ်က္

သူကေတာ့ ဒယ္ဟြာလို႔ေခၚတဲ့ ေယာက်္ားေလးေက်ာင္းမွာ နာမည္အႀကီးဆံုးနဲ႔ အေၾကာက္ရဆံုးေသာ ဆရာ ရွီရွင္းပင္ ...

"အားလံုးနားေထာင္ ... ဒီေန႔ ဒီအတန္းကိုေက်ာင္းသားအသစ္တစ္ေယာက္ေရာက္လာတယ္ ..
အခု မိတ္ဆက္ေပးမွာမို႔လို႔ ေသခ်ာနားေထာင္ၾကမယ္ ၾကားရဲ႕လား "

"ဟုတ္ကဲ့"

"ေက်ာင္းသားသစ္ ဝင္လာလို႔ရၿပီ "

ေက်ာပိုးအိတ္ကို တစ္ဖက္လြယ္ၿပီး ပီေကဝါးရင္းဝင္လာတဲ့ သူကို တစ္ခန္းလံုးက ေသခ်ာၾကည့္မိသည္။ အညိဳေရာင္ ေတာက္ေတာက္ မ်က္ကပ္မွန္ေအာက္မွာရွိတဲ့ အၾကည့္ေတြက စူးရွသည္။

"ႏႈတ္ဆက္လိုက္ဦး "

"K A I ပါ ... မဂၤလာလို႔ေတာ့ မေျပာေတာ့ဘူး အၿမဲၾကားေနၾကစကားဆ္ုိေတာ့ ၿငီးေငြ႔မယ္ထင္လို႔ "

Kai ရဲ႕ ႏႈတ္ဆက္မႈၿပီးေတာ့ တစ္ေယာက္တစ္ေပါက္ ေျပာတဲ့အသံေတြနဲ႔ တစ္ခန္းလံုးနီးပါးဆူညံသြား၏။

"ဒီေကာင္က ဘာလဲဟ "

"ငါေျပာတယ္မလား ..ဆိုက္ကုိပါဆို "

"ငါေျပာတုန္းက မင္းတို႔မယံုဘူးမလား .. အခုၾကည့္ေတာ့ လံုးဝကို ဆိုက္ကိုပဲ ",

ဒုန္း ဒုန္း ဒုန္း

စားပြဲကိုထုလိုက္တဲ့ ဆရာရီရွင္းေၾကာင့္ တစ္ခန္းလံုးမီးနဲ႔ၿငိမ္းသလို ရွဲကနဲျဖစ္သြားသည္။

"အခု မိတ္ဆက္ၿပီးၿပီဆိုေတာ့ စာဆက္သင္မယ္
Kai . မင္းက ဟိုးအေနာက္တန္းမွာသြားထိုင္လိုက္ "

ဆရာရီရွင္းေျပာတဲ့ အေနာက္တန္းက ဘယ္အတန္းလဲဆိုတာကို သိခ်င္တာနဲ႔ ေက်ာင္းသားအကုန္လံုးက Kai သြားရာေနာက္ကို လိုက္ၾကည့္ၾကသည္။

လူေတြေျပာသလိုေပါ့ ...
ဇာတ္ေဆာင္ေတြဟာ အလိုလိုေနရင္းေတာင္ တစ္ခ်ိဳ႕လူေတြရဲ႕ ေငးၾကည့္တာကိုခံရတာမ်ိဳး ~

🌼🌼🌼

"သတင္းထူး သတင္းထူး .. "

"ဘာလဲ ... ထပ္ၿပီး ဘာျဖစ္လာတာလဲ "

အလန႔္အၾကားေအာ္ၿပီးေျပးလာတဲ့ သူေၾကာင့္
ေခါင္းငိုက္စိုက္ျဖစ္ေနတဲ့ တစ္ခန္းလံုးက ေခါင္းေထာင္လာသည္။

"တကယ္ထူးျခားတဲ့ သတင္း "

" အဲ့တာေၾကာင့္ ဘာလဲလို႔ေမးေနတာေလ "

အတန္းေခါင္းေဆာင္က ပိတ္ေဟာက္လိုက္တာမို႔လို႔ ပါးစပ္ကေလးပိတ္သြားတဲ့ ထိုေကာင္ေလး

"ေျပာစရာရွိတာ ျမန္ျမန္ေျပာစမ္းပါကြာ "

"ဒီႏွစ္ရဲ႕ Fresher Welcome က ဒယ္ဟြာႏွစ္ေက်ာင္းလံုး ေပါင္းလုပ္မယ္တဲ့ "

"ဘာ !!!!!! "

တစ္ခန္းလံုးထေအာ္လိုက္တာေၾကာင့္ ေျပာတဲ့သူခင္မ်ာ နားေလးကိုအုပ္ထားလိုက္ရသည္။

"ေဟ့ .. မင္းမေနာက္နဲ႔ေနာ္ ... ဒယ္ဟြာႏွစ္ေက်ာင္းက ဘယ္တုႏ္ူးကမွ ေပါင္းမလုပ္ခဲ့တာကို
.လိမ္ရင္မင္းေသမွာေနာ္ "

တစ္ခန္းလံုးက မယံုတဲ့အေၾကာင္းေတြနဲ႔ ျငင္းခုန္ရင္း ဆူညံေနၾကသည္။

"ဒီကိစၥကို ငါကလိမ္စရာလား ... ငါခုနေလးတင္
ရံုးခန္းသြားရင္းနဲ႔ ဆရာရီရွင္းတို႔ေျပာတာကို ၾကားခဲ့တာ "

ဆရာရီရွင္းဆိုတာလဲၾကားေရာ တစ္ခန္းလံုးကထခုန္ၾကေလ၏။

"ေနာက္ဆံုးေတာ့ ဒယ္ဟြာ ေယာက်ာ္းေလးေက်ာင္းနဲ႔ ဒယ္ဟြာ မိန္းကေလးေက်ာင္း ႏွစ္ေက်ာင္းေပါင္းၿပီး ပြဲလုပ္ခဲ့ၿပီေပါ့ ... ငါအခု အိမ္မက္မက္ေနတာမဟုတ္ဘူးမလား .."

တစ္ခန္းလံုးက အိမ္မက္အလားထင္ေနရၿပီး ေပ်ာ္ေနၾကသည္။

ေက်ာင္းတက္တာ ၁ လခြဲၾကာတဲ့ေနာက္မွာ
ဒယ္ဟြာ ႏွစ္ေက်ာင္းေပါင္းၿပီး The Whole Fresher Welcome လုပ္ခဲ့တယ္

လွပတဲ့အရာေတြ ၊ ဝတ္ေကာင္းစားလွေတြဝတ္ၿပီး ေပ်ာ္ေနၾကတယ္ ...

Dance Floor မွာလဲ အခုမွသိတဲ့သူေတြေရာ
အရင္ထဲကခင္တဲ့သူေတြေရာ အကုန္လံုး
ေပ်ာ္ရႊင္စြာနဲ႔ကေနၾကတယ္ ...

အေရာင္စံုေတြၾကားထဲကေန လွမ္းျကည့္လိုက္တဲ့အခါ ဝိုင္ခြက္ေလးကိုကိုင္ၿပီး သီခ်င္းရဲ့စည္းခ်က္နဲ႔အညီ ေခါင္းေလးလႈပ္ေနတဲ့
ေကာင္ေလးကေတာ့ အသားေရာင္အက်ီၤေလးကို ဂ်င္းေလးနဲ႔ဝတ္ထားသည္။
မ်က္မွန္အမည္းထူထူေလးကေတာ့ သူ႔ရဲ႕မ်က္ဝန္းေတြကိုကာထားေပမယ့္ ထင္သာျမင္သာေတာ့ရွိသည္။

"Wallflower " ဆိုၿပီး
အၿမဲစေနၾကျဖစ္တဲ့ ေက်ာင္းသားအုပ္စုကလဲ
အေပ်ာ္ေတြလြန္ေနတာေၾကာင့္ ဒီေန႔ေတာ့
ေအးေဆးစြာနဲ႔ ေနလို႔ရခဲ့တယ္။

သံစဥ္ေတြက EDM ဘက္ေရာက္လာတာနဲ႔အမ်ွ ေက်ာင္းသားေတြအကုန္လံုးလဲ ျမဴးထူးကခုန္ကာ အားမာန္အျပည့္နဲ႔ အပီအျပင္ဆင္ႏႊဲေနၾကတယ္။

ဒီေန႔မွာေတာ့ leather အမညး္ေျပာင္ဝမ္းဆက္ကို ဝတ္ထားၿပီး ရွိတ္ထိုးထားတဲ့ဆံပင္ရယ္ ဝုိင္နီနီရယ္ကို အရသာခံေသာက္ေနတဲ့သူရဲ႕ေဘးမွာ ေက်ာင္းသူေတြဝိုင္းေနၾကတယ္ ...

စိတ္ရႈပ္ေနတဲ့သူ႔ပံုစံက ဒီလူေတြေဘးနားမွာမေနခ်င္တာမို႔လို႔ ထိုေနရာကေနေျပာင္းကာ လူရွင္းတဲ့ေနရာကို လာခဲ့သည္။

သံစဥ္ျမဴးျမဴးနဲ႔အတူ ခႏၶာကုိယ္ကို စည္းခ်က္က်က်လႈပ္ရွားရင္း နစ္ေျမာေနခဲ့သည္။

ေရာင္စံုမီးေရာင္ေအာက္ကေနၾကည့္တဲ့အခါ
ေကာင္ေလးႏွစ္ေယာက္ရွိေနတဲ့ေနရာဟာ အလင္းလက္ဆံုးျဖစ္ေနခဲ့သည္။

Drama ျကည့္ဖူးေနၾက သူေတြေျပာေနတဲ့ စကားလိုမ်ိဳးေပါ့ ...

ပထမဆံုးဆိုတဲ့ ေတြ႔ဆံုျခင္းေတြတိုင္းမွာ ဇာတ္ေဆာင္ႏွစ္ေယာက္ဟာအၿမဲလြဲခဲ့တယ္ ~


🌼🌼🌼

The Year I Love You the Most

#Note

[ Wallflower ဆိုတာ အရွက္အေၾကာက္ႀကီးၿပီး လူေတြနဲ႔မေရာတတ္တဲ့ Introvert ပံုစံမ်ိဳးနဲ႔သူကိုေခၚတာပါ ... Parties ေတြ ပြဲေတြရွိတဲ့အခါ အထူးသျဖင့္ ကတဲ့ေနရာမ်ိဳးေတြမွာ အရမ္းရွက္ၿပီး မကရဲတဲ့သူေတြကိုလဲ ေခၚပါတယ္ ..
တစ္ခ်ိဳ႕ကေတာ့ အရွက္အေၾကာက္အရမ္းႀကီးလို႔ အစခံရၿပီး အပယ္ခံလိုျဖစ္ေနတဲ့သူကိုေခၚတာပါတဲ့ ]

🌼ONE 🌼

"ဟိုမှာ ငါတို့အတန်းရဲ့ Wallflower လေးလာပြီ "

အတန်းရဲ့အဝမှာ အုပ်စုလိုက်ရပ်နေကြတဲ့ ကျောင်းသားတစ်စုက အရပ်ပုပု ဖြူဖြူလုံးလုံး မျက်မှန်ဝိုင်းဝိုင်းနဲ့ ကျောပိုးအိတ်ကို လက်နှစ်ဖက်နဲ့ကိုင်ရင်းလာနေတဲ့ ကျောင်းသားကို အချင်းချင်းမေးငေါ့ပြပြီး ပြလိုက်တယ် ...

"ချစ်စရာလေးနော် ... "

တစ်ယောက်တစ်ပေါက်ပြောပြီးတော့ အတန်းထဲဝင်ဖို့လုပ်နေတဲ့ ထိုကောင်လေးရဲ့ ကျောပိုးအိတ်ကို အနောက်ကနေဆွဲထားလိုက်ပြီး သူတို့ထဲက တစ်ယောက်စ နှစ်ယောက်စကတော့ အရှေ့ကနေပိတ်ရပ်လိုက်တယ် ...

"Wallflower လေး ... ကျောင်းပိတ်ရက်တွေမှာ ပျော်ခဲ့ရဲ့လား "

သူတို့ပြောတာကို ဘာတုံ့ပြန်မှုမရှိပဲ လက်ထဲကနေ အတင်းရုန်းနေတဲ့သူကို စိတ်မရှည်စွာနဲ့ ဆောင့်ဆွဲလိုက်တော့ အရှိန်နဲ့အတူ နောက်ပြန်လဲသွားခဲ့တယ် ...

စာအုပ်အချို့ကတော့ ကျောပိုးအိတ်ထဲကနေ အစီအစဉ်မကျစွာ ထွက်ကြကုန်တယ် ...

"ဟာ ဟေ့ကောင် ဖြည်းဖြည်းလုပ်လေကွာ
ဒီမှာ ဒီ Wallflower လေး ရှက်သွားလိမ့်မယ်လေ ... မဟုတ်ဘူးလား "

"ဟား ဟား "

ကျယ်လောင်တဲ့ရယ်သံတွေက
စာအုပ်တွေကောက်နေတဲ့ ကောင်လေးကို မရပ်တန့်သွားစေတဲ့အပြင် ပို၍မြန်အောင်နိုးဆော်လေ၏။

အတန်းထဲရောက်တာနဲ့ ထိုင်နေကြဖြစ်တဲ့ ပြတင်းပေါက်နားကခုံမှာမှောက်အိပ်ပြီး နားကြပ်တပ်လိုက်သည်။

ဆရာဝင်မယ့်အချိန်က နောက် နာရီဝက်နေမှမို့လို့ ခဏလောက်တော့အိပ်လိုက်ပုံရ၏။

*လွန်ခဲ့တဲ့ ၂ နှစ်ထဲက Wallflower ဆိုပြီး နာမည်ကြီးလာတာလေ* ဆိုတဲ့ စကားတွေနဲ့အတူ သူ့အကြောင်းပြောနေကြတဲ့ လူအချို့ ...

ကောင်းကင်ကြီးကတိမ်ဖုံးနေတယ် ...
ဒါပေမယ့် အတန်းထဲက အဖြူရောင်မီးတွေကတော့ ထိုကောင်လေးပေါ်ကိုဆင်းသက်နေတယ်

တစ်ချို့လူတွေ ပြောဖူးသလိုပေါ့ ~
သာမန်အချိန်တွေမှာတောင်
ဇာတ်ဆောင်တွေဟာ အမြဲလင်းလက်နေခဲ့တယ်ဆိုတာမျိုး ...

🌼🌼🌼

"ဒါနဲ့ သတင်းကြားပြီးပြီလား ... အတန်းထဲကို
ဆိုက်ကိုတစ်ယောက်ရောက်လာမယ်ဆိုတာ"

"ဘာ ... ဆိုက်ကို ... အဲ့တာဘာလဲ ရယ်ချင်စရာကြီး "

"မသိဘူးလေ ငါလဲ ကြားတဲ့အတိုင်းပြောတာပဲ .. မယုံရင် တွေ့တဲ့သူမေးကြည့်လိုက်
အခု သူတို့ကြားမှာ ဆိုက်ကိုဆိုတာပဲကြားနေရတာ"

"ရူးကြောင်ကြောင်တွေပါကွာ ... ဘာတဲ့ ..
ဆိုက်ကို ! မင်းတို့လဲရူးသွားပြီပဲ "

မှောက်အိပ်နေတဲ့ သူကိုကြည့်ပြီး ကျောင်းသားအသစ်အကြောင်းကိုပြောကာ ရိုက်ပုတ်စနောက်ပြီး ပြေးလွှားနေတဲ့ ကျောင်းသားအုပ်စုကတော့ ပထမဆုံးကျောင်းတက်တဲ့ရက်ရဲ့ ပထမဆုံးအချိန်ကို မတက်ခဲ့ ...

နာရီလက်တံတွေက ကြီးရာကနေ ငယ်ရာဆီ
ငယ်ရာကနေ ကြီးရာဆီကိုသွားရင်း ကျောင်းတက်ရတာ၂၅ ရက်မြောက်ပြည့်တဲ့နေ့ကို ရောက်လာခဲ့၏။

ကောင်လေးတစ်ယောက်ကတော့ ထုံးစံအတိုင်းမှောက်အိပ်နေသလို အုပ်စုဖြစ်နေတဲ့ ကျောင်းသားတွေကလဲ ဟေးလားဝါးလားလုပ်ရင်း ဆရာဝင်မယ့်အချိန်ကိုစောင့်နေကြတယ် ...

အတန်းချိန်စတာနဲ့ စာအုပ်အထူကြီးကိုပိုက်ပြီး တည်ငြိမ်ရင့်ကျက်စွာဝင်လာတဲ့ ဆရာ့ကိုမြင်တော့ အကုန်လုံးက နှုတ်ဆက်လိုက်သည်။
စာအုပ်ကိုဖွင့် မျက်မှန်ကိုင်းကို ပင့်တင်ရင်း Attendance ခေါ်နေတဲ့ဆရာ့အသံက တစ်ခန်းလုံးကို ဖုံးလွှမ်းနေလျက်

သူကတော့ ဒယ်ဟွာလို့ခေါ်တဲ့ ယောကျ်ားလေးကျောင်းမှာ နာမည်အကြီးဆုံးနဲ့ အကြောက်ရဆုံးသော ဆရာ ရှီရှင်းပင် ...

"အားလုံးနားထောင် ... ဒီနေ့ ဒီအတန်းကိုကျောင်းသားအသစ်တစ်ယောက်ရောက်လာတယ် ..
အခု မိတ်ဆက်ပေးမှာမို့လို့ သေချာနားထောင်ကြမယ် ကြားရဲ့လား "

"ဟုတ်ကဲ့"

"ကျောင်းသားသစ် ဝင်လာလို့ရပြီ "

ကျောပိုးအိတ်ကို တစ်ဖက်လွယ်ပြီး ပီကေဝါးရင်းဝင်လာတဲ့ သူကို တစ်ခန်းလုံးက သေချာကြည့်မိသည်။ အညိုရောင် တောက်တောက် မျက်ကပ်မှန်အောက်မှာရှိတဲ့ အကြည့်တွေက စူးရှသည်။

"နှုတ်ဆက်လိုက်ဦး "

"K A I ပါ ... မင်္ဂလာလို့တော့ မပြောတော့ဘူး အမြဲကြားနေကြစကားဆိုတော့ ငြီးငွေ့မယ်ထင်လို့ "

Kai ရဲ့ နှုတ်ဆက်မှုပြီးတော့ တစ်ယောက်တစ်ပေါက် ပြောတဲ့အသံတွေနဲ့ တစ်ခန်းလုံးနီးပါးဆူညံသွား၏။

"ဒီကောင်က ဘာလဲဟ "

"ငါပြောတယ်မလား ..ဆိုက်ကိုပါဆို "

"ငါပြောတုန်းက မင်းတို့မယုံဘူးမလား .. အခုကြည့်တော့ လုံးဝကို ဆိုက်ကိုပဲ ",

ဒုန်း ဒုန်း ဒုန်း

စားပွဲကိုထုလိုက်တဲ့ ဆရာရီရှင်းကြောင့် တစ်ခန်းလုံးမီးနဲ့ငြိမ်းသလို ရှဲကနဲဖြစ်သွားသည်။

"အခု မိတ်ဆက်ပြီးပြီဆိုတော့ စာဆက်သင်မယ်
Kai . မင်းက ဟိုးအနောက်တန်းမှာသွားထိုင်လိုက် "

ဆရာရီရှင်းပြောတဲ့ အနောက်တန်းက ဘယ်အတန်းလဲဆိုတာကို သိချင်တာနဲ့ ကျောင်းသားအကုန်လုံးက Kai သွားရာနောက်ကို လိုက်ကြည့်ကြသည်။

လူတွေပြောသလိုပေါ့ ...
ဇာတ်ဆောင်တွေဟာ အလိုလိုနေရင်းတောင် တစ်ချို့လူတွေရဲ့ ငေးကြည့်တာကိုခံရတာမျိုး ~

🌼🌼🌼

"သတင်းထူး သတင်းထူး .. "

"ဘာလဲ ... ထပ်ပြီး ဘာဖြစ်လာတာလဲ "

အလန့်အကြားအော်ပြီးပြေးလာတဲ့ သူကြောင့်
ခေါင်းငိုက်စိုက်ဖြစ်နေတဲ့ တစ်ခန်းလုံးက ခေါင်းထောင်လာသည်။

"တကယ်ထူးခြားတဲ့ သတင်း "

" အဲ့တာကြောင့် ဘာလဲလို့မေးနေတာလေ "

အတန်းခေါင်းဆောင်က ပိတ်ဟောက်လိုက်တာမို့လို့ ပါးစပ်ကလေးပိတ်သွားတဲ့ ထိုကောင်လေး

"ပြောစရာရှိတာ မြန်မြန်ပြောစမ်းပါကွာ "

"ဒီနှစ်ရဲ့ Fresher Welcome က ဒယ်ဟွာနှစ်ကျောင်းလုံး ပေါင်းလုပ်မယ်တဲ့ "

"ဘာ !!!!!! "

တစ်ခန်းလုံးထအော်လိုက်တာကြောင့် ပြောတဲ့သူခင်မျာ နားလေးကိုအုပ်ထားလိုက်ရသည်။

"ဟေ့ .. မင်းမနောက်နဲ့နော် ... ဒယ်ဟွာနှစ်ကျောင်းက ဘယ်တုန်ူးကမှ ပေါင်းမလုပ်ခဲ့တာကို
.လိမ်ရင်မင်းသေမှာနော် "

တစ်ခန်းလုံးက မယုံတဲ့အကြောင်းတွေနဲ့ ငြင်းခုန်ရင်း ဆူညံနေကြသည်။

"ဒီကိစ္စကို ငါကလိမ်စရာလား ... ငါခုနလေးတင်
ရုံးခန်းသွားရင်းနဲ့ ဆရာရီရှင်းတို့ပြောတာကို ကြားခဲ့တာ "

ဆရာရီရှင်းဆိုတာလဲကြားရော တစ်ခန်းလုံးကထခုန်ကြလေ၏။

"နောက်ဆုံးတော့ ဒယ်ဟွာ ယောကျာ်းလေးကျောင်းနဲ့ ဒယ်ဟွာ မိန်းကလေးကျောင်း နှစ်ကျောင်းပေါင်းပြီး ပွဲလုပ်ခဲ့ပြီပေါ့ ... ငါအခု အိမ်မက်မက်နေတာမဟုတ်ဘူးမလား .."

တစ်ခန်းလုံးက အိမ်မက်အလားထင်နေရပြီး ပျော်နေကြသည်။

ကျောင်းတက်တာ ၁ လခွဲကြာတဲ့နောက်မှာ
ဒယ်ဟွာ နှစ်ကျောင်းပေါင်းပြီး The Whole Fresher Welcome လုပ်ခဲ့တယ်

လှပတဲ့အရာတွေ ၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး ပျော်နေကြတယ် ...

Dance Floor မှာလဲ အခုမှသိတဲ့သူတွေရော
အရင်ထဲကခင်တဲ့သူတွေရော အကုန်လုံး
ပျော်ရွှင်စွာနဲ့ကနေကြတယ် ...

အရောင်စုံတွေကြားထဲကနေ လှမ်းကြည့်လိုက်တဲ့အခါ ဝိုင်ခွက်လေးကိုကိုင်ပြီး သီချင်းရဲ့စည်းချက်နဲ့အညီ ခေါင်းလေးလှုပ်နေတဲ့
ကောင်လေးကတော့ အသားရောင်အကျီၤလေးကို ဂျင်းလေးနဲ့ဝတ်ထားသည်။
မျက်မှန်အမည်းထူထူလေးကတော့ သူ့ရဲ့မျက်ဝန်းတွေကိုကာထားပေမယ့် ထင်သာမြင်သာတော့ရှိသည်။

"Wallflower " ဆိုပြီး
အမြဲစနေကြဖြစ်တဲ့ ကျောင်းသားအုပ်စုကလဲ
အပျော်တွေလွန်နေတာကြောင့် ဒီနေ့တော့
အေးဆေးစွာနဲ့ နေလို့ရခဲ့တယ်။

သံစဉ်တွေက EDM ဘက်ရောက်လာတာနဲ့အမျှ ကျောင်းသားတွေအကုန်လုံးလဲ မြူးထူးကခုန်ကာ အားမာန်အပြည့်နဲ့ အပီအပြင်ဆင်နွှဲနေကြတယ်။

ဒီနေ့မှာတော့ leather အမည်းပြောင်ဝမ်းဆက်ကို ဝတ်ထားပြီး ရှိတ်ထိုးထားတဲ့ဆံပင်ရယ် ဝိုင်နီနီရယ်ကို အရသာခံသောက်နေတဲ့သူရဲ့ဘေးမှာ ကျောင်းသူတွေဝိုင်းနေကြတယ် ...

စိတ်ရှုပ်နေတဲ့သူ့ပုံစံက ဒီလူတွေဘေးနားမှာမနေချင်တာမို့လို့ ထိုနေရာကနေပြောင်းကာ လူရှင်းတဲ့နေရာကို လာခဲ့သည်။

သံစဉ်မြူးမြူးနဲ့အတူ ခန္ဓာကိုယ်ကို စည်းချက်ကျကျလှုပ်ရှားရင်း နစ်မြောနေခဲ့သည်။

ရောင်စုံမီးရောင်အောက်ကနေကြည့်တဲ့အခါ
ကောင်လေးနှစ်ယောက်ရှိနေတဲ့နေရာဟာ အလင်းလက်ဆုံးဖြစ်နေခဲ့သည်။

Drama ကြည့်ဖူးနေကြ သူတွေပြောနေတဲ့ စကားလိုမျိုးပေါ့ ...

ပထမဆုံးဆိုတဲ့ တွေ့ဆုံခြင်းတွေတိုင်းမှာ ဇာတ်ဆောင်နှစ်ယောက်ဟာအမြဲလွဲခဲ့တယ် ~

🌼🌼🌼

The Year I Love You the Most

#Note

[ Wallflower ဆိုတာ အရှက်အကြောက်ကြီးပြီး လူတွေနဲ့မရောတတ်တဲ့ Introvert ပုံစံမျိုးနဲ့သူကိုခေါ်တာပါ ... Parties တွေ ပွဲတွေရှိတဲ့အခါ အထူးသဖြင့် ကတဲ့နေရာမျိုးတွေမှာ အရမ်းရှက်ပြီး မကရဲတဲ့သူတွေကိုလဲ ခေါ်ပါတယ် ..
တစ်ချို့ကတော့ အရှက်အကြောက်အရမ်းကြီးလို့ အစခံရပြီး အပယ်ခံလိုဖြစ်နေတဲ့သူကိုခေါ်တာပါတဲ့ ]

Continue Reading

You'll Also Like

277K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
26K 2.3K 72
ဖတ်ကြည့်နော်😉😉
173K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
72.6K 18.4K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥