ဘယ္သူကဘယ္သူ႔ကိုဝါးမ်ိဳမ်ိဳ...
အခ်စ္ေတြၾကားမွာစံုးစံုးျမႇုပ္ရျခင္းကိုႏွစ္ဦးစလံုးသာယာေပ်ာ္ေမြ႕၏။
တခုပဲရွိတာ...ရာထူးလုရျခင္းကသူတို႔ၾကားမွာျဖစ္ေနက်ထံုးစံ...
😎😎😎
လံုးဝ...လက္မခံႏိုင္ဘူးဆိုၿပီးျငင္းတတ္ေပမယ့္ေနပင္လယ္ဟာ...စည္း'အေပ်ာ့ဆြဲတဲ့ေနာက္ကိုေကာက္ေကာက္ပါေအာင္လိုက္ရၿမဲ...
အခ်စ္ဟာသူတို႔အတြက္မ႐ိုးႏိုင္တဲ့ပံုျပင္တစ္ပုဒ္ေပမယ့္...
ဟိုးေရွးေရွးတုန္းကလို...
ယုန္ကေလးဟာမျဖဴစင္ေတာ့ဘဲ...ေကာက္ကက်စ္စဥ္းလဲတတ္လာၿပီးေတာ့...
ေရႊက်ားကေတာ့...ယုန္ကေလးရဲ႕ႏူးညံ့တဲ့မာယာေက်ာ့ကြင္းမွာခဏခဏဆင္းသက္တတ္လာၿပီျဖစ္၏။
သို႔ေသာ္...
ေရႊယုန္ကိုအရင္မိတဲ့ေရႊက်ားဟာထင္မထားေလာက္ေအာင္အဆေပါင္းမ်ားစြာနဲ႔ယုတ္မာတတ္ေလသည္။
🤪🤪🤪
"အား...ကြ်တ္.....ကြ်တ္..."
သူ႔ခါးသူကိုင္ၿပီးေတာ့စည္း'တစ္ေယာက္ရံႈ႕မဲ့ေနတာ...
မေန႔ကေသာင္းက်န္းခဲ့တဲ့သူပုန္ေလးကအိပ္ေနဆဲပါပဲ။
ေစာင္ပိုင္းေလးထဲမွာေကြးေနကာ...
ေစာင္က္ိုဆြဲလွပ္လိုက္ဖို႔စဥ္းစားၿပီးမွ...
အိပ္ေနတာေလးအေႏွာင့္အယွက္ျဖစ္မွာစိုး၍လက္ကိုျပန္႐ုပ္လိုက္ၿပီး...အိပ္ယာေပၚကေနဆင္း၏။
အိပ္ယာေပၚကေနေျဖးေျဖးေလးထတာေတာင္မွခါးေတြေရာေပါင္ေတြေရာေတာ္ေတာ္နာၿပီးလမ္းေလွ်ာက္တာေတာင္ကြတတ...
မနက္ေလးနာရီေလာက္အထိတစ္ညလံုးေသာင္းက်န္းတာစည္း'ထိုင္ေတာင္ငိုခ်င္သြားတဲ့အထိေနပင္လယ္တို႔အရွိန္ျပင္းတာပါ။
ေခါင္းေတြကိုက္ၿပီးလူေတာင္မူးလဲခ်င္၏။
😑😑
ေရခ်ိဳးေတာ့မွကိုက္ရာေတြေၾကာင့္စပ္ဖ်င္းဖ်င္းျဖစ္ေနတာကိုသတိထားမိကာလိုက္ၾကည့္ေတာ့...
ဟိုတစ္ကြက္ဒီတစ္ကြက္နဲ႔အကြက္လိုက္အကြင္းလိုက္...
"ကိုက္ရတာကိုသေဘာက်လို႔"တဲ့...
ေခြးေပါက္ေလး...
ဟြန္႔...
နႈတ္ခမ္းေလးမဲ့ေနေပမယ့္...ရင္ထဲမွာေတာ့ခ်ိဳၿမိန္ေနကာ...
အလိုလိုက္ခ်င္ေတာ့လည္းသည္းခံလိုက္ေပါ့...
လည္ပင္းေစာင္းကကိုက္ရာကိုလူမျမင္ေအာင္ဘယ္လိုလုပ္ရပါ့မလဲ...
အလုပ္လည္းသြားရဦးမွာမို႔...
လည္ေထာင္ေကာ္လာပါတဲ့ရွပ္အက်ႌဝတ္မွပဲျဖစ္ေတာ့မည္။
ေရခ်ိဳးၿပီးေတာ့မွေကာ္ဖီေလးႏွပ္ထားခဲ့ၿပီးအခန္းထဲျပန္ဝင္လာေတာ့...
သူ႔ကေလးေလးကအိပ္ေနဆဲ...
မႏိုးေတာ့ဘူး...အိပ္ပါေစေလ...
ေကာ္လာပါတဲ့အက်ႌကိုဝတ္ေပမယ့္...
လည္ပင္းေစာင္းကအကြက္ကတစ္ဝက္ပဲဖံုးေနတာ...ဘယ္လိုလုပ္ရမလဲ...
ပလာစတာကပ္သြားရမလား...
အဲဒါမွပိုသိသာေနမလား...
ထားလိုက္ေတာ့...တမင္တကာလိုက္ၾကည့္မယ့္သူမွမရွိတာ...
လုပ္စရာရွိတာေတြလုပ္ၿပီးေကာ္ဖီေသာက္သည္။
အားလံုးျပင္ဆင္ၿပီးတဲ့အထိေစာင္ျခံဳေလးထဲမွပင္လယ္ကတုတ္တုတ္မလႈပ္ေတာ့...
အိပ္ေရးပ်က္မွာစ္ိုးလို႔မနိႈးေတာ့ဘူး....
ဒါေပမယ့္လည္းဒီအတိုင္းအလုပ္သြားရင္ျပႆနာတက္ႏိုင္၏။
အရင္တခါကလိုမနိႈးဘဲနဲ႔အလုပ္သြားရေကာင္းလားဆိုၿပီးအလုပ္ထိေရာက္လာကာျပႆနာရွာမွာစိုး၍ျပန္ဝင္ခဲ့လိုက္ကာ...
"ကေလး..."
ပုခံုးေလးလႈပ္ကာနိႈးရသည္။
ေစာင္ေလးေတြခြာခ်ၿပီးမွနားသယ္စပ္ေလးကိုဖြဖြနမ္းေတာ့...
ပင္လယ့္တစ္ကိုယ္လံုးပူျခစ္ေနတာကိုသိလိုက္ရသည္။
"ဟင္...ဖ်ားေနျပန္တာလား....."
ပ်ာယာခတ္ကာဆတ္ကနဲထိုင္ခ်ေတာ့...
နာေနတဲ့ခါးကထပ္မ်က္၏။
"အားလား...ေသၿပီ..."
နာေနေပမယ့္ကိုယ့္ဘာသာဂ႐ုမစိုက္ႏိုင္ဘဲ...
"ပင္လယ္...ကေလး...ထဦး"
ရင္ခြင္ေလးထဲကိုဆြဲေပြ႕ကာပါးေလးကိုဖြဖြပုတ္ကာေခၚေပမယ့္...ႏိုးမလာဘဲ...
"အင္း...အရမ္းခ်မ္းတယ္"
ခ်မ္းတုန္ေနသလိုေလးအသံေလးေၾကာင့္...ခြာခ်လိုက္တဲ့ေစာင္ေလးက္ိုျပန္ျခံဳေပးလိုက္ကာ...
"ကေလး...မ်က္လံုးဖြင့္စမ္း..."
"ကြ်န္ေတာ္ေခါင္းေတြထပ္ကိုက္ျပန္ၿပီ...မရဘူး"
မ်က္လံုးေလးေတြခဏပဲဖြင့္ႏိုင္ၿပီးေတာ့ျပန္မွိတ္သြားသည္။
"ဟား....ဘယ္လိုလုပ္ထပ္ဖ်ားတာလဲ..."
အဝတ္မဲ့ေနတာမို႔လို႔ေရစိုအဝတ္နဲ႔သန္႔စင္ေပးကာအဝတ္လဲေပးရၿပီး...
ေဆးခန္းေျပးရသည္။
ဒုတိယအႀကိမ္ေျမာက္...ဒီဆရာဝန္နဲ႔ပဲထပ္ၾကံဳရျပန္၏။
ဘာေမးေမးအရင္တခါကလိုပဲ...
"ဘာအစားမွမမွားဘူး...ေရခ်ိဳးလည္းေနာက္မက်ပါဘူးဆရာ..."
ဘယ္လိုဖ်ားသြားလဲစည္း'လည္းဘာမွမသိဘဲကိုး...
ဆရာဝန္ေမးသမွ်ဘူးပဲခံေနရေတာ့သည္။
အေဖာ္လိုက္လာတဲ့လူပါခါးေလးကိုင္းၿပီးကြတတနဲ႔မို႔...
ဆရာဝန္ကေတာင္ေမးရသည္။
"မင္းေရာထိခိုက္မိထားလား..."
"မဟုတ္ဘူးဆရာ...ရတယ္...ဟီး...အဲဒီလိုပဲခါးနာေနၾကမို႔လို႔..."
😂😂😂
ဒီတစ္ခါေတာ့ေဆးထိုးလိုက္ရ၏။
ေနပင္လယ္က...အသြားေရာအိမ္အျပန္ပါမ်က္လံုးေလးေမွးၿပ္ီးေတာ့အိပ္လိုက္လာကာ...စကားေတာင္မေျပာႏိုင္ေတာ့...
ကုမၸဏီကိုဖုန္းဆက္ကာဒီေန႔ေနာက္က်မွာကိုေျပာရေသး၏။
ေရွ႕သံုးေလးရက္ေလာက္ကမွဦးေလးျဖစ္သူကသူ႔ကိုလြဲအပ္လိုက္ၿပီဆိုတာကိုေသခ်ာေျပာထားတာမို႔လို႔...
အရင္လိုမ်ိဳးမ်က္ႏွာလြဲခဲပစ္လို႔မွမရတာ။
ၿပီးေတာ့မွဦးႏိုင္ရဲ႕အိမ္ထိန္းအန္တီႀကီးဆီဖုန္းဆက္ကာ...
"အန္တီ...ဖ်ားတဲ့လူက္ိုဘာေကြ်းလို႔ရလဲဟင္..."
"ဘာလို႔လဲ...စည္းရဲ႕...သားဖ်ားေနလို႔လား"
"မဟုတ္ဘူး...ဟို...ေနပင္လယ္ဖ်ားေနလို႔ပါ"
"ဟယ္...ဟုတ္လား...အဖ်ားအရမ္းႀကီးလား"
"အင္း...အခုပဲေဆးခန္းကေနအိမ္ျပန္ေနတာ...ေဆးထိုးခဲ့တယ္...လူမထူႏိုင္ဘူးျဖစ္ေနတာ"
"သားကဘာမွလုပ္တတ္တာမွမဟုတ္ဘဲ...အိမ္ကိုပဲလာခဲ့ပါလား...အန္တီလုပ္ေပးမယ္ေလ"
အဲဒါနဲ႔ပဲ...ဦးႏိုင္အိမ္ကိုေရာက္ျပန္သည္။
ေတာ္ပါေသးတယ္ေလ...သူလဲဘာမွေကာင္းေကာင္းလုပ္လ္ို႔တတ္တာမွမဟုတ္ဘဲ...
အိမ္မွာပဲခ်က္ေကြ်းပါဆိုရင္ဒုကၡေရာက္အံုးမွာ...
ေနပင္လယ့္က္ိုဦးႏိုင္အိမ္မွာထားခဲ့ၿပီးေတာ့အလုပ္ကိုသြားရသည္။
ဒါေတာင္မွငရစ္ေလးကနႈတ္ခမ္းေလးစူလို႔...
"မသြားပါနဲ႔လား"
ဆိုေတာ့သနားသြားရေသး၏။
ၿပီးေတာ့မွ...စဥ္းစားမိသြားပံုရကာ...
"မသြားရင္လည္းမေကာင္းဘူး...ဦးႏိုင္ဆူလိမ့္မယ္...ကားကိုေသခ်ာေမာင္း"
"အင္း...တခုခုလိုတယ္ဆိုအန္တီ့ကိုေျပာေနာ္...ကိုယ္ေျပာထားခဲ့မယ္..."
ေအာက္ထပ္မွာအိမ္ခန္းကဦးႏိုင္ရဲ႕အခန္းတစ္ခန္းပဲရွိတာမို႔အေပၚထပ္ကသူ႔အခန္းေလးထဲေပးအိပ္ခဲ့ရသည္။
ကုမၸဏီကိုေရာက္ေတာ့...
ရံုးခန္းထဲမွာအမႈမဲ့အမွတ္မဲ့နဲ႔အက်ႌေကာ္လာၾကယ္သီးေတြျဖဳတ္ၿပီးေတာ့ရင္ဘတ္အထိၿဖဲခ်ထားကာေနမိေတာ့...
သူ႔ပ်ာတာေကာင္ေလးအုပ္စ္ိုးကကြက္ၾကည့္ကြက္ၾကည့္နဲ႔လုပ္ေနတာစည္း'ကလံုးဝမရိပ္မိေပ။
အလုပ္လာကတည္းကစည္း'ကလမ္းေလွ်ာက္တာလဲပံုမွန္မဟုတ္ဘဲ...
ကြတတေလး...
တခ်က္တခ်က္ခါးကိုဖိကာရံႈ႕မဲ့ေနတတ္ေသးတာျမင္ေနရ၏။
ေနာက္ၿပီးေတာ့လည္ပင္းေစာင္းမွာသြားရာေတြအကြက္လိုက္ႀကီးပါ။
ေမးလိုက္ခ်င္လို႔ပါးစပ္ေလးတျပင္ျပင္ျဖစ္ေနေပမယ့္...ဘယ္လိုေမးရမလဲ...
ဘယ္သူကလုပ္လိုက္လို႔ဘာျဖစ္တာလဲလို႔ေမးလိုက္ရမလား...
ကိုစည္း'နဲ႔သူနဲ႔သူငယ္ခ်င္းလဲမဟုတ္သလိုမ်ိဳး...
အသက္ကလည္းေတာ္ေတာ္ကြာတာ...
အလုပ္သင္တစ္ေယာက္အေနနဲ႔ကုမၸဏီရဲ႕ေခါင္ႀကီးကိုမေလးစားရာေရာက္ေနမွာစိုးလို႔...မေမးရဲပါ။
"အုပ္စိုး...နံရံကပ္တဲ့စကၠဴကတ္တေလာက္ကမရေသးတာလား...ေနာက္ၿပီးေတာ့ဖက္စ္နဲနဲျပန္စစ္ေပးဦး...ငါ...စီမံခဏသြားအံုးမယ္...ေဆာက္လုပ္ေရးပိုင္းနဲ႔စကားေျပာစရာရွိေသးလို႔..."
ဖိုင္တစ္ေပြ႕ေပြ႕ၿပီးထ,ကာအခန္းဝမေရာက္တေရာက္...
"ကိုႀကီး...ေနပါဦး..."
"အင္း...ဘာလဲ"
"ဟို..."
အုပ္စိုးကသူ႔လည္ပင္းကိုသူလက္ညိဳးေလးျပန္ထိုးကာ...စကားကထြက္မလာဘူး...။
"ဘာလဲ"
စည္း'ကအထာမေပါက္ေသးေတာ့...ျပန္ေမးေနသည္။
"ဟိုေလ...အက်ႌၾကယ္သီးအျပည့္တပ္သြားပါလား...အဲဒီေနရာမွာသြားကိုက္ရာအကြက္ႀကီးနဲ႔မို႔လို႔..."
(ဟာ....ေသစမ္း...😱😱😱)
အမႈမဲ့အမွတ္မဲ့ျဖစ္ေနခဲ့မိတာ...
အဲဒီေတာ့မွအက်ႌၾကယ္သီးေတြအျပည့္ေကာက္တပ္ရကာ...
"ေက်းဇူးပဲ...ဟီး..."
ရွက္ကိုးရွက္ကန္းနဲ႔ရယ္ျပၿပီး...
ၾကယ္သီးတပ္လိုက္ေပမယ့္အေနာက္ကၾကည့္ရင္ေတာ့တစ္ဝက္ေလးျမင္ေနရေသးေၾကာင္းေျပာခ်င္ေပမယ့္...
က်ဲၿပီးျမန္လြန္းတဲ့စည္း'ရဲ႕ေျခလွမ္းေတြကေလအဟုန္လိုမ်ိဳးေဝးေဝးေရာက္သြားၿပီျဖစ္၏။
အုပ္စိုးတစ္ေယာက္ေတာ့ေခါင္းကိုသာခါရင္းက်န္ခဲ့ေတာ့သည္။
Unicode
ဘယ်သူကဘယ်သူ့ကိုဝါးမျိုမျို...
အချစ်တွေကြားမှာစုံးစုံးမြှုပ်ရခြင်းကိုနှစ်ဦးစလုံးသာယာပျော်မွေ့၏။
တခုပဲရှိတာ...ရာထူးလုရခြင်းကသူတို့ကြားမှာဖြစ်နေကျထုံးစံ...
😎😎😎
လုံးဝ...လက်မခံနိုင်ဘူးဆိုပြီးငြင်းတတ်ပေမယ့်နေပင်လယ်ဟာ...စည်း'အပျော့ဆွဲတဲ့နောက်ကိုကောက်ကောက်ပါအောင်လိုက်ရမြဲ...
အချစ်ဟာသူတို့အတွက်မရိုးနိုင်တဲ့ပုံပြင်တစ်ပုဒ်ပေမယ့်...
ဟိုးရှေးရှေးတုန်းကလို...
ယုန်ကလေးဟာမဖြူစင်တော့ဘဲ...ကောက်ကကျစ်စဉ်းလဲတတ်လာပြီးတော့...
ရွှေကျားကတော့...ယုန်ကလေးရဲ့နူးညံ့တဲ့မာယာကျော့ကွင်းမှာခဏခဏဆင်းသက်တတ်လာပြီဖြစ်၏။
သို့သော်...
ရွှေယုန်ကိုအရင်မိတဲ့ရွှေကျားဟာထင်မထားလောက်အောင်အဆပေါင်းများစွာနဲ့ယုတ်မာတတ်လေသည်။
🤪🤪🤪
"အား...ကျွတ်.....ကျွတ်..."
သူ့ခါးသူကိုင်ပြီးတော့စည်း'တစ်ယောက်ရှုံ့မဲ့နေတာ...
မနေ့ကသောင်းကျန်းခဲ့တဲ့သူပုန်လေးကအိပ်နေဆဲပါပဲ။
စောင်ပိုင်းလေးထဲမှာကွေးနေကာ...
စောင်က်ိုဆွဲလှပ်လိုက်ဖို့စဉ်းစားပြီးမှ...
အိပ်နေတာလေးအနှောင့်အယှက်ဖြစ်မှာစိုး၍လက်ကိုပြန်ရုပ်လိုက်ပြီး...အိပ်ယာပေါ်ကနေဆင်း၏။
အိပ်ယာပေါ်ကနေဖြေးဖြေးလေးထတာတောင်မှခါးတွေရောပေါင်တွေရောတော်တော်နာပြီးလမ်းလျှောက်တာတောင်ကွတတ...
မနက်လေးနာရီလောက်အထိတစ်ညလုံးသောင်းကျန်းတာစည်း'ထိုင်တောင်ငိုချင်သွားတဲ့အထိနေပင်လယ်တို့အရှိန်ပြင်းတာပါ။
ခေါင်းတွေကိုက်ပြီးလူတောင်မူးလဲချင်၏။
😑😑
ရေချိုးတော့မှကိုက်ရာတွေကြောင့်စပ်ဖျင်းဖျင်းဖြစ်နေတာကိုသတိထားမိကာလိုက်ကြည့်တော့...
ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့အကွက်လိုက်အကွင်းလိုက်...
"ကိုက်ရတာကိုသဘောကျလို့"တဲ့...
ခွေးပေါက်လေး...
ဟွန့်...
နှုတ်ခမ်းလေးမဲ့နေပေမယ့်...ရင်ထဲမှာတော့ချိုမြိန်နေကာ...
အလိုလိုက်ချင်တော့လည်းသည်းခံလိုက်ပေါ့...
လည်ပင်းစောင်းကကိုက်ရာကိုလူမမြင်အောင်ဘယ်လိုလုပ်ရပါ့မလဲ...
အလုပ်လည်းသွားရဦးမှာမို့...
လည်ထောင်ကော်လာပါတဲ့ရှပ်အကျႌဝတ်မှပဲဖြစ်တော့မည်။
ရေချိုးပြီးတော့မှကော်ဖီလေးနှပ်ထားခဲ့ပြီးအခန်းထဲပြန်ဝင်လာတော့...
သူ့ကလေးလေးကအိပ်နေဆဲ...
မနိုးတော့ဘူး...အိပ်ပါစေလေ...
ကော်လာပါတဲ့အကျႌကိုဝတ်ပေမယ့်...
လည်ပင်းစောင်းကအကွက်ကတစ်ဝက်ပဲဖုံးနေတာ...ဘယ်လိုလုပ်ရမလဲ...
ပလာစတာကပ်သွားရမလား...
အဲဒါမှပိုသိသာနေမလား...
ထားလိုက်တော့...တမင်တကာလိုက်ကြည့်မယ့်သူမှမရှိတာ...
လုပ်စရာရှိတာတွေလုပ်ပြီးကော်ဖီသောက်သည်။
အားလုံးပြင်ဆင်ပြီးတဲ့အထိစောင်ခြုံလေးထဲမှပင်လယ်ကတုတ်တုတ်မလှုပ်တော့...
အိပ်ရေးပျက်မှာစ်ိုးလို့မနှိုးတော့ဘူး....
ဒါပေမယ့်လည်းဒီအတိုင်းအလုပ်သွားရင်ပြဿနာတက်နိုင်၏။
အရင်တခါကလိုမနှိုးဘဲနဲ့အလုပ်သွားရကောင်းလားဆိုပြီးအလုပ်ထိရောက်လာကာပြဿနာရှာမှာစိုး၍ပြန်ဝင်ခဲ့လိုက်ကာ...
"ကလေး..."
ပုခုံးလေးလှုပ်ကာနှိုးရသည်။
စောင်လေးတွေခွာချပြီးမှနားသယ်စပ်လေးကိုဖွဖွနမ်းတော့...
ပင်လယ့်တစ်ကိုယ်လုံးပူခြစ်နေတာကိုသိလိုက်ရသည်။
"ဟင်...ဖျားနေပြန်တာလား....."
ပျာယာခတ်ကာဆတ်ကနဲထိုင်ချတော့...
နာနေတဲ့ခါးကထပ်မျက်၏။
"အားလား...သေပြီ..."
နာနေပေမယ့်ကိုယ့်ဘာသာဂရုမစိုက်နိုင်ဘဲ...
"ပင်လယ်...ကလေး...ထဦး"
ရင်ခွင်လေးထဲကိုဆွဲပွေ့ကာပါးလေးကိုဖွဖွပုတ်ကာခေါ်ပေမယ့်...နိုးမလာဘဲ...
"အင်း...အရမ်းချမ်းတယ်"
ချမ်းတုန်နေသလိုလေးအသံလေးကြောင့်...ခွာချလိုက်တဲ့စောင်လေးက်ိုပြန်ခြုံပေးလိုက်ကာ...
"ကလေး...မျက်လုံးဖွင့်စမ်း..."
"ကျွန်တော်ခေါင်းတွေထပ်ကိုက်ပြန်ပြီ...မရဘူး"
မျက်လုံးလေးတွေခဏပဲဖွင့်နိုင်ပြီးတော့ပြန်မှိတ်သွားသည်။
"ဟား....ဘယ်လိုလုပ်ထပ်ဖျားတာလဲ..."
အဝတ်မဲ့နေတာမို့လို့ရေစိုအဝတ်နဲ့သန့်စင်ပေးကာအဝတ်လဲပေးရပြီး...
ဆေးခန်းပြေးရသည်။
ဒုတိယအကြိမ်မြောက်...ဒီဆရာဝန်နဲ့ပဲထပ်ကြုံရပြန်၏။
ဘာမေးမေးအရင်တခါကလိုပဲ...
"ဘာအစားမှမမှားဘူး...ရေချိုးလည်းနောက်မကျပါဘူးဆရာ..."
ဘယ်လိုဖျားသွားလဲစည်း'လည်းဘာမှမသိဘဲကိုး...
ဆရာဝန်မေးသမျှဘူးပဲခံနေရတော့သည်။
အဖော်လိုက်လာတဲ့လူပါခါးလေးကိုင်းပြီးကွတတနဲ့မို့...
ဆရာဝန်ကတောင်မေးရသည်။
"မင်းရောထိခိုက်မိထားလား..."
"မဟုတ်ဘူးဆရာ...ရတယ်...ဟီး...အဲဒီလိုပဲခါးနာနေကြမို့လို့..."
😂😂😂
ဒီတစ်ခါတော့ဆေးထိုးလိုက်ရ၏။
နေပင်လယ်က...အသွားရောအိမ်အပြန်ပါမျက်လုံးလေးမှေးပြ်ီးတော့အိပ်လိုက်လာကာ...စကားတောင်မပြောနိုင်တော့...
ကုမ္ပဏီကိုဖုန်းဆက်ကာဒီနေ့နောက်ကျမှာကိုပြောရသေး၏။
ရှေ့သုံးလေးရက်လောက်ကမှဦးလေးဖြစ်သူကသူ့ကိုလွဲအပ်လိုက်ပြီဆိုတာကိုသေချာပြောထားတာမို့လို့...
အရင်လိုမျိုးမျက်နှာလွဲခဲပစ်လို့မှမရတာ။
ပြီးတော့မှဦးနိုင်ရဲ့အိမ်ထိန်းအန်တီကြီးဆီဖုန်းဆက်ကာ...
"အန်တီ...ဖျားတဲ့လူက်ိုဘာကျွေးလို့ရလဲဟင်..."
"ဘာလို့လဲ...စည်းရဲ့...သားဖျားနေလို့လား"
"မဟုတ်ဘူး...ဟို...နေပင်လယ်ဖျားနေလို့ပါ"
"ဟယ်...ဟုတ်လား...အဖျားအရမ်းကြီးလား"
"အင်း...အခုပဲဆေးခန်းကနေအိမ်ပြန်နေတာ...ဆေးထိုးခဲ့တယ်...လူမထူနိုင်ဘူးဖြစ်နေတာ"
"သားကဘာမှလုပ်တတ်တာမှမဟုတ်ဘဲ...အိမ်ကိုပဲလာခဲ့ပါလား...အန်တီလုပ်ပေးမယ်လေ"
အဲဒါနဲ့ပဲ...ဦးနိုင်အိမ်ကိုရောက်ပြန်သည်။
တော်ပါသေးတယ်လေ...သူလဲဘာမှကောင်းကောင်းလုပ်လ်ို့တတ်တာမှမဟုတ်ဘဲ...
အိမ်မှာပဲချက်ကျွေးပါဆိုရင်ဒုက္ခရောက်အုံးမှာ...
နေပင်လယ့်က်ိုဦးနိုင်အိမ်မှာထားခဲ့ပြီးတော့အလုပ်ကိုသွားရသည်။
ဒါတောင်မှငရစ်လေးကနှုတ်ခမ်းလေးစူလို့...
"မသွားပါနဲ့လား"
ဆိုတော့သနားသွားရသေး၏။
ပြီးတော့မှ...စဉ်းစားမိသွားပုံရကာ...
"မသွားရင်လည်းမကောင်းဘူး...ဦးနိုင်ဆူလိမ့်မယ်...ကားကိုသေချာမောင်း"
"အင်း...တခုခုလိုတယ်ဆိုအန်တီ့ကိုပြောနော်...ကိုယ်ပြောထားခဲ့မယ်..."
အောက်ထပ်မှာအိမ်ခန်းကဦးနိုင်ရဲ့အခန်းတစ်ခန်းပဲရှိတာမို့အပေါ်ထပ်ကသူ့အခန်းလေးထဲပေးအိပ်ခဲ့ရသည်။
ကုမ္ပဏီကိုရောက်တော့...
ရုံးခန်းထဲမှာအမှုမဲ့အမှတ်မဲ့နဲ့အကျႌကော်လာကြယ်သီးတွေဖြုတ်ပြီးတော့ရင်ဘတ်အထိဖြဲချထားကာနေမိတော့...
သူ့ပျာတာကောင်လေးအုပ်စ်ိုးကကွက်ကြည့်ကွက်ကြည့်နဲ့လုပ်နေတာစည်း'ကလုံးဝမရိပ်မိပေ။
အလုပ်လာကတည်းကစည်း'ကလမ်းလျှောက်တာလဲပုံမှန်မဟုတ်ဘဲ...
ကွတတလေး...
တချက်တချက်ခါးကိုဖိကာရှုံ့မဲ့နေတတ်သေးတာမြင်နေရ၏။
နောက်ပြီးတော့လည်ပင်းစောင်းမှာသွားရာတွေအကွက်လိုက်ကြီးပါ။
မေးလိုက်ချင်လို့ပါးစပ်လေးတပြင်ပြင်ဖြစ်နေပေမယ့်...ဘယ်လိုမေးရမလဲ...
ဘယ်သူကလုပ်လိုက်လို့ဘာဖြစ်တာလဲလို့မေးလိုက်ရမလား...
ကိုစည်း'နဲ့သူနဲ့သူငယ်ချင်းလဲမဟုတ်သလိုမျိုး...
အသက်ကလည်းတော်တော်ကွာတာ...
အလုပ်သင်တစ်ယောက်အနေနဲ့ကုမ္ပဏီရဲ့ခေါင်ကြီးကိုမလေးစားရာရောက်နေမှာစိုးလို့...မမေးရဲပါ။
"အုပ်စိုး...နံရံကပ်တဲ့စက္ကူကတ်တလောက်ကမရသေးတာလား...နောက်ပြီးတော့ဖက်စ်နဲနဲပြန်စစ်ပေးဦး...ငါ...စီမံခဏသွားအုံးမယ်...ဆောက်လုပ်ရေးပိုင်းနဲ့စကားပြောစရာရှိသေးလို့..."
ဖိုင်တစ်ပွေ့ပွေ့ပြီးထ,ကာအခန်းဝမရောက်တရောက်...
"ကိုကြီး...နေပါဦး..."
"အင်း...ဘာလဲ"
"ဟို..."
အုပ်စိုးကသူ့လည်ပင်းကိုသူလက်ညိုးလေးပြန်ထိုးကာ...စကားကထွက်မလာဘူး...။
"ဘာလဲ"
စည်း'ကအထာမပေါက်သေးတော့...ပြန်မေးနေသည်။
"ဟိုလေ...အကျႌကြယ်သီးအပြည့်တပ်သွားပါလား...အဲဒီနေရာမှာသွားကိုက်ရာအကွက်ကြီးနဲ့မို့လို့..."
(ဟာ....သေစမ်း...😱😱😱)
အမှုမဲ့အမှတ်မဲ့ဖြစ်နေခဲ့မိတာ...
အဲဒီတော့မှအကျႌကြယ်သီးတွေအပြည့်ကောက်တပ်ရကာ...
"ကျေးဇူးပဲ...ဟီး..."
ရှက်ကိုးရှက်ကန်းနဲ့ရယ်ပြပြီး...
ကြယ်သီးတပ်လိုက်ပေမယ့်အနောက်ကကြည့်ရင်တော့တစ်ဝက်လေးမြင်နေရသေးကြောင်းပြောချင်ပေမယ့်...
ကျဲပြီးမြန်လွန်းတဲ့စည်း'ရဲ့ခြေလှမ်းတွေကလေအဟုန်လိုမျိုးဝေးဝေးရောက်သွားပြီဖြစ်၏။
အုပ်စိုးတစ်ယောက်တော့ခေါင်းကိုသာခါရင်းကျန်ခဲ့တော့သည်။