သူရ အခန်းထဲ၀င်သွားတော့ ကုတင်ပေါ်မှာ သူ့ဘက်ကို ကျောပေးပြီးထိုင်နေတဲ့ ကိုဇွဲ~
အခန်းတံခါးကို သုံးကြိမ်ခေါက်လိုက်ကာ~
"ကိုဇွဲ ကျွန်တော် ၀င်လာပြီနော်"
ကိုဇွဲကတော့ ဒန်းလော့မွေ့ရာကြီးပေါ်မှာ မလှုပ်မ
ယှက်ထိုင်ကာ သူ့ဘက်ကို နည်းနည်းလေးတောင်
မလှည့်ကြည့်~
"ကိုဇွဲ! အောက်မှာ ရတီနဲ့ သူ့မိဘတွေရောက်နေ
တယ်! အဲ့တာ ဦးလေးက ကိုဇွဲကို ခေါ်ခိုင်းလိုက်လို့"
"..........."
အချိန်အတော်ကြာသည်အထိ စကားပြန်မရ~
ငါးမိနစ်လောက် မတ်တပ်ရပ်နေပြီးမှ~
"သူရ! ငါဆုံးဖြတ်တာ မှန်တယ်လို့ထင်လား"
"ဟမ်! ဘာကိုပြောချင်တာလဲ ကိုဇွဲ"
"သွန်း~~~သွန်း~အခုလောက်ဆို ငါ့ကိုမုန်းနေရော
ပေါ့"
မတိုးမကျယ်ပြောနေရာကနေ ကိုဇွဲအသံက တိမ်၀င်
သွားသည်~
"ကိုဇွဲ! တကယ်တော့လေ~~~~"
"ဇွဲ!!"
အခန်းပေါက်၀ကနေ အသံကြားလို့ ကြည့်လိုက်
တော့ ရတီ~
"ဇွဲ! အောက်မှာ ဒယ်ဒီတို့ ဧည့်ခံပွဲကိစ္စ ပြောနေကြတယ်! လာခဲ့ဦးလေ"
ဇွဲထက်သန့် ခေါင်းညိမ့်ပြလိုက်ပြီး ရတီ့နောက်ကို
လိုက်သွားလိုက်သည်~
**********
"Hello! A မောင်လေး"
သွန်းခ ဖုန်းသံကြားလို့ ကြည့်လိုက်တော့ မမဆီက~
"အင်း! ပြောလေ မမ"
"ဟမ်! နင့်အသံကြီးကလဲ ဘယ်လိုဖြစ်နေတာလဲ!
နေမကောင်းဘူးလား"
"ဟမ်! ကောင်း~~ကောင်းပါတယ်! ဘာပြောမလို့လဲ ပြောလေ"
"Aww a! တုံတုံလေး သွေးလွန်တုတ်ေကွးဖြစ်လို့
ဆေးရုံတင်ထားရတယ်ဟ! အဲ့တာ ငါလဲအလုပ်တစ်
ဖက်နဲ့မို့ မအားတာနဲ့ နင်သွားကြည့်ပေးပါလား"
"ဟမ် မမကလဲ! မသွားချင်ပါဘူး! ကျွန်တော်နဲ့
အဲ့ကလေးနဲ့ မတည့်တာလဲ သိရဲ့သားနဲ့"
သွန်းခ အသံက အလိုမကျခြင်းများစွာဖြင့်~
"ဒီမှာ မောင်လေး! ကလေးနဲ့ ပြိုင်ဖြစ်နေရအောင်
ကိုယ့်အသက်အရွယ်လဲ ပြန်ကြည့်ဦး! လုပ်ပါဟာ
ငါလဲ တကယ်မအားလို့်ပါ! ဒီလောက်ရင်းနှီးနေတာ
မသွားလို့လဲ မဖြစ်ဖူးလေဟာ!"
"ဟာ! မမကလဲ မသွားချင်ပါဘူးဆိုနေ"
"ကောင်းပြီလေ! နင်မသွားချင်လဲ မောင်လေး
ဇွဲထက်သန့်ကိုပဲ ဖုန်းဆက်ပြီး သွားခိုင်းလိုက်
တော့မယ်"
နာမည်လေး ကြားလိုက်တာနဲ့ သွန်းခ အသားတွေ
ဆတ်ခနဲ တုန်တက်သွားသည်~
သူတို့အကြောင်းတွေ မသိသေးတဲ့ မမ~
"ဟမ် နေပါစေ!
ကျွန်တော်ပဲ သွားလိုက်တော့မယ်"
"Okလေ! ဒါမှ ငါ့မောင်လေး သွန်းခ"
************
"ဦးဦးချောက မီးမီးကို စိတ်ပူတယ်ပေါ့"
"ဒါပေါ့ ဦးဦးက မီးမီးကို စိတ်ပူလို့ လာတာပေါ့"
သွန်းခ မမပြောလိုက်တဲ့အခန်းနံပါတ်လေးအတိုင်း
လာခဲ့ပေမဲ့ အခန်းထဲမ၀င်ခင် ကြားလိုက်ရတဲ့အသံ
ကြောင့် ခြေလှမ်းတွေ ရပ်တန့်သွားမိသည်~
"ဟမ်! သူက ဘာလို့ရောက်နေရတာလဲ"
🎶🎵🎼🎶📲📲📲
အခန်းရှေ့မှာ ရပ်နေရင်း ဖုန်းမြည်လာတာကြောင့်
အမြန်ကိုင်လိုက်ပြီး တစ်ဖက်ကို ထွက်လာခဲ့လိုက်သည်~
"Hello! မမ"
"A မောင်လေး! မမ နင့်ကိုသိပ်စိတ်မချလို့် မောင်လေးဇွဲကိုပါ ပြောလိုက်တယ်! အဲ့တာ သူလဲလာမလားမသိဘူး! ဒါပဲနော် မမ အလုပ်ရှိလို့ ဖုန်းချ
လိုက်တော့မယ်"
"ဟမ်!~~"
သူတောင် ဘာမှပြန်ပြောချိန်မရလိုက်~ပြောချင်ရာ
ပြောပြီး ဖုန်းချသွားတဲ့ ချိမ~
ထိုအချိန် ကော်ရစ်တာကနေ ဖြတ်သွားတဲ့တစ်
ယောက်ကို လှမ်းမြင်လိုက်ရသည်~
"ဟမ်! ရဲရင့်သွေး"
သူအမြန်ပြေးသွားကာ ခေါ်လိုက်သည်~
"ရဲရင့်! ရဲရင့်!"
မျက်နှာကို အောက်စိုက်ချပြီး လျှောက်နေတဲ့
ရဲရင့်သွေးကတော့ သူ့ကို အခုထိ မမြင်သေး~
~ဒီကောင်လေး ဆေးရုံကို ဘာလာလုပ်တာပါလိမ့်~
"ရဲရင့်"
သူ့အသံကို နည်းနည်းမြှင့်ပြီး ခေါ်လိုက်သည်~
အဲ့တော့မှ ကြားသွားသလိုနဲ့ နောက်ပြန်လှည့်ကြည့်
လာသည်~
ပထမတော့ သူ့ကိုမမြင်သေးဘဲ လိုက်ကြည့်နေ
သည်~
နောက်မှ သူ့ကိုမြင်သွားကာ~
"ဟမ်! ကိုသွန်း! အီးဟီးဟီး"
ကလေးတစ်ယောက်လို ငိုပြီး ပြေးလာကာ သူ့ခါးကို
တင်းကျပ်စွာဖြင့်~
"ရဲရင့်! ဘာဖြစ်လို့လဲဟင်! ကိုယ့်ကိုပြောပြလေ!"
လက်တစ်ဖက်က ဟိုကလေးမလေးအတွက် ၀ယ်လာတဲ့မုန့်နဲ့ အသီးတွေကိုဆွဲထားတာမို့ လက်တစ်ဖက်နဲ့ အဲ့ကောင်လေးခေါင်းကိုပုတ်ပြီး မေးလိုက်သည်~
"ဖွားဖွား အခုထိသတိမရသေးဘူး ကိုသွန်း! ဖွားဖွား
တစ်ခုခုဖြစ်သွားမှာ ကျွန်တော်ကြောက်တယ်"
သူ့ရင်ခွင်ထဲမှာ တစ်ရံှု့ရံှု့နဲ့ ငိုနေတဲ့ကောင်လေး~
မိဘတွေဆုံးပြီးထဲက အဖွားနဲ့ပဲ နေတယ်လို့တော့
သူ့ကို တစ်ခါပြောပြဖူးသည်~
သူ အဲ့ကောင်လေးခေါင်းက ဆံပင်လေးတွေကိုဖွ
လိုက်ကာ~
"ဘာမှမကြောက်နဲ့! ကိုယ်ရှိတယ် ကလေး"
ထိုခဏ~
"သွန်း! အဲ့တာ ဘာလုပ်နေတာလဲ"
သွန်းခကြည့်လိုက်တော့ ဟိုလူကြီးဇွဲထက်သန့်~
"ရဲရင့်~~လာ! အဖွားအခန်းကို သွားရအောင်"
သူ့ရင်ခွင်ထဲက ကောင်လေးလက်ကိုဆွဲပီး ထွက်သွားဖို့ ပြင်လိုက်သည်~
"သွန်း! ဘယ်သွားမလို့လဲ!ကိုယ်မေးတာဖြေဦးလေ"
သူ့လက်တစ်ဖက်ကို ဆွဲထားလိုက်တဲ့ အဲ့လူကြီး~
"ဟမ်! ကိုသွန်း သူငယ်ချင်း"
ရဲရင့်သွေး အဲ့တစ်ယောက်ကို မျက်လုံးလေး ပြူ းပြီး
ကြည့်ကာ ပြောလိုက်သည်~
"ဒီမှာကောင်လေး"
ဇွဲထက်သန့် အဲ့ကောင်လေးနားကို သွားလိုက်ကာ~
"ကိုယ် နဲ့ မင်းကိုသွန်းနဲ့ကို သူငယ်ချင်းတွေလို့ထင်
နေတာလား"
"ရဲရင့်! သူပြောတာ နားထောင်မနေနဲ့"
သွန်းခ ရဲရင့်လက်ကိုပြန်ဆွဲလိုက်ကာ ထွက်သွားဖို့
ပြင်လိုက်သည်~
"ကိုသွန်း! အဲ့အကိုကြီးက ဘာကိုပြောချင်တာလဲ
ဟင်"
"ဟားဟား! ဒီမှာကောင်လေး! ကိုယ်နဲ့ မင်းကိုသွန်း
နဲ့က လင်မယားအရာရောက်ပြီးတဲ့ ချစ်သူတွေကွ"
"ကိုဇွဲထက်သန့်! ခင်ဗျားမမိုက်ရိုင်းနဲ့! ရဲရင့် သွားမယ်
လို့ပြောနေတယ်လေ"
သူတို့ရောက်နေတာက လူရှင်းတဲ့ ကော်ရစ်တာ
ဘက်မို့ ဘယ်သူမှတော့ မြင်ကြဟန်မတူ~
"ကိုသွန်း! သူပြောတာ အမှန်ပဲလားဟင်"
ဒီအခြေအနေရောက်မှတော့ ဘယ်လိုမှ ငြင်းဆန်နေလို့ မရတော့~
သွန်းခဖြစ်ချင်တာက ပြီးဆုံးသွားခဲ့တဲ့ ဇာတ်လမ်း
တစ်ပုဒ်ကို အတတ်နိုင်ဆုံး ဘယ်သူမှမသိဘဲ ပြီးသွားစေချင်မိသည်~
~ဒီတစ်ခါတော့ ကျွန်တော် ခင်ဗျားကိုအရံှုးမခံတော့
ဘူး ကိုဇွဲထက်သန့်~
"ကိုယ့်ကို သေချာကြည့် ရဲရင့်! ဟုတ်တယ် ကိုယ်နဲ့
သူက ချစ်သူတွေ ဖြစ်ခဲ့တယ်! ဒါပေမဲ့ အခုချိန်မှာ
ကိုယ်နဲ့သူနဲ့က ဘာမှမဆိုင်တော့ဘူး! ပြီးတော့~~~
ကိုယ် မင်းကို ချစ်တယ် ရဲရင့်~"
သွန်းခ နှုတ်ခမ်းတွေကို အဲ့ကောင်လေးရဲ့ နှုတ်ခမ်း
တစ်စုံပေါ်သို့ ဖိကပ်ကာ စုပ်ယူနမ်းရှိုက်လိုက်သည်~
ပထမတော့ ငြင်းဆန်သလိုလိုရှိပေမဲ့ နောက်ပိုင်း
သူ့အနမ်းတွေကို ပြန်တုံ့ပြန်လာတဲ့ ရဲရင့်~
~တောင်းပန်ပါတယ် ညီလေးရဲရင့်~
လျှပ်တစ်ပြက်အတွင်းမို့ ဇွဲထက်သန့် ကြောင်ကြည့်
နေမိသည်~
နောက်မှ သတိပြန်၀င်လာကာ~
"သွန်း! အဲ့တာ ဘာလုပ်တာလဲ! ဖယ်စမ်း သွန်း"
သူရှေ့မှာတင် အနမ်းမိုးတွေ ရွာသွန်းနေတဲ့ အဲ့နှစ်
ကောက်ကြားကို ၀င်ကာ လူချင်းဆွဲခွာပစ်လိုက်သည်~
သူသိလိုက်ရတာက သူ့ရင်ဘတ်တစ်ခုလုံး ကြေမွ
သွားလောက်အောင် နာကျင်လိုက်ရတယ် ဆိုတာပဲ
"သွန်း! ကိုယ်နဲ့ ခဏလိုက်ခဲ့ဦး"
သူ သွန်းလက်ကို ဆွဲကာပြောလိုက်သည်~
"ကောင်းပြီလေ! ရဲရင့် ရော့ ဒီမုန့်တေွယူသွားပြီး
ဖွားဖွား အခန်းမှာပဲ စောင့်နေ! ကိုယ်လာခဲ့မယ်"
သွန်းခ ပြောလိုက်တော့ မျက်လုံးလေးပြူ းပြီး သူ့ကို
ကြည့်ကာ ခေါင်းလေးကို အသာညိမ့်ပြလေသည်~
"ကိုယ်ပြန်လာခဲ့မှာပါ Baby ရာ! ရွှတ်!"
သွန်းခ အဲ့ကောင်လေးရဲ့ ပါးပြင်တစ်ဖက်ကို အနမ်း
တစ်ပွင့်ခြွေကာ ဟိုလူကြီး နောက်ကို လိုက်လာခဲ့
လိုက်သည်~
"ကိုယ် Toilet ခဏသွားဦးမယ် သွန်း! ကိုယ့်ကိုခန
စောင့်ပေးဦး"
"ဒီမှာ! ခင်ဗျား Toilet ၀င်ဖို့ ကျွန်တော် လာစောင့်
ပေးတာ မဟုတ်ဘူး! ဘာမှပြောစရာမရှိရင်လဲ
ကျွန်တော် သွားတော့မယ်"
သွန်းခ ပြောပြီးတာနဲ့ အဲ့တစ်ယောက်ရှေ့ကနေ
လှည့်ထွက်လာခဲ့လိုက်သည်~
ရုတ်တရက်~
"ဒုတ်!!!!"
ခေါင်းကိုခပ်မာမာအရာတစ်ခုလာထိမှန်ကာ မူးေ၀သော ခံစားမှုတို့နဲ့အတူ ~
ဇွဲထက်သန့် အမြန်ပြေးသွားကာ အဲ့ကောင်လေးကို
ပွေ့ထားလိုက်သည်~
"ကိုယ် တောင်းပန်ပါတယ် သွန်း! ကိုယ် မင်းကို
ထပ်ပြီး အဆုံးရံှုးမခံနိုင်တော့ဘူး"
***********
အချိန်တွေ ဘယ်လောက်ကြာသွားမှန်းမသိ~
ခေါင်းထဲကနေ တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲမှုတို့နဲ့အတူ သွန်းခ နိုးလာခဲ့သည်~
ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တော့လဲ
အမှောင်ထုက ကြီးစိုးနေသည်မို့~
အတော်ကြာမှ သတိထားမိတာက သူ နေတဲ့နေရာက အငြိမ်မနေဘဲ လှုပ်နေတယ် ဆိုတာ~
~ဟမ်! ငါဘယ်ရောက်နေတာလဲ~
အရှေ့ကို ကြည့်လိုက်မှ ကားစီယာတိုင်ကို ကိုင်ပြီး
မောင်းနေတဲ့ အဲ့တစ်ယောက်~
သူ သိလိုက်ပါပြီ~သူ အဲ့တစ်ယောက်ရဲ့ ကားပေါ်
ရောက်နေတယ်ဆိုတာ~
"ခင်ဗျား ကျွန်တော့်ကို ဘယ်ခေါ်သွားနေတာလဲ!
အား!!!"
ပြောရင်း ခေါင်းက ကိုက်လာပြန်သည်~
"ကျွန်တော် မေးနေတယ်လေ ကိုဇွဲထက်သန့်"
"ကိုယ်မင်းကို နောက်တစ်ကြိမ် ခိုးပြေးလာတာ
သွန်း!"
**********