"ခင်ဗျား ကုတင်ပေါ်မှာအိပ်လိုက်! ကျွန်တော်က ဧည့်ခန်းထဲက ဆိုဖာပေါ်မှာပဲ သွားအိပ်လိုက်မယ်"
"ဟမ်! ကိုယ်နဲ့အတူတူ မအိပ်ဘူးလား"
"တော်ပါ!!! ဘာဆိုင်လို့ ကျွန်တော်က ခင်ဗျားနဲ့ အတူတူအိပ်ရမှာလဲ! ဒါတောင် ခင်ဗျားက နေ
မကောင်းတဲ့သူမို့ ကုတင်ပေါ်ပေးအိပ်ထားတာ!
ဟွန်း"ကျွန်တော်ကများ သူနဲ့အတူတူအိပ်ရဦးမယ်~ေ၀းသေး~
"ကိုယ်ကြောက်တယ်"
"ဘာ!!!"
"ဟုတ်တယ်! ကိုယ်သရဲကြောက်တယ်"
ဇွဲထက်သန့် အသံက တိုးညှင်းစွာနဲ့ တစ်ခုခုကို
ကြောက်နေသလိုမျိုး ဖြစ်နေသည်~"တကယ်လား~~~"
'သွန်းခ'မျက်နှာက ချက်ချင်း အရောင်ပြောင်းသွားကာ ဇွဲထက်သန့် အနားသို့တိုးသွားလိုက်သည်~
"ကျွန်တော် ခင်ဗျားကို တစ်ခုပြောဖို့မေ့နေတာ!
တကယ်တော့လေ~~~"'သွန်းခ'အသံကို အတတ်နိုင်ဆုံးနှိမ့်ချပြီးပြောလိုက်
သည်~လေသံလေးဖြင့်~"တကယ်တော့လေ~ကျွန်တော့်တိုက်ခန်းမှာ
သရဲရှိတယ်ဗျ! သရဲမှ သရဲမကြီး!
ညဘက်ဆို ပြတင်းပေါက်နားကနေဆံပင်ဖားလျား
ကြီးချပြီး လှုပ်တုပ်လှုပ်တုပ်နဲ့~~~""တော်တော့'သွန်း' ကိုယ့်ကို လာခြောက်မနေနဲ့"
ဇွဲထက်သန့် အသံကတုန်ရီလျက်~~
ဟားဟားရယ်ရတယ်~အဲ့လူကြီး တကယ်သရဲ
ကြောက်တတ်တယ်ထင်တယ်~ဟီးဟီး~"အွန်! တကယ်ပြောတာပါနော်! မယုံလဲ မတတ်နိုင်
~~~""ဖျတ်!!!"
ရုတ်တရက် မီးပြတ်ပြီး တစ်ခန်းလုံးမှောင်ကျသွား
သည်~"ဟင်"
ဇွဲထက်သန့် ဆီက ထွက်လာတဲ့ အာမေဋိတ်စကားလုံး~
YOU ARE READING
My Owner(Completed)
Fantasy👑The meaning of owner in english dictionary is a person who own something. Something? If I am owner, what is something for me?For me, something is...💘 #Myanmar fiction💚 #Boy Love❤