Part-15

6.7K 317 6
                                    

"​မြေး​လေး! အခုတ​လော တမှိုင်​မှိုင်​နဲ့ ဘာ​တွေဖြစ်
နေတာလဲ! စာ​တွေခက်​လို့လား"

သူ့ကိုဆို အရိပ်​အကဲ သိလွန်းတဲ့ ဖွားဖွား~

"ဘာ~~ဘာမှမဖြစ်​ပါဘူးဖွားဖွားရဲ့! နည်းနည်းပင်
ပန်းလို့ပါ! သားကိုစိတ်​မပူပါနဲ့! ဖွားဖွားသာကျန်းမာ
ရေးကိုဂရုစိုက်​! သားဆရာဝန်​ကြီးဖြစ်​မှ ဖွားဖွားကို
special ကု​ပေးမယ်​"😋

"ဟုတ်​ပါပြီ အဖွား​မြေး​လေးရယ်​! ကဲကဲ စာကျက်
တော့"

ရဲရင့်​​သွေး အခုတ​လော စိတ်​​တွေက​ယောက်​က
ယက်​ဖြစ်​​နေတာက​တော့အမှန်​ပဲ~စာကျက်​​နေ​ပေမဲ့
စာထဲ စိတ်​မ​ရောက်​နိုင်​~

~အဲ့​နေ့က ကိုသွန်းကို ဆွဲ​ခေါ်သွားတာ ဘယ်​သူ
လဲ~ကိုသွန်းနဲ့ ဘယ်​လိုပတ်​သတ်​တာလဲ~
မဟုတ်​မှလွဲ​ရော~~

အား~~သူ အဲ့အ​ကြောင်း​တွေ စဉ်းစားလိုက်​တိုင်း
ခေါင်းထဲ ထူပူလာပြီး စာကျက်​လို့လဲ မရ​တော့~

ကိုသွန်းလို မိန်းက​လေး​တွေအရှုံး​ပေးရ​လောက်
အောင်​ အသားအ​ရေနုဖတ်​ပြီး ချစ်​စရာ​ကောင်းလွန်းတဲ့ အပြုံးချိုချို​လေး​တွေက ​ယောက်ျား​လေးချင်း​တောင်
ကြွေ​​လောက်​သည်​ မဟုတ်​လား~

~အာ! ကျစ်​! မသိ​တော့ဘူးကွာ~~

ဒီည​တော့ အဲ့ကိစ္စကို ရှင်းသွား​အောင်​ ​မေးမှရမယ်​~

နောက်​မို့ဆို လာမဲ့စာ​မေးပွဲ​တောင်​ ​ဖြေလို့ရ​တော့မှာ
မဟုတ်​~

***********

"သွန်း! ကိုယ်​ဘာလုပ်​ရမှာလဲ"

ဇွဲထက်​သန့်​ သွန်းအနားကို ကပ်​ပြီး ​မေးလိုက်​သည်

"ဟမ်​! ဘာလို့ ကျွန်​​တော့်​ကို လာ​မေး​နေတာလဲ!
ဂျာကြီးကို သွား​မေးပါလား"

"ဟမ်​! ဘာလို့ကိုယ်​က ဂျာကြီးကိုသွား​မေးရမှာလဲ!
ကိုယ်​က သူ​ဋ္ဌေး~~​​ဋ္ဌေး~~~အမ်​~မှားသွားလို့!
ကိုယ်​က သွန်းလုပ်​ခိုင်းတာပဲ လုပ်​ချင်​တာ"😎

"အဟမ်း! အဟမ်း! ဒီမှာ ကျယ်​မတို့လဲ ရှိပါ​သေး
တယ်​လို့! ​မေ့​နေမှာစိုးလို့"

My Owner(Completed)Where stories live. Discover now