'သွန်းခ´ 'ဇွဲထက်သန့်´ကိုယ်ကို မနိုင်မနင်းတွဲကာ သူ့အိပ်ရာဆီကို ခေါ်လာခဲ့ရသည်~~~
ပြီးတာနဲ့ သဘက်တထည်ယူကာ က်ိုယ်ပူရှိန်လျော့
အောင် ရေပက်တိုက်ပေးဖို့ ပြင်ရလေသည်~~~
"ချွတ်!"
"ဟမ်! သွန်း! ကိုယ်အားမရှိသေးဘူး"
"ခင်ဗျားပါးစပ်ကိုပိတ်ထား! ဖြစ်ချင်တာတွေလျှောက်
တွေးမနေနဲ့! ခင်ဗျားကိုရေပက်တိုက်ပေးဖို့ အင်္ကျီ
ချွတ်ခိုင်းနေတာ"
"ကိုယ်လဲဘာပြောလို့လဲ! အင်္ကျီချွတ်ဖို့အားမရှိဘူးလို့
လဲပြောတာလေ! သူ့ဟာသူ ဘာတွေလျှောက်တွေး
နေမှန်းမသိဘဲနဲ့"
"တော်တော့! ခင်ဗျားပါးစပ်ပိတ်လိုက်တော့"
'သွန်းခ´အဲ့တစ်ယောက်ကို ရေပက်တိုက်ပေးပြီးတာနဲ့ ဆေးတိုက်ဖို့ ပြင်ရသည်~~~
မနေ့ကတံခါးမှာလာချိတ်ထားတဲ့ အထုပ်ထဲမှာဆေးတွေတွေ့တာနဲ့ အတော်ပဲဖြစ်သွားသည်~~~
"ထ! ဆေးသောက်မယ်! ဟမ်! ဒါနဲ့ ခင်ဗျားဘာစား
ထားသေးလဲ"
"ကိုယ်လား!ဘာမှမစားရသေးဘူး! ဒါပေမဲ့ အခု
စားချင်တာ တစ်ခုတော့ရှိတယ်"
"ဘာလဲ"
'ဇွဲထက်သန့်´အိပ်ရာပေါ်ကနေ အဲ့အဖြူ ကောင်
လေးလက်ကိုလှမ်းဆွဲကာ သူ့ရင်ခွင်ထဲ ထွေးဖက်ထားလိုက်သည်~~~
"ချစ်တယ်'သွန်း´"
'သွန်းခ´ခဏတာမျှတော့ 'ဇွဲထက်သန့်´ရဲ့ရင်ခွင်
ထဲမှာ ရစ်မူးနေမိသည်~~~
ခနကြာမှ~~~
"ဟမ်! မချစ်ဘူး! ခင်ဗျားကိုမချစ်ဘူး! ဖယ်!
ကျွန်တော့်ကိုလွှတ်! ခင်ဗျားအဖျားတွေကူးကုန်လိမ့်
မယ်"
"မလွှတ်ဘူးကွာ! 'သွန်း´ကိုယ်လေးက မွှေးနေတာပဲ! ရွှတ်"
'ဇွဲထက်သန့်´ရဲ့အနမ်းတစ်ပွင့်က 'သွန်းခ´ရဲ့ပါး
ပြင်ပေါ်သို့~~~
"ဟမ်! ခင်ဗျား! ကဲကွာ"
"အင့်!!!!"
'သွန်းခ´ရဲ့လက်သီးတစ်ချက်က 'ဇွဲထက်သန့်´ရဲ့
ပါးပြင်ပေါ်သို့~~~
************
"မိဝါ! နင့်မောင်ကော ဘယ်လိုနေသေးလဲ"
Breakfast စားနေရင်း လှမ်းမေးလိုက်တဲ့ ဝင့်ဝါခ
တို့ရဲ့ ဒယ်ဒီဖားသား~~~
သူတို့အိမ်မှာလဲ လူစုံတက်စုံတွေ့ရတာဆိုလို့
ဒီ breakfast ချိန်လေးသာ~~~
"ဘာကိုလဲ အဖေ! မောင်လေးက အဆင်ပြေပါ
တယ်! ဘာလဲ!အဖေက မောင်လေးကို သတိရလို့လား~အယ်~~"
'ဝင့်ဝါခ´ပြောလိုက်တော့ ဘာမှတော့ပြန်မပြော~~
breakfast စာကိုသာ ကြိတ်ဝါးနေတဲ့ father~~~
တကယ်တော့ သူတို့အဖေက သူတို့နှစ်ယောက်လုံး
ကိုချစ်ပေမဲ့ အမူအရာနဲ့ မဖော်ပြတတ်~~အဲ့ဒါ
'ဝင့်ဝါခ´တို့ ငယ်ငယ်လေးထဲက~~~
"ဟုတ်သားပဲတော်! သတိရရင်လဲ သတိရတယ်ပေါ့!
တကတဲ ကွေ့ပတ်ပြီးမေးနေတယ်! ဟွန်း"
"ငါတော်ပြီ! အလုပ်သွားတော့မယ်"
အမေကပါ ဝင်ပြောလာတာမို့ စားပွဲကနေထထွက်
သွားတဲ့ father ကြီး~~~
"သူရှက်သွားတာ!"😅😅😅
"'သွန်းခ´ကိုတွေ့ရင် အဖေသတိရနေတယ်လို့
ပြောလိုက်မယ်နော်!!!!!"
'ဝင့်ဝါခ´father ကြီးကြားအောင် အော်ပြောလိုက်
သည်~~~
***********
'ဇွဲထက်သန့်´နိုးလာတော့ အချိန်က နေတောင်
စောင်းတော့မယ်~~~
သူ အိပ်ရာကထပြီး အခန်းအပြင်ကို ထွက်လာခဲ့
လိုက်သည်~~~
"သွန်း! 'သွန်း´ဘယ်မှာလဲ"
'ဇွဲထက်သန့်´မီးဖိုချောင်ထဲအထိ လိုက်အော်ခေါ်
ပေမဲ့ 'သွန်း´ကိုလုံးဝမတွေ့~~~
"သွန်း!!!!"
'ဇွဲထက်သန့်´ရင်ထဲ ရေငတ်သလိုလို~~ရေဆာသလိုလိုနဲ့ ရင်ထဲပူလောင်နေမိသည်~~~
"သွန်း! ထွက်ခဲ့ကွာ"
ရုတ်တရက် အခန်းတံခါးတချပ်ပွင့်ကာ အထဲကိုဝင်လာတဲ့တစ်ယောက်~~~
"သွန်း!"
'ဇွဲထက်သန့်´ပြေးကာ'သွန်းခ´ကိုယ်လုံးလေးကို
ဖက်ထားလိုက်သည်~~~
"ဘယ်သွားနေတာလဲ သွန်းရာ! ကိုယ့်ကိုထားသွား
ပြီလားလို့ စိတ်ပူလိုက်ရတာ"
'သွန်းခ´ ခနတာမျှတော့ကြောင်ပြီးရပ်နေမိသည်~
လက်ထဲမှာလဲ ဝယ်လာတဲ့ ဆန်ပြုတ်နဲ့ ဆေးထုပ်ကို
ကိုင်လျက်သား~~~
'ဇွဲထက်သန့်´ရဲ့ တင်းကျပ်တဲ့ ဖက်ထားမှုအောက်မှာ 'သွန်းခ´အသက်ရှူ မဝသလို ခံစားလာရသည်~
"ခ~~ခဏ~~ကျွန်တော့်ကို လွှတ်ပါဦး~အသက်ရှူ
ကြပ်လာပြီ"
'သွန်းခ´ပြောတော့မှပဲ 'ဇွဲထက်သန့်´ဖက်ထားတဲ့
လက်တွေကို လွှတ်ပေးလိုက်ရသည်~~~
"ကိုယ့်ကိုတစ်ယောက်ထဲသွားပြီး ဘယ်တွေသွား
နေတာလဲ သွန်း"
'သွန်းခ´ဝယ်လာတဲ့အထုပ်တွေကို မြှောက်ပြလိုက်ကာ~~~
"ဒီမှာ!ခင်ဗျားစားဖို့ ဆန်ပြုတ်နဲ့ သောက်ဖို့ဆေးတွေ
သွားဝယ်တာ"
"အင်း! နောက်တစ်ခါကျရင် ကိုယ့်ကိုပြောပြီးမှသွား
နော်သွန်း! ကိုယ့်ကိုမပြောသွားရင် ကိုယ့်ကိုထား
သွားတယ်ထင်ပြီး စိတ်ပူနေရမှာ"
"ကဲပါ! ဒီမှာ ဆန်ပြုတ်လေး ပူတုန်းသောက်လိုက်ဦး"
'သွန်းခ´မီးဖိုထဲဝင်ကာ ဆန်ပြုတ်ကို ပန်းကန်ထဲ
ထည့်ပေးလိုက်သည်~~~
"ကိုယ့်ကိုခွံ့ကျွေး"😁😁😁
"ဟမ်! ဘာလို့ခွံကျွေးရမှာလဲ! ကိုယ့်ဟာကို ခပ်စား
ပါလား"
"စားလို့မရဘူး! ပါးတစ်ခြမ်းကလဲ သွန်းထိုးထားတာ
နာနေတုန်းပဲ! တကယ်ဆို သွန်းကိုယ့်ကို ဝါးပြီးတော့
တောင် ကျွေးရမှာ"
"တကယ်လား! ကျွန်တော်ဝါးပြီးကျွေးရင် ခင်ဗျား
တကယ်စားမှာလား"
"အင်း"
'သွန်းခ´အဲ့တစ်ယောက်ကို တော်တော်လေး လက်
လန်မိသည်~~~အခုလဲ သူသာတကယ်ဝါးပြီးကျွေး
ရင် တကယ်စားမဲ့ရုပ်နဲ့~~~
"ကဲပါ! ထားလိုက်တော့! ခင်ဗျားဟာလေ တကယ်
လက်လန်တယ်! ဟ~~~"
တကယ်တော့'သွန်းခ´လဲ သူ့ကိုထိုးထားမိတဲ့
ကိုယ့်အပြစ်နဲ့ကိုယ်မို့~~~
************
"ဟမ်! 'သွန်း´ဘယ်သွားမလို့လဲ"
'သွန်းခ´ထွက်ခါနီး လှမ်းမေးလိုက်တဲ့ အဲ့တစ်
ယောက်ကြောင့် ခြေလှမ်းတွေရပ်သွားရသည်~~~
"အလုပ်သွားရမယ်လေ"
"ဟမ်! ဘာအလုပ်လဲ!"
"ခင်ဗျား ဖျားပြီး အတိတ်ပဲမေ့သွားတာလား! ခင်ဗျား
ဆိုင်မှာ စားပွဲထိုးလုပ်ဖို့သွားရမှာလေ"
"ဟမ်! လက်ကော ခံတော့လို့လား"
"ဘာလို့လက်မခံရမှာလဲ! မိယွန်းတို့ကိုလဲဖုန်းဆက်
မေးပြီးပြီ! ဂျာကြီးကလာခဲ့တဲ့"
'ဇွဲထက်သန့်´မျက်နှာတစ်ချက်ညိုးသွားတာကိုတော့
သူ သတိထားမိလိုက်သည်~~~
"အင်းပါ! ပါပါးတို့ကိုလဲ သတိထားဦးနော်"
"ကျွန်တော် ကလေးမဟုတ်ဘူး ကိုဇွဲထက်သန့်!"
'သွန်းခ´အလုပ်ချိန်လဲနီးနေပြီမို့ အမြန်ထွက်လာခဲ့
လိုက်သည်~~~
************
"ဆာဝါဒီခ! ဂျာကြီး"
"ငါ့ကိုလာပြောင်မနေနဲ့ သွန်းခ!ဒီရက်ပိုင်း ဘာမပြော
ညာမပြောနဲ့ ဘာလို့ပျောက်သွားရတာလဲပြော!
ငါမို့လို့သာ! တခြားသူဆိုရင် မင်းကို အလုပ်ထုတ်
လိုက်တာကြာပြီ~~
သိတာပေါ့~~ဂျာကြီး သူ့ကိုအလုပ်မထုတ်
ဘူးဆိုတာ~~😁😁
"ဟုတ်ပါပြီ အချစ်တုံးဂျာကြီးရယ်! အခုတော့ uniform လေးသွားလဲလိုက်ပါဦးမယ် "
"သွား~~သွား~~ငါ့ရှေ့က မြန်မြန်သွား! ကြာရင်
ငါ မင်းကို နုပ်နုပ်စင်းမိတော့မယ်"
'သွန်းခ´ဂျာကြီးရှေ့က ခပ်သုတ်သုတ်လစ်လာခဲ့ရသည်~~
"အမယ်! ငါတို့သွန်းလေး အလုပ်လာဆင်းသေး
တယ်နော်"
"အေးဟယ်! မတွေ့တာကြာလို့လားမသိဘူး!
အသားတွေတောင် ပိုဖြူ လာသလိုပဲ"
သူ့ကိုတွေ့တာနဲ့ မူလီလို ဝိုင်းကြပ်ကြတဲ့ မိယွန်းနဲ့
မိပေါက်~~~
"ငါ့အသားက အစထဲကဖြူ တာပါနော်! နင့်တို့လို
အသားမဲတွေမှမဟုတ်တာ"
"အမလေး! ကြီးကြီးကျယ်ကျယ်! ပြောပါဦး!
ဘာလို့ ဒီရက်ပိုင်း ပျောက်နေရတာလဲ ဆိုတာ"
"ငါ့ဟာငါ ဘာလို့ပျောက်ပျောက်ပေါ့! U တို့နဲ့ဆိုင်လား! ကဲပါ အလုပ်သွားလုပ်လိုက်ဦးမယ်"
'သွန်းခ´အဲ့နှစ်ယောက်ရှေ့က အမြန်ဆုံးသာ
ထွက်လာခဲ့လိုက်သည်~~~
"အေးပါ! ငါတို့ကို မပြောရင်နေ! နင့်ချစ်ညီလေးကို
တော့ ပြောပြလိုက်ဦး! သူ နင့်ကို တအားစိတ်ပူနေရှာတာ"
~~ဟမ်! ဘယ်သူလဲဟ! ရဲရင့်သွေးလား~~
***********
'ရဲရင့်သွေး´ ဒီနေ့လဲ ကိုသွန်းခ ကိုတွေ့လိုတွေ့ငြား
coffee ဆိုင်လေးကို လာမိပြန်သည်~~~
"ဘုရားသိကြားမလို့ ကိုသွန်း ဒီနေ့အလုပ်ဆင်းပါစေ
ဘုရား"
'ရဲရင့်သွေး´ ဆိုင်ထဲကို မဝင်ခင် လက်အုပ်လေး
တောင်ချီပြီး ဆုတောင်းမိလိုက်သည်~~~
ထုံးစံအတိုင်း သူထိုင်နေကျ ထောင့်ဆုံးစားပွဲလေးမှာ
ပဲ သွားထိုင်လိုက်သည်~~~
"မင်္ဂလာပါခင်ဗျ! ဒီကအကိုလေး ဘာအလိုရှိပါသလဲ
ခင်ဗျာ"
~~ဟမ်~ဒီ~ဒီအသံ~ရင်နှီးနေသလိုပဲ~~မဟုတ်မှ
လွဲရော~~
'ရဲရင့်သွေး´မော့ကြည့်လိုက်တော့ သူစောင့်မျှော်နေခဲ့ရတဲ့ သူ့ရဲ့အပြုံးပိုင်ရှင်~~~
'ရဲရင့်သွေး´ဘာကိုမှ ဂရုစိုက်မနေတော့ပဲ ထိုင်နေရာမှထကာ ပြေးဖက်ထားမိလိုက်သည်~~~
"ကိုသွန်းခ! ကျွန်တော့်ကိုပစ်ထားပြီး ဘယ်တွေသွား
နေတာလဲ"😢😢😢
"...................."😳😳😳
"Omo! Omo! ဒီအတွဲ တအား sweet တာပဲဟ"
"ထားလိုက်ပါအေ! သူတို့ချင်း အလွမ်းသယ်နေကြတာ! 'သွန်းခ´တို့များ မပြောချင်ဘူး!"
မိယွန်းနဲ့မိပေါက် သွန်းခတို့နှစ်ယောက်ကိုကြည့်ကာ
ထင်မြင်ချက်တွေကိုယ်စီ ပေးနေကြသည်~~~
That time(ထိုအချိန်).......
"သွန်း!!!!!!!!"
အနောက်ကအသံကြားတာနဲ့မိယွန်းတို့နှစ်ယောက်သား လှည့်ကြည့်လိုက်တော့သူတို့သူဋ္ဌေးလေး
'ဇွဲထက်သန့်´~~~
"ဟမ်""ဟာ"
'ဇွဲထက်သန့်´ သွန်းကို ပါပါးတို့ရန်ကစိတ်မချတာနဲ့ နေမကောင်းတဲ့ကြားက ထလိုက်လာခဲ့တာ~
ဒီရောက်တော့ တွေ့လိုက်ရတာက~~
"သွန်း! အဲ့တာက ဘာဖြစ်နေကြတာလဲ"
ဆိုင်ထဲက ဂျာကြီးအပါအဝင် customers အချို့ကလဲ ဆူဆူညံညံအသံကြောင့် သူတို့ကို ဝိုင်း
ကြည့်လာကြသည်~~~
'ဇွဲထက်သန့်´အနားသွားကာ'သွန်းခ´ လက်ကိုဆွဲလာခဲ့လိုက်သည်~~~
"ခင်ဗျားဘယ်လိုဖြစ်နေတာလဲ! မရှက်ဘူးလား!
ဟိုမှာ လူတွေဝိုင်းကြည့်နေကြပြီ! ကျွန်တော့်လက်ကို လွှတ်"
'ဇွဲထက်သန့်´သွန်းခလက်ကို ဆိုင်အပြင်ထိဆွဲခေါ်
လာခဲ့လိုက်သည်~~~
"လက်ကိုလွှတ်! နာနေပြီ"
အဲ့တော့မှ လက်ကိုလွှတ်ပေးမိသည်~~~
"သွန်း! မင်းသိပ်ရက်စက်တယ်! နေမကောင်းတဲ့လူ
ကိုတစ်ယောက်ထဲထားခဲ့ပြီး အလုပ်လာဆင်းတယ်ဆိုတဲ့ အကြောင်းပြချက်က အဲ့တစ်ယောက်နဲ့တွေ့
ချင်လို့ပေါ့လေ! ဟုတ်လား သွန်း"
'သွန်းခ´အခုထက်ထိ ဘာမှနားမလည်သေး~~~
"ဒီမှာ ခင်ဗျားဘာတွေလာပြောနေတာလဲ"
"သွန်းခ! မင်းအခုမှ ဘာမှမသိချင်ယောင်ဆောင်
မနေနဲ့! မင်းငါ့ကို ပြန်မချစ်နိုင်တာ သူ့ကိုချစ်နေလို့မလား"
'သွန်းခ´ အခုမှ နားလည်လိုက်တာက သူ့ကို
ရဲရင့်သွေး နဲ့ အထင်လွဲနေတယ်ဆိုတာပဲ~~~
"ဟုတ်တယ်! ကျွန်တော် သူ့ကိုချစ်တယ်"
"ဟမ်! မင်း~~မင်း~~မင်းကွာ!!!!"
"ဒါ ခင်ဗျားလိုချင်တဲ့ အဖြေပဲမလား! အာ့ဆို ကျွန်
တော်သွားတော့မယ်"
'သွန်းခ´အဲ့တစ်ယောက်ရှေ့က လှည့်ထွက်လာခဲ့လိုက်သည်~~~
ခြေလှမ်းဆယ်လှမ်းတောင်မပြည့်သေး~~
ရုတ်တရက် သူကြားလိုက်တဲ့အသံတစ်ခု~~~
"ဒုန်း! ခွမ်း"
'သွန်းခ´လှည့်ကြည့်လိုက်တော့ လူတွေစုပြုံပြီး
လမ်းမအလယ်ကို ပြေးသွားနေကြသည်~~~
ပြီးတော့ တွန့်လိမ်ပျက်စီးနေတဲ့ ကားတစ်စီးအရှေ့မှာ မှောက်လျက်လဲကျနေတဲ့ လူတစ်ယောက်~
"ဟမ်! ကိုဇွဲထက်သန့်!!!"
'သွန်းခ´လူအုပ်ကြားထဲကို အမြန်ပြေးသွားလိုက်သည်~~~
"ကိုဇွဲထက်သန့်! ကိုဇွဲထက်သန့်!"
လူတွေစုပြုံလာကြတာမို့ 'သွန်းခ´ဘယ်လိုမှတိုးဝင်
လို့မရ~~~
"ကိုဇွဲထက်သန့်!!!!"
'သွန်းခ´အသံကခေါ်နေရင်းငိုသံစွက်ကာ တိမ်ဝင်လာသည်~~~
ရုတ်တရက် သူ့မျက်လုံးတွေကို လက်ဖဝါးတစ်စုံနဲ့
ဖုံးအုပ်ထားတာခံလိုက်ရပြီး သိုင်းဖက်ထားတာကိုပါ
ခံစားလိုက်ရသည်~~~
"ဘာမှမကြောက်နဲ့'သွန်း´!ကိုယ်ဒီမှာ ရှိတယ်"
**************