"ငါ့လက္မွာမိရင္....မင္းဒီေန႔မလြယ္ဘူးလို႔မွတ္ထား..."
အိမ္ေရွ႕ထြက္ေျပးတာဆိုရင္ေတာင္မွဖမ္းလို႔မိရင္မိဦးမွာ...
သူကစားပြဲဝိုင္းမွာပတ္ေျပးေနေတာ့...သူ႔ကိုမိဖို႔ဘယ္လိုလုပ္ရပါ့မလဲ...
စည္း....စဥ္းစားရင္းခဏရပ္တန္႔သည္။
ေခါင္းထဲမွာလက္ကနဲအၾကံရၿပီေလ။
ဟုတ္ၿပီ...🤓🤓🤓
ေျပးလႊားေနရင္းစည္း'က႐ုတ္တရက္ေခြကနဲလဲက်သြားေတာ့...
ေျပးေနတဲ့ ပင္လယ့္ေျခလွမ္းေတြရပ္ၿပီးျပန္လွည့္လာသည္။
"ခင္ဗ်ား...ဘာျဖစ္တာလဲ"
လဲက်ေနတဲ့ေနရာမွာစည္းက...ဗိုက္ကိုဖိကာရံႈ႕မဲ့ေနေတာ့စိုးရိမ္တဲ့စိတ္ကပင္လယ့္ကိုအနားဆြဲေခၚလိုက္သလိုပါ။
"စည္း..."
သူလဲက်ေနတဲ့ေဘးနားကိုမုဆိုးဒူးေထာက္ထိုင္ခ်သည္။
"ဘာျဖစ္လို႔လဲ...ဗိုက္ေအာင့္တာလား"
စည္းက...သူ႔ေခါင္းေလးကိုေအာက္ငံု႔ထားၿပီးညိတ္ကာျပကာ အသံေတာင္မထြက္...။
ဘယ္ထြက္မလဲ...ေခါင္းငံု႔ၿပီးခိုးရယ္ေနတာကိုးလို႔...
(အဟြန္႔...မာယာမ်ားတတ္ရတယ္)
😏😏😏
"ရရဲ႕လား...ဘယ္နားကနာတာလဲ..."
စည္းကဗိုက္ကိုဖိႏွိပ္ထားေတာ့...ဗိုက္ကိုပဲစိတ္ကေရာက္ေနကာ...ပင္လယ္ကပို၍အနားတိုးသည္။
ၿပီးမွဗိုက္ကေလးကိုလက္တိုးၿပီးစမ္းတဲ့အခါ...
အဲဒီလက္ေတြကိုစည္းကဆြဲခ်ဳပ္ၿပီးပင္လယ့္ကိုျကမ္းျပင္ေပၚပက္လက္ျဖစ္ေအာင္တြန္းခ်၏။
သြားၿပီ...
သူ...စည္းရဲ႕ေထာင္ေခ်ာက္မိသြားတာလို႔သေဘာေပါက္လိုက္သည္။
"လူညစ္ႀကီး...တမင္လုပ္တယ္ဟုတ္လား"
"ဟြန္႔....ဟုတ္တယ္...တမင္လုပ္တာ။
မိၿပီ...လာခဲ့...မင္းေတာ့ေသဖို႔ျပင္ထား...ခုနကငါ့ကိုဘာေျပာလိုက္တယ္..."
"ဟာ့...ဘာေျပာလို႔လဲ..."
ေပကပ္ကပ္ေလးနဲ႔ပင္လယ့္မ်က္ႏွာေလးကိုဆြဲေမာ့ယူၿပီး...ေသခ်ာေစ့စပ္စြာပိုက္စိပ္တိုက္ၾကည့္သည္။
"ဘာလဲ...အတိတ္ေမ့သြားသလို...ေရႊေပ်ာက္သြားသလိုမ်က္ႏွာေပးနဲ႔....ဟြန္႔...အဲဒီလိုလုပ္ျပလို႔ၿပီးမယ္ထင္လို႔လား...မရဘူး...ဘုန္းႀကီးေခါင္းေခါက္ၿပီးမွလာမကန္ေတာ့နဲ႔"
"ဘာျဖစ္လဲ...ခင္ဗ်ားမေက်နပ္ဘူးလား..."
"ေက်နပ္စရာလား...မင္းေျပာတဲ့စကားကပန္းနဲ႔ေပါက္သလိုမွမဟုတ္တာ...ဒီရင္ထဲကနာတာ"
"ခင္ဗ်ား...နာရင္လဲေသလိုက္ေပါ့..."
ေနပင္လယ္ကမ်က္ေစာင္းေလးထိုးၿပီးေျပာတာမို႔...
မ်က္လံုးေလးေတြလက္လက္ထေနသည္။
ျပန္ေျပာေနတဲ့နႈတ္ခမ္းရဲရဲေတြကလည္းစုေထာ္ကာ
ဘယ္လိုေလးမွန္းမသိ။
ကိုက္ထည့္ခ်င္စရာေလး။
ရန္ေတြ႕တဲ့ပံုေလးကိုကအသည္းအူယားခ်င္စရာေလး။
"မင္း...ထပ္ေျပာၾကည့္စမ္း...ခုနကလို...ခင္ဗ်ားကိုဘာျဖစ္တယ္..."
"ၾကည့္လို႔မရဘူး..."
ေနပင္လယ္ကသူ႔ကိုမ်က္ေစာင္းထပ္ထိုးၿပီးမ်က္လံုးေလးကိုမွိတ္ပစ္ကာေဘးဘက္လွည့္ေနသည္။
စည္းကသူ႔မ်က္ႏွာကိုတမင္ေရွ႕တိုးကာ...အတင္းကပ္ၿပီး...
"မရဘူး...ၾကည့္ကိုၾကည့္ရမယ္..."
"သြားစမ္း...ခင္ဗ်ား...ဘယ္လိုျဖစ္ေနတာလဲ"
"မင္းကေရာ...ဘယ္လိုျဖစ္ေနတာလဲ"
"ခင္ဗ်ားကအရင္မတည့္ရာမတည့္ေၾကာင္းလုပ္ၿပီးေတာ့...ဘာျဖစ္ရမွာလဲ၊ ဖယ္ဆို"
"ကိုယ္ကလား...ဘယ္တုန္းကလဲ..."
"ခုနကကြ်န္ေတာ့္ကိုေလွာင္ရယ္ေနတယ္မလား၊ ဖယ္ပါ..."
မ်က္လံုးေလးမွိတ္ထားၿပီးေတာ့တစ္ခြန္းမက်န္ျပန္ေျပာေနတာေၾကာင့္စည္းကအသည္းပိုယားလာသည္။
"ကိုယ့္ကိုျကည့္ၿပီးေျပာေလ...အဲဒီမ်က္လံုးေတြက"
"မၾကည့္ႏိုင္ဘူး..."
"ၾကည့္ပါ။ မ်က္လံုးေတြဖြင့္"
"မဖြင့္ဘူးဗ်ာ....ခင္ဗ်ားအရင္ဖယ္ေပး"
"မဖယ္ဘူး...ရႊတ္"
"စည္း...ခင္ဗ်ား"
လက္ေကာက္ဝတ္ကိုခ်ဳပ္ခံထားၿပီးပက္လက္ကေလးမို႔၊
ပင္လယ္ကဘာမွျပန္မလုပ္ႏိုင္ဘဲမ်က္လံုးေလးမွိတ္ကာမ်က္ႏွာေလးေဘးကိုေစာင္းထားရသည္။
အဲဒါကိုမွစည္းကတႁပြတ္ႁပြတ္နဲ႔လိုက္နမ္းေနတာေနရာတကာ။
"ေဟ့လူ...ခင္ဗ်ားအိပ္ယာထ,ကတည္းကဒီအတိုင္းႀကီး...ညစ္ပတ္တယ္...ကြ်န္ေတာ့္ကိုမထိနဲ႔"
"ညစ္ပတ္ေနရင္ထိလို႔မရဘူးလို႔ဘယ္သူကေျပာလို႔လဲ..."
"စည္း..!...မလုပ္နဲ႔ကြာ...ကြ်န္ေတာ္ေရခ်ိဳးၿပီးၿပီ"
"အဲဒီေတာ့ဘာျဖစ္ေသးလဲ...အနားလဲကပ္တယ္ကြာ...ဒီထက္ပိုၿပီးနမ္းလဲနမ္းအံုးမွာ..."
"ဟာ...ခင္ဗ်ား...မညစ္ပတ္နဲ႔ဗ်ာ..."
အစ,ကေတာ့...မ်က္ႏွာလဲမသစ္ရေသးတာမို႔သူ႔နႈတ္ခမ္းေလးေတြကိုမၾကည့္မိေအာင္မ်က္ႏွာလြဲၿပီးေနခဲ့ေပမယ့္...ျမင္ေနေတာ့လည္းမရဘူး။
ရင္ခုန္ခ်င္စရာနႈတ္ခမ္းေလးေတြ၊ ျဖဴဝင္းေနတဲ့ပါးသယ္စပ္ေနရာေလးေတြ။
ဖုဖုေဖာင္းေဖာင္းလည္ၿမိဳေလးေတြ။
ကိုယ့္ကိုမင္း...ျမႇဴဆြယ္လြန္းေနတယ္။
အခု...ကိုယ္မရေတာ့ဘူး...
"ရႊတ္...ကိုယ့္ကိုၾကည့္"
"အာ...ဟင့္အင္း"
"ၾကည့္ပါဆို...မ်က္လံုးမဖြင့္ဘူးလား...ဖြင့္ေအာင္လုပ္လို႔ရတဲ့နည္းရွိတယ္ေနာ္"
စည္းက...စားပြဲေပၚတင္ထားခဲ့တဲ့ေရဗူးေလးကိုမမီ့တမီလွမ္းယူတာေၾကာင့္...
ပင္လယ့္ကိုခ်ဳပ္ထားတဲ့လက္တစ္ဖက္ကလြတ္သြားသည္။
ဒါကိုအခြင့္ေကာင္းယူၿပီးကုန္း႐ုန္းထလို႔ပင္လယ္ကထ,ထိုင္သည္။
ဒါေပမယ့္...လက္တစ္ဖက္ကိုမလြတ္ဘဲဆြဲထားတာေၾကာင့္ခါးကမတ္မတ္မေထာင္ႏိုင္ဘဲလမ္းခုလတ္မွာ တို႔လို႔တန္းလန္း။
"မင္း...ေနာက္က်သြားၿပီ...ဟြန္႔..."
"စည္း...ဘာ...ဘာလုပ္မလို႔လဲ"
စည္းကေရဗူးေလးကိုယူၿပီးအဖံုးဖြင့္ေနၿပီးညစ္က်ယ္က်ယ္ေလးျပံဳးသည္။
"ကိုယ္...ဘာလုပ္မယ္လို႔ထင္လို႔လဲ..."
ေရဗူးဖံုးဖြင့္ၿပီးကိုင္ထားရင္း...ႏွာေခါင္းေလးပါရံႈ႕ျပသည္။
ၿပီးမွ...
လက္က်န္ေရတစ္ဝက္ကို ပင္လယ့္ေခါင္းေပၚကေနေလာင္းခ်လိုက္ေတာ့....
အဝတ္ေတြအကုန္ရႊဲကုန္လို႔။
"အား.......ဟိတ္လူ...ဒါ...ဘာလုပ္တာလဲ...ေရစိုကုန္ၿပီေလ"
"မင္းပဲညစ္ပတ္လို႔ဆို...ဟြန္႔...ငါနမ္းလို႔ညစ္ပတ္သြားတာဆို...ဒါေၾကာင့္ေရေလာင္းၿပီးသန္႔ရွင္းေအာင္လုပ္ေပးတာေလ"
"ဟမ္...အခုကြ်န္ေတာ္ေရစိုကုန္ၿပီေလ"
"အဟင္း...ေရစိုသြားတာေလးမ်ား...ေနာက္တစ္ေခါက္ေရျပန္ခ်ိဳးၾကမယ္ေလ"
"ဘာ...!...ကြ်န္ေတာ္ေရခ်ိဳးၿပီးၿပီေလ"
"သိတယ္ေလ..."
ေအးေဆးသက္သာစြာနဲ႔စည္းကေျပာေနသေလာက္...
ေနပင္လယ္ကျပဴးတူးၿပဲတဲေလးနဲ႔။
ခ်စ္စရာေလးျဖစ္ေနသည္။
စိုကပ္ကုန္တဲ့မ်က္ခံုးေလးနဲ႔မ်က္ေတာင္ေလးေပၚကေနေရေတြကိုစည္းကတယုတယသပ္ခ်ေပးၿပီး...
နႈတ္ခမ္းေလးဆီငံု႔မိုးခ်သည္။
ႁပြတ္စ္....
"ဟာ့...."
ျပဴးက်ယ္သြားတဲ့မ်က္ဝန္းေလးကိုျပန္ၾကည့္ၿပီးေတာ့...
နားရြက္ဖ်ားေလးဆီထပ္ကပ္သည္။
"မင္း...ေနာက္တစ္ေခါက္ေရထပ္ခ်ိဳးလဲဘာမွမျဖစ္ပါဘူး...ဟုတ္တယ္မလား...မသကၤာထပ္ဖ်ားရံုပဲ"
😝😝😝
ထပ္ဖ်ားရင္ေရာ...
ဘာအေရးလဲ...ေဆးခန္းထပ္ေျပးမယ္...
တခါပဲဖ်ားလို႔ရတယ္လို႔ဘယ္သူကသတ္မွတ္ထားလို႔လဲ...ဟုတ္တယ္ဟုတ္...
ဘယ္ႏွစ္ရက္ထပ္ဖ်ားဖ်ား...
ဘယ္ေလာက္ထပ္ဖ်ားဖ်ား...
အရပ္ပတ္ၿပီးေတာ့ေဆးကုမွာ...
😎😎😎
"ခင္ဗ်ား...ရဲ႕....အလုပ္...."
"ရတယ္...ေနာက္က်လဲဘာျဖစ္လဲ...ဒီေန႔သြားခ်င္သြားမယ္မသြားခ်င္မသြားဘူး"
(အင္း...ကုမၸဏ္ီရဲ႕အနာဂတ္ကေတာ့ရင္ေလးစရာပါ😂😂😂
ဦးႏိုင္ႀကီး...ရင္ဘတ္ဖိပါၿပီ)
ေဘစင္ကမွန္ေလးထဲမွာ...ပံုရိပ္ေလးႏွစ္ခုကပူးကပ္ေနသည္။
စည္းကေနပင္လယ့္ကိုေနာက္ေက်ာကေနသိုင္းဖက္ထားလ်က္...
ပင္လယ္ရဲ႕နားရြက္ဖ်ားေလးေတြဇက္ပိုးေလးေတြကိုစည္းကႏူးညံ့စြာနမ္းရိႈက္သည္။
ယစ္မူးရတဲ့အထိအေတြ႕ေတြမွာရင္ခုန္သံေတြကထံုးစံအတိုင္းကေသာင္းကနင္းနဲ႔.....
ႏွလံုးသားေတြကေသာင္းေသာင္းဖ်ဖ်ႀကိဳဆိုၿမဲျဖစ္တဲ့အခ်စ္စစ္ပြဲ။
သူတို႔ႏွစ္ေယာက္အၿပိဳင္က်ဲရေပမယ့္...
ကံတရားဆိုတာအၿမဲ...စည္း'ရဲ႕လက္ထဲမွာ။
ကေလးမို႔...အႏိုင္က်င့္တာမဟုတ္ဘူး။
ကိုယ္ကပဲမင္းကိုၾကင္နာခ်င္တာမို႔...
"ႏိုး...သာသာယာယာပဲ...ငါေခၚေဆာင္ရာကိုလိုက္ခဲ့ပါ...ပင္လယ္ရာ.."
😍😍😍
Unicode
"ငါ့လက်မှာမိရင်....မင်းဒီနေ့မလွယ်ဘူးလို့မှတ်ထား..."
အိမ်ရှေ့ထွက်ပြေးတာဆိုရင်တောင်မှဖမ်းလို့မိရင်မိဦးမှာ...
သူကစားပွဲဝိုင်းမှာပတ်ပြေးနေတော့...သူ့ကိုမိဖို့ဘယ်လိုလုပ်ရပါ့မလဲ...
စည်း....စဉ်းစားရင်းခဏရပ်တန့်သည်။
ခေါင်းထဲမှာလက်ကနဲအကြံရပြီလေ။
ဟုတ်ပြီ...🤓🤓🤓
ပြေးလွှားနေရင်းစည်း'ကရုတ်တရက်ခွေကနဲလဲကျသွားတော့...
ပြေးနေတဲ့ ပင်လယ့်ခြေလှမ်းတွေရပ်ပြီးပြန်လှည့်လာသည်။
"ခင်ဗျား...ဘာဖြစ်တာလဲ"
လဲကျနေတဲ့နေရာမှာစည်းက...ဗိုက်ကိုဖိကာရှုံ့မဲ့နေတော့စိုးရိမ်တဲ့စိတ်ကပင်လယ့်ကိုအနားဆွဲခေါ်လိုက်သလိုပါ။
"စည်း..."
သူလဲကျနေတဲ့ဘေးနားကိုမုဆိုးဒူးထောက်ထိုင်ချသည်။
"ဘာဖြစ်လို့လဲ...ဗိုက်အောင့်တာလား"
စည်းက...သူ့ခေါင်းလေးကိုအောက်ငုံ့ထားပြီးညိတ်ကာပြကာ အသံတောင်မထွက်...။
ဘယ်ထွက်မလဲ...ခေါင်းငုံ့ပြီးခိုးရယ်နေတာကိုးလို့...
(အဟွန့်...မာယာများတတ်ရတယ်)
😏😏😏
"ရရဲ့လား...ဘယ်နားကနာတာလဲ..."
စည်းကဗိုက်ကိုဖိနှိပ်ထားတော့...ဗိုက်ကိုပဲစိတ်ကရောက်နေကာ...ပင်လယ်ကပို၍အနားတိုးသည်။
ပြီးမှဗိုက်ကလေးကိုလက်တိုးပြီးစမ်းတဲ့အခါ...
အဲဒီလက်တွေကိုစည်းကဆွဲချုပ်ပြီးပင်လယ့်ကိုကြမ်းပြင်ပေါ်ပက်လက်ဖြစ်အောင်တွန်းချ၏။
သွားပြီ...
သူ...စည်းရဲ့ထောင်ချောက်မိသွားတာလို့သဘောပေါက်လိုက်သည်။
"လူညစ်ကြီး...တမင်လုပ်တယ်ဟုတ်လား"
"ဟွန့်....ဟုတ်တယ်...တမင်လုပ်တာ။
မိပြီ...လာခဲ့...မင်းတော့သေဖို့ပြင်ထား...ခုနကငါ့ကိုဘာပြောလိုက်တယ်..."
"ဟာ့...ဘာပြောလို့လဲ..."
ပေကပ်ကပ်လေးနဲ့ပင်လယ့်မျက်နှာလေးကိုဆွဲမော့ယူပြီး...သေချာစေ့စပ်စွာပိုက်စိပ်တိုက်ကြည့်သည်။
"ဘာလဲ...အတိတ်မေ့သွားသလို...ရွှေပျောက်သွားသလိုမျက်နှာပေးနဲ့....ဟွန့်...အဲဒီလိုလုပ်ပြလို့ပြီးမယ်ထင်လို့လား...မရဘူး...ဘုန်းကြီးခေါင်းခေါက်ပြီးမှလာမကန်တော့နဲ့"
"ဘာဖြစ်လဲ...ခင်ဗျားမကျေနပ်ဘူးလား..."
"ကျေနပ်စရာလား...မင်းပြောတဲ့စကားကပန်းနဲ့ပေါက်သလိုမှမဟုတ်တာ...ဒီရင်ထဲကနာတာ"
"ခင်ဗျား...နာရင်လဲသေလိုက်ပေါ့..."
နေပင်လယ်ကမျက်စောင်းလေးထိုးပြီးပြောတာမို့...
မျက်လုံးလေးတွေလက်လက်ထနေသည်။
ပြန်ပြောနေတဲ့နှုတ်ခမ်းရဲရဲတွေကလည်းစုထော်ကာ
ဘယ်လိုလေးမှန်းမသိ။
ကိုက်ထည့်ချင်စရာလေး။
ရန်တွေ့တဲ့ပုံလေးကိုကအသည်းအူယားချင်စရာလေး။
"မင်း...ထပ်ပြောကြည့်စမ်း...ခုနကလို...ခင်ဗျားကိုဘာဖြစ်တယ်..."
"ကြည့်လို့မရဘူး..."
နေပင်လယ်ကသူ့ကိုမျက်စောင်းထပ်ထိုးပြီးမျက်လုံးလေးကိုမှိတ်ပစ်ကာဘေးဘက်လှည့်နေသည်။
စည်းကသူ့မျက်နှာကိုတမင်ရှေ့တိုးကာ...အတင်းကပ်ပြီး...
"မရဘူး...ကြည့်ကိုကြည့်ရမယ်..."
"သွားစမ်း...ခင်ဗျား...ဘယ်လိုဖြစ်နေတာလဲ"
"မင်းကရော...ဘယ်လိုဖြစ်နေတာလဲ"
"ခင်ဗျားကအရင်မတည့်ရာမတည့်ကြောင်းလုပ်ပြီးတော့...ဘာဖြစ်ရမှာလဲ၊ ဖယ်ဆို"
"ကိုယ်ကလား...ဘယ်တုန်းကလဲ..."
"ခုနကကျွန်တော့်ကိုလှောင်ရယ်နေတယ်မလား၊ ဖယ်ပါ..."
မျက်လုံးလေးမှိတ်ထားပြီးတော့တစ်ခွန်းမကျန်ပြန်ပြောနေတာကြောင့်စည်းကအသည်းပိုယားလာသည်။
"ကိုယ့်ကိုကြည့်ပြီးပြောလေ...အဲဒီမျက်လုံးတွေက"
"မကြည့်နိုင်ဘူး..."
"ကြည့်ပါ။ မျက်လုံးတွေဖွင့်"
"မဖွင့်ဘူးဗျာ....ခင်ဗျားအရင်ဖယ်ပေး"
"မဖယ်ဘူး...ရွှတ်"
"စည်း...ခင်ဗျား"
လက်ကောက်ဝတ်ကိုချုပ်ခံထားပြီးပက်လက်ကလေးမို့၊
ပင်လယ်ကဘာမှပြန်မလုပ်နိုင်ဘဲမျက်လုံးလေးမှိတ်ကာမျက်နှာလေးဘေးကိုစောင်းထားရသည်။
အဲဒါကိုမှစည်းကတပြွတ်ပြွတ်နဲ့လိုက်နမ်းနေတာနေရာတကာ။
"ဟေ့လူ...ခင်ဗျားအိပ်ယာထ,ကတည်းကဒီအတိုင်းကြီး...ညစ်ပတ်တယ်...ကျွန်တော့်ကိုမထိနဲ့"
"ညစ်ပတ်နေရင်ထိလို့မရဘူးလို့ဘယ်သူကပြောလို့လဲ..."
"စည်း..!...မလုပ်နဲ့ကွာ...ကျွန်တော်ရေချိုးပြီးပြီ"
"အဲဒီတော့ဘာဖြစ်သေးလဲ...အနားလဲကပ်တယ်ကွာ...ဒီထက်ပိုပြီးနမ်းလဲနမ်းအုံးမှာ..."
"ဟာ...ခင်ဗျား...မညစ်ပတ်နဲ့ဗျာ..."
အစ,ကတော့...မျက်နှာလဲမသစ်ရသေးတာမို့သူ့နှုတ်ခမ်းလေးတွေကိုမကြည့်မိအောင်မျက်နှာလွဲပြီးနေခဲ့ပေမယ့်...မြင်နေတော့လည်းမရဘူး။
ရင်ခုန်ချင်စရာနှုတ်ခမ်းလေးတွေ၊ ဖြူဝင်းနေတဲ့ပါးသယ်စပ်နေရာလေးတွေ။
ဖုဖုဖောင်းဖောင်းလည်မြိုလေးတွေ။
ကိုယ့်ကိုမင်း...မြှူဆွယ်လွန်းနေတယ်။
အခု...ကိုယ်မရတော့ဘူး...
"ရွှတ်...ကိုယ့်ကိုကြည့်"
"အာ...ဟင့်အင်း"
"ကြည့်ပါဆို...မျက်လုံးမဖွင့်ဘူးလား...ဖွင့်အောင်လုပ်လို့ရတဲ့နည်းရှိတယ်နော်"
စည်းက...စားပွဲပေါ်တင်ထားခဲ့တဲ့ရေဗူးလေးကိုမမီ့တမီလှမ်းယူတာကြောင့်...
ပင်လယ့်ကိုချုပ်ထားတဲ့လက်တစ်ဖက်ကလွတ်သွားသည်။
ဒါကိုအခွင့်ကောင်းယူပြီးကုန်းရုန်းထလို့ပင်လယ်ကထ,ထိုင်သည်။
ဒါပေမယ့်...လက်တစ်ဖက်ကိုမလွတ်ဘဲဆွဲထားတာကြောင့်ခါးကမတ်မတ်မထောင်နိုင်ဘဲလမ်းခုလတ်မှာ တို့လို့တန်းလန်း။
"မင်း...နောက်ကျသွားပြီ...ဟွန့်..."
"စည်း...ဘာ...ဘာလုပ်မလို့လဲ"
စည်းကရေဗူးလေးကိုယူပြီးအဖုံးဖွင့်နေပြီးညစ်ကျယ်ကျယ်လေးပြုံးသည်။
"ကိုယ်...ဘာလုပ်မယ်လို့ထင်လို့လဲ..."
ရေဗူးဖုံးဖွင့်ပြီးကိုင်ထားရင်း...နှာခေါင်းလေးပါရှုံ့ပြသည်။
ပြီးမှ...
လက်ကျန်ရေတစ်ဝက်ကို ပင်လယ့်ခေါင်းပေါ်ကနေလောင်းချလိုက်တော့....
အဝတ်တွေအကုန်ရွှဲကုန်လို့။
"အား.......ဟိတ်လူ...ဒါ...ဘာလုပ်တာလဲ...ရေစိုကုန်ပြီလေ"
"မင်းပဲညစ်ပတ်လို့ဆို...ဟွန့်...ငါနမ်းလို့ညစ်ပတ်သွားတာဆို...ဒါကြောင့်ရေလောင်းပြီးသန့်ရှင်းအောင်လုပ်ပေးတာလေ"
"ဟမ်...အခုကျွန်တော်ရေစိုကုန်ပြီလေ"
"အဟင်း...ရေစိုသွားတာလေးများ...နောက်တစ်ခေါက်ရေပြန်ချိုးကြမယ်လေ"
"ဘာ...!...ကျွန်တော်ရေချိုးပြီးပြီလေ"
"သိတယ်လေ..."
အေးဆေးသက်သာစွာနဲ့စည်းကပြောနေသလောက်...
နေပင်လယ်ကပြူးတူးပြဲတဲလေးနဲ့။
ချစ်စရာလေးဖြစ်နေသည်။
စိုကပ်ကုန်တဲ့မျက်ခုံးလေးနဲ့မျက်တောင်လေးပေါ်ကနေရေတွေကိုစည်းကတယုတယသပ်ချပေးပြီး...
နှုတ်ခမ်းလေးဆီငုံ့မိုးချသည်။
ပြွတ်စ်....
"ဟာ့...."
ပြူးကျယ်သွားတဲ့မျက်ဝန်းလေးကိုပြန်ကြည့်ပြီးတော့...
နားရွက်ဖျားလေးဆီထပ်ကပ်သည်။
"မင်း...နောက်တစ်ခေါက်ရေထပ်ချိုးလဲဘာမှမဖြစ်ပါဘူး...ဟုတ်တယ်မလား...မသင်္ကာထပ်ဖျားရုံပဲ"
😝😝😝
ထပ်ဖျားရင်ရော...
ဘာအရေးလဲ...ဆေးခန်းထပ်ပြေးမယ်...
တခါပဲဖျားလို့ရတယ်လို့ဘယ်သူကသတ်မှတ်ထားလို့လဲ...ဟုတ်တယ်ဟုတ်...
ဘယ်နှစ်ရက်ထပ်ဖျားဖျား...
ဘယ်လောက်ထပ်ဖျားဖျား...
အရပ်ပတ်ပြီးတော့ဆေးကုမှာ...
😎😎😎
"ခင်ဗျား...ရဲ့....အလုပ်...."
"ရတယ်...နောက်ကျလဲဘာဖြစ်လဲ...ဒီနေ့သွားချင်သွားမယ်မသွားချင်မသွားဘူး"
(အင်း...ကုမ္ပဏ်ီရဲ့အနာဂတ်ကတော့ရင်လေးစရာပါ😂😂😂
ဦးနိုင်ကြီး...ရင်ဘတ်ဖိပါပြီ)
ဘေစင်ကမှန်လေးထဲမှာ...ပုံရိပ်လေးနှစ်ခုကပူးကပ်နေသည်။
စည်းကနေပင်လယ့်ကိုနောက်ကျောကနေသိုင်းဖက်ထားလျက်...
ပင်လယ်ရဲ့နားရွက်ဖျားလေးတွေဇက်ပိုးလေးတွေကိုစည်းကနူးညံ့စွာနမ်းရှိုက်သည်။
ယစ်မူးရတဲ့အထိအတွေ့တွေမှာရင်ခုန်သံတွေကထုံးစံအတိုင်းကသောင်းကနင်းနဲ့.....
နှလုံးသားတွေကသောင်းသောင်းဖျဖျကြိုဆိုမြဲဖြစ်တဲ့အချစ်စစ်ပွဲ။
သူတို့နှစ်ယောက်အပြိုင်ကျဲရပေမယ့်...
ကံတရားဆိုတာအမြဲ...စည်း'ရဲ့လက်ထဲမှာ။
ကလေးမို့...အနိုင်ကျင့်တာမဟုတ်ဘူး။
ကိုယ်ကပဲမင်းကိုကြင်နာချင်တာမို့...
"နိုး...သာသာယာယာပဲ...ငါခေါ်ဆောင်ရာကိုလိုက်ခဲ့ပါ...ပင်လယ်ရာ.."
😍😍😍