"မင္းမလိုက္နဲ႔ေတာ့...ေနသိပ္မေကာင္းေသးဘဲနဲ႔"
ဒုတိယေျမာက္ရက္မွာပင္လယ္က
အဖ်ားေတာ့က်ေနေပမယ့္ေခါင္းကိုက္တာကေတာ့က်န္ေနဆဲမို႔..
ေဆးခန္းခဏသြားၿပီးေတာ့ေဆးယူရေသး၏။
ဒီေန႔သူအျပင္သြားဖို႔ျပင္ေနတုန္း
ပင္လယ္ကအဝတ္လဲၿပီးဖင္ေလးတႂကြႂကြ။
"ကြ်န္ေတာ္အိမ္မွာမွမက်န္ခဲ့ခ်င္တာ...တစ္ေယာက္ထဲႀကီး..."
စည္း'ကဒီေန႔ေဆာက္လုပ္ေရးပိုင္းတာဝန္ခံေတြနဲ႔ဒိုင္းမြန္းေဟာက္စ္ရဲ႕ျပဳျပင္ျပင္ဆင္မႈနဲ႔ပတ္သက္ၿပီးေတာ့အစည္းေဝးလုပ္ၿပီးတာနဲ႔ဒိုင္းမြန္းေဟာက္စ္ကိုသြားရမွာျဖစ္သည္။
ခရီးကေဝးလို႔...ေနာက္ၿပီးေတာ့ကားနဲ႔သြားရမွာမို႔လို႔...စိတ္ပူေနတာပါ။
ပတ္ဝန္းက်င္အေျခေနနဲ႔အေဆာက္ဦေျမကိုေလ့လာတာနဲ႔ဘာနဲ႔ဆိုညအိပ္ျဖစ္မလားမေျပာတတ္ေပ။
"အဲမွာညအိပ္ရင္အိပ္မွာ..."
"အဲဒါပဲ...လံုးဝမက်န္ခဲ့ႏိုင္ဘူး...ညဘက္တစ္ေယာက္ထဲမအိပ္ႏိုင္ဘူး..."
"အိပ္မယ္မအိပ္ဘူးကမေသခ်ာဘူးေလ...ေတာ္ၾကာလူပင္ပန္းရင္အဖ်ားကအရစ္ရွည္ေနမွာစိုးလို႔..."
"လိုက္မွာပဲ...အဖ်ားက်ေနၿပီ..."
မလိုက္ရမွာစိုးလို႔အတင္းကပ္တြယ္ေနတာ၊
ရစ္စိန္တို႔က....ခက္ျပန္ၿပီ။
ဆူပူေကာက္ခ်ိတ္ေနတာေလးကိုသနားလို႔ေခၚခဲ့လိုက္သည္။
စည္းက...ကားေမာင္းေနရင္းနဲ႔ပင္လယ့္ကိုခဏခဏၾကည့္ေနရသည္။
ကားတံခါးလည္းမဖြင့္ရဲ...သူ႔ကိုယ္ေလးမေအးေနဖို႔ဂ႐ုတစိုက္နဲ႔...လက္ကေလးခဏခဏေျပးစမ္းေနမိသည္။
စည္း'ကသာသူ႔ကိုအရိပ္တၾကည့္ၾကည့္ျဖစ္ေနတာ...သူကတံခါးဖြင့္ၿပီးစီးကရက္ေတာင္ေသာက္လိုက္ေသး...
"ပင္လယ္...မင္း...ေလစိမ္းေတြတိုက္ခံရင္အဖ်ားျပန္တက္မွာေနာ္...ေနာက္ေတာ့မွေသာက္ပါလား..."
"ခဏပဲကို...ဒီေလာက္ေတာ့အေပ်ာ့ပဲ...ျပန္မဖ်ားဘူးစိတ္ခ်..."
ျပန္ေျပာတဲ့႐ုပ္ေလးကိုကထုထည့္ခ်င္စရာေလး...။
အေနာက္ခန္းထဲမွာေဆာက္လုပ္ေရးတာဝန္ခံနဲ႔လက္ေထာက္ႏွစ္ေယာက္ပါလာေသးတာမို႔...
သူ႔ကိုအရမ္းႀကီးစိုးရိမ္ၿပီးယုယေနလို႔လည္းမျဖစ္...။
သူတို႔ေတြကိုယ့္အေၾကာင္းကိုသိမွာမဟုတ္ေပမယ့္...
မလံုႏိုင္တဲ့သူကေတာ့မ်က္ႏွာပူရတာကပူရတာပါပဲ...။
ကားထဲမွာအဲယားကြန္းကိုအျမင့္ႀကီးတင္မထားတာမို႔...ပံုမွန္လူဆိုရင္ပူေနမွာပဲျဖစ္သည္။
စည္း'လည္းပူေလာင္သလိုခံစားရေပမယ့္...မတတ္ႏိုင္ပါ။
အေရးႀကီးပုဂိၢဳလ္ကအေရးႀကီးပုဂိၢဳလ္ပဲေလ...တျပားသားမွမေလ်ာ့န္ိုင္ေပါင္...။
😑😑😑
ေျမတိုင္းတာေတြေျမစမ္းတာေတြလုပ္ၿပီးေတာ့ဟိုနားဒီနားကိုတပတ္လွည့္ၾကည့္ၾကကာ...ညေနဘက္ေလာက္မွာျပန္ခဲ့ၾကသည္မို႔ေတာ္ေသးသည္။
ညအိပ္ရရင္လည္းကိစၥေတာ့မရွိေပမယ့္...
သူ...အဖ်ားျပန္တက္လာမွာကိုပဲစိုးရိမ္ရသည္ေလ။
အိမ္ျပန္ေရာက္ေတာ့...
ငရစ္ကျပႆနာထပ္ရွာသည္။
ၿငီးစီစီမို႔ေရခ်ိဳးမွာတဲ့။
ေရေလးႏွစ္ရက္မခ်ိဳးရတာေသမတတ္နားညည္းရေသး၏။
အဲဒါကို....ဆရာဝန္ကေရမခ်ိဳးနဲ႔လို႔မေျပာလိုက္လို႔ပါဆိုၿပီးရစ္တာ...
"အဲဒါကဘယ္သူမဆိုသိေနတာပဲေလ...မင္းအရြယ္ႀကီးကိုတမင္သက္သက္လိုက္ေျပာေနစရာလား"
"ေျပာရမွာပဲ...အခုကေျပာမွမေျပာတာေရခ်ိဳးလို႔ရတယ္ဆိုတဲ့သေဘာပဲ...မသိဘူး...ေရခ်ိဳးခ်င္တယ္"
ပင္လယ္ကတီရွပ္ေတြတကယ္ခြ်တ္ပစ္ၿပီးေတာ့အိမ္ေနာက္ေဖးဝင္သြားေတာ့အူယားဖားယားလိုက္ဆြဲရသည္။
"ေနပါဦး...ဒီတစ္ညပဲ...မနက္ျဖန္က်မွေရခ်ိဳးေတာ့...ဒီညေတာ့မခ်ိဳးနဲ႔..."
"ဟာ့...ႏွစ္ရက္ေတာင္ရွိၿပီအဖ်ားကက်ေနၿပီ...
ဒီေန႔ကားစီးၿပီးသြားလိုက္ျပန္လိုက္နဲ႔လူကေညာင္းေနတာ...မရဘူး...ခ်ိဳးမွာ"
"ပင္လယ္...ညနက္ေနၿပီကြာ..."
"ကိုးနာရီဆိုတာညမနက္ပါဘူး...ေစာေသးတယ္"
ခက္တာပဲ...
"မနက္ျဖန္ထိပဲေစာင့္...ေနာ္...လိမၼာတယ္..."
ဖက္ထားတာမဟုတ္ဘဲတုပ္ၿပီးဖမ္းထားသလိုအတင္းဆြဲထားရကာ...
"မရစ္နဲ႔ကြာ...မနက္ျဖန္အထိပဲေစာင့္ေနာ္"
ဆိုၿပီးေတာ့သူ႔ကိုအိမ္ေရွ႕အတင္းေခၚၿပီးထိုင္ခိုင္း
ရသည္။
"ကိုယ္...အလုပ္လုပ္မွာမို႔ၿငိမ္ၿငိမ္ေလးေန၊ ဟုတ္ၿပီလား"
မနက္ျဖန္က်ရင္ဒီဇိုင္းအၾကမ္းေတြအကုန္ထုတ္ေပးရမွာမို႔လို႔ဒီညအကုန္ၿပီးဖို႔လိုတာ...
ငရစ္ေလးကေျပာမရဆိုမရနဲ႔ ေခါင္းကမာေနေသး။
"ေနာ္...ကိုကို႔ကေလးကလိမၼာတယ္..."
နဖူးေလးနမ္းၿပီးစည္းကေခ်ာ့ရသည္။
ေခ်ာ့လိုက္ေတာ့မွ...ကိုယ္ေတာ္ေလးကေပ်ာ့က်လာကာ...
"ဒီဘက္...ဒီဘက္ေရာ..."
သူ႔ပါးေတြလွည့္ေပးတာတစ္ဖက္ၿပီးတစ္ဖက္...။
ေနာက္ၿပီးလာေသးတယ္...
"သက္ေစ့နမ္းရင္ေက်နပ္တယ္..."
"ငါ့ကိုအသက္ရွဴရပ္ၿပီးေသေအာင္လုပ္ေနတာလား...ငရႈပ္ေလးရဲ႕..."
စည္းကအဲလိုေျပာေပမယ့္...
မေမာႏိုင္မပန္းႏိုင္နမ္းတာပါပဲ။
ခ်စ္တာကိုး။
😂😂😂
ငရစ္လံုးက...
ေဆးေသာက္ၿပီးေတာ့အိပ္ခ်င္ေနတာေတာင္မွမအိပ္ဘဲအနားမွာရစ္သီရစ္သီ လာလာေနသည္။
ခံုတစ္လံုးကိုထမင္းစားပြဲဆီကေနယူထုတ္လာၿပီးေတာ့စာေရးစားပြဲမွာမရရေအာင္ကပ္ထိုင္ကာ...
စည္းဆြဲေနသလိုေလးေတြသူ႔စာရြက္နဲ႔သူလိုက္ဆြဲတာ...
ဆြဲလို႔မရေတာ့တာေတြဆို...
"ဒါေလးဘယ္လိုဆြဲရမလဲ..."လို႔စည္းရဲ႕လက္ကိုဆြဲတားၿပီးေတာ့လိုက္လိုက္ေမးတတ္သည္။
သူရႈပ္ေနတာနဲ႔...
ဒီညေတာ့အၾကမ္းထည္ေတာင္ၿပီးမယ္မထင္...။
"ငါေတာ့ညလံုးေပါက္ေတာ့မွာပဲ...မရႈပ္နဲ႔ကြာ..."
မရႈပ္နဲ႔လို႔ေျပာေတာ့လည္းေနပင္လယ့္မ်က္ႏွာေလးကငယ္က်သြားကာသနားစရာေလး...
"ငါဒီညဒါေလးအၿပီးသတ္ခ်င္လို႔...လိမၼာတယ္ေနာ္...အဲဒီဒီဇိုင္းၾကမ္းမၿပီးရင္ေဆာက္လုပ္ေရးေနာက္က်လိမ့္မယ္..."
သူ႔စာရြက္ေလးကေနစည္း'ကမ်က္လံုးလွည့္ၾကည့္မလာဘဲျပန္ေျဖေတာ့...
မ်က္ႏွာေလးစူပုတ္ၿပီးေတာ့ပင္လယ္ကထရပ္သည္။
"ကြ်န္ေတာ္ကရႈပ္ေနတယ္ေပါ့..."
"မဟုတ္ပါဘူး..."
အဲဒီေတာ့မွပင္လယ့္ကိုေမာ့ၾကည့္ကာပ်ာပ်ာသလဲနဲ႔ေနာက္ေရြ႕သြားတဲ့ခံုေလးကိုျပန္ဆြဲၿပီး...
ျပန္ထိုင္ခိုင္းရသည္။
"ျပန္ထိုင္ေနာ္..."
"ေတာ္ၿပီ...အခန္းထဲပဲသြားေနေတာ့မယ္..."
"ျပန္ထိုင္ပါ...ကိုယ္....အဲဒီလိုေျပာတာမဟုတ္ဘူး..."
စည္းကခုနကရႈပ္တယ္လို႔ေျပာလိုက္တာကိုစိတ္မေကာင္းျဖစ္သြားမွန္းသိေတာ့ ေသခ်ာေခ်ာ့ရသည္။
"တစ္ေယာက္ထဲေၾကာက္တယ္ဆို...မအိပ္ခ်င္ေသးလို႔ဆို..."
"-----"
"ကိုယ္ခဏေလးပဲ...ဒါေလးၿပီးရင္အဆံုးသတ္ၿပီ..."
ပင္လယ့္လက္ကေလးကိုဆြဲခ်ကာျပန္ထိုင္ေစေတာ့...
ပင္လယ္ကခံုေပၚထိုင္မခ်ဘဲနဲ႔စည္းရဲ႕ေပါင္ေပၚထိုင္ခ်ကာေနပင္လယ္ကသူ႔လည္ပင္းေလးကိုဆြဲဖက္၏။
"ဒီမွာထိုင္မွာ..."
"ဟင္..."
"ဘာလဲ...ထိုင္ခ်င္လို႔ေလ...မရဘူးလား"
ေပါင္ေပၚကိုတက္ထိုင္ေနေတာ့ ေရွ႕စားပြဲကစာရြက္ကိုဘာမွမျမင္ရ။
အဲဒါနဲ႔ပဲ ဘယ္လိုဆက္ဆြဲရမွန္းမသိဘဲ စည္းက အူတူတူေလးျဖစ္သြားသည္။
"မရလဲထိုင္ခ်င္ေနလို႔...ဘယ္လိုလုပ္ရမလဲ"
"ဟင္...ေရွ႕ကစာရြက္နဲ႔ေဝးသြားၿပီကို...ဆြဲလို႔ဘယ္ရမလဲ"
"ဘာလို႔ဆြဲလို႔မရရမွာလဲ..."
ပင္လယ္ကေျပာၿပီးတာနဲ႔စည္းရဲ႕လက္ကိုသူ႔ခါးေဘးကေနလွ်ိဳသြင္းေစကာစားပြဲေပၚတင္ေပး၏။
"ျမင္ရတယ္မလား...ဆြဲလို႔ရတယ္...ကြ်န္ေတာ့္ကိုယ္ကိုက်ံု႕ေပးထားမွာ"
ေဘးတေစာင္းေလးထိုင္ရင္း လည္ပင္းကိုပင္လယ္ကဆြဲဖက္ထားတာမို႔...စည္းရဲ႕မ်က္ႏွာကသူ႔ရင္ဘတ္နဲ႔နီးနီးကပ္ကပ္ေလး...
(ကဲ...ဘယ္လိုလုပ္ၾကမလဲ...
ကြ်န္ေတာ္ေတာ့အဲဒီအေနအထားနဲ႔ဆိုရင္...
ကိုေဇာ္ပိုင္သီခ်င္းလိုပဲ...
ရင္ခုန္ရလြန္းလို႔႐ူးမွာပဲ...)
ဒုကၡေတာ့မ်ားေတာ့မွာပဲ...ပင္လယ္ရာ...
စည္းကေတာ့...ရယ္ရမလိုမဲ့ရမလိုေလးနဲ႔...
မဲ့ျပံဳးေလးျပံဳးလို႔...။
"အင္း...ဟီး...."
ေနမေကာင္းျဖစ္ေနတာမို႔ေရႊစိတ္ေတာ္ကညိဳလြယ္ေနလို႔ဘာမွျပန္မေျပာေတာ့ဘဲ...
ဆြဲလက္စကို မမီ့တမီနဲ႔ဆြဲရသည္။
"စည္း...ဒီပံုအတိုင္းအတည္ေဆာက္မွာလား"
"အင္း...အဲလိုလဲတပ္အပ္ေျပာလို႔မရဘူး...ေျပာင္းရင္ေျပာင္းမွာ...
ဒါကပံုၾကမ္းပဲရွိေသးတာေလ...
ဒါကိုသူတို႔ကၾကည္ၿပီးမွေဆာက္ဖို႔ျဖစ္ႏိုင္မျဖစ္ႏိုင္ထပ္ၿပီးၾကည့္၊ၿပီးရင္ေတာ့အတည္ျပဳ၊ခန္႔မွန္းဘတ္ဂ်က္ကိုတြက္ခ်က္ၿပီးသံုးမယ့္ပစၥည္းလိုက္ၾကည့္လို႔အိုေကၿပီဆိုရင္အလုပ္စၿပီ"
"အင္း..."
သူကစည္းဆြဲေနတဲ့စာရြက္ေလးကိုၾကည့္ၿပီးေခါင္းေလးညိတ္ကာအင္းလိုက္ေနေပမယ့္...
ေၾကာင္ေပါက္ေလးလိုတစ္ကိုယ္လံုးရင္ခြင္ထဲပစ္ဝင္ကာကိုယ္ေပၚမွာတက္ထိုင္ေနေတာ့...
စည္းတစ္ေယာက္ဒိန္းတလိန္းနတ္ပူးေနသလိုပဲ...
ရင္ခုန္ရလြန္းလို႔႐ူးမတတ္ျဖစ္ရသည္။
(ကိုယ္ေတာ္ေလးကေနမေကာင္းဘူးကိုယ္ေတာ္ႀကီးရဲ႕...စိတ္ေတြထိန္းစမ္း... 😅😅😅)
Unicode
"မင်းမလိုက်နဲ့တော့...နေသိပ်မကောင်းသေးဘဲနဲ့"
ဒုတိယမြောက်ရက်မှာပင်လယ်က
အဖျားတော့ကျနေပေမယ့်ခေါင်းကိုက်တာကတော့ကျန်နေဆဲမို့..
ဆေးခန်းခဏသွားပြီးတော့ဆေးယူရသေး၏။
ဒီနေ့သူအပြင်သွားဖို့ပြင်နေတုန်း
ပင်လယ်ကအဝတ်လဲပြီးဖင်လေးတကြွကြွ။
"ကျွန်တော်အိမ်မှာမှမကျန်ခဲ့ချင်တာ...တစ်ယောက်ထဲကြီး..."
စည်း'ကဒီနေ့ဆောက်လုပ်ရေးပိုင်းတာဝန်ခံတွေနဲ့ဒိုင်းမွန်းဟောက်စ်ရဲ့ပြုပြင်ပြင်ဆင်မှုနဲ့ပတ်သက်ပြီးတော့အစည်းဝေးလုပ်ပြီးတာနဲ့ဒိုင်းမွန်းဟောက်စ်ကိုသွားရမှာဖြစ်သည်။
ခရီးကဝေးလို့...နောက်ပြီးတော့ကားနဲ့သွားရမှာမို့လို့...စိတ်ပူနေတာပါ။
ပတ်ဝန်းကျင်အခြေနေနဲ့အဆောက်ဦမြေကိုလေ့လာတာနဲ့ဘာနဲ့ဆိုညအိပ်ဖြစ်မလားမပြောတတ်ပေ။
"အဲမှာညအိပ်ရင်အိပ်မှာ..."
"အဲဒါပဲ...လုံးဝမကျန်ခဲ့နိုင်ဘူး...ညဘက်တစ်ယောက်ထဲမအိပ်နိုင်ဘူး..."
"အိပ်မယ်မအိပ်ဘူးကမသေချာဘူးလေ...တော်ကြာလူပင်ပန်းရင်အဖျားကအရစ်ရှည်နေမှာစိုးလို့..."
"လိုက်မှာပဲ...အဖျားကျနေပြီ..."
မလိုက်ရမှာစိုးလို့အတင်းကပ်တွယ်နေတာ၊
ရစ်စိန်တို့က....ခက်ပြန်ပြီ။
ဆူပူကောက်ချိတ်နေတာလေးကိုသနားလို့ခေါ်ခဲ့လိုက်သည်။
စည်းက...ကားမောင်းနေရင်းနဲ့ပင်လယ့်ကိုခဏခဏကြည့်နေရသည်။
ကားတံခါးလည်းမဖွင့်ရဲ...သူ့ကိုယ်လေးမအေးနေဖို့ဂရုတစိုက်နဲ့...လက်ကလေးခဏခဏပြေးစမ်းနေမိသည်။
စည်း'ကသာသူ့ကိုအရိပ်တကြည့်ကြည့်ဖြစ်နေတာ...သူကတံခါးဖွင့်ပြီးစီးကရက်တောင်သောက်လိုက်သေး...
"ပင်လယ်...မင်း...လေစိမ်းတွေတိုက်ခံရင်အဖျားပြန်တက်မှာနော်...နောက်တော့မှသောက်ပါလား..."
"ခဏပဲကို...ဒီလောက်တော့အပျော့ပဲ...ပြန်မဖျားဘူးစိတ်ချ..."
ပြန်ပြောတဲ့ရုပ်လေးကိုကထုထည့်ချင်စရာလေး...။
အနောက်ခန်းထဲမှာဆောက်လုပ်ရေးတာဝန်ခံနဲ့လက်ထောက်နှစ်ယောက်ပါလာသေးတာမို့...
သူ့ကိုအရမ်းကြီးစိုးရိမ်ပြီးယုယနေလို့လည်းမဖြစ်...။
သူတို့တွေကိုယ့်အကြောင်းကိုသိမှာမဟုတ်ပေမယ့်...
မလုံနိုင်တဲ့သူကတော့မျက်နှာပူရတာကပူရတာပါပဲ...။
ကားထဲမှာအဲယားကွန်းကိုအမြင့်ကြီးတင်မထားတာမို့...ပုံမှန်လူဆိုရင်ပူနေမှာပဲဖြစ်သည်။
စည်း'လည်းပူလောင်သလိုခံစားရပေမယ့်...မတတ်နိုင်ပါ။
အရေးကြီးပုဂ္ဂိုလ်ကအရေးကြီးပုဂ္ဂိုလ်ပဲလေ...တပြားသားမှမလျော့န်ိုင်ပေါင်...။
😑😑😑
မြေတိုင်းတာတွေမြေစမ်းတာတွေလုပ်ပြီးတော့ဟိုနားဒီနားကိုတပတ်လှည့်ကြည့်ကြကာ...ညနေဘက်လောက်မှာပြန်ခဲ့ကြသည်မို့တော်သေးသည်။
ညအိပ်ရရင်လည်းကိစ္စတော့မရှိပေမယ့်...
သူ...အဖျားပြန်တက်လာမှာကိုပဲစိုးရိမ်ရသည်လေ။
အိမ်ပြန်ရောက်တော့...
ငရစ်ကပြဿနာထပ်ရှာသည်။
ငြီးစီစီမို့ရေချိုးမှာတဲ့။
ရေလေးနှစ်ရက်မချိုးရတာသေမတတ်နားညည်းရသေး၏။
အဲဒါကို....ဆရာဝန်ကရေမချိုးနဲ့လို့မပြောလိုက်လို့ပါဆိုပြီးရစ်တာ...
"အဲဒါကဘယ်သူမဆိုသိနေတာပဲလေ...မင်းအရွယ်ကြီးကိုတမင်သက်သက်လိုက်ပြောနေစရာလား"
"ပြောရမှာပဲ...အခုကပြောမှမပြောတာရေချိုးလို့ရတယ်ဆိုတဲ့သဘောပဲ...မသိဘူး...ရေချိုးချင်တယ်"
ပင်လယ်ကတီရှပ်တွေတကယ်ချွတ်ပစ်ပြီးတော့အိမ်နောက်ဖေးဝင်သွားတော့အူယားဖားယားလိုက်ဆွဲရသည်။
"နေပါဦး...ဒီတစ်ညပဲ...မနက်ဖြန်ကျမှရေချိုးတော့...ဒီညတော့မချိုးနဲ့..."
"ဟာ့...နှစ်ရက်တောင်ရှိပြီအဖျားကကျနေပြီ...
ဒီနေ့ကားစီးပြီးသွားလိုက်ပြန်လိုက်နဲ့လူကညောင်းနေတာ...မရဘူး...ချိုးမှာ"
"ပင်လယ်...ညနက်နေပြီကွာ..."
"ကိုးနာရီဆိုတာညမနက်ပါဘူး...စောသေးတယ်"
ခက်တာပဲ...
"မနက်ဖြန်ထိပဲစောင့်...နော်...လိမ္မာတယ်..."
ဖက်ထားတာမဟုတ်ဘဲတုပ်ပြီးဖမ်းထားသလိုအတင်းဆွဲထားရကာ...
"မရစ်နဲ့ကွာ...မနက်ဖြန်အထိပဲစောင့်နော်"
ဆိုပြီးတော့သူ့ကိုအိမ်ရှေ့အတင်းခေါ်ပြီးထိုင်ခိုင်း
ရသည်။
"ကိုယ်...အလုပ်လုပ်မှာမို့ငြိမ်ငြိမ်လေးနေ၊ ဟုတ်ပြီလား"
မနက်ဖြန်ကျရင်ဒီဇိုင်းအကြမ်းတွေအကုန်ထုတ်ပေးရမှာမို့လို့ဒီညအကုန်ပြီးဖို့လိုတာ...
ငရစ်လေးကပြောမရဆိုမရနဲ့ ခေါင်းကမာနေသေး။
"နော်...ကိုကို့ကလေးကလိမ္မာတယ်..."
နဖူးလေးနမ်းပြီးစည်းကချော့ရသည်။
ချော့လိုက်တော့မှ...ကိုယ်တော်လေးကပျော့ကျလာကာ...
"ဒီဘက်...ဒီဘက်ရော..."
သူ့ပါးတွေလှည့်ပေးတာတစ်ဖက်ပြီးတစ်ဖက်...။
နောက်ပြီးလာသေးတယ်...
"သက်စေ့နမ်းရင်ကျေနပ်တယ်..."
"ငါ့ကိုအသက်ရှူရပ်ပြီးသေအောင်လုပ်နေတာလား...ငရှုပ်လေးရဲ့..."
စည်းကအဲလိုပြောပေမယ့်...
မမောနိုင်မပန်းနိုင်နမ်းတာပါပဲ။
ချစ်တာကိုး။
😂😂😂
ငရစ်လုံးက...
ဆေးသောက်ပြီးတော့အိပ်ချင်နေတာတောင်မှမအိပ်ဘဲအနားမှာရစ်သီရစ်သီ လာလာနေသည်။
ခုံတစ်လုံးကိုထမင်းစားပွဲဆီကနေယူထုတ်လာပြီးတော့စာရေးစားပွဲမှာမရရအောင်ကပ်ထိုင်ကာ...
စည်းဆွဲနေသလိုလေးတွေသူ့စာရွက်နဲ့သူလိုက်ဆွဲတာ...
ဆွဲလို့မရတော့တာတွေဆို...
"ဒါလေးဘယ်လိုဆွဲရမလဲ..."လို့စည်းရဲ့လက်ကိုဆွဲတားပြီးတော့လိုက်လိုက်မေးတတ်သည်။
သူရှုပ်နေတာနဲ့...
ဒီညတော့အကြမ်းထည်တောင်ပြီးမယ်မထင်...။
"ငါတော့ညလုံးပေါက်တော့မှာပဲ...မရှုပ်နဲ့ကွာ..."
မရှုပ်နဲ့လို့ပြောတော့လည်းနေပင်လယ့်မျက်နှာလေးကငယ်ကျသွားကာသနားစရာလေး...
"ငါဒီညဒါလေးအပြီးသတ်ချင်လို့...လိမ္မာတယ်နော်...အဲဒီဒီဇိုင်းကြမ်းမပြီးရင်ဆောက်လုပ်ရေးနောက်ကျလိမ့်မယ်..."
သူ့စာရွက်လေးကနေစည်း'ကမျက်လုံးလှည့်ကြည့်မလာဘဲပြန်ဖြေတော့...
မျက်နှာလေးစူပုတ်ပြီးတော့ပင်လယ်ကထရပ်သည်။
"ကျွန်တော်ကရှုပ်နေတယ်ပေါ့..."
"မဟုတ်ပါဘူး..."
အဲဒီတော့မှပင်လယ့်ကိုမော့ကြည့်ကာပျာပျာသလဲနဲ့နောက်ရွေ့သွားတဲ့ခုံလေးကိုပြန်ဆွဲပြီး...
ပြန်ထိုင်ခိုင်းရသည်။
"ပြန်ထိုင်နော်..."
"တော်ပြီ...အခန်းထဲပဲသွားနေတော့မယ်..."
"ပြန်ထိုင်ပါ...ကိုယ်....အဲဒီလိုပြောတာမဟုတ်ဘူး..."
စည်းကခုနကရှုပ်တယ်လို့ပြောလိုက်တာကိုစိတ်မကောင်းဖြစ်သွားမှန်းသိတော့ သေချာချော့ရသည်။
"တစ်ယောက်ထဲကြောက်တယ်ဆို...မအိပ်ချင်သေးလို့ဆို..."
"-----"
"ကိုယ်ခဏလေးပဲ...ဒါလေးပြီးရင်အဆုံးသတ်ပြီ..."
ပင်လယ့်လက်ကလေးကိုဆွဲချကာပြန်ထိုင်စေတော့...
ပင်လယ်ကခုံပေါ်ထိုင်မချဘဲနဲ့စည်းရဲ့ပေါင်ပေါ်ထိုင်ချကာနေပင်လယ်ကသူ့လည်ပင်းလေးကိုဆွဲဖက်၏။
"ဒီမှာထိုင်မှာ..."
"ဟင်..."
"ဘာလဲ...ထိုင်ချင်လို့လေ...မရဘူးလား"
ပေါင်ပေါ်ကိုတက်ထိုင်နေတော့ ရှေ့စားပွဲကစာရွက်ကိုဘာမှမမြင်ရ။
အဲဒါနဲ့ပဲ ဘယ်လိုဆက်ဆွဲရမှန်းမသိဘဲ စည်းက အူတူတူလေးဖြစ်သွားသည်။
"မရလဲထိုင်ချင်နေလို့...ဘယ်လိုလုပ်ရမလဲ"
"ဟင်...ရှေ့ကစာရွက်နဲ့ဝေးသွားပြီကို...ဆွဲလို့ဘယ်ရမလဲ"
"ဘာလို့ဆွဲလို့မရရမှာလဲ..."
ပင်လယ်ကပြောပြီးတာနဲ့စည်းရဲ့လက်ကိုသူ့ခါးဘေးကနေလျှိုသွင်းစေကာစားပွဲပေါ်တင်ပေး၏။
"မြင်ရတယ်မလား...ဆွဲလို့ရတယ်...ကျွန်တော့်ကိုယ်ကိုကျုံ့ပေးထားမှာ"
ဘေးတစောင်းလေးထိုင်ရင်း လည်ပင်းကိုပင်လယ်ကဆွဲဖက်ထားတာမို့...စည်းရဲ့မျက်နှာကသူ့ရင်ဘတ်နဲ့နီးနီးကပ်ကပ်လေး...
(ကဲ...ဘယ်လိုလုပ်ကြမလဲ...
ကျွန်တော်တော့အဲဒီအနေအထားနဲ့ဆိုရင်...
ကိုဇော်ပိုင်သီချင်းလိုပဲ...
ရင်ခုန်ရလွန်းလို့ရူးမှာပဲ...)
ဒုက္ခတော့များတော့မှာပဲ...ပင်လယ်ရာ...
စည်းကတော့...ရယ်ရမလိုမဲ့ရမလိုလေးနဲ့...
မဲ့ပြုံးလေးပြုံးလို့...။
"အင်း...ဟီး...."
နေမကောင်းဖြစ်နေတာမို့ရွှေစိတ်တော်ကညိုလွယ်နေလို့ဘာမှပြန်မပြောတော့ဘဲ...
ဆွဲလက်စကို မမီ့တမီနဲ့ဆွဲရသည်။
"စည်း...ဒီပုံအတိုင်းအတည်ဆောက်မှာလား"
"အင်း...အဲလိုလဲတပ်အပ်ပြောလို့မရဘူး...ပြောင်းရင်ပြောင်းမှာ...
ဒါကပုံကြမ်းပဲရှိသေးတာလေ...
ဒါကိုသူတို့ကကြည်ပြီးမှဆောက်ဖို့ဖြစ်နိုင်မဖြစ်နိုင်ထပ်ပြီးကြည့်၊ပြီးရင်တော့အတည်ပြု၊ခန့်မှန်းဘတ်ဂျက်ကိုတွက်ချက်ပြီးသုံးမယ့်ပစ္စည်းလိုက်ကြည့်လို့အိုကေပြီဆိုရင်အလုပ်စပြီ"
"အင်း..."
သူကစည်းဆွဲနေတဲ့စာရွက်လေးကိုကြည့်ပြီးခေါင်းလေးညိတ်ကာအင်းလိုက်နေပေမယ့်...
ကြောင်ပေါက်လေးလိုတစ်ကိုယ်လုံးရင်ခွင်ထဲပစ်ဝင်ကာကိုယ်ပေါ်မှာတက်ထိုင်နေတော့...
စည်းတစ်ယောက်ဒိန်းတလိန်းနတ်ပူးနေသလိုပဲ...
ရင်ခုန်ရလွန်းလို့ရူးမတတ်ဖြစ်ရသည်။
(ကိုယ်တော်လေးကနေမကောင်းဘူးကိုယ်တော်ကြီးရဲ့...စိတ်တွေထိန်းစမ်း... 😅😅😅)