"တာ့တာ...မင္းတို႔ပြဲက်ရင္ဖိတ္ဦးေနာ္..."
ေဇယ်ကခပ္တည္တည္နဲ႔ေနာက္ေတာ့...
ေနပင္လယ္မ်က္လံုးျပဴးၿပီးလက္သီးဆုပ္ျပသည္။
"ဘာ...ဘာ..."
"မင္း resort လုပ္မွာဆို...အဲဒီဖြင့္ပြဲက်ရင္ဖိတ္ဦးလို႔ေျပာတာေလ...ဘာေတြအေတြးေခ်ာ္ေနတာလဲ..."
"အာမေခ်ာင္နဲ႔...လဒ"
စည္း'ကေတာ့ကားေပၚကဆင္းတာနဲ႔ ေဇယ်တို႔ကိုနႈတ္ဆက္ၿပီးတာနဲ႔တန္းမတ္စြာအိမ္ထဲဝင္၏။
"ေဇယ်...အိမ္ထဲဝင္ဦး..."
"မဝင္ေတာ့ဘူး...ငါ...ေနာက္က်ေနၿပီ...ေနာက္အတန္းခ်ိန္ပ်က္လို႔မရေတာ့ဘူး...မေကာင္းဘူး...မင္းမာမီကိုနႈတ္ဆက္တယ္လို႔...ေနာ္"
"အင္း...ဂ႐ုစိုက္"
"စႀကၤာတို႔ေရာ...ငရန္ေရာ...တာ့တာ...ေနာက္မွထပ္ေတြ႕ရေအာင္..."
"အိုေက..."
"ပင္လယ္...ခဏ..."
စႀကၤာကလွမ္းေခၚတာေၾကာင့္...ကားေနာက္ခန္းတံခါးဝဆီပင္လယ္ကကပ္သည္။
စႀကၤာကသူ႔နႈတ္ခမ္းေပၚလက္ညိဳးေလးႏွစ္ေခ်ာင္းျဖတ္တင္ၿပီးႁပြတ္'ကနဲအသံထြက္ကာ...
"အာဘြား..." ဆိုၿပီးသူ႔လက္ႏွစ္ေခ်ာင္းကိုပင္လယ့္နႈတ္ခမ္းဆီထိကပ္၏။
ၿပီးမွစႀကၤာကနႈတ္ခမ္းေလးစုေထာ္ကာျပသည္။
"ခ်စ္တယ္"
"ခ်ီး...ငရႈပ္ေကာင္...ဖြ...ဖြ..."
လာထိသြားတဲ့သူ႔နႈတ္ခမ္းကိုလက္ဝါးနဲ႔သုတ္သလိုဖ်က္လိုက္ၿပီး...မွစႀကၤာရဲ႕လက္ေမာင္းကိုဖ်န္းခနဲခ်ထည့္ေပးလိုက္သည္။
"ေစာေစာစီးစီးအကုသိုလ္ေပးတာ...မသာေလး"
"ဟိတ္ေကာင္...စႀကၤာ...ေတာ္ၿပီ...သြားမယ္...ပင္လယ္...ဝင္ေတာ့.."
ေဇယ်ကပဲၾကားကေနဇာတ္လမ္းဝင္ျဖတ္ေပးရျပန္သည္။
စႀကၤာကစီးကပ္ကပ္လုပ္ၿပီဆိုရင္မၿပီးေတာ့တာမို႔...ကားကိုအျမန္ေမာင္းထြက္ရသည္။
ဒါေတာင္မွ...စႀကၤာဆိုတဲ့ငေကြးကေအာ္သြားေသး...
"မေတြ႕တာၾကာလို႔ေပ်ာ္ေနတာ...ဟိ...ခ်စ္တယ္...ေနာက္မွဇာတ္လမ္းထပ္ဆက္ၾကတာေပါ့...ကိုကို႔'ကိုထပ္ေတြ႕ခ်င္ေသးတယ္လို႔ေျပာေပးကြာ..."
"ေဘာပဲ..."
မနက္ခင္းႀကီးမဆဲဘူးလို႔စိတ္ကူးေပမယ့္...မေအာင့္ႏိုင္ေတာ့ဘဲ တျဖည္းျဖည္းလိမ့္သြားတဲ့ကားေနာက္ၿမီးဆီေျပးလိုက္ကာေနပင္လယ္ေအာ္ဆဲပစ္လိုက္သည္။
"ဟဲ့...သား...ဘယ္လိုျဖစ္ေနတာတုန္း...အိမ္ေရွ႕မွာ..."
မာမီကစည္းဝင္သြားၿပီးမွအိမ္ထဲကထြက္လာတာျဖစ္သည္။
မာမီရွိေနမွန္းမသိေတာ့ေျပာမိတာ၊
လူႀကီးမိဘေရွ႕မွာ သူမ႐ိုင္းခ်င္ဘူး။
"ဟီး...ကန္ေတာ့...မာမီ"
စည္းကအိမ္ထဲဝင္သြားၿပီးမွမွန္ျပတင္းေလးကေနျပန္ေခ်ာင္းၾကည့္ေနခဲ့ကာ...ဒါေတြကိုအကုန္ျမင္လိုက္၏။
ငရဲသားေလးေတြ...ျပန္ခါနီးေတာင္အကုသိုလ္အတံုးလိုက္အတစ္လိုက္ရင္ထဲလာထည့္သြားေသးတယ္။
ပင္လယ္ဆိုတဲ့ငတိ'ကလည္းျပံဳးေနလိုက္တာ...
ေတာ္ေတာ္ေက်နပ္ေနသလားမသိ။
ေနဦး...ပညာျပရဦးမယ္...
ဒင္းေၾကာင့္...အူတိုၿပီးရင္ပူရလြန္းလို႔...အေငြ႕ပ်ံမတတ္ျဖစ္ေနရကာ...
ညကတစ္ညလံုး ေကာင္းေကာင္းအိပ္လို႔မရခဲ့ေတာ့...လူကၿငီးစီစီႀကီးနဲ႔စိတ္ေတြကမၾကည္လင္ေနခဲ့ပါ။
ေန႔လည္ေလာက္မွာပင္လယ္ရယ္...သူ႔မာမီရယ္...ဦးလတ္ရယ္...စည္းရယ္...ေလးေယာက္သားဒိုင္းမြန္းေဟာက္စ္ကိုသြားၾက၏။
ႏွစ္ေယာက္အတူျပန္လာႏိုင္ခဲ့တဲ့ ထိုကမ္းေျခေလးကအရင္ကထက္ပိုၿပီးလွပလို႔...
ေလညင္းေတြကပိုၿပီးလတ္ဆတ္ေန၏။
သို႔ေသာ္...စည္းကလမ္းတစ္ေလွ်ာက္လံုးမ်က္ႏွာေလးတည္ေနခဲ့ကာ...ရင္ဘတ္ထဲမွာတနံု႔နံု႔နဲ႔။
မနက္ခင္းတုန္းကကိစၥကိုေခါင္းထဲကေနမထုတ္ႏိုင္ေသးတဲ့ပံု။
ဒိုင္းမြန္းေဟာက္စ္ကိုေရာက္တဲ့အထိ မ်က္ႏွာေလးကညိဳလို႔။
ေရႊ႐ုပ္ကေက်ာင္းပိတ္ထားေတာ့သူ႔အေမနဲ႔ အတူဒိုင္းမြန္းေဟာက္စ္မွာေရာက္ေနခဲ့တဲ့႔အျပင္ ဦးေနာင္ေနာင္ရယ္...
ယမံုရယ္...သူမရဲ႕အေဒၚပါရွိေနတာေၾကာင့္လူစံုေန၏။
ေရာက္လာကတည္းက ပင္လယ့္ကိုေရွာင္ရွားေနခဲ့တဲ့စည္းက ညဘက္ေရာက္တဲ့အထိ လူအလစ္မခံခဲ့ဘူး။
ဘာျဖစ္လို႔ဘာျဖစ္ေနမွန္းမသိတဲ့ ပင္လယ္ကေတာ့ စည္းရဲ႕အနားကိုပဲကပ္ဖို႔ၾကံေနခဲ့ရင္း...
"စည္း...ငါတို႔လမ္းေလွ်ာက္သြားၾကမယ္..."
ဧည့္ခန္းထဲမွာ ေရႊ႐ုပ္နဲ႔အတူ ႐ုပ္ရွင္ၾကည့္ေနခဲ့တဲ့စည္းက သူ႔ကိုလွည့္ေတာင္မၾကည့္ဘူး။
"တေနကုန္ကားေမာင္းလာရတာ ငါ...ပင္ပန္းေနလို႔၊ မလိုက္ေတာ့ဘူး.."...တဲ့။
ညအိပ္တာေတာင္မွကိုယ့္အခန္းနဲ႔ကိုယ္အိပ္ဆိုၿပီး...
သူ႔အခန္းကို ဒုန္းကနဲတံခါးေဆာင့္ပိတ္သြားတာျပန္မဖြင့္ေပးလို႔အၾကာႀကီးေစာင့္ေနခဲ့ေပမယ့္...စည္း'က တကယ္လာမဖြင့္ေပးခဲ့။
နံေဘးခန္းမွာသူ႔အေမတို႔ရွိေနေသးတာေၾကာင့္ တဒုန္းဒုန္းထုၿပီးရစ္ဖို႔ၾကံၿပီးမွ ပင္လယ္ကလက္ေလ်ာ့လိုက္ရသည္။
စည္း'ကသူ႔ကို က်ဥ္ထားတာကိုဝမ္းနည္းသည္။
မေန႔ညတုန္းကေသာက္ထားတဲ့အရွိန္နဲ႔လူကၿပိဳင္းေနတာ...ညသိပ္မနက္ခင္ကတည္းက အိပ္ခ်င္လြန္းေနေတာ့...
တံခါးဖြင့္လာမွာကိုအၾကာႀကီးမေစာင့္ေတာ့ဘဲ ကိုယ့္ဘာသာတစ္ခန္းသြားအိပ္လိုက္ရသည္။
အခန္းေတြအကုန္လံုးသန္႔ရွင္းေရးလုပ္ထားတာေၾကာင့္အသင့္ဝင္အိပ္ရံုေပမယ့္...
ညဘက္တစ္ေယာက္ထဲမို႔ေၾကာက္တာေရာ...
လူမရွိေတာ့အားငယ္တာေရာ...
နံေဘးမွာစည္းမရွိလို႔မေနတတ္တာေရာ...
ေနပင္လယ္တစ္ေယာက္ထဲဗ်ာမ်ားခဲ့၏။
သူ႔ကို ရက္စက္လိုက္တာလို႔ေတြးေနရင္း...ဝမ္းနည္းခ်င္သည္။
စည္းဆိုတဲ့ ဘဲႀကီးကိုလက္စားေခ်မည္။
ခင္ဗ်ား...မိုးေကာင္းတုန္းရြာထားေပါ့...
ကြ်န္ေတာ္မုန္တိုင္းထန္ၿပီဆိုမေၾကာက္ေၾကး...။
အခန္းထဲမွာမီးေတြထိန္လင္းေအာင္ဖြင့္ထားၿပီးတစ္ေယာက္ထဲေၾကာက္ေနခဲ့ေပမယ့္...
ႀကိဳးစားၿပီးေတာ့ေစာင္ေလးေခါင္းျခံဳၿပီးအိပ္ရ၏။
အိပ္ေရးပ်က္ထားၿပီးကားလည္းအၾကာႀကီးစီးခဲ့ရသည္မို႔...ခဏၾကာေတာ့အိပ္ေပ်ာ္ေလသည္။
အိပ္မက္ထဲမွာေတာင္...စည္း'ကမ်က္လံုးစိမ္းႀကီးေတြနဲ႔...သူ႔ကိုၾကည့္ေနခဲ့၏။
အဲလိုမ်ိဳးမက်ီစားပါနဲ႔...စည္းရယ္...
ခင္ဗ်ား...မ်က္ႏွာညိဳရင္ကြ်န္ေတာ္မေနတတ္လို႔...
ကြ်န္ေတာ္ဘာမွားလို႔ အဲဒီလို စိမ္းကားေနရတာလဲ...
ေျဖပါ...
ဟင့္အင္း...မသြားရဘူး...
ေက်ာမခိုင္းပါနဲ႔...ဘာလို႔လဲ...
အိပ္မက္ထဲမွာ သူ႔ကိုေက်ာခိုင္းထားတဲ့စည္းရဲ႕ေနာက္ကို အသည္းအသန္လိုက္ေနခဲ့ရတာ...ေမာပန္းစြာ...
စည္း..!...
ေအာ္ေခၚေနေပမယ့္အသံကေတာ့မထြက္လာခဲ့ဘဲနႈတ္ခမ္းေလးသာဆတ္ဆတ္တုန္ေနခဲ့၏။
မနက္ေဝလီေဝလင္းက်မွ စည္း'လည္းႏိုးလာခဲ့ၿပီးပင္လယ့္ကိုရွာသည္။
သူ႔အခန္းနံေဘးကအခန္းေလးက တံခါးေလးဟ,ေနေတာ့ ဝင္ၾကည့္လိုက္တာ ပင္လယ့္ကိုေတြ႕ရသည္။
ေစာင္ေလးတစ္ဝက္တပ်က္ျခံဳထားၿပီး...
အိပ္ေနရင္းနဲ႔မ်က္ခံုးေဘးေတြတြန္႔လာလိုက္...
တခုခုေျပာေနသလိုနႈတ္ခမ္းေလးဆတ္ကနဲတုန္သြားလိုက္နဲ႔...
ပင္လယ္...အိပ္မက္မက္ေနတာျဖစ္ရမည္။
ညတုန္းကတံခါးေရွ႕မွာ သူလာေစာင့္ေနတာသိေနေပမယ့္... တင္းေနတဲ့စိတ္ကမေျပေသးေတာ့ပစ္ထားလိုက္ၿပီး...တံခါးလံုးဝမဖြင့္ေပးဘဲအိပ္ခဲ့သည္။
အဲဒီမတိုင္ခင္ အရက္ေသာက္တဲ့ညတုန္းကလည္းေသခ်ာမအိပ္ခဲ့ရဘဲ...
ကားကိုေျခာက္နာရီေလာက္ဆက္ေမာင္းခဲ့ရတာမို႔...
လံုးဝမဟန္ႏိုင္ဘဲေခါင္းအံုးထိတာနဲ႔အိပ္ေပ်ာ္သြားခဲ့တာ...
သူတမင္တကာ စိမ္းခ်င္လို႔ေတာ့မဟုတ္။
သူ႔ဆီကိုပင္လယ္ေရာက္မလာခင္တပတ္ေလာက္ကတည္းက...အလုပ္မ်ားၿပီးအိပ္ေရးဆက္တိုက္ပ်က္ထားေတာ့ အားေတာ္ေတာ္က်ိဳးေနတာပါ။
အစားလည္းသိပ္ၿပီးစားလို႔မဝင္တာေၾကာင့္အားနည္းကာမဟန္ေတာ့တာကိုယ့္ဘာသာပဲသိပါသည္။
ညကတံခါးလာေခါက္ေနတာကိုၾကားေနေပမယ့္...
ခဏေလးဆိုၿပီးပညာျပကာလြတ္ထားလိုက္သည္။
ကေလးနဲ႔ၿပိဳင္ၿပီးစိတ္ေကာက္ကာ သဝန္တိုမည္။
စႀကၤာရဲ႕မ်က္ႏွာကိုျပန္ျမင္ေယာင္လာကာမွ ပိုၿပီးမေက်မနပ္ျဖစ္လာသည္။
သူ႔ကိုပိုင္စိုးပိုင္နင္းနဲ႔ ကိုကို'ေခၚတဲ့အျပင္ ပင္လယ့္ကိုပါထိကပါးရိကပါးနဲ႔...
ပါးစပ္သရမ္း၊ လက္သရမ္းေလးေတြ။
ဒါေပမယ့္လည္း ပင္လယ့္မ်က္ႏွာေလးကိုၾကည့္ရင္း ေကာက္ခ်င္တဲ့စိတ္တို႔ကတာရွည္မခံခဲ့။
ေစာင္ေထြးေလးထဲအိပ္ေနတဲ့ပင္လယ့္ေဘးမွာထိုင္ခ်လိုက္ၿပီး ဆံပင္ေလးေတြသပ္ေပးကာျမတ္ႏိုးစြာၾကည့္ေနမိျပန္သည္။
နဳတ္ခမ္းေလးေတြေကြးလိုက္...မဲ့သြားလိုက္...
မ်က္ခံုးေလးေတြတြန္႔လိုက္နဲ႔ပင္လယ့္မ်က္ႏွာေလးကမၿငိမ္သက္။
အဲဒီငေလာင္ေတြကိုပါအိပ္မက္ထဲထည့္မက္ေနတာလား။
သူ႔အိပ္မက္ေတြအထိသဝန္တိုေနမိတဲ့ကိုယ့္ကိုကိုယ္ေတာင္ ရယ္ခ်င္သြားသည္။
အဟား...အခ်စ္ဆိုတာကလည္း တကယ္ကို အခက္သားလား။
အိပ္မက္ဆိုးေတြမ်ားမက္ေနသလားလို႔ ေတြးမိလာေတာ့သနားသြားၿပီး...
သူ႔ကိုတစ္ေယာက္ထဲေပးအိပ္လိုက္မိတဲ့ ကိုယ့္ကိုကိုယ္အျပစ္တင္ခ်င္လာသည္။
ပုခံုးေလးေတြတုန္ရီေနတဲ့ပင္လယ့္ကိုေထြးေပြ႕လိုက္မလို႔ၾကံၿပီးမွ...
အခန္းတံခါးကိုမပိတ္ခဲ့မိတာမို႔...လက္ကိုျပန္႐ုပ္လိုက္ၿပီးတံခါးဝဆီထသြားၿပီးပိတ္ဖို႔ျပင္ေတာ့...သူ႔အေမကဝင္လာခဲ့တာနဲ႔ကြက္တိျဖစ္သြားခဲ့သည္။
"သား...စည္း...ေစာလွခ်ည္လား..."
"ဟုတ္..."
"မင္းတို႔ တစ္ခန္းထဲအိပ္ၾကတာလား"
"မဟုတ္...မဟုတ္ပါဘူး...ကြ်န္ေတာ္နံေဘးခန္းမွာအိပ္တာ၊ အခုမွႏိုးလို႔ဝင္လာတာ..."
သူ႔မာမီဝင္လာတာမို႔စည္း'ကျပံဳးျပံဳးေလးလုပ္ကာေအာက္ထပ္ဆင္းသြားရေတာ့သည္။
ဟူး....ေတာ္ေသး၏။
ခုနကမေပြ႕လိုက္မိတာ....ကံေကာင္း။
😎😎😎
Unicode
"တာ့တာ...မင်းတို့ပွဲကျရင်ဖိတ်ဦးနော်..."
ဇေယျကခပ်တည်တည်နဲ့နောက်တော့...
နေပင်လယ်မျက်လုံးပြူးပြီးလက်သီးဆုပ်ပြသည်။
"ဘာ...ဘာ..."
"မင်း resort လုပ်မှာဆို...အဲဒီဖွင့်ပွဲကျရင်ဖိတ်ဦးလို့ပြောတာလေ...ဘာတွေအတွေးချော်နေတာလဲ..."
"အာမချောင်နဲ့...လဒ"
စည်း'ကတော့ကားပေါ်ကဆင်းတာနဲ့ ဇေယျတို့ကိုနှုတ်ဆက်ပြီးတာနဲ့တန်းမတ်စွာအိမ်ထဲဝင်၏။
"ဇေယျ...အိမ်ထဲဝင်ဦး..."
"မဝင်တော့ဘူး...ငါ...နောက်ကျနေပြီ...နောက်အတန်းချိန်ပျက်လို့မရတော့ဘူး...မကောင်းဘူး...မင်းမာမီကိုနှုတ်ဆက်တယ်လို့...နော်"
"အင်း...ဂရုစိုက်"
"စင်္ကြာတို့ရော...ငရန်ရော...တာ့တာ...နောက်မှထပ်တွေ့ရအောင်..."
"အိုကေ..."
"ပင်လယ်...ခဏ..."
စင်္ကြာကလှမ်းခေါ်တာကြောင့်...ကားနောက်ခန်းတံခါးဝဆီပင်လယ်ကကပ်သည်။
စင်္ကြာကသူ့နှုတ်ခမ်းပေါ်လက်ညိုးလေးနှစ်ချောင်းဖြတ်တင်ပြီးပြွတ်'ကနဲအသံထွက်ကာ...
"အာဘွား..." ဆိုပြီးသူ့လက်နှစ်ချောင်းကိုပင်လယ့်နှုတ်ခမ်းဆီထိကပ်၏။
ပြီးမှစင်္ကြာကနှုတ်ခမ်းလေးစုထော်ကာပြသည်။
"ချစ်တယ်"
"ချီး...ငရှုပ်ကောင်...ဖွ...ဖွ..."
လာထိသွားတဲ့သူ့နှုတ်ခမ်းကိုလက်ဝါးနဲ့သုတ်သလိုဖျက်လိုက်ပြီး...မှစင်္ကြာရဲ့လက်မောင်းကိုဖျန်းခနဲချထည့်ပေးလိုက်သည်။
"စောစောစီးစီးအကုသိုလ်ပေးတာ...မသာလေး"
"ဟိတ်ကောင်...စင်္ကြာ...တော်ပြီ...သွားမယ်...ပင်လယ်...ဝင်တော့.."
ဇေယျကပဲကြားကနေဇာတ်လမ်းဝင်ဖြတ်ပေးရပြန်သည်။
စင်္ကြာကစီးကပ်ကပ်လုပ်ပြီဆိုရင်မပြီးတော့တာမို့...ကားကိုအမြန်မောင်းထွက်ရသည်။
ဒါတောင်မှ...စင်္ကြာဆိုတဲ့ငကွေးကအော်သွားသေး...
"မတွေ့တာကြာလို့ပျော်နေတာ...ဟိ...ချစ်တယ်...နောက်မှဇာတ်လမ်းထပ်ဆက်ကြတာပေါ့...ကိုကို့'ကိုထပ်တွေ့ချင်သေးတယ်လို့ပြောပေးကွာ..."
"ဘောပဲ..."
မနက်ခင်းကြီးမဆဲဘူးလို့စိတ်ကူးပေမယ့်...မအောင့်နိုင်တော့ဘဲ တဖြည်းဖြည်းလိမ့်သွားတဲ့ကားနောက်မြီးဆီပြေးလိုက်ကာနေပင်လယ်အော်ဆဲပစ်လိုက်သည်။
"ဟဲ့...သား...ဘယ်လိုဖြစ်နေတာတုန်း...အိမ်ရှေ့မှာ..."
မာမီကစည်းဝင်သွားပြီးမှအိမ်ထဲကထွက်လာတာဖြစ်သည်။
မာမီရှိနေမှန်းမသိတော့ပြောမိတာ၊
လူကြီးမိဘရှေ့မှာ သူမရိုင်းချင်ဘူး။
"ဟီး...ကန်တော့...မာမီ"
စည်းကအိမ်ထဲဝင်သွားပြီးမှမှန်ပြတင်းလေးကနေပြန်ချောင်းကြည့်နေခဲ့ကာ...ဒါတွေကိုအကုန်မြင်လိုက်၏။
ငရဲသားလေးတွေ...ပြန်ခါနီးတောင်အကုသိုလ်အတုံးလိုက်အတစ်လိုက်ရင်ထဲလာထည့်သွားသေးတယ်။
ပင်လယ်ဆိုတဲ့ငတိ'ကလည်းပြုံးနေလိုက်တာ...
တော်တော်ကျေနပ်နေသလားမသိ။
နေဦး...ပညာပြရဦးမယ်...
ဒင်းကြောင့်...အူတိုပြီးရင်ပူရလွန်းလို့...အငွေ့ပျံမတတ်ဖြစ်နေရကာ...
ညကတစ်ညလုံး ကောင်းကောင်းအိပ်လို့မရခဲ့တော့...လူကငြီးစီစီကြီးနဲ့စိတ်တွေကမကြည်လင်နေခဲ့ပါ။
နေ့လည်လောက်မှာပင်လယ်ရယ်...သူ့မာမီရယ်...ဦးလတ်ရယ်...စည်းရယ်...လေးယောက်သားဒိုင်းမွန်းဟောက်စ်ကိုသွားကြ၏။
နှစ်ယောက်အတူပြန်လာနိုင်ခဲ့တဲ့ ထိုကမ်းခြေလေးကအရင်ကထက်ပိုပြီးလှပလို့...
လေညင်းတွေကပိုပြီးလတ်ဆတ်နေ၏။
သို့သော်...စည်းကလမ်းတစ်လျှောက်လုံးမျက်နှာလေးတည်နေခဲ့ကာ...ရင်ဘတ်ထဲမှာတနုံ့နုံ့နဲ့။
မနက်ခင်းတုန်းကကိစ္စကိုခေါင်းထဲကနေမထုတ်နိုင်သေးတဲ့ပုံ။
ဒိုင်းမွန်းဟောက်စ်ကိုရောက်တဲ့အထိ မျက်နှာလေးကညိုလို့။
ရွှေရုပ်ကကျောင်းပိတ်ထားတော့သူ့အမေနဲ့ အတူဒိုင်းမွန်းဟောက်စ်မှာရောက်နေခဲ့တဲ့့အပြင် ဦးနောင်နောင်ရယ်...
ယမုံရယ်...သူမရဲ့အဒေါ်ပါရှိနေတာကြောင့်လူစုံနေ၏။
ရောက်လာကတည်းက ပင်လယ့်ကိုရှောင်ရှားနေခဲ့တဲ့စည်းက ညဘက်ရောက်တဲ့အထိ လူအလစ်မခံခဲ့ဘူး။
ဘာဖြစ်လို့ဘာဖြစ်နေမှန်းမသိတဲ့ ပင်လယ်ကတော့ စည်းရဲ့အနားကိုပဲကပ်ဖို့ကြံနေခဲ့ရင်း...
"စည်း...ငါတို့လမ်းလျှောက်သွားကြမယ်..."
ဧည့်ခန်းထဲမှာ ရွှေရုပ်နဲ့အတူ ရုပ်ရှင်ကြည့်နေခဲ့တဲ့စည်းက သူ့ကိုလှည့်တောင်မကြည့်ဘူး။
"တနေကုန်ကားမောင်းလာရတာ ငါ...ပင်ပန်းနေလို့၊ မလိုက်တော့ဘူး.."...တဲ့။
ညအိပ်တာတောင်မှကိုယ့်အခန်းနဲ့ကိုယ်အိပ်ဆိုပြီး...
သူ့အခန်းကို ဒုန်းကနဲတံခါးဆောင့်ပိတ်သွားတာပြန်မဖွင့်ပေးလို့အကြာကြီးစောင့်နေခဲ့ပေမယ့်...စည်း'က တကယ်လာမဖွင့်ပေးခဲ့။
နံဘေးခန်းမှာသူ့အမေတို့ရှိနေသေးတာကြောင့် တဒုန်းဒုန်းထုပြီးရစ်ဖို့ကြံပြီးမှ ပင်လယ်ကလက်လျော့လိုက်ရသည်။
စည်း'ကသူ့ကို ကျဉ်ထားတာကိုဝမ်းနည်းသည်။
မနေ့ညတုန်းကသောက်ထားတဲ့အရှိန်နဲ့လူကပြိုင်းနေတာ...ညသိပ်မနက်ခင်ကတည်းက အိပ်ချင်လွန်းနေတော့...
တံခါးဖွင့်လာမှာကိုအကြာကြီးမစောင့်တော့ဘဲ ကိုယ့်ဘာသာတစ်ခန်းသွားအိပ်လိုက်ရသည်။
အခန်းတွေအကုန်လုံးသန့်ရှင်းရေးလုပ်ထားတာကြောင့်အသင့်ဝင်အိပ်ရုံပေမယ့်...
ညဘက်တစ်ယောက်ထဲမို့ကြောက်တာရော...
လူမရှိတော့အားငယ်တာရော...
နံဘေးမှာစည်းမရှိလို့မနေတတ်တာရော...
နေပင်လယ်တစ်ယောက်ထဲဗျာများခဲ့၏။
သူ့ကို ရက်စက်လိုက်တာလို့တွေးနေရင်း...ဝမ်းနည်းချင်သည်။
စည်းဆိုတဲ့ ဘဲကြီးကိုလက်စားချေမည်။
ခင်ဗျား...မိုးကောင်းတုန်းရွာထားပေါ့...
ကျွန်တော်မုန်တိုင်းထန်ပြီဆိုမကြောက်ကြေး...။
အခန်းထဲမှာမီးတွေထိန်လင်းအောင်ဖွင့်ထားပြီးတစ်ယောက်ထဲကြောက်နေခဲ့ပေမယ့်...
ကြိုးစားပြီးတော့စောင်လေးခေါင်းခြုံပြီးအိပ်ရ၏။
အိပ်ရေးပျက်ထားပြီးကားလည်းအကြာကြီးစီးခဲ့ရသည်မို့...ခဏကြာတော့အိပ်ပျော်လေသည်။
အိပ်မက်ထဲမှာတောင်...စည်း'ကမျက်လုံးစိမ်းကြီးတွေနဲ့...သူ့ကိုကြည့်နေခဲ့၏။
အဲလိုမျိုးမကျီစားပါနဲ့...စည်းရယ်...
ခင်ဗျား...မျက်နှာညိုရင်ကျွန်တော်မနေတတ်လို့...
ကျွန်တော်ဘာမှားလို့ အဲဒီလို စိမ်းကားနေရတာလဲ...
ဖြေပါ...
ဟင့်အင်း...မသွားရဘူး...
ကျောမခိုင်းပါနဲ့...ဘာလို့လဲ...
အိပ်မက်ထဲမှာ သူ့ကိုကျောခိုင်းထားတဲ့စည်းရဲ့နောက်ကို အသည်းအသန်လိုက်နေခဲ့ရတာ...မောပန်းစွာ...
စည်း..!...
အော်ခေါ်နေပေမယ့်အသံကတော့မထွက်လာခဲ့ဘဲနှုတ်ခမ်းလေးသာဆတ်ဆတ်တုန်နေခဲ့၏။
မနက်ဝေလီဝေလင်းကျမှ စည်း'လည်းနိုးလာခဲ့ပြီးပင်လယ့်ကိုရှာသည်။
သူ့အခန်းနံဘေးကအခန်းလေးက တံခါးလေးဟ,နေတော့ ဝင်ကြည့်လိုက်တာ ပင်လယ့်ကိုတွေ့ရသည်။
စောင်လေးတစ်ဝက်တပျက်ခြုံထားပြီး...
အိပ်နေရင်းနဲ့မျက်ခုံးဘေးတွေတွန့်လာလိုက်...
တခုခုပြောနေသလိုနှုတ်ခမ်းလေးဆတ်ကနဲတုန်သွားလိုက်နဲ့...
ပင်လယ်...အိပ်မက်မက်နေတာဖြစ်ရမည်။
ညတုန်းကတံခါးရှေ့မှာ သူလာစောင့်နေတာသိနေပေမယ့်... တင်းနေတဲ့စိတ်ကမပြေသေးတော့ပစ်ထားလိုက်ပြီး...တံခါးလုံးဝမဖွင့်ပေးဘဲအိပ်ခဲ့သည်။
အဲဒီမတိုင်ခင် အရက်သောက်တဲ့ညတုန်းကလည်းသေချာမအိပ်ခဲ့ရဘဲ...
ကားကိုခြောက်နာရီလောက်ဆက်မောင်းခဲ့ရတာမို့...
လုံးဝမဟန်နိုင်ဘဲခေါင်းအုံးထိတာနဲ့အိပ်ပျော်သွားခဲ့တာ...
သူတမင်တကာ စိမ်းချင်လို့တော့မဟုတ်။
သူ့ဆီကိုပင်လယ်ရောက်မလာခင်တပတ်လောက်ကတည်းက...အလုပ်များပြီးအိပ်ရေးဆက်တိုက်ပျက်ထားတော့ အားတော်တော်ကျိုးနေတာပါ။
အစားလည်းသိပ်ပြီးစားလို့မဝင်တာကြောင့်အားနည်းကာမဟန်တော့တာကိုယ့်ဘာသာပဲသိပါသည်။
ညကတံခါးလာခေါက်နေတာကိုကြားနေပေမယ့်...
ခဏလေးဆိုပြီးပညာပြကာလွတ်ထားလိုက်သည်။
ကလေးနဲ့ပြိုင်ပြီးစိတ်ကောက်ကာ သဝန်တိုမည်။
စင်္ကြာရဲ့မျက်နှာကိုပြန်မြင်ယောင်လာကာမှ ပိုပြီးမကျေမနပ်ဖြစ်လာသည်။
သူ့ကိုပိုင်စိုးပိုင်နင်းနဲ့ ကိုကို'ခေါ်တဲ့အပြင် ပင်လယ့်ကိုပါထိကပါးရိကပါးနဲ့...
ပါးစပ်သရမ်း၊ လက်သရမ်းလေးတွေ။
ဒါပေမယ့်လည်း ပင်လယ့်မျက်နှာလေးကိုကြည့်ရင်း ကောက်ချင်တဲ့စိတ်တို့ကတာရှည်မခံခဲ့။
စောင်ထွေးလေးထဲအိပ်နေတဲ့ပင်လယ့်ဘေးမှာထိုင်ချလိုက်ပြီး ဆံပင်လေးတွေသပ်ပေးကာမြတ်နိုးစွာကြည့်နေမိပြန်သည်။
နုတ်ခမ်းလေးတွေကွေးလိုက်...မဲ့သွားလိုက်...
မျက်ခုံးလေးတွေတွန့်လိုက်နဲ့ပင်လယ့်မျက်နှာလေးကမငြိမ်သက်။
အဲဒီငလောင်တွေကိုပါအိပ်မက်ထဲထည့်မက်နေတာလား။
သူ့အိပ်မက်တွေအထိသဝန်တိုနေမိတဲ့ကိုယ့်ကိုကိုယ်တောင် ရယ်ချင်သွားသည်။
အဟား...အချစ်ဆိုတာကလည်း တကယ်ကို အခက်သားလား။
အိပ်မက်ဆိုးတွေများမက်နေသလားလို့ တွေးမိလာတော့သနားသွားပြီး...
သူ့ကိုတစ်ယောက်ထဲပေးအိပ်လိုက်မိတဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်ချင်လာသည်။
ပုခုံးလေးတွေတုန်ရီနေတဲ့ပင်လယ့်ကိုထွေးပွေ့လိုက်မလို့ကြံပြီးမှ...
အခန်းတံခါးကိုမပိတ်ခဲ့မိတာမို့...လက်ကိုပြန်ရုပ်လိုက်ပြီးတံခါးဝဆီထသွားပြီးပိတ်ဖို့ပြင်တော့...သူ့အမေကဝင်လာခဲ့တာနဲ့ကွက်တိဖြစ်သွားခဲ့သည်။
"သား...စည်း...စောလှချည်လား..."
"ဟုတ်..."
"မင်းတို့ တစ်ခန်းထဲအိပ်ကြတာလား"
"မဟုတ်...မဟုတ်ပါဘူး...ကျွန်တော်နံဘေးခန်းမှာအိပ်တာ၊ အခုမှနိုးလို့ဝင်လာတာ..."
သူ့မာမီဝင်လာတာမို့စည်း'ကပြုံးပြုံးလေးလုပ်ကာအောက်ထပ်ဆင်းသွားရတော့သည်။
ဟူး....တော်သေး၏။
ခုနကမပွေ့လိုက်မိတာ....ကံကောင်း။