သစ္ပင္ရိပ္မွာေယာက်ာ္းႏွစ္ေယာက္က ႐ုန္းရင္းဆန္ခတ္နဲ႔ စကားရပ္ေျပာေနတာလားဘာလားမသဲကြဲပါ။
ဝဠာက ဖုန္းေျပာၿပီးအိမ္သာထဲကထြက္လာကတည္းက ျမင္ေနရတာၾကာၿပီ။
ရန္ျဖစ္ေနၾကတာလို႔ထင္လို႔ ရပ္ၾကည့္ေနမိၿပီးမွ အရပ္ရွည္ရွည္နဲ႔ တစ္ေယာက္က ငံု႔နမ္းလိုက္တာမို႔ မ်က္လံုးကိုပြတ္ၿပီးႏွစ္ခါျပန္ၾကည့္လိုက္ရသည္။
အဲဒီႏွစ္ေယာက္စလံုး ေယာက်ာ္းေတြမဟုတ္ဘူးလား။
ခဏၾကာေတာ့ ႏွစ္ေယာက္သား ျပန္ထြက္သြားၾကသည္။
အဲဒီေတာ့မွ ထြက္သြားတဲ့ႏွစ္ေယာက္နဲ႔ခြာၿပီးေတာ့ဝဠာပါထြက္လာခဲ့၏။
သူတို႔ႏွစ္ေယာက္ရဲ႕အေနာက္ကိုလိုက္လာတာမဟုတ္ေပမယ့္...သူတို႔ႏွစ္ေယာက္နဲ႔ဦးတည္ရာတူေနကာ...
စႀကၤာရွိေနတဲ့စားပြဲဆီမွာဝင္ထိုင္ၾကေတာ့...
အံ့ၾသသြားခဲ့သည္။
ဘယ္သူေတြပါလိမ့္။
စႀကၤာကသူငယ္ခ်င္းအသစ္ရေနတာလား...
သူ႔ကိုလဲဘာမွမေျပာပါလား...
ေတြးေနရင္းနဲ႔စားပြဲဆီေရာက္လာေတာ့ စၾကာၤကသူ႔ကိုလွမ္းေခၚသည္။
"ေဟး...ဝဠာ...ဒီကိုလာ..."
အဲဒါမွ...ခုနကအေမွာင္ရိပ္ထဲကလူႏွစ္ေယာက္ကိုျမင္သည္။
"ေအာင္မေလး..."
ပင္လယ့္မ်က္ႏွာကိုၾကည့္ၿပီးေတာ့လန္႔ဖ်တ္စြာေအာ္တဲ့ဝဠာ့အသံေၾကာင့္...အားလံုးအထိတ္တလန္႔။
"ဟာ့...ဘာတုန္း...အလန္႔တၾကားနဲ႔...သရဲသဘက္ေတြ႕လို႔လား"
"မင္း...မင္း...ပင္လယ္...ေနပင္လယ္...ဟုတ္ပါတယ္ေနာ္"
ဝဠာတစ္ေယာက္မ်က္လံုးေလးေတြျပဴးလို႔။
ခုနကနမ္းေနၾကတာ သူတို႔ႏွစ္ေယာက္မွသူတို႔ႏွစ္ေယာက္အစစ္ပါ။
"ေနပင္လယ့္ကိုေတြ႕တာအဲေလာက္ေတာင္လန္႔သြားတာလားကြာ...အခုထိေၾကာက္ေနတုန္းလား"
"မဟုတ္ပါဘူး..."
ခုနတုန္းကအေမွာင္ရိပ္ထဲကကိစၥေျပာသင့္မေျပာသင့္ဝဠာကေတြးေနရင္း...
ပင္လယ့္ေဘးမွာထိုင္ေနတဲ့စည္း'ကိုလက္ညိဳးထိုးၿပီးေမးသည္။
"ဘယ္သူလဲဟင္"
"ေအာ္...စည္းတဲ့...ကိုစည္းေပါ့...ငါတို႔ထက္ႀကီးတယ္"
စႀကၤာကသူ႔ညီကိုၾကားဝင္ေျဖေပးေတာ့ ပင္လယ္က ေခါင္းေလးကိုတဆတ္ဆတ္ညိတ္ျပသည္။
"ငါ့တဝမ္းကြဲအစ္ကိုေလ..."
"ဘာ....အစ္ကိုဟုတ္လား...အစ္ကို???"
ဝဠာတစ္ေယာက္ပါးစပ္ေလးအေဟာင္းသားနဲ႔...
ခုနကကိစၥကိုျပန္ျမင္လာကာ...မယံုေရးခ်မယံုေတာ့ပါ။
ခုနကသူတို႔ႏွစ္ေယာက္ အေမွာင္ရိပ္ထဲမွာ ကစားေနၾကတာလား...?...ဘာလား...?...
"ပင္လယ္....မင္းမွာအစ္ကိုရွိတယ္လဲမၾကားမိပါဘူး..."
"ဟုတ္တယ္...တစ္ဝမ္းကြဲအစ္ကို...သူကတျခားၿမိဳ႕မွာေနလို႔...မင္းတို႔မသိတာ..."
ေျပာလို႔သာနားေထာင္လိုက္ရတာ ဝဠာကေတာ့ မယံုေရးခ်မယံု။
--------
"ကိိုကို..."
"ဟာ့...အသံတိုးခ်..."
"ဘာလို႔လဲ...."
"အက်ယ္ႀကီးမေအာ္နဲ႔ေလ...ၾကားကုန္ေတာ့မွာပဲ"
"ဘာျဖစ္လဲ...ၾကားေတာ့ေရာ...ဘာလုပ္ၾကမွာတဲ့လဲ..."
ေခါင္းေတာင္မခိုင္ခ်င္ေတာ့ေပမယ့္ ပင္လယ္ကေသာက္ေနတာရပ္မသြားဘဲ စည္းရဲ႕ေသာက္လက္စခြက္ကိုေတာင္လက္လွမ္းလိုက္ေသးသည္။
"ေတာ္ၿပီ...မင္းမူးေနၿပီပဲ...ပင္လယ္...နားလိုက္ေတာ့..."
သူလွမ္းေနတဲ့လက္ကခြက္ကိုမကိုင္မိခင္စည္း'ကခြက္ကိုေနရာေရြ႕၏။
ခြက္ကိုေရြ႕ပစ္လိုက္တဲ့ စည္းရဲ႕လက္ေမာင္းကိုလွမ္းမွီခ်ၿပီးပင္လယ္ကပါးေလးအပ္ကာ...လက္ညိဳးနဲ႔လက္မေလးကိုပူးျပ၏။
"ကိုကို...ကြ်န္ေတာ္နည္းနည္းပဲထပ္ေသာက္မွာေလ"
ပင္လယ္ရဲ႕ခပ္ခြ်ဲခြ်ဲေလသံေၾကာင့္...အသည္းယားေပမယ့္ ေဟာက္ေပးလိုက္သည္။
အဲဒါနဲ႔ပဲ သူျပႆနာတက္ေတာ့မည္။
"ေတာ္စမ္း...မူးရင္လည္းၿငိမ္ၿငိမ္ေန"
သူတို႔ႏွစ္ေယာက္ကႀကိတ္ၿပီးေျပာေနေပမယ့္...
တဝိုင္းလံုးကေတာ့ သူတို႔ကိုပဲအကဲခတ္ေနခဲ့ၾက၏။
ဒါကိုသတိမထားမိဘဲ...ေရႊမင္းသားကလက္ေမာင္းတစ္ဖက္မွာပါးလာကပ္လိုက္...
စည္းေရွ႕ကခြက္ထဲကိုဘီယာေတြေလာင္းထည့္လိုက္နဲ႔...
သူကပဲ တဖန္ သတိေပးလိုက္ေသးသည္။
"စည္း...မင္းသိပ္မေသာက္နဲ႔......ငါ ဒီညဒုကၡအေရာက္ခံမႏိုင္ဘူး...ဟီး...
😳😳😳
သြားေလးက်ဲၿပီး ဟီးကနဲရယ္ကာေျပာတဲ့စကားေၾကာင့္...
တဝိုင္းလံုးေခါင္းေထာင္ကာျပဴးၾကည့္ၾကေတာ့ စည္းရဲ႕မ်က္ႏွာေလးက ရဲခနဲ။
ဒီႏွစ္ေယာက္ မူးလာရင္ ဘာလုပ္ၾကတယ္မသိ။
အားလံုးကသူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကိုရိပ္မိေနေပမယ့္ မေမးရဲ။
အခုမွသိခြင့္ရတဲ့စည္းရဲ႕မ်က္ႏွာကိုေထာက္ၿပီး ဘာမွလည္း မစ,ရဲ။
ပင္လယ္ကေတာ့ မူးသြားၿပီးကတည္းက ဘာတစ္ခုကိုမွသတိမထားႏိုင္ေတာ့ဘဲ စည္း"ကိုပဲ ေၫွာင့္လိုက္၊ ရစ္လိုက္။
"မေသာက္တာၾကာလို႔ထင္တယ္...မူးတယ္...စည္းရ..."
"အမ်ားႀကီးေသာက္မွေတာ့မူးမွာေပါ့..."
"အင္း..."
"မင္းေရေသာက္မလား...ပင္လယ္..."
"ဟင့္အင္း...ရတယ္..."
"အရမ္းမူးေနတာလား..."
"အင္း..."
"ေလွ်ာက္လို႔မႏိုင္ရင္ခဏထိုင္ၾကမယ္ေလ"
ေဇယ်အိမ္နဲ႔ သူတို႔ေသာက္တဲ့ဆိုင္ကနီးေနေတာ့ လမ္းေလွ်ာက္ျပန္ျဖစ္ၾကသည္။
ညႏွစ္နာရီခြဲေနၿပီမို႔ လမ္းေပၚမွာလူရွင္းသည္။
"ရတယ္...ေလွ်ာက္လို႔ေတာ့ႏိုင္တယ္"
လူေျခာက္ေယာက္မွာ သံုးေယာက္ကအေကာင္း မို႔လို႔ အဆင္တေျပနဲ႔ပဲအိမ္ကိုေရာက္လာခဲ့ၾကသည္။
အိမ္ထဲကိုေရာက္တာနဲ႔ တစ္ေယာက္မွမဟန္ႏိုင္ေတာ့ဘဲ နီးရာမွာပဲထိုးအိပ္မိၾကတာ...မနက္ဆယ္နာရီအထိ။
ဖုန္းျမည္သံေၾကာင့္ အားလံုးထက္စည္းကအရင္ႏိုးခဲ့သည္။
ပင္လယ့္မာမီဆီကဖုန္းဝင္လာတာျဖစ္သည္။
"ဒီေန႔ညေနသားတို႔---ကိုသြားရမွာေနာ္...တည္းခိုေဆာင္ပိုင္ရွင္နဲ႔ခ်ိန္းထားတာရွိတယ္...ေမ့ေနမွာစိုးလို႔..."
"ဟုတ္ကဲ့အန္တီ..."
မ်က္လံုးကမပြင့္ဘဲဖုန္းကိုပဲေျဖေနၿပီးမွ...နံေဘးကိုၾကည့္မိေတာ့...စႀကၤာရဲ႕ ရင္ခြင္ထဲမွာ ပင္လယ္ကေကြးေကြးေလးအိပ္လို႔...။
ညတုန္းက ဘယ္လိုအိပ္ခဲ့ၾကသလဲေသခ်ာမမွတ္မိေပမယ့္...စဥ္းစားၾကည့္ေတာ့...
သူက အဖ်ားဆံုးမွာအိပ္တာျဖစ္ၿပီး ပင္လယ္ကသူ႔နံေဘး။
အဲဒီေဘးမွာမွ ေဇယ်နဲ႔ ရန္ေျပၿငိမ္း၊ ၿပီးေတာ့မွ စႀကၤာနဲ႔ ဝဠာေလ...အခုေတာ့ဘယ္လ္ိုျဖစ္ၿပီး ပင္လယ့္ေဘးကိုစႀကၤာေရာက္လာသလဲမသိ။
မနက္ေစာေစာစီးစီး အကုသိုလ္ေတြပြားၿပီး စည္းကေတာ့ ရာသီဥတုမသာယာေတာ့။
ဖက္ထားတဲ့ စႀကၤာနဲ႔ ပင္လယ္တို႔ႏွစ္ေကာင္ကိုဘုၾကည့္ၾကည့္ၿပီး...စၾကာၤရဲ႕ေျခဖ်ားကိုအားနဲ႔တက္နင္းပစ္လိုက္သည္။
အဲဒီမွာဖက္ေနလိုက္ၾက...
ေႁမြေပြးကိုက္ေလးေတြရ။
"အား....မာမားေရ...."
စူးရွတဲ့စႀကၤာရဲ႕ေအာ္သံေၾကာင့္ အားလံုးလန္႔ႏိုးကာ...ျပဴးျပဴးျပာျပာ။
စည္းကေတာ့မွင္ေသေသနဲ႔တမင္တကာတက္နင္းၿပီးမွ...အူယားဖားယားေတာင္းပန္သည္။
"အာ...ကန္ေတာ့ကန္ေတာ့...မျမင္လိုက္လို႔...အရမ္းနာသြားလား...ေဆာရီးကြာ"
မ်က္ႏွာေလးမွာ အားနာတဲ့အျပံဳးေလးျပံဳးေနေပမယ့္...
ရင္ထဲမွာေတာ့.....အဆိပ္သီးၿမိဳခ်ထားသလိုရံႈ႕မဲ့ေနၿပီ။
ေျခဖ်ားမို႔လို႔...ေတာ္ေတာ့သည္။
အနင္းခံလိုက္ရတာ လည္ပင္းဆိုရင္...အား'ကနဲေတာင္ေအာ္ဖို႔အခ်ိန္မရဘဲ အသက္ဘယ္အေပါက္ကထြက္သလဲဆိုတာေတာင္ သိလိုက္မွာမဟုတ္ၿပီ။
😏😏😏
Unicode
သစ်ပင်ရိပ်မှာယောကျာ်းနှစ်ယောက်က ရုန်းရင်းဆန်ခတ်နဲ့ စကားရပ်ပြောနေတာလားဘာလားမသဲကွဲပါ။
ဝဠာက ဖုန်းပြောပြီးအိမ်သာထဲကထွက်လာကတည်းက မြင်နေရတာကြာပြီ။
ရန်ဖြစ်နေကြတာလို့ထင်လို့ ရပ်ကြည့်နေမိပြီးမှ အရပ်ရှည်ရှည်နဲ့ တစ်ယောက်က ငုံ့နမ်းလိုက်တာမို့ မျက်လုံးကိုပွတ်ပြီးနှစ်ခါပြန်ကြည့်လိုက်ရသည်။
အဲဒီနှစ်ယောက်စလုံး ယောကျာ်းတွေမဟုတ်ဘူးလား။
ခဏကြာတော့ နှစ်ယောက်သား ပြန်ထွက်သွားကြသည်။
အဲဒီတော့မှ ထွက်သွားတဲ့နှစ်ယောက်နဲ့ခွာပြီးတော့ဝဠာပါထွက်လာခဲ့၏။
သူတို့နှစ်ယောက်ရဲ့အနောက်ကိုလိုက်လာတာမဟုတ်ပေမယ့်...သူတို့နှစ်ယောက်နဲ့ဦးတည်ရာတူနေကာ...
စင်္ကြာရှိနေတဲ့စားပွဲဆီမှာဝင်ထိုင်ကြတော့...
အံ့သြသွားခဲ့သည်။
ဘယ်သူတွေပါလိမ့်။
စင်္ကြာကသူငယ်ချင်းအသစ်ရနေတာလား...
သူ့ကိုလဲဘာမှမပြောပါလား...
တွေးနေရင်းနဲ့စားပွဲဆီရောက်လာတော့ စကြာင်္ကသူ့ကိုလှမ်းခေါ်သည်။
"ဟေး...ဝဠာ...ဒီကိုလာ..."
အဲဒါမှ...ခုနကအမှောင်ရိပ်ထဲကလူနှစ်ယောက်ကိုမြင်သည်။
"အောင်မလေး..."
ပင်လယ့်မျက်နှာကိုကြည့်ပြီးတော့လန့်ဖျတ်စွာအော်တဲ့ဝဠာ့အသံကြောင့်...အားလုံးအထိတ်တလန့်။
"ဟာ့...ဘာတုန်း...အလန့်တကြားနဲ့...သရဲသဘက်တွေ့လို့လား"
"မင်း...မင်း...ပင်လယ်...နေပင်လယ်...ဟုတ်ပါတယ်နော်"
ဝဠာတစ်ယောက်မျက်လုံးလေးတွေပြူးလို့။
ခုနကနမ်းနေကြတာ သူတို့နှစ်ယောက်မှသူတို့နှစ်ယောက်အစစ်ပါ။
"နေပင်လယ့်ကိုတွေ့တာအဲလောက်တောင်လန့်သွားတာလားကွာ...အခုထိကြောက်နေတုန်းလား"
"မဟုတ်ပါဘူး..."
ခုနတုန်းကအမှောင်ရိပ်ထဲကကိစ္စပြောသင့်မပြောသင့်ဝဠာကတွေးနေရင်း...
ပင်လယ့်ဘေးမှာထိုင်နေတဲ့စည်း'ကိုလက်ညိုးထိုးပြီးမေးသည်။
"ဘယ်သူလဲဟင်"
"အော်...စည်းတဲ့...ကိုစည်းပေါ့...ငါတို့ထက်ကြီးတယ်"
စင်္ကြာကသူ့ညီကိုကြားဝင်ဖြေပေးတော့ ပင်လယ်က ခေါင်းလေးကိုတဆတ်ဆတ်ညိတ်ပြသည်။
"ငါ့တဝမ်းကွဲအစ်ကိုလေ..."
"ဘာ....အစ်ကိုဟုတ်လား...အစ်ကို???"
ဝဠာတစ်ယောက်ပါးစပ်လေးအဟောင်းသားနဲ့...
ခုနကကိစ္စကိုပြန်မြင်လာကာ...မယုံရေးချမယုံတော့ပါ။
ခုနကသူတို့နှစ်ယောက် အမှောင်ရိပ်ထဲမှာ ကစားနေကြတာလား...?...ဘာလား...?...
"ပင်လယ်....မင်းမှာအစ်ကိုရှိတယ်လဲမကြားမိပါဘူး..."
"ဟုတ်တယ်...တစ်ဝမ်းကွဲအစ်ကို...သူကတခြားမြို့မှာနေလို့...မင်းတို့မသိတာ..."
ပြောလို့သာနားထောင်လိုက်ရတာ ဝဠာကတော့ မယုံရေးချမယုံ။
--------
"ကိိုကို..."
"ဟာ့...အသံတိုးချ..."
"ဘာလို့လဲ...."
"အကျယ်ကြီးမအော်နဲ့လေ...ကြားကုန်တော့မှာပဲ"
"ဘာဖြစ်လဲ...ကြားတော့ရော...ဘာလုပ်ကြမှာတဲ့လဲ..."
ခေါင်းတောင်မခိုင်ချင်တော့ပေမယ့် ပင်လယ်ကသောက်နေတာရပ်မသွားဘဲ စည်းရဲ့သောက်လက်စခွက်ကိုတောင်လက်လှမ်းလိုက်သေးသည်။
"တော်ပြီ...မင်းမူးနေပြီပဲ...ပင်လယ်...နားလိုက်တော့..."
သူလှမ်းနေတဲ့လက်ကခွက်ကိုမကိုင်မိခင်စည်း'ကခွက်ကိုနေရာရွေ့၏။
ခွက်ကိုရွေ့ပစ်လိုက်တဲ့ စည်းရဲ့လက်မောင်းကိုလှမ်းမှီချပြီးပင်လယ်ကပါးလေးအပ်ကာ...လက်ညိုးနဲ့လက်မလေးကိုပူးပြ၏။
"ကိုကို...ကျွန်တော်နည်းနည်းပဲထပ်သောက်မှာလေ"
ပင်လယ်ရဲ့ခပ်ချွဲချွဲလေသံကြောင့်...အသည်းယားပေမယ့် ဟောက်ပေးလိုက်သည်။
အဲဒါနဲ့ပဲ သူပြဿနာတက်တော့မည်။
"တော်စမ်း...မူးရင်လည်းငြိမ်ငြိမ်နေ"
သူတို့နှစ်ယောက်ကကြိတ်ပြီးပြောနေပေမယ့်...
တဝိုင်းလုံးကတော့ သူတို့ကိုပဲအကဲခတ်နေခဲ့ကြ၏။
ဒါကိုသတိမထားမိဘဲ...ရွှေမင်းသားကလက်မောင်းတစ်ဖက်မှာပါးလာကပ်လိုက်...
စည်းရှေ့ကခွက်ထဲကိုဘီယာတွေလောင်းထည့်လိုက်နဲ့...
သူကပဲ တဖန် သတိပေးလိုက်သေးသည်။
"စည်း...မင်းသိပ်မသောက်နဲ့......ငါ ဒီညဒုက္ခအရောက်ခံမနိုင်ဘူး...ဟီး...
😳😳😳
သွားလေးကျဲပြီး ဟီးကနဲရယ်ကာပြောတဲ့စကားကြောင့်...
တဝိုင်းလုံးခေါင်းထောင်ကာပြူးကြည့်ကြတော့ စည်းရဲ့မျက်နှာလေးက ရဲခနဲ။
ဒီနှစ်ယောက် မူးလာရင် ဘာလုပ်ကြတယ်မသိ။
အားလုံးကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုရိပ်မိနေပေမယ့် မမေးရဲ။
အခုမှသိခွင့်ရတဲ့စည်းရဲ့မျက်နှာကိုထောက်ပြီး ဘာမှလည်း မစ,ရဲ။
ပင်လယ်ကတော့ မူးသွားပြီးကတည်းက ဘာတစ်ခုကိုမှသတိမထားနိုင်တော့ဘဲ စည်း"ကိုပဲ ညှောင့်လိုက်၊ ရစ်လိုက်။
"မသောက်တာကြာလို့ထင်တယ်...မူးတယ်...စည်းရ..."
"အများကြီးသောက်မှတော့မူးမှာပေါ့..."
"အင်း..."
"မင်းရေသောက်မလား...ပင်လယ်..."
"ဟင့်အင်း...ရတယ်..."
"အရမ်းမူးနေတာလား..."
"အင်း..."
"လျှောက်လို့မနိုင်ရင်ခဏထိုင်ကြမယ်လေ"
ဇေယျအိမ်နဲ့ သူတို့သောက်တဲ့ဆိုင်ကနီးနေတော့ လမ်းလျှောက်ပြန်ဖြစ်ကြသည်။
ညနှစ်နာရီခွဲနေပြီမို့ လမ်းပေါ်မှာလူရှင်းသည်။
"ရတယ်...လျှောက်လို့တော့နိုင်တယ်"
လူခြောက်ယောက်မှာ သုံးယောက်ကအကောင်း မို့လို့ အဆင်တပြေနဲ့ပဲအိမ်ကိုရောက်လာခဲ့ကြသည်။
အိမ်ထဲကိုရောက်တာနဲ့ တစ်ယောက်မှမဟန်နိုင်တော့ဘဲ နီးရာမှာပဲထိုးအိပ်မိကြတာ...မနက်ဆယ်နာရီအထိ။
ဖုန်းမြည်သံကြောင့် အားလုံးထက်စည်းကအရင်နိုးခဲ့သည်။
ပင်လယ့်မာမီဆီကဖုန်းဝင်လာတာဖြစ်သည်။
"ဒီနေ့ညနေသားတို့---ကိုသွားရမှာနော်...တည်းခိုဆောင်ပိုင်ရှင်နဲ့ချိန်းထားတာရှိတယ်...မေ့နေမှာစိုးလို့..."
"ဟုတ်ကဲ့အန်တီ..."
မျက်လုံးကမပွင့်ဘဲဖုန်းကိုပဲဖြေနေပြီးမှ...နံဘေးကိုကြည့်မိတော့...စင်္ကြာရဲ့ ရင်ခွင်ထဲမှာ ပင်လယ်ကကွေးကွေးလေးအိပ်လို့...။
ညတုန်းက ဘယ်လိုအိပ်ခဲ့ကြသလဲသေချာမမှတ်မိပေမယ့်...စဉ်းစားကြည့်တော့...
သူက အဖျားဆုံးမှာအိပ်တာဖြစ်ပြီး ပင်လယ်ကသူ့နံဘေး။
အဲဒီဘေးမှာမှ ဇေယျနဲ့ ရန်ပြေငြိမ်း၊ ပြီးတော့မှ စင်္ကြာနဲ့ ဝဠာလေ...အခုတော့ဘယ်လ်ိုဖြစ်ပြီး ပင်လယ့်ဘေးကိုစင်္ကြာရောက်လာသလဲမသိ။
မနက်စောစောစီးစီး အကုသိုလ်တွေပွားပြီး စည်းကတော့ ရာသီဥတုမသာယာတော့။
ဖက်ထားတဲ့ စင်္ကြာနဲ့ ပင်လယ်တို့နှစ်ကောင်ကိုဘုကြည့်ကြည့်ပြီး...စကြာင်္ရဲ့ခြေဖျားကိုအားနဲ့တက်နင်းပစ်လိုက်သည်။
အဲဒီမှာဖက်နေလိုက်ကြ...
မြွေပွေးကိုက်လေးတွေရ။
"အား....မာမားရေ...."
စူးရှတဲ့စင်္ကြာရဲ့အော်သံကြောင့် အားလုံးလန့်နိုးကာ...ပြူးပြူးပြာပြာ။
စည်းကတော့မှင်သေသေနဲ့တမင်တကာတက်နင်းပြီးမှ...အူယားဖားယားတောင်းပန်သည်။
"အာ...ကန်တော့ကန်တော့...မမြင်လိုက်လို့...အရမ်းနာသွားလား...ဆောရီးကွာ"
မျက်နှာလေးမှာ အားနာတဲ့အပြုံးလေးပြုံးနေပေမယ့်...
ရင်ထဲမှာတော့.....အဆိပ်သီးမြိုချထားသလိုရှုံ့မဲ့နေပြီ။
ခြေဖျားမို့လို့...တော်တော့သည်။
အနင်းခံလိုက်ရတာ လည်ပင်းဆိုရင်...အား'ကနဲတောင်အော်ဖို့အချိန်မရဘဲ အသက်ဘယ်အပေါက်ကထွက်သလဲဆိုတာတောင် သိလိုက်မှာမဟုတ်ပြီ။
😏😏😏