သူ႔ နံေဘးကေနတြန္းတိုက္ထြက္ေျပးသြားတဲ့ပင္လယ့္ကိုယ္ေပၚကေရသုတ္ပိုင္းေလးကလြင့္က်န္ခဲ့ကာ...
ေက်ာျပင္ေတြမွာခရမ္းေရာင္အကြက္ေတြအထင္းသား...။
ဟြန္႔...ေနပင္လယ္...အခုမင္းနဲ႔ငါျပန္ေတြ႕တဲ့တေကြ႕ေပါ့ကြာ.....
ထင္းေခြမၾကံဳေရခပ္ၾကံဳရတာပဲ...ငါ့ေကာင္ရ။
ေရခ်ိဳးခန္းထဲဝင္ခါနီးပင္လယ့္ကိုနမ္းသြားတဲ့စည္း'ကေတာ့သူ႔ကိုျမင္မွာမဟုတ္ေပ။
ေျပာသည့္စကားေတြကလည္း...ထင္ရက္စရာမရွိတာေတြ.....။
ထိတ္လန္႔ေနတဲ့မ်က္လံုးမ်ားနဲ႔ေနပင္လယ္ကသူ႔ကိုေတြ႕တာနဲ႔အူယားဖားယားေျပးထြက္သြားတာ...
လွမ္းဆြဲလိုက္ခ်ိန္ေတာင္မရ...။
ျပဳတ္က်သြားတဲ့တဘက္ပိုင္းကိုလည္းျပန္ေကာက္မသြားဘဲ...ဖေနာင့္နဲ႔တင္ပါးတသားထဲက်ေအာင္ေျပးထြက္သြားၿပီ။
ေဇယ်တို႔ ပင္လယ့္ကိုႏိုင္ကြက္ရသြားၿပီ။
ပင္လယ္...မင္းနဲ႔ငါ စာရင္းရွင္းရေတာ့မည္။
ပင္လယ္ကသူ႔ကိုငယ္ငယ္တုန္းကအပုန္းေလးလို႔ေခၚေခၚၿပီးစ,ခဲ့တာဘယ္ေမ့ပါ့မလဲ။
ေရကူးသင္ေပးတဲ့စီနီယာလိုျဖစ္၊ အစ္ကိုလိုျဖစ္ေနတဲ့ေက်ာင္းသားတစ္ေယာက္ကိုသေဘာက်လို႔ပါလို႔ရင္ဖြင့္တုန္းကခြက္ထိုးခြက္လန္ေအာ္ရယ္ကာေလွာင္ခဲ့တာ...မင္းေနာ္...ေနပင္လယ္.....။
ဟားဟား....ကဲ...အခုေတာ့ငါ့အလွည့္....။
ဒီလိုခဏေလးထြက္ေျပးလို႔လႊတ္ေၾကးလား...ေနပင္လယ္ရဲ႕.....
သူ႔ေနာက္ေျပးလိုက္ၿပီးေတာ့ေမးလိုက္ခ်င္ေပမယ့္....
ေနပါ...အိမ္မွာမို႔လို႔...ခဏေအာင့္ထားေသးတယ္......။
အျပင္ေရာက္ရင္ မင္းနဲ႔ငါ ဒဲ့ရွင္းမယ္။
-------
စည္းရဲ႕ကားနဲ႔ပဲအျပင္သြားၾကမယ္ဆံုးျဖတ္ၿပီး...
ေရွ႕ခန္းမွာပင္လယ္ကဝင္ထိုင္ေတာ့...
စည္းကေဇယ်ဆီလွမ္းၾကည့္သည္။
"ပင္လယ္...ေဇယ်တစ္ေယာက္ထဲျဖစ္ေနမွာ...ေနာက္ခန္းမွာပဲအတူတူထိုင္...သြား"
စည္းရဲ႕စကားမွာပင္လယ္တစ္ေယာက္ခရမ္းခ်ဥ္သီးမွည့္လိုမ်က္ႏွာေလးနဲ႔...ၿပဲတဲတဲ။
အမငီး...အဲေကာင္နဲ႔နီးရင္ျပႆနာတက္မွာ...စည္းရဲ႕...ငါ့ကိုအႏၲရာယ္ေကာင္နားပို႔ေနတာလား...။
ဟင့္.....သြားမထိုင္ခ်င္ေပမယ့္လည္း...
ေဇယ်ကဆြဲေခၚတာမို႔ ကားေနာက္ခန္းထဲေရာက္သြားသည္။
ကြိဳင္ေတာ့ပူးၿပီ။
"ငါ့သူငယ္ခ်င္းကိုငါလြမ္းေနတာေပါ့...ဒီမွာလာထိုင္လာ..."
စည္းကေရွ႕မွာကားေမာင္းေနတာမို႔ကားေနာက္ခန္းမွာေဇယ်နဲ႔ပင္လယ္ကႀကိတ္ၿပီးရန္သတ္၏။
"ေျဖ.....အပုန္းႀကီး"
"တိုးတိုး....ရွဴး"
ေခါင္းေလးေတြပုဝင္ၿပီးေတာ့ကားေနာက္ခန္းမွာစကားႀကိတ္ေျပာေနတာ...ေနာက္ၾကည့္မွန္ထဲကေန စည္းကျမင္ေနရေတာ့...မသကၤာဘဲလိုက္ၾကည့္မိသည္။
ေသခ်ာမၾကားရေပမယ့္...ကားကဘယ္ေလာက္က်ယ္တာမို႔လဲ...။
တခြိခြိရယ္သံနဲ႔၊ တိုးတိုးေျပာသံေတြကိုရိပ္ဖမ္း၊ သံဖမ္းနဲ႔ ၾကားေနခဲ့ရ၏။
ဘာလဲ...အဲဒီႏွစ္ေကာင္က....ေဇယ်နဲ႔ေနပင္လယ္ကိုမွန္ထဲမွၾကည့္ေနရင္းနဲ႔စည္း'ကမသကၤာသလိုအေနာက္လွည့္ၾကည့္ေတာ့...
ႏွစ္ေကာင္သားကမ်က္ႏွာေသေလးေတြနဲ႔...။
အိမ္ကေနမထြက္ခင္တုန္းကလည္း...
ေရခ်ိဳးၿပီးလို႔အဝတ္လဲၿပီးဆင္းလာေတာ့...ေဇယ်က ပင္လယ့္ဆီဘာေတြကပ္ၿပီးေမးေနတာမသိ။
သူ႔ကိုျမင္ေတာ့ ပင္လယ္ကပါးစပ္ကိုအတင္းလိုက္ပိတ္ေနတာေတြ႕၏။
ဘာေမးေနလို႔...ဘာေျဖေနၾကလဲ။
အခုလဲေနပင္လယ္ဝတ္ထားတဲ့တီရွပ္ကိုအတင္းဆြဲလွန္ၿပီးဘာလုပ္ေနၾကမွန္းမသိေပ။
"ဘာလဲ...မင္းတို႔က..."
ေရွ႕ခန္းကေန စည္းက မသိမသာ နားေထာင္ေနတာကို ပင္လယ္က ရိပ္မိကာ...ေဇယ်ရဲ႕ပါးစပ္ကိုအတင္းလက္ဝါးနဲ႔ပိတ္ရသည္။
"ဟင္း...ဟင္း...ဘာမွမဟုတ္ဘူး...ကားပဲဂ႐ုစိုက္ေမာင္းပါ..."
"အာ့....နာတယ္.....ေခြးေကာင္"
"-----"
ပါးစပ္ကိုအတင္းပိတ္ထားတဲ့ပင္လယ့္လက္ေတြကိုႀကိတ္ကုတ္ၿပီးေတာ့ေဇယ်ကဖယ္ခိုင္း၏။
ပင္လယ္ကပါးစပ္သြားပိတ္ထားတဲ့လက္ကိုမေျဖေသးဘဲအခုထပ္ၿပီးမေမးဖို႔ေျပာရသည္။
"ကတိေနာ္...ကတိ"
အသံထြက္လို႔မရေတာ့မွ ေဇယ်ကေခါင္းကိုအတန္တန္ညိတ္ျပရ၏။
ဒါေတာင္မွ...ငနဲက...ျပံဳးၿဖီးၿဖီးျဖစ္ေနတာဘယ္လိုမွမ်က္ႏွာတည္ခိုင္းလို႔မရ...
ခက္ေတာ့တာပဲ...။
------------
"ပင္လယ္...မင္း...မျပန္ေသးဘူးမလား..."
"အင္း...မျပန္ေတာ့ဘူး...ဒီမွာပဲေနမွာ..."
ျပန္ေျဖတဲ့အသံကပင္လယ္မဟုတ္ဘဲနဲ႔...စည္း'ဆီက.....
ေဇယ်ကနဲနဲေတာ့ေၾကာင္သြားၿပီးမွ...အူယားစရာေကာင္းေအာင္ျပံဳးသည္။
"ဝိုး....အယ့္ဟယ္......"
စည္းရဲ႕မ်က္ႏွာကိုတလွည့္၊ ပင္လယ့္မ်က္ႏွာကိုတလွည့္ၾကည့္ေနကာ...အိေျႏၵမရ...။
ေဇယ်မ်က္ႏွာကေသာက္ေနတဲ့ေကာ္ဖီနဲ႔ေလာင္းခ်င္စရာ....
"မ်က္ႏွာပိုးမသတ္ရင္...ဒီမွာေနာ္...လက္ထဲကေကာ္ဖီကေရခဲစိမ္ထားတာမဟုတ္ဘူး...
အေငြ႕ေတြတေထာင္းေထာင္းထေနတာပူတယ္လို႔ေခၚတယ္..."
ေကာ္ဖီခြက္ကိုျပၿပီးေတာ့ပင္လယ္ကေျပာသည္။
"ဘလိုင္းႀကီး...ေသြးစမ္းတယ္...ဟြန္႔"
"မင္း...အခ်ိဳးကိုျပန္ၾကည့္ဦးေလ..."
"မရေတာ့ဘူး..ေစ်းပိုႀကီးလိုက္ၿပီ....ဒီအတိုင္းေတာ့မရဘူး...တဝိုင္း"
လက္ည္ိုးေလးေထာင္ကာေဇယ်ကေတာင္းဆိုတာကိုေက်နပ္စြာေခါင္းညိတ္ရသည္။
"အိုေကေနာ္...."
ႏြားျပာျကီးေအာက္သြားမရွိသလိုေဇယ်ကျပံဳးေပ်ာ္သြားကာ...
စားပြဲကိုေက်ာ္၍ကုန္းကြၿပီးတိုးတိုးေလးထပ္ေျပာသည္။
"အစကေနအဆံုးေျပာျပရမွာေနာ္...."
"ဟိတ္ေကာင္...ေတာ္ေတာ့ဆိုေန...ပိတ္....တိတ္....မ်က္ႏွာပိုးမသတ္ရင္...
ေနာက္တခါဆိုငါ့လက္သီးကမင္းမ်က္ႏွာနဲ႔ one set ပဲ"
"မၿခိမ္းေျခာက္နဲ႔...ဟိတ္ေကာင္...
ငါသူငယ္နပ္စားမဟုတ္ေတာ့ဘူး...
အေျပာဆိုေလးကနဲနဲအခ်ိဳးမေျပေတာ့...စိတ္မေကာင္းစြာနဲ႔အေပးအယူျပန္ဖ်က္ရမလား..."
အဲဒီေတာ့မွေနပင္လယ္စကားသံေလးျပန္လည္ေပ်ာ့ေပ်ာင္းလာသည္။
"ဟင္း...ဟင္း...သူငယ္ခ်င္း...လိမၼာတယ္ေနာ္...ငါလိမၼာၿပီ..."
"ဒါမွေပါ့...ဟြင္း..."
ေနပင္လယ္ကမ်က္ႏွာေလးငယ္က်ကာ....
ေဇယ်လည္းၿငိမ္သြား၏။
စည္းကသူတို႔ထက္အသက္ပိုႀကီးတာကိုေဇယ်လည္းသိပါသည္။
သို႔ေသာ္...ငါနဲ႔မင္းလို႔ပဲေျပာျဖစ္ေနၾကကာ...
႐ိုင္းသည္ယဥ္သည္ကိုမေတြးျဖစ္ၾက...
စည္း'ကလည္းမသိရရင္သူတို႔အရြယ္ပါပဲ...
ဒါေၾကာင့္ဘယ္သူကမွမတားသလို...သူတို႔ေတြသူငယ္ခ်င္းလိုပဲေျပာျဖစ္ၾကတာပါ။
သူငယ္ခ်င္းေတြဆိုေပမယ့္ကိုယ့္ထက္လည္းအသက္ပိုႀကီးတာမို႔...နဲနဲေလးေတာ့ေျပာင္က်ၿပီးမေမးသင့္ဘူးထင္လို႔.....ေဇယ်ကထိန္းပစ္လိုက္သည္။
ပင္လယ္နဲ႔ပတ္သက္ၿပီးမွ ေဇယ်ကစည္းကိုေနာက္က်စြာ ခင္မင္ရေတာ့ သိပ္မရင္းႏွီး။
ဒါ့အျပင္ လူမႈဆက္ဆံေရးမွာစည္းကမ္းကေတာ့ရွိသင့္သည္မို႔......။
Unicode
သူ့ နံဘေးကနေတွန်းတိုက်ထွက်ပြေးသွားတဲ့ပင်လယ့်ကိုယ်ပေါ်ကရေသုတ်ပိုင်းလေးကလွင့်ကျန်ခဲ့ကာ...
ကျောပြင်တွေမှာခရမ်းရောင်အကွက်တွေအထင်းသား...။
ဟွန့်...နေပင်လယ်...အခုမင်းနဲ့ငါပြန်တွေ့တဲ့တကွေ့ပေါ့ကွာ.....
ထင်းခွေမကြုံရေခပ်ကြုံရတာပဲ...ငါ့ကောင်ရ။
ရေချိုးခန်းထဲဝင်ခါနီးပင်လယ့်ကိုနမ်းသွားတဲ့စည်း'ကတော့သူ့ကိုမြင်မှာမဟုတ်ပေ။
ပြောသည့်စကားတွေကလည်း...ထင်ရက်စရာမရှိတာတွေ.....။
ထိတ်လန့်နေတဲ့မျက်လုံးများနဲ့နေပင်လယ်ကသူ့ကိုတွေ့တာနဲ့အူယားဖားယားပြေးထွက်သွားတာ...
လှမ်းဆွဲလိုက်ချိန်တောင်မရ...။
ပြုတ်ကျသွားတဲ့တဘက်ပိုင်းကိုလည်းပြန်ကောက်မသွားဘဲ...ဖနောင့်နဲ့တင်ပါးတသားထဲကျအောင်ပြေးထွက်သွားပြီ။
ဇေယျတို့ ပင်လယ့်ကိုနိုင်ကွက်ရသွားပြီ။
ပင်လယ်...မင်းနဲ့ငါ စာရင်းရှင်းရတော့မည်။
ပင်လယ်ကသူ့ကိုငယ်ငယ်တုန်းကအပုန်းလေးလို့ခေါ်ခေါ်ပြီးစ,ခဲ့တာဘယ်မေ့ပါ့မလဲ။
ရေကူးသင်ပေးတဲ့စီနီယာလိုဖြစ်၊ အစ်ကိုလိုဖြစ်နေတဲ့ကျောင်းသားတစ်ယောက်ကိုသဘောကျလို့ပါလို့ရင်ဖွင့်တုန်းကခွက်ထိုးခွက်လန်အော်ရယ်ကာလှောင်ခဲ့တာ...မင်းနော်...နေပင်လယ်.....။
ဟားဟား....ကဲ...အခုတော့ငါ့အလှည့်....။
ဒီလိုခဏလေးထွက်ပြေးလို့လွှတ်ကြေးလား...နေပင်လယ်ရဲ့.....
သူ့နောက်ပြေးလိုက်ပြီးတော့မေးလိုက်ချင်ပေမယ့်....
နေပါ...အိမ်မှာမို့လို့...ခဏအောင့်ထားသေးတယ်......။
အပြင်ရောက်ရင် မင်းနဲ့ငါ ဒဲ့ရှင်းမယ်။
-------
စည်းရဲ့ကားနဲ့ပဲအပြင်သွားကြမယ်ဆုံးဖြတ်ပြီး...
ရှေ့ခန်းမှာပင်လယ်ကဝင်ထိုင်တော့...
စည်းကဇေယျဆီလှမ်းကြည့်သည်။
"ပင်လယ်...ဇေယျတစ်ယောက်ထဲဖြစ်နေမှာ...နောက်ခန်းမှာပဲအတူတူထိုင်...သွား"
စည်းရဲ့စကားမှာပင်လယ်တစ်ယောက်ခရမ်းချဉ်သီးမှည့်လိုမျက်နှာလေးနဲ့...ပြဲတဲတဲ။
အမငီး...အဲကောင်နဲ့နီးရင်ပြဿနာတက်မှာ...စည်းရဲ့...ငါ့ကိုအန္တရာယ်ကောင်နားပို့နေတာလား...။
ဟင့်.....သွားမထိုင်ချင်ပေမယ့်လည်း...
ဇေယျကဆွဲခေါ်တာမို့ ကားနောက်ခန်းထဲရောက်သွားသည်။
ကွိုင်တော့ပူးပြီ။
"ငါ့သူငယ်ချင်းကိုငါလွမ်းနေတာပေါ့...ဒီမှာလာထိုင်လာ..."
စည်းကရှေ့မှာကားမောင်းနေတာမို့ကားနောက်ခန်းမှာဇေယျနဲ့ပင်လယ်ကကြိတ်ပြီးရန်သတ်၏။
"ဖြေ.....အပုန်းကြီး"
"တိုးတိုး....ရှူး"
ခေါင်းလေးတွေပုဝင်ပြီးတော့ကားနောက်ခန်းမှာစကားကြိတ်ပြောနေတာ...နောက်ကြည့်မှန်ထဲကနေ စည်းကမြင်နေရတော့...မသင်္ကာဘဲလိုက်ကြည့်မိသည်။
သေချာမကြားရပေမယ့်...ကားကဘယ်လောက်ကျယ်တာမို့လဲ...။
တခွိခွိရယ်သံနဲ့၊ တိုးတိုးပြောသံတွေကိုရိပ်ဖမ်း၊ သံဖမ်းနဲ့ ကြားနေခဲ့ရ၏။
ဘာလဲ...အဲဒီနှစ်ကောင်က....ဇေယျနဲ့နေပင်လယ်ကိုမှန်ထဲမှကြည့်နေရင်းနဲ့စည်း'ကမသင်္ကာသလိုအနောက်လှည့်ကြည့်တော့...
နှစ်ကောင်သားကမျက်နှာသေလေးတွေနဲ့...။
အိမ်ကနေမထွက်ခင်တုန်းကလည်း...
ရေချိုးပြီးလို့အဝတ်လဲပြီးဆင်းလာတော့...ဇေယျက ပင်လယ့်ဆီဘာတွေကပ်ပြီးမေးနေတာမသိ။
သူ့ကိုမြင်တော့ ပင်လယ်ကပါးစပ်ကိုအတင်းလိုက်ပိတ်နေတာတွေ့၏။
ဘာမေးနေလို့...ဘာဖြေနေကြလဲ။
အခုလဲနေပင်လယ်ဝတ်ထားတဲ့တီရှပ်ကိုအတင်းဆွဲလှန်ပြီးဘာလုပ်နေကြမှန်းမသိပေ။
"ဘာလဲ...မင်းတို့က..."
ရှေ့ခန်းကနေ စည်းက မသိမသာ နားထောင်နေတာကို ပင်လယ်က ရိပ်မိကာ...ဇေယျရဲ့ပါးစပ်ကိုအတင်းလက်ဝါးနဲ့ပိတ်ရသည်။
"ဟင်း...ဟင်း...ဘာမှမဟုတ်ဘူး...ကားပဲဂရုစိုက်မောင်းပါ..."
"အာ့....နာတယ်.....ခွေးကောင်"
"-----"
ပါးစပ်ကိုအတင်းပိတ်ထားတဲ့ပင်လယ့်လက်တွေကိုကြိတ်ကုတ်ပြီးတော့ဇေယျကဖယ်ခိုင်း၏။
ပင်လယ်ကပါးစပ်သွားပိတ်ထားတဲ့လက်ကိုမဖြေသေးဘဲအခုထပ်ပြီးမမေးဖို့ပြောရသည်။
"ကတိနော်...ကတိ"
အသံထွက်လို့မရတော့မှ ဇေယျကခေါင်းကိုအတန်တန်ညိတ်ပြရ၏။
ဒါတောင်မှ...ငနဲက...ပြုံးဖြီးဖြီးဖြစ်နေတာဘယ်လိုမှမျက်နှာတည်ခိုင်းလို့မရ...
ခက်တော့တာပဲ...။
------------
"ပင်လယ်...မင်း...မပြန်သေးဘူးမလား..."
"အင်း...မပြန်တော့ဘူး...ဒီမှာပဲနေမှာ..."
ပြန်ဖြေတဲ့အသံကပင်လယ်မဟုတ်ဘဲနဲ့...စည်း'ဆီက.....
ဇေယျကနဲနဲတော့ကြောင်သွားပြီးမှ...အူယားစရာကောင်းအောင်ပြုံးသည်။
"ဝိုး....အယ့်ဟယ်......"
စည်းရဲ့မျက်နှာကိုတလှည့်၊ ပင်လယ့်မျက်နှာကိုတလှည့်ကြည့်နေကာ...အိန္ဒြေမရ...။
ဇေယျမျက်နှာကသောက်နေတဲ့ကော်ဖီနဲ့လောင်းချင်စရာ....
"မျက်နှာပိုးမသတ်ရင်...ဒီမှာနော်...လက်ထဲကကော်ဖီကရေခဲစိမ်ထားတာမဟုတ်ဘူး...
အငွေ့တွေတထောင်းထောင်းထနေတာပူတယ်လို့ခေါ်တယ်..."
ကော်ဖီခွက်ကိုပြပြီးတော့ပင်လယ်ကပြောသည်။
"ဘလိုင်းကြီး...သွေးစမ်းတယ်...ဟွန့်"
"မင်း...အချိုးကိုပြန်ကြည့်ဦးလေ..."
"မရတော့ဘူး..စျေးပိုကြီးလိုက်ပြီ....ဒီအတိုင်းတော့မရဘူး...တဝိုင်း"
လက်ည်ိုးလေးထောင်ကာဇေယျကတောင်းဆိုတာကိုကျေနပ်စွာခေါင်းညိတ်ရသည်။
"အိုကေနော်...."
နွားပြာကြီးအောက်သွားမရှိသလိုဇေယျကပြုံးပျော်သွားကာ...
စားပွဲကိုကျော်၍ကုန်းကွပြီးတိုးတိုးလေးထပ်ပြောသည်။
"အစကနေအဆုံးပြောပြရမှာနော်...."
"ဟိတ်ကောင်...တော်တော့ဆိုနေ...ပိတ်....တိတ်....မျက်နှာပိုးမသတ်ရင်...
နောက်တခါဆိုငါ့လက်သီးကမင်းမျက်နှာနဲ့ one set ပဲ"
"မခြိမ်းခြောက်နဲ့...ဟိတ်ကောင်...
ငါသူငယ်နပ်စားမဟုတ်တော့ဘူး...
အပြောဆိုလေးကနဲနဲအချိုးမပြေတော့...စိတ်မကောင်းစွာနဲ့အပေးအယူပြန်ဖျက်ရမလား..."
အဲဒီတော့မှနေပင်လယ်စကားသံလေးပြန်လည်ပျော့ပျောင်းလာသည်။
"ဟင်း...ဟင်း...သူငယ်ချင်း...လိမ္မာတယ်နော်...ငါလိမ္မာပြီ..."
"ဒါမှပေါ့...ဟွင်း..."
နေပင်လယ်ကမျက်နှာလေးငယ်ကျကာ....
ဇေယျလည်းငြိမ်သွား၏။
စည်းကသူတို့ထက်အသက်ပိုကြီးတာကိုဇေယျလည်းသိပါသည်။
သို့သော်...ငါနဲ့မင်းလို့ပဲပြောဖြစ်နေကြကာ...
ရိုင်းသည်ယဉ်သည်ကိုမတွေးဖြစ်ကြ...
စည်း'ကလည်းမသိရရင်သူတို့အရွယ်ပါပဲ...
ဒါကြောင့်ဘယ်သူကမှမတားသလို...သူတို့တွေသူငယ်ချင်းလိုပဲပြောဖြစ်ကြတာပါ။
သူငယ်ချင်းတွေဆိုပေမယ့်ကိုယ့်ထက်လည်းအသက်ပိုကြီးတာမို့...နဲနဲလေးတော့ပြောင်ကျပြီးမမေးသင့်ဘူးထင်လို့.....ဇေယျကထိန်းပစ်လိုက်သည်။
ပင်လယ်နဲ့ပတ်သက်ပြီးမှ ဇေယျကစည်းကိုနောက်ကျစွာ ခင်မင်ရတော့ သိပ်မရင်းနှီး။
ဒါ့အပြင် လူမှုဆက်ဆံရေးမှာစည်းကမ်းကတော့ရှိသင့်သည်မို့......။