Journalist & Me !!!!
By realllljjjwww
317K 31.8K 1.2K
တစ်နေ့သ၌ ကျွန်တော့်ဘဝလေးထဲ ကဂျိူးကချောင်သတင်းထောက်ကလေး ရောက်ရှိလာခဲ့၏။ More
Ep.2.
Ep.3.
Ep.4.
Ep.5.
Ep.6.
Ep.7.
Ep.8.
Ep.9.
Ep.10.
Ep.11.
Ep.12.
Ep.13.
Ep.14.
Ep.15.
Ep.16. Final part
Christmas Day
Tencent award
📸
Ep .1.
39.2K 2.1K 31
By realllljjjwww
Unicode
"ဘယ်လိုလဲ ရှောင်းကျန့်လုပ်နိုင်မယ်ထင်လား....."
အယ်ဒီတာကြီး ပေးလာတဲ့ အချက်အလက်တွေကို ရှောင်းကျန့်သေချာကြည့်လိုက်တယ်။
ခုတလော သိပ်hitဖြစ်နေတဲ့ idolလေး ဝမ်ရိပေါ်အကြောင်းမြေလှန်ရမှာ......
ရှောင်းကျန့်တို့သတင်းစာတိုက်က သိပ်ကြီးကြီးရယ်လို့မဟုတ်....ရှောင်းကျန့်အပါအဝင် သတင်းထောက် ၄ယောက်နဲ့ ဒယ်ဒီတာကြီးရယ်ပဲ...ခပ်ကျဥ်းကျဥ်းရုံးခန်းလေးက အနုပညာရှင်တွေရဲ့ မကောင်းသတင်းတွေကိုပဲလိုက်တာ....
အရင်တစ်ခေါက်က သူတို့ထဲကသတင်းထောက်တစ်ယောက်က လုဟန်အကြောင်းလိုက်ပေမယ့်
လုဟန်ကိုယ်တိုင် သူ့ကောင်မလေးအကြောင်းထုတ်ပြလိုက်တာမို့ နှစ်လလောက် အဆူခံလိုက်ကြရသေးတယ်။
ခုဒီတစ်ခေါက်ပစ်မှတ်က သိုဝှက်တတ်တဲ့ ဝမ်ရိပေါ်လေး.....
"ဒါပေမယ့် သူကပျင်းဖို့ကောင်းမယ့်ပုံ..
သူနဲ့အတူတွဲရိုက်ဖူးတဲ့ Sean Xiaoကမှ လိုက်စရာတွေများမယ်ထင်တယ်။ "
ရှောင်းကျန့်အဆိုကို ယွီပင်းကပယ်တယ်။ဘာလို့ဆို သူလိုက်ဖူးတာမို့..
"Sean Xiaoက အကုန်ချပြပြီးနေတာ...သူ့လှုပ်ရှားမှုတွေက ပုံမှန်ပဲ...ဝမ်ရိပေါ်ကမှ ဖုံးထားသလိုလို လျှိူ့ဝှက်ထားသလိုလို ....."
"ဟုတ်လား...အိုခေလေ ကျတော် ဒီတစ်လအတွင်း နည်းနည်းတော့ လိုက်ကြည့်လိုက်မယ်။"
"အိုခေ!!!"
အယ်ဒီတာကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ပြီး ဖိုင်တစ်ထပ်ကြီးကို သယ်လို့ အိမ်ကိုပြန်လာခဲ့တယ်။
ကားပေါ်မှာ ဖုန်းလေးဖွင့်ပြီး Baiduမှာ ဝမ်ရိပေါ်ကိုရိုက်ရှာလိုက်တယ်။သတင်းတွေကတော့ စုံနေရောပဲ...
သူပွဲဦးထွက်ကတည်းကအကြောင်းတွေ..လက်ရှိလှုပ်ရှားမှုတွေ.....
အေးပေါ့လေ အနုပညာသက်တမ်း၅နှစ်တောင်ရှိနေပြီပဲဟာ...အိမ်ရောက်မှပဲ သေချာကြည့်ဖို့ဆုံးဖြတ်လိုက်ပြီး ကားလေးကိုမောင်းထွက်ခဲ့တော့တယ်။
အိမ်ရောက်တာနဲ့ ရေမိုးချိူး ပေါင်မုန့်ထုပ်လေးကိုကိုက်လို့ laptopရှေ့ ရောက်နေရပြီ။
အာလားလားး ဝမ်ရိပေါ်ရဲ့သတင်းတွေက မွှေးနေရောပါလား...ရ,ထားတဲ့ဆုတွေကလဲ သီတန်းလို့...
အကရော အဆိုရောပိုင်တဲ့အပြင် စကိတ်နဲ့ဆိုင်ကယ်သမား...ပြိုင်ပွဲတွေတောင်ဝင်ပြိုင်ထားတာပဲ ဝေါင်းးးး
မနေ့တနေ့ကတောင် သူ့မွေးရပ်မြေအတွက် မီးသတ်သံတမန်အဖြစ်တောင် ခန့်အပ်ခံထားရတာ...
ဝမ်ရိပေါ်အကြောင်းရှာလိုက်သမျှ သူ့တွဲဖက် အဲ တွဲဖက်လို့ပဲပြောရမှာပေါ့..Sean Xiaoကမပါမဖြစ်ပဲ။
Sean Xiaoရဲ့ တရုတ်နာမည်က ရှောင်းကျန့်နဲ့ တူနေတာမို့သတိထားမိနေတာ..
ချန်ချင်းလင့်လွှင့်ပြီးကတည်းက နှစ်ယောက်ကအတွဲလိုက် ဝုန်းကနဲတက်လာတာ။ဖန်တွေကပါ ဘာဘာညာညာလုပ်နေတာမို့ ယွီပင်းကတောင်စုံစမ်းလိုက်သေးတယ်ဆိုပဲ.....
ဝမ်ရိပေါ်က ၂၀၁၄ကတည်းက ပွဲဦးထွက်တာ...
ဘုရားရေ အဲ့တုန်းက ဝမ်ရိပေါ်က ၁၇နှစ်ပဲရှိသေးတာ။
သူ၁၇တုန်းကဆို မေမေ့ရင်ခွင်ထဲတိုးပြီး ပေါက်စီစားတုန်း....
ကိုရီးယားမှာ ၁၃နှစ်ကတည်း မိဘတွေနဲ့ခွဲပြီးနေရတာပဲ...
"သနားပါတယ် ကောင်လေးရယ်..."
နောက် UNIQဆိုတဲ့အဖွဲ့နဲ့တူတူ ပွဲဦးထွက်လာတယ်...ရွှေရောင်ဆံပင်ဂုတ်ထောက်လေးနဲ့ ကလေးပေါက်စကို ကြည့်ပြီးရှောင်းကျန့်ပြုံးလိုက်မိတယ်။
ပါးဖောင်းဖောင်းအိအိလေးနဲ့ အဲ့ကလေးက တကယ့်ချစ်မွှေးလေးပဲ.....
နောက် နှစ်နိုင်ငံမပြေလည်တာနဲ့ ရိပေါ်နဲ့တခြားတရုတ်အဖွဲ့ဝင်တွေ ပြန်လာခဲ့ကြပြီး တစ်ကိုယ်တော်လှုပ်ရှားမှုတွေလုပ်နေကြတာ။
အဲ့ကတည်းက ဝမ်ရိပေါ်ရဲ့ အပြုအမှုတွေ ပြောဆိုပုံတွေက အေးစက်သွားတာပဲ...
သူ့အစ်ကိုတွေနဲ့ဆို ပြုံးရယ်မောနေတတ်တဲ့ ကလေးလေးကနေလေ....
ရှောင်းကျန့်လက်တော့ပ်ကိုပိတ်ချလိုက်တယ်။
ဒီလိုကောင်းသတင်းတွေနဲ့ မွှေးပျံ့နေတဲ့ သူ့ထက်၆နှစ်ငယ်တဲ့ လူငယ်လေးကို ဘယ်လိုများမကောင်းသတင်းတွေဖြန့်ရက်ပါ့မလဲ...
အသက်ကလဲ၂၂ နှစ် တကယ့်ကလေးပိစိလေးကို....
"ဟူးစ့် "
အဲ့လိုမှမလုပ်ရင်လဲ ရှောင်းကျန့်ထမင်းငတ်သွားမှာပေါ့...ဒီအလုပ်လေးနဲ့ပဲ ဝမ်းစာဖြည့်လာတာကို....
ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျ ဝမ်ရိပေါ်ရဲ့ programရိုက်မယ့်နေရာကို အရင်စပ်စုကြည့်ရမှာပဲ....
••ကိုယ်လာပြီ ပေါက်စီဖြူလေးရေ••
................
Day Day up ပရိုဂရမ်ရိုက်မယ့်အဆောက်အဦမှာ ပရိသတ်ကောင်မလေးတွေများ အုန်းကြွပ်နေတာပဲ...
ဒါတောင် ရှောင်းကျန့် မနက်အစောကြီးကတည်းက ကြိုရောက်နေတာ....ဒီလူအုပ်အားကို ဘယ်လိုမှမတွန်းနိုင်ဘူး....
"ဝမ်ရိပေါ်ရဲ့!!!! "
စိတ်ညစ်လာတာနဲ့ လူကြားထဲ ရှောင်းကျန့် ကုန်းအော်ချလိုက်တယ်။ကောင်မလေးတွေက လှမ်းရှိူးနေကြသေးတယ်။ဖန်ဘွိုင်းလို့များထင်သွားမသိ!!!!
အသက်ရှူပါကျပ်လာလို့ လူကြားထဲကတိုးထွက်လာပြီး ရပ်ထားတဲ့ကားနားဆီပဲပြန်ခဲ့တော့တယ်။
ဒီပုံစံနဲ့သာဆို သူများတွေရတဲ့ သတင်းတွေပါလွှတ်ကုန်တော့မှာပဲ...
ရှောင်းကျန့် ကားမှန်လေးကိုမှီပြီး သက်ပြင်းတွေချနေတုန်း ကားမဲကြီးတစ်စီးက သူ့ဘေးနားထိုးချလာတယ်။
ကားပေါ်ကဆင်းလာတဲ့သူကိုပါ ကြည့်လိုက်တော့ ရှောင်းကျန့်ခြေထောက်တွေတောင် ခွေကျမတတ်ပဲ...
••ဘုရားစူး အဲ့တာ တကယ်ဝမ်ရိပေါ်ကြီး!!!!••
လူရှင်းတဲ့နေရာမို့လို့ ထင်တယ်...maskလဲမအုပ်ထားဘူး..ဖြူဖွေးပြီးအပြစ်အနာအဆာတစ်စက်မရှိတဲ့ မျက်နှာလေးကို ရှောင်းကျန့် တအံတသြစိုက်ကြည့်နေမိတယ်။
သူနဲ့ဝမ်ရိပေါ်က ဘယ်လောက်တောင်နီးနေလဲဆို ရှောင်းကျန့်လက်ဆန့်ထုတ်တာနဲ့ ဝမ်ရိပေါ်ပုခုံးကို ထိနိုင်မယ့်အနေအထား.....
ဘေးက ဘော်ဒီဂတ်တွေနဲ့ မန်နေဂျာကလဲ သူ့ကို သာမာန်လို့ပဲထင်ပြီး အထူးအလည် အဖတ်တွေလုပ်မသွားဘူး....
ဒါပေမယ့် ဝမ်ရိပေါ်က မြင်တယ်ထင်ပါ့..နှုတ်ခမ်းတစ်ဖက်နဲ့ပြုံးပြပြီး maskတပ်လို့ သူ့နားကထွက်သွားတယ်။ကျောပြင်လေးကို ငေးရင်း
"shittttt ပုံတောင်မရိုက်ထားမိဘူး...ရှောင်းကျန့်ရေ!!!!! "
အုန်းဆို လူအုပ်ထဲကအော်သံတွေက အဆောက်အဦပါတုန်သွားမယ့်အတိုင်းပဲ......
"ဝမ်ရိပေါ် စန်းကမသေးပါလား...."
ကားပေါ်လေးပြန်ထိုင်လို့ အစီအစဥ်ရိုက်ပြီးမယ့်အချိန်ကိုပဲ ထိုင်စောင့်လိုက်တော့တယ်။ရိုက်ပြီးရင် ဘယ်သွားတယ် ဘယ်သူနဲ့ဒိတ်တယ် ဘာညာ လိုက်နှိုက်ရမယ်လေ....
"ဘယ်လိုလဲ ပထမဆုံးရက်လေးက အဆင်ပြေလား...."
ယွီပင်းက ဖုန်းဆက်ပြီးအ​ကျိူးအကြောင်းလှမ်းမေးရှာတယ်။
"အသက်ရှူကျပ်ပြီးသေမလိုပဲ လူတွေက နည်းနည်းနောနောလားကွာ...."
သူငြီးတော့ ယွီပင်းက တဟားဟားနဲ့ရယ်ရင်း စကားတွေပြောပြီး ဖုန်းချသွားတယ်။
ကားပေါ်မယ် ဝမ်ရိပေါ်ရဲ့ ကိုရီးယားသီချင်းတွေရော တရုတ်သီချင်းတွေပါ နာထောင်နေလိုက်သေးတယ်။
ကိုရီးယားလို့ပြောရင် နှုတ်ခမ်းလေးလှုပ်စိစိနဲ့ တကယ်ချစ်ဖို့ကောင်းတာပဲ...
ပေါက်စီလုံးလေးကိုကြည့်ပြီး ရှောင်းကျန့်ရယ်လိုက်တယ်။
"တကယ်ချစ်စရာလေးပဲ...."
"နေစမ်းပါဦး..မင်းအကြောင်းရှာတာနဲ့ ဒီSean Xaioပါ ပါလာတော့မှာလား..."
တစ်ယောက်တည်းရှောင်းကျန့်ရေရွတ်နေတယ်။
ဟုတ်လဲဟုတ်တယ် ဘယ်လိုရှာရှာကို သူကပါ ပါနေတာ..ဖြစ်လှချည်ရဲ့ဆိုပြီး သူတို့နှစ်ယောက်ရဲ့ အင်တာဗျူးတစ်ခုကိုဖွင့်ကြည့်လိုက်တယ်။
"ငါတို့မီဒီယာတွေမေးရင် ချက်ချင်းလူထသတ်တော့မယ့် ဆိုဒ်နဲ့....Sean Xiaoနဲ့ကျ ပြုံးရယ်ပြီး မေးခွန်းတွေပါ ရှင်းပြနေသေးတာ...."
ရှောင်းကျန့်စိတ်ထဲ အစက်သေးသေးလေးဖြစ်သွားတယ်။ဘာလို့ သူက sean xiaoကျ အဲ့လိုဆက်ဆံရတာလဲ...
"ဟွန့် "
နှုတ်ခမ်းကိုဆူ ဖုန်းကိုပိတ်ပြီး တစ်ရေးအရင်အိပ်လိုက်တယ်။နိုးလာရင် ထမင်းသွားစားပြီး အဆောက်အဦထဲဝင်ရမယ်။
သူ့အကြံကိုခပ်မြန်မြန်ပဲ အကောင်အထည်ဖော်လိုက်တယ်။ညနေစောင်းလာပြီးမို့ အဆောက်အဦထဲ ခိုးဝင်ပြီး ဝမ်ရိပေါ်ရိုက်ကူးရေးရှိတဲ့ အထပ်ကိုရောက်လာခဲ့ပြီ။...
"လူတွေများရှုပ်ယှက်ခတ်နေတာပဲ...."
တွေ့တဲ့အခန်းထဲအရင်ဝင်ပုန်းနေလိုက်တယ်။ဖြစ်ချင်ရာဖြစ်ပဲ....wtfffff အခန်းကအတွင်းနံရံမှာ ဝမ်ရိပေါ်ဆိုတဲ့ နာမည်စာရွက်ကအထင်းသား.....ရိုက်ကူးရေးကမပြီးသေးတဲ့ပုံမို့ အခန်းထဲဘယ်သူမှရှိမနေဘူး..
••ဒါဝမ်ရိပေါ်ရဲ့ မိတ်ကပ်roomပေါ့••
ရှောင်းကျန့်စိတ်ထဲကနေပဲ အော်ဟစ်ပြီး အခန်းတွင်းထဲက အိမ်သာထဲကိုပဲဝင်ပုန်းနေလိုက်တယ်။
"မိရင်တော့ သေမှာပဲ...ငါဘာလုပ်ရပါ့....."
ရှောင်းကျန့်ခမျာ ဘယ်တုန်းကမှ ကြာကြာမတွေးလိုက်နိုင်ဘူး...အခန်းတံခါးဖွင့်သံတွေ ခြေသံတွေ တရှဲရှဲကြားလာရတာမို့ ရိုက်ကူးရေးပြီးပြီဆိုတာ သိလိုက်ရတယ်။
တစ်ယောက်ယောက်က အိမ်သာတံခါးသာလာဆွဲဖွင့်ရင် ရှောင်းကျန့်တော့ ဂန့်ပြီပဲ....
ဒီတစ်ခါတော့ ဘုရားသခင်က ကူညီတယ်ထင်ပါရဲ့...
တော်တော်ကြာတဲ့အထိ ဘယ်သူမှအိမ်သာတံခါးလာမဖွင့်ဘူး...
စကားပြောသံတွေကြား ဝမ်ရိပေါ်ရဲ့ရယ်သံလေးကပါ ထွက်လာတတ်သေးတယ်...။
"ရိပေါ် အိပ်ခါနီးရင် မျက်နှာသေချာသစ်ဦးနော်...skin care သေချာလုပ် "
"ဟုတ်ကဲ့ ကျဲ"
သူ့မိတ်ကပ်ဆရာမက ပြောနေတာကို သေချာလေးဖြေနေတာ...ဒီလိုကျတော့လဲ လိမ္မာသားပဲ...
"ကျတော် ခဏနားလိုက်ဦးမယ်...."
ဝမ်ရိပေါ်ကပြောတော့ အကုန်လုံးက ထွက်သွားပေးတယ်နဲ့တူတယ်။အခန်းကခဏလေးနဲ့ တိတ်ဆိတ်သွားတာများ...
အိပ်သာတံခါးက ပန်းပွင့်အပေါက်လေးတွေကနေ ချောင်းကြည့်တော့ ရိပေါ်က ဆိုဖာပေါ်မယ် ဖုန်းသုံးနေတာကို မြင်လိုက်ရတယ်။
ပါလာတဲ့ လျှိူ့ဝှက်ကင်မရာလေးကလဲ ရိုက်နေပြီးသား....
ဝမ်ရိပေါ်က ကျောပေးထိုင်နေတာမို့ ဂုတ်သားဖြူဖြူလေးတွေပဲမြင်နေရတယ်...ကိုက်စားချင်စရာ....
ရှောင်းကျန့်ငမ်းလို့မဝခင်မှာပဲ အခန်းတံခါးကို ဖွင့်ပြီး ဝမ်ရိပေါ်ဘေး လူတစ်ယောက်လာထိုင်တာကို တွေ့လိုက်ရတယ်။
••တကယ်ပဲ ဝမ်ရိပေါ်နဲ့ Sean Xiaoက တွဲနေတာလား!!!••
Zawgyi
"Sean Xiaoက အကုန်ချပြပြီးနေတာ...သူ့လှုပ်ရှားမှုတွေက ပုံမှန်ပဲ...ဝမ်ရိပေါ်ကမှ ဖုံးထားသလိုလို လျှို့ဝှက်ထားသလိုလို ....."
"အိုခေ!!!"
သူပွဲဉီးထွက်ကတည်းကအကြောင်းတွေ..လက်ရှိလှုပ်ရှားမှုတွေ.....
အိမ်ရောက်တာနဲ့ ရေမိုးချိုး ပေါင်မုန့်ထုပ်လေးကိုကိုက်လို့ laptopရှေ့ ရောက်နေရပြီ။
ဝမ်ရိပေါ်က ၂၀၁၄ကတည်းက ပွဲဉီးထွက်တာ...ဘုရားရေ အဲ့တုန်းက ဝမ်ရိပေါ်က ၁၇နှစ်ပဲရှိသေးတာ။
နောက် UNIQဆိုတဲ့အဖွဲ့နဲ့တူတူ ပွဲဉီးထွက်လာတယျ...
ဒီလိုကောင်းသတင်းတွေနဲ့ မွှေးပျံ့နေတဲ့ သူ့ထက်၆နှစ်ငယ်တဲ့ လူငယ်လေးကို ဘယ်လိုများမကောင်သတငျူးတြွေဖန့်ရက်ပါ့မလဲ...
"ဟူးစ့် "
................
"ဝမ်ရိပေါ်ရဲ့!!!! "
ယွီပင်းက ဖုန်းဆက်ပြီးအ​ကျိုးအကြောင်းလှမ်းမေးရှာတယ်။
"တကယ်ချစ်စရာလေးပဲ...."
"နေစမ်းပါဉီး..မင်းအကြောင်းရှာတာနဲ့ ဒီSean Xaioပါ ပါလာတော့မှာလား..."
"ဟွန့် "
"ရိပေါ် အိပ်ခါနီးရင် မျက်နှာသေချာသစ်ဉီးနော်...skin care သေချာလုပ် "
"ဟုတ်ကဲ့ ကျဲ"
"ကျတော် ခဏနားလိုက်ဉီးမယ်...."
ပါလာတဲ့ လျှို့ဝှက်ကင်မရာလေးကလဲ ရိုက်နေပြီးသား....
Continue Reading
You'll Also Like
177K 19.5K 30
အပြာရောင် သာတဲ့လ၊ ဆံပင်တိုတိုနဲ့ ထူးဆန်းသော ထိုယောက်ျား၊ လွတ်မြောက်ချင်သူများ ထိုလူအား ချဉ်းကပ်ထားကြ။ အပြာရောင် သာတဲ့လ၊ ဆံပင်တိုတိုနဲ့ ထူးဆန်းသော ထို...
184K 18.7K 38
What's wrong with Professor Wang?
318K 38.4K 36
I can't get rid of that little frisky man in my life !!! Yizhan ပါနော်💚❤️ ပေါ်ပေါ်လေးကအပေါ်ထပ်💚 ကောကောကအောက်ထပ်❤️
93.3K 10.9K 51