Christmas Day

14.8K 1.3K 84
                                    

Unicode

"ကျန့်ကော...ကျန့်ကော့လို့ "

အသံကိုဆောင့်ချလိုက် ဆွဲလိုက်နဲ့ ကျန့်ကောနေရရှာတဲ့ ရိပေါ်တစ်ယောက် အခန်းတံခါးရှေ့မှာငုတ်တုပ်...ရှောင်းကျန့်ကစာရေးမယ်ဆိုပြီး အခန်းထဲဝင်သွားတာ ၃နာရီလောက်ရှိတော့မယ်...
အစကတော့ ရိပေါ်လဲ ဂိမ်းဆော့နေတာမို့ မပျင်းပေမယ့် ကြာတော့ပျင်းလာပြီ...ကောရဲ့ကိုယ်လေးကိုဖက်ထားချင်နေပြီ...

"ကျန့်ကောရေ..ကျတော့်ကို မသနားဘူးလား..ဒီတိုင်းကြီးပစ်ထားတော့မှာလားလို့..."

အခန်းရှေ့ကရိပေါ်အော်သံကြောင့် ရှောင်းကျန့်စာရိုက်နေတာကိုလက်စသတ်ပြီး မျက်မှန်လေးကိုဆွဲချွတ်လိုက်သည်။
သူ့မှာ ဘယ်တုန်းကမှ စာဖြောင့်ဖြောင့်ရေးရတယ်ကိုမရှိတာ..ဝမ်ရိပေါ် အမြဲဂျစ်တိုက်နေတာကြောင့်...။

ရှောင်းကျန့်ပြန်ရောက်လာပြီးကတည်းက ရိပေါ်က သူ့တိုက်ခန်းအကောင်းစားကြီးကိုပစ်လို့ အထုပ်တွေဆွဲပြီး အိမ်ကိုပေါက်ချလာတော့တာပဲ...။တူတူနေကြမယ်တဲ့လေ...

DDU နဲ့စာချုပ်ဆက်မချုပ်တော့ပဲ schedule မအားအားအောင် လုပ်ကာ ရှောင်းကျန့်နားကပ်နေတော့တာပဲ....ရိပေါ်အနားခွါမရအောင်ကပ်နေမယ်ဆိုပြီး တွေးထားတာက သူပါ..ခုတော့ ရှောင်းကျန့်ခမျာ အိပ်သာဝင်တာတောင် ဝမ်ရိပေါ်က တံခါးရှေ့ကနေ အော်ခေါ်နေလွန်းလို့ သေချာတောင် မပါရတာကြာပြီ...

ခုလဲ သူဂိမ်းဆော့နေတုန်းစာလေးရေးမိပါတယ်..
ခေါ်နေပြန်ပြီ..အထဲကိုဝင်ခိုင်းရင်လဲ ဟိုနားကိုင်ဒီနားကိုင်နဲ့ စာကိုအာရုံစိုက်လို့ကမရ...

ဝမ်ရစ်ပေါ်စုတ်....

"ဘာဖြစ်နေတာလဲ ငါစာရေးနေတယ်လေ..မင်းဂိမ်းဆော့လို့ ငါလိုက်နှောင့်ယှက်ရင် ကြိုက်လားပြော..."

"ကျတော့်ကို အဲ့လေသံနဲ့မပြောပါနဲ့.."

အမလေး မျက်နှာလေးကို ညိုးချပစ်လိုက်တာများ...မူရာမာယာတွေ သိပ်တတ်နေတာ...

"ကျန့်ကောက ကျတော့်ကို စာအုပ်တွေထက်မချစ်ဘူးမလား..သိလိုက်ပါပြီ.."

စွပ်စွပ်နဲ့စွဲစွဲပါ...ဝမ်စွပ်စွဲရယ်...

"ဝမ်ရိပေါ် စားချင်တဲ့ဟာကိုပဲပြောလိုက်..အပိုတွေမလုပ်နဲ့.."

Journalist & Me !!!!Where stories live. Discover now