Ep.11.

15K 1.6K 15
                                    

Unicode

"ကျန့်ကော !!!!! လှတယ် တွေ့လား"

ရိပေါ်ကဗီဒီယိုကောလ်ကနေ မီလန်ကအဆောက်အဉီးတွေကိုရိုက်ပြနေတယ်။ရိပေါ်က GUCCI brand ရဲ့ fashion show သွားတက်တာဖြစ်ပြီး ကြော်ငြာပါရိုက်လာရမှာမို့ မီလန်တွင် နှစ်ပတ်လောက်ကြာနေတာဖြစ်သည်။

နာရီအချိန်ကွာခြားမှုကြောင့် ရိပေါ်ဆီမှာ နေ့လည်ပိုင်းဖြစ်နေပြီး ကိုယ့်ဆီမှာတော့ညနက်သန်းခေါင်ဖြစ်နေတတ်တာပေါ့လေ။သို့ပေမယ့် ပေါက်စီဖြူလုံးလေးက သိပ်ရွှင်လန်းတက်ကြွနေတယ်။

စာအုပ်ထဲမှာထည့်ရေးဖို့ဆိုပြီး ပန်းချီကားလှလှလေးတွေ ရှူခင်းလှလှတွေဆို ပုံတွေရိုက်ပြီးပို့တတ်တယ်။
နောက်အားတဲ့အခါ ကောနဲ့တူတူထပ်လာဉီးမယ်ဆိုပြီးလဲ တဖွဖွပြောသေးရဲ့။

ရိပေါ်ကရောက်ပြီးတစ်ပတ်ကြာတဲ့အထိ ဖုန်းခေါ်ပေမယ့် နောက်ရက်တွေမှာတော့ အလုပ်တွေများလို့ထင်ပါရဲ့....စာတိုလေးတွေတောင်ပို့မလာခဲ့ဘူး..။
အလုပ်တွေရှုပ်နေမယ့် ပေါက်စီလေးအဆင်မပြေမှာစိုးတာနဲ့ ကိုယ်ဘက်ကလဲစမဆက်သွယ်မိခဲ့ဘူး။ မတော်လို့များ သူအိပ်နေတဲ့အချိန်တဲ့ဖုန်းဆက်မိရင် ဆိုတဲ့ စိုးရိမ်စိတ်နဲ့...။

•လွမ်းလိုက်တာ....။•

"အိုက်ယား Chileကိုသွားချင်လိုက်တာ။"

အင်တာနက်ပေါ်ကနေ Chileနိုင်ငံအကြ​ောင်း လေ့လာနေရင်း ထသွားချင်တဲ့စိတ်တွေကတဖွားဖွား..အထက်တန်းကျောင်းသားဘဝကတည်းက ရည်မှန်းချက်လေး...ကမ္ဘာ​့မြေပုံထဲက သေးသွယ်သွယ်နိုင်ငံအနေအထ​ားကြောင့် သတိထားမိရာကနေ အရမ်းစိတ်ဝင်စားမိသွားတဲ့နိုင်ငံလေး....
တစ်ခေါက်ဖြစ်ဖြစ်တော့ ရောက်ချင်မိသား..။

weiboကို ပွတ်လိုက်တော့ မြင်လိုက်ရတဲ့ သတင်းကြောင့် ရှောင်းကျန့်ခေါင်းနပန်းကြီးသွားတယ်။
'ကောင်မလေးတစ်ယောက်နဲ့ ဝမ်ရိပေါ် ´ဆိုတဲ့ သတင်းတွေ...ပုံတွေက တရုတ်ပြည်တစ်ခုလုံးကိုလှုပ်ခါလိုက်ပြီ။

maskတွေအုပ်ထားကြပေမယ့် ရိပေါ်မှန်းရှောင်းကျန့်တပ်အပ်သိတယ်။ဖန်တွေခန့်မှန်းချက်အရ ပုံထဲက​​ောင်မလေးက ရိပေါ်နဲ့အတူတွဲရိုက်နေတဲ့ မင်းသမီးတဲ့။

Journalist & Me !!!!Where stories live. Discover now