Ep .1.

39.2K 2.1K 31
                                    

Unicode

"ဘယ်လိုလဲ ရှောင်းကျန့်လုပ်နိုင်မယ်ထင်လား....."

အယ်ဒီတာကြီး ပေးလာတဲ့ အချက်အလက်တွေကို ရှောင်းကျန့်သေချာကြည့်လိုက်တယ်။
ခုတလော သိပ်hitဖြစ်နေတဲ့ idolလေး ဝမ်ရိပေါ်အကြောင်းမြေလှန်ရမှာ......

ရှောင်းကျန့်တို့သတင်းစာတိုက်က သိပ်ကြီးကြီးရယ်လို့မဟုတ်....ရှောင်းကျန့်အပါအဝင် သတင်းထောက် ၄ယောက်နဲ့ ဒယ်ဒီတာကြီးရယ်ပဲ...ခပ်ကျဥ်းကျဥ်းရုံးခန်းလေးက အနုပညာရှင်တွေရဲ့ မကောင်းသတင်းတွေကိုပဲလိုက်တာ....

အရင်တစ်ခေါက်က သူတို့ထဲကသတင်းထောက်တစ်ယောက်က လုဟန်အကြောင်းလိုက်ပေမယ့်
လုဟန်ကိုယ်တိုင် သူ့ကောင်မလေးအကြောင်းထုတ်ပြလိုက်တာမို့ နှစ်လလောက် အဆူခံလိုက်ကြရသေးတယ်။

ခုဒီတစ်ခေါက်ပစ်မှတ်က သိုဝှက်တတ်တဲ့ ဝမ်ရိပေါ်လေး.....

"ဒါပေမယ့် သူကပျင်းဖို့ကောင်းမယ့်ပုံ..
သူနဲ့အတူတွဲရိုက်ဖူးတဲ့ Sean Xiaoကမှ လိုက်စရာတွေများမယ်ထင်တယ်။ "

ရှောင်းကျန့်အဆိုကို ယွီပင်းကပယ်တယ်။ဘာလို့ဆို သူလိုက်ဖူးတာမို့..

"Sean Xiaoက အကုန်ချပြပြီးနေတာ...သူ့လှုပ်ရှားမှုတွေက ပုံမှန်ပဲ...ဝမ်ရိပေါ်ကမှ ဖုံးထားသလိုလို လျှိူ့ဝှက်ထားသလိုလို ....."

"ဟုတ်လား...အိုခေလေ ကျတော် ဒီတစ်လအတွင်း နည်းနည်းတော့ လိုက်ကြည့်လိုက်မယ်။"

"အိုခေ!!!"

အယ်ဒီတာကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ပြီး ဖိုင်တစ်ထပ်ကြီးကို သယ်လို့ အိမ်ကိုပြန်လာခဲ့တယ်။

ကားပေါ်မှာ ဖုန်းလေးဖွင့်ပြီး Baiduမှာ ဝမ်ရိပေါ်ကိုရိုက်ရှာလိုက်တယ်။သတင်းတွေကတော့ စုံနေရောပဲ...

သူပွဲဦးထွက်ကတည်းကအကြောင်းတွေ..လက်ရှိလှုပ်ရှားမှုတွေ.....

အေးပေါ့လေ အနုပညာသက်တမ်း၅နှစ်တောင်ရှိနေပြီပဲဟာ...အိမ်ရောက်မှပဲ သေချာကြည့်ဖို့ဆုံးဖြတ်လိုက်ပြီး ကားလေးကိုမောင်းထွက်ခဲ့တော့တယ်။

အိမ်ရောက်တာနဲ့ ရေမိုးချိူး ပေါင်မုန့်ထုပ်လေးကိုကိုက်လို့ laptopရှေ့ ရောက်နေရပြီ။

Journalist & Me !!!!Where stories live. Discover now