စည္းျပန္သြားၿပီးတစ္လေတာင္ရွိခဲ့ၿပီပဲ...
ေျခေထာက္ေတြလံုးဝအေကာင္းပကတိမျဖစ္ေသးေပမယ့္...
ေကာင္းစြာေလွ်ာက္ႏိုင္ေနခဲ့ၿပီ။
တစ္ေယာက္ထဲေနရမွာကိုအေသေၾကာက္ေသာေနပင္လယ္က...
အေဖာ္မဲ့ေသာေန႔ေတြကိုေျခာက္ကပ္ကပ္ျဖတ္သန္းခဲ့ရ၏။
စည္းရဲ႕မ်က္ႏွာေလးကိုေတြ႕ခ်င္ေပမယ့္...သူ႔အသံေလးနဲ႔ပဲေက်နပ္ခဲ့ရတာ တလေလာက္ရွိၿပီ။
အိပ္ယာႏိုးတာနဲ႔ဖုန္းကိုင္ကာ...ပင္လယ္ကတစ္ရက္မွဖုန္းဆက္မပ်က္ခဲ့ေပ။
ေန႔နဲ႔ညလြဲေနသည္မို႔...
စည္း'အိပ္ယာႏိုးမည့္အခ်ိန္ေလးေတြကိုေသခ်ာေစာင့္ၿပီးဆက္ရ၏။
"စည္း...ငါ့ကိုမလြမ္းဘူးလား..."
"မင္း...အေတာ္လာတဲ့အေကာင္ေနာ္...လြမ္းတယ္လို႔အရင္ေျပာရမွာကို...မလြမ္းဘူးလားဆိုၿပီးအရင္ေမးတာ..."
"ဟာ...ငါလြမ္းတယ္ဆိုတာမေျပာဘဲနဲ႔သိတယ္မလား..."
"မသိဘူး..."
စည္းျပန္ေျဖတဲ့မလိမ္မိုးမလိမ္မာအသံေၾကာင့္...စိတ္တိုပံုရတဲ့ပင္လယ့္အသံကဖုန္းထဲမွာဟိန္းေန၏။
"စည္း........!"
"အား...ေျဖးေျဖးေအာ္ပါ...ဖုန္းပ်က္သြားဦးမယ္..."
"ဖုန္းပ်က္တာစိတ္မဝင္စားဘူး...မင္းနားမကန္းသြားရင္ၿပီးတာပဲ...မင္းပဲအေရးႀကီးတာ...ေျဖ...ငါ့ကိုလြမ္းလား..."
"လြမ္းတယ္လို႔...မင္းအရင္ေျပာ..."
"ငါမေျပာရင္မေျဖဘူးလား..."
"အြန္း..."
"စည္း...မင္းလုပ္ထားေနာ္...မင္း...အခြင့္ရတုန္းလုပ္ထားေပါ့...အေက်ာေပးမယ္...မင္းကိုလြမ္းတယ္..."
"ေက်နပ္တယ္..."
"ဒါဆိုေျဖ...ငါ့ကိုလြမ္းလား..."
"အင္း...လြမ္းတယ္..."
"အဲဒီစကားတစ္ခြန္းတည္းနဲ႔ျပည့္စံုတယ္...ဘာမွထပ္ေျပာဖို႔မလိုေတာ့ဘူး..."
အပိုေတြမဆိုမိၾကေတာ့ဘဲ...နားလည္မႈနဲ႔ႏွလံုးသားေတြထပ္တူက်လြန္းခဲ့သည္။
မ်က္လံုးမွိတ္ထားလို႔တိုင္ပင္စရာမလိုဘဲ...ဖုန္းကိုင္ထားလ်က္နဲ႔မ်က္လံုးေတြမွိတ္ထားကာ...တိတ္ဆိတ္ေန၏။
"မင္းအိပ္လို႔ရရဲ႕လား...ဟိုေရာက္လိုက္ဒီေရာက္လိုက္နဲ႔..."
"အင္း...ရေအာင္အိပ္ေနတာပဲ...မင္းဒဏ္ရာေတြဘယ္လိုေနေသးလဲ..."
"ေကာင္းလြန္းလို႔ေကာင္းကင္ေပၚေတာင္ထပ်ံေတာ့မွာ..."
"အူျမဴးတယ္ေနာ္..."
"အင္း...ငါေပ်ာ္ေနတာ..."
မင္းအိမ္ေလးဆီျပန္လာရမွာမို႔လို႔'ဆိုတဲ့စကားေလးေတာ့မေျပာျဖစ္လိုက္ဘဲ...ၿငိမ္ေနမိခဲ့သညိ။
ေနပါေစ...ငါတို႔ေတြ႕မွလြမ္းခ်င္းခ်တာေပါ့...
အခုေတာ့ဖုန္းေလးထဲပဲလြမ္းေနပါရေစဦး...
------
အျမန္ျပန္ခဲ့မယ္'လို႔ေျပာခဲ့ေပမယ့္...တကယ္ေတာ့မျဖစ္ႏိုင္ခဲ့ပါ။
ရႈပ္ေထြးမႈေတြကိုကိုင္တြယ္ေျဖရွင္းဖို႔ စည္း'သို႔မဟုတ္'ဦးေအာင္ႏိုင္ကလြဲ၍မည္သူမွမတတ္ႏိုင္ေပ။
အုပ္စိုးကိုသင္ေနရဆဲျဖစ္လို႔တခ်ိဳ႕ျပႆနာေတြမွာဦးေဆာင္ျပဳဖို႔ကိုယ္စားလွယ္တစ္ဦးလိုအပ္ပါသည္။
အျမန္ဟုေျပာေပမယ့္တစ္လအထိၾကာေနခဲ့ၿပီး...အလုပ္ၿပီးေျမာက္ဖို႔အခ်ိန္ေလးထပ္လိုသည့္အခါ...
ဘယ္ေန႔ျပန္ခဲ့မွာလဲ'ဆိုတဲ့သူ႔ေမးခြန္းေလးကိုအခု...တိတိက်က်မေျဖႏိုင္ေတာ့ေပ။
ရႈပ္ေထြးသထက္ပိုရႈပ္ေထြးလာခဲ့ေတာ့လူေရာစိတ္ပါမဟန္ႏိုင္ေတာ့ဘဲ...စည္း...အရမ္းပင္ပန္းေနခဲ့သည္။
အိပ္ခ်ိန္မမွန္ဘဲအစာလဲေသခ်ာမစားႏိုင္ျဖစ္ေနတာေၾကာင့္...ျပန္လာကတည္းကလူကေခြလဲခ်င္၏။
သို႔ေသာ္...မၿပီးျပတ္ေသးတာေတြေၾကာင့္စိတ္ကိုတင္းထားၿပီးႀကိဳးစားခဲ့ရသည္။
ကုမၸဏီႀကီးတစ္ခုရဲ႕ရံုးခြဲနဲ႔လက္ေအာက္ခံအလုပ္ရံုတစ္ခုရဲ႕အခန္းတြင္းပိုင္းျပင္ဆင္မႈမွားယြင္းၿပီး...ႀကီးမားတဲ့ျပႆနာျဖစ္ခဲ့ရ၏။
ထံုးစံအတိုင္းကုမၸဏီရဲ႕ဒီဇိုင္နာကိုလူသိခံလို႔မရတာေၾကာင့္...ကိုယ္စားလွယ္ျဖစ္သည့္စည္းကပဲအကုန္ဒိုင္ခံေျဖရွင္းရသည္။
ျပႆနာက...ဧည့္သည္ကိုပထမအဆင့္ေတာင္းပန္ျခင္းကိုအုပ္စိုးကေသခ်ာမေဆာင္ရြက္ႏိုင္ခဲ့တာမွစတာျဖစ္၏။
အလုပ္လာအပ္တဲ့ဧည့္သည္အတြက္ကေတာ့ သူတို႔စိတ္ေက်နပ္မႈမရလွ်င္...ဧည့္သည္မို႔လို႔ဆိုတဲ့စကားတစ္ခုနဲ႔အလုပ္သမားအေပၚအႏိုင္ယူေျပာတတ္တာသဘာဝျဖစ္သည္။
အဲဒါကိုေသခ်ာသေဘာမေပါက္ဘဲ...ကိုယ္မွန္တာပဲ...လို႔စၿပီး အထြဋ္တက္မိတာနဲ႔ျပႆနာကခက္သြားတတ္သည္။
ဧည့္သည္ကအၿမဲမွန္တယ္'ဆိုတဲ့စကားကတကယ္တမ္းေတာ့...အေတြးအေခၚနည္းသည့္လူတစ္ခ်ိဳ႕ရဲ႕လက္ကိုင္ေဆာင္ပုဒ္ျဖစ္၏။
ဒါကလည္း စီးပြားေရးေလာကရဲ႕ သဘာဝႀကီးျဖစ္၏။
ဧည့္သည္မို႔လို႔...ဆိုတာေလးတစ္ခုနဲ႔အရာရာက္ိုအေပၚစီးမွဆက္ဆံတတ္ၾက၏။
ႏွစ္ဦးႏွစ္ဖက္ေျပလည္ေအာင္...က္ိုယ္ခ်င္းစာတရားနဲ႔ေတြးေပးေပါ့လို႔'ေတြးေကာင္းေတြးႏိုင္ေပမယ့္ စီးပြားေရးမွာ ဒီလိုကိုယ္ခ်င္းစာတရားမရွိတတ္ၾက။
ထို႔အျပင္ အသိဉာဏ္မျပည့္စံုသည့္လူအခ်ိဳ႕ကေတာ့ကိုယ္ခ်င္းမစာႏိုင္သလို...ျဖည့္ေတြးေပးဖို႔လည္းေစတနာမရွိတတ္ၾကပါ။
အဲဒါကို...ဝန္ထမ္းဘက္ကသေဘာေပါက္ထားရက္နဲ႔...ကိုယ္မွန္ေၾကာင္းအေၾကာင္းျပခ်က္ကိုရွာေဖြျခင္းကမိုက္မဲျခင္းျဖစ္၏။
ကိုယ္မွန္ေနေသာ္ျငားလည္း...ခဏေလးေမ့ထားကာ...ျပႆနာရွာခ်င္သည့္ဧည့္သည္ကိုဦးစြာေခါင္းေအးသြားေအာင္သြယ္ဝိုက္ၿပီး...ေတာင္းပန္ရင္း...
ျပႆနာရဲ႕ကနဦးပိုင္းက္ိုဆြဲေခၚရမွာျဖစ္သည္။
ဒီလိုမဟုတ္ဘဲ...ေခါင္းမာစြာ...ကိုယ္မွန္သည္ဟုျငင္းဆိုမိသြားပါက...
လက္တစ္ဆုပ္ေလာက္ျပႆနာကယခုလိုေငြသိန္းေပါင္းရာခ်ီၿပီးဆံုးရံႈးသြားႏိုင္သည္။
အစကိုျပန္ဆြဲထုတ္ရၿပီး...အရာရာကိုအသစ္တဖန္စတင္ႏိုင္ေအာင္စည္း'က အလူးအလဲႀကိဳးစားခဲ့ရကာ...ေနာက္ဆံုးေတာ့လဲ...
ျပႆနာကိုေအာင္ျမင္စြာေျဖရွင္းႏိုင္ခဲ့သည္။
"မိုနာ...ငါဒီေန႔ရံုးေစာေစာဆင္းမွာ...အိုေကတယ္မလား...လူအရမ္းနံုးေနၿပီ.."
"အင္း...ရတယ္ေလ...ဒါနဲ႔...နင့္ဧည့္သည္ေရာက္ေနတယ္တဲ့..."
"ဘယ္သူလဲ..."
"ရံုးခန္းထဲမွာ...သြားၾကည့္"
ဘာမွမေျဖဘဲမိုနာကထြက္သြားခဲ့ေတာ့ ဘယ္သူပါလိမ့္'လို႔ေတြးေနရင္း ရံုးခန္းဆီအေျပးေလးေရာက္ခဲ့ရသည္။
အခန္းတံခါးေလးဖြင့္လိုက္ေတာ့...
မထင္မွတ္ထားတဲ့ ေရႊဧည့္သည္ကဆီးႀကိဳေနခဲ့သည္။
"ပင္လယ္...ဘယ္လိုလုပ္ၿပီး..."
သူ႔စားပြဲေလးမွာထိုင္ရင္း ခ်ိဳေသာအျပံဳးေလးနဲ႔ ပင္လယ္ကႀကိဳေနခဲ့၏။
လြမ္းလိုက္တာ'...လို႔ေတြးရင္း...ေျခလွမ္းကိုျမန္လိုက္ၿပီးမွ...အိတ္ဆြဲၿပီးအုပ္စိုးသူ႔အေနာက္ကပါလာတာကိုျပန္သတိရလာ၏။
"အာ့....ဟီး...တစ္ေယာက္ထဲလား...ျပန္လာတာကိုဖုန္းဆက္ေတာ့မေျပာဘူး...မင္း..."
"အင္း...မာမီပါတယ္..."
အုပ္စိုးလည္း ေရာက္လာေတာ့ ပင္လယ့္ကိုနႈတ္ဆက္သည္။
"ကိုပင္လယ္...ဘယ္လိုလဲဒဏ္ရာေတြက..."
"ေတာ္ေတာ္ေကာင္းလာၿပီ..."
"ေတာ္ေသးတာေပါ့...ကြ်န္ေတာ္တို႔စိတ္မေကာင္းျဖစ္ေနၾကတာ...အခုအေကာင္းတိုင္းပဲဆိုေတာ့ဝမ္းသာလိုက္တာ...ဘုရားသိၾကားမ,တာပဲ"
"အင္း...စိတ္ပူေနၾကလို႔အားနာတာ..."
"မဟုတ္တာ...ကြ်န္ေတာ္တို႔ကပ,မႊားပဲရွိေသးတာ...ကိုႀကီးဆိုရင္သနားဖို႔ေကာင္းတာ...အ႐ူးလိုပဲျဖစ္ေနခဲ့တာ..."
စည္း'ရဲ႕မ်က္ႏွာကိုၾကည့္ၿပီးအုပ္စိုးကေျပာေတာ့...
မ်က္ခံုးေလးပင့္ၿပီး စည္း'ကအသံတိတ္အခ်က္ျပ၏။
အလုပ္အတူတူလုပ္ေနၾကမို႔...စည္း'ရဲ႕မ်က္ရိပ္မ်က္ကဲကိုအုပ္စိုးကခ်က္ခ်င္းသေဘာေပါက္သည္။
အုပ္စိုးမ်က္ႏွာကမခ်ိဳမခ်ဥ္ျဖစ္သြားၿပီးမွ...အခန္းထဲကေနထြက္ခြာသည္။
"ကြ်န္ေတာ္...ဗိုက္ဆာလို႔ေအာက္ဆင္းမွာ...ကိုႀကီးတို႔တခုခုလိုက္စားဦးမလား"
"ေတာ္ၿပီ...သြားပါ...ေအးေဆးနား၊ ခဏၾကာရင္ငါျပန္မွာမို႔..."
အလိုက္တသိနဲ႔အုပ္စိုးထြက္သြားေတာ့...စည္းကပင္လယ့္ဆီ ကပ္လာၿပီး ေခါင္းေလးကိုလက္သီးဆုပ္ဖြဖြေလးနဲ႔ထုသည္။
"မေန႔ကဖုန္းဆက္တာမေျပာဘူး...လွ်ိဳထားေသးတယ္...အူပုပ္ေလး..."
အက်ႌလက္ဝမွၾကယ္သီးေလးေတြကိုပူအိုက္လာလို႔ေျဖခ်ရင္းခါးေလးကုန္းၿပီးပင္လယ့္အနားကပ္ကာ..
"လြမ္းေနတာ..."လို႔တိုးတိုးေလးေျပာ၏။
"ဘယ္သူ႔ကိုတဲ့လဲ"
"ဒီေကာင္ေလးကို..."
ပင္လယ္ကထိုင္ရာမွမထဘဲ စည္းရဲ႕ခါးကိုဆြဲဖက္ထားေတာ့စည္းရဲ႕ဗိုက္နားေလးမွာမ်က္ႏွာေလးအပ္ထားသလိုျဖစ္၏။
စည္းကသူ႔ဆံပင္ေလးေတြဖြဖြေလးပြတ္သပ္ၿပီးေတာ့ျပန္ေထြးဖက္သည္။
"လြမ္းခဲ့ရတာကြာ"
"ကြ်န္ေတာ္ကပိုလြမ္းတာ..."
"လြမ္းတာပဲကို...အတူတူပဲ"
"လြမ္းတာခ်င္းတူေတာင္မွကြ်န္ေတာ္ကပိုလြမ္းရတာ"
"အတူတူပဲဆို"
"မတူပါဘူး...ကြ်န္ေတာ္ကပိုတာ.....
ခင္ဗ်ားအိပ္ခဲ့တဲ့ေနရာေလးေတြကိုၾကည့္ၿပီးလြမ္းရတာ...တစ္ႀကိမ္မကေတာ့ဘူး...စုစုေပါင္းႏွစ္ႀကိမ္ျဖစ္ေနၿပီ..."
"ငါလဲလြမ္းရတာပဲကြာ"
"မတူဘူး...ကြ်န္ေတာ္ကပိုခ်စ္လို႔ပိုလြမ္းရတာ"
"ဘာနဲ႔တိုင္းလိုက္လို႔ပိုခ်စ္တာသိတာလဲ"
"သိတာေပါ့...အစကတည္းကကြ်န္ေတာ္ကခ်စ္ခဲ့ရတာ..."
"ဟုတ္လို႔လား...ေသခ်ာလား"
"ေသခ်ာတာေပါ့"
"ဘယ္မွာလဲသက္ေသက"
ရင္ခြင္ထဲမွပင္လယ့္ေခါင္းေလးကိုဆြဲခြာကာေသခ်ာၾကည့္ၿပီးေမး၏။
"ေျဖေလ...ဘယ္မွာလဲမင္းကစ,ခ်စ္ရတာဆိုတဲ့သက္ေသ...ရွိလို႔လား"
ေနပင္လယ္ကအေျဖခက္သလိုျဖစ္ေနေတာ့...
တမင္တကာထပ္ၿပီးေမးသည္။
"ဘာနဲ႔တိုင္းၿပီးပိုခ်စ္မွန္းလဲမသိ...စခ်စ္တယ္ဆိုတာလဲသက္ေသမရွိ...ဟြန္႔...ေလလံုးႀကီးတဲ့ေကာင္ေလး..."
"ရွိတယ္...သက္ေသ..."
"ဘယ္မွာလဲ"
စည္း'ကသေဘာက်စြာျပံဳးတုံ့တံု႔လုပ္ေနရာမွရယ္ခ်င္လာခဲ့သည္။
"ခင္ဗ်ားေနာ္...ကြ်န္ေတာ္တကယ္အတည္ေျပာေနတာကို...စိတ္ေကာက္ေတာ့မွာ"
"ဟား...ရံုးမွာစိတ္လာေကာက္ေနတဲ့ေကာင္ေလးေၾကာင့္ငါေတာ့ခက္ေတာ့မယ္
မင္းမာမီကေရာ...ဘယ္မွာလဲ"
"ကြ်န္ေတာ္တို႔အိမ္ကိုအရင္သြားေနၿပီ...ကြ်န္ေတာ္ပဲဒီမွာက်န္ခဲ့တာ...အရမ္းေတြ႕ခ်င္ေနလို႔"
"ေအးေဆးလာလဲရတာပဲကို...အခုရံုးဆင္းေတာ့မွာ..."
"မနက္ျဖန္ေရာရံုးတက္ရမွာလား..."
"မလာလဲရမယ္ထင္တယ္...ျပႆနာကေအးသြားၿပီ"
"ဟုတ္လား...ဒါဆို...အေတာ္ပဲ...မာမီ့ကိုဒီညအေရာက္လိုက္ခဲ့မယ္လို႔ေျပာထားလို႔..."
"ဟင္.....ဟိုၿမိဳ႕ကိုျပန္သြားရမွာလား..."
စိတ္ညစ္သလိုေလးစည္းကညည္း၏။
"အင္း...ကြ်န္ေတာ္အခုက်န္ခဲ့တာေတာင္မွအတင္းေျပာခဲ့ရတာ..."
မတတ္ႏိုင္ဘူး...သူ႔မာမီရွိရာၿမိဳ႕ေလးကိုလိုက္ပို႔မွျဖစ္ေတာ့မွာပဲ။
"အခုအိမ္ခဏျပန္ၿပီးရင္လိုက္ပို႔ေပးမယ္...မိုနာ့ကားကိုခဏယူထားၿပီး...ကိုယ္လိုက္ပို႔ေပးမယ္"
"အင္း..."
Unicode
စည်းပြန်သွားပြီးတစ်လတောင်ရှိခဲ့ပြီပဲ...
ခြေထောက်တွေလုံးဝအကောင်းပကတိမဖြစ်သေးပေမယ့်...
ကောင်းစွာလျှောက်နိုင်နေခဲ့ပြီ။
တစ်ယောက်ထဲနေရမှာကိုအသေကြောက်သောနေပင်လယ်က...
အဖော်မဲ့သောနေ့တွေကိုခြောက်ကပ်ကပ်ဖြတ်သန်းခဲ့ရ၏။
စည်းရဲ့မျက်နှာလေးကိုတွေ့ချင်ပေမယ့်...သူ့အသံလေးနဲ့ပဲကျေနပ်ခဲ့ရတာ တလလောက်ရှိပြီ။
အိပ်ယာနိုးတာနဲ့ဖုန်းကိုင်ကာ...ပင်လယ်ကတစ်ရက်မှဖုန်းဆက်မပျက်ခဲ့ပေ။
နေ့နဲ့ညလွဲနေသည်မို့...
စည်း'အိပ်ယာနိုးမည့်အချိန်လေးတွေကိုသေချာစောင့်ပြီးဆက်ရ၏။
"စည်း...ငါ့ကိုမလွမ်းဘူးလား..."
"မင်း...အတော်လာတဲ့အကောင်နော်...လွမ်းတယ်လို့အရင်ပြောရမှာကို...မလွမ်းဘူးလားဆိုပြီးအရင်မေးတာ..."
"ဟာ...ငါလွမ်းတယ်ဆိုတာမပြောဘဲနဲ့သိတယ်မလား..."
"မသိဘူး..."
စည်းပြန်ဖြေတဲ့မလိမ်မိုးမလိမ်မာအသံကြောင့်...စိတ်တိုပုံရတဲ့ပင်လယ့်အသံကဖုန်းထဲမှာဟိန်းနေ၏။
"စည်း........!"
"အား...ဖြေးဖြေးအော်ပါ...ဖုန်းပျက်သွားဦးမယ်..."
"ဖုန်းပျက်တာစိတ်မဝင်စားဘူး...မင်းနားမကန်းသွားရင်ပြီးတာပဲ...မင်းပဲအရေးကြီးတာ...ဖြေ...ငါ့ကိုလွမ်းလား..."
"လွမ်းတယ်လို့...မင်းအရင်ပြော..."
"ငါမပြောရင်မဖြေဘူးလား..."
"အွန်း..."
"စည်း...မင်းလုပ်ထားနော်...မင်း...အခွင့်ရတုန်းလုပ်ထားပေါ့...အကျောပေးမယ်...မင်းကိုလွမ်းတယ်..."
"ကျေနပ်တယ်..."
"ဒါဆိုဖြေ...ငါ့ကိုလွမ်းလား..."
"အင်း...လွမ်းတယ်..."
"အဲဒီစကားတစ်ခွန်းတည်းနဲ့ပြည့်စုံတယ်...ဘာမှထပ်ပြောဖို့မလိုတော့ဘူး..."
အပိုတွေမဆိုမိကြတော့ဘဲ...နားလည်မှုနဲ့နှလုံးသားတွေထပ်တူကျလွန်းခဲ့သည်။
မျက်လုံးမှိတ်ထားလို့တိုင်ပင်စရာမလိုဘဲ...ဖုန်းကိုင်ထားလျက်နဲ့မျက်လုံးတွေမှိတ်ထားကာ...တိတ်ဆိတ်နေ၏။
"မင်းအိပ်လို့ရရဲ့လား...ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့..."
"အင်း...ရအောင်အိပ်နေတာပဲ...မင်းဒဏ်ရာတွေဘယ်လိုနေသေးလဲ..."
"ကောင်းလွန်းလို့ကောင်းကင်ပေါ်တောင်ထပျံတော့မှာ..."
"အူမြူးတယ်နော်..."
"အင်း...ငါပျော်နေတာ..."
မင်းအိမ်လေးဆီပြန်လာရမှာမို့လို့'ဆိုတဲ့စကားလေးတော့မပြောဖြစ်လိုက်ဘဲ...ငြိမ်နေမိခဲ့သညိ။
နေပါစေ...ငါတို့တွေ့မှလွမ်းချင်းချတာပေါ့...
အခုတော့ဖုန်းလေးထဲပဲလွမ်းနေပါရစေဦး...
------
အမြန်ပြန်ခဲ့မယ်'လို့ပြောခဲ့ပေမယ့်...တကယ်တော့မဖြစ်နိုင်ခဲ့ပါ။
ရှုပ်ထွေးမှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ စည်း'သို့မဟုတ်'ဦးအောင်နိုင်ကလွဲ၍မည်သူမှမတတ်နိုင်ပေ။
အုပ်စိုးကိုသင်နေရဆဲဖြစ်လို့တချို့ပြဿနာတွေမှာဦးဆောင်ပြုဖို့ကိုယ်စားလှယ်တစ်ဦးလိုအပ်ပါသည်။
အမြန်ဟုပြောပေမယ့်တစ်လအထိကြာနေခဲ့ပြီး...အလုပ်ပြီးမြောက်ဖို့အချိန်လေးထပ်လိုသည့်အခါ...
ဘယ်နေ့ပြန်ခဲ့မှာလဲ'ဆိုတဲ့သူ့မေးခွန်းလေးကိုအခု...တိတိကျကျမဖြေနိုင်တော့ပေ။
ရှုပ်ထွေးသထက်ပိုရှုပ်ထွေးလာခဲ့တော့လူရောစိတ်ပါမဟန်နိုင်တော့ဘဲ...စည်း...အရမ်းပင်ပန်းနေခဲ့သည်။
အိပ်ချိန်မမှန်ဘဲအစာလဲသေချာမစားနိုင်ဖြစ်နေတာကြောင့်...ပြန်လာကတည်းကလူကခွေလဲချင်၏။
သို့သော်...မပြီးပြတ်သေးတာတွေကြောင့်စိတ်ကိုတင်းထားပြီးကြိုးစားခဲ့ရသည်။
ကုမ္ပဏီကြီးတစ်ခုရဲ့ရုံးခွဲနဲ့လက်အောက်ခံအလုပ်ရုံတစ်ခုရဲ့အခန်းတွင်းပိုင်းပြင်ဆင်မှုမှားယွင်းပြီး...ကြီးမားတဲ့ပြဿနာဖြစ်ခဲ့ရ၏။
ထုံးစံအတိုင်းကုမ္ပဏီရဲ့ဒီဇိုင်နာကိုလူသိခံလို့မရတာကြောင့်...ကိုယ်စားလှယ်ဖြစ်သည့်စည်းကပဲအကုန်ဒိုင်ခံဖြေရှင်းရသည်။
ပြဿနာက...ဧည့်သည်ကိုပထမအဆင့်တောင်းပန်ခြင်းကိုအုပ်စိုးကသေချာမဆောင်ရွက်နိုင်ခဲ့တာမှစတာဖြစ်၏။
အလုပ်လာအပ်တဲ့ဧည့်သည်အတွက်ကတော့ သူတို့စိတ်ကျေနပ်မှုမရလျှင်...ဧည့်သည်မို့လို့ဆိုတဲ့စကားတစ်ခုနဲ့အလုပ်သမားအပေါ်အနိုင်ယူပြောတတ်တာသဘာဝဖြစ်သည်။
အဲဒါကိုသေချာသဘောမပေါက်ဘဲ...ကိုယ်မှန်တာပဲ...လို့စပြီး အထွဋ်တက်မိတာနဲ့ပြဿနာကခက်သွားတတ်သည်။
ဧည့်သည်ကအမြဲမှန်တယ်'ဆိုတဲ့စကားကတကယ်တမ်းတော့...အတွေးအခေါ်နည်းသည့်လူတစ်ချို့ရဲ့လက်ကိုင်ဆောင်ပုဒ်ဖြစ်၏။
ဒါကလည်း စီးပွားရေးလောကရဲ့ သဘာဝကြီးဖြစ်၏။
ဧည့်သည်မို့လို့...ဆိုတာလေးတစ်ခုနဲ့အရာရာက်ိုအပေါ်စီးမှဆက်ဆံတတ်ကြ၏။
နှစ်ဦးနှစ်ဖက်ပြေလည်အောင်...က်ိုယ်ချင်းစာတရားနဲ့တွေးပေးပေါ့လို့'တွေးကောင်းတွေးနိုင်ပေမယ့် စီးပွားရေးမှာ ဒီလိုကိုယ်ချင်းစာတရားမရှိတတ်ကြ။
ထို့အပြင် အသိဉာဏ်မပြည့်စုံသည့်လူအချို့ကတော့ကိုယ်ချင်းမစာနိုင်သလို...ဖြည့်တွေးပေးဖို့လည်းစေတနာမရှိတတ်ကြပါ။
အဲဒါကို...ဝန်ထမ်းဘက်ကသဘောပေါက်ထားရက်နဲ့...ကိုယ်မှန်ကြောင်းအကြောင်းပြချက်ကိုရှာဖွေခြင်းကမိုက်မဲခြင်းဖြစ်၏။
ကိုယ်မှန်နေသော်ငြားလည်း...ခဏလေးမေ့ထားကာ...ပြဿနာရှာချင်သည့်ဧည့်သည်ကိုဦးစွာခေါင်းအေးသွားအောင်သွယ်ဝိုက်ပြီး...တောင်းပန်ရင်း...
ပြဿနာရဲ့ကနဦးပိုင်းက်ိုဆွဲခေါ်ရမှာဖြစ်သည်။
ဒီလိုမဟုတ်ဘဲ...ခေါင်းမာစွာ...ကိုယ်မှန်သည်ဟုငြင်းဆိုမိသွားပါက...
လက်တစ်ဆုပ်လောက်ပြဿနာကယခုလိုငွေသိန်းပေါင်းရာချီပြီးဆုံးရှုံးသွားနိုင်သည်။
အစကိုပြန်ဆွဲထုတ်ရပြီး...အရာရာကိုအသစ်တဖန်စတင်နိုင်အောင်စည်း'က အလူးအလဲကြိုးစားခဲ့ရကာ...နောက်ဆုံးတော့လဲ...
ပြဿနာကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့သည်။
"မိုနာ...ငါဒီနေ့ရုံးစောစောဆင်းမှာ...အိုကေတယ်မလား...လူအရမ်းနုံးနေပြီ.."
"အင်း...ရတယ်လေ...ဒါနဲ့...နင့်ဧည့်သည်ရောက်နေတယ်တဲ့..."
"ဘယ်သူလဲ..."
"ရုံးခန်းထဲမှာ...သွားကြည့်"
ဘာမှမဖြေဘဲမိုနာကထွက်သွားခဲ့တော့ ဘယ်သူပါလိမ့်'လို့တွေးနေရင်း ရုံးခန်းဆီအပြေးလေးရောက်ခဲ့ရသည်။
အခန်းတံခါးလေးဖွင့်လိုက်တော့...
မထင်မှတ်ထားတဲ့ ရွှေဧည့်သည်ကဆီးကြိုနေခဲ့သည်။
"ပင်လယ်...ဘယ်လိုလုပ်ပြီး..."
သူ့စားပွဲလေးမှာထိုင်ရင်း ချိုသောအပြုံးလေးနဲ့ ပင်လယ်ကကြိုနေခဲ့၏။
လွမ်းလိုက်တာ'...လို့တွေးရင်း...ခြေလှမ်းကိုမြန်လိုက်ပြီးမှ...အိတ်ဆွဲပြီးအုပ်စိုးသူ့အနောက်ကပါလာတာကိုပြန်သတိရလာ၏။
"အာ့....ဟီး...တစ်ယောက်ထဲလား...ပြန်လာတာကိုဖုန်းဆက်တော့မပြောဘူး...မင်း..."
"အင်း...မာမီပါတယ်..."
အုပ်စိုးလည်း ရောက်လာတော့ ပင်လယ့်ကိုနှုတ်ဆက်သည်။
"ကိုပင်လယ်...ဘယ်လိုလဲဒဏ်ရာတွေက..."
"တော်တော်ကောင်းလာပြီ..."
"တော်သေးတာပေါ့...ကျွန်တော်တို့စိတ်မကောင်းဖြစ်နေကြတာ...အခုအကောင်းတိုင်းပဲဆိုတော့ဝမ်းသာလိုက်တာ...ဘုရားသိကြားမ,တာပဲ"
"အင်း...စိတ်ပူနေကြလို့အားနာတာ..."
"မဟုတ်တာ...ကျွန်တော်တို့ကပ,မွှားပဲရှိသေးတာ...ကိုကြီးဆိုရင်သနားဖို့ကောင်းတာ...အရူးလိုပဲဖြစ်နေခဲ့တာ..."
စည်း'ရဲ့မျက်နှာကိုကြည့်ပြီးအုပ်စိုးကပြောတော့...
မျက်ခုံးလေးပင့်ပြီး စည်း'ကအသံတိတ်အချက်ပြ၏။
အလုပ်အတူတူလုပ်နေကြမို့...စည်း'ရဲ့မျက်ရိပ်မျက်ကဲကိုအုပ်စိုးကချက်ချင်းသဘောပေါက်သည်။
အုပ်စိုးမျက်နှာကမချိုမချဉ်ဖြစ်သွားပြီးမှ...အခန်းထဲကနေထွက်ခွာသည်။
"ကျွန်တော်...ဗိုက်ဆာလို့အောက်ဆင်းမှာ...ကိုကြီးတို့တခုခုလိုက်စားဦးမလား"
"တော်ပြီ...သွားပါ...အေးဆေးနား၊ ခဏကြာရင်ငါပြန်မှာမို့..."
အလိုက်တသိနဲ့အုပ်စိုးထွက်သွားတော့...စည်းကပင်လယ့်ဆီ ကပ်လာပြီး ခေါင်းလေးကိုလက်သီးဆုပ်ဖွဖွလေးနဲ့ထုသည်။
"မနေ့ကဖုန်းဆက်တာမပြောဘူး...လျှိုထားသေးတယ်...အူပုပ်လေး..."
အကျႌလက်ဝမှကြယ်သီးလေးတွေကိုပူအိုက်လာလို့ဖြေချရင်းခါးလေးကုန်းပြီးပင်လယ့်အနားကပ်ကာ..
"လွမ်းနေတာ..."လို့တိုးတိုးလေးပြော၏။
"ဘယ်သူ့ကိုတဲ့လဲ"
"ဒီကောင်လေးကို..."
ပင်လယ်ကထိုင်ရာမှမထဘဲ စည်းရဲ့ခါးကိုဆွဲဖက်ထားတော့စည်းရဲ့ဗိုက်နားလေးမှာမျက်နှာလေးအပ်ထားသလိုဖြစ်၏။
စည်းကသူ့ဆံပင်လေးတွေဖွဖွလေးပွတ်သပ်ပြီးတော့ပြန်ထွေးဖက်သည်။
"လွမ်းခဲ့ရတာကွာ"
"ကျွန်တော်ကပိုလွမ်းတာ..."
"လွမ်းတာပဲကို...အတူတူပဲ"
"လွမ်းတာချင်းတူတောင်မှကျွန်တော်ကပိုလွမ်းရတာ"
"အတူတူပဲဆို"
"မတူပါဘူး...ကျွန်တော်ကပိုတာ.....
ခင်ဗျားအိပ်ခဲ့တဲ့နေရာလေးတွေကိုကြည့်ပြီးလွမ်းရတာ...တစ်ကြိမ်မကတော့ဘူး...စုစုပေါင်းနှစ်ကြိမ်ဖြစ်နေပြီ..."
"ငါလဲလွမ်းရတာပဲကွာ"
"မတူဘူး...ကျွန်တော်ကပိုချစ်လို့ပိုလွမ်းရတာ"
"ဘာနဲ့တိုင်းလိုက်လို့ပိုချစ်တာသိတာလဲ"
"သိတာပေါ့...အစကတည်းကကျွန်တော်ကချစ်ခဲ့ရတာ..."
"ဟုတ်လို့လား...သေချာလား"
"သေချာတာပေါ့"
"ဘယ်မှာလဲသက်သေက"
ရင်ခွင်ထဲမှပင်လယ့်ခေါင်းလေးကိုဆွဲခွာကာသေချာကြည့်ပြီးမေး၏။
"ဖြေလေ...ဘယ်မှာလဲမင်းကစ,ချစ်ရတာဆိုတဲ့သက်သေ...ရှိလို့လား"
နေပင်လယ်ကအဖြေခက်သလိုဖြစ်နေတော့...
တမင်တကာထပ်ပြီးမေးသည်။
"ဘာနဲ့တိုင်းပြီးပိုချစ်မှန်းလဲမသိ...စချစ်တယ်ဆိုတာလဲသက်သေမရှိ...ဟွန့်...လေလုံးကြီးတဲ့ကောင်လေး..."
"ရှိတယ်...သက်သေ..."
"ဘယ်မှာလဲ"
စည်း'ကသဘောကျစွာပြုံးတုံ့တုံ့လုပ်နေရာမှရယ်ချင်လာခဲ့သည်။
"ခင်ဗျားနော်...ကျွန်တော်တကယ်အတည်ပြောနေတာကို...စိတ်ကောက်တော့မှာ"
"ဟား...ရုံးမှာစိတ်လာကောက်နေတဲ့ကောင်လေးကြောင့်ငါတော့ခက်တော့မယ်
မင်းမာမီကရော...ဘယ်မှာလဲ"
"ကျွန်တော်တို့အိမ်ကိုအရင်သွားနေပြီ...ကျွန်တော်ပဲဒီမှာကျန်ခဲ့တာ...အရမ်းတွေ့ချင်နေလို့"
"အေးဆေးလာလဲရတာပဲကို...အခုရုံးဆင်းတော့မှာ..."
"မနက်ဖြန်ရောရုံးတက်ရမှာလား..."
"မလာလဲရမယ်ထင်တယ်...ပြဿနာကအေးသွားပြီ"
"ဟုတ်လား...ဒါဆို...အတော်ပဲ...မာမီ့ကိုဒီညအရောက်လိုက်ခဲ့မယ်လို့ပြောထားလို့..."
"ဟင်.....ဟိုမြို့ကိုပြန်သွားရမှာလား..."
စိတ်ညစ်သလိုလေးစည်းကညည်း၏။
"အင်း...ကျွန်တော်အခုကျန်ခဲ့တာတောင်မှအတင်းပြောခဲ့ရတာ..."
မတတ်နိုင်ဘူး...သူ့မာမီရှိရာမြို့လေးကိုလိုက်ပို့မှဖြစ်တော့မှာပဲ။
"အခုအိမ်ခဏပြန်ပြီးရင်လိုက်ပို့ပေးမယ်...မိုနာ့ကားကိုခဏယူထားပြီး...ကိုယ်လိုက်ပို့ပေးမယ်"
"အင်း..."