ဒီညအဖို႔ေတာ့ပင္လယ္သည္မုန္တိုင္းတို႔ျဖင့္လိႈင္းတံပိုးထ၏။
စီးခါနီးမွေလွငယ္ေလးကလိႈင္းေၾကာင့္႐ိုက္ထားသည့္သပ္တို႔ျပဳတ္ကာ...ပ်က္စီးေလသည္။
😂😂😂
ၾကမ္းျပင္ေပၚပက္လက္ႀကီးနဲ႔...စည္း'က႐ုပ္ပ်က္ဆင္းပ်က္မဟုတ္ေပမယ့္ အျဖစ္ကဆိုးသည္။
ခါး႐ိုးေတာ့က်ိဳးပါၿပီ။
အသံလဲ သိပ္မထြက္ရဲဘဲ...
ရယ္ခ်င္သလိုလို...ငိုခ်ရေတာ့မလိုလိုနဲ႔...ရံႈ႕မဲ့စြာကုန္း႐ုန္းထလာေတာ့ သနားစရာေလးပါ။
"ေတာ္ေတာ္နာသြားလား..."
ရံႈ႕မဲ့ေနတဲ့ စည္း'ရဲ႕မ်က္ႏွာေလးေၾကာင့္ရယ္ခ်င္စိတ္ကိုထိန္းေပမယ့္...ရယ္သံကထြက္လာသည္။
"ခြိ...ဝဋ္ျပန္လည္တာလို႔ေခၚတယ္..."
"လဒေလး...နာေနတာကို..."
"နာမွာေပါ့...ျပဳတ္က်တဲ့အသံေတာင္ေတာ္ေတာ္က်ယ္တာကို...ဒီနားလာထိုင္...ငါ ျကည့္ေပးမယ္"
ကုတင္ေပၚမွာစည္းကေက်ာခိုင္းထိုင္ခ်ေတာ့...တီရွပ္ေလးကိုဆြဲတင္ၿပီးၾကည့္ရသည္။
"ဘာျဖစ္သြားလဲမသိဘူး...စမ္းႏွိပ္ၾကည့္မယ္...မင္းအရမ္းနာရင္ေျပာလိုက္"
ေက်ာအလယ္ပိုင္းကေနတင္ပဆံု႐ိုးအထိဖိၾကည့္ေတာ့ အနာကသိပ္မဟုတ္။
"သိပ္ေတာ့မနာဘူး...ဖိရင္ေတာ့နာေတာ့နာတယ္"
"ေဆးပူလိမ္းလိုက္ရင္ရမယ္ထင္တယ္...ခင္ဗ်ား...ေဆးဗူးသြားရွာခဲ့...လိမ္းေပးမယ္..."
"ဘယ္နားရွာရမွာလဲ..."
"အျပင္ကဆက္တီခံုနားေလးထားထားမယ္ထင္တယ္..."
ကုန္းကုန္းကြကြနဲ႔စည္းကထရပ္ကာအျပင္ထြက္ဖို႔ျပင္ေတာ့...ခါးကုန္းေနတာ လိပ္နင္ဂ်ာလိုမ်ိဳး။
"မင္း.....ေလွ်ာက္ႏိုင္ရဲ႕လား..."
"အင္း...ရတယ္...ေျခေထာက္ထိတာမွမဟုတ္တာ...ခါးဆန္႔ရင္နာလို႔ကုန္းထားတာ..."
တံခါးဖြင့္ၿပီးစည္း'ထြက္သြားတဲ့ေနာက္ကိုလိုက္ၾကည့္ၿပီး ပင္လယ္ကရယ္သည္။
"ေကာင္းတယ္...ကြ်န္ေတာ့္ကိုကိုယ္ခ်င္းမစာလို႔..."....ဆိုၿပီး...တိုးတိုးေလးလွမ္းေျပာေတာ့...
စည္းကတံခါးဝမွလည္လိမ္ၾကည့္ကာ...လက္တစ္ဖက္ကလက္သီးဆုပ္ၿပီးေျမာက္ျပ၏။
လက္ကိုအေပၚေျမႇာက္ေတာ့ခါး႐ိုးကိုဆြဲလိမ္သလိုျဖစ္ကာ...အနာကပိုဆိုးသြား၏။
"အာ့...လား...လား..."
"ေကာင္းတယ္...ဒါေတာင္မမွတ္ေသးဘူး...လုပ္ျပေနေသးတယ္...တခါထဲခါးက်ိဳးသြားရမွာ"
ကုန္းကုန္းကြကြနဲ႔စည္းကမ်က္ေစာင္းပိတ္ထိုးကာေဆးဗူးထြက္ရွာရေလသည္။
ဧည့္ခန္းေရာက္လို႔ဟိုဒီၾကည့္ေနတုန္း...ေဒၚခ်ိဳခ်ိဳကေရာက္လာခဲ့သည္။
"စည္း...ဘာရွာတာလဲ...ခုနကအသံတခုခုၾကားလိုက္လို႔ႏိုးလာတာ...တခုခုျဖစ္တာလား"
ေျခသံမၾကားလိုက္ဘဲ အသံၾကားရေတာ့ စည္းက...လန္႔ၿပီးဆက္တီခံုေပၚထိုင္လ်က္ပစ္လဲေလသည္။
"ဟို...ဘာမွမျဖစ္ဘူး...ရတယ္...ကြ်န္ေတာ္လဲၾကားလိုက္လို႔အျပင္ထြက္လာတာ...
ဘာမွမျဖစ္ဘူးထင္တယ္"
"အင္း...ဟုတ္လား..."
ေဒၚခ်ိဳခ်ိဳကမသကၤာတဲ့မ်က္လံုးေလးေတြနဲ႔ပါ။
"သားအိပ္မေပ်ာ္ဘူးလား...ဘာလုပ္ေနတာလဲ"
ထိုင္ရက္လဲက်သည့္အတိုင္းစည္း'ကမွင္ေသေသနဲ႔ဆက္ထိုင္ေနကာ...
"အိပ္ေတာ့မွာအန္တီ...ေဆးလိပ္ေသာက္မလားစိတ္ကူးေနတာ..."
"အင္းအင္း...မအိပ္ဘဲမေနနဲ႔အံုး...ေတာ္ၾကာ...သားလဲသြားအံုးမယ္"
"ဟုတ္ကဲ့"
ေဒၚခ်ိဳခ်ိဳျပန္ဝင္သြားေတာ့မွေဆးဗူးကိုရွာရသည္။
ေဆးပူလား...ေဆးေအးလားမသိလို႔...ဒဏ္ေၾကေဆးလို႔ထင္ရသည့္ဗူးအပုေလးေတြယူၿပီးမွ...ေဆးေသတၱာကိုတစ္ဗူးလံုးသယ္သြားတာပဲေကာင္းတယ္ဟုေတြးကာေဆးဗူးႀကီးတစ္ဗူးလံုးသယ္လာခဲ့ရသည္။
ကုတင္ေပၚတင္လိုက္သည့္ေဆးေသတၱာကိုၾကည့္ၿပီး...ပင္လယ္က ေမးသည္။
"တစ္ဗူးလံုးဘာလို႔သယ္လာတာလဲ.....ေရြးယူခဲ့တာမဟုတ္ဘူး...အေလးခံၿပီးေတာ့...."
ျပန္မေျဖႏိုင္ဘဲနဲ႔ စည္းကမ်က္လံုးေသေလးနဲ႔ၾကည့္ေနေတာ့မွ...
ပင္လယ္ကတခုခုကိုသေဘာေပါက္သြားသည္။
ေဆးပူ ကို စည္းမသိတာျဖစ္မည္။
"ဪ.....မင္းေဆးေတြကိုဘယ္ဟာကဘာလဲမသိျပန္ဘူးလား....ဟြန္႔...ေပးဒီကို..."
ေျပာၿပီးမွေနပင္လယ္ကေဆးဗူးအပုေလးကိုယူထုတ္၏။
"အဖံုးဖြင့္...ၿပီးရင္ကိုင္ထား...မင္း...ဒီဘက္လာ...ငါဘယ္လက္နဲ႔လိမ္းရမွာမို႔လို႔"
ပင္လယ္ကညာဘက္လက္ပတ္တီးပတ္ထားရဆဲမို႔...ဘယ္လက္နဲ႔ေဆးဗူးကိုဒီအတိုင္းခ်ၿပီးယူေတာ့ခဏခဏေဆးဗူးကလဲက်သည္။
ထို႔ေၾကာင့္ေဆးဗူးကိုစည္းလက္ထဲမွာကိုင္ေစၿပီး...
ေက်ာအလယ္မွစ၍ခါးစပ္အထိဒဏ္ေၾကေဆးလိမ္းေပးရ၏။
အက်ႌကိုပုခံုးေပၚအထိလိပ္ၿပီးတင္ထားေတာ့စည္းရဲ႕ေက်ာျပင္ေလးကိုအတိုင္းသားျမင္ေနရသည္။
စည္းကႏွင္းပြင့္ေတြလိုအသားရည္ေဖြးဆြတ္ေနတာမဟုတ္ဘဲနဲ႔...အာရွသားပီသစြာဝါဝင္းၿပီးၾကည္ေတာက္ေနကာ...ႏူးညံ့လြန္း၏။
"မင္းအသားေရႏူးညံ့လြန္းတယ္...ေဆးေလာင္မလားမသိဘူး...အဲလိုျဖစ္ဖူးလား"
"ရမယ္ထင္တယ္..."
"မေသခ်ာဘဲနဲ႔...နဲနဲပဲလိမ္းမယ္"
သူ႔ထက္စည္းကအရပ္ရွည္ေပမယ့္အဆစ္ေတြကေတာ့အရမ္းမႀကီးဘဲ...ကိုယ္ခႏၶာေျပျပစ္သည္။
ေျပးေျပးလႊားလႊားေနၿပီးကိုယ္ကာယေလ့က်င့္ခန္းမလုပ္တဲ့သူမို႔လို႔...ႂကြက္သားတို႔ေပၚလြင္စြာရွိမေန...။
ေဆးကိုေသခ်ာလိမ္းေပးေနရင္း...စည္းရဲ႕ေနာက္ေက်ာေလးမွလည္ဂုတ္ေလးအထိမ်က္လံုးကေရာက္၏။
ဇက္ပိုးေနရာေလးကဆံပင္ေတြကေတာ္ေတာ္ရွည္ထြက္ေနကာငုတ္စိေလးေတြမဟုတ္ေတာ့ေပ။
သို႔ေသာ္...ဆံပင္နက္နက္ေတြေျကာင့္ဇက္ပိုးေလးကစိမ္းျမေနေတာ့...ၾကည့္ေနရင္းမွသြားနမ္းခ်င္လာ၏။
(စိတ္ထိန္းစမ္း...ေဆးေတြနဲ႔😎😎😎)
ေဆးကိုအသားထဲစိမ့္ဝင္သြားေအာင္ပြတ္ေပးေနရင္း...
"ေတာ္ေတာ္နာသြားတာလား..."
"အင္း...ရတယ္"
"မင္းကအဖ်ားနားေလးမွာအိပ္တာကိုး..."
"မဟုတ္ဘူး...မင္းေျခေထာက္ကိုသြားထိမိမွာစိုးလို႔..."
"ေျခေထာက္ကညာဘက္ေလ...မင္းအိပ္တာကဘယ္ဘက္ကို..."
"မင္းကအအိပ္ေဆာ့ေတာ့လြတ္လြတ္လပ္လပ္မအိပ္ရမွာစိုးလို႔..."
ဟိုဘက္လွည့္ထားေတာ့ေခါင္းေလးလႈပ္ကာလႈပ္ကာနဲ႔စကားျပန္ေျပာေနတဲ့စည္းရဲ႕ေနာက္ေက်ာကိုၾကည့္ေနရင္းအသည္းယားလာ၏။
"နာေနတုန္းလား...အခုေတာ့ပံုမွန္အသားေရာင္ပဲ...မနက္ျဖန္က်ေတာ့မွညိဳမဲေနေတာ့မယ္.....ေဆးအမ်ားႀကီးလိမ္းမထားဘူး...မင္းအသားေရႏူးညံ့ေတာ့ေလာင္သြားမွာစိုးလို႔..."
ေဆးဗူးကိုပိတ္လိုက္ၿပီးတာနဲ႔ေက်ာခိုင္းထားတဲ့စည္းရဲ႕ခါးေလးကိုလက္တစ္ဖက္နဲ႔ေပြ႕သည္။
ညာေျခေထာက္တစ္ဖက္ကေကြးလို႔မရတာမို႔...ပင္လယ္ကကိုယ္ခႏၶာေလးတျခမ္းကပ္ၿပီးလိမ္ေနကာ...စည္းရဲ႕ေက်ာေပၚမွီလိုက္သလိုျဖစ္၏။
ေနာက္ကေနဖက္ခံရေတာ့စည္းကနည္းနည္းေလးလန္႔ၿပီးတုန္ကနဲျဖစ္သြားေသးသည္။
"အရမ္းနာေနလား...ေက်ာေပၚမွီထားခ်င္လို႔..."
"မဟုတ္ဘူးေဆးေတြလိမ္းထားတာ...မင္းဆီမွာ အနံ့စြဲကုန္လိမ့္မယ္...အက်ႌကိုျပန္ဆြဲခ်မလို႔..."
"ရတယ္...အဲဒီေဆးကေမႊးတယ္..."
ေျပာၿပီးတာနဲ႔ေက်ာျပင္ေလးကိုကပ္ၿပီးနမ္း၏။
"စမံုစပါးလိုလို...ပန္းပြင့္လိုလိုအနံ့ေလး..."
ၾသရွရွအသံတိုးတိုးေလးေၾကာင့္...အသည္းေလးေအးသြားကာ...
စည္းကသူ႔နဲ႔မ်က္ႏွာခ်င္းဆိုင္လွည့္ဖို႔ျပင္သည္။
"မင္းအက်ႌမွာအနံ့ေတြစြဲေတာ့မွာပဲ...ေတာ္ၿပီ"
ျပန္လွည့္ၿပီးတာနဲ႔ပုခံုးေပၚလိပ္တင္ထားတဲ့အက်ႌေလးကိုေျဖခ်သည္။
ၿပီးမွေဆးဗူးကိုေဆးေသတၱာထဲထည့္ၿပီးဧည့္ခန္းမွာျပန္သြားထား၏။
ခါးကုန္းကုန္းေလးျဖစ္ေနၿပီးျပန္ဝင္လာေတာ့...ပင္လယ္ကၾကည့္ရင္းရယ္ျပန္သည္။
"လိပ္နင္ဂ်ာလိုပဲ...ဟား...ဟား"
"မင္းေပးတဲ့ဒုကၡေလ...အဟြန္႔....အသံက်ယ္ႀကီးနဲ႔ရယ္မေနနဲ႔...မင္းမာမီခုနကႏိုးလာေသးတယ္...ၾကားသြားမယ္...အိပ္ေတာ့..."
ကုတင္တစ္ဖက္ကိုပတ္သြားၿပီးမွျဖည္းျဖည္းေလးလွဲအိပ္ရသည္။
"ဒီဘက္လွည့္အိပ္"
"မအိပ္ဘူး..."
သူ႔ကိုေၾကာက္တာေရာ...ခါးနာေနတာေၾကာင့္ေဘးတေစာင္းအိပ္လို႔မရတာကို...
အတင္းႀကီးစည္းရဲ႕ေမးေလးကိုကိုင္ၿပီးဆြဲလွည့္သည္။
"ဟာ့...လွည့္ပါဆို.."
"မလုပ္နဲ႔...ခါးနာေနတာေလ...ေဘးေစာင္းအိပ္ရင္ပိုဆိုးတာ"
"အာ.....ေဆာရီး...ေမ့သြားတာ..."
လို႔ေျပာၿပီးလက္ေထာက္၍ထကာကိုယ္တစ္ျခမ္းေစာင္းၿပီးေတာ႔ရံႈ႕မဲ့သြားတဲ့စည္းရဲ႕နႈတ္ခမ္းေလးကို...
"ဥံဳဖြ...ဥံုဖြ" လို႔ေျပာၿပီးနမ္း၏။
ၿပီးေတာ့မွ...သြားေလးက်ဲၿပီးရယ္ျပျပန္သည္။
"ျပန္ေလ်ာ္ေပးတာ...ဟီး"
"နာေနတာကငါ့နႈတ္ခမ္းမွမဟုတ္တာ...ငနာေလးရဲ႕"
"ဘာျဖစ္လဲ...နမ္းခ်င္လို႔နမ္းတာ...မရဘူးလား"
နႈတ္ခမ္းေထာ္ၿပီးေျပာသည့္ေနပင္လယ့္ကိုတစ္ခ်က္ၾကည့္ကာ...ေခါင္းကိုခါသည္။
တကယ္မႏိုင္ဘူး...ဆလံသပါ၏။
"မေျပာေတာ့ဘူး...မင္းသေဘာပဲ"
"ဟား...ေက်နပ္တယ္"
ဝမ္းသာအားရနဲ႔အသံက်ယ္ႀကီးနဲ႔ ထေျပာတဲ့ပင္လယ့္ပါးစပ္ကိုကမန္းကတမ္းနဲ႔လွမ္းပိတ္ရသည္။
ေတာ္ၾကာေန သူ႔မာမီထပ္ဝင္လာဦးမည္။
"ရွဴး...အသံတိုးခ်..."
နႈတ္ခမ္းေလးကိုလက္ညိဳးနဲ႔ပိတ္တားေတာ့ ပင္လယ့္မ်က္ႏွာေလးက႐ုတ္တရက္တခုခုျဖစ္သြားတဲ့ပံု။
"ဘာလဲ...ဘာျဖစ္တာလဲ..."
"စည္း...မင္းနႈတ္ခမ္းေတြပံုမွန္ပဲလား..."
"ဘာ....ဘာ...ျဖစ္ရျပန္တာလဲ...ေတာ္...ေတာ္...ဒီညအိပ္မွကိုရမွာ...ဘာမွမထူးဆန္းဘူး...အားလံုးပံုမွန္ပဲ.....ေတာ္ၿပီ...ငါအိပ္ခ်င္ေနၿပီ...မ..ေျပာ...နဲ႔ေတာ့..."
ညညဆို ဒီလိုေတြ ကဂ်ိဳးကေဂ်ာင္လုပ္လြန္းေနတာ ပင္လယ့္ကိုသူေၾကာက္သည္။
"မဟုတ္ဘူး...ငါေျပာတာ"
"ေတာ္ပါေတာ့...ေနပင္လယ္ရဲ႕...ငါရွစ္ႀကီးခိုးပါတယ္...အိပ္ပါရေစ..."
"ဘာတုန္း...ငါေျပာတာနားေထာင္ေလ..."
"ေတာ္ၿပီဆို...မေျပာနဲ႔ေတာ့...ငါသိတယ္..."
မ်က္လံုးမဖြင့္ဘဲစည္း'ကအေၾကာက္အကန္ ျငင္းေနေတာ့ ပင္လယ့္ျဖစ္အင္ကိုမျမင္ရ။
တကယ္က ေဆးပူေတြေၾကာင့္ ပင္လယ့္နႈတ္ခမ္းတစ္ခုလံုးရွိန္းဖိန္းေနကာ ေနလို႔မရပါ။
"ငါ့နႈတ္ခမ္း....."
"ေတာင္းပန္ပါတယ္...ေနပင္လယ္ရဲ႕...ျပႆနာထပ္မရွာပါနဲ႔..."
"ဟင္း.....ဘာလဲကြာ...ငါ့နႈတ္ခမ္းေတြရွိန္းဖိန္းေနလို႔...
ခုနကငါမင္းရဲ႕ေက်ာျပင္ကိုနမ္းလိုက္တာ...
ေဆးပူေတြထိကုန္တယ္ထင္တယ္...ရွိန္းဖိန္းေနတာပဲ...
မင္းကေရာ...မင္းနႈတ္ခမ္းေတြပါအဲလိုမျဖစ္ဘူးလား..."
ေနပင္လယ္ကတရစပ္ေျပာလာေတာ့မွ...သူ႔နႈတ္ခမ္းေတြပါပူရွိန္လာသလိုခံစားရ၏။
ခုနက...ေဆးလိမ္းၿပီးတာနဲ႔သူ႔ေက်ာေပၚမွီၿပီးပင္လယ္လာနမ္းတဲ့အျဖစ္ကိုသတိရသြားသည္။
ဒီအေမႊစိန္ကေတာ့ လုပ္ၿပီ။
ျပႆနာကိုမီးခြက္ထြန္းရွာတာတင္မကဘဲ...
အိုးစည္ဗံုေမာင္းပါတီးၿပီးရွာဖို႔...သႏၷိ႒ာန္ခ်ထားေလသလား...ေနပင္လယ္ရဲ႕...
Unicode
ဒီညအဖို့တော့ပင်လယ်သည်မုန်တိုင်းတို့ဖြင့်လှိုင်းတံပိုးထ၏။
စီးခါနီးမှလှေငယ်လေးကလှိုင်းကြောင့်ရိုက်ထားသည့်သပ်တို့ပြုတ်ကာ...ပျက်စီးလေသည်။
😂😂😂
ကြမ်းပြင်ပေါ်ပက်လက်ကြီးနဲ့...စည်း'ကရုပ်ပျက်ဆင်းပျက်မဟုတ်ပေမယ့် အဖြစ်ကဆိုးသည်။
ခါးရိုးတော့ကျိုးပါပြီ။
အသံလဲ သိပ်မထွက်ရဲဘဲ...
ရယ်ချင်သလိုလို...ငိုချရတော့မလိုလိုနဲ့...ရှုံ့မဲ့စွာကုန်းရုန်းထလာတော့ သနားစရာလေးပါ။
"တော်တော်နာသွားလား..."
ရှုံ့မဲ့နေတဲ့ စည်း'ရဲ့မျက်နှာလေးကြောင့်ရယ်ချင်စိတ်ကိုထိန်းပေမယ့်...ရယ်သံကထွက်လာသည်။
"ခွိ...ဝဋ်ပြန်လည်တာလို့ခေါ်တယ်..."
"လဒလေး...နာနေတာကို..."
"နာမှာပေါ့...ပြုတ်ကျတဲ့အသံတောင်တော်တော်ကျယ်တာကို...ဒီနားလာထိုင်...ငါ ကြည့်ပေးမယ်"
ကုတင်ပေါ်မှာစည်းကကျောခိုင်းထိုင်ချတော့...တီရှပ်လေးကိုဆွဲတင်ပြီးကြည့်ရသည်။
"ဘာဖြစ်သွားလဲမသိဘူး...စမ်းနှိပ်ကြည့်မယ်...မင်းအရမ်းနာရင်ပြောလိုက်"
ကျောအလယ်ပိုင်းကနေတင်ပဆုံရိုးအထိဖိကြည့်တော့ အနာကသိပ်မဟုတ်။
"သိပ်တော့မနာဘူး...ဖိရင်တော့နာတော့နာတယ်"
"ဆေးပူလိမ်းလိုက်ရင်ရမယ်ထင်တယ်...ခင်ဗျား...ဆေးဗူးသွားရှာခဲ့...လိမ်းပေးမယ်..."
"ဘယ်နားရှာရမှာလဲ..."
"အပြင်ကဆက်တီခုံနားလေးထားထားမယ်ထင်တယ်..."
ကုန်းကုန်းကွကွနဲ့စည်းကထရပ်ကာအပြင်ထွက်ဖို့ပြင်တော့...ခါးကုန်းနေတာ လိပ်နင်ဂျာလိုမျိုး။
"မင်း.....လျှောက်နိုင်ရဲ့လား..."
"အင်း...ရတယ်...ခြေထောက်ထိတာမှမဟုတ်တာ...ခါးဆန့်ရင်နာလို့ကုန်းထားတာ..."
တံခါးဖွင့်ပြီးစည်း'ထွက်သွားတဲ့နောက်ကိုလိုက်ကြည့်ပြီး ပင်လယ်ကရယ်သည်။
"ကောင်းတယ်...ကျွန်တော့်ကိုကိုယ်ချင်းမစာလို့..."....ဆိုပြီး...တိုးတိုးလေးလှမ်းပြောတော့...
စည်းကတံခါးဝမှလည်လိမ်ကြည့်ကာ...လက်တစ်ဖက်ကလက်သီးဆုပ်ပြီးမြောက်ပြ၏။
လက်ကိုအပေါ်မြှောက်တော့ခါးရိုးကိုဆွဲလိမ်သလိုဖြစ်ကာ...အနာကပိုဆိုးသွား၏။
"အာ့...လား...လား..."
"ကောင်းတယ်...ဒါတောင်မမှတ်သေးဘူး...လုပ်ပြနေသေးတယ်...တခါထဲခါးကျိုးသွားရမှာ"
ကုန်းကုန်းကွကွနဲ့စည်းကမျက်စောင်းပိတ်ထိုးကာဆေးဗူးထွက်ရှာရလေသည်။
ဧည့်ခန်းရောက်လို့ဟိုဒီကြည့်နေတုန်း...ဒေါ်ချိုချိုကရောက်လာခဲ့သည်။
"စည်း...ဘာရှာတာလဲ...ခုနကအသံတခုခုကြားလိုက်လို့နိုးလာတာ...တခုခုဖြစ်တာလား"
ခြေသံမကြားလိုက်ဘဲ အသံကြားရတော့ စည်းက...လန့်ပြီးဆက်တီခုံပေါ်ထိုင်လျက်ပစ်လဲလေသည်။
"ဟို...ဘာမှမဖြစ်ဘူး...ရတယ်...ကျွန်တော်လဲကြားလိုက်လို့အပြင်ထွက်လာတာ...
ဘာမှမဖြစ်ဘူးထင်တယ်"
"အင်း...ဟုတ်လား..."
ဒေါ်ချိုချိုကမသင်္ကာတဲ့မျက်လုံးလေးတွေနဲ့ပါ။
"သားအိပ်မပျော်ဘူးလား...ဘာလုပ်နေတာလဲ"
ထိုင်ရက်လဲကျသည့်အတိုင်းစည်း'ကမှင်သေသေနဲ့ဆက်ထိုင်နေကာ...
"အိပ်တော့မှာအန်တီ...ဆေးလိပ်သောက်မလားစိတ်ကူးနေတာ..."
"အင်းအင်း...မအိပ်ဘဲမနေနဲ့အုံး...တော်ကြာ...သားလဲသွားအုံးမယ်"
"ဟုတ်ကဲ့"
ဒေါ်ချိုချိုပြန်ဝင်သွားတော့မှဆေးဗူးကိုရှာရသည်။
ဆေးပူလား...ဆေးအေးလားမသိလို့...ဒဏ်ကြေဆေးလို့ထင်ရသည့်ဗူးအပုလေးတွေယူပြီးမှ...ဆေးသေတ္တာကိုတစ်ဗူးလုံးသယ်သွားတာပဲကောင်းတယ်ဟုတွေးကာဆေးဗူးကြီးတစ်ဗူးလုံးသယ်လာခဲ့ရသည်။
ကုတင်ပေါ်တင်လိုက်သည့်ဆေးသေတ္တာကိုကြည့်ပြီး...ပင်လယ်က မေးသည်။
"တစ်ဗူးလုံးဘာလို့သယ်လာတာလဲ.....ရွေးယူခဲ့တာမဟုတ်ဘူး...အလေးခံပြီးတော့...."
ပြန်မဖြေနိုင်ဘဲနဲ့ စည်းကမျက်လုံးသေလေးနဲ့ကြည့်နေတော့မှ...
ပင်လယ်ကတခုခုကိုသဘောပေါက်သွားသည်။
ဆေးပူ ကို စည်းမသိတာဖြစ်မည်။
"ဪ.....မင်းဆေးတွေကိုဘယ်ဟာကဘာလဲမသိပြန်ဘူးလား....ဟွန့်...ပေးဒီကို..."
ပြောပြီးမှနေပင်လယ်ကဆေးဗူးအပုလေးကိုယူထုတ်၏။
"အဖုံးဖွင့်...ပြီးရင်ကိုင်ထား...မင်း...ဒီဘက်လာ...ငါဘယ်လက်နဲ့လိမ်းရမှာမို့လို့"
ပင်လယ်ကညာဘက်လက်ပတ်တီးပတ်ထားရဆဲမို့...ဘယ်လက်နဲ့ဆေးဗူးကိုဒီအတိုင်းချပြီးယူတော့ခဏခဏဆေးဗူးကလဲကျသည်။
ထို့ကြောင့်ဆေးဗူးကိုစည်းလက်ထဲမှာကိုင်စေပြီး...
ကျောအလယ်မှစ၍ခါးစပ်အထိဒဏ်ကြေဆေးလိမ်းပေးရ၏။
အကျႌကိုပုခုံးပေါ်အထိလိပ်ပြီးတင်ထားတော့စည်းရဲ့ကျောပြင်လေးကိုအတိုင်းသားမြင်နေရသည်။
စည်းကနှင်းပွင့်တွေလိုအသားရည်ဖွေးဆွတ်နေတာမဟုတ်ဘဲနဲ့...အာရှသားပီသစွာဝါဝင်းပြီးကြည်တောက်နေကာ...နူးညံ့လွန်း၏။
"မင်းအသားရေနူးညံ့လွန်းတယ်...ဆေးလောင်မလားမသိဘူး...အဲလိုဖြစ်ဖူးလား"
"ရမယ်ထင်တယ်..."
"မသေချာဘဲနဲ့...နဲနဲပဲလိမ်းမယ်"
သူ့ထက်စည်းကအရပ်ရှည်ပေမယ့်အဆစ်တွေကတော့အရမ်းမကြီးဘဲ...ကိုယ်ခန္ဓာပြေပြစ်သည်။
ပြေးပြေးလွှားလွှားနေပြီးကိုယ်ကာယလေ့ကျင့်ခန်းမလုပ်တဲ့သူမို့လို့...ကြွက်သားတို့ပေါ်လွင်စွာရှိမနေ...။
ဆေးကိုသေချာလိမ်းပေးနေရင်း...စည်းရဲ့နောက်ကျောလေးမှလည်ဂုတ်လေးအထိမျက်လုံးကရောက်၏။
ဇက်ပိုးနေရာလေးကဆံပင်တွေကတော်တော်ရှည်ထွက်နေကာငုတ်စိလေးတွေမဟုတ်တော့ပေ။
သို့သော်...ဆံပင်နက်နက်တွေကြောင့်ဇက်ပိုးလေးကစိမ်းမြနေတော့...ကြည့်နေရင်းမှသွားနမ်းချင်လာ၏။
(စိတ်ထိန်းစမ်း...ဆေးတွေနဲ့😎😎😎)
ဆေးကိုအသားထဲစိမ့်ဝင်သွားအောင်ပွတ်ပေးနေရင်း...
"တော်တော်နာသွားတာလား..."
"အင်း...ရတယ်"
"မင်းကအဖျားနားလေးမှာအိပ်တာကိုး..."
"မဟုတ်ဘူး...မင်းခြေထောက်ကိုသွားထိမိမှာစိုးလို့..."
"ခြေထောက်ကညာဘက်လေ...မင်းအိပ်တာကဘယ်ဘက်ကို..."
"မင်းကအအိပ်ဆော့တော့လွတ်လွတ်လပ်လပ်မအိပ်ရမှာစိုးလို့..."
ဟိုဘက်လှည့်ထားတော့ခေါင်းလေးလှုပ်ကာလှုပ်ကာနဲ့စကားပြန်ပြောနေတဲ့စည်းရဲ့နောက်ကျောကိုကြည့်နေရင်းအသည်းယားလာ၏။
"နာနေတုန်းလား...အခုတော့ပုံမှန်အသားရောင်ပဲ...မနက်ဖြန်ကျတော့မှညိုမဲနေတော့မယ်.....ဆေးအများကြီးလိမ်းမထားဘူး...မင်းအသားရေနူးညံ့တော့လောင်သွားမှာစိုးလို့..."
ဆေးဗူးကိုပိတ်လိုက်ပြီးတာနဲ့ကျောခိုင်းထားတဲ့စည်းရဲ့ခါးလေးကိုလက်တစ်ဖက်နဲ့ပွေ့သည်။
ညာခြေထောက်တစ်ဖက်ကကွေးလို့မရတာမို့...ပင်လယ်ကကိုယ်ခန္ဓာလေးတခြမ်းကပ်ပြီးလိမ်နေကာ...စည်းရဲ့ကျောပေါ်မှီလိုက်သလိုဖြစ်၏။
နောက်ကနေဖက်ခံရတော့စည်းကနည်းနည်းလေးလန့်ပြီးတုန်ကနဲဖြစ်သွားသေးသည်။
"အရမ်းနာနေလား...ကျောပေါ်မှီထားချင်လို့..."
"မဟုတ်ဘူးဆေးတွေလိမ်းထားတာ...မင်းဆီမှာ အနံ့စွဲကုန်လိမ့်မယ်...အကျႌကိုပြန်ဆွဲချမလို့..."
"ရတယ်...အဲဒီဆေးကမွှေးတယ်..."
ပြောပြီးတာနဲ့ကျောပြင်လေးကိုကပ်ပြီးနမ်း၏။
"စမုံစပါးလိုလို...ပန်းပွင့်လိုလိုအနံ့လေး..."
သြရှရှအသံတိုးတိုးလေးကြောင့်...အသည်းလေးအေးသွားကာ...
စည်းကသူ့နဲ့မျက်နှာချင်းဆိုင်လှည့်ဖို့ပြင်သည်။
"မင်းအကျႌမှာအနံ့တွေစွဲတော့မှာပဲ...တော်ပြီ"
ပြန်လှည့်ပြီးတာနဲ့ပုခုံးပေါ်လိပ်တင်ထားတဲ့အကျႌလေးကိုဖြေချသည်။
ပြီးမှဆေးဗူးကိုဆေးသေတ္တာထဲထည့်ပြီးဧည့်ခန်းမှာပြန်သွားထား၏။
ခါးကုန်းကုန်းလေးဖြစ်နေပြီးပြန်ဝင်လာတော့...ပင်လယ်ကကြည့်ရင်းရယ်ပြန်သည်။
"လိပ်နင်ဂျာလိုပဲ...ဟား...ဟား"
"မင်းပေးတဲ့ဒုက္ခလေ...အဟွန့်....အသံကျယ်ကြီးနဲ့ရယ်မနေနဲ့...မင်းမာမီခုနကနိုးလာသေးတယ်...ကြားသွားမယ်...အိပ်တော့..."
ကုတင်တစ်ဖက်ကိုပတ်သွားပြီးမှဖြည်းဖြည်းလေးလှဲအိပ်ရသည်။
"ဒီဘက်လှည့်အိပ်"
"မအိပ်ဘူး..."
သူ့ကိုကြောက်တာရော...ခါးနာနေတာကြောင့်ဘေးတစောင်းအိပ်လို့မရတာကို...
အတင်းကြီးစည်းရဲ့မေးလေးကိုကိုင်ပြီးဆွဲလှည့်သည်။
"ဟာ့...လှည့်ပါဆို.."
"မလုပ်နဲ့...ခါးနာနေတာလေ...ဘေးစောင်းအိပ်ရင်ပိုဆိုးတာ"
"အာ.....ဆောရီး...မေ့သွားတာ..."
လို့ပြောပြီးလက်ထောက်၍ထကာကိုယ်တစ်ခြမ်းစောင်းပြီးတော့ရှုံ့မဲ့သွားတဲ့စည်းရဲ့နှုတ်ခမ်းလေးကို...
"ဥုံဖွ...ဥုံဖွ" လို့ပြောပြီးနမ်း၏။
ပြီးတော့မှ...သွားလေးကျဲပြီးရယ်ပြပြန်သည်။
"ပြန်လျော်ပေးတာ...ဟီး"
"နာနေတာကငါ့နှုတ်ခမ်းမှမဟုတ်တာ...ငနာလေးရဲ့"
"ဘာဖြစ်လဲ...နမ်းချင်လို့နမ်းတာ...မရဘူးလား"
နှုတ်ခမ်းထော်ပြီးပြောသည့်နေပင်လယ့်ကိုတစ်ချက်ကြည့်ကာ...ခေါင်းကိုခါသည်။
တကယ်မနိုင်ဘူး...ဆလံသပါ၏။
"မပြောတော့ဘူး...မင်းသဘောပဲ"
"ဟား...ကျေနပ်တယ်"
ဝမ်းသာအားရနဲ့အသံကျယ်ကြီးနဲ့ ထပြောတဲ့ပင်လယ့်ပါးစပ်ကိုကမန်းကတမ်းနဲ့လှမ်းပိတ်ရသည်။
တော်ကြာနေ သူ့မာမီထပ်ဝင်လာဦးမည်။
"ရှူး...အသံတိုးချ..."
နှုတ်ခမ်းလေးကိုလက်ညိုးနဲ့ပိတ်တားတော့ ပင်လယ့်မျက်နှာလေးကရုတ်တရက်တခုခုဖြစ်သွားတဲ့ပုံ။
"ဘာလဲ...ဘာဖြစ်တာလဲ..."
"စည်း...မင်းနှုတ်ခမ်းတွေပုံမှန်ပဲလား..."
"ဘာ....ဘာ...ဖြစ်ရပြန်တာလဲ...တော်...တော်...ဒီညအိပ်မှကိုရမှာ...ဘာမှမထူးဆန်းဘူး...အားလုံးပုံမှန်ပဲ.....တော်ပြီ...ငါအိပ်ချင်နေပြီ...မ..ပြော...နဲ့တော့..."
ညညဆို ဒီလိုတွေ ကဂျိုးကဂျောင်လုပ်လွန်းနေတာ ပင်လယ့်ကိုသူကြောက်သည်။
"မဟုတ်ဘူး...ငါပြောတာ"
"တော်ပါတော့...နေပင်လယ်ရဲ့...ငါရှစ်ကြီးခိုးပါတယ်...အိပ်ပါရစေ..."
"ဘာတုန်း...ငါပြောတာနားထောင်လေ..."
"တော်ပြီဆို...မပြောနဲ့တော့...ငါသိတယ်..."
မျက်လုံးမဖွင့်ဘဲစည်း'ကအကြောက်အကန် ငြင်းနေတော့ ပင်လယ့်ဖြစ်အင်ကိုမမြင်ရ။
တကယ်က ဆေးပူတွေကြောင့် ပင်လယ့်နှုတ်ခမ်းတစ်ခုလုံးရှိန်းဖိန်းနေကာ နေလို့မရပါ။
"ငါ့နှုတ်ခမ်း....."
"တောင်းပန်ပါတယ်...နေပင်လယ်ရဲ့...ပြဿနာထပ်မရှာပါနဲ့..."
"ဟင်း.....ဘာလဲကွာ...ငါ့နှုတ်ခမ်းတွေရှိန်းဖိန်းနေလို့...
ခုနကငါမင်းရဲ့ကျောပြင်ကိုနမ်းလိုက်တာ...
ဆေးပူတွေထိကုန်တယ်ထင်တယ်...ရှိန်းဖိန်းနေတာပဲ...
မင်းကရော...မင်းနှုတ်ခမ်းတွေပါအဲလိုမဖြစ်ဘူးလား..."
နေပင်လယ်ကတရစပ်ပြောလာတော့မှ...သူ့နှုတ်ခမ်းတွေပါပူရှိန်လာသလိုခံစားရ၏။
ခုနက...ဆေးလိမ်းပြီးတာနဲ့သူ့ကျောပေါ်မှီပြီးပင်လယ်လာနမ်းတဲ့အဖြစ်ကိုသတိရသွားသည်။
ဒီအမွှေစိန်ကတော့ လုပ်ပြီ။
ပြဿနာကိုမီးခွက်ထွန်းရှာတာတင်မကဘဲ...
အိုးစည်ဗုံမောင်းပါတီးပြီးရှာဖို့...သန္နိဋ္ဌာန်ချထားလေသလား...နေပင်လယ်ရဲ့...