"ဟား...ဟား...ေဆာရီး....ဟိ....ဟား...ဟား..."
ညဘက္မို႔အသံအက်ယ္ႀကီးမထြက္ႏိုင္ဘဲေအာင့္အီးရယ္ေနရသည့္စည္းကတကိုယ္လံုးတုန္ခါေန၏။
စားလက္စေရခဲမုန္႔ေလးျပဳတ္က်သြားလို႔ႏွေမ်ာတသေနပံုရသည့္ကေလးေလးလိုမ်ိဳးပင္လယ္ကစိတ္မေကာင္းျဖစ္ေနသည္။
"ရယ္ႏိုင္တယ္ေနာ္...ခင္ဗ်ား..."
နႈတ္ခမ္းေလးပါေထာ္ၿပီးရန္ေတြ႕ေတာ့ပိုလို႔အသည္းယားၿပီးရယ္ခ်င္ျပန္သည္။
တခစ္ခစ္တခြိခြိနဲ႔မဆံုးေသာစည္းရဲ႕ရယ္သံေတြကအူတိုစရာေကာင္းလြန္းသည္။
တကယ္ပါပဲ လူကိုမစာမနာနဲ႔ရယ္ႏိုင္သည္။
"တကယ္ေတာင္းပန္တယ္ကြာ...မရည္ရြယ္ခဲ့ဘူး..."
ဆံပင္ေတြနဲ႔မ်က္ႏွာေပၚကေရသီးေတြကိုသုတ္ေပးၿပီးမွ....စိုရႊဲသြားတဲ့အဝတ္ေတြကိုစမ္းၾကည့္သည္။
"အက်ႌလဲမွရမယ္ထင္တယ္...ရင္ဘတ္နားမွာေတာ္ေတာ္စိုေနတာပဲ..."
စိတ္ကတိုေနေတာ့ပင္လယ္ကဘာမွျပန္မေျဖႏိုင္ပါ။
ၾကယ္သီးေတြျဖဳတ္ၿပီးခြ်တ္ေပးတဲ့အထိပင္လယ္ကမ်က္ႏွာေလးစူပုပ္ေနတာမေျပခဲ့။
"တမင္လုပ္တာမဟုတ္ပါဘူးဆို...စိတ္မေကာက္နဲ႔ကြာ..."
ရယ္ခ်င္ေနတာကိုထိန္းေျပာေနရလို႔...အသံကပံုမွန္မဟုတ္ေပ။
စိုေနတဲ့ေနရာေတြကိုခြ်တ္လိုက္တဲ့အဝတ္နဲ႔သုတ္ေပးၿပီးေတာ့အဝတ္အသစ္လဲေပးေနရင္း....
"မင္းကျပဴးတူးၿပဲတဲနဲ႔လိုက္ၾကည့္ေတာ့...ငါေယာင္သြားတာေပါ့..."
"အဲလိုေယာင္စရာလား..."
"အဲလိုေယာင္မယ္လို႔ဘယ္သိမလဲ....ထင္မထားဘဲကိုး....ငါေရေသာက္တဲ့အခ်ိန္မွာမင္းကၿပီတီတီျဖစ္လာတာေလ..."
ရယ္သံတဝက္နဲ႔မို႔...စည္း'တမင္လုပ္သည္ဟုပဲထင္ေနကာ...စကားေတြဘုနဲ႔ေဘာက္ျဖစ္ကုန္၏။
"အခု...ငါ့ကိုအျပစ္ဖို႔ေနတာမလား..."
"မဟုတ္ပါဘူးေျပာျပတာ"
"ခင္ဗ်ားအျပစ္တင္ေနတာ...သိသားပဲ"
"မဟုတ္ပါဘူးဆို..."
"ငါၾကည့္ရံုေလးပဲၾကည့္တာကို..."
"ၾကည့္ရံုတင္မဟုတ္ပါဘူး...ငါ့ဆီကပ္လာတာအသိသာႀကီးကို..."
"ဟာ့...ေတြ႕လားအျပစ္ဖို႔ျပန္ၿပီ...သူမ်ားက်အျပစ္တင္တယ္...သူ႔အျပစ္က်ေတာ့မျမင္ဘူး...
မင္း...မၾကည့္ၾကည့္မိေအာင္လုပ္တာေလးထည့္ေျပာေလ"
ကေလးေလးေတြစကားအႏိုင္လုသလိုမ်ိဳးႏွစ္ေယာက္သားကအျပန္အလွန္ေျပာေနရင္း...
ဘဲနႈတ္သီးေလးလိုပင္လယ့္နႈတ္ခမ္းေတြေထာ္လာေတာ့...
စည္းကပိုရယ္ခ်င္လာသည္။
ရယ္ခ်င္ပက္က်ိျဖစ္ေနတာကိုပင္လယ္ကပိုစိတ္တိုလာပံုရ၏။
"ဘယ္မွာလုပ္လို႔လဲ...ငါ့ဘာသာအလြတ္ႀကီးေနတာကို..."
"မင္းဖုန္းေျပာတယ္ေလ..."
"ေအးေလ..."
"ဖုန္းေျပာရင္းနဲ႔ဘာလုပ္လဲ..."
"ဟင္...ဘာမွမလုပ္ပါဘူး..."
မ်က္လံုးေလးေဝ့ၿပီးအသည္းအသန္စဥ္းစားကာ...
ေရဗူးကိုသတိရလာသည္။
"ေရပဲေသာက္တာေလ...."
"အဲဒါပဲ..."
"ဘာလဲ..."
"ခင္ဗ်ားေရေသာက္တာေအးေဆးမေသာက္ဘူးေလ"
"ဟင္...ေရေသာက္တာဘယ္လိုေသာက္ရဦးမလဲ...ကိုယ့္ဆရာရယ္...အဆန္းႀကီး..."
"ခင္ဗ်ားက႐ိုး႐ိုးေလးမွမေသာက္တာ"
ေနပင္လယ္ရစ္ေနျပန္ၿပီ...လို႔ေတြးမိကာ...ရန္ေတြ႕ေနတာေလးကိုသေဘာက်ၿပီး...
တမင္တကာထပ္ၿပီးဆြေပးလိုက္ဖို႔စဥ္းစားသည္။
"ဟာ့...႐ိုး႐ိုးေလးေသာက္တာတို႔...အဆန္းၾကီးေသာက္တာတို႔ရွိေနေသးလား"
"ခင္ဗ်ားေရေသာက္တာကပံုမွန္မွမဟုတ္တာ..."
သူ႔ကိုမၾကည့္ေတာ့ဘဲမ်က္လႊာခ်ကာစကားတစ္လံုးခ်င္းရန္ေထာင္သည့္ပံုေလးကိုျမတ္ႏိုးေနရင္း...
"ဘယ္လိုပံုမမွန္တာလဲ...ကင္းၿမီးေကာက္ေထာင္ၿပီးေသာက္ျပလို႔လား..."
"ကင္းၿမီးေကာက္ေထာင္ျပၿပီးေသာက္ရင္ေတာင္ၾကည့္လို႔အဆင္ေျပဦးမွာ...အခုကလူကိုျမႇဴသလိုလိုနဲ႔..."
"ျဖစ္ရျပန္ၿပီ...ဒါဆိုအစကတည္းကမင္းငါ့ကိုမၾကည့္နဲ႔ေလ"
"မၾကည့္ဘဲမေနႏိုင္တာ...ေနရင္းထိုင္ရင္းနဲ႔ၾကည့္ပါ...ၾကည့္လိုက္ပါလို႔ခင္ဗ်ားကျမဴဆြယ္ေနတာ..."
"ငါကလား..."
သူ႔ဘာသာလက္ညိဳးျပန္ထိုးၿပီးဟုတ္ရဲ႕လားဆိုတဲ့အၾကည့္နဲ႔ေမးေတာ့...ပင္လယ္ကတကယ္စိတ္တိုလာသည္။
အလိုက္မသိတဲ့လူႀကီး...ခင္ဗ်ားေနာ္.....
စိတ္မတိုတိုေအာင္လို႔.....
"ေျပာပါဦး...ငါကဘာလုပ္မိလို႔လဲ...ျမႇဴဆြယ္တယ္ျဖစ္ရေအာင္...မင္းကအသက္မျပည့္တဲ့ကေလးေလးလား..."
"ကေလးေလးမဟုတ္လို႔ေပါ့...ကေလးေလးသာဆိုရင္ပံုမွန္ပဲျဖစ္ေနမွာ..."
အဲဒါဆိုပံုမွန္မျဖစ္တာဘာလဲလို႔ေတြးမိၿပီးမွရယ္ခ်င္လာျပန္ကာ...
"ပံုမွန္ဆိုတာဘာကိုေျပာတာလဲ...ရွင္းပါဦး...ၿပီးေတာ့ငါကဘာျမႇဴဆြယ္မိလို႔လဲ..."
"ဟား....ေတာ္ပါေတာ့...ၾကယ္သီးျမန္ျမန္တပ္..."
သူ႔ကိုအက်ႌဝတ္ေပးေနရင္းစကားစစ္ထိုးေနတာခပ္ႀကိတ္ႀကိတ္ေလး...
နံေဘးကကပ္လ်က္အခန္းမွာသူ႔အေမရွိေနေတာ့ၾကားသြားမွာလဲစိုးရသည္။
ထို႔ေၾကာင့္...အသံကိုထိန္း၍သာေျပာေနရ၏။
"ငါတမင္လုပ္တာမွမဟုတ္တာ...စိတ္မဆိုးနဲ႔..."
ၾကယ္သီးေတြအကုန္တပ္ၿပီးမွဆံပင္မွာစိုေနတဲ့ေနရာေလးေတြကိုေျခာက္ေအာင္သုတ္ရသည္။
ရပ္ေနရင္းမွပင္လယ့္မ်က္ႏွာေလးကိုငံု႔ၾကည့္ေတာ့ေထာ္ထားသည့္နႈတ္ခမ္းကတစ္စင္တီမီတာေလာက္ေတာင္ေလ်ာ့မသြားေပ။
"ေရခ်ိဳးခ်င္ပါတယ္လို႔သူေျပာလို႔ေရခ်ိဳးေပးတာကိုစိတ္ေကာက္ရတယ္လို႔...."
"စည္း...မင္းေနာ္..."
"ရွဴး....တိုးတိုး...ႏိုးကုန္မယ္"
ေျပာၿပီးတဆက္ထဲပါးစပ္ေလးပါေျပးပိတ္ရသည္။
"စိတ္ခ်ည္းပဲ...အိပ္ေတာ့...စိတ္လဲေလ်ာ့အံုး...အိပ္မက္ဆိုးေတြမက္တတ္တယ္"
ေျပာၿပီးတာနဲ႔စည္း'ကအရင္လွဲခ်သည္။
ခဏေနမွေနပင္လယ္ကလွဲအိပ္ကာ...
စည္းရဲ႕ဘက္ကိုမ်က္ႏွာခ်င္းဆိုင္သည္။
မ်က္လံုးမွိတ္ထားသည့္စည္းရဲ႕မ်က္ႏွာကိုဖြဖြထိကာ...
"စည္း...ခင္ဗ်ားသိလား...ခင္ဗ်ားရဲ႕ဘယ္အျပဳအမူကိုမဆိုကြ်န္ေတာ္ကစြဲလမ္းေနတာ...
ဘာပဲလုပ္ေနေနၾကည့္မိတဲ့ကြ်န္ေတာ္ခ်စ္တဲ့စိတ္အျပည့္နဲ႔မို႔...
အၿမဲတမ္းရင္ခုန္ရတယ္...
ရင္ခုန္တိုင္းလည္း...ႏွလံုးသားကခင္ဗ်ားကိုအလိုရွိတယ္...
အဲဒါေၾကာင့္...ထပ္မျပဳစားပါနဲ႔"
"မျပဳစားရပါဘူး...တမင္မွမဟုတ္တာ..."
"တမင္မဟုတ္ေပမယ့္လည္း........ကြ်န္ေတာ္အ႐ူးရင့္ေနၿပီထင္တယ္"
သူ႔စကားေလးေၾကာင့္မွိတ္ထားသည့္မ်က္လံုးေတြျပန္ပြင့္လာကာ...
"မင္းအေတြးလြန္ေနၿပီပဲ...ေတာ္ပါ...အိပ္ေတာ့...အိပ္ေရးပ်က္မယ္..."
သူေျပာေနတာေလးေတြေၾကာင့္မေနတတ္မထိုင္တတ္အၿမဲျဖစ္ရသည္။
တေန႔ေန႔ေတာ့မင္းေျပာသလိုရင္ဖြင့္ေျပာဖို႔ႀကိဳးစားမွာမို႔လို႔အခုေတာ့အားေမြးပါရေစဦး...။
ခ်က္ခ်င္းႀကီးမ်က္လံုးမွိတ္သြားတဲ့စည္းကိုၾကည့္ၿပီးမခ်င့္မရဲျဖစ္လာကာ...
"ခင္ဗ်ားလူကိုကေလးလိုလိုေခြးလိုလိုထင္ေနလို႔...အခ်ိဳသပ္ေနတာမလား...မရဘူး...လာခဲ့"
လာခဲ့လို႔ေျပာေပမယ့္ကုတင္အဖ်ားေလးမွာစည္းကအိပ္ေနေတာ့...ဆြဲဖို႔အဆင္မေျပဘဲသူကပဲသြားကပ္ကာ...နႈတ္ခမ္းေလးကိုနမ္းမိသည္။
ရင္ခုန္ရေသာအထိအေတြ႕ကဘယ္ေတာ့မွ႐ိုးသြားမွာမဟုတ္ဘဲ...
သူ႔နႈတ္ခမ္းေလးနဲ႔ထိေတြ႕လာတိုင္းလည္း ရင္ထဲမွာငလ်င္လႈပ္ရတာပဲျဖစ္သည္။
ေႏြးေထြးစိုစြတ္မႈတို႔နဲ႔ျပင္းရွလာတဲ့ သူ႔အနမ္းေလးေတြကို စည္းကရင္ခုန္စြာမူးယစ္ေပ်ာ္ဝင္ေတာ့...
ေက်နပ္သည္။
အဲဒီထက္ပိုခ်စ္ခ်င္လာၿပီ။
သူ႔ရင္ခြင္ထဲပိုတိုးဝင္လာသည့္ပင္လယ့္ခႏၶာကိုယ္ေလးကိုေထြးဖက္ရင္း...ႏွစ္ဦးစလံုးေႏြးေထြးမႈကိုပိုေတာင့္တလာခဲ့သည္။
႐ုန္းဖယ္ခ်င္တာမဟုတ္ဘဲနဲ႔ကိုယ့္အေျခအေနကိုယ္သိလို႔စည္း'ကလက္တြန္႔ေနာက္ဆုတ္ခ်င္ေပမယ့္...
သူ...ကိ္ုယ့္နႈတ္ခမ္းေလးေတြကိုမလြတ္ခ်င္တာကိုခံစားမိၿပီးဆက္အားတင္းဖို႔ႀကိဳးစားေပမယ့္...(စအိပ္ကတည္းကကုတင္အစြန္းမွာအိပ္မိကာ...ထပ္တိုးေပးလို႔မရေတာ့တဲ့အေနအထားျဖစ္သည္။)
ပင္လယ္တိုးလာတဲ့အတိုင္းသည္းခံေနရင္း...တျဖည္းျဖည္းပစ္ကပ္လာတဲ့ခႏၶာကိုယ္ကိုမထိန္းႏိုင္ေတာ့ဘဲ....
ေနာက္ေက်ာလည္းထပ္ဆုတ္ဖို႔မျဖစ္ႏိုင္ေတာ့ၿပီမွန္းေသခ်ာသြားသည့္အဆံုး....
"ဘုန္းကနဲ"ျမည္သံနဲ႔အတူစည္း'တစ္ကိုယ္လံုးကုတင္ေအာက္ျပဳတ္က်ေလသည္။
😂😂😂
ညဘက္မို႔လို႔...ေသခ်ာေပါက္နံေဘးအခန္းကၾကားရမွာျဖစ္လို႔...သူ႔မာမီႏိုးသြားရင္ခက္ၿပီ။
ျပဳတ္က်သြားတဲ့စည္းက ျမန္ဆန္စြာကုန္းရံုးထျပီးမွ
ႏွစ္ေယာက္သားသူ႔မ်က္ႏွာငါၾကည့္ငါ့မ်က္ႏွာသူၾကည့္ျဖစ္ကာ အသံတိတ္ႀကိတ္ရယ္၏။
သူ႔မာမီဝင္လာခဲ့ၿပီး လာေမးရင္ေျဖဖို႔အေျဖကို အေျပးအလႊားစဥ္းစားရသည္။
ျပႆဒါးကပင္လယ့္ဆီကေနစည္း'ထံသို႔ေန႔မကူးဘဲအလည္လာ၏။
ဝဋ္ဆိုတာဘဝမကူးဘဲလည္တတ္ေၾကာင္းေသခ်ာသြားခဲ့၏။
Unicode
"ဟား...ဟား...ဆောရီး....ဟိ....ဟား...ဟား..."
ညဘက်မို့အသံအကျယ်ကြီးမထွက်နိုင်ဘဲအောင့်အီးရယ်နေရသည့်စည်းကတကိုယ်လုံးတုန်ခါနေ၏။
စားလက်စရေခဲမုန့်လေးပြုတ်ကျသွားလို့နှမျောတသနေပုံရသည့်ကလေးလေးလိုမျိုးပင်လယ်ကစိတ်မကောင်းဖြစ်နေသည်။
"ရယ်နိုင်တယ်နော်...ခင်ဗျား..."
နှုတ်ခမ်းလေးပါထော်ပြီးရန်တွေ့တော့ပိုလို့အသည်းယားပြီးရယ်ချင်ပြန်သည်။
တခစ်ခစ်တခွိခွိနဲ့မဆုံးသောစည်းရဲ့ရယ်သံတွေကအူတိုစရာကောင်းလွန်းသည်။
တကယ်ပါပဲ လူကိုမစာမနာနဲ့ရယ်နိုင်သည်။
"တကယ်တောင်းပန်တယ်ကွာ...မရည်ရွယ်ခဲ့ဘူး..."
ဆံပင်တွေနဲ့မျက်နှာပေါ်ကရေသီးတွေကိုသုတ်ပေးပြီးမှ....စိုရွှဲသွားတဲ့အဝတ်တွေကိုစမ်းကြည့်သည်။
"အကျႌလဲမှရမယ်ထင်တယ်...ရင်ဘတ်နားမှာတော်တော်စိုနေတာပဲ..."
စိတ်ကတိုနေတော့ပင်လယ်ကဘာမှပြန်မဖြေနိုင်ပါ။
ကြယ်သီးတွေဖြုတ်ပြီးချွတ်ပေးတဲ့အထိပင်လယ်ကမျက်နှာလေးစူပုပ်နေတာမပြေခဲ့။
"တမင်လုပ်တာမဟုတ်ပါဘူးဆို...စိတ်မကောက်နဲ့ကွာ..."
ရယ်ချင်နေတာကိုထိန်းပြောနေရလို့...အသံကပုံမှန်မဟုတ်ပေ။
စိုနေတဲ့နေရာတွေကိုချွတ်လိုက်တဲ့အဝတ်နဲ့သုတ်ပေးပြီးတော့အဝတ်အသစ်လဲပေးနေရင်း....
"မင်းကပြူးတူးပြဲတဲနဲ့လိုက်ကြည့်တော့...ငါယောင်သွားတာပေါ့..."
"အဲလိုယောင်စရာလား..."
"အဲလိုယောင်မယ်လို့ဘယ်သိမလဲ....ထင်မထားဘဲကိုး....ငါရေသောက်တဲ့အချိန်မှာမင်းကပြီတီတီဖြစ်လာတာလေ..."
ရယ်သံတဝက်နဲ့မို့...စည်း'တမင်လုပ်သည်ဟုပဲထင်နေကာ...စကားတွေဘုနဲ့ဘောက်ဖြစ်ကုန်၏။
"အခု...ငါ့ကိုအပြစ်ဖို့နေတာမလား..."
"မဟုတ်ပါဘူးပြောပြတာ"
"ခင်ဗျားအပြစ်တင်နေတာ...သိသားပဲ"
"မဟုတ်ပါဘူးဆို..."
"ငါကြည့်ရုံလေးပဲကြည့်တာကို..."
"ကြည့်ရုံတင်မဟုတ်ပါဘူး...ငါ့ဆီကပ်လာတာအသိသာကြီးကို..."
"ဟာ့...တွေ့လားအပြစ်ဖို့ပြန်ပြီ...သူများကျအပြစ်တင်တယ်...သူ့အပြစ်ကျတော့မမြင်ဘူး...
မင်း...မကြည့်ကြည့်မိအောင်လုပ်တာလေးထည့်ပြောလေ"
ကလေးလေးတွေစကားအနိုင်လုသလိုမျိုးနှစ်ယောက်သားကအပြန်အလှန်ပြောနေရင်း...
ဘဲနှုတ်သီးလေးလိုပင်လယ့်နှုတ်ခမ်းတွေထော်လာတော့...
စည်းကပိုရယ်ချင်လာသည်။
ရယ်ချင်ပက်ကျိဖြစ်နေတာကိုပင်လယ်ကပိုစိတ်တိုလာပုံရ၏။
"ဘယ်မှာလုပ်လို့လဲ...ငါ့ဘာသာအလွတ်ကြီးနေတာကို..."
"မင်းဖုန်းပြောတယ်လေ..."
"အေးလေ..."
"ဖုန်းပြောရင်းနဲ့ဘာလုပ်လဲ..."
"ဟင်...ဘာမှမလုပ်ပါဘူး..."
မျက်လုံးလေးဝေ့ပြီးအသည်းအသန်စဉ်းစားကာ...
ရေဗူးကိုသတိရလာသည်။
"ရေပဲသောက်တာလေ...."
"အဲဒါပဲ..."
"ဘာလဲ..."
"ခင်ဗျားရေသောက်တာအေးဆေးမသောက်ဘူးလေ"
"ဟင်...ရေသောက်တာဘယ်လိုသောက်ရဦးမလဲ...ကိုယ့်ဆရာရယ်...အဆန်းကြီး..."
"ခင်ဗျားကရိုးရိုးလေးမှမသောက်တာ"
နေပင်လယ်ရစ်နေပြန်ပြီ...လို့တွေးမိကာ...ရန်တွေ့နေတာလေးကိုသဘောကျပြီး...
တမင်တကာထပ်ပြီးဆွပေးလိုက်ဖို့စဉ်းစားသည်။
"ဟာ့...ရိုးရိုးလေးသောက်တာတို့...အဆန်းကြီးသောက်တာတို့ရှိနေသေးလား"
"ခင်ဗျားရေသောက်တာကပုံမှန်မှမဟုတ်တာ..."
သူ့ကိုမကြည့်တော့ဘဲမျက်လွှာချကာစကားတစ်လုံးချင်းရန်ထောင်သည့်ပုံလေးကိုမြတ်နိုးနေရင်း...
"ဘယ်လိုပုံမမှန်တာလဲ...ကင်းမြီးကောက်ထောင်ပြီးသောက်ပြလို့လား..."
"ကင်းမြီးကောက်ထောင်ပြပြီးသောက်ရင်တောင်ကြည့်လို့အဆင်ပြေဦးမှာ...အခုကလူကိုမြှူသလိုလိုနဲ့..."
"ဖြစ်ရပြန်ပြီ...ဒါဆိုအစကတည်းကမင်းငါ့ကိုမကြည့်နဲ့လေ"
"မကြည့်ဘဲမနေနိုင်တာ...နေရင်းထိုင်ရင်းနဲ့ကြည့်ပါ...ကြည့်လိုက်ပါလို့ခင်ဗျားကမြူဆွယ်နေတာ..."
"ငါကလား..."
သူ့ဘာသာလက်ညိုးပြန်ထိုးပြီးဟုတ်ရဲ့လားဆိုတဲ့အကြည့်နဲ့မေးတော့...ပင်လယ်ကတကယ်စိတ်တိုလာသည်။
အလိုက်မသိတဲ့လူကြီး...ခင်ဗျားနော်.....
စိတ်မတိုတိုအောင်လို့.....
"ပြောပါဦး...ငါကဘာလုပ်မိလို့လဲ...မြှူဆွယ်တယ်ဖြစ်ရအောင်...မင်းကအသက်မပြည့်တဲ့ကလေးလေးလား..."
"ကလေးလေးမဟုတ်လို့ပေါ့...ကလေးလေးသာဆိုရင်ပုံမှန်ပဲဖြစ်နေမှာ..."
အဲဒါဆိုပုံမှန်မဖြစ်တာဘာလဲလို့တွေးမိပြီးမှရယ်ချင်လာပြန်ကာ...
"ပုံမှန်ဆိုတာဘာကိုပြောတာလဲ...ရှင်းပါဦး...ပြီးတော့ငါကဘာမြှူဆွယ်မိလို့လဲ..."
"ဟား....တော်ပါတော့...ကြယ်သီးမြန်မြန်တပ်..."
သူ့ကိုအကျႌဝတ်ပေးနေရင်းစကားစစ်ထိုးနေတာခပ်ကြိတ်ကြိတ်လေး...
နံဘေးကကပ်လျက်အခန်းမှာသူ့အမေရှိနေတော့ကြားသွားမှာလဲစိုးရသည်။
ထို့ကြောင့်...အသံကိုထိန်း၍သာပြောနေရ၏။
"ငါတမင်လုပ်တာမှမဟုတ်တာ...စိတ်မဆိုးနဲ့..."
ကြယ်သီးတွေအကုန်တပ်ပြီးမှဆံပင်မှာစိုနေတဲ့နေရာလေးတွေကိုခြောက်အောင်သုတ်ရသည်။
ရပ်နေရင်းမှပင်လယ့်မျက်နှာလေးကိုငုံ့ကြည့်တော့ထော်ထားသည့်နှုတ်ခမ်းကတစ်စင်တီမီတာလောက်တောင်လျော့မသွားပေ။
"ရေချိုးချင်ပါတယ်လို့သူပြောလို့ရေချိုးပေးတာကိုစိတ်ကောက်ရတယ်လို့...."
"စည်း...မင်းနော်..."
"ရှူး....တိုးတိုး...နိုးကုန်မယ်"
ပြောပြီးတဆက်ထဲပါးစပ်လေးပါပြေးပိတ်ရသည်။
"စိတ်ချည်းပဲ...အိပ်တော့...စိတ်လဲလျော့အုံး...အိပ်မက်ဆိုးတွေမက်တတ်တယ်"
ပြောပြီးတာနဲ့စည်း'ကအရင်လှဲချသည်။
ခဏနေမှနေပင်လယ်ကလှဲအိပ်ကာ...
စည်းရဲ့ဘက်ကိုမျက်နှာချင်းဆိုင်သည်။
မျက်လုံးမှိတ်ထားသည့်စည်းရဲ့မျက်နှာကိုဖွဖွထိကာ...
"စည်း...ခင်ဗျားသိလား...ခင်ဗျားရဲ့ဘယ်အပြုအမူကိုမဆိုကျွန်တော်ကစွဲလမ်းနေတာ...
ဘာပဲလုပ်နေနေကြည့်မိတဲ့ကျွန်တော်ချစ်တဲ့စိတ်အပြည့်နဲ့မို့...
အမြဲတမ်းရင်ခုန်ရတယ်...
ရင်ခုန်တိုင်းလည်း...နှလုံးသားကခင်ဗျားကိုအလိုရှိတယ်...
အဲဒါကြောင့်...ထပ်မပြုစားပါနဲ့"
"မပြုစားရပါဘူး...တမင်မှမဟုတ်တာ..."
"တမင်မဟုတ်ပေမယ့်လည်း........ကျွန်တော်အရူးရင့်နေပြီထင်တယ်"
သူ့စကားလေးကြောင့်မှိတ်ထားသည့်မျက်လုံးတွေပြန်ပွင့်လာကာ...
"မင်းအတွေးလွန်နေပြီပဲ...တော်ပါ...အိပ်တော့...အိပ်ရေးပျက်မယ်..."
သူပြောနေတာလေးတွေကြောင့်မနေတတ်မထိုင်တတ်အမြဲဖြစ်ရသည်။
တနေ့နေ့တော့မင်းပြောသလိုရင်ဖွင့်ပြောဖို့ကြိုးစားမှာမို့လို့အခုတော့အားမွေးပါရစေဦး...။
ချက်ချင်းကြီးမျက်လုံးမှိတ်သွားတဲ့စည်းကိုကြည့်ပြီးမချင့်မရဲဖြစ်လာကာ...
"ခင်ဗျားလူကိုကလေးလိုလိုခွေးလိုလိုထင်နေလို့...အချိုသပ်နေတာမလား...မရဘူး...လာခဲ့"
လာခဲ့လို့ပြောပေမယ့်ကုတင်အဖျားလေးမှာစည်းကအိပ်နေတော့...ဆွဲဖို့အဆင်မပြေဘဲသူကပဲသွားကပ်ကာ...နှုတ်ခမ်းလေးကိုနမ်းမိသည်။
ရင်ခုန်ရသောအထိအတွေ့ကဘယ်တော့မှရိုးသွားမှာမဟုတ်ဘဲ...
သူ့နှုတ်ခမ်းလေးနဲ့ထိတွေ့လာတိုင်းလည်း ရင်ထဲမှာငလျင်လှုပ်ရတာပဲဖြစ်သည်။
နွေးထွေးစိုစွတ်မှုတို့နဲ့ပြင်းရှလာတဲ့ သူ့အနမ်းလေးတွေကို စည်းကရင်ခုန်စွာမူးယစ်ပျော်ဝင်တော့...
ကျေနပ်သည်။
အဲဒီထက်ပိုချစ်ချင်လာပြီ။
သူ့ရင်ခွင်ထဲပိုတိုးဝင်လာသည့်ပင်လယ့်ခန္ဓာကိုယ်လေးကိုထွေးဖက်ရင်း...နှစ်ဦးစလုံးနွေးထွေးမှုကိုပိုတောင့်တလာခဲ့သည်။
ရုန်းဖယ်ချင်တာမဟုတ်ဘဲနဲ့ကိုယ့်အခြေအနေကိုယ်သိလို့စည်း'ကလက်တွန့်နောက်ဆုတ်ချင်ပေမယ့်...
သူ...ကိ်ုယ့်နှုတ်ခမ်းလေးတွေကိုမလွတ်ချင်တာကိုခံစားမိပြီးဆက်အားတင်းဖို့ကြိုးစားပေမယ့်...(စအိပ်ကတည်းကကုတင်အစွန်းမှာအိပ်မိကာ...ထပ်တိုးပေးလို့မရတော့တဲ့အနေအထားဖြစ်သည်။)
ပင်လယ်တိုးလာတဲ့အတိုင်းသည်းခံနေရင်း...တဖြည်းဖြည်းပစ်ကပ်လာတဲ့ခန္ဓာကိုယ်ကိုမထိန်းနိုင်တော့ဘဲ....
နောက်ကျောလည်းထပ်ဆုတ်ဖို့မဖြစ်နိုင်တော့ပြီမှန်းသေချာသွားသည့်အဆုံး....
"ဘုန်းကနဲ"မြည်သံနဲ့အတူစည်း'တစ်ကိုယ်လုံးကုတင်အောက်ပြုတ်ကျလေသည်။
😂😂😂
ညဘက်မို့လို့...သေချာပေါက်နံဘေးအခန်းကကြားရမှာဖြစ်လို့...သူ့မာမီနိုးသွားရင်ခက်ပြီ။
ပြုတ်ကျသွားတဲ့စည်းက မြန်ဆန်စွာကုန်းရုံးထပြီးမှ
နှစ်ယောက်သားသူ့မျက်နှာငါကြည့်ငါ့မျက်နှာသူကြည့်ဖြစ်ကာ အသံတိတ်ကြိတ်ရယ်၏။
သူ့မာမီဝင်လာခဲ့ပြီး လာမေးရင်ဖြေဖို့အဖြေကို အပြေးအလွှားစဉ်းစားရသည်။
ပြဿဒါးကပင်လယ့်ဆီကနေစည်း'ထံသို့နေ့မကူးဘဲအလည်လာ၏။
ဝဋ်ဆိုတာဘဝမကူးဘဲလည်တတ်ကြောင်းသေချာသွားခဲ့၏။