ညေနစာစားၿပီးေတာ့မာမီနဲ႔အတူ ေလးေယာက္သားလမ္းေလွ်ာက္ထြက္ၾကေတာ့...ညခုနစ္နာရီ။
ေန႔တာရွည္ေနဆဲကာလမို႔ သိပ္ၿပီးမေမွာင္ေသး။
အိမ္နဲ႔သိပ္မေဝးတဲ့ပန္းျခံေလးမွာ အားကစားလုပ္တဲ့သူေတြနဲ႔လူတစ္ခ်ိဳ႕ေၾကာင့္...ဆိတ္ၿငိမ္ရပ္ကြက္ေပမယ့္လူသူမျပတ္လပ္ပါ။
စီးေလွ်ာေလးရွိသည့္ေတာင္ကုန္းေလးမွာကေလးေတြကစုရံုးေဆာ့ေနၾကတုန္း။
"သားေန...ငယ္ငယ္ကေပ်ာက္သြားရင္ဒီနားေလးကိုပဲလာတာ...
စီးေလွ်ာမွာတစ္ေယာက္ထဲေဆာ့ေနလို႔...
ဦးလတ္ကလိုက္လာရင္အတူတူေဆာ့ေပးခဲ့တာမွတ္မိလား..."
ဦးလတ္ရဲ႕စကားေၾကာင့္အတိတ္တခ်ိဳ႕ကိုျပန္သတိရသြားခဲ့သည္။
သူငယ္ငယ္ကေတာ္ေတာ္ ဂ်စ္တိုက္ခဲ့တာပဲလား။
"မာမီလုပ္လို႔စိတ္ကာက္ၿပီးထြက္ေျပးတဲ့ေနရာေလး...ဟီး..."
ေျပာေနရင္းနဲ႔အားကစားဝတ္စံုနဲ႔ေျပးလာတဲ့မိန္းကေလးႏွစ္ဦးကိုျမင္ကာ...ေျပးၾကည့္ခ်င္လာသည္။
"ေျခေထာက္အျမန္ေကာင္းခ်င္ၿပီ...
ေညာင္းညာလိုက္တာေရကူးလိုက္ရရင္ေတာ့ရွယ္ပဲေနမွာ..."
"ေကာင္းေတာ့မွာပါသားရယ္...ေထာက္လို႔ရေနၿပီပဲကို..."
"လက္ကဘယ္ေတာ့ေကာင္းမွာတဲ့လဲ...ညာဘက္ႀကီးျဖစ္ေနတာကဆိုးတာ"
ေျပာေနရင္းသနားစရာေလးျဖစ္ေနေတာ့...
ဦးလတ္ကရယ္သည္။
"မင္း...အခ်ိဳးတစ္စက္မွမေျပာင္းဘူးေနာ္...
ငယ္ငယ္တုန္းကအတိုင္းပဲ...
ျပႆနာအမ်ိဳးမ်ိဳးရွာထုတ္တတ္တာ...
လူကိုလဲမသနားသနားလာေအာင္လဲေျပာတတ္ေသးတာ"
ဦးလတ္ရဲ႕မ်က္ႏွာမွာအေရာင္အဆင္းတို႔မရွိဘဲ ေဆြးေျမ႕ျခင္းသာေပၚေနခဲ့လ်က္။
အေဖရင္းမဟုတ္ေပမယ့္လည္း သူ႔ကိုဂ႐ုစိုက္ၿပီးေမတၱာထားေပးခဲ့တယ္ဆိုတာကိုအခုမွသိသည္။
"အခု...မင္းေရာက္လာၿပီးမွ...ဦးလတ္တို႔အိမ္ကအရင္လိုျပန္ျဖစ္သြားသလိုပဲ...
မင္းကလူႀကီးျဖစ္သြားတာတခုပဲေပါ့..."
အားလံုးျပံဳးေနခဲ့ၾကကာ...ေႏြးေထြးတဲ့သားစုေလးျဖစ္သြားတဲ့အတိုင္း။
ဆက္ၿပီးမွဦးလတ္က...
"အခုကေနစၿပီးေတာ့ညဘက္မီးေတြထိန္လင္းေနေတာ့မွာေပါ့ကြာ...အေမွာင္ေၾကာက္တဲ့ကေလးေလးတစ္ေယာက္ေၾကာင့္..."
ဆိုေတာ့...အားလံုးက ရယ္ေမာလို႔။
အေမွာင္ေၾကာက္တတ္တာေလးက ရာဇဝင္ေလးပါပဲလား။
----------
"သားတစ္ေယာက္ထဲညဘက္ေတာ့ျဖစ္မွာမဟုတ္ဘူး...
စည္းကိုလဲအားနာဖို႔ေကာင္းတာ...ႏွစ္ေယယက္အတူအိပ္ဖို႔ကလဲ အိပ္ယာကေသးေသးေလးရယ္..."
"ရပါတယ္...ဘာမွမျဖစ္ဘူး...ကြ်န္ေတာ္အျပင္ခန္းကဆိုဖာမွာေစာင့္မွာပါ"
"မရဘူး...အခန္းထဲမွာအိပ္လို႔ရတယ္...
အိပ္ယာကသိပ္ေတာ့မႀကီးေပမယ့္ႏွစ္ေယာက္အိပ္လို႔ရတယ္...မာမီမေစာင့္နဲ႔...
မနက္ျဖန္ဆိုအလုပ္သြားရမွာနဲ႔...ေအးေဆးအနားယူလိုက္...
ကြ်န္ေတာ့္ေဘးမွာ စည္းကိုေခၚထားမယ္...သူညဘက္အိပ္တာလဲမဟုတ္ဘူး..."
သူ႔စကားနဲ႔သူစီစဥ္တာကဟုတ္ေနသည္။
စည္း'ကေတြးၿပီးေခါင္းတယမ္းယမ္းနဲ႔...
ခက္ခဲလြန္းသည့္ညေတြၾကံဳရေတာ့မည္...။
"စည္းေရ...သား...အိပ္လို႔ရေအာင္အိပ္ေနာ္...မ်က္ႏွာကသိပ္ၿပီးၾကည့္ရအဆင္ေျပမေနဘူး...အားနည္းေနသလိုနဲ႔..."
"ဟုတ္ကဲ့...အန္တီ..."
"ေစာေစာအိပ္ၾကေနာ္..."
တိတ္ဆိတ္သြားသည့္ဧည့္ခန္းထဲမွာစည္းတို႔ႏွစ္ေယာက္သာက်န္ခဲ့သည္။
ပင္လယ္ကတီဗီလိုင္းတခုၿပီးတခုေျပာင္းၾကည့္ေနကာ...
စည္းကေတာ့စာအုပ္တအုပ္နဲ႔...ၿငိမ္ေနၿပီးဖတ္ေနလိုက္...ေတြးေနလိုက္....။
"စည္း..."
"အင္း..."
"စည္း.....ေခၚေနတယ္ေလ"
"အင္း...ထူးေနတာပဲေလ..."
"မင္းမွမၾကည့္တာ...ၾကည့္စမ္းပါ..."
"အင္း...ေျပာ...ဘာလဲ"
စိတ္မရွည္ေတာ့တဲ့ပင္လယ့္အသံထြက္လာမွစာအုပ္ကိုပိတ္ၿပီးေသခ်ာၾကည့္လိုက္ေတာ့လဲ ဘာမွမဟုတ္ပါဘဲ။
"ေခၚခ်င္လို႔..."
"ဟမ္..."
"မင္းကစာအုပ္ထဲမ်က္ႏွာဝင္ပူးမတတ္ျဖစ္ေနေတာ့အျမင္ကတ္လို႔..."
"အက်င့္ကိုက..."
"ဘာစာအုပ္ဖတ္ေနတာလဲ...ျပ"
"ရာမ'ဇာတ္ေတာ္..."
"ဒႆဂီရိပါတဲ့ရာမ'လား...."
"ဘယ္ရာမ'ရွိေသးလို႔လဲ...."
"မူးယစ္ေဆးဝါးရာမ....."
အဲလိုမဟုတ္တာေတြေတာ္ေတာ္ေျပာတတ္တာေလးကခ်စ္ဖို႔ေကာင္းသည္။
"ရစ္တဲ့ေနရာဆရာႀကီးေနာ္...မင္း..."
ႏွာေခါင္းေလးကိုတစ္ခ်က္ဆြဲညစ္ၿပီးမွ...နာ႒ိကိုၾကည့္ေတာ့ဆယ့္တစ္ခြဲ။
"ေဆးေသာက္ထားတာအိပ္ခ်င္ရင္ေျပာေနာ္..."
"မအိပ္ဘူး...အိပ္ခ်င္ရင္မ်က္လံုးကိုဆြဲၿဖဲထားမွာေပါ့...
ေဆးလိပ္ေသာက္ခ်င္လိုက္တာ...ဘယ္ေတာ့မွေသာက္ရမွာလဲ..."
"မၾကာခင္ေပါ့....."
"အခုကေရာ..."
"ႏိုး...ႏိုး..."
"ဘီယာ..."
"ပိုဆိုး..."
"တစ္ဗူးပဲေလ..."
"လံုးဝပဲ...ငါေတာင္မေသာက္ဘူး..."
"ငါေသာက္ခ်င္တယ္...."
"မေသာက္ရဘူး..."
"ဟား....."
"ဆက္ထိုင္ေနခ်င္ေသးလား...ငါေမးလ္နည္းနည္းစစ္မလို႔..."
"အင္း..."
လက္ပ္ေတာ့ပ္သြားယူၿပီးသူလုပ္စရာရွိတာေလးေတြလုပ္ေနမိကာ...ပင္လယ့္ဆီကအသံတိတ္ေနတာကိုသတိရမွ...
ပင္လယ္ကဆိုဖာေပၚမွာမွီၿပီးအိပ္ေပ်ာ္ေနပါၿပီ။
ခုနကတည္းကအိပ္ခ်င္ေနတယ္ဆိုတာသိေနလို႔...
ေမးတာမအိပ္ခ်င္ေသးဘူးပဲေျဖေနေတာ့အခန္းထဲမပို႔ဘဲထားထားတာပါ။
အခုေတာ့ေခါင္းေလးေစာင္းၿပီးအိပ္ေနၿပီ။
လည္ပင္းကနာေနတာ့မွာပဲ...
"ပင္လယ္...ေနပင္လယ္..."
ပါးေလးကိုထိၿပီးႏိုးေတာ့...အင္းခနဲထူးေသးသည္။
"အင္း..."
"လာ...ထ...အခန္းထဲပို႔ေပးမယ္"
"အင္း..."
မ်က္လံုးသိပ္မပြင့္ဘဲအသံပဲထြက္ေနကာ...
ခါးကိုဖက္ၿပီးပုခံုးမွဆြဲထူလိုက္ရသည္။
"ေျခေထာက္နဲနဲႂကြ..."
အသင့္ထားထားသည့္ဝွီးခ်ဲေပၚတင္ၿပီးအခန္းထဲပို႔ရသည္။
ေစာင္ေလးကိုကိုယ္တစ္ဝက္အထိဆြဲတင္ၿပီးလႊမ္းျခံဳေပးေတာ့...မ်က္လံုးေလးေတြမပြင့္ဘဲနဲ႔ေျပာသည္။
"စည္း...အျပင္မသြားနဲ႔ေတာ့...ဒီမွာပဲအိပ္ေလ..."
"အင္...ငါအလုပ္လုပ္ရဦးမွာ..."
"ယူခဲ့...ငါ့အနားမွာေန...အျပင္မွာမလုပ္နဲ႔"
"အင္း...ဟုတ္ၿပီခဏေလး..."
ယူစရာရွိတာေတြယူၿပီးျပန္ဝင္ခဲ့ေတာ့ ေဟာက္လို႔ေတာင္ေနၿပီ။
အိပ္ေပ်ာ္သြားတာျမန္ခ်က္။
"good night...ေဘဘီ"
-------
စည္း'ကညဘက္ေတြမွာမအိပ္ခ်င္ဘဲႂကြက္ေတြ၊ ဇီးကြက္ေတြလိုျဖစ္ေနသည္။
ဘယ္လိုပဲအိပ္အိပ္အဆင္မေျပဘဲ...ေန႔နဲ႔ညမွားတာက ႏွစ္ပတ္ေက်ာ္လာခဲ့ၿပီ။
ေဆးအရွိန္ေၾကာင့္အိပ္ေမာက်ေနတဲ့ ပင္လယ့္ကိုၾကည့္ၿပီးသူ႔ေဆးေတြယူေသာက္ၿပီးအိပ္ရလွ်င္ေကာင္းမလားမသိ။
ၿငိမ္သက္တိတ္ဆိတ္ေနေသာညယံေၾကာင့္အေတြးေတြကဟိုဒီဝဲေနကာ...သူတို႔ႏွစ္ေယာက္ရဲ႕အေၾကာင္းေလးေတြကိုပဲစဥ္းစားေနျဖစ္သည္။
စေတြ႕ကတည္းကသူ႔အေပၚတြယ္တာလြန္းေသာပင္လယ့္ပံုရိပ္ေလးေတြကိုျပန္ျမင္၏။
သူ႔နာမည္'ေနပင္လယ္'ဟုစသိရသည့္အခ်ိန္က ကိုယ့္နာမည္နဲ႔ဆင္တူေနျခင္းကိုအလြန္အံ့ၾသသြားခဲ့ေပမယ့္...မသိသလိုေနခဲ့မိ၏။
အဲဒီတုန္းကစည္း'ဆိုသည္မွာခံစားခ်က္တို႔ကိုမ်က္ႏွာမွာမေဖာ္ျပတတ္ခဲ့ပါ။
ဘယ္လိုခံစားမႈမ်ိဳးကိုမွမ်က္ႏွာေပၚထုတ္မျပတတ္ခဲ့ေတာ့...ေရခဲတံုးဆိုတဲ့နာမည္ေျပာင္ကိုရရွိခဲ့တာလည္းမဆန္းေတာ့။
စေတြ႕ခဲ့ၾကကတည္းက တိုက္ဆိုင္မႈမဟုတ္ေလာက္တဲ့ကံတရားေတြနဲ႔...
ဆန္႔က်င္ဘက္သူတို႔ႏွစ္ေယာက္ဟာ တစ္ေယာက္ကေန႔၊ တစ္ေယာက္ကည ဆိုတဲ့အေနအထားမ်ိဳးနဲ႔ဒီအေျခေနအထိေရာက္ရွိလာခဲ့တာျဖစ္သည္။
ပံုမွန္မဟုတ္သည့္ေႏွာင္တြယ္ျခင္းနဲ႔...စည္းဝိုင္းတစ္ခုအလယ္ေရာက္ေနခဲ့ၾကတဲ့သူတို႔ႏွစ္ေယာက္ဟာ...
အခ်စ္ဆိုသည့္ ေႏွာင္ႀကိဳးေလးတစ္ခုနဲ႔ထံုးဖြဲ႕ကာ။
အတားဆီးတစံုတရာထပ္ရွိေနေသးတဲ့ လမ္းေၾကာင္းေလးေပၚမွာ သူတို႔ ဆက္လက္ၿမဲျမံႏိုင္ပါ့မလားမေသခ်ာေပမယ့္...
တတ္ႏိုင္သမွ်ေတာ့ ေရွ႕ဆက္ၾကည့္ပါဦးမည္။
မလွပတဲ့အဆံုးသတ္ဆိုရင္ေတာင္မွ ႀကိဳးစားဖို႔အတြက္ေတာ့အားတင္းထားပါ၏။
Unicode
ညနေစာစားပြီးတော့မာမီနဲ့အတူ လေးယောက်သားလမ်းလျှောက်ထွက်ကြတော့...ညခုနစ်နာရီ။
နေ့တာရှည်နေဆဲကာလမို့ သိပ်ပြီးမမှောင်သေး။
အိမ်နဲ့သိပ်မဝေးတဲ့ပန်းခြံလေးမှာ အားကစားလုပ်တဲ့သူတွေနဲ့လူတစ်ချို့ကြောင့်...ဆိတ်ငြိမ်ရပ်ကွက်ပေမယ့်လူသူမပြတ်လပ်ပါ။
စီးလျှောလေးရှိသည့်တောင်ကုန်းလေးမှာကလေးတွေကစုရုံးဆော့နေကြတုန်း။
"သားနေ...ငယ်ငယ်ကပျောက်သွားရင်ဒီနားလေးကိုပဲလာတာ...
စီးလျှောမှာတစ်ယောက်ထဲဆော့နေလို့...
ဦးလတ်ကလိုက်လာရင်အတူတူဆော့ပေးခဲ့တာမှတ်မိလား..."
ဦးလတ်ရဲ့စကားကြောင့်အတိတ်တချို့ကိုပြန်သတိရသွားခဲ့သည်။
သူငယ်ငယ်ကတော်တော် ဂျစ်တိုက်ခဲ့တာပဲလား။
"မာမီလုပ်လို့စိတ်ကာက်ပြီးထွက်ပြေးတဲ့နေရာလေး...ဟီး..."
ပြောနေရင်းနဲ့အားကစားဝတ်စုံနဲ့ပြေးလာတဲ့မိန်းကလေးနှစ်ဦးကိုမြင်ကာ...ပြေးကြည့်ချင်လာသည်။
"ခြေထောက်အမြန်ကောင်းချင်ပြီ...
ညောင်းညာလိုက်တာရေကူးလိုက်ရရင်တော့ရှယ်ပဲနေမှာ..."
"ကောင်းတော့မှာပါသားရယ်...ထောက်လို့ရနေပြီပဲကို..."
"လက်ကဘယ်တော့ကောင်းမှာတဲ့လဲ...ညာဘက်ကြီးဖြစ်နေတာကဆိုးတာ"
ပြောနေရင်းသနားစရာလေးဖြစ်နေတော့...
ဦးလတ်ကရယ်သည်။
"မင်း...အချိုးတစ်စက်မှမပြောင်းဘူးနော်...
ငယ်ငယ်တုန်းကအတိုင်းပဲ...
ပြဿနာအမျိုးမျိုးရှာထုတ်တတ်တာ...
လူကိုလဲမသနားသနားလာအောင်လဲပြောတတ်သေးတာ"
ဦးလတ်ရဲ့မျက်နှာမှာအရောင်အဆင်းတို့မရှိဘဲ ဆွေးမြေ့ခြင်းသာပေါ်နေခဲ့လျက်။
အဖေရင်းမဟုတ်ပေမယ့်လည်း သူ့ကိုဂရုစိုက်ပြီးမေတ္တာထားပေးခဲ့တယ်ဆိုတာကိုအခုမှသိသည်။
"အခု...မင်းရောက်လာပြီးမှ...ဦးလတ်တို့အိမ်ကအရင်လိုပြန်ဖြစ်သွားသလိုပဲ...
မင်းကလူကြီးဖြစ်သွားတာတခုပဲပေါ့..."
အားလုံးပြုံးနေခဲ့ကြကာ...နွေးထွေးတဲ့သားစုလေးဖြစ်သွားတဲ့အတိုင်း။
ဆက်ပြီးမှဦးလတ်က...
"အခုကနေစပြီးတော့ညဘက်မီးတွေထိန်လင်းနေတော့မှာပေါ့ကွာ...အမှောင်ကြောက်တဲ့ကလေးလေးတစ်ယောက်ကြောင့်..."
ဆိုတော့...အားလုံးက ရယ်မောလို့။
အမှောင်ကြောက်တတ်တာလေးက ရာဇဝင်လေးပါပဲလား။
----------
"သားတစ်ယောက်ထဲညဘက်တော့ဖြစ်မှာမဟုတ်ဘူး...
စည်းကိုလဲအားနာဖို့ကောင်းတာ...နှစ်ယေယက်အတူအိပ်ဖို့ကလဲ အိပ်ယာကသေးသေးလေးရယ်..."
"ရပါတယ်...ဘာမှမဖြစ်ဘူး...ကျွန်တော်အပြင်ခန်းကဆိုဖာမှာစောင့်မှာပါ"
"မရဘူး...အခန်းထဲမှာအိပ်လို့ရတယ်...
အိပ်ယာကသိပ်တော့မကြီးပေမယ့်နှစ်ယောက်အိပ်လို့ရတယ်...မာမီမစောင့်နဲ့...
မနက်ဖြန်ဆိုအလုပ်သွားရမှာနဲ့...အေးဆေးအနားယူလိုက်...
ကျွန်တော့်ဘေးမှာ စည်းကိုခေါ်ထားမယ်...သူညဘက်အိပ်တာလဲမဟုတ်ဘူး..."
သူ့စကားနဲ့သူစီစဉ်တာကဟုတ်နေသည်။
စည်း'ကတွေးပြီးခေါင်းတယမ်းယမ်းနဲ့...
ခက်ခဲလွန်းသည့်ညတွေကြုံရတော့မည်...။
"စည်းရေ...သား...အိပ်လို့ရအောင်အိပ်နော်...မျက်နှာကသိပ်ပြီးကြည့်ရအဆင်ပြေမနေဘူး...အားနည်းနေသလိုနဲ့..."
"ဟုတ်ကဲ့...အန်တီ..."
"စောစောအိပ်ကြနော်..."
တိတ်ဆိတ်သွားသည့်ဧည့်ခန်းထဲမှာစည်းတို့နှစ်ယောက်သာကျန်ခဲ့သည်။
ပင်လယ်ကတီဗီလိုင်းတခုပြီးတခုပြောင်းကြည့်နေကာ...
စည်းကတော့စာအုပ်တအုပ်နဲ့...ငြိမ်နေပြီးဖတ်နေလိုက်...တွေးနေလိုက်....။
"စည်း..."
"အင်း..."
"စည်း.....ခေါ်နေတယ်လေ"
"အင်း...ထူးနေတာပဲလေ..."
"မင်းမှမကြည့်တာ...ကြည့်စမ်းပါ..."
"အင်း...ပြော...ဘာလဲ"
စိတ်မရှည်တော့တဲ့ပင်လယ့်အသံထွက်လာမှစာအုပ်ကိုပိတ်ပြီးသေချာကြည့်လိုက်တော့လဲ ဘာမှမဟုတ်ပါဘဲ။
"ခေါ်ချင်လို့..."
"ဟမ်..."
"မင်းကစာအုပ်ထဲမျက်နှာဝင်ပူးမတတ်ဖြစ်နေတော့အမြင်ကတ်လို့..."
"အကျင့်ကိုက..."
"ဘာစာအုပ်ဖတ်နေတာလဲ...ပြ"
"ရာမ'ဇာတ်တော်..."
"ဒဿဂီရိပါတဲ့ရာမ'လား...."
"ဘယ်ရာမ'ရှိသေးလို့လဲ...."
"မူးယစ်ဆေးဝါးရာမ....."
အဲလိုမဟုတ်တာတွေတော်တော်ပြောတတ်တာလေးကချစ်ဖို့ကောင်းသည်။
"ရစ်တဲ့နေရာဆရာကြီးနော်...မင်း..."
နှာခေါင်းလေးကိုတစ်ချက်ဆွဲညစ်ပြီးမှ...နာဋ္ဌိကိုကြည့်တော့ဆယ့်တစ်ခွဲ။
"ဆေးသောက်ထားတာအိပ်ချင်ရင်ပြောနော်..."
"မအိပ်ဘူး...အိပ်ချင်ရင်မျက်လုံးကိုဆွဲဖြဲထားမှာပေါ့...
ဆေးလိပ်သောက်ချင်လိုက်တာ...ဘယ်တော့မှသောက်ရမှာလဲ..."
"မကြာခင်ပေါ့....."
"အခုကရော..."
"နိုး...နိုး..."
"ဘီယာ..."
"ပိုဆိုး..."
"တစ်ဗူးပဲလေ..."
"လုံးဝပဲ...ငါတောင်မသောက်ဘူး..."
"ငါသောက်ချင်တယ်...."
"မသောက်ရဘူး..."
"ဟား....."
"ဆက်ထိုင်နေချင်သေးလား...ငါမေးလ်နည်းနည်းစစ်မလို့..."
"အင်း..."
လက်ပ်တော့ပ်သွားယူပြီးသူလုပ်စရာရှိတာလေးတွေလုပ်နေမိကာ...ပင်လယ့်ဆီကအသံတိတ်နေတာကိုသတိရမှ...
ပင်လယ်ကဆိုဖာပေါ်မှာမှီပြီးအိပ်ပျော်နေပါပြီ။
ခုနကတည်းကအိပ်ချင်နေတယ်ဆိုတာသိနေလို့...
မေးတာမအိပ်ချင်သေးဘူးပဲဖြေနေတော့အခန်းထဲမပို့ဘဲထားထားတာပါ။
အခုတော့ခေါင်းလေးစောင်းပြီးအိပ်နေပြီ။
လည်ပင်းကနာနေတာ့မှာပဲ...
"ပင်လယ်...နေပင်လယ်..."
ပါးလေးကိုထိပြီးနိုးတော့...အင်းခနဲထူးသေးသည်။
"အင်း..."
"လာ...ထ...အခန်းထဲပို့ပေးမယ်"
"အင်း..."
မျက်လုံးသိပ်မပွင့်ဘဲအသံပဲထွက်နေကာ...
ခါးကိုဖက်ပြီးပုခုံးမှဆွဲထူလိုက်ရသည်။
"ခြေထောက်နဲနဲကြွ..."
အသင့်ထားထားသည့်ဝှီးချဲပေါ်တင်ပြီးအခန်းထဲပို့ရသည်။
စောင်လေးကိုကိုယ်တစ်ဝက်အထိဆွဲတင်ပြီးလွှမ်းခြုံပေးတော့...မျက်လုံးလေးတွေမပွင့်ဘဲနဲ့ပြောသည်။
"စည်း...အပြင်မသွားနဲ့တော့...ဒီမှာပဲအိပ်လေ..."
"အင်...ငါအလုပ်လုပ်ရဦးမှာ..."
"ယူခဲ့...ငါ့အနားမှာနေ...အပြင်မှာမလုပ်နဲ့"
"အင်း...ဟုတ်ပြီခဏလေး..."
ယူစရာရှိတာတွေယူပြီးပြန်ဝင်ခဲ့တော့ ဟောက်လို့တောင်နေပြီ။
အိပ်ပျော်သွားတာမြန်ချက်။
"good night...ဘေဘီ"
-------
စည်း'ကညဘက်တွေမှာမအိပ်ချင်ဘဲကြွက်တွေ၊ ဇီးကွက်တွေလိုဖြစ်နေသည်။
ဘယ်လိုပဲအိပ်အိပ်အဆင်မပြေဘဲ...နေ့နဲ့ညမှားတာက နှစ်ပတ်ကျော်လာခဲ့ပြီ။
ဆေးအရှိန်ကြောင့်အိပ်မောကျနေတဲ့ ပင်လယ့်ကိုကြည့်ပြီးသူ့ဆေးတွေယူသောက်ပြီးအိပ်ရလျှင်ကောင်းမလားမသိ။
ငြိမ်သက်တိတ်ဆိတ်နေသောညယံကြောင့်အတွေးတွေကဟိုဒီဝဲနေကာ...သူတို့နှစ်ယောက်ရဲ့အကြောင်းလေးတွေကိုပဲစဉ်းစားနေဖြစ်သည်။
စတွေ့ကတည်းကသူ့အပေါ်တွယ်တာလွန်းသောပင်လယ့်ပုံရိပ်လေးတွေကိုပြန်မြင်၏။
သူ့နာမည်'နေပင်လယ်'ဟုစသိရသည့်အချိန်က ကိုယ့်နာမည်နဲ့ဆင်တူနေခြင်းကိုအလွန်အံ့သြသွားခဲ့ပေမယ့်...မသိသလိုနေခဲ့မိ၏။
အဲဒီတုန်းကစည်း'ဆိုသည်မှာခံစားချက်တို့ကိုမျက်နှာမှာမဖော်ပြတတ်ခဲ့ပါ။
ဘယ်လိုခံစားမှုမျိုးကိုမှမျက်နှာပေါ်ထုတ်မပြတတ်ခဲ့တော့...ရေခဲတုံးဆိုတဲ့နာမည်ပြောင်ကိုရရှိခဲ့တာလည်းမဆန်းတော့။
စတွေ့ခဲ့ကြကတည်းက တိုက်ဆိုင်မှုမဟုတ်လောက်တဲ့ကံတရားတွေနဲ့...
ဆန့်ကျင်ဘက်သူတို့နှစ်ယောက်ဟာ တစ်ယောက်ကနေ့၊ တစ်ယောက်ကည ဆိုတဲ့အနေအထားမျိုးနဲ့ဒီအခြေနေအထိရောက်ရှိလာခဲ့တာဖြစ်သည်။
ပုံမှန်မဟုတ်သည့်နှောင်တွယ်ခြင်းနဲ့...စည်းဝိုင်းတစ်ခုအလယ်ရောက်နေခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာ...
အချစ်ဆိုသည့် နှောင်ကြိုးလေးတစ်ခုနဲ့ထုံးဖွဲ့ကာ။
အတားဆီးတစုံတရာထပ်ရှိနေသေးတဲ့ လမ်းကြောင်းလေးပေါ်မှာ သူတို့ ဆက်လက်မြဲမြံနိုင်ပါ့မလားမသေချာပေမယ့်...
တတ်နိုင်သမျှတော့ ရှေ့ဆက်ကြည့်ပါဦးမည်။
မလှပတဲ့အဆုံးသတ်ဆိုရင်တောင်မှ ကြိုးစားဖို့အတွက်တော့အားတင်းထားပါ၏။