"ေတာ္ၿပီ...ဒီေန႔ဒီအထိပဲ...ထပ္နာသြားမွာစိုးလို႔..."
(စိစိညက္ညက္ေၾကေနခဲ့ၿပီးမွ...🥺🥺🥺)
ပင္လယ္က အူျမဴးေနတဲ့မ်က္ဝန္းေတြနဲ႔စည္းကို...ကိုယ့္ထက္အသက္ငယ္တဲ့ဂ်ဴနီယာေလးကိုဆုေပးဒဏ္ေပးလုပ္ေနသည္။
ဒဏ္ရာေတြရွိေနေတာ့...နာသြားမွာစိုးကာ...
ကိုယ္ကသာအရိပ္တၾကည့္ၾကည့္ျဖစ္ေနေပမယ့္..,.
သူကက်ေတာ့ဆရာႀကီးပံုစံေလးနဲ႔မို႔ အသည္းယားသည္။
"မွတ္ထားေနာ္...သင္ခန္းစာအသစ္ေလး....."
ေအးပါ.....ငါ့မနက္ျဖန္တိုင္းကိုမင္းသေဘာက်ေဆးျခယ္လိုက္ပါ။
----------------
အိပ္လို႔မရတဲ့ၾကားထဲေကာ္ဖီပါေသာက္မိေတာ့...
အိပ္ခ်င္တာေတာင္မွအိပ္မရခဲ့။
"မင္းျပန္မအိပ္ဘူးလား...စည္း..."
"အင္း...မအိပ္ေသးဘူး..."
ကြန္ပ်ဴတာသြားယူလာၿပီးကုတင္ေပၚမွာျပန္လာထိုင္ကာ...ေနပင္လယ္ကေတာ့သူ႔ေပါင္ေပၚမွာအိပ္ေနရင္း...စည္းရဲ႕မ်က္ႏွာကိုေမာ့ျကည့္ေန၏။
"စည္း...ခင္ဗ်ား...ရည္းစားမထားခဲ့ဖူးတာလား..."
"အင္း..."
"ဟီး......"
ဘာရယ္စရာပါလို႔လဲလို႔...မ်က္ခံုးကိုတြန္႔ၿပီးၾကည့္လိုက္မိသည္။
ဒီခ်ာတိတ္ေတာ့...လူကိုအထင္ေသးသည္။
"ဒါဆို...ခင္ဗ်ားကိုပထမဆံုးနမ္းဖူးတာကကြ်န္ေတာ္လား..."
ပင္လယ့္ေမးခြန္းေၾကာင့္ေျဖရခက္ၿပီး ရွက္သလိုျပံဳးမိသည္။
"ခင္ဗ်ား...အဲလိုျပံဳးတာေလးျမင္ရင္အလိုလိုဖ်ားခ်င္တာ..."
စကားလံုးေလးနဲ႔ေျပာရတာအားမရေတာ့...
လက္ပ္ေတာ့ပ္မွာစာ႐ိုက္ေနတဲ့ စည္းရဲ႕လက္တစ္ဖက္ကိုဆြဲယူၿပီးသူ႔ရင္ဘတ္ေပၚတင္ေပးသည္။
"သိလား...ကြ်န္ေတာ့ႏွလံုးသားဖ်ားေနၿပီ...ခင္ဗ်ားအနားမွာရွိတဲ့အခ်ိန္တိုင္းရင္ခုန္သံေတြမမွန္ေတာ့လို႔..."
တခါတေလခင္ဗ်ား'ျဖစ္လိုက္...
သူ႔ကိုယ္သူကြ်န္ေတာ္လို႔ေျပာလိုက္...
မင္းနဲ႔ငါလို႔ေျပာလိုေျပာလိုက္နဲ႔...
ေကာင္စုတ္ေလး...
သူ႔က်ေတာ့ ရင္ခုန္သံေတြမမွန္ဘူးတဲ့လား...
မင္း...ျပဳစားေနတာေတြက်ေတာ့စကားထဲထည့္ေျပာပါလား.....။
ေတြးရင္းနဲ႔ ျပံဳးမိေတာ့ သူ႔ပါးခ်ိဳင့္ရွည္ေလးကိုပင္လယ္က လက္ညိဳးေလးနဲ႔လွမ္းထိသည္။
"ဘာလဲ...လူေမးေနတာက်ေတာ့မေျဖဘဲနဲ႔...ျပံဳးတုံ့တံု႔နဲ႔...ဟြန္႔..."
"ဘာကိုေျဖရမွာလဲ..."
"ဘာေတြေတြးေနလို႔...စကားေျပာေနတာေတာင္စိတ္မဝင္စားရတာလဲ..."
"မဟုတ္ဘူးေလ...မင္းေျပာတာေတြကမ်ားေနေတာ့..."
"ၿငိဳျငင္တယ္ေပါ့..."
"ဟာ...ရစ္ျပန္ၿပီ..."
"ေတြ႕လား...စိတ္ကမရွည္ခ်င္ေတာ့ဘူးေပါ့..."
စည္းရင္ဘတ္ကိုလက္ညိဳးေလးနဲ႔ေထာက္ၿပီးစူပုတ္ျပေတာ့...ထူျပည့္ေနတဲ့နႈတ္ခမ္းေလးက ေရွ႕ကိုခြ်န္ထြက္လာသည္။
ဒီလိုေလးလုပ္လိုက္တိုင္း ပင္လယ္က ဘာေလးနဲ႔တူမွန္းမသိ။
"နႈတ္ခမ္းကေထာ္ထားတာသေဘာၤဦးေခါင္းလိုပဲ...ေခါင္မိုးႀကီးထိၿပီးေပါက္သြားဦးမယ္"
သူ႔ဆံပင္ေလးေတြဆြဲဖြၿပီးစည္းကအားပါးတရျပံဳးေတာ့ ယုန္သြားေလးနဲ႔ပါးခ်ိဳင့္ရွည္ေလးတစ္ဖက္ကထင္းေနေအာင္ေပၚလာသည္။
ဟား...ဒီလူႀကီးကေတာ့ ျပဳစားျပန္ၿပီ။
"စည္း...မင္း...အဲလိုမ်ိဳးခဏခဏမျပံဳးပါနဲ႔ဆို....အသည္းယားတယ္"
"ဘယ္မွာလဲယားတဲ့ေနရာကုတ္ေပးမလို႔..."
"ဟြန္႔...ခင္ဗ်ားေနာ္......"
"အဲဒီခင္ဗ်ား'ခင္ဗ်ား'လို႔ေျပာေျပာေနတာကိုလည္း...ငါကအသည္းယားတယ္"
"ကုတ္ေပးရမလား..."
ခ်က္ခ်င္းပဲပင္လယ္ကစကားျပန္ေထာက္ေတာ့...အသည္းယားသလိုေလးနဲ႔ စည္း'ကႏွာေခါင္းရံႈ႕ၿပီး ပင္လယ့္နဖူးေလးကိုငံု႔နမ္းသည္။
"ကိုကို'လို႔ေခၚပါလား...ဟင္
မင္း...ဟိုေန႔ကရြဲ႕ေခၚလိုက္တာေတာင္ေတာ္ေတာ္နားဝင္ခ်ိဳတာရင္ထဲထိခ်ိဳသြားတာပဲ...
အဲလိုေလးေခၚပါလား..."
"စဥ္းစားၾကည့္မယ္ေလ...အလကားေတာ့မရဘူး"
မ်က္လံုးေလးကိုေထာင့္ကပ္ပစ္ၿပီး ေျပာေနတဲ့ပံုေလးက တကယ့္ကိုရစ္စိန္ေလး။
"ဟား.....သက္သာေအာင္ေတာ့စဥ္းစားေပးပါ...ဆရာႀကီးရယ္"
"အြန္း.....အဲဒီအစားဘာေတာင္းရရင္ေကာင္းမလဲ..."
"ေလ်ာ့ေပါ့ၿပီးစဥ္းစားေပးပါေနာ္...."
"အင္း.........."
ပင္လယ္ကလက္ေခ်ာင္းေတြခ်ိဳးၿပီးေရတြက္သလိုေလးလုပ္သည္။
"သိပ္ေတာ့မမ်ားဘူး....."
"အင္း...ေျပာ"
"တစ္ေန႔မွာႏွစ္ဆယ့္ေလးနာရီရွိေတာ့...ႏွစ္ဆယ့္ေလးခါနမ္းပါ..."
"ဟား.....ကိုကို'ေခၚသံကေစ်းႀကီးလိုက္တာ..."
"ေလ်ာ့ေပးထားတယ္ေနာ္...စိတ္သိပ္အခန္႔မသင့္လာရင္ပိုေတာင္းလိုက္ရမလား..."
"မလုပ္ပါနဲ႔ဗ်ာ...သနားပါ...မင္းေလးသနားမွခ်မ္းသာရရမွာ..."
"ဒါမွမဟုတ္ရင္....ကိုကို'တစ္ခါေခၚရင္တစ္ခါနမ္းေၾကးလား..."
နႈတ္ခမ္းေလးေပၚလက္ညိဳးေလးတင္ၿပီးေျပာေနတာ...ဒီေကာင္ေလးသိပ္အသည္းယားဖို႔ေကာင္းသည္။
ေရာ္...ခက္ၿပီ။
"ဟား.....မရေတာ့ဘူး...မင္းအဲလိုခ်စ္ဖို႔ေကာင္းပံုမ်ိဳးနဲ႔ေတာ့ဒုကၡပဲ.....ထ...နံေဘးျပန္ေရြ႕အိပ္ေတာ့...မင္းအနားမွာဆက္ေနမိရင္...
ျပႆနာတက္ကုန္လိမ့္မယ္"
ေပါင္ေပၚမွဦးေခါင္းကိုသာသာယာယာေလးေရြ႕ၿပီးထမလို႔လုပ္လိုက္ေပမယ့္ ငတိက ဖယ္မေပး။
"ဘာလို႔လဲ....ေညာင္းလာလို႔လား...မသြားပါနဲ႔..."
"မရဘူး..."
ခ်စ္လြန္းလို႔ဆိုၿပီးသူ႔ကိုဝါးစားမိမလား...
သူကပဲကိုယ့္ကိုျပန္စားသြားမလား...မသိေတာ့။
"စည္း.....ဒီမွာပဲအိပ္ပါလား...ဟင္...."
"မရဘူး...မင္းအိပ္ယာေလးကေသးတယ္..."
😜😜😜
"အဲေလာက္မေသးပါဘူး...ႏွစ္ေယာက္အိပ္လို႔ေတာ့ရတယ္...
မင္းလဲအိပ္ေသးတာမဟုတ္ဘဲနဲ႔...ထိုင္ေနတာခဏေလးပဲရွိေသးတာကို..."
"ဟား....အရိပ္ျပလို႔အေကာင္ျမင္တဲ့အက်င့္ေလးေပ်ာက္သြားျပန္ၿပီ...မင္းအနားမွာဆိုတညလံုးအလုပ္လုပ္လို႔ရမွာမဟုတ္ေတာ့ဘူး...သိရဲ႕လား"
"ၿငိမ္ၿငိမ္ေလးေနမယ္ေလ..."
"မရဘူး...မင္းကိုမယံုႏိုင္ဘူး....မင္းအေမရွိေသးတယ္...ငါတို႔ကို ျမင္သြားရင္မေကာင္းဘူး..."
"ခင္ဗ်ား...ဒါပဲအေၾကာင္းျပေနတာပဲ...ကြ်န္ေတာ္ဖြင့္ေျပာလိုက္ရမလား.....
ခ်စ္ေနပါၿပီလို႔..."
တိုးတိုးေလးေျပာေနရင္းနဲ႔အသံကက်ယ္လာသည္။
"ရွဴး...တိုးတိုးေလ...အေရွ႕မွာမင္းအေမရွိတယ္ကြ..."
"မာမီကပဲအေၾကာင္းျပခ်က္ေကာင္းျဖစ္ေနတယ္ေပါ့...ကြ်န္ေတာ္တို႔လြတ္လပ္သြားေအာင္ဖြင့္ေျပာဦးမွာ..."
"မလုပ္ပါနဲ႔ကြာ..."
စည္းကခက္ခဲေနတဲ့မ်က္ဝန္းေလးနဲ႔ျဖစ္ေနၿပီ။
ရစ္တာေတြ...ညစ္တာေတြသိပ္ကြ်မ္းတဲ့ပင္လယ္က အခြင့္ေရးေကာင္းတိုင္း အႏိုင္က်င့္ခ်င္သည္။
စည္း'ဆီကေနရသမွ်ကိုေတာင္းမည္။
"မေျပာေစခ်င္ရင္...ကြ်န္ေတာ့ပါးကိုသက္ေစ့နမ္းပါ...ဘယ္ေရာညာေရာႏွစ္ဖက္လံုး..."
ဟား.....ဉာဏ္ကေျပးလိုက္တာ....ဉာဏ္နီဉာဏ္နက္ဉာဏ္ေရာင္စံုရွိေသာကြ်န္ေတာ့ကေလးေလးပါပဲ.....။
"မင္းေနာ္...ေတာင္းတဲ့ေစ်းမ်ားလိုက္တာ...ခ်စ္တီးေလးပဲ"
"ခင္ဗ်ားရဲ႕အခ်စ္ေတြရဖို႔ဆိုေပသီးပါေခါက္ဦးမွာ...တစ္ျပားတစ္က်ပ္မက်န္ေစရဘူး...ႏွေမ်ာလို႔..."
လွဲအိပ္ေနရာကေန ႐ုတ္တရက္ထ,ထိုင္ၿပီးေတာ့...သူ႔ရင္ခြင္ဆီမွီခ်ေတာ့...
စည္းကမလြန္ဆန္ႏိုင္ဘဲ...အနားေလးတိုးကာရင္ခြင္ထဲဆြဲဖက္လိုက္ရ၏။
"အိပ္ေတာ့...လိမၼာတယ္..."
"အင္း...ခင္ဗ်ားလည္းအိပ္ပါ...တညလံုးေပါက္ေအာင္မေနနဲ႔..."
"ဂြတ္ႏိုက္...ေဘဘီ..." စည္းရဲ႕စကားေလးအဆံုးမွာနဖူးေလးေႏြးသြား၏။
ကိုကို...ခင္ဗ်ားအနမ္းနဲ႔ေမွးစက္ရတဲ့ညေတြမ်ိဳးတစ္သက္လံုးပိုင္ဆိုင္ပါရေစ...
💕💕💕
Unicode
"တော်ပြီ...ဒီနေ့ဒီအထိပဲ...ထပ်နာသွားမှာစိုးလို့..."
(စိစိညက်ညက်ကြေနေခဲ့ပြီးမှ...🥺🥺🥺)
ပင်လယ်က အူမြူးနေတဲ့မျက်ဝန်းတွေနဲ့စည်းကို...ကိုယ့်ထက်အသက်ငယ်တဲ့ဂျူနီယာလေးကိုဆုပေးဒဏ်ပေးလုပ်နေသည်။
ဒဏ်ရာတွေရှိနေတော့...နာသွားမှာစိုးကာ...
ကိုယ်ကသာအရိပ်တကြည့်ကြည့်ဖြစ်နေပေမယ့်..,.
သူကကျတော့ဆရာကြီးပုံစံလေးနဲ့မို့ အသည်းယားသည်။
"မှတ်ထားနော်...သင်ခန်းစာအသစ်လေး....."
အေးပါ.....ငါ့မနက်ဖြန်တိုင်းကိုမင်းသဘောကျဆေးခြယ်လိုက်ပါ။
----------------
အိပ်လို့မရတဲ့ကြားထဲကော်ဖီပါသောက်မိတော့...
အိပ်ချင်တာတောင်မှအိပ်မရခဲ့။
"မင်းပြန်မအိပ်ဘူးလား...စည်း..."
"အင်း...မအိပ်သေးဘူး..."
ကွန်ပျူတာသွားယူလာပြီးကုတင်ပေါ်မှာပြန်လာထိုင်ကာ...နေပင်လယ်ကတော့သူ့ပေါင်ပေါ်မှာအိပ်နေရင်း...စည်းရဲ့မျက်နှာကိုမော့ကြည့်နေ၏။
"စည်း...ခင်ဗျား...ရည်းစားမထားခဲ့ဖူးတာလား..."
"အင်း..."
"ဟီး......"
ဘာရယ်စရာပါလို့လဲလို့...မျက်ခုံးကိုတွန့်ပြီးကြည့်လိုက်မိသည်။
ဒီချာတိတ်တော့...လူကိုအထင်သေးသည်။
"ဒါဆို...ခင်ဗျားကိုပထမဆုံးနမ်းဖူးတာကကျွန်တော်လား..."
ပင်လယ့်မေးခွန်းကြောင့်ဖြေရခက်ပြီး ရှက်သလိုပြုံးမိသည်။
"ခင်ဗျား...အဲလိုပြုံးတာလေးမြင်ရင်အလိုလိုဖျားချင်တာ..."
စကားလုံးလေးနဲ့ပြောရတာအားမရတော့...
လက်ပ်တော့ပ်မှာစာရိုက်နေတဲ့ စည်းရဲ့လက်တစ်ဖက်ကိုဆွဲယူပြီးသူ့ရင်ဘတ်ပေါ်တင်ပေးသည်။
"သိလား...ကျွန်တော့နှလုံးသားဖျားနေပြီ...ခင်ဗျားအနားမှာရှိတဲ့အချိန်တိုင်းရင်ခုန်သံတွေမမှန်တော့လို့..."
တခါတလေခင်ဗျား'ဖြစ်လိုက်...
သူ့ကိုယ်သူကျွန်တော်လို့ပြောလိုက်...
မင်းနဲ့ငါလို့ပြောလိုပြောလိုက်နဲ့...
ကောင်စုတ်လေး...
သူ့ကျတော့ ရင်ခုန်သံတွေမမှန်ဘူးတဲ့လား...
မင်း...ပြုစားနေတာတွေကျတော့စကားထဲထည့်ပြောပါလား.....။
တွေးရင်းနဲ့ ပြုံးမိတော့ သူ့ပါးချိုင့်ရှည်လေးကိုပင်လယ်က လက်ညိုးလေးနဲ့လှမ်းထိသည်။
"ဘာလဲ...လူမေးနေတာကျတော့မဖြေဘဲနဲ့...ပြုံးတုံ့တုံ့နဲ့...ဟွန့်..."
"ဘာကိုဖြေရမှာလဲ..."
"ဘာတွေတွေးနေလို့...စကားပြောနေတာတောင်စိတ်မဝင်စားရတာလဲ..."
"မဟုတ်ဘူးလေ...မင်းပြောတာတွေကများနေတော့..."
"ငြိုငြင်တယ်ပေါ့..."
"ဟာ...ရစ်ပြန်ပြီ..."
"တွေ့လား...စိတ်ကမရှည်ချင်တော့ဘူးပေါ့..."
စည်းရင်ဘတ်ကိုလက်ညိုးလေးနဲ့ထောက်ပြီးစူပုတ်ပြတော့...ထူပြည့်နေတဲ့နှုတ်ခမ်းလေးက ရှေ့ကိုချွန်ထွက်လာသည်။
ဒီလိုလေးလုပ်လိုက်တိုင်း ပင်လယ်က ဘာလေးနဲ့တူမှန်းမသိ။
"နှုတ်ခမ်းကထော်ထားတာသဘောင်္ဦးခေါင်းလိုပဲ...ခေါင်မိုးကြီးထိပြီးပေါက်သွားဦးမယ်"
သူ့ဆံပင်လေးတွေဆွဲဖွပြီးစည်းကအားပါးတရပြုံးတော့ ယုန်သွားလေးနဲ့ပါးချိုင့်ရှည်လေးတစ်ဖက်ကထင်းနေအောင်ပေါ်လာသည်။
ဟား...ဒီလူကြီးကတော့ ပြုစားပြန်ပြီ။
"စည်း...မင်း...အဲလိုမျိုးခဏခဏမပြုံးပါနဲ့ဆို....အသည်းယားတယ်"
"ဘယ်မှာလဲယားတဲ့နေရာကုတ်ပေးမလို့..."
"ဟွန့်...ခင်ဗျားနော်......"
"အဲဒီခင်ဗျား'ခင်ဗျား'လို့ပြောပြောနေတာကိုလည်း...ငါကအသည်းယားတယ်"
"ကုတ်ပေးရမလား..."
ချက်ချင်းပဲပင်လယ်ကစကားပြန်ထောက်တော့...အသည်းယားသလိုလေးနဲ့ စည်း'ကနှာခေါင်းရှုံ့ပြီး ပင်လယ့်နဖူးလေးကိုငုံ့နမ်းသည်။
"ကိုကို'လို့ခေါ်ပါလား...ဟင်
မင်း...ဟိုနေ့ကရွဲ့ခေါ်လိုက်တာတောင်တော်တော်နားဝင်ချိုတာရင်ထဲထိချိုသွားတာပဲ...
အဲလိုလေးခေါ်ပါလား..."
"စဉ်းစားကြည့်မယ်လေ...အလကားတော့မရဘူး"
မျက်လုံးလေးကိုထောင့်ကပ်ပစ်ပြီး ပြောနေတဲ့ပုံလေးက တကယ့်ကိုရစ်စိန်လေး။
"ဟား.....သက်သာအောင်တော့စဉ်းစားပေးပါ...ဆရာကြီးရယ်"
"အွန်း.....အဲဒီအစားဘာတောင်းရရင်ကောင်းမလဲ..."
"လျော့ပေါ့ပြီးစဉ်းစားပေးပါနော်...."
"အင်း.........."
ပင်လယ်ကလက်ချောင်းတွေချိုးပြီးရေတွက်သလိုလေးလုပ်သည်။
"သိပ်တော့မများဘူး....."
"အင်း...ပြော"
"တစ်နေ့မှာနှစ်ဆယ့်လေးနာရီရှိတော့...နှစ်ဆယ့်လေးခါနမ်းပါ..."
"ဟား.....ကိုကို'ခေါ်သံကစျေးကြီးလိုက်တာ..."
"လျော့ပေးထားတယ်နော်...စိတ်သိပ်အခန့်မသင့်လာရင်ပိုတောင်းလိုက်ရမလား..."
"မလုပ်ပါနဲ့ဗျာ...သနားပါ...မင်းလေးသနားမှချမ်းသာရရမှာ..."
"ဒါမှမဟုတ်ရင်....ကိုကို'တစ်ခါခေါ်ရင်တစ်ခါနမ်းကြေးလား..."
နှုတ်ခမ်းလေးပေါ်လက်ညိုးလေးတင်ပြီးပြောနေတာ...ဒီကောင်လေးသိပ်အသည်းယားဖို့ကောင်းသည်။
ရော်...ခက်ပြီ။
"ဟား.....မရတော့ဘူး...မင်းအဲလိုချစ်ဖို့ကောင်းပုံမျိုးနဲ့တော့ဒုက္ခပဲ.....ထ...နံဘေးပြန်ရွေ့အိပ်တော့...မင်းအနားမှာဆက်နေမိရင်...
ပြဿနာတက်ကုန်လိမ့်မယ်"
ပေါင်ပေါ်မှဦးခေါင်းကိုသာသာယာယာလေးရွေ့ပြီးထမလို့လုပ်လိုက်ပေမယ့် ငတိက ဖယ်မပေး။
"ဘာလို့လဲ....ညောင်းလာလို့လား...မသွားပါနဲ့..."
"မရဘူး..."
ချစ်လွန်းလို့ဆိုပြီးသူ့ကိုဝါးစားမိမလား...
သူကပဲကိုယ့်ကိုပြန်စားသွားမလား...မသိတော့။
"စည်း.....ဒီမှာပဲအိပ်ပါလား...ဟင်...."
"မရဘူး...မင်းအိပ်ယာလေးကသေးတယ်..."
😜😜😜
"အဲလောက်မသေးပါဘူး...နှစ်ယောက်အိပ်လို့တော့ရတယ်...
မင်းလဲအိပ်သေးတာမဟုတ်ဘဲနဲ့...ထိုင်နေတာခဏလေးပဲရှိသေးတာကို..."
"ဟား....အရိပ်ပြလို့အကောင်မြင်တဲ့အကျင့်လေးပျောက်သွားပြန်ပြီ...မင်းအနားမှာဆိုတညလုံးအလုပ်လုပ်လို့ရမှာမဟုတ်တော့ဘူး...သိရဲ့လား"
"ငြိမ်ငြိမ်လေးနေမယ်လေ..."
"မရဘူး...မင်းကိုမယုံနိုင်ဘူး....မင်းအမေရှိသေးတယ်...ငါတို့ကို မြင်သွားရင်မကောင်းဘူး..."
"ခင်ဗျား...ဒါပဲအကြောင်းပြနေတာပဲ...ကျွန်တော်ဖွင့်ပြောလိုက်ရမလား.....
ချစ်နေပါပြီလို့..."
တိုးတိုးလေးပြောနေရင်းနဲ့အသံကကျယ်လာသည်။
"ရှူး...တိုးတိုးလေ...အရှေ့မှာမင်းအမေရှိတယ်ကွ..."
"မာမီကပဲအကြောင်းပြချက်ကောင်းဖြစ်နေတယ်ပေါ့...ကျွန်တော်တို့လွတ်လပ်သွားအောင်ဖွင့်ပြောဦးမှာ..."
"မလုပ်ပါနဲ့ကွာ..."
စည်းကခက်ခဲနေတဲ့မျက်ဝန်းလေးနဲ့ဖြစ်နေပြီ။
ရစ်တာတွေ...ညစ်တာတွေသိပ်ကျွမ်းတဲ့ပင်လယ်က အခွင့်ရေးကောင်းတိုင်း အနိုင်ကျင့်ချင်သည်။
စည်း'ဆီကနေရသမျှကိုတောင်းမည်။
"မပြောစေချင်ရင်...ကျွန်တော့ပါးကိုသက်စေ့နမ်းပါ...ဘယ်ရောညာရောနှစ်ဖက်လုံး..."
ဟား.....ဉာဏ်ကပြေးလိုက်တာ....ဉာဏ်နီဉာဏ်နက်ဉာဏ်ရောင်စုံရှိသောကျွန်တော့ကလေးလေးပါပဲ.....။
"မင်းနော်...တောင်းတဲ့စျေးများလိုက်တာ...ချစ်တီးလေးပဲ"
"ခင်ဗျားရဲ့အချစ်တွေရဖို့ဆိုပေသီးပါခေါက်ဦးမှာ...တစ်ပြားတစ်ကျပ်မကျန်စေရဘူး...နှမျောလို့..."
လှဲအိပ်နေရာကနေ ရုတ်တရက်ထ,ထိုင်ပြီးတော့...သူ့ရင်ခွင်ဆီမှီချတော့...
စည်းကမလွန်ဆန်နိုင်ဘဲ...အနားလေးတိုးကာရင်ခွင်ထဲဆွဲဖက်လိုက်ရ၏။
"အိပ်တော့...လိမ္မာတယ်..."
"အင်း...ခင်ဗျားလည်းအိပ်ပါ...တညလုံးပေါက်အောင်မနေနဲ့..."
"ဂွတ်နိုက်...ဘေဘီ..." စည်းရဲ့စကားလေးအဆုံးမှာနဖူးလေးနွေးသွား၏။
ကိုကို...ခင်ဗျားအနမ်းနဲ့မှေးစက်ရတဲ့ညတွေမျိုးတစ်သက်လုံးပိုင်ဆိုင်ပါရစေ...
💕💕💕