Dark Angel

By akyinnamon

416K 48.6K 2.7K

(Unicode & Zawgyi) Black Angel ရဲ့ Season 2 ဇာတ်လမ်းအဆက်ဖြစ်ပါတယ်။ ဒါ့ကြောင့် Black Angel ကို အရင်ဖတ်ပြီးမှ ဒ... More

အမွာစာ
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13 (U & Z)
Part 14 (U&Z)
Part 15 (U&Z)
Part 16 (U&Z)
Part 17 (U&Z)
Part 18 (U&Z)
Part 19 (U&Z)
Part 20 (U&Z)
Part 21 (U&Z)
Part 22 (U&Z)
Part 23 (U&Z)
Part 24 (U&Z)
Part 25 (U&Z)
Part 26 (U&Z)
Part 27 (U&Z)
Part 28 (U&Z)
Part 29 (U&Z)
Part 30 (U&Z)
Part 31 (U&Z)
Part 32 (U&Z)
Part 33 (U&Z)
Part 34 (U&Z)
ဇာတ်သိမ်းပိုင်း
Thankyou
Teaser
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 2 (Zawgyi)
Extra 3 (Zawgyi)
A/N

Extra 1 (Zawgyi)

5.8K 471 22
By akyinnamon

မိုးသောက်ရောင်ခြည်သည် တောင်စွန်းပေါ်မှ ဖြာကျလာပြီဖြစ်သည်။ ပန်းရောင်သွေးရဲနေသော မိုးကောင်းကင် အနားစပ်သည် ရှက်သွေးကြွယ်သော အပျိုစင်လေး၏ ပါးပြင်လို။ လေညင်းကြားမှ ယိမ်းနွဲ့နေသော ပန်းပွင့်ငယ်များသည် ဖူးပွင့်‌ဝေရန် အားယူနေချိန်။

သာယာအေးချမ်းသော ပတ်ဝန်းကျင်နှင့် မလိုက်ဖက်စွာ ရုတ်တရက် တောင်ပံခတ်သံများကြားလိုက်ရသည်။ တောကြက်မလေး၏ ကတော် ကတော် အော်သံများ ဆူညံနေသည်။

ဝုန်းခနဲ၊ ဒိုင်းခနဲ..

ပြိုလဲသံ။ တိုက်မိသံ။ ပြုတ်ကျသံ။

ဒန်နရယ် မျက်လုံးဖွင့်လိုက်သည်။ အိမ်ငယ်လေးထဲသို့ မနက်ခင်းအလင်းရောင် ၀င်မလာသေး။ တံခါးတွင်ကာရံထားသော သားရေပြားချပ်အောက်မှ တိုးဝင်နေသော အလင်းတန်းတစ်ချို့သာရှိသည်။ ခြံဝင်းထဲမှ ကြက်မလေး၏ ကြောက်လန့်တကြား အော်သံသည် ပိုပြီးကျယ်လောင်လာသည်။ သို့ပေမယ့် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဘာသံမှမကြားရတော့။

အိပ်ရာမှ လူးလဲထကာ အိမ်အပြင်ဖက်သို့ အပြေးထွက်လာခဲ့သည်။

"အားလက်စ်.. ဘာဖြစ်.."

မေးခွန်းသည် တစ်ဝက်တစ်ပျက်။ မျက်စိရှေ့မှာမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဒန်နရယ် ဆွံ့အသွားသည်။ မြေမှုန့်များ၊ ဖုန်မှုန့်များ အလူးလူးနှင့် အားလက်စ်။ လက်ထဲတွင် ဟိုတစ်နေ့က သူတို့ဖမ်းမိထားသည့် ကြက်မသည် လည်လိမ်ကျိုးကာ တွဲလောင်းကြီးသေနေသည်။

"ဟာ.. မင်း .. ဘာလို့ သတ်ပစ်လိုက်တာလဲ။"

ခြေတစ်လှမ်းတိုးပြီးမှ ဆက်မသွားတော့။ မိမိရှေ့မှာ ရှိနေသူ၏ မာထန်နေသည့် မျက်နှာ။ ရက်စက်တတ်သည့် မျက်လုံး။ မည်သူ့ကိုမှ အရေးမစိုက်သည့် အကြည့်။ ဒန်နရယ့်ရှေ့မှာ ရှိနေသူသည် အားလက်စ် ဖြစ်သော်လည်း အားလက်စ်မဟုတ်။

"ဒါ ကျွန်တော်တို့ မွေးထားတာ။ ဘာလို့သတ်လိုက်ရတာလဲ။"

"ငါ စားမလို့။"

တစ်ခွန်းတည်းဖြေကာ ပခုံးချင်းယှဉ်တိုက်ပြီး ထွက်ခွာသွားသည်။ အလဲလဲအပြိုပြိုဖြစ်နေသော ကြက်ခြံငယ်ကိုကြည့်ရင်း စိတ်ဓါတ်ကျချင်သွားသည်။ နှစ်ရက်၊ သုံးရက်လောက် ပင်ပင်ပန်းပန်း ခုတ်ထစ်ပြင်ဆင်ထားခဲ့ပြီး ခြံခတ်ထားသည့် သစ်ခက် သစ်ကိုင်းများသည် သုံးလို့မရအောင် ပြိုပျက်နေပြီ။

အားလက်စ်သိရင် ငါ့ကိုပဲ ဆူဦးမှာ။

တွေးမိတော့ ပိုစိတ်ညစ်ရသည်။ ဒီတောကြက်မကို ဖမ်းမိဖို့အတွက် သူနှင့်အားလက်စ် တစ်နေကုန် ကြိုးပမ်းခဲ့ရသည်။ ငယ်စဉ်ကတည်းက ကြက်ဥစိမ်းဆိုလျှင် ဒီအတိုင်းဖောက်သောက်ကာ နှစ်သက်တတ်လွန်းသည့် အားလက်စ်။ ယခုတော့ တောကြက်မလေးသည် ကြက်ဥ ဥဖို့မပြောနှင့်။ အပျိုပေါက်ပင် မဖြစ်လိုက်ရ။

အားလက်စ်သည် ပြောင်းလဲတတ်သည်ကို နေသားကျနေပြီဖြစ်သော်လည်း စေတန်အဖြစ် ပြောင်းလဲသွားလျှင်တော့ ယခုလို အဖုအထစ်တွေ မနည်းပါ။ သူ မဖြစ်စေချင်ဆုံးတစ်ယောက်ဆိုလျှင်လည်း မမှား။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးမှာ ရွေးချယ်မှုမရှိ။ ဒန်နရယ် အိမ်ရှေ့ပြန်လာစဉ် ကြက်သေကို ခြေထောက်မှဆွဲကာ နှာခေါင်းနားကပ်ပြီး အနံ့ခံနေသူ။

"အား.. ထွီ.."

ကြက်သေနံ့သည် လူတစ်ယောက်အနေဖြစ် နှစ်သက်ဖို့မကောင်းတာကို လက်ခံသွားသည်လားမသိ။ တထွီထွီနှင့် ထွေးကာ မျက်နှာတွေရှုံ့မဲ့နေသည်။

"ကျွန်တော် ချက်ပေးမယ်။"

မကျေမနပ်စိုက်ကြည့်နေသည့် မျက်လုံးစူးစူးကို မသိချင်ယောင်ဆောင်ကာ ကြက်သေကို လှမ်းယူလိုက်သည်။ သနားစရာ ကြက်မလေးသည် အသေမလှခဲ့။ လည်ပင်းကို ရက်ရက်စက်စက် ချိုးလိမ်သတ်ထားသဖြစ် မရှုမလှသေဆုံးနေသည်။ သူ့ဘာသာတောထဲမှာ နေနေတာအကောင်းဟု မတွေးဘဲမနေနိုင်။

အိမ်ထဲပြန်ဝင်ကာ မြေအိုးလွတ်တစ်လုံးယူလာခဲ့သည်။ ကြက်ခြံနှင့်မလှမ်းမကမ်းတွင် မြေကျင်းတူးကာ ကျောက်ခဲသုံးခုဖိုထားသော မီးဖိုတစ်ခုရှိသည်။ ထင်းမီးမွှေးရန်မှာ အချိန်မကြာပါ။ ရေအပြည့်နီးပါးထည့်ကာ မြေအိုးကို ထင်းမီးပုံပေါ် တင်လိုက်သည်။ မနက်ခင်းလေအေးက တိုး‌ဝှေ့ချိန် ကြက်သီးထသည်အထိ စိမ့်ခနဲ။ လည်ချောင်းက နာလာသည်။ ချောင်းမဆိုးအောင် ကြိုးစားပေမယ့် မအောင်မြင်။

ခြေသံများနှင့် အနားမှ‌ဝေးသွားသည်။ ထိုမှတစ်ဖန် ပြန်လည်နီးကပ်လာသည်။ အနားသို့ ဘုတ်ခနဲ ပြုတ်ကျလာသည့် သိုးမွှေးစောင်။ သူချမ်းနေမှာကို စိုးရိမ်သည်တဲ့လား။ အံ့သြမှုတစ်ဝက်နှင့် မော့ကြည့်တော့ မိမိကို ကြည့်မနေ။ ခပ်‌ဝေး‌ဝေးမှာ သွားထိုင်သည်။ သိုးမွှေးစောင်ကို လွှမ်းခြုံရင်း လက်ဖ၀ါးကိုဖြန့်ကာ မီးတောက်များကပ်ရင်း အနွေးဓါတ်ကို ရယူဖြစ်သည်။

မြေအိုးထဲမှ ရေပူဖောင်းငယ်များကို ငေးကြည့်နေသည့် ဒန်နရယ် စကားသံတိတ်နေသည်။ မိမိရှေ့မှာရှိနေသူသည် တစ်ချိန်က မိမိရဲ့ရန်သူတစ်ယောက်ဖြစ်ခဲ့သူ။ ယခုအချိန်အထိ မည်သို့စကားပြောရမည်။ မည်သို့ဆက်ဆံရမည်ကို နားမလည်နိုင်။

"မင်း ငါ့ကိုသတ်ချင်နေတာ မဟုတ်လား။ ဟိုနှစ်ယောက်ကြောင့်သာ မသတ်တာ။"

"အရင်ဘ၀က အကြောင်းတွေ ကျွန်တော်မေ့လိုက်ပြီ။"

မိမိစကားပေမယ့် အပြည့်အ၀ မယုံနိုင်။ အရင်ဘ၀။ သူ့မှာ အရင်ဘ၀ဟူသည် နှစ်ခု ရှိခဲ့သည်။ လူသားအဖြစ်ဘ၀တစ်ခု။ နတ်ဘုရားအဖြစ် ဘ၀တစ်ခု။ တကယ်တော့ သူ မမေ့သေး။ မိမိအပေါ် သစ္စာရှိကာ ယုံကြည်တတ်သည့် ရေနတ်ဘုရားကို ပြန်လည်မြင်ယောင်လာသည်။

တန်ခိုးအစွမ်းမနည်းသူဖြစ်သည့် ရေနတ်ဘုရားသည် ဒန်နရယ်တို့၏ နောက်ဆုံးအချိန်တွင် အနားသို့ရောက်လာခဲ့သည်မှာ နှုတ်ဆက်ရန်အတွက်မဟုတ်ခဲ့။ မိမိရှင်သန်မည့်အစွမ်းကို ပျောက်ဆုံးတော့မည့် သူ့အတွက် ပြန်လည်အပ်နှင်းခဲ့သည်။ ထိုက်တန်ရဲ့လား။ ဖြစ်သင့်ရဲ့လား။ တရားမျှတရဲ့လား။ ဒန်နရယ် ခေါင်းငုံ့သွားမိသည်။ နေ့စဉ်ရက်ဆက် အသစ်တစ်ဖန် ပြန်လည်ရှင်သန်ရသည့်အချိန် အတိတ်ကိုမေ့ထားဖို့ဆိုတာ မလွယ်ပါ။

"မင်းတို့သုံးယောက်လုံး ငါ့ကို သတ်ချင်နေတာ.."

မာထန်ထန် ဟောက်သံ။ သက်ပြင်းချဖြစ်သည်။ သုံးယောက်လုံးဆိုတာ ဘယ်သူ့ကိုဆိုလိုချင်တာလဲ။ သူရယ် အားလက်စ်ရယ် ဖရက်ဒီ ရယ်လား။

"ကျွန်တော် နားမလည်ဘူး။ ခင်ဗျား ဘာလို့ လူတိုင်းအပေါ် မကောင်းထင်ရတာလဲ။ ဘာလို့ ရန်လိုနေတာလဲ။ ခင်ဗျားအပေါ် ချစ်ခဲ့သူတွေ၊ သစ္စာရှိခဲ့သူတွေ မရှိခဲ့တာ မဟုတ်ဘူးလေဗျာ။ နတ်ဘုရားမဆိုရင် ခင်ဗျားအပေါ်တကယ်ချစ်ခဲ့တာ။ ဖရက်ဆိုလည်း ခင်ဗျားကို ရိုသေခဲ့တာပဲမဟုတ်ဘူးလား။ ခင်ဗျားစကားကို သူ အမြဲနားထောင်ခဲ့တာ။ နောက်ဆုံး ခင်ဗျားနောက်လိုက် ဂေါဒတောင် သူ့အသက်နဲ့လဲပြီး သစ္စာရှိခဲ့တာ။"

ဘာစကားသံမှ မကြားရတော့။ ငြိမ်သက်နေသည်။ မဲ့ပြုံးသည် မည်သည့်အရာကိုမှ ဂရုမစိုက်ကြောင်း ပြောနေသလိုပင်။ အတန်ကြာမှ မျက်နှာကိုမော့ကာ ဒန်နရယ်ကို စိုက်ကြည့်သည်။

"မင်းကရော..."

"ဗျာ.."

"မင်း ငါ့ကို ဘာထင်လဲ။"

"ကျွန်တော့်စိတ်ထဲမှာ ခင်ဗျားက သနားဖို့ကောင်းတယ်။"

"ငါက သနားဖို့မကောင်းဘူး။"

စူးခနဲအကြည့်သည် ကျောရိုးထဲထိစိမ့်အောင် အစွမ်းရှိသည်။

"ကျွန်တော် မကောင်းတဲ့အမြင်နဲ့ပြောတာ မဟုတ်ဘူး။ ခင်ဗျား တစ်သက်လုံး အထီးကျန်ခဲ့မှာကို တွေးမိလို့ သနားတယ်လို့ ပြောတာ။ သူများရဲ့အချစ်ကိုလည်းမမြင်၊ ကိုယ်လည်းမချစ်တတ်တဲ့ ခင်ဗျားအတွက် ဘ၀ကြီးက အဓိပ္ပါယ် မမဲ့ခဲ့ဘူးလား။"

စကားသံသည် တိတ်ဆိတ်သွားသည်။ အကြည့်လွှဲကာ အ‌ဝေးတစ်နေရာကို ငေးကြည့်နေသူ၏ မျက်လုံးထဲမှာ ခပ်ရိပ်ရိပ်တွေ့ရသည့် နောင်တတစ်ချို့။ ထင်းမီးတောက်များကို တုတ်နှင့်ထိုးကာ နေရာရွှေ့လိုက်သည်။ မီးကျီခဲရဲရဲသာကျန်တော့သည့်အထိ ပြုလုပ်ပြီးချိန်မှာတော့ ရေနွေးစိမ်ကာ အမွှေးနှုတ်ပြီး ကလီစာများထုတ်ထားပြီးဖြစ်သော ကြက်မငယ်ကို တံစို့ထိုးကာ မီးကင်လိုက်သည်။ ကြက်ဆီများသည် မီးခဲများပေါ် တတောက်တောက် ကျလာသည်။ ရှဲခနဲအသံနှင့်အတူ သင်းပျံ့သော အသားကင်နံ့ထွက်ပေါ်လာသည်။

စကားသံသည် တိတ်ဆိတ်သွားသဖြစ် ခပ်‌လှမ်းလှမ်း စမ်းချောင်းငယ်မှ ရေစီးသံကို တစ်ဖန်ပြန်လည်ကြားရသည်။ ပခုံးပေါ်လျောကျနေသည့် သိုးမွှေးစောင်ကို လုံသွားအောင် ဆွဲခြုံလိုက်ရင်း စကားသံတိတ်နေသူကို မျက်လုံးလှန်ကြည့်မိသည်။ ငေးနေသည်မှာ ဘာကိုမှမြင်ဟန်မတူ။

"မင်းပြောတာမှန်တယ်။ ငါ့ဘ၀ကြီးက ဘာမှအဓိပ္ပါယ်မရှိခဲ့ဘူး။ နှစ်ခါ သေခဲ့ရတာတောင် ဘာ့ကြောင့်ဆိုတာ မသဲကွဲခဲ့တဲ့ ဘ၀ကြီး။ ဟား.."

စကားသံမှာ နာကျင်မှုတစ်ချို့ ကပ်ပါနေသည်။ အတိတ်ဖြစ်ရပ်များကို ပြန်မစဉ်းစားမိအောင် ကြိုးစားပေမယ့် မအောင်မြင်။ ကြမ်းကြုတ်ရက်စက်မှုများနှင့်ပြည့်နေသည့် လူငယ်တစ်ယောက်၏ ပုံရိပ်ကို သဲ့သဲ့မြင်သည်။ ထိုအချိန်က စေတန်သည် နတ်ဆိုးများ မြေအောက်ငရဲမှ လွတ်မြောက်ကာ တစ်လောကလုံးကို ဖျက်ဆီးရန် ကြိုးစားခဲ့သည်။ သူကိုယ်တိုင် အားလုံးရဲ့ အရှင်သခင်ဖြစ်ဖို့ ရည်ရွယ်ခဲ့သည်။

ဒီအချက်တွေအားလုံးကို ဒန်နရယ် တားဆီးခဲ့သည်။ သူ ကိုယ်တိုင် စေတန်ကို သတ်ဖြတ်ခဲ့သည်။ သို့ပေမယ့် အားလက်စ်နှင့်သူ၏ နောက်ဆုံးအချိန်ကို ကောင်းကောင်းမှတ်မိသည်။ သူ မလုပ်ရက်ခဲ့။ စေတန်ဘ၀က အသေသတ်ရန် မျက်တောင်မခတ်ခဲ့ပေမယ့် အားလက်စ်ကိုတော့ သူ မသတ်ရက်။ ထိုအချိန် ထိုအခါက စေတန်သာ မကူညီခဲ့ပါလျှင် သူ၏ကြိုးပမ်းမှုများသည် အရာထင်ခဲ့မည်မဟုတ်။

"ဒါတွေအားလုံး မင်း တရားခံ ဒန်နရယ်။"

ဝုန်းခနဲ လက်သီးချက်သည် မြေပြင်ကို အရှိန်ပြင်းပြင်းကျသည်။ လှမ်းကြည့်သည့်မျက်လုံးများသည် နီနေသည်။ ၀မ်းနည်းမှုကြောင့်လား။ ဒေါသကြောင့်လား။ အနားသို့ရောက်လာသူကို မတားလိုက်နိုင်။ ရင်ဘတ်အင်္ကျီစကို ဆတ်ခနဲ ဆွဲမခံလိုက်ရသည်။ ဆွဲယမ်းခံလိုက်ရသည့် အရုပ်တစ်ရုပ်လို။ သန်မာလွန်းသည့် ခွန်အားကို သတိမထားမိဘဲမနေနိုင်။ မြောက်တက်လာသည့် လက်သီးသည် မိမိမျက်နှာပေါ်သို့မရောက်လိုက်။ ၀ုန်းခနဲ ပြန်လွှတ်ပေးချိန် ယိုင်လဲမသွားအောင် ကြိုးစားလိုက်ရသည်။

"တစ်နေ့နေ့ မင်းကို ငါသတ်မယ်။"

ကျောခိုင်းသွားသည့် ကျောပြင်ကိုကြည့်ရင်း လေပူတစ်ချို့မှုတ်ထုတ်ဖြစ်သည်။ ချောင်းကပြန်ဆိုးလာသည်။ ပါးစပ်နေရာကို လက်ဖြစ်ကာရင်း ခေါင်းကိုငုံ့ထားဖြစ်သည်။ နောက်ဆုံးအချိန်တွင် ခွန်အားနည်းခဲ့သော ဒန်နရယ်သည် ယခုအခါ ကျန်းမာရေးမကောင်းနိုင်ခဲ့။ ဖြူဖျော့နေသော အသားအရေသည် သွေးမရှိဘူးလား ထင်ရသည်။ အနည်းငယ်အေးလာသည်နှင့် နေမကောင်းဖြစ်တတ်သည်။

မီးခဲပေါ်မှ ကြက်ကင်ကို နေရာရွှေ့ပေးပြီး ပြိုလဲနေသော ကြက်ခြံနေရာကို လျှောက်လာခဲ့သည်။ သူ ပြန်ပြင်မှဖြစ်မည်။ အားလက်စ် ပြန်မလာခင် နောက်ထပ်တောကြက်မတစ်ကောင်လောက် ပြန်ဖမ်းဖြစ်အောင် ကြိုးစားရမည်။ ဒီတစ်ခါရော အသက်ရှင်ပါ့မလား။

"ဘာလုပ်မလို့လဲ"

ဟောက်သံကြောင့် လန့်သွားသည်။ သူ့နောက်မှာ ဘယ်အချိန်က ရောက်နေမှန်းမသိသည့်.. ထိုသူ။

"ပြန်ပြင်မလို့လေဗျာ။"

"ဖယ်စမ်းပါ။ လူပုံက ပျော့တိပျော့ဖတ်။ လဲသေမလိုရုပ်နဲ့။"

ပခုံးကို တွန်းထုတ်လိုက်ချိန် ချက်ချင်းလိုလို မယုံနိုင်သေး။ ပြိုပျက်နေသော ကြက်ခြံကို ပြန်ပြင်နေသည်။ လိုအပ်သော သစ်၊ နွယ်များကို ရှာလိုက်၊ ခုတ်လိုက်၊ ပြန်ပြင်လိုက်နှင့် အဆက်မပြတ် လုပ်နေပြီးမှ ဓါးတစ်လက်ကိုယူကာ တောထဲဝင်သွားသည်။ တောနက်နက်ထဲမှ ငှက်တစ်အုပ် အလန့်တကြား ထပျံသွားကြသည်။ သစ်ခုတ်သံများ ကြားရသည်။ ပြန်လာချိန်တွင် အရွယ်အစားကြီးမားသော သစ်ကိုင်းများကို ပခုံးတစ်ဖက်မှထမ်းကာ တောက်ကြက်မနှစ်ကောင်၊ ကြက်ဖတစ်‌ကောင်ကို ‌ခြေထောက်မှ ဆွဲလာသည်။ အရှင်များဖြစ်သည်။ တောင်ပံတွေတဖျတ်ဖျတ်ခတ်ကာ အော်သံတွေ ဆူညံနေသည်။

ဒန်နရယ် မအံ့သြဘဲမနေနိုင်။ ထိုသူ တောထဲဝင်သွားသည်မှာ ဘာမှမကြာလိုက်။ သစ်များခုတ်ခဲ့ရုံမျှမက တောကြက်များ ဖမ်ခဲ့သေးသည်။

"တော်လိုက်တာဗျာ။ တစ်ကောင်မိဖို့ ကျွန်တော်နဲ့ အားလက်စ် တစ်နေကုန် ဖမ်းခဲ့ရတာ။"

အပြုံးမမြည်သော ခပ်မဲ့မဲ့အပြုံးသည် လှောင်သလိုလို။ ထပ်ခုတ်လာခဲ့သော သစ်ကိုင်းများဖြင့် ကြက်ခြံကို ပိုခိုင်ခံ့အောင် ပြန်ပြင်ဆောက်နေသူကို ဒန်နရယ် ဘာမှစကားဆက်မပြောဖြစ်တော့။ ခြင်းတောင်းနှင့် ဖုံးအုပ်ခံထားရသော တောကြက်များသည် မီးဖိုပေါ်မှ ၎င်းတို့၏ အဖော်၏ ကံကြမ္မာကိုမြင်လို့လားတော့မသိ။ ငြိမ်ငြိမ်ဆိမ်ဆိမ်မရှိဘဲ ဆူညံနေသည်။ တောင်ပံတဖျတ်ဖျတ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားနေသည်။

တောင်စောင်းတစ်လျှောက်မှ ပြေးတက်လာသော မြင်းညိုနှင့် မြင်းနက်ကြီးနှစ်ကောင်ကို မြင်လိုက်ရသည်။ ဒီမြင်းကြီးနှစ်ကောင်သည် သူတို့နှင့် လက်ပွန်းတသီးနေခဲ့သည်မှာ ကြာခဲ့ပြီ။ အဖော်များလိုပင် ဖြစ်နေပြီ။ တစ်ခါတစ်ရံ ရောက်လာတတ်သည်။ လွတ်လပ်စွာ ကျက်စားနေသည့် မြင်းရိုင်းများဖြစ်သော်လည်း အိမ်မွေးမြင်းများလို ယဉ်နေပြီဖြစ်သည်။

"ကျွန်တော် သွားဦးမယ်။"

ကြက်ခြံကို ချွေးတလုံးလုံးနှင့် ဆောက်နေသူသည် လှမ်းကြည့်ကာ ဂရုမစိုက်ဟန် မျက်နှာမဲ့သည်။ မြင်းနှစ်ကောင်သည် ဘယ်လိုခွဲခြားသိသည်တော့မသိ။ အားလက်စ်နှင့် ဖရက်တို့ရှိသည့်အချိန်မှာသာ စီးနှင်းခွင့်ပေးကာ စေတန်ဖြစ်နေချိန်မှာ ခါချတတ်သည်။ ဘယ်တော့မှ အတက်မခံ။ ဒန်နရယ်သည် မြင်းညိုကြီးကျောပေါ် ခုန်တက်ရင်း ထွက်ခွာသွားသည်။

အ‌ဝေးကြီးသို့သွားသည်တော့ မဟုတ်ပါ။ တောင်စောင်းတစ်လျှောက် လမ်းကျဉ်းလေးအတိုင်း စီးနှင်းကာ မြင့်သည်ထက်မြင့်သည့် နေရာသို့ ဦးတည်လာခဲ့သည်။ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေခြင်း မရှိသည့် ကျယ်ပြန့်သော မြက်ခင်းပြင်နေရာသို့အရောက် မြင်းညိုကြီးပေါ်မှဆင်းကာ သာယာသောရှုခင်းများကို ငေးမောကြည့်ဖြစ်သည်။

တောစပ်နားမှာ တည်ရှိနေသည့် မိမိတို့နေထိုင်ရာ ကျောက်အိမ်လေးကို သဲ့သဲ့ မြင်နေရသည်။ စမ်းရေလဲ့လဲ့ကို မြင်နေရသည်။ ကောင်းကင်ယံတွင် ၀ဲပျံနေသော စွန်ငှက်ကြီးတစ်ကောင်။ မြူနှင်းများဖြစ် စိုစွတ်နေသော မြင်ခင်းစိမ်းပေါ် လှဲချလိုက်ရင်း မြေသင်းနံ့နှင့် တောရိုင်းပန်းလေးများ၏ မွှေးရနံ့ကို ရှုရှိုက်ဖြစ်သည်။ မျက်လုံးများပိတ်ထားပြီး လေတိုက်သံ၊ ငှက်အော်သံ၊ ပိုးကောင်မြည်သံလေးများကို နားထောင်နေဖြစ်သည်။ အရာရာသည် ငြိမ်းချမ်းမှုအတိ။

ဒန်နရယ်ပြန်လာချိန်တွင် သေသပ်လှပသည့် ကြက်ခြံလေးသည် ပြီးစီးနေပြီဖြစ်သည်။ မီးငြိမ်းနေသည့် မီးပုံပေါ်တွင် ကြက်ပေါင်တစ်ခြမ်းရှိသေးသည်။ ပေါင်မုန့်နှင့်ဒိန်ခဲကို အ၀တ်စနှင့်အုပ်ပြီး အနားမှာချထားသည်။

"ခင်ဗျား စားပြီးပြီလား။"

"အေး"

တစ်ခွန်းထက်ပိုမဖြေ။ ဒါဆို ဒါတွေက သူ့အတွက်လား။ ဒန်နရယ် နေ့လယ်စာကို ခပ်သွက်သွက် စားဖြစ်သည်။ ထို့နောက်မှာတော့ သစ်ခုတ်ဓါးကိုယူကာ တောနက်သို့ဝင်ရန် ပြင်ဆင်ဖြစ်သည်။ လိုက်လာခဲ့မည်ဟု မထင်ထားပေမယ့် နောက်မှာ ကပ်ပါလာသည်။ သူတို့နေထိုင်ရာနေရာလေးတွင် ဆောင်းဦးပေါက်ခဲ့ပြီဖြစ်သည်။ တောင်ပေါ်ဒေသဖြစ်သောကြောင့် ထင်းသည် မရှိမဖြစ်။ ခုတ်ထစ်စရာပင်မလိုပါ။ ကျိုးကျနေသော သစ်ကိုင်းများကို စုဆောင်းရုံနှင့် တစ်နေ့တာအတွက် လုံလောက်သည်။ မိုးသည်းကြောင့်ဖြစ်ဖြစ် လေထန်သောကြောင့်ဖြစ်ဖြစ် ကျိုးပဲ့နေသော သစ်ကိုင်းသစ်ခက်များသည် တောင်ပုံရာပုံ။

သို့ပေမယ့် သူနှင့်အတူ လိုက်ပါလာသူက ထိုသို့သတ်မှတ်ဟန်မတူ။ အလုံးကြီးကြီး သစ်ပင်တစ်ပင်ကို ခုတ်နေသည်။ အကိုင်းအခက်များကိုချိုင်ကာ ပင်စည်ကို အပိုင်းပိုင်းဆက်ခွဲသည်။ လူတစ်ယောက်ဖက်စာ လုံးပတ်မျိုးသည် ပုဆိန်သက်သက်ဖြစ် မလွယ်ကူပါ။ ထို့နောက်တွင်မှ လေးခြမ်းထပ်ခွဲသည်။ ခပ်မြင့်မြင့် သစ်တုံးပေါ်တွင် ခွဲမည့် ထင်းတုံးကိုတင်သည်။ ပုဆိန်တစ်ချက်အမြှောက်တွင် ထက်ခြမ်းပြတ်သည်။ နောက်တစ်ချက်နှင့် လေးစိပ်ကွဲသည်။ ကြည့်ရသည်မှာ လွယ်သလိုထင်ရပေမယ့် တကယ်လုပ်သူအတွက် မသက်သာ။ သို့ပေမယ့် ထိုသူကတော့ ပင်ပန်းဟန်မရှိ။

ညနေအချိန်တွင် ထင်းတုံးများသည် ကျောက်အိမ်လေးဘေးမှာ ပုံနေသည်။ မိုးမစိုအောင် သားရေပြားဖြစ် ဖုံးနေသည့် လက်တွေသည် နီရဲပေါက်ပြဲနေသည်။ ဆည်းဆာချိန်သည် လျှင်မြန်စွာ ရောက်ရှိလာသည်။ တောင်ကွယ်ဖြစ်သောကြောင့် နေရောင်ပျောက်ကွယ်မှုသည် မြန်ဆန်သည်။ သိပ်သည်းသော အမှောင်နှင့် အေးစိမ့်သောညနေလေအေးသည် အရောက်စောပေမယ့် ထင်းမီးကြောင့် အိမ်လေးသည် နွေးနေသည်။ မီးသေတော့မလိုဖြစ်နေသည့် မီးဖိုကို ဂရုတစိုက်ပြုပြင်ရင်း ညနေစာအတွက် ပြင်ဆင်ဖြစ်သည်။

"ရေချိုးဦးမလား။ ကျွန်တော် ရေနွေးတည်ပေးမယ်။"

ဖြေသံကို မကြားရ။ မီးဖိုပေါ်မှ ဆူပွက်နေသည့် စွတ်ပြုတ်နွေးနွေးကို ခပ်မြည်းကြည့်နေသည့် ဒန်နရယ် အံ့သြသွားသည်။ ဘေးဘီကို ‌ဝေ့ကြည့်ချိန် အိမ်ထောင့်တွင် ဒူးပေါ်ခေါင်းမှောက်ကာ အိပ်ပျော်နေသူကို မြင်လိုက်ရသည်။ ပင်ပန်းလွန်းသဖြစ် ညစာစားဖို့ပင် မေ့သွားဟန်တူသည်။

"ဟေ့လူ..အိပ်ရာထဲသွားအိပ်လေ.."

အင်းအဲမလုပ်။ တုတ်တုတ်ပင် မလှုပ်။ ပွေ့ချီဖို့ရန်လည်း မနိုင်သည်မှာ သေချာနေသောကြောင့် လူသေတစ်ယောက်လို ပခုံးအောက်မှ လက်လျှိုဝင်ပြီး ဖင်တရွတ်တိုက်ဆွဲကာ အိပ်ရာထဲအရောက် ပို့ဖြစ်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ၏ မျက်နှာသည် သောက၊ ဒေါသ ကင်းစင်လျက် ငြိမ်းချမ်းနေသည်။ ၀င်သက်ထွက်သက်သည် ခပ်မျှဉ်းမျှဉ်း။ နေလောင်သဖြစ် နီရဲနေသော ပါးပြင်ကို တစ်ချက်ကြည့်ပြီးမှ လက်ဖ၀ါးမှ ဒဏ်ရာများကို ဆေးထည့်ပေးရန် မ,ယူဖြစ်သည်။

Continue Reading

You'll Also Like

187K 12.9K 32
" ဆုပိုင် " " Yes, boss! " " ငါ က မင်းရဲ့ ဘာလဲ ? " " ထာဝရ အတွက် ကျွန်တော့်ရဲ့ boss လေး " #owncreation #bl
2.9M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
789K 31.6K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
220K 10.9K 57
မီလျံနာပေါက်စန့ဲ ဘီလျံနာsemeတို့ကြားကlove story အsweet တစ်လိုင်း [×××] No Translation #cv photo crd #10.12.2021ပြည်လုံးကျွတ်အသံတိတ်သပိတ်နေ့တွင် ပြီးမ...