THE DEEPEST ( COMPLETED ) Uni...

Par AliceAlice684

522K 33.2K 1.1K

ခင်​များက ​တော်​​တော်​ ရက်​စက်​ ယုတ်​မာ ​ ​အောက်​တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ်​ အလှဂုဏ်​​မော... Plus

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16 ( edit )
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26 ( Final )
ကဲ....ကဲ👏👏
Thank You...💜
Intro ( Unicode)
Part 1 ( Unicode )
Part 2 ( Unicode )
Part 3 ( Unicode )
Part 4 ( Unicode )
Part 5 ( Unicode )
Part 6 ( Unicode )
Part 8 ( Unicode )
Part 9 ( Unicode )
Part 10 ( Unicode )
Part 11 ( Unicode )
Part 12 ( Unicode )
Part 13 ( Unicode )
Part 14 ( Unicode )
Part 15 ( Unicode )
Part 16 ( Unicode )
Part 17 ( Unicode )
Part 18 ( Unicode )
Part 19 ( Unicode )
Part 20 ( Unicode )
Part 21 ( Unicode )
Part 22 ( Unicode )
Part 23 ( Unicode )
Part 24 ( Unicode )
Part 25 ( Unicode )
Part 26 : Final ( Unicode )
💜💜💜

Part 7 ( Unicode )

7.8K 684 45
Par AliceAlice684

ဘာဖြစ်မှန်းမသိ.စိတ်တို့မကြည်နေပါ
လူနာကြည့်ပေးတာလဲစိတ်က ဟိုလွှင့် ဒီလွှင့်ဖြင့်
ခေါင်းကြည်အောင်လဲ အကူ nurse ကို သံပရာရည် ဖျော်ခိုင်းကာ သောက်ပြီးသော်လည်း
ရင်တွေပူနေဆဲ ဒါဘယ်လိုခံစားချက်ကြီးလဲ

" Jeon Jungkook ရေ jungkook ရ "

တစ်ယောက်ထဲ ကိုယ့်နာမည်ကိုယ်အော်ကာ ခေါင်းကိုသာ တဗျင်းဗျင်းကုတ်နေမိသည်
Nurse လေးတွေကတော့ ဟိုကြည့် ဒီကြည့်ဖြင့် သူ့ကိုဘယ်လိုထင်သွားသည်မသိ

" ဆရာ လူနာရောက်နေပြီဆရာ "

ထိုင်ခုံတွင် တစ်ရေးမှေးနေတုန်း nurse ရဲ့ အသံကြောင့် သူလဲ မျက်နှာကို tissue ဖြင့်သုတ်ကာ
လူနာကိုသာ အာရုံစိုက်နေလိုက်သည်

သို့သော်...........

" ဒီချိန်ဆို ဟိုနှစ်ယောက် အိမ်မှာဘာလုပ်နေကြမလဲ မသိဘူး "

"ဗျာ... ဆရာ "

" awwn sry ဗျာ ကျွန်တော် ဒီနေ့ နေရတာ သိပ်အဆင်မပြေလို့ ဆရာမရေ ဒီလူနာကို minwoo ဆီသာ လွှဲပေးလိုက်တော့ဗျာ နော် ဒီက အန်ကယ်လ်ကိုလဲ တောင်းပန်ပါတယ် "

အတွေးတွေနဲ့ ပြည့်နှက်ကာ ပါးစပ်ထဲက လွှတ်ခနဲထွက်သွားတာကြောင့် လူနာအား တောင်းပန်လိုက်ရသည် စိတ်ညစ်ညစ်နှင့် စိတ်ညိမ်ဆေးတစ်ဗူးအား ဖောက်ကာသောက်ပြီး မျက်လုံးမှိတ်ကာ နားနေမိသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~

" Tae ငါရောက်နေပြီ "

အရင်လို ဝင်ချင်ဝင် ထွက်ချင်ထွက်လို့မရတာကြောင့် အိမ်တံခါးအရှေ့မှ သူအော်ပြောမိခြင်းဖြစ်သည်
Tae ပြန်မထူးတာမို့ သူဝင်ခဲ့မိသည်
Tae အခန်းအားလိုက်ရှာရင်း အိမ်၏ အပြင်ဆင်များကိုလဲ ကြည့်မိကာ ချီးကျူးမိသည်
ဒီအိမ်က jungkook စိတ်တိုင်းကျ ဆောက်လုပ်ပေးထားတဲ့ အိမ်ဖြစ်နေတာလေ

တွေ့ပါပြီး သူရဲ့သူငယ်ချင်းလေး
ခွေခွေလေ အိပ်ပျော်နေလေရဲ့
ကြည့်ပါဦး tae လေးဆိုတာ ဘယ်လောက်ချစ်စရာ ကောင်းလိုက်သလဲ
မာနလေးနည်းနည်းသာကြီးပေမယ့် အရမ်းဖြူစင်တဲ့ ကလေးပေါက်စနလေးပါ
အမှန်တိုင်းပြောရရင် jungkookနဲ့ လုံးဝ သဘောမတူခဲ့ပါ
ဒါမဲ့ tae က ကျွန်တော်ပြောရင် ဘယ်တုန်းက ရခဲ့ဖူးလို့လဲ

အတွေးတို့ကို လက်စသတ်ကာ အောက်ထပ်သို့ပြေးဆင်းကာ မီးဖိုချောင်မှ လိုအပ်သည်များကိုယူကာ ပြန်တက်ခဲ့သည်
ရေပက်တိုက်ကာ အကျႌလဲပေးဖို့လုပ်တော့ ဘယ်ဘက်ရင်အုံက ကျင်ခနဲဖြစ်သွားရသည် ဒါဘယ်လို ခံစားမှုမျိုးလဲ
အကြောင်းကား tae ကြောင့်ဖြစ်သည်
Tae ယောင်နေသောအရာတစ်ခု

" jung...k ook " တဲ့

Awwnn သိပ်မြတ်နိုးရတဲ့ ကလေးဆီက တတွင်တွင်ခေါ်နေခဲ့ ယောင်နေခဲ့တာ ခုအနားမှာရှိနေတဲ့သူ မဟုတ်ခဲ့ဘူး သူတွန့်ဆုတ်နေခဲ့သည် tae ကိုထိရ ကိုင်ရ ပြုရမှာ သူစိတ်မလုံချင်တော့ပေ

" မဟုတ်ဘူး မဟုတ်ဘူး tae က ငါ့သူငယ်ချင်း ငါက တစ်သက်လုံး hyung တစ်ယောက်ထဲကိုဘဲ ချစ်သွားမှာ "

" ဟုတ်တယ် hyung ကထားသွားပေမယ့် သူတစ်နေ့ ငါ့ဆီပြန်လာမှာ tae က ငါ့သူငယ်ချင်း "

ကိုယ့်ကိုကိုယ်ငြင်းနေမိပေမယ့် နှလုံးသားနှင့် မျက်ဝန်းတို့ကတော့ လိမ်၍မရပေ
မျက်ရည်တို့အတားဆီမဲ့ထွက်လာတာကြောင့်
အခန်းထဲရှိရေချိုးခန်းထဲသို့ပြေးကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာကာ အတတ်နိုင်ဆုံး စိတ်စုစည်းကာ လုပ်ပေးစရာရှိတာများကို လုပ်ပေးကာ jungkook ပြန်အလာကိုသာ စောင့်နေမိသည်

ဘာမှမသိရှာဘဲ အိပ်ပျော်နေတဲ့ Tae
သိပ်ကိုချစ်ဖို့ကောင်းလွန်းပါတယ်
ဘယ်လိုစကားလုံးရှာပြီး နှိုင်းပြရမှန်း
မသိနိုင်အောင်ကို Tae က လှလွန်းနေတယ်
ယောကျ်ားလေးတစ်ယောက်ကို လှတယ်လို့ မသုံးသင့်ပေမယ့် ဒီ့ထက်ပိုလေးနက်အောင်လဲ
ကျွန်တော် ပြောမပြတတ်တော့ပါ

" Tae ရာ ငါမင်းကိုနှမျောတယ်ဟာ "

~~~~~~~~~~~~~~~~~~~~~~~~~~~~

" တောက် !!!!! "

ခါတိုင်းအိမ်ပြန်ချိန်ထက် နာရီဝက်စောကာ သူထွက်လာမိသည် သောက်ထားတဲ့အရှိန်ကလဲနည်းနည်းရှိနေတာမို့ သူ့ရင်တွေ အရင်ကထက် ပိုပူနေသည် စိတ်ထဲက အမည်မသိခံစားချက်ကြီးပျောက်သွားချင်လို့ သောက်ပါတယ်ဆိုကာမှ ပိုလို့ပင် စိုးမိုးနေသည်  အိမ်ပြန်ကာ ဟိုနှစ်ယောက်ရဲ့ အခြေနေကိုကြည့်ချင်သော်လည်း မပြန်ချင်ပေ
အကြောင်းက အ့နှစ်ယောက်ကိုပူးပြီး မမြင်ချင်တာကြောင့်ပင်

" မသိတော့ဘူးဟာ "

လေပူတစ်ချက်မှုတ်ထုတ်ကာ

" ငါက ဒီကောင် jungkook က noona တစ်ယောက်ထဲကိုဘဲ ချစ်မှာ ချစ်သွားမှာ နောင်လဲ ချစ်နေဦးမှာ ဟုတ်ပြီး ဟားဟား "

စိတ်ပေါ့သွားရအောင် အော်ရီမိသော်လည်း အရာမထင်
ငါဘာဖြစ်နေတာလဲ ငါ့ကိုငါလဲ မသိတော့ဘူး

" noona ကိုတွေ့ရင် စိတ်ပြေသွားမှာပါ
noona ကို အရမ်းလွမ်းလို့ ငါကယောင်ခြောက်ခြား ဖြစ်နေရတာ noona ဆီသွားရမယ် "

ကားကို noona တို့ အိမ်ဘက်မောင်းထွက်လာခဲ့မိသည် အိမ်ရောက်တော့ noona မရှိဘူးတဲ့ ဒီည night duty ကျတယ်တဲ့

ဒါကြောင့် ကျွန်တော် သူမ အလုပ်လုပ်နေသော အစိုးရ ဆေးရုံသို့ မောင်းထွက်ခဲ့သည်

မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်တော် ကားပေါ်မှ မဆင်းဖြစ်ခဲ့

အရမ်းပင်ပန်းပုံပေါက်နေသော noona ကို နဖူးမှာ တွဲခိုနေတဲ့ချွေးစီးလေးတွေကို တယုတယ သုတ်ပေးနေသော ထိုလူကြီး
အသက်က ၃၅ ဝန်းကျင်လောက်ရှိမည် သူမ၏ စီနီယာဖြစ်မည်ထင်ပါသည်
သူမကလဲ စီနီယာဖြစ်တာကြောင့် ငြိမ်ခံနေရသည့်ပုံပင်
ကျွန်တော်သွားကူပေးဖို့လုပ်တော့

" အ့ဆို ဟိုနှစ်ယောက်ကရော ခုချိနန်ဆို ဘာတွေဖြစ်နေကြမှာလဲ "

" ဟာကွာ တောက်!!!!!! "

ကားကို ဂငယ်ကွေ့ အမြန်ကွေ့ချကာ အိမ်သို့သာ အမြန်ပြေးပြန်ခဲ့သည် အချိန်က 10:15 PM

" jungkook .....
Jungkook တွေ့သွားပြီး သူအထင်လွဲသွားပြီ ထင်တယ် "

သူမလဲစိတ်ညစ်ညစ်ဖြင့် သူမ လုပ်နိုင်တာလဲ ဘာတစ်ခုမှ မရှိတာမို့ ဒီတိုင်းသာ ငြိမ်နေမိသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဟမ် "

ဒီကောင့်ကား ရှိနေသေးတယ် ခုထိမပြန်ရသေးဘူးဘဲ ည ၁၁ နာရီတောင်ရှိနေပြီး ဒီကောင်က ဒီမှာဘာနေလုပ်နေတာ
အိမ်ခြံရှေ့ရောက်တာနဲ့ ဒေါသတို့ ထောင်းခနဲ

" ဒီဂျပုကောင်ကတော့ "

အိမ်ပေါ်သို့ခပ်မြန်မြန်ပြေးတက်သွားပြီး
အခန်းတံခါးရှေ့ရောက်တော့
သူသတ္တိမရှိပါ
တံခါးကိုဖွင့်လိုက်ရင် မြင်ရမည့်အရာအတွက် သူ့ဆင်သင့်မဖြစ်သေးပါ သူတွန့်ဆုတ်နေတော့ရော ကံတရားက ပြောင်းလဲသွားမှာတဲ့လား
ရင်ဆိုင်ရုံပေါ့

တံခါးကိုဆောင့်ဖွင့်မိတော့

ကုတင်ပေါ်မှာ စောင်ကိုမျက်နှာအပြည့်အုပ်ကာ ငြိမ်သက်အိပ်ပျော်နေတဲ့ Taeနှင့်
Tae မျက်နှာနားတွင် ကုတင်အောက်မှာထိုင်ကာ အိပ်ပျော်နေသော ဟိုဂျပုကောင်
ကျွန်တော် ချောင်းတစ်ချက် ဟန့်တော့မှ ဆက်ခနတွန့်သွားကာ နိုးသွားသည်

" မင်းပြန်လာသေးတာဘဲ "

ဟိုဂျပုကောင်မှ စပြောလာခြင်းဖြစ်သည်

" မင်းမပြန်သေးဘူးလား ဒီအချိန်က အိမ်လည်လို့ ကောင်းတဲ့အချိန်မဟူတ်ဘူး "

" မင်းသာစောစောပြန်ခဲ့ရင် ငါလဲ ဒီချိန်ထိ tae နားမှာ နေပေးနေမှာမဟုတ်ဘူး "

" ဟက် နောက်ဆုံးတော့ ငါ့ကြောင့်ပေါ့ မင်းကသာ tae အနားကပ်ချင်နေတာမဟုတ်လား "

" ငါက tae အနားကပ်တော့ရော ဘာဖြစ်သွားမှာမို့လို့လဲ "

မျက်နှာချင်းထိလုမတတ် jimin က တိုးကပ်ပြီး ပြောလာတာကြောင့်

" သနားပါတယ် ခြေဖျားထောက်ထားရတာ မညောင်းဘူးလား "

" ဟျောင့်!!! "

" ha ha "

" မင်းမူးနေတာလား "

" အ့တော့မင်းနဲ့ဘာဆိုင်လဲ ဂျပုကောင် "

" မင်းနောက်ကျမှလဲ ပြန်လာသေးတယ် ပြီးတော့ သောက်လာသေးတယ် "

"..............."
ဘာတစ်ခွန်းမှ ပြန်မပြောဘဲ လှောင်ပြုံးဖြင့်သာ ငုံ့ကြည့်နေသော jungkook အား သူထိုးချင်မိသည်

" ငါ tae ကိုနှမျောတယ် tae ကို မင်းဆီမပေးလိုက်သင့်ဘူး မင်းက tae နဲ့မတန်ဘူး ငါသွားပြီး "

" jimin "

ထွက်သွားဖို့ခြေလှမ်းတို့ ရပ်တန့်ခဲ့သည်
Tae ထံမှ ထွက်ပေါ်လာသော အသံ

" ဟင် နိုးပြီးလား ဘာဖြစ်လို့လဲ "

လက်ထဲရှိ အိတ်နှင့် အပြင်ခံကိုပါ ပစ်ချကာ tae အနား ပြေးကပ်သွားသော ထိုဂျပုအား ကျွန်တော် တော်တော်ကိုပင် အမြင်ကပ်နေပါပြီး

" ကျေးဇူးပဲ မင်းဘဲငါ့ကိုဂရုစိုက်မဲ့လူရှိတယ် "

နွမ်းလျလျလေးပြုံးကာ ပြောလာသော tae

" မင်းနဲ့ငါတို့ဆိုတာက ဟိုးငယ်ငယ်လေးထဲက သူငယ်ချင်းအရင်းကြီးတွေ ကျေးဇူးတွေ ဘာတွေလိုလို့လား "

" အင်းပါ ခုပြန်တော့မလို့လား "

" အင်းပြန်တော့မလို့ jungkook လဲရောက်လာပြီး နောက် ငါလဲ ရေမချိုးရသေးဘူး နားချင်ပြီး "

" အ့ဆို ပြန်တော့ ငါလိုက်ပို့မယ် အိမ်ရှေ့ထိ "

" ဒီတိုင်းနေပါ ရတယ် နေမကောက်းတာကို "

" မင်းက ဒီမှာဘဲနေ အ့ဂျပုကို ငါလိုက်ပို့လိုက်မယ် "

အနောက်မှ jungkook အသံကြားတာကြောင့် နှစ်ယောက်လုံးတစ်ချက်ငြိမ်သက်သွားကာ

" ဟုတ်တယ် jungkook လိုက်ပို့ပေးမှာဘဲကို tae tae က ဒီမှာနေခဲ့ပီး အိပ်တော့နော် "

" jimin ငါ့ကို တွဲထူပေး "

သူသိတယ် Taehyung ဆိုတာ လုပ်ချင်တာသာ လုပ်သည် တစ်ခါမှလဲ စကားနားမထောင်
အကြောင်းသိနေတာမို့ ကျွန်တော် ဆက်မငြင်းနေတော့ဘဲ တွဲထူလိုက်ရသည်

" ငါတစ်နေ့လုံးအိပ်နေရတာ နည်းနည်း အကြောလဲဆန့်ချင်လို့ "

ဟု သွားလေးစိပြကာ ပြုံးပြပြီး ဆိုတော့ jimin လဲ ခေါင်းငြိမ့်ကာ အနားကနေ အသာလေး ထိန်းကိုင်ပေးရင် အိမ်ရှေ့သို့ တွဲလာခဲ့သည်
Jungkook လဲနောက်မှလိုက်လာသည်

Jimin ရဲ့ကားလေး မျက်စိရှေ့မှ ပျောက်သွားမှ tae အိမ်ထဲသို့ ဝင်လာတာကြောင့်
Jungkook လဲ အနားသို့ပြေးကာ တွဲပေးမိသည်
ဒါပေမယ့် tae က ရုန်းတယ် သူ့ကိုလဲ မကြည့်သလို စကားလဲတစ်ခွန်းမှမဆိုချေ
အရင်က ပေါက်ပေါက် ဖောက်သလို ပြောသမျှ ခုတော့ တိတ်ဆိတ်နေလေသည်
ဒီလိုတော့ jungkook တစ်ယောက် နေမတတ်တော့ချေ
သူအရှုံးမပေး ထပ်တွဲဖို့ကြိုးစားသည်
ရှေ့နည်းတူ သူ့အား ရှောင်ကာ ထွက်သွားပြန်သည်

" မင်းဘာဖြစ်နေတာလဲ "

".........."

ယိုင်တိုင်တိုင်ဖြင့်သာ အခန်းထဲ ကြိုးစားသွားနေရှာသည် ကျွန်တော် ဘယ်လိုဘဲ လုပ်ပေး လုပ်ပေးမရပါ

မထူးတာမို့ အနောက်ကနေသာ လိုက်သွားရသည်
အခန်းထဲရောက်တော့

" သွားတော့ "

ရှိသမျှ အားကုန်ထုတ်ကာ ပြောနေပုံရသည်
အသံက တအားတိုးလွန်းနေသည်

" ဘာလို့လဲ "

" ဒါမင်းအခန်းမဟုတ်ဘူးလေ jungkook "

"Awwn.... "

" သွားတော့ ငါတံခါးပိတ်တော့မယ် "

" မင်းက မင်းအတင်းလက်ထပ်ယူခဲ့တဲ့ ငါ့ကိုကျတော့ အခန်းထဲပေးမဝင်ဘဲ ဟိုကောင့်ကိုကျတော့ ကုတင်ပေါ်ထိ ပေးတက်တယ်ပေါ့ ဟုတ်လား "

" ငါမင်းနဲ့ရန်မဖြစ်ချင်ဘူး "

" ဘယ်သူကရော မင်းနဲ့ရန်ဖြစ်ချင်တယ် ပြောလို့လဲ ဟမ် "

" အ့ဆိုလဲ သွားတော့ "

" မင်းငါ့ကို လာမမောင်းထုတ်နဲ့ ဒါငါ့အိမ် "

" jungkook နင်မူးနေတာလား ငါ့ကိုလာမရစ်နဲ့"

" အော် ငါ့အိမ်ထဲက ငါပိုင်တဲ့အခန်းထဲကနေ ငါ့ကို မောင်းထုတ်နေလို့ပြောနေတာလေ မဆိုင်တာတွေ သောက်ပိုလုပ်ပြီးပြောမနေနဲ့ ဒီမှာ မောင်းထုတ်ရမှာ မင်းမဟုတ်ဘူး ငါ!!!! "

" ဒါဆိုလဲ ပြီးရော "

စကားကို တစ်ဝက်နှင့်ဖျက်ခါ အခန်းပြင် ထွက်ဖို့ ကြိုးစားနေသော tae အား သူဆောင့်ဆွဲက တွန်းလိုက်မိသည်

ကျောပြင်နှင့် နံရံနှင့်တိုက်သွားတာကြောင့် နာသွားပုံရသည် မျက်ရည်လေးတွေ ဝဲတက်လာခဲ့သည်
မငိုအောင် သူထိန်းနေရသည်

" jungkook မင်းဘာဖြစ်နေတာလဲ မင်းအခန်းကို မင်းသွားဆိုတော့လဲ မသွားဘူး ငါသွားမယ်ဆိုတော့လဲ ပေးမသွားဘူး မင်းမူးနေရင် လာမရစ်နဲ့ ငါ့ကို
တောင်းပန်ပါတယ်ဟာ ငါ့ကိုတစ်ယောက်ထဲ လွှတ်ထားပေးပါ ထပ်မနှောင့်ယှက်နဲ့တော့ "

ဘာ!!!!! ငါက မင်းကိုနှောင့်ယှက်နေတာ ?
မင်းကသာ ငါ့ကို အမျိုးအမည်မသိတဲ့ ခံစားချက်တွေ ငါ့ဆီရောက်လာအောင် လုပ်ပြီး ငါ့ကိုရူးအောင်လုပ်နေခဲ့တာ ဒေါသတို့ ထိန်းမရတော့တာကြောင့် စိတ်ပေါက်ပေါက်ဖြင့် သူ့မျက်နှာနားက နံရံကိုထိုးလိုက်မိသည်

သူ့ကိုထိုးသည်အထင်နှင့် မျက်လုံးနှစ်ဖက်ကို စုံမှိတ်ကာ ခန္ဓာကိုယ်သေးသေးလေးကို ကျုံ့နိုင်သမှ ကျုံ့ထားကာ တုန်တက်သွားသည် အရမ်း ချစ်ဖို့ကောင်းနေသည်
နောက်မှ နာကျင်မှုတစ်စုံတစ်ရာမရှိတာကြောင့် မျက်စိကိုအသာလေးဖွင့်ကာ သူ့ကို ကြောက်စရာ သတ္တဝါ တစ်ကောင်လို ကြည့်နေသည်

အနည်းငယ်ငြိမ်သက်နေပြီးတော့မှ ကျွန်တော့်ရှေ့မှ ထွက်ပြေးဖို့ကြိုးစားနေသော ထိုအကောင်သေးသေးလေအား ပျောက်နေအောင် ရင်ခွင်ထဲဆွဲသွင်းကာ ဖက်ထားမိသည်

မရှိတဲ့အားလေးတွေဖြင့် ရုန်းနေသည်
မရတော့ လူကိုတဘုန်းဘုန်းနှင့် ထုကာ ပါးစပ်ကလဲ ဘာတွေအော်နေမှန်းမသိ
အတင်းရုန်းနေတာကြောင့်
လက်နှစ်ဖက်ဖြင့် မျက်နှာလေးအား ဆွဲမော့ကာ သူ့နှုတ်ခမ်းတွေကို ဖိကပ်နမ်းရှုံ့မိတော့ ပိုလို့ပင် ရုန်းလာတာကြောင့် နံရံနှင့်ဆွဲကပ်ကာ လက်နှစ်ဖက်အား ချုပ်ထားမိသည်

အသက်လုရှူနေရသောကြောင့် ခပ်ဟဟပွင့်နေသော နှုတ်ခမ်းတွေကြားထဲ ပိုလို့ ရှေ့ဆက်တိုးမိတော့ ငြိမ်ကျသွားသည်

ဒီလိုဆိုရင်ကော ရုန်းနိုင်သေးလား tae ?

" အာ့ "

ဒီသေးသေးလေး
ဒီအကောင်သေးသေးလေးကတော့ ငါလုပ်ရင် သေတော့မယ် သူကျွန်တော့်ရဲ့ လျှာနှင့် အောက်နှုတ်ခမ်းကို တိခနဲ ကိုက်ထည့်ခြင်းဖြစ်ဖြစ်သည်
အောက်နှုတ်ခမ်းက သွေးစို့တက်လာတာကြောင့် လက်ခုံးဖြင့်သုတ်ရင်းကြည့်မိတော့ တံတွေးဖြင့် ကျွန်တော့်ကို သူထွေးထည့်သည်

" ဟာ မင်း "

ကျွန်တော့်စကားမဆုံးလိုက် ထပ်ဆင့်၍ ကျွန်တော့်ပါးတစ်ချက် နွေးခနဲဖြစ်သွားရသည်
နေမကောင်းသူက ရှိသမျှအားထုတ်ကာ ရိုက်သော်လည်း မနာပေမယ့် နှလုံးသားက နာသည်။
ဘာလို့ဆို ကျွန်တော့်ပါးပေါ် သူ့ရဲ့ ပထမဆုံး တံဆိပ်ခပ်နှိပ်မှုက အနမ်းတစ်ပွင့်မဟုတ်ဘဲ လက်ဝါးတစ်ချက် ဖြစ်နေခဲ့ခြင်းကြောင့်ဖြစ်သည်

" ထွက်သွား "

မာနခဲလေးရယ် ငိုချင်နေတာကို မငိုဘဲ မျက်ရည်မကျအောင်အတင်းထိန်းနေရတာကြောင့် နှုတ်ခမ်းနီနီလေးတွေသာမက တစ်ကိုယ်လုံး တသိမ့်သိမ့်တုံကာ
အသံတွေပင် ပြာနေပြီးဖစ်သည်

" ထွက်သွားဟာ "

ကျွန်တော် မသွားတာကြောင့် ကျွန်တော့်ကိုယ်ကို သူဆွဲလှည့်ကာ အခန်းပြင်သို့ အတင်းတွန်းထုတ်ကာ တံခါးကို ဆောင့်ပိတ်သွားသည်
ဟော ဗျာ လော့ခ်ပါချသွားသေး
အေးပါ ကိုယ့်ဆီမှာ သော့တွေမရှိဘူးဆိုတော့လေ

Tae.....
ကိုယ်တို့နှစ်ယောက်ရဲ့ ပထမဆုံးအနမ်းက
ကဗျာမဆန်ပေမယ့် ချိုပါတယ်ဆိုတဲ့
အရာတွေထက်ကို ချိုပါတယ်........

ဘယ်လိုလဲကွာ စိတ်မဆိုးတဲ့အပြင် အသဲပါယားနေပြီး ဒီသေးသေးလေးကတော့
မာနခဲလေး အဆိပ်ပြင်းလေး........

~~~~~~~~~~~~~

မုန်းတယ် jungkook ~
ငါမင်းကို အရမ်းမုန်းတယ် jungkook~
မင်းမချစ်ပါဘဲနဲ့ နမ်းရက်တဲ့ ပါးလျလျ မင်းနှုတ်ခမ်းပါးတွေကိုလဲ မုန်းတယ်
အမြဲ လျစ်လျူရှုပြီး ခံစားရအောင်ဘဲ လုပ်နေခဲ့တဲ့ မင်းကို အတင်းလက်ထပ်ယူခဲ့မိတဲ့ ငါ့ကိုငါလဲ သေအောင် မုန်းတယ် ရွံတယ်
အချိန်တွေနောက်ပြန်ဆုတ်ချင်တယ်
စိတ်ချ!!!! မင်းငါနဲ့ကွာရှင်းချင်တာမဟုတ်လား
ဖြစ်စေရမယ် jungkook........

~~~~~~~~~~~~~~~~~~~~~~~~~~~~
Part 7 end!
First kiss ကြီးက ဒီလိုဖြစ်သွားလို့
ကိုယ့်ကိုအပြစ်တင်ကြပါ(╥﹏╥)

အ့လိုမှမလုပ်ရင်လဲမဖြစ်လို့ပါ
ဒါမဲ့ အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်မှာလေ
အဟင်းဟင်း......🌚


ကြည့်ပါဦး Tae ကသေးသေးလေး😭😭😭😭
လိုက်ဖက်တယ်ဆိုတာ အ့လိုမျိုး

Yoonmin လဲရေးဖို့ စဉ်းစားထားပြီးပြီး
အ့နှစ်ယောက်ကိုလဲ အရမ်းတွေ တအားတွေ အူယားလာလို့ ရေးတော့မှာ မနေနိုင်တော့ဘူး😂
ဒါမဲ့ ခက်ကတာက ဘာနာမည်ပေးရမှန်းမသိတာ-.-
အ့တော့ နာမည်စဉ်းစားပြီးရင် ရေးမယ် အ့ခါကျရင်လဲ ဖတ်ပေးပါ😁

ခုလဲ 4995 words type ထားပေးတယ်😶

ဖတ်ပေးတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးပါ
Arigatou🙆💜

Continuer la Lecture

Vous Aimerez Aussi

497K 27.1K 18
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
708K 27.3K 75
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
702K 64.7K 36
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...
Finn (bxb) Par Lexus

Roman d'amour

402K 13.4K 39
My back was pressed against the wall, and our faces were merely inches away. He gently placed a finger below my chin and tilted my face upward. I tri...