သူမသားေလးရဲ႕ဘယ္ဘက္လက္ကိုဆုပ္ေထြးထားၿပီး....ထိုင္လ်က္နဲ႔အိပ္ေပ်ာ္ေနေသာ...စည္းကိုနိႈးၿပီးအျပင္ခန္းမွာအိပ္ေစေပမယ့္ သူ႔အနားပဲေနခ်င္လို႔..ဆိုကာ တားမရပါ။
အခုလဲ...သူမသတိရလို႔လာၾကည့္ေတာ့...ကိုင္ထားတဲ့လက္ကေလးေပၚပါးအပ္ၿပီးအိပ္ေနျပန္ၿပီ...။
စေတြ႕ကတည္းကသူတို႔...ညီအစ္ကိုေတြလိုျဖစ္ေနပါလားလို႔ခံစားမိေပမယ့္ ဘာကထူးဆန္းေနမွန္းမသိ။
သူမရဲ႕သားအရြယ္ေလးေပမယ့္...သားေန'ထက္ေျခာက္ႏွစ္ႀကီးပါသည္တဲ့...။
ေယာက်ာ္းပီသစြာေခ်ာေမာေသာ႐ုပ္ရည္နဲ႔စည္းကမိဘမရွိေတာ့ဘဲ ငယ္ငယ္ေလးကတည္းကဦးေလးနဲ႔ႏွစ္ေယာက္ထဲေနခဲ့သည္တဲ့။
ညီအစ္ကိုေမာင္ႏွမမရွိဘူးမို႔လို႔အဲေလာက္ခင္တြယ္မိတာျဖစ္မည္ဟုေတြးရင္းျပံဳးကာ...ေစာင္ပါးေလးကိုစည္းရဲ႕ပုခံုးေပၚျခံဳေပးမိသည္။
တခုခုထိတာနဲ႔ခ်က္ခ်င္းႏိုးလာတတ္ေသာစည္းက...
ႏိုးသြားခဲ့သည္။
"ေဆာရီး...အန္တီရယ္...အိပ္ေပ်ာ္သြားတယ္..."
"ရတယ္...သားရဲ႕...ေဆးဗူးလဲခ်ိန္ေရာက္ၿပီမို႔လို႔ေလ..."
ၾကည့္မိေတာ့မွ ခ်ိတ္ထားတဲ့ေဆးရည္ဗူးကကုန္ေတာ့မည္ပဲ...
"ခဏေနနာ့စ္ဆရာမေလးလာလိမ့္မယ္...သားအျပင္ကကုတင္မွာအိပ္လိုက္ပါလား..."
"ရတယ္...ကြ်န္ေတာ္ဒီမွာပဲေနမွာ"
ပင္လယ္ရဲ႕လက္ကိုလည္းမလြတ္ခ်င္ေပမယ့္ လြတ္လိုက္ၿပီး လူခ်င္းခြာကာ နဲနဲေဝးေဝးမွာထိုင္သည္။
သူ႔အနားကနဲနဲခြာလိုက္မိတာနဲ႔ေၾကာက္ရြံ့စိတ္ကအလိုလိုဝင္ေနၿပီျဖစ္ကာ...စိတၱဇေတာင္ျဖစ္ေတာ့မယ့္အထိ။
------
ေဆးဗူးလာလဲေနတာကိုေသခ်ာၾကည့္ၿပီး...နာ့စ္ဆရာမေလးနားကေန စည္းကမခြာေပ။
ဘာေဆးဗူးလဲ...ဒီဘက္ကဟာကဘာလဲ...ဟိုပိုက္ကေရာ...
ဘာလဲ'ေပါင္းမ်ားစြာထပ္ေနကာ...ေမးလာတဲ့စည္းရဲ႕မ်က္ႏွာေခ်ာေခ်ာကိုနာ့စ္ဆရာမေလးကရယ္ခ်င္လာသည္။
"ဒီကအစ္ကိုႀကီး...သင္တန္းတက္ၾကည့္ပါလား...ေသေသခ်ာခ်ာသိရတာေပါ့...ေဆးပညာကိုေတာ္ေတာ္စိတ္ဝင္စားပံုရတယ္"
"အာ...ဗ်ာ..."
စည္းက...ေခါင္းေလးကုတ္ၿပီးမ်က္ႏွာေလးရဲသြားတာကို...
ပင္လယ့္အေမကၾကည့္ေနၿပီး...ျပံဳးေနမိျပန္သည္။
သူမေတာင္မွ...အဲလိုေသခ်ာမစပ္စုဖူးပါ။
အရိပ္တၾကည့္ၾကည့္နဲ႔အေျခေနေကာင္းလာဖို႔သာ...နာ့စ္ဆရာမေလးေတြကိုေမးရံုျမန္းရံုပါ။
စပါယ္ရွယ္နာ့စ္ေတြငွားထားေပမယ့္...မိခင္ကအနားအၿမဲရွိေတာ့...ဆရာမေလးေတြကခဏခဏပဲလာၾကည့္ၿပီးဒီအခန္းထဲမွာသိပ္မေနၾကတာပါ။
ေရာက္လာကတည္းက စည္းက...စပ္စုေနခဲ့တာဘာတခုမွမလစ္ဟင္းေစရ။
ခဏခဏပင္လယ့္ရဲ႕လက္ကေလးေတြစမ္း...ပါးေလးေတြစမ္းၿပီးေတာ့...
"ဒီထက္ပိုေႏြးေအာင္လုပ္လို႔မရဘူးလား"လို႔ေမးတတ္ေသးသည္။
"မလႈပ္မယွက္မို႔လို႔အဲလိုေအးစက္ေနတာပါ"
လို႔ေျပာျပေပမယ့္...ခဏခဏေႏြးေနေအာင္လို႔ဆိုၿပီးသြားထိတာပါပဲ။
သူမလည္းသားေန႔ကိုစစေတြ႕တုန္းက...စည္း'လိုမ်ိဳးပဲျဖစ္ေနခဲ့တာပါပဲ။
သူမရဲ႕ရင္ေသြးမို႔လို႔...သူမရဲ႕တစ္ဦးတည္းေသာေသြးသားမို႔လို႔...
ဒီအေျခေနကိုၾကည့္ၿပီး ဘယ္လိုမွ အိပ္မရ၊ စားမရ။
အရင္ကေတာ့...သားေနတစ္ေယာက္ထဲလြတ္လြတ္လပ္လပ္လြတ္ထားရတာ...စိတ္ပူေနခဲ့ေပမယ့္...
အဲလိုခ်စ္ရသည့္မိတ္ေဆြသူငယ္ခ်င္းကအနားမွာရွိေနခဲ့ေၾကာင္း အခုသိလိုက္ရေတာ့...အလြန္စိတ္သက္သာရာရခဲ့သည္။
သားေလး..အထီးက်န္ၿပီးတေယာက္ထဲေနထိုင္ခဲ့ရတာမဟုတ္ခဲ့ဘူးကိုး...
(သူ႔သားကဘာလိုလိုေတြျဖစ္ေနတာမသိေသး...😅😅😅)
--------------
စည္းျပန္ခါနီးေတာ့မွ...သူေပးထားတဲ့စမတ္ဖုန္းေလးကိုသတိရလာသည္။
အဲဒီေတာ့မွဖုန္းေလးကပိတ္ထားလ်က္နဲ႔သူမအိမ္မွာရွိေနေၾကာင္းသိရေတာ့...
ပင္လယ့္အေမကိုဖုန္းဖြင့္ထားေပးဖို႔ေသခ်ာတဖြဖြမွာေန၏။
"ကြ်န္ေတာ္လည္းေန႔တိုင္းဆက္ပါ့မယ္...ဒီဖုန္းေလးကိုပဲဖြင့္ေပးပါ...အန္တီ..."
မျပန္မျဖစ္မို႔လို႔...သူ...ေနပင္လယ့္ကိုခဏခြဲရပါဦးမည္။
လုပ္စရာရွိတာေတြအေရးႀကီးတာေတြလုပ္ၿပီး...မိုနာ့ကိုတိုင္ပင္ရမည္။
ပင္လယ္...ေနာက္တေခါက္ငါ...ေသခ်ာျပန္ခဲ့မွာမို႔လို႔...
ခဏေလးပါ...အျမန္ျပန္ခဲ့ပါ့မယ္...။
ျပန္ခါနီးမွတကယ္စိတ္ေလး႐ျပန္ၿပီ...။
ေနာက္တစ္ေခါက္ထပ္ ခြဲရမွာကိုအေၾကာက္ဆံုးျဖစ္ေနၿပီ။
သူ႔အေမရွိတာမရွိတာဂ႐ုေတာင္မစိုက္ႏိုင္ဘဲ...လက္ကေလးကိုပဲမလြတ္ႏိုင္ဆုပ္ကိုင္ထားၿပီး... နဖူးေပၚကိုအနမ္း်လးတပြင့္ေခြ်သည္။
"ငါေျပာျပစရာေတြအမ်ားႀကီးျပင္ဆင္ထားလို႔...မင္း...သတိအျမန္ျပန္ရဖို႔လိုအပ္တယ္.....ပင္လယ္..."
-----------
ေနာက္တရက္မွာျပန္ေရာက္တာနဲ႔...မိုနာ့ကိုပဲအပူကပ္ရ၏။
အရင္လိုခြင့္ယူခ်င္ေပမယ့္...မျဖစ္ႏိုင္တာသိပါသည္။
"နင္အလုပ္နားဖို႔ေတာ့မျဖစ္ႏိုင္ဘူး...စည္း...ငါတေယာက္ထဲႏိုင္မွာမဟုတ္ဘူး..."
"ဒါေပမယ့္ေလ...."
"ဘာလို႔လဲစည္းရယ္...ဟိုမွာသူ႔အေမရွိတာပဲေလ...နင္အဲေလာက္ထိစိတ္ပူဖို႔မွမလိုတာ"
"ဒါေပမယ့္ငါ...သူသတိမရလာသေရြ႕ေနလို႔ထိုင္လို႔အဆင္ေျပမွာမဟုတ္ဘူး..."
ေနပင္လယ့္ဆီလိုက္သြားတယ္ဆိုတာကိုအုပ္စိုးကေျပာလို႔သိရေတာ့...ေတာ္ေတာ္အံ့ၾသသြားရသည္။
တိုးတိုးတိတ္တိတ္နဲ႔လုပ္သြားၿပီး....သူမကိုဘာတစ္ခုမွ စည္းက ေသခ်ာ...ဖြင့္မေျပာခဲ့ဘဲ ဟိုေရာက္မွ....ဖုန္းဆက္လာ၏။
စည္းနဲ႔ သူမက လွ်ိဳ႕ဝွက္စရာမွမဟုတ္ဘဲလို႔...သူမေတြးေနၿပီးမွ...ကိုယ္ခ်င္းစာသြားရျပန္သည္။
တကယ္လို႔သာ...သူမခ်စ္ရတဲ့သူငယ္ခ်င္းေလးျဖစ္တဲ့စည္းသာ...ယခုလိုအေျခအေနမ်ိဳးၾကံဳေနရမယ္ဆိုရင္လည္း...စည္းလိုပဲသူမေသြး႐ူးေသြးတန္းျဖစ္ေနေလာက္သည္။
ဒါေပမယ့္...စည္းရဲ႕ပံုစံကလိုတာထက္ပိုလြန္းေနတာ...
သူမစိတ္ထင္ေနတာလား...။
ေနပင္လယ့္ေၾကာင့္...စည္းကစိတ္နဲ႔လူမကပ္ဘူးဆိုတာေလာက္ေတာ့နားလည္ေနခဲ့ေပမယ့္...ပံုမွန္မဟုတ္တဲ့အရာတစ္ခုခုရွိေၾကာင္းကိုအခုမွသံသယျဖစ္မိသည္။
"အခု...ပင္လယ္ကအသက္အႏၲရာယ္မရွိေတာ့ဘဲကို...ဘာလို႔လဲ...
အခုပဲနင္သူ႔ဆီကျပန္ခဲ့တယ္ေလ...
ထပ္သြားၾကည့္ခ်င္ေသးတဲ့စိတ္ကိုနားလည္တယ္...
ဒါေပမယ့္...နင္...အလုပ္ေတြပစ္ၿပီးသြားေနဖို႔အထိစဥ္းစားလိုက္တာ...နဲနဲေတာ့ထူးဆန္းတယ္"
"မိုနာ...တကယ္...နင့္ကိုေတာင္းဆိုတာပါ...ငါေလ...မျဖစ္ႏိုင္ဘူးထင္တယ္..."
"ဘာကိုလဲစည္း..."
"သူ႔နားမွာပဲသတိရလာတဲ့အထိေစာင့္ခ်င္လို႔..."
"မဟုတ္ေသးဘူးေလစည္းရယ္...သတိရလာမွာေသခ်ာတယ္လို႔ဆရာဝန္ကေျပာတယ္မလား...အခုစိုးရိမ္ေနရတဲ့အေနအထားမွမဟုတ္တာ..."
"သိတယ္...ဒါေပမယ့္...ငါသူနဲ႔အတူရွိေနခ်င္လို႔ပါ...တခုခုနင္တတ္ႏိုင္ပါတယ္...ေတာင္းဆိုပါရေစ"
မိုနာ့အေတြးေတြတကယ္အက်ပ္႐ိုက္တဲ့အထိ...စည္းကေတာင္းပန္ေနသည္။
သူတို႔ၾကားမွာေသြး႐ိုးသား႐ိုးမဟုတ္ေတာ့တာပိုသိသာလာၿပီ။
ေလာေလာဆယ္ေတာ့...စည္းကိုအခ်ိဳသတ္ၿပီးေခ်ာ့ရမည္။
"ဟုတ္ၿပီေလ...ေလာေလာဆယ္ေတာ့ပံုမွန္လိုပဲနင္အလုပ္တက္ေပးပါ...ငါတခုခုစဥ္းစားဦးမယ္..."
ဒီေတာ့မွ...စည္းကမ်က္ႏွာမဲ့ေနတာေလးနဲနဲေျပက်သည္။
"ျမန္ျမန္ေလးေနာ္..."
"အင္းပါ...နင္သာက်န္းမာေရးဂ႐ုစိုက္...ပိန္သြားလိုက္တာပါး႐ိုးေတာင္ထြက္ေနၿပီ..."
"အင္း...အင္း.."
------
ေရႊ႐ုပ္ဆီသြားရဦးမည္။
ေက်ာင္းတက္ေနခ်ိန္ျဖစ္ေတာ့ စည္းကေက်ာင္းေရွ႕မွာသြားေစာင့္ရသည္။
ေနပင္လယ့္အေၾကာင္းေျပာျပေတာ့...
ေရႊ႐ုပ္ေလးကၾကဴၾကဴပါေအာင္ငိုပါေတာ့၏။
"ကိုစည္း...ဟိုေန႔ကတည္းကဘာလို႔ဘာမွမေျပာတာလဲ...ေနႏိုင္လိုက္တာ....ဟင့္...."
"မဟုတ္ဘူးေလ...ငါကနင္စိတ္ပူမိမွာစိုးလို႔...ငါေတာင္အရမ္းအားတင္းေနခဲ့ရတာ..."
"ရက္စက္တာ....ကိုႀကီးကိုသနားပါတယ္...ကိုစည္းခ်စ္ေနသလိုမ်ိဳးမဟုတ္ေပမယ့္...အေနာ့္ရဲ႕အစ္ကိုလိုခ်စ္တဲ့လူတစ္ေယာက္ပါ...ကိုႀကီးရယ္တစ္ခြန္းမွမေျပာခဲ့ဘဲစိမ္းကားလိုက္တာ..."
ေရႊ႐ုပ္ကေဒါသပါထြက္လာသည့္ပံုနဲ႔ သူ႔လက္ေမာင္းကိုေျပး႐ိုက္သည္။
"အာ့...မဟုတ္ဘူးေလ...ငါကေစတနာနဲ႔..."
"ဘာေစတနာလဲ...ကိုပင္လယ္သနားပါတယ္...အခုေရာပက္လက္ႀကီးအိပ္ေနရမွာေပါ့..."
"အင္း...ဖုန္းဆက္ေနေပမယ့္...သတိမရေသးဘူးတဲ့..."
"ေရႊ႐ုပ္ ဖုန္းေျပာခ်င္တယ္...အခုေခၚေပး.."
"သူမွျပန္မထူးႏိုင္တာ..."
"ရတယ္...ကိုပင္လယ့္အေမကိုင္မွာမလား...ေခၚေပးပါေနာ္..."
မိေရႊ႐ုပ္ကမေက်မနပ္နဲ႔ဖုန္းေတာင္ဆက္ခိုင္းလို႔ဆက္ေပးရသည္။
ဖုန္းေျပာၿပီးမွ...နံပတ္ကိုပါေတာင္းျပန္သည္။
"အဲဒီဖုန္းနံပတ္ အေနာ့္ကိုေပးဦး..."
"အင္း..."
"ကိုႀကီးျပန္သြားမွာမလား...အေနာ္လဲေတြ႕ခ်င္လိုက္တာ..."
"အင္း.....ျပန္သြားမွာခဏေတာ့ၾကာဦးမယ္...အလုပ္ေတြကအစိမ္းျဖတ္ျဖတ္လို႔မရလို႔ပါ..."
"အေနာ့္ကိုလာေတြ႕ဦး...ကိုႀကီးစည္းမသြားခင္ေလး"
"အင္း..."
သူျပန္ခါနီးမွေရႊ႐ုပ္က...သူ႔ကိုစူးစိုက္ၿပီးၾကည့္သည္။
"ကိုႀကီးစည္း.....အေနာ္ ေျပာစရာက်န္ေသးတယ္..."
"အင္း...ေျပာေလ"
"ဟိုေလ.....ကိုစည္းအိမ္ျပန္တဲ့အခါ...ဗီ႐ိုထဲကဂ်ာကင္အက်ႌအထူေတြထည့္ထားတဲ့ေအာက္ကိုၾကည့္ေပးပါ.....ကိုပင္လယ့္ရဲ႕မွတ္တမ္းစာအုပ္ေလးကို အေနာ္အရင္တခါကဝွက္ထားခဲ့တယ္...
တိတ္တိတ္ေလးထားခဲ့မိလို႔ကန္ေတာ့ေနာ္...ျဖစ္ေအာင္ဖတ္ေပးပါ..."
----------
မိုနာ့ဆီခဏခဏအပူကပ္ေနခဲ့ၿပီး...
မတတ္သာသည့္ေနာက္ဆံုး...ႏိုင္ငံျခားရံုးခြဲကိုလႊတ္ပါသည္ဟူသည့္အေၾကာင္းျပခ်က္ျဖင့္...
စည္းကိုအေျပာင္းအေရႊ႕ခ်ေပးရသည္။
ခ်က္ခ်င္းလႊတ္လိုက္ဖို႔ေတာ့အဆင္မေျပ၍...
အုပ္စိုးလုပ္ႏိုင္သမွ်ကို စည္းဆီကေသခ်ာသင္ေစၿပီးမွ...စည္းကိုလက္လႊတ္ရမည္။
စည္းက...ခုဆိုမွ...အခု...ခ်က္ခ်င္းသြားဖို႔ျပင္ေနတာၾကည့္ရတဲ့သူမ,ေတာင္ရင္ေမာသည္။
စည္းရယ္.....ဘာလို႔အဲဒီေလာက္ေတာင္သည္းႀကီးမည္းႀကီးလဲ...
တခုခုကိုသကၤာမကင္းျဖစ္လာေပမယ့္...
ဟုတ္ပါ့မလား....
စည္း...နင္မ်က္ႏွာမူရာအရပ္မွာ...တေယာက္ေယာက္ရွိေနခဲ့ၿပီလို႔...ငါသိလိုက္ရၿပီ.....ထင္တယ္။
Unicode
သူမသားလေးရဲ့ဘယ်ဘက်လက်ကိုဆုပ်ထွေးထားပြီး....ထိုင်လျက်နဲ့အိပ်ပျော်နေသော...စည်းကိုနှိုးပြီးအပြင်ခန်းမှာအိပ်စေပေမယ့် သူ့အနားပဲနေချင်လို့..ဆိုကာ တားမရပါ။
အခုလဲ...သူမသတိရလို့လာကြည့်တော့...ကိုင်ထားတဲ့လက်ကလေးပေါ်ပါးအပ်ပြီးအိပ်နေပြန်ပြီ...။
စတွေ့ကတည်းကသူတို့...ညီအစ်ကိုတွေလိုဖြစ်နေပါလားလို့ခံစားမိပေမယ့် ဘာကထူးဆန်းနေမှန်းမသိ။
သူမရဲ့သားအရွယ်လေးပေမယ့်...သားနေ'ထက်ခြောက်နှစ်ကြီးပါသည်တဲ့...။
ယောကျာ်းပီသစွာချောမောသောရုပ်ရည်နဲ့စည်းကမိဘမရှိတော့ဘဲ ငယ်ငယ်လေးကတည်းကဦးလေးနဲ့နှစ်ယောက်ထဲနေခဲ့သည်တဲ့။
ညီအစ်ကိုမောင်နှမမရှိဘူးမို့လို့အဲလောက်ခင်တွယ်မိတာဖြစ်မည်ဟုတွေးရင်းပြုံးကာ...စောင်ပါးလေးကိုစည်းရဲ့ပုခုံးပေါ်ခြုံပေးမိသည်။
တခုခုထိတာနဲ့ချက်ချင်းနိုးလာတတ်သောစည်းက...
နိုးသွားခဲ့သည်။
"ဆောရီး...အန်တီရယ်...အိပ်ပျော်သွားတယ်..."
"ရတယ်...သားရဲ့...ဆေးဗူးလဲချိန်ရောက်ပြီမို့လို့လေ..."
ကြည့်မိတော့မှ ချိတ်ထားတဲ့ဆေးရည်ဗူးကကုန်တော့မည်ပဲ...
"ခဏနေနာ့စ်ဆရာမလေးလာလိမ့်မယ်...သားအပြင်ကကုတင်မှာအိပ်လိုက်ပါလား..."
"ရတယ်...ကျွန်တော်ဒီမှာပဲနေမှာ"
ပင်လယ်ရဲ့လက်ကိုလည်းမလွတ်ချင်ပေမယ့် လွတ်လိုက်ပြီး လူချင်းခွာကာ နဲနဲဝေးဝေးမှာထိုင်သည်။
သူ့အနားကနဲနဲခွာလိုက်မိတာနဲ့ကြောက်ရွံ့စိတ်ကအလိုလိုဝင်နေပြီဖြစ်ကာ...စိတ္တဇတောင်ဖြစ်တော့မယ့်အထိ။
------
ဆေးဗူးလာလဲနေတာကိုသေချာကြည့်ပြီး...နာ့စ်ဆရာမလေးနားကနေ စည်းကမခွာပေ။
ဘာဆေးဗူးလဲ...ဒီဘက်ကဟာကဘာလဲ...ဟိုပိုက်ကရော...
ဘာလဲ'ပေါင်းများစွာထပ်နေကာ...မေးလာတဲ့စည်းရဲ့မျက်နှာချောချောကိုနာ့စ်ဆရာမလေးကရယ်ချင်လာသည်။
"ဒီကအစ်ကိုကြီး...သင်တန်းတက်ကြည့်ပါလား...သေသေချာချာသိရတာပေါ့...ဆေးပညာကိုတော်တော်စိတ်ဝင်စားပုံရတယ်"
"အာ...ဗျာ..."
စည်းက...ခေါင်းလေးကုတ်ပြီးမျက်နှာလေးရဲသွားတာကို...
ပင်လယ့်အမေကကြည့်နေပြီး...ပြုံးနေမိပြန်သည်။
သူမတောင်မှ...အဲလိုသေချာမစပ်စုဖူးပါ။
အရိပ်တကြည့်ကြည့်နဲ့အခြေနေကောင်းလာဖို့သာ...နာ့စ်ဆရာမလေးတွေကိုမေးရုံမြန်းရုံပါ။
စပါယ်ရှယ်နာ့စ်တွေငှားထားပေမယ့်...မိခင်ကအနားအမြဲရှိတော့...ဆရာမလေးတွေကခဏခဏပဲလာကြည့်ပြီးဒီအခန်းထဲမှာသိပ်မနေကြတာပါ။
ရောက်လာကတည်းက စည်းက...စပ်စုနေခဲ့တာဘာတခုမှမလစ်ဟင်းစေရ။
ခဏခဏပင်လယ့်ရဲ့လက်ကလေးတွေစမ်း...ပါးလေးတွေစမ်းပြီးတော့...
"ဒီထက်ပိုနွေးအောင်လုပ်လို့မရဘူးလား"လို့မေးတတ်သေးသည်။
"မလှုပ်မယှက်မို့လို့အဲလိုအေးစက်နေတာပါ"
လို့ပြောပြပေမယ့်...ခဏခဏနွေးနေအောင်လို့ဆိုပြီးသွားထိတာပါပဲ။
သူမလည်းသားနေ့ကိုစစတွေ့တုန်းက...စည်း'လိုမျိုးပဲဖြစ်နေခဲ့တာပါပဲ။
သူမရဲ့ရင်သွေးမို့လို့...သူမရဲ့တစ်ဦးတည်းသောသွေးသားမို့လို့...
ဒီအခြေနေကိုကြည့်ပြီး ဘယ်လိုမှ အိပ်မရ၊ စားမရ။
အရင်ကတော့...သားနေတစ်ယောက်ထဲလွတ်လွတ်လပ်လပ်လွတ်ထားရတာ...စိတ်ပူနေခဲ့ပေမယ့်...
အဲလိုချစ်ရသည့်မိတ်ဆွေသူငယ်ချင်းကအနားမှာရှိနေခဲ့ကြောင်း အခုသိလိုက်ရတော့...အလွန်စိတ်သက်သာရာရခဲ့သည်။
သားလေး..အထီးကျန်ပြီးတယောက်ထဲနေထိုင်ခဲ့ရတာမဟုတ်ခဲ့ဘူးကိုး...
(သူ့သားကဘာလိုလိုတွေဖြစ်နေတာမသိသေး...😅😅😅)
--------------
စည်းပြန်ခါနီးတော့မှ...သူပေးထားတဲ့စမတ်ဖုန်းလေးကိုသတိရလာသည်။
အဲဒီတော့မှဖုန်းလေးကပိတ်ထားလျက်နဲ့သူမအိမ်မှာရှိနေကြောင်းသိရတော့...
ပင်လယ့်အမေကိုဖုန်းဖွင့်ထားပေးဖို့သေချာတဖွဖွမှာနေ၏။
"ကျွန်တော်လည်းနေ့တိုင်းဆက်ပါ့မယ်...ဒီဖုန်းလေးကိုပဲဖွင့်ပေးပါ...အန်တီ..."
မပြန်မဖြစ်မို့လို့...သူ...နေပင်လယ့်ကိုခဏခွဲရပါဦးမည်။
လုပ်စရာရှိတာတွေအရေးကြီးတာတွေလုပ်ပြီး...မိုနာ့ကိုတိုင်ပင်ရမည်။
ပင်လယ်...နောက်တခေါက်ငါ...သေချာပြန်ခဲ့မှာမို့လို့...
ခဏလေးပါ...အမြန်ပြန်ခဲ့ပါ့မယ်...။
ပြန်ခါနီးမှတကယ်စိတ်လေးရပြန်ပြီ...။
နောက်တစ်ခေါက်ထပ် ခွဲရမှာကိုအကြောက်ဆုံးဖြစ်နေပြီ။
သူ့အမေရှိတာမရှိတာဂရုတောင်မစိုက်နိုင်ဘဲ...လက်ကလေးကိုပဲမလွတ်နိုင်ဆုပ်ကိုင်ထားပြီး... နဖူးပေါ်ကိုအနမ်းျလးတပွင့်ချွေသည်။
"ငါပြောပြစရာတွေအများကြီးပြင်ဆင်ထားလို့...မင်း...သတိအမြန်ပြန်ရဖို့လိုအပ်တယ်.....ပင်လယ်..."
-----------
နောက်တရက်မှာပြန်ရောက်တာနဲ့...မိုနာ့ကိုပဲအပူကပ်ရ၏။
အရင်လိုခွင့်ယူချင်ပေမယ့်...မဖြစ်နိုင်တာသိပါသည်။
"နင်အလုပ်နားဖို့တော့မဖြစ်နိုင်ဘူး...စည်း...ငါတယောက်ထဲနိုင်မှာမဟုတ်ဘူး..."
"ဒါပေမယ့်လေ...."
"ဘာလို့လဲစည်းရယ်...ဟိုမှာသူ့အမေရှိတာပဲလေ...နင်အဲလောက်ထိစိတ်ပူဖို့မှမလိုတာ"
"ဒါပေမယ့်ငါ...သူသတိမရလာသရွေ့နေလို့ထိုင်လို့အဆင်ပြေမှာမဟုတ်ဘူး..."
နေပင်လယ့်ဆီလိုက်သွားတယ်ဆိုတာကိုအုပ်စိုးကပြောလို့သိရတော့...တော်တော်အံ့သြသွားရသည်။
တိုးတိုးတိတ်တိတ်နဲ့လုပ်သွားပြီး....သူမကိုဘာတစ်ခုမှ စည်းက သေချာ...ဖွင့်မပြောခဲ့ဘဲ ဟိုရောက်မှ....ဖုန်းဆက်လာ၏။
စည်းနဲ့ သူမက လျှို့ဝှက်စရာမှမဟုတ်ဘဲလို့...သူမတွေးနေပြီးမှ...ကိုယ်ချင်းစာသွားရပြန်သည်။
တကယ်လို့သာ...သူမချစ်ရတဲ့သူငယ်ချင်းလေးဖြစ်တဲ့စည်းသာ...ယခုလိုအခြေအနေမျိုးကြုံနေရမယ်ဆိုရင်လည်း...စည်းလိုပဲသူမသွေးရူးသွေးတန်းဖြစ်နေလောက်သည်။
ဒါပေမယ့်...စည်းရဲ့ပုံစံကလိုတာထက်ပိုလွန်းနေတာ...
သူမစိတ်ထင်နေတာလား...။
နေပင်လယ့်ကြောင့်...စည်းကစိတ်နဲ့လူမကပ်ဘူးဆိုတာလောက်တော့နားလည်နေခဲ့ပေမယ့်...ပုံမှန်မဟုတ်တဲ့အရာတစ်ခုခုရှိကြောင်းကိုအခုမှသံသယဖြစ်မိသည်။
"အခု...ပင်လယ်ကအသက်အန္တရာယ်မရှိတော့ဘဲကို...ဘာလို့လဲ...
အခုပဲနင်သူ့ဆီကပြန်ခဲ့တယ်လေ...
ထပ်သွားကြည့်ချင်သေးတဲ့စိတ်ကိုနားလည်တယ်...
ဒါပေမယ့်...နင်...အလုပ်တွေပစ်ပြီးသွားနေဖို့အထိစဉ်းစားလိုက်တာ...နဲနဲတော့ထူးဆန်းတယ်"
"မိုနာ...တကယ်...နင့်ကိုတောင်းဆိုတာပါ...ငါလေ...မဖြစ်နိုင်ဘူးထင်တယ်..."
"ဘာကိုလဲစည်း..."
"သူ့နားမှာပဲသတိရလာတဲ့အထိစောင့်ချင်လို့..."
"မဟုတ်သေးဘူးလေစည်းရယ်...သတိရလာမှာသေချာတယ်လို့ဆရာဝန်ကပြောတယ်မလား...အခုစိုးရိမ်နေရတဲ့အနေအထားမှမဟုတ်တာ..."
"သိတယ်...ဒါပေမယ့်...ငါသူနဲ့အတူရှိနေချင်လို့ပါ...တခုခုနင်တတ်နိုင်ပါတယ်...တောင်းဆိုပါရစေ"
မိုနာ့အတွေးတွေတကယ်အကျပ်ရိုက်တဲ့အထိ...စည်းကတောင်းပန်နေသည်။
သူတို့ကြားမှာသွေးရိုးသားရိုးမဟုတ်တော့တာပိုသိသာလာပြီ။
လောလောဆယ်တော့...စည်းကိုအချိုသတ်ပြီးချော့ရမည်။
"ဟုတ်ပြီလေ...လောလောဆယ်တော့ပုံမှန်လိုပဲနင်အလုပ်တက်ပေးပါ...ငါတခုခုစဉ်းစားဦးမယ်..."
ဒီတော့မှ...စည်းကမျက်နှာမဲ့နေတာလေးနဲနဲပြေကျသည်။
"မြန်မြန်လေးနော်..."
"အင်းပါ...နင်သာကျန်းမာရေးဂရုစိုက်...ပိန်သွားလိုက်တာပါးရိုးတောင်ထွက်နေပြီ..."
"အင်း...အင်း.."
------
ရွှေရုပ်ဆီသွားရဦးမည်။
ကျောင်းတက်နေချိန်ဖြစ်တော့ စည်းကကျောင်းရှေ့မှာသွားစောင့်ရသည်။
နေပင်လယ့်အကြောင်းပြောပြတော့...
ရွှေရုပ်လေးကကြူကြူပါအောင်ငိုပါတော့၏။
"ကိုစည်း...ဟိုနေ့ကတည်းကဘာလို့ဘာမှမပြောတာလဲ...နေနိုင်လိုက်တာ....ဟင့်...."
"မဟုတ်ဘူးလေ...ငါကနင်စိတ်ပူမိမှာစိုးလို့...ငါတောင်အရမ်းအားတင်းနေခဲ့ရတာ..."
"ရက်စက်တာ....ကိုကြီးကိုသနားပါတယ်...ကိုစည်းချစ်နေသလိုမျိုးမဟုတ်ပေမယ့်...အနော့်ရဲ့အစ်ကိုလိုချစ်တဲ့လူတစ်ယောက်ပါ...ကိုကြီးရယ်တစ်ခွန်းမှမပြောခဲ့ဘဲစိမ်းကားလိုက်တာ..."
ရွှေရုပ်ကဒေါသပါထွက်လာသည့်ပုံနဲ့ သူ့လက်မောင်းကိုပြေးရိုက်သည်။
"အာ့...မဟုတ်ဘူးလေ...ငါကစေတနာနဲ့..."
"ဘာစေတနာလဲ...ကိုပင်လယ်သနားပါတယ်...အခုရောပက်လက်ကြီးအိပ်နေရမှာပေါ့..."
"အင်း...ဖုန်းဆက်နေပေမယ့်...သတိမရသေးဘူးတဲ့..."
"ရွှေရုပ် ဖုန်းပြောချင်တယ်...အခုခေါ်ပေး.."
"သူမှပြန်မထူးနိုင်တာ..."
"ရတယ်...ကိုပင်လယ့်အမေကိုင်မှာမလား...ခေါ်ပေးပါနော်..."
မိရွှေရုပ်ကမကျေမနပ်နဲ့ဖုန်းတောင်ဆက်ခိုင်းလို့ဆက်ပေးရသည်။
ဖုန်းပြောပြီးမှ...နံပတ်ကိုပါတောင်းပြန်သည်။
"အဲဒီဖုန်းနံပတ် အနော့်ကိုပေးဦး..."
"အင်း..."
"ကိုကြီးပြန်သွားမှာမလား...အနော်လဲတွေ့ချင်လိုက်တာ..."
"အင်း.....ပြန်သွားမှာခဏတော့ကြာဦးမယ်...အလုပ်တွေကအစိမ်းဖြတ်ဖြတ်လို့မရလို့ပါ..."
"အနော့်ကိုလာတွေ့ဦး...ကိုကြီးစည်းမသွားခင်လေး"
"အင်း..."
သူပြန်ခါနီးမှရွှေရုပ်က...သူ့ကိုစူးစိုက်ပြီးကြည့်သည်။
"ကိုကြီးစည်း.....အနော် ပြောစရာကျန်သေးတယ်..."
"အင်း...ပြောလေ"
"ဟိုလေ.....ကိုစည်းအိမ်ပြန်တဲ့အခါ...ဗီရိုထဲကဂျာကင်အကျႌအထူတွေထည့်ထားတဲ့အောက်ကိုကြည့်ပေးပါ.....ကိုပင်လယ့်ရဲ့မှတ်တမ်းစာအုပ်လေးကို အနော်အရင်တခါကဝှက်ထားခဲ့တယ်...
တိတ်တိတ်လေးထားခဲ့မိလို့ကန်တော့နော်...ဖြစ်အောင်ဖတ်ပေးပါ..."
----------
မိုနာ့ဆီခဏခဏအပူကပ်နေခဲ့ပြီး...
မတတ်သာသည့်နောက်ဆုံး...နိုင်ငံခြားရုံးခွဲကိုလွှတ်ပါသည်ဟူသည့်အကြောင်းပြချက်ဖြင့်...
စည်းကိုအပြောင်းအရွှေ့ချပေးရသည်။
ချက်ချင်းလွှတ်လိုက်ဖို့တော့အဆင်မပြေ၍...
အုပ်စိုးလုပ်နိုင်သမျှကို စည်းဆီကသေချာသင်စေပြီးမှ...စည်းကိုလက်လွှတ်ရမည်။
စည်းက...ခုဆိုမှ...အခု...ချက်ချင်းသွားဖို့ပြင်နေတာကြည့်ရတဲ့သူမ,တောင်ရင်မောသည်။
စည်းရယ်.....ဘာလို့အဲဒီလောက်တောင်သည်းကြီးမည်းကြီးလဲ...
တခုခုကိုသင်္ကာမကင်းဖြစ်လာပေမယ့်...
ဟုတ်ပါ့မလား....
စည်း...နင်မျက်နှာမူရာအရပ်မှာ...တယောက်ယောက်ရှိနေခဲ့ပြီလို့...ငါသိလိုက်ရပြီ.....ထင်တယ်။